Pages

Saturday, September 21, 2013

၁၁ ဘီလျံ နောက်ဆက်တွဲ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရက ၇ ဘီလျံ ၀န်ခံပြီ


လွန်ခဲ့တဲ့ ရက်ပိုင်းက တော်တော်လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနဲ့ နိုင်ငံခြား ဘဏ်တွေမှာ အမည်မသိ ဘဏ်အကောင့် ၅ ခု ဆိုတဲ့ သတင်းရဲ့  နောက်ဆက်တွဲ အဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ အစိုးရက ၇ ဘီလျံ ရှိတယ်ဆိုတာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ၀န်ခံ ပြောကြားလိုက်ပါတယ်။
“ကျနော်တို့မှာ တရားဝင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံပဲ ရှိပါတယ်။ ၁၁ ဘီလျံရှိတယ် ဆိုပြီး
ပြောနေတာက ကျနော်တို့ လည်း မသိပါဘူး။ ကျနော်တို့ရဲ့ Foreign Exchange Reserve ပါ။ နိုင်ငံတော်
ငွေ လည်း ပါပါ တယ်။ ပုဂ္ဂလိက ငွေလည်း ပါပါတယ်။ နိုင်ငံတကာဘဏ် တွေလည်း ထားပါတယ်။ သုံးစရာ ရှိရင် အဲဒီက ယူသုံးတယ်" လို့ သူက ပြောကြားပါတယ်။

အဲဒီ သတင်းစာ ရှင်းလင်းပွဲ ကိစ္စ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက အခုလို တင်ပြသွားပါတယ်။



 အစိုးရ ၀န်ကြီးများရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်သူတွေ ဘာတွေ ရှင်းလင်းပြသလဲ ဆိုတာ ဝေဖန် သုံးသပ်နိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။

မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ သတင်းထောက်တွေနဲ့ မေးမြန်းမှု၊ သက်ဆိုင်ရာ ၀န်ကြီးများရဲ့ ဖြေကြား မှု တွေတော့ မပါဝင်တာ တွေ့ရပါတယ်။

အိမ့်သံစဉ် -ဧရာဝတီ