Pages

Thursday, November 7, 2013

မြန်မာ့စီးပွား မြန်နှုန်းမြင့်မယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်း

ငွေဖောင်းပွလာတာတွေ ရှိပေမယ့် မြန်မာ့စီးပွားရေးက လာမယ့်နှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာလိမ့်မယ် လို့ ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
ဒါဟာ အရှေ့တောင်အာရှ နိုင်ငံတွေ ကြားထဲမှာတော့ မြန်နှုန်းအမြင့်ဆုံး ဖြစ်လာပါမယ် တဲ့။

မြစ်တဘက်ကမ်းကနေ တွေ့ရတဲ့ ရန်ကုန်မြို့ စီးပွားရေးရပ်ကွက် (ဓာတ်ပုံ -  Steve Tickner / ဧရာဝတီ)
စွမ်းအင်၊ ပြည်ပပို့ကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းတွေလည်း ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုတွေ ဖြစ်လာမှာပါ လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံရေးရာ အကြီးတန်း စီးပွားရေး ပညာရှင်  Khwima Nthara က ပြောပါတယ်။