Pages

Saturday, September 14, 2013

ထိုင်းနိုင်ငံ၌ ကျင်းပ ပြုလုပ်သော Thailand Open Karatedo Championships-2013 ပြိုင်ပွဲတွင် မြန်မာ အသင်းမှ အဆင့်(၁) နေရာရရှိ

မြန်မာမှ ကရာတေးဒို အားကစားအဖွဲ့ သည် စက်တင်ဘာ ၇ ရက်မှ ၁ဝ ရက် အထိထိုင်းနိုင်ငံဗန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သောThailand Open Karatedo Championships-2013 ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဦးချင်း ''ခတ''ပြိုင်ပွဲတွင် ရီနွယ်ထွန်း၊ မင်းဟိန်းခန့် တို့မှ ရွှေတံဆိပ်ဆု၊ အသင်းလိုက် ''ခတ'' ပြိုင်ပွဲတွင် သဇင်အေး၊ ပိုးမြား၊ ဆွေဆွေအောင်နှင့် ကျော် ကျော်ထွန်း၊ အောင်ခန့်၊ မင်းဟိန်းခန့်တို့ မှ ရွှေတံဆိပ်ဆု၊ ၅ဝ ကီလို''ကုမိတဲ့'' ပြိုင်ပွဲတွင် ဧပရယ်ဖော့၊ ၆၁ ကီလို ''ကုမိတဲ့'' ပြိုင်ပွဲတွင် နွေးနွေးဇော်ဝင်းနှင့် ၈၄ ကီလို ''ကုမိတဲ့''ပြိုင်ပွဲတွင် စောကျော် သူတို့မှ အသီးသီး ရွှေတံဆိပ်ဆုများ ရရှိပြီး၊ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် လေး ခုနှင့် ကြေးတံဆိပ် ရှစ်ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၉ ခုရရှိကာ နိုင်ငံအလိုက် ဆုတံဆိပ်ရ ရှိမှု အဆင့်(၁)ရရှိခဲ့သည်။

အဆိုပါ ကရာတေးဒို ပြိုင်ပွဲအား ပြိုင်ပွဲ အမျိုးအစား (၁၅)တန်းများကို အိမ်ရှင် ထိုင်း၊ ဘရူနိုင်း၊ လာအို၊ မလေးရှား၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဥဇဘတ် ကစ္စတန်နှင့် အီရန်နိုင်ငံတို့ စုစုပေါင်း ကိုး နိုင်ငံ ပါဝင်ယှဉ်ပြိုင် ခဲ့သည်။

ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အား ကစားသမား အမျိုးသား ၁၄ ဦး၊ အမျိုး သမီး ၁၁ ဦး၊ စုစုပေါင်း ၂၅ ဦးပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
မြ၀တီ