Pages

Saturday, November 9, 2013

ဓမ္မစေတီခေါင်းလောင်း စာတမ်းဖတ်မည်



By Administrator - Sat Nov 09, 2:49 pm

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်က ရွှေတိဂုံ စေတီတော်ကြီးတွင် ဓမ္မစေတီမင်းကြီး လှူဒါန်းခဲ့သည်ဆိုသော ဓမ္မစေတီမင်း ခေါင်းလောင်းနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့တော်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမတွင် ဖတ်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါ စာတမ်းဖတ်ပွဲကို စီစဉ်သည့် Novel Light Event Management ထံမှ သိရသည်။

ယင်းခေါင်းလောင်း အမှန်တကယ် သွန်းလုပ်ခဲ့ခြင်းရှိ မရှိ၊ ရွှေတိဂုံစေတီတွင် အမှန်တကယ် လှူဒါန်းခဲ့ခြင်းရှိ မရှိ၊ လှူဒါန်းသည် ဆိုပါက ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိသည် ဆိုသည်မှာ ဟုတ်မှန်ခြင်းရှိ မရှိ၊ ခေါင်းလောင်းကို ပေါ်တူဂီလူမျိုး ငဇင်ကာ ဖြုတ်ယူသွားသည်ဆိုသော အချက်အရ သမိုင်းအထောက်အထား မှန်ကန်မှု ရှိ မရှိအပြင် အငြင်းပွားဖွယ် အချက်များကို တမ္မဝတီ ဦးဝင်းမောင်နှင့် တမ္မဝတီ မောင်မြင့်သူတို့က စာပေအထောက်အထား၊ သမိုင်းအထောက်အထား၊ သိပ္ပံနည်းကျ အထောက်အထား၊ လက်တွေ့လုပ်ဆောင်မှု ကိုးကားချက် အထောက်အထား၊ ဖြစ်ပျက် တည်ရှိနေသော အခြေအနေများကို အခြေခံသော အထောက်အထားများဖြင့် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း စာတမ်းဖတ်ပွဲ စီစဉ်သည့် ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းကို ဆယ်ယူရေး အဖွဲ့များက အကြိမ်ကြိမ် ဆယ်ယူခဲ့ကြသည့်အပြင် လက်ရှိအစိုးရ လက်ထက်တွင်လည်း သမ္မတထံ လည်းကောင်း၊ လွှတ်တော် အသီးသီးသို့ လည်းကောင်း ဆယ်ယူရန် မကြာခဏ တင်ပြမှုများ ရှိနေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် စီစဉ်မှုများ ရှိပြီး ၎င်းတို့နှစ်ဦးက အငြင်းပွားဖွယ် ကိစ္စများကို ရှင်းလင်းမည် ဖြစ်သည်။
Via Sa Maung (Facebook)