Pages

Saturday, January 12, 2013

ကချင် ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေတွေကြောင့်မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်

တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့အဝင်မြင်ကွင်း

မြန်မာနိုင်ငံ ကချင် ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေတွေကြောင့် မြန်မာ နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေး အင်အားတွေကို တိုးမြင့်ထားတယ် လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြ ထားပါတယ်။ ဒါ့အပြင် နယ်စပ်တိုက်ပွဲ အခြေအနေတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်း လေယာဉ်ခရီးစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရတယ် လို့လည်း ဖော်ပြပါတယ်။ တရုတ် မြန်မာနယ်စပ် အခြေအနေနဲ့ ပတ်သက်လို့တော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးမှာပါ။

"ကချင်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံတွင်းကို လက်နက်ကြီးကျည်ဆန်တွေ ကျရောက် လာတဲ့ အပေါ်မှာ တရုတ်ဖက်က မြန်မာကို ကန့်ကွက်ပြောဆိုပြီးတဲ့နောက်၊ တရုတ် မြန်မာ နယ်စပ် တလျှောက်မှာ လုံခြုံရေးတွေ ပို တိုးမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲကြောင့် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ တရုတ်နိုင်ငံဘက်ကို ၀င်ရောက်လာမှာကို တရုတ်အာဏာပိုင်တွေက ပိုစိုးရိမ်နေတယ် လို့ သိရပါတယ်။ လက်ရှိအားဖြင့်လည်း ဒုက္ခသည်အချို့ ၀င်ရောက်နေတာရှိပေမယ့်၊ ကချင် ကေအိုင်အေ ဌာနချုပ် လိုင်ဇာဖက်ကို ထိုးစစ်ကြီးတွေ ဆင်လာရင်၊ ကချင်အရပ်သား ဒုက္ခသည်တွေအနေနဲ့ တဖက်ခြမ်း တရုတ်ဘက်ကိုပဲ အဓိက ၀င်ရောက်လာနိုင်စရာ ရှိတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့က တရုတ်နယ်စပ်မှာဖြစ်ခဲ့တဲ့ တရုတ်ပြည်ထဲမှာရှိတဲ့ ကချင်နွယ်ဖွားတွေ အများအပြား ကချင် နယ်စပ်ကို ရောက်လာပြီး ဆန္ဒပြ တာဟာ တရုတ်အတွက် ပိုပြီး စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ တရုတ်နယ်စပ်မှာ ရှိတဲ့ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

"ပိုဆိုးသွားတာက မနေ့ကတုန်းကဆိုရင် တရုတ်ပြည်တွင်းမှာရှိတဲ့ ကချင်တွေ ၁၆၀၀ လောက် ကားအစီး ၁၀၀ နဲ့ လိုင်ဇာကိုလာကြတယ်။ လာကြပြီးတော့ ကချင်ပြည်နယ်နေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့ နောက် ကချင် အိုင်ဒီပီတွေကို စာနာတယ် ကေအိုင်အိုကို စာနာတယ် အဲလိုဟာမျိုး လာပြီးတော့ပြောတယ်။ တရုတ်ကပိတ်ထားတာကိုး။ နယ်စပ်က နစခ က ပိတ်ထားတဲ့ အခါကြတော့ လာပြောတဲ့ အထဲမှာလည်း တရုတ်ပြည်မှာ အမှုထမ်း နေတဲ့ တရုတ်ပြည်ကချင်တွေ
တရုတ်ကချင်တွေ ဝန်ထမ်းတစ်ချို့ပါတယ်။ ပါတော့ တရုတ်အနေနဲ့ နေ့ညကတော့ အတော် ခေါင်းကိုက်တဲ့ ကိစ္စဖြစ်မှာပေါ့။ လောလောဆယ် ကျနော်တို့
ပြင်ဆင်မှုတွေ့တာတော့ လက်နက်ကိုင်ရဲ လို့ ခေါ်တာပေါ့။ သူတို့ မှာတော့
နယ်စပ်ဒေသ တည်ငြိမ်ရေး နဲ့လူဝင်မှုကြီးကြပ်ရေး တာဝန်ထမ်းဆောင်နေကြတဲ့
တပ်မဟုတ်သေးဘူး။ အဲဒီ အဖွဲ့တွေတော့ တိုးပြီးချလာတယ်။ တပ်ကတော့
ကျနော်တို့ သိသလောက် မူလချထားတဲ့ တပ်ရင်း ၃ ရင်းပေါ့နော် ကေအိုင်အေ နယ်မပါသေးဘူး အောက်ဖက်မှာတင် တပ်ရင်း ၃ရင်းဆိုတော့ ကေအိုင်အေ
နယ်နဲ့ပေါင်းရင် ၅ ရင်းလောက်ရှိတာပေါ့။ အဲဒါကို ထပ်ဖြည့်မယ်ဆိုရင်လည်းနောက်ထပ် သုံး လေးရင်း ထပ်ဖြည့်မယ့် အလားအလာ မြင်တယ်။ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ ၈ရက် ၉ရက် ၁၀ရက် လောက်မှာတော့ ရှင်ထူးစစ်ဒေသကြီးပေါ့။ ကွန်းမိန် စစ်ဒေသကြီးကနေ အရာရှိကြီးတွေကို နယ်စပ်တစ်ကြောကို လိုက်ပြီးတော့လိုက်ကြည့်သွားကြတယ်။"

