Pages

Friday, September 13, 2013

မာဒေးကားဖလားဗိုလ်လုပွဲစဉ်တွင် ကျော်ဇေယျာဝင်းနှင့်ကြည်လင်းတို့ ပြန်လည်ပါဝင်ကစားနိုင်မည်



မလေး ရှားနိုင်ငံတွင် ကျင်းပနေသော မာ ဒေးကားဖလားပြိုင်ပွဲ ဗိုလ်လုပွဲ စဉ်အဖြစ် မလေးရှားနှင့် ကစားရ မည့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် စင်ကာပူနှင့်ပွဲကို လွဲခဲ့ရသည့် ကြည် လင်း၊ မလေးရှားနှင့် အုပ်စုပွဲစဉ် ပထမပိုင်းတွင်ဒဏ်ရာရခဲ့သော ကွင်းလယ်ကစားသမား ကျော်ဇေ ယျာဝင်းတို့ပြန်လည်ပါဝင်လာနိုင် မည်ဟုသိရသည်။

မြန်မာယူ-၂၃အသင်း အ နေဖြင့် မာဒေးကားဖလား ဗိုလ် လုပွဲသို့ တက်ရောက်နိုင်ရန်မှာ စင်ကာပူအား နှစ်ဂိုးထက်ပိုသွင်း ရန်လိုအပ်သလို ထိုင်းညွန့်ပေါင်း အသင်းကို မလေးရှားယူ-၂၃အ သင်းက ဂိုးပြတ်နိုင်ရန် လိုအပ် ခဲ့သည်။

ပြီးခဲ့သည့် ၂ဝဝရမာဒေး ကားဗိုလ်လုပွဲတွင် မြန်မာအသင်း နှင့် မလေးရှားအသင်းတို့ တွေ့ ဆုံခဲ့ဖူးပြီး ထိုစဉ်က မလေးရှား အသင်းက ၃-၁ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ ထို့အပြင် ယခုမာဒေး ကားဗိုလ်လုပွဲက မြန်မာအသင်း အတွက် ကိုးကြိမ်မြောက်ဖြစ်ပြီး ၁၉၆၄တွင် တစ်ကြိမ်၊ ၁၉၆ရ တွင် တောင်ကိုရီးယားနှင့် ပူးတွဲတစ် ကြိမ်၊ ၁၉၇၁နှင့် ၂၀၀၆ပြိုင်ပွဲများ တွင် ဗိုလ်စွဲနိုင်ခဲ့ပြီး ဒုတိယအနေ ဖြင့် ၁၉၆၆၊ ၁၉၆၈၊ ၁၉ရဝနှင့် ၂ဝဝရတို့တွင်ရရှိခဲ့သည်။

၁၉၉၀ ဝန်းကျင်တွင် မလေး ရှားနိုင်ငံ၌ ဆီမီးပရို စတင်ကျင့် သုံးစဉ်က မလေးရှားကလပ် Armed Force တွင် ရှေ့တန်းအဖြစ် ပါဝင်ကစားခဲ့ပြီး လက်ရှိမြန်မာ ယူ-၂၃အသင်းအုပ်ချုပ်သူအဖြစ် တာဝန်ယူထားသည့် ဦးတင်မြင့် အောင်က ''မလေးရှားအသင်း ဟာ နည်းစနစ်ပိုင်းဆိုင်ရာ တအား ကောင်းတဲ့အသင်းတစ်သင်းပါ။ ကြံ့ခိုင်မှုလဲကောင်းတယ်။ တခြား အပိုင်းတွေမှာပါ တောင့်တင်းမှု ရှိနေတယ်။ ကျွန်တော့်ကစားသ မားတွေအနေနဲ့ သူတို့ကိုအ ကောင်းဆုံးရင်ဆိုင်သွားမှာပါ။ အမိမြန်မာနိုင်ငံအတွက် ကျွန်တော် တို့ကစားသမားတွေ အနစ်နာခံ ကြိုးစားပြီး အကောင်းဆုံးအရည် အသွေးတွေကို ထုတ်ပြသွားနိုင် မယ်လို့ ကျွန်တော်မျှော်လင့်ထား တယ်''ဟု ပြောခဲ့သည်။

ထို့အပြင် ဦးတင်မြင့်အောင် က ပွဲပယ်ခံထားရသည့်သူများရှိ မနေခြင်းကြောင့် စိုးရိမ်မှုရှိမနေ တော့ကြောင်း၊ ဗိုလ်လုပွဲစဉ်တွင် မိမိတို့၏ အကောင်းဆုံးလူစာရင်း နှင့် ရင်ဆိုင်သွားနိုင်မည်ဟု ယုံ ကြည်ချက်ရှိနေကြောင်း၊ ကျော် ဇေယျာဝင်းမှာ ဒဏ်ရာမှ လျင် မြန်စွာသက်သာလာခဲ့သည့် အ တွက်ကြောင့် ယခုပွဲကိုပါဝင်က စားရန် ကြံ့ခိုင်မှုပြည့်လာနိုင် ကြောင်း၊ ၎င်း၏သတင်းအပေါ် မိမိအနေဖြင့် ဝမ်းသာမိကြောင်း ထပ်လောင်းပြောခဲ့သည်။

ထို့အပြင် မလေးရှားနည်းပြ ကင်ဆွီးက ဗိုလ်လုပွဲစဉ်တွင် မြန် မာအသင်း၏ လက်စားချေတုံ့ပြန် နိုင်မှုကြောင့် မိမိတို့အသင်းအ တွက် လွယ်ကူသည့်ပွဲစဉ် ဖြစ်လာ နိုင်မည်မဟုတ်ဟု ပြောခဲ့သည်။

မင်းသန့် ၊ စက်တင်ဘာ(၁၂) ၊ ရန်ကုန်
Yangon Media Group