Pages

Wednesday, August 28, 2013

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်

 
ရန်ကုန်-ဒလ တံတားဒီဇိုင်းပုံစံ ထုတ်ရန်အတွက် မြစ်လယ်မြေသား စမ်းသပ်မှုကို သြဂုတ် ၂၇ ရက်မှ စတင်၍ ဘုန်းကြီးလမ်းဆိပ်ကမ်းအနီး ၌ ပြုလုပ်နေပြီဖြစ်ကြောင်း သိရ သည်။

မြစ်လယ်မြေသားစမ်းသပ် စစ် ဆေးမှုကို ကိုရီးယားနိုင်ငံမှ ပညာရှင် လေးဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ ပြုလုပ်ေ နခြင်း ဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သိန်းနုက ပြောသည်။

ဘုန်းကြီးလမ်းဆိပ်ကမ်းနှင့် ကမာကဆစ်ကမ်းခြေကြား ရန်ကုန် ဘက်မှ ရေလယ်မီတာ ၁ဝဝ အကွာ တွင် လှေအကြီးနှစ်စင်းအား တွဲဆက် ပလက်ဖောင်းပြုလုပ်ကာ ယခုလ ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မြေစမ်းသပ်မှု ပြုလုပ်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကထုတ်ပြန်သည်။

”ခုမြေသားစမ်းသပ်မှုလုပ်တာ က ပုံကြမ်းဒီဇိုင်းထုတ်ဖို့ပါ။ အဲဒီ ပုံကြမ်း ရရှိပြီဆိုရင်တော့ တံတား စဆောက်နိုင်ဖို့ကို လွှတ်တော်အသီး သီးကို တင်ပြပြီး တည်ဆောက်ေ ရး လုပ်သွားမှာပါ”ဟု ဒုတိယ အင်ဂျင်နီ ယာမှူးကြီး ဒေါ်သိန်းနုက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ယင်းမြေသားစမ်းသပ်မှုများ စတင်နိုင်ရန်အတွက် သြဂုတ် ၁၉ မှ ၂၁ ရက်အတွင်း ကိုရီးယားနှင့် ဆွေး နွေးခဲ့ကြသည်။

မြေသားစမ်းသပ်သည့် ရက် များအတွင်း ရေယာဉ်များအနေဖြင့် မြေသား စမ်းသပ်မှုပြုလုပ်နေသည့် ယာဉ်၏ ဘေးပတ်လည် ပေ ၁ဝဝ အကွာမှ ဖြတ်သန်းမောင်းနှင် သွား ကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က သြဂုတ် ၂၃ ရက်တွင် ရေကြောင်း သတိပေးချက်ထုတ်ပြန်ကြေညာ ထားသည်။

ရန်ကုန်-ဒလ တံတားမှာ ကိုရီး ယား -မြန်မာချစ်ကြည်ရေးအနေဖြင့် တည် ဆောက်မည်ဖြစ်ပြီး တောင်ကို ရီးယား ဒုတိယဝန်ကြီးချုပ် ယခုနှစ် လာရောက်ခဲ့သည့် မြန် မာနိုင်ငံ ခရီးစဉ် တွင် တံတားတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့သည်။

သုတလင်း၊ စိုင်းလမင်း

Popular Myanmar News Journal