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ သူ့နိုင်ငံထဲကို ဗုန်းကျည်သုံးလုံး ကျတာနဲ့ ပါတ်သက်လို့ ကန့်ကွက်ထားတာရှိပါတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော ဘာများထူးခြားတာရှိလဲ။ မြန်မာဖက်က။

"ကန့်ကွက်ပြီးတော့မှ နောက်ထပ် ၃လုံးထပ်ကျတယ်လေ။ ၉ရက်နေ့ နောက်ပိုင်းမှာ
နောက်ထပ် ၃လုံးထပ်ကျတယ်။ ကန့်ကွက်ပြီးမှကို ထပ်ကျတာ"

ဒီအပေါ်မှာကော တရုတ်ဖက်က ဘာထပ်တုန့်ပြန်တာရှိပါလဲ။

"ကျနော်တို့ အခုထိတော့ သူတို့ ဘာတုန့်ပြန်မယ် မပြောတပ်ဘူးဗျ။ အခုလိုပဲ
လူကြီးတွေတော့ သူတို့အထဲက လူကြီးတွေကိုယ်တိုင်ဆင်းလာပြီး ကြည့်နေကြတာ
တွေ့တယ်"

တစ်ချို့က ယူဆတာက ကေအိုင်အေ လိုင်ဇာတို့ လန်ဂျားယန်တို့ကို တိုက်တဲ့ အခါမှာ လေယာဉ်သုံးတဲ့ အခါမှာ တရုတ်နယ်ထဲအထိ လေယာဉ်က ဝင်တယ်။ တရုတ်ဘက်ကပဲ ခွင့်ပြုထားလို့လား။

"တရုတ်လေတပ်က ငြင်းတယ်ပေါ့ဗျာ။ လူတိုင်းမြင်တယ်။ အရပ်သားတွေ လည်းမြင်တယ်ပေါ့။ ကျနော်တို့က လေကြောင်းကိစ္စကတော့ သိပ်တော့နားမလည်ဘူး။ ကျနော်တို့လည်း မေးထားတုန်းပဲ။ ဟိုဖက် ဒီဖက်မှာ ၅ကီလို ဘော်ဒါရဲ့ ဟိုဖက် ဒီဖက်မှာ ၅ကီလိုလောက်ကို အင်တာနေရှင်နယ်ဇုံ
အနေနဲ့ထားသလား။ သူ့ဖက်ကပြန်ပြောတာက ဒီ ၂၆ရက်ကစပြီးတော့ ၉ရက်နေ့အထိ အဲ
၇ရက်နေ့အထိမှာ ဗမာစစ်တပ်က လေကြောင်းအရတိုက်ခိုက်မှုက ၁၁၉ ကြိမ်ရှိတယ်။
သူတို့ရေဒါကရထားတာ။ ၁၁၉ ကြိမ်ရှိတယ်ပြောတယ်"

