![]() |
မစုစုနွေး ရုံးရှေ့မှာ အတားဆီး၊ အဖယ်ရှား ခံနေရစဉ်၊ ဓာတ်ပုံ- Su Su Nway
|
စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ စည်စည်ကားကား ကျင်းပခဲ့ ပါတယ်။
အဲဒီအခမ်းအနားကို NLD ပါတီမှာ တက်တက်ကြွကြွ လူ့အခွင့်အရေး၊ လယ်သမားအရေး တက်ကြွ လှုပ်ရှားတဲ့ ထန်းမနိုင်ရွာသူ မစုစုနွေးက တက်ခွင့် မရခဲ့ဘူးလို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသား ထားပါတယ်။
ဘာကြောင့်များ မစုစုနွေးဟာ NLD ပါတီ ရဲ့ မွေးနေ့ပွဲ တက်ခွင့်မရတာလဲ၊ ဒီလို တက်ခွင့်မရလို့ မစုစုနွေး ဘာတွေ ပြောထားလဲဆိုတာ...

ဒီလို မစုစုနွေးက ရေးသား ထားတဲ့အတွက် သူ့ ဖေ့စ်ဘုတ်မှာ မှတ်ချက်တွေပေးထားကြတာလည်း မနည်းပါဘူး။
ဒီအထဲက တခုက " မစုစုနွေးလို သူတစ်ယောက်ကိုတောင် မသိတာတော့ တော်တော်လွန်လွန်းပါတယ်" လို့ ဆိုထားပါတယ်။
ဒါဟာ NLD ပါတီအတွက် ကောင်းမွန်တဲ့ လက္ခဏာ တခုတော့ မဟုတ်ကြဘူးလို့ ဆိုလာသူတွေလည်း မနည်းပါဘူး။
အိမ့်သံစဉ် ~ဧရာဝတီ