Pages

Thursday, October 10, 2013

ပြိုင်ဘက် အသင်းများ အလုံးစုံ သာလွန်၍ မြန်မာ ဖူဆယ် ဘောလုံး အသင်း တတိယ ရရှိခဲ့ခြင်း ဖြစ်ဟု ဆို

(ရန်ကုန်၊ အောက်တိုဘာ ၇   ) 
ပြိုင်ဘက် အသင်း များက  မြန်မာ အသင်းထက် အလုံးစုံ သာလွန်သည့် အတွက် မြန်မာ့ ဆယ် အမျိုးသား၊ အမျိုးသမီး အသင်း တတိယသာ ရရှိခဲ့ ခြင်းဖြစ်သည် ဟု ဘောလုံး အဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။
”ပြိုင်ဘက်ကို မယှဉ်နိုင် လို့ ဒီ ရ လဒ်ဖြစ်တာပါ။ ကိုယ့်အသင်း ထက် လည်း ပိုကောင်းတယ်။ ဒါ့ကြောင့် ရှုံး နိမ့်ခဲ့တာပါ” ဟု ၄င်းကပြောသည်။
 မြန်မာဖူဆယ် အသင်းများသည် ကျင်းပ ပြီးစီးခဲ့သည့် ဆီးဂိမ်း အကြို ဖူ ဆယ်ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲတွင် လာ ရောက် ယှဉ်ပြိုင်ကြမည့် ပြိုင်ဘက် အသင်း များအား အသီးသီး ရှုံးနိမ့်ခဲ့ပြီး တတိယ နေရာလုပွဲ များသာ အနိုင်ရခဲ့ သည်။
”ဒီထက် ခြေစွမ်း ကောင်းမွန်ဖို့ မြန်မာ့ဖူဆယ် အသင်းတွေကို ပြည်ပ နိုင်ငံတွေမှာ ပူးပေါင်း လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ” ဟု တာဝန်ရှိသူ က ပြောသည်။
 ပြည်ပသို့ သွားရောက် လေ့ကျင့်ရာ တွင် မြန်မာဖူဆယ် အမျိုးသား အသင်း သည် ထိုင်းနိုင်ငံတွင် လေ့ကျင့်မည် ဖြစ် ပြီး အမျိုးသမီး ဖူဆယ် အသင်းမှာ ဂျပန် နိုင်ငံသို့ သွားရောက် လေ့ကျင့်မည် ဖြစ် ကြောင်း ၄င်းက ဆက်ပြောသည်။
 မြန်မာဖူဆယ် အမျိုးသား အသင်း သည် တတိယ နေရာလုပွဲတွင် မြန်မာ အမျိုးသား (က) အသင်းက မြန်မာ အမျိုး သား (ခ) အသင်းကို ၅ ဂိုး ၃ ဂိုးဖြင့် လည်းကောင်း ဗိုလ်လုပွဲတွင် ထိုင်း အသင်းက မလေး အသင်းကို အနိုင်ရရှိ ပြီး ဗိုလ်စွဲခဲ့သည်။
အမျိုးသမီး ဖူဆယ် ပြိုင်ပွဲတွင် တတိယ နေရာလုပွဲ၌ မြန်မာဖူဆယ် အမျိုးသမီး အသင်းက မလေးရှား ဖူဆယ် အမျိုးသမီး အသင်းကို ၆ ဂိုး ၃ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ဗိုလ်လု ပွဲတွင် ဗီယက်နမ် အသင်းက ထိုင်းအသင်း ကို အနိုင် ရရှိ ကာ ဗိုလ်စွဲခဲ့သည်။
ဆီးဂိမ်းအကြို ဖိတ်ခေါ် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် မြန်မာအ သင်းနှင့်အတူ ထိုင်း ဗီယက်နမ်၊ မလေး ရှားအသင်းများ ယှဉ်ပြိုင်ခဲ့သည်။
http://www.popularmyanmar.com မှ