Global Times သတင်းစာမှာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကချင်ပြည်နယ် နယ်စပ် တိုက်ပွဲတွေကြောင့် ယူနန်ပြည်နယ်တွင်းသွားတဲ့ လေယာဉ်ခရီးစဉ်အချို့ ရွေ့ဆိုင်း ခဲ့ရပြီး၊ ကြာသာပတေးနေ့မှာတော့ ပုံမှန် ပြေးဆွဲခဲ့တယ်လို့ ရေးထားပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး မီးခိုးမှိုင်းတွေ
ပြည့်နေတာကြောင့် လို့ဆိုပါတယ်။ ဒါ့အပြင် ကေအိုင်အေ ဌာနချုပ်ရှိရာ နယ်စပ်က လိုင်ဇာမြို့အနီးတ၀ိုက်မှာ မြန်မာဖက်က လေကြောင်းနဲ့ရော မြေပြင်ကပါ ပြီးခဲ့တဲ့ စနေကတည်းက ထိုးစစ်ဆင်ခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားရေးသားပါတယ်။ ကချင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ကေအိုင်အေဖက်ကို မေးမြန်းကြည့်တော့ လိုင်ဇာအနီးတ၀ိုက်မှာ ဒီကနေ့သောကြာနေ့ တိုက်ပွဲတွေ အေးနေပေမယ့်၊ ပန်းဝါနဲ့ အခြားဒေသတွေမှာ
တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

 ကိုသားညွန့်ဦး (ဗွီအိုအေ)

 လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံယာများအနက် သံဃာတော်အပါး ၂၀ အား သီတဂူအာယု ဒါနဆေးရုံတွင် ဆေးကုသ ပေးလျက်ရှိ

လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံဃာများအနက် သံဃာတော်အပါး ၂၀ အား စစ်ကိုင်းတိုင်း ဒေသကြီးရှိ သီတဂူ ဆရာတော် ဦးဆောင်ဖွင့်လှစ်ထားသည့် သီတဂူအာယု ဒါနဆေးရုံတွင် ဇန်န၀ါရီလ ၇ ရက်နေ့မှ စတင်ပြီး ဆေးကုသ ပေးလျက်ရှိကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်သံဃာတော် ဦးသု (ခေါ်) ဦးဝိမလက မိန့်ကြားသည်။
“စစ်ကိုင်း သီတဂူမှာ သံဃာအပါး နှစ်ဆယ်ကို ၇ ရက်နေ့ကစပြီး ဆေးရုံတင်တယ်။ ဆေးစစ်တာတွေ လုပ်နေပါတယ်။ လက်ရှိ လောလောဆယ် ဒဏ်ရာအခြေအနေက မသက်သာသေးတဲ့ သံဃာတွေ ရှိပါတယ်။ ပြန်ပြီး ခွဲစိတ်ခန်း ၀င်ရတဲ့ အနေအထား မျိုးတွေတောင် ရှိပါတယ်” ဟု ဆရာတော် ဦးဝိမလက ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် သပိတ်စခန်း ဒဏ်ရာရ သံဃာများအနက် ဒဏ်ရာပြင်းထန်သည့် သံဃာတော် နှစ်ပါးသည် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့၏ ဆောင်ရွက်ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူလျက် ရှိရာ ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန် သော်လည်း ဆရာတော် ဦးတိက္ခဥာဏမှာ ကာလကြာရှည်စွာ ဆေးကုသမှု ခံယူရအုံးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝိမလ၏ ပြောကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် သံဃာတော် နှစ်ပါး၏ ဆေးဝါးကုသမှု ကုန်ကျစရိတ်အား စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ မြန်မာနိုင်ငံရှိ ထိုင်းသံရုံးနှင့် ချိတ်ဆက် အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၁၅ ရက်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့လာသည့် သံဃာတော် လေးပါးအနက် သုံးပါးမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆက်လက် ဆေးကုသမှု ခံယူလျက်ရှိသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ သံဃာတော်နှစ်ပါးနှင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူလျက်ရှိသည့် သံဃာတော် နှစ်ပါးတို့မှာ အရေပြား အစားထိုး ကုသမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု ခံယူနေသည့် သံဃာတော် နှစ်ပါးသည် ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရ ဆေးရုံဖြစ်သည့် ထိုင်းဘုရင့်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဆရာတော် ဦးဝိမလက ပြောကြားခဲ့သည်။
မူလက ဆရာတော် ဦးတိက္ခဥာဏမှာ ဘန်ကောက် ပုဂ္ဂလိက ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်းဖြစ်ပြီး ဆေးကုသစရိတ် ကြီးမြင့်သောကြောင့် ဘန်ကောက် ဆေးရုံကြီးမှ ထိုင်းအစိုးရ ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်အပါး တစ်ရာဝန်းကျင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်ရပ်ကို ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူများက မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြသည်။
ဒီဇင်ဘာ ၁၅ ရက်က မန္တလေး မြို့တွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်ပြီး သံဃာတော်များအား အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန်မှု ပြုလုပ်ခဲ့သည့် အတွက် ဆန္ဒထုတ်ဖော်မှုများ ရပ်နားခဲ့ကြသည်။
 Eleven Media Group

