Pages

Sunday, September 15, 2013

သမ္မတ ဦးသန်းစိန်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံ


Photo - Hla Maung Shwe (Facebook)

သမ္မတ ဦးသန်းစိန်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တို့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ၈၈ ငွေရတုကြေညာစာတမ်းကို သမ္မတက သဘောတူလက်ခံတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ ကိုဂျင်မီက ပြောပါတယ်။

တွေ့ဆုံပွဲဟာ ၃နာရီကြာခဲ့ပြီး၊ သမ္မတနဲ့ ၈၈ကျောင်းသား အဖွဲ့တွေ အကြား တော်တော်များများ အမြင်သဘောထားတူတယ်လို့လဲ ဆိုပါတယ်။

နေပြည်တော်က ဧက၅၀၀ သီးနှံစိုက်ခင်းအစည်းအဝေးခမ်းမမှာ စနေနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ တွေ့ဆုံပွဲကို သမ္မတ ဦးသိန်းစိန်နဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်းနဲ့ ဦးခင်ရီတို့ တက်ရောက်ခဲ့ကြပါတယ်။

၈၈ကျောင်းသားတွေဘက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ကိုအောင်သူ၊ ကိုမာကီး၊ကိုဇော်မင်းနဲ့ မနီလာသိန်းတို့ တက်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၈၈ငွေ၇တုကြေညာစာတမ်းမှာ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး ဆွဲချင်ဆွဲ ဒါမှမဟုတ် အသစ်ဆွဲဖို့၊အမျိုးသားအင်အားစုအားလုံးပါဝင်တဲ့ ညီ လာခံတရပ်ကျင်းပဖို့ စတဲ့အချက်တွေ ဖော်ပြပါရှိပါတယ်။
သတင်း - DVB TV News