Pages

Thursday, October 24, 2013

မွန်ပါတီနှစ်ခု ပေါင်းစည်းရန် ညှိနှိုင်းနေ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်ဒီမိုကရေစီ ပါတီတို့၏ ရည်မှန်းချက်မှာ တူညီသည့်အတွက် မွန်ပါတီနှစ်ခု ပေါင်းစည်းရန် ညှိနှိုင်းနေပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာမတိုင်မီ ပေါင်းစည်းနိုင်ရေး ဆောင်ရွက်နေသည်ဟု မွန်တိုင်းရင်းသား ပါတီနှစ်ခုမှ တာဝန်ရှိသူများက ပြောကြားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက "ပါတီပေါင်းစည်းရေးကို မွန်ပြည်သူတွေရော သံဃာတွေရော လုပ်နေတာကြာပါပြီ။ ပေါင်းကြမှာပါ။ ပါတီနှစ်ခုကို တစ်ခုတည်းဖြစ်ဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ နည်းနည်းတော့ ရှိတာပေါ့။ အလုပ်အမှုဆောင် နှစ်ခုရှိတာကို တစ်ခုတည်းဖြစ်အောင် ပါတီစည်းမျဉ်းစည်းကမ်း နှစ်ခုဖြစ်တာကို တစ်ခုတည်းဖြစ်အောင် ညှိရမှာတွေ ရှိတယ်။ ပါတီနှစ်ခုလုံးရဲ့ ရည်မှန်းချက်က အတူတူပါပဲ။ အဓိကကတော့ တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ဖို့ပါပဲ"ဟု ပြောကြားသည်။
မွန်ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်းကလည်း "ကျွန်တော်တို့ အနေနဲ့ ပေါင်းဖို့ ဆက်တိုက် လုပ်နေပါတယ်။ ပါတီနှစ်ခု ပေါင်းစည်းရေး ကြိုးစားနေဆဲပါ" ဟု ပြောကြားသည်။
Eleven Media Group