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ထုတ်ပြန်

1.11.11
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့တို့ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံနေစဉ်
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် ပညာရှင်များ ခန့်အပ်ထားကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန် အတွက် သတ္တုတွင်းလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဥပဒေ ပညာပိုင်းနှင့် ပတ်သက်၍ လည်းကောင်း ကျွမ်းကျင်သူ ပညာရှင်နှစ်ဦးအား နိုင်ငံတော် သမ္မတရုံး၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ပါသည်။ အဆိုပါ စာချုပ်နှင့် ပတ်သက်၍ လည်းကောင်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့သည် ကျွမ်းကျင်သူ ပညာရှင်များနှင့်အတူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌနှင့်အဖွဲ့အား ဇန်န၀ါရီလ ၉ ရက်နေ့ကလည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက် ရှိရာတွင် ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိမရှိ စိစစ်ရန်အတွက် ပညာရှင်ပေါင်းစုံ ပါဝင်သည့် မြန်မာ့ဝန်းကျင် သိပံ္ပအဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်ပြီး ဆောင်ရွက်စေခဲ့ ပါသည်။
မြန်မာ့ပတ်ဝန်းကျင် သိပံ္ပအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်း လုပ်ဆောင်နေမှုကို လည်းကောင်း သွားရောက်ကြည့်ရှု၍ လက်တွေ့ ကွင်းဆင်းလေ့လာ ခဲ့ပါသည်။
ထို့အပြင် မြန်မာ့ဝန်းကျင် သိပ္ပံအဖွဲ့သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့မှ စ၍ စီမံကိန်း ပြုလုပ်သည့် ဒေသပတ်ဝန်းကျင်တွင် ရှိနေသော လေထုသန့်ရှင်းမှု အဆင့် အခြေအနေတို့ကိုလည်း လက်တွေ့ ကွင်းဆင်း စိစစ်ခဲ့ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ပဏာမ အစီရင်ခံစာကို ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် တင်ပြခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် သည် ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ကျေးရွာများအား ထပ်မံကွင်းဆင်း လေ့လာခဲ့ပါသည်။
နိုင်ငံတော် အနေဖြင့် လက်ပံတောင်းတောင် သပိတ်စခန်းမှ မီးလောင်ဒဏ်ရာရသည့် လူနားများအား ဆေးကုသမှုကို တာဝန်ယူလျှက် ရှိရာ ကော်မရှင် အနေဖြင့် လိုအပ်သည် များကို ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါသည်။ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသ နေကြသော လူနာအားလုံးသည် ဆေးကုသမှု ခံယူပြီး ဖြစ်ကြသဖြင့် ဆေးရုံမှ ဆင်းသွားကြပြီး ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေကြသည့် သံဃာနှစ်ပါးအနက် ရှင်သဇ္ဇန၏ ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်လာပြီ ဖြစ်ရာ မကြာမီ မြန်မာနိုင်ငံသို့ ပြန်လာနိုင်မည့် အခြေအနေ ရှိသည်ဟု သိရှိရပါသည်။ သံဃာတော် ဦးတိက္ခဥာဏ၏ အခြေအနေ သည်လည်း တိုးတက်မှု ရရှိနေပြီ ဖြစ်ပြီး ဆက်လက်၍ ဆေးကုသမှု ခံယူရန် လိုအပ်သေးသည်ဟု ကော်မရှင်အနေဖြင့် သိရှိရပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတထံ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် တင်ပြရမည့် ကြားဖြတ် အစီအရင်ခံစာကို ဇန်န၀ါရီလ ၃၁ ရက်နေ့ မတိုင်မီ ကြိုတင် တင်သွင်းသွားရန် ရှိကြောင်း အဆိုပါ ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ဒီနေ့ (ဇန်န၀ါရီလ ၁၁) ရက်နေ့ ထုတ်ပြန်ချက်က ကော်မရှင်ရဲ့ လေ့လာတွေ့ရှိ ချက်တွေကို ထပ်မံ ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကော်မတီအနေနဲ့ နိုင်ငံတော် သမ္မတထံကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ လေ့လာတွေရှိချက် ကြားဖြတ် အစီအရင်ခံစာ တင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဥက္ကဌအနေနဲ့ သတ်မှတ်ရက်ထက် စောတင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဇန်န၀ါရီလ ၂၃ ရက်နေ့ နောက်ပိုင်းမှာ တင်သွင်းသွားဖို့ ရှိပါတယ်။ နိုင်ငံတော်သမ္မတထံ တင်သွင်းမယ့် ကြားဖြတ် အစီအရင်ခံစာက လက်ပံတောင်းတောင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် သင့်မသင့် အဆုံးအဖြတ် ပေးမှာ မဟုတ်ပါဘူး။ ကော်မရှင်ဖွဲ့ စည်း ဆောင်ရွက်တဲ့ ကာလတစ်လျှောက် လေ့လာတွေ့ရှိချက်တွေကိုပဲ တင်ပြသွားမှာ ဖြစ်ပါတယ်။ စနစ်တကျ လေ့လာမှုတွေ ဆောင်ရွက်ပြီးမှ စီမံကိန်းက ဆက်လုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆုံးအဖြတ် ပေးနိုင်မယ့် အချိန်ကို အတိအကျ မပြောနိုင် သေးပါဘူး” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် လွှတ်တော်ရေးရာဆောင်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အဆိုပါ အဖွဲ့မှ လက်ပံတောင်းတောင် စီမံကိန်းတွင် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အမြင်များကို တင်ပြခဲ့ကြကြောင်း သိရှိရသည်။ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက လက်ပံတောင်းတောင်မှာ သူတို့ဘာတွေ တွေ့ရှိခဲ့လဲ။ ဘယ်လို အခြေအနေတွေ ရှိလဲဆိုတာ တင်ပြခဲ့တာပါ။ အရင်တုန်းက ကော်မရှင် အဖွဲ့မှာလည်း ကျွမ်းကျင်သူတွေ ရှိပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေကလည်း သွားပြီး လေ့လာပြီးပါပြီ။ သူတို့အဖွဲ့က ကော်မရှင် ပြင်ပက အဖွဲ့ဆိုတော့ Independent Opinion ရတာပေါ့” ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Eleven Media Group

