Pages

Tuesday, October 15, 2013

ရန်ကုန် ဗုံးကွဲ၊ ဗုံးလှန့်မှု နောက်ဆက်တွဲ

တနင်္လာနေ့ညသန်းခေါင် ကုန်သည်ကြီးများဟိုတယ်ခန်းအတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ၃ ဦးကို ခေါ်ယူ စစ်ဆေးနေတယ် လို့ ခရိုင်ရဲမှူးကြီး ၀င်းကြည်က ပြောပါတယ်။ 
 


 (ဓာတ်ပုံများ - ထက်နိုင်ဇော်/ဧရာဝတီ)
 
ဗုံးကွဲမှု၊ ဗုံးထောင်မှုတွေထဲက တခုမှာ တွေ့ရတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပိုင်ရှင်ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းကိုတော့ ခရိုင်ရဲမှူးကြီး ၀င်းကြည်က ငြင်းဆိုပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း နဲ့ ၃၈ လမ်းထောင့်အနီး ဘာမှန်းမသိရတဲ့ သေတ္တာတလုံးကို လာရောက်စစ်ဆေးစဉ်မှာ သူက အဲဒီလို ပြောလိုက်တာပါ။  

 

 ခရိုင်ရဲမှူးကြီး ၀င်းကြည်


 အဲဒီသေတ္တာကို ဒီမနက် ၁၀ နာရီထိုးခါနီး ပိုင်ရှင်မဲ့ တွေ့ရတာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
အဲဒီအကြောင်း http://blog.irrawaddy.org/2013/10/blog-post_261.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

ရန်ကုန်နဲ့ မြို့တချို့မှာ အခုတလော ဗုံးကွဲ၊ ဗုံးလှန့်မှုတွေ ဖြစ်နေခဲ့ပြီး ဒီသေတ္တာကလည်း နောက်ထပ် ဗုံးလှန့်မှုတခု ဖြစ်ခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာ ရှင်းလင်းရာမှာတော့ ဒီသေတ္တာထဲ ဘာမှ ရှိမနေတာကို တွေ့ရပါတယ်။

မတော်တဆ တိုက်ဆိုင်မှုလို့လည်း ဆိုနိုင်သလို ရည်ရွယ်ချက်ကြီးကြီးနဲ့ လာထားသွားတဲ့သေတ္တာလည်း ဖြစ်နိုင်ပါတယ်။ 
 


ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများအကြား ကားတာယာဟောင်းတခုပေါ်မှာ ရှိခဲ့တဲ့ သံသယဖြစ်ဖွယ် လက်ဆွဲသေတ္တာငယ်
 








http://blog.irrawaddy.org/2013/10/blog-post_8834.html မှတိုက်ရိုက်ကူးယူတင်ပြသည်။
~