Pages

Sunday, September 1, 2013

တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


တရားဥပဒေစိုးမိုးရေး တ ကယ်လုပ်ရမှာက အစိုးရသာဖြစ် ကြောင်း တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယနေ့လွှတ်တော်အစည်း အဝေးများအပြီး လွှတ်တော်ဝန်း အတွင်းရှိ I-11 အဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ် တော်တက် ပြည်တွင်းပြည်ပမီဒီ ယာများနှင့်တွေ့ဆုံစဉ် မီဒီယာများ ၏မေးမြန်းမှုအား ပြန်လည်ဖြေ ကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
''တရားဥပဒေစိုးမိုးဖို့ဆိုတာ အန်တီတို့က လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်လုပ်ပိုင်ခွင့်ရှိတာက အ စိုးရသာဖြစ်ပါတယ်။ တရားဥပ ဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာဖြစ်တယ်။ အန်တီတို့ က ပြောပိုင်ခွင့်သာရှိမယ်။ လုပ် ပိုင်ခွင့်မရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့ သူကသာ လုပ်ရမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့ပါတယ်။
၎င်းအပြင် ယင်းမှပြောကြား ရာတွင် ''အန်တီတို့နိုင်ငံရဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာပါတယ်။ ဘာ သာရေးကို နိုင်ငံရေးအလို့ငှာ မ သုံးစွဲရဘူးလို့ဆိုပါတယ်။ တခြား နိုင်ငံတွေမှာလဲ ဒါတွေပါ ပါ တယ်။ အဲဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးနဲ့နွှယ်နေတဲ့ကိစ္စတွေ ဆိုရင် အများကြီးသတိထားရ တယ်။ သတိထားတယ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေ နဲ့ဆိုရင် ဘာသာရေးနဲ့ပတ်သက် လို့ ဝင်ပြီး ကိုင်တွယ်တာရှိခဲ့လို့ ရှိရင် ဒါကိုစွက်ဖက်တယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံရေးအတွက် သုံးသပ်လို့ ဒီစွပ်စွဲချက်တွေဖြစ် လာနိုင်တယ်။ နောက်ပြီး ဘာသာ ရေးနဲ့ဆိုင်တယ်ဆိုတာကတော့ အန်တီအမြင်ပြောရရင် တကယ် အဓိကဘာသာရေးနဲ့ဆိုင်တဲ့ကိစ္စ တွေကို ပြေလည်အောင်လုပ်ဖို့ ဆိုရင် ဘာသာရေးခေါင်းဆောင် တွေနဲ့ အများကြီးဆိုင်ပါတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားတွေ မှာတာဝန်မရှိဘူးလားဆိုတော့ရှိ တော့တယ်။ ရှိတယ်ဆိုတော့ အန် တီကတော့ ဥပဒေစိုးမိုးရေးဘက် ကကို အစကတည်းကပြောတယ်။ ဥပဒေစိုးမိုးရေးကို ဖိပြီးလုပ်ပါ။ အစိုးရအနေနဲ့ နိုင်ငံရေးဘက်က ဒီဟာကို အားထားစေချင်၊ အ လေးထားစေချင်တယ်။ အစိုးရ များရဲ့တာဝန်က တရားဥပဒေစိုး မိုးရေးကို ထိန်းသိမ်းထားရမယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းဆွေး နွေးနိုင်တဲ့ အနေအထားမှာရှိရ မယ်။ တကယ်တော့ ဒီလိုကိစ္စ တွေဟာ အလွယ်လေးနဲ့အဖြေ မရှိပါဘူး။ အဲလိုသာရှိရင် ပြဿနာ ဆိုတာမရှိဘူး။ အဲဒီတော့ ဘာ သာဆိုင်ရာပုဂ္ဂိုလ်ကြီးများကလဲ ဘာသာရေးဘက်က လုပ်သင့် လုပ်ထိုက်တာလုပ်ရမယ်။ အစိုးရ လုပ်သူတွေ အစိုးရဘက်ကလုပ် သင့်လုပ်ထိုက်တာလုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလဲ နိုင်ငံရေး ဘက်က လုပ်သင့်လုပ်ထိုက်တာ ရှိရမယ်''ဟု ရှင်းလင်းပြောကြား ခဲ့သည်။
မောင်ပိုင်၊သြဂုတ်(၃၁) ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ မှ