 မီဒီယာသမားများအား တရားစွဲဆိုမှု ပြုလုပ်ပါက စာနယ်ဇင်း ကောင်စီ အနေဖြင့် ကြားဝင် ငြှိနှိုင်းပေးမည်

 thn-12-1-1
မီဒီယာသမားများအား တရားစွဲဆိုမည်ဆိုပါက စာနယ်ဇင်းကောင်စီအနေဖြင့် ကြားဝင်ငြိနှိုင်းပေးမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါသည်။
အဆိုပါ ပြောကြားချက်အား ဇန်န၀ါရီလ ၁၂ ရက်နေ့က ရန်ကင်းမြို့နယ်ရှိ ဘဏ်လုပ်ငန်းရှင်များ အသင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)
၏ လုပ်ငန်းလုပ်ဆောင်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
'' ကျွန်တော်တို့အနေနဲ့ သ တင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်ကို တရားစွဲမယ်ဆိုရင် တရားစွဲလိုသူအနေနဲ့ ကောင်စီကို တင်ပြပါ။ အသိပေးပါ။ ကျွန်တော်တို့အနေနဲ့ ကြားဝင် ညှိနှိုင်းပေးနိုင်ပါမယ်။ အဲ့ဒီအချက်က မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာတွေကို ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်'' ဟု ကိုကျော်မင်းဆွေက ပြောပါသည်။
လွတ်လပ်သော စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာရန် ကာလအတန်ကြာ ကြိုးစားခဲ့ရသည့် စာနယ်ဇင်းကောင်စီသို့ သတင်းမီဒီယာများတွင် ရေးသားဖော်ပြချက်နှင့် ပက်သတ်၍ အစိုးရအဖွဲ့အစည်း ၄ခု၊ ပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတို့မှ သတင်းဂျာနယ် ၂၉စောင်နှင့် မဂ္ဂဇင်းတစ်စောင်တို့အား တိုင်ကြားမှုများ ရှိခဲ့ပြီး ညှိနှိုင်းပေးခဲ့မှုများလည်း ရှိကြောင်း Complaint ကော်မတီ
တာဝန်ခံ ဦးဖေမြင့်က ပြောပါသည်။
လက်ရှိကာလတွင် တရားရင်ဆိုင်နေရသည့် လျပ်တပြက်ဂျာနယ် အမှုအတွက်လည်း ကောင်စီမှ ကူညီ ညှိနှိုင်းပေးသွားမည်ဖြစ်ကာ လက်ရှိ ကျေအေးလိုက်ပြီးဖြစ်သည့် The Voice ဂျာနယ်နှင့် သတ္ထုတွင်းဝန်ကြီးဋ္ဌာန၏ အမှုတွင်လည်း ကောင်စီအနေ ဖြင့် ပါဝင်ညှိနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။
''ညှို့မဂ္ဂဇင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ကျွန်တော်တို့ Press Council ကို တိုင်ကြားတဲ့ သဘောနဲ့ စာပို့လာတာ ရှိပါတယ်။ကျွန်တော်တို့ စာနယ်ဇင်းကောင်စီမှာ ဘာအခွင့်အာဏာမှ မရှိပါဘူး။အဲဒီ မဂ္ဂဇင်းက ပုဂ္ဂိုလ်ကို ကျွန်တော်တို့ ခေါ်တယ်။သူကလည်း သူ့ဘက်က သဘောထားကို ပြောပါတယ်။ ရုပ်ပုံတစ်ခုသည် ညစ်ညမ်းပုံ ဟုတ်မဟုတ်ဆိုတာ ဘယ်အပေါ်မှာ ကြည့်ရမလဲဆိုတော့ ကျွန်တော်တို့ ကျင် လည်နေတဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းပေါ် မူတည်ပါတယ်။ သူကလည်း သူ့ဘာသာသူ ထိန်းသိမ်းပြီး ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ကို ပြောသွားပါတယ်။ ဒီမဂ္ဂဇင်းကို ထုတ်ဝေခွင့် ရုပ်သိမ်းတယ်ဆိုတဲ့ အကြောင်း သိရပါတယ်။ကျွန်တော်တို့ သဘောကို ပြောရရင် သတိပေးတယ်ဆိုတဲ့ အဆင့်မျိုးရှိရင် ပိုကောင်းမယ်လို့ ထင်ပါတယ်'' ဟု ဦးဖေမြင့်က ပြောသည်။              
စာနယ်ဇင်းသမားများအား  ကာကွယ်နိုင်ရန် စာနယ်ဇင်းများ အနေဖြင့် ကျင့်ဝတ်အား စောင့်ထိန်းလိုက်နာပြီး  မှန်မှန်ကန်ကန် လုပ်ကိုင်နေရန် လိုအပ်ပြီး စာနယ်ဇင်းကောင်စီ ဖွဲ့စည်းပြီးသည့်နောက်တွင်   အရည်အသွေးမြှင့်တင်ခြင်း ကျင့်ဝတ်၊စည်းကမ်းထိန်းသိမ်းခြင်း အလုပ်များအား ထိရောက်စွာ လုပ်ကိုင်နိုင်မှု မရှိသည့်အတွက် ညှို့မဂ္ဂဇင်းအား ပိတ်သိမ်းခြင်း ဂျာနယ် ၆စောင်အား သတိပေးခြင်း လုပ်ငန်းများအား စာပေစိစစ်ရေးမှ လုပ်ကိုင်ခဲ့ကြောင်း ဦးဖေမြင့်က ဆက်လက်ပြောပါသည်။
Eleven Media Group

Wednesday, January 9, 2013

ယာဉ်ထိန်းရဲတပ်ဖွဲ့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအောက်တွင် ထားရန် အကြံပြု

ရန်ကုန်၊ ဇန်နဝါရီ ၇
 ယာဉ်ထိန်းရဲတပ်ဖွဲ့ကို သက်ဆိုင်ရာ အစိုးရအဖွဲ့လက်အောက်၌ထား၍ စီမံခန့်ခွဲမှုပြုလုပ်သွားရန် သမ္မတရုံးဝန်ကြီးဌာနက ပြည်ထဲရေးအား အကြံပြုထားကြောင်း သတင်းရရှိသည်။

