Pages

Saturday, September 21, 2013

၂၀၁၃ ခုနှစ်၏ အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ယူဆာဂျီ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ)သို့ ဦးတည်နေ

Tropical Storm Risk (TSR)

21/Sep/2013
၂၀၁၃ ခုနှစ်၏ အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်သည်ဟု ခန့်မှန်းရသော ယူဆာဂျီ တိုင်ဖွန်းမုန်တိုင်းသည်ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) သို့ ဦးတည်ကာ ရွေ့လျားနေကြောင်း စက်တင်ဘာ ၂၀ ရက်က မိုးလဝေသနှင့် ဇလဗေဒပညာရှင်များက ပြောကြားခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် တရုတ် (တိုင်ပေ)၏ အရှေ့-အရှေ့တောင်ဘက် အရပ်၌ မိုင် ၃၅၀၊ ဖိလစ်ပိုင်နိုင်ငံ မြောက်ဘက် ၂၂၅ မိုင်အကွာ၌စက်တင်ဘာ ၂၀ ရက်က ရွေ့လျားနေသည်ဟု ဆိုသည်။
ထို့ပြင် တရုတ်(တိုင်ပေ)နှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားပြီး
 စက်လှေများ ပင်လယ်ပြင်မထွက်ရန် သတိပေးထားသည်။ ၄င်းမုန်တိုင်းသည် တစ်နာရီလျှင် ၁၇၅ ကီလိုမီတာ (မိုင် ၁၀၀) လေတိုက်နှုန်းရှိသည်။
ဖိလစ်ပိုင်အစိုးရက မြောက်ပိုင်းပြည်နယ် ဒေသခံများကို ရုတ်တရက် ရေကြီးမှုများ၊ မြေပြိုမှုများနှင့် မုန်တိုင်း ဝင်ရောက်လာနိုင်ကြောင်းသတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ယင်းတိုင်ဖွန်းမုန်တိုင်း ယူဆာဂျီသည် စက်တင်ဘာ ၂၀ ရက် အစောပိုင်းက ပိုမိုအားကောင်းလာလျက်ရှိသည်ဟု
 ဖိလစ်ပိုင် အစိုးရ မိုးလေဝသဌာန ပါဆွာဂါက ဆိုသည်။ ယင်းမုန်တိုင်း၏ သတိပေးချက်အဆင့်ကို အဝါရောင်အဆင့် သတ်မှတ် သတိပေးထားသည်။
(ဆင်ဟွာ)Sa Maung (Facebook)