Headlines News :
Home » » အယုဒ္ဓယမြို့တွင် ဆောက်လက်စတံတားပြိုကျ၊ မြန်မာအလုပ်သမားများ အပါအ၀င် ၁၂ ဦး ဒဏ်ရာရ

အယုဒ္ဓယမြို့တွင် ဆောက်လက်စတံတားပြိုကျ၊ မြန်မာအလုပ်သမားများ အပါအ၀င် ၁၂ ဦး ဒဏ်ရာရ

Written By Live100 on Tuesday, January 5, 2016 | 6:13 PM

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် အယုဒ္ဓယမြို့ ဆမ်ဖောင်းလုမ်ရပ်ကွက်ထဲမှာ ဇန်န၀ါရီလ ၅ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က ဆောက်လက်စ ကွန်ကရစ်တံတားရဲ့ အစိပ်အပိုင်း တခုပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦးအပါအ၀င် စုစုပေါင်း လူ ၁၂ ဦးထိခိုက်ဒဏ်ရာရ သွားတယ်လို့ ဒေးလီးန ယူးစ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဲဒီတံတားကြီးဟာ မယ်နမ့်ကျောက်ဖရားမြစ်ပေါ်မှာတည်ရှိပြီး မူလတံတားငယ်ကနေ တံတားကြီး အဖြစ်တိုးချဲ့ပြင်ဆင်နေတာဖြစ်ကြောင်း၊ တံတားကြီးအတွက် အကျယ် ၂ မီတာခွဲ အရှည် ၉ မီတာရှိ ကွန်ကရစ်အပိုင်းကြီး ၉ ခုဆက်စပ်တည်ဆောက်ဖို့ဖြစ်ကာ အခုပြိုကျခဲ့ တာကတော့ ၉ ပိုင်းထဲက တပိုင်းဖြစ်ပြီး ၀န်ချီကရိန်းကြီးတခုပါ ပြုတ်ကျလာတဲ့အတွက် အဲဒီ အနီးတ၀ိုက်က လူနေအိမ်တချို့ ပျက်စီးသလို လူ ၁၂ ဦးပါ ဒဏ်ရာရခဲ့တာလို့ ဆောက်လုပ်ရေး တာဝန်ခံတဦးက သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ မြန်မာအလုပ်သမား ၄ ဦး၊ ကမ္ဘောဒီးယား ၅ ဦးနဲ့ ထိုင်းလူမျိုး ၁ ဦး ပါဝင်ကြောင်း၊ သူတို့အားလုံးကို အယုဒ္ဓယခရိုင်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
တံတားပျက်ရခြင်းအကြောင်းကို သက်ဆိုင်ရာက စိစစ်နေပြီး အဲဒီနေရာအနီးတ၀ိုက် ဖြတ်သန်းသွားလာခွင့်တွေလည်း ပိတ်ပင်ထားလိုက်တယ်လို့ အယုဒ္ဓယခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူး ၀ုတ်တဖတ်ချွေ့ခစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template