Pages

Thursday, October 10, 2013

ဦးဥာဏ်ဝင်း(NLD)အား ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန်အမိန့်ချမှတ်

 
နေပြည်တော်၊အောက်တိုဘာ (၁၀)ရက်

၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့် မဲပြားများ ဖယောင်း သုတ်ထားသည် ဆိုသော တိုင်ကြားမှု နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဗဟိုကော်မတီ ၀င်ဦးဥာဏ်ဝင်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲဆိုထားမှုကို ပုဗ္မသီရီမြို့နယ် တရားရုံးက ငွေဒဏ်ကျပ်တစ်ထောင် ကျခံစေရန် အမိန့် ချမှတ်လိုက်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဦးခင်မောင်သိန်း (စစ်ကိုင်း မြို့)
ဦးဖြိုးမင်းသိန်း (လှည်းကူးမြို့နယ်) ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွှန့်မြို့နယ်) ဒေါ် တင်တင်ရီ (ကျွန်းစု မြို့နယ် )တို့သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရပြီးနောက် ရွေးကောက်ပွဲတွင် ဥပဒေနှင့် အညီဆောင်ရွက် ခြင်းမရှိဟုဆိုကာ အသီးသီး တရားစွဲဆို ခံခဲ့ရသော်လည်း အားလုံးမှာ အမှုနိုင်ခဲ့ကြသည်။

စိုင်းနောင် - Popular Myanmar News Journal