Pages

Tuesday, October 15, 2013

ရန်ကုန်တွင်ဗုံးပေါက်ခွဲသူအား ဘီးလင်းတွင်ဖမ်းဆီးရမိကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှကြေငြာ

 
(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် Traders hotel ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

အခင်းဖြစ်စဉ်မှာ ရရှိတဲ့ တရားခံရဲ့ အချက်အလက်တွေရရှိရှိခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းက သထုံခရိုင် (၄) မြို့နယ်လုံးကို ပေးပို့ပြီး၊ အဓိကနေရာတွေမှာ ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။ အဓိကသွားလာမှု လမ်းကြောင်းဖြစ်တဲ့ ဘီးလင်းမြို့နယ် နဲ့ တည်းခိုနိုင်မယ့် အိမ်တွေကိုရှာဖွေတဲ့အခါမှာ တရားခံပုံပန်းသဏ္ဍာန် မသင်္ကာဖွယ်ရာလူတစ်ဦး နတ်ကြီးလမ်းပေါ်မှာ တွေ့ရှိကြောင်းသတင်းရရှိတဲ့ အတွက် ဘီးလင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်း ဒုရဲအုပ်ကျော်မြတ်သူ နဲ့ အဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းကို သထုံခရိုင် ရဲတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု ဖြစ်စဉ်ကတည်းက စတင်ခြေရာခံ မိခဲ့ပြီး၊၄င်းစီးနင်းလာတဲ့ Taxi ပေါ် မှတ်ပုံတင် ကျန်ခဲ့ရာမှ သူ့ရဲ့ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ တရားခံကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အထူးဖမ်းဆီးရေး ရဲမှူးသိန်းလွင် ဦး စီးတဲ့အဖွဲ့အား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ဘီးလင်းရဲစခန်း တာဝန်ရှိသူများက ဒီနေ့ မနက်မှာဘဲ လွဲပြောင်း ပေးအပ် လိုက်ပြီလို့သိရပါတယ်။