Pages

Thursday, November 7, 2013

အလုပ်သမားသမဂ္ဂများ ညီလာခံတွင် အလုပ်ရှင်အလုပ်သမား ပဋိပက္ခများဆွေးနွေးမည်



ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဟုန်ရှင်းအအေးခန်းစက်ရုံပိတ်သိမ်းရာမှ အလုပ် ဆင်းရန် အလုပ်သမား၁ဝဝခန့်မှ စက်တင်ဘာလ ၂၂ ရက်က မြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်။ ယင်းကဲ့သို့သော အလုပ်ရှင်အလုပ်သမားပဋိပက္ခများကို အလုပ်သမားသမဂ္ဂညီလာခံတွင် ဆွေးနွေးရန်ရှိသည်။ (ဓာတ်ပုံ - ဟောင်ဆာ)

အနိမ့်ဆုံးလစာ သတ်မှတ်ရေးအပါအ၀င် အလုပ်ရှင်အလုပ်သမားများအကြား ဖြစ်ပေါ်လျက်ရှိနေသည့် အခက်အခဲများကို နိုဝင်ဘာ ၁၀ ရက် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်းတွင် ကျင်းပရန်ရှိသောအ လုပ်သမားသမဂ္ဂ ညီလာခံတွင် တင်ပြဆွေးနွေးသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဦးအောင်လင်းက မဇ္ဈိမကိုပြောသည်။

“အလုပ်ရှင်ဘက်က လစာတိုးပေးနိုင်၊ မပေးနိုင် အဲဒါတွေပါလာမယ်။ လုပ်ငန်းအောင်မြင်မှုရှိ မရှိကလည်း ရှိသေးတယ်။ အလုပ်သမားဆိုဒ်တစ်ခုတည်းက သွားလို့မရဘူးဗျ။ လတ်တလောဖြစ်ပွားနေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ဖြေရှင်းဖို့အတော်များများ အကူအညီအထောက်အပံ့ဖြစ်မယ်လို့ ရည်မှန်း ထားပါတယ်” ဟုပြောသည်။

ဆွေးနွေးမည့် အကြောင်းအရာများတွင် အလုပ်သမားဥပဒေ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ အလုပ်ရှင်နှင့် အစိုးရ၊ အနိမ့်ဆုံး လုပ်ခလစာစသည့် ခေါင်းစဉ်များလည်း ပါဝင်ဆွေးနွေး ကြမည်။

အလုပ်ရှင်များ ဘက်တွင်လည်း ကုန်ဈေးနှုန်း၊ စွမ်းအင်လိုအပ်ချက်၊ အလုပ်လုပ်ရန် အိမ်ယာမြေလိုအပ် ချက်များမှာ ဈေးနှုန်းကြီးမြင့်မှုများနှင့် တွေ့ကြုံနေရသည်ဟုလည်း ဦးအောင်လင်းကဆိုသည်။ အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေများသည်လား အားနည်းချက်များရှိနေရာ အလုပ်သမားများမကြာခ ဏအလုပ်ဖြုတ်ခံနေရမှုများ ကြုံတွေ့နေရသည်ဟု လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား တစ်ဦးဖြစ်သူ မမိုးဝေကဆိုသည်။

“အလုပ်သမားတွေ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လုပ်ငန်းခွင်တည်မြဲမှု အဲဒါအရမ်းအ ရေးကြီးနေပါတယ်။ အပြစ်မဲ့အလုပ်ဖြုတ်ခံရတာတွေ မကြာမကြာကြုံနေရပါတယ်” ဟု မဇ္ဈိမကိုပြော သည်။

အဆိုပါညီလာခံအတွက် အလုပ်သမားဝန်ကြီးဌာနအပါအ၀င် ကျောင်းဆရာ၊ ဆရာမများသမဂ္ဂ၊ ပန်းချီဆ ရာ၊ ဆရာမများသမဂ္ဂများ၊ စက်မှုဇုန်အလုပ်သမားများ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ အလုပ်သမားများ၊ လုပ်ငန်းရှင်များ၊ ပါတီနိုင်ငံရေးများ၊ သံရုံးများမှ တာဝန်ရှိသူများကို ဖိတ်ကြားထားသည်။
Written by နေမျိုး(Mizzima)