Headlines News :
Home » , » ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံပြင်ပတွင် ဗဟိုပြု၍ လှုပ်ရှားသွားသော ငလျင် မြန်မာနိုင်ငံရှိမြို့နယ် တချို့တွင် ခံစားမှုပြခဲ့

ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံပြင်ပတွင် ဗဟိုပြု၍ လှုပ်ရှားသွားသော ငလျင် မြန်မာနိုင်ငံရှိမြို့နယ် တချို့တွင် ခံစားမှုပြခဲ့

Written By Live100 on Monday, January 4, 2016 | 3:11 PM



    ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

    ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ပြင်ပတွင် ဗဟိုပြု၍ လှုပ်ရှားသွားသော ရစ်ချက်စတာစကေး ၆.၈ ပြင်းအားရှိသော ငလျင်ကြောင့် တမူး၊ကသာ၊ ကလေး၊ ဟားခါး၊ သပိတ်ကျင်း၊ ဟသာင်္တ ၊ ရန်ကုန်၊ ကောလင်း တို့တွင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း မြေငလျင်ဌာနခွဲမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်က ဆင်ဟွာကို ပြောသည်။

အဆိုပါ ငလျင်သည် ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၅)နာရီ (၃၅)မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်း မှ အနောက်မြောက်ဘက် မိုင် (၂၅၀) ခန့်အကွာ မြန်မာနိုင်ငံပြည်ပ (Manipur, India Region) ကိုဗဟိုပြုပြီး အင်အားရစ်ချက်စတာစကေး (၆.၈) အဆင့်ရှိ အင်အား ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည့် အဆိုပါ ငလျင်လှုပ်ခဲ့မှုကြောင့်  မြန်မာနိုင်ငံရှိ မြို့တစ်ချို့တွင်လည်း ခံစားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးထွန်းလင်းကျော်က “ ပြင်းအားက ဗဟိုချက်မှာ လှုပ်တာကတော့ ပြင်းအား ၆.၈ ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်မြို့တွေ ဒီငလျင်ကို ခံစားလိုက်ရတယ်ဆိုတာတော့ သိတယ်။ ဗဟိုချက် နဲ့ ဝေးတဲ့ အတွက် ပြင်းအားခံစားမှုကတော့ အနည်းအများ ကွာခြားတာပေါ့’’ ဟုပြောသည်။

အဆိုပါငလျင်ကြောင့် အိန္ဒိယနိုင်ငံ၊ Imphal မြို့ တွင် အင်တာနက် သတင်းများအရ အိန္ဒိယနိုင်ငံ၊ Imphal မြို့တွင် သေဆုံးသူ (၄) ဦး ရှိပြီး ဒဏ်ရာရရှိသူ စုစုပေါင်း(၁၀၀)ဦး ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။

 (Xinhua)
http://www.xinhuamyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template