ပထမအဆင့် စီမံမှုအနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ဦးစွာ ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနကလည်း သဘောတူ ကြောင်း သဘောထားမှတ်ချက် ပေးထားသည်ဟု သမ္မတ ရုံးဝန်ကြီး က ပြောသည်။ ”လိုနေတာက ရန်ကုန်နဲ့ မန္တလေးနှစ်ခုပဲ စည်းကမ်းမဲ့နေတာ ကို စနစ်တကျ ဖမ်းဆီးတာမျိုးတွေ ကို ဂရုတစိုက် လုပ် လာအောင်လို့ ပဲ၊ ပြည်ထဲရေးအောက်မှာ ထားတာ ထက် ရန်ကုန်နှင့် မန္တလေးအစိုးရ အောက်မှာထားတာက ပိုကောင်း တယ်လို့ သိထားတဲ့အတွက် အခု လို စီစဉ်ရတာ ပါ”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ရန်ကုန်နှင့် မန္တလေး အစိုးရ အဖွဲ့တို့ထံ စနစ်တကျလွှဲအပ်မှုပြုပြီး ပါက အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ထံသို့ လည်း လိုအပ်မှုအပေါ်လိုက်ကာ လွှဲပြောင်းပေးနိုင်ရန် တိုက်တွန်း ထားသည်ဟု သမ္မတရုံးမှ သိရ သည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တ လေးမှာ ယာဉ်ကြောပိတ်ဆို့မှု ဒဏ် ကို ဆိုးရွားစွာရင်ဆိုင်နေရပြီး ဖြေ ရှင်းရန် ဂျပန်ပညာရှင်များကဆောင် ရွက်နေသည်။ ၂ဝ၁၂ ခုနှစ်က လူမှုဝန်ထမ်း ဝန်ကြီးဌာနလက်အောက်ရှိ မီးသတ် ဦးစီး ဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်သို့ ထည့်သွင်းခဲ့ သည်။ popularmyanmar.com

Tuesday, January 8, 2013

မြန်မာ့မြေအောက်တွင် မြှုပ်နှံခဲ့သော Spitfires တိုက်လေယာဉ်များကို တူးဖော်မည့် ရှာဖွေရေး အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၇

ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံခဲ့သည်ဟုယူဆထားသော ဗြိတိန်နိုင်ငံလုပ် Spitfire တိုက်လေယာဉ် များကိုတူးဖော် ရှာဖွေရန် လေယာဉ်ထုတ်လုပ်ရေးနှင့်ပတ်သက်၍စိတ်အားထက်သန်သူ ဗြိတိသျှလူမျိုးတစ်ဦး ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦးပါကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။

ဗြိတိသျှလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေးဗစ် ကန်ဒယ်လ် ဦးဆောင်သော အဖွဲ့ဝင် ၂၁ ဦးပါအဖွဲ့သည် ရန်ကုန်လေဆိပ်အနီးတွင် မကြာမီ တူးဖော်ရှာဖွေခြင်းများပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါ Spitfires တိုက်လေယာဉ်များမှာ မြေအောက်အနက် ပေ ၃၀ ခန့်တွင် သစ်သားကွန်တိန်နာများဖြင့် ထည့်သွင်း၍ မြှုပ်နှံ ထားခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်များကိုတူးဖော်မည့် စီမံကိန်းမှာ အချိန် တစ်လမှ တစ်လခွဲ အထိ ကြာမြင့်နိုင်ကြောင်း အဆိုပါအဖွဲ့ကို ဦးဆောင်သူ ကန်ဒယ်လ် ကပြောကြားသည်။

Spitfires တိုက်လေယာဉ် ရှာဖွေတူးဖော်ရေးအဖွဲ့က ရန်ကုန်လေဆိပ်အနီးတွင် Spitfire တိုက်လေယာဉ် ၃၆ စင်းခန့် မြေအောက်တွင် နစ်မြုပ်နေနိုင်သည်ဟု ယူဆထားပြီး ၁၈ စင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် လည်းကောင်း၊ ကျန် ၆ စင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင်လည်းကောင်း မြှုပ်နှံထားခဲ့သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
The Voice Weekly

ယနေ့  ကြုံနေရသည့် အခြေအနေများအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဝေဖန်ပြောကြား


“ပြည်သူတွေ ကျွန်တော်တို့ ရောက်လာခဲ့အခါ သတ်္တိရှိရှိ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ရဲရဲတင်းတင်း တင်ပြပေးပါ။ပြည် သူ/ပြည်သား၊နိုင်ငံသူ/သားများ အကျိုးစီးပွားဖြစ်ထွန်းနေတာကိုလိုလားဆောင်ရွက်နေပါတယ်။ အပြည့်အ၀မလုပ်ပေးနိုင်ရင်လည်း နားလည်ပေးပါ။တချို့ကိစ္စတွေမှာ အပြည့်အ၀လုပ်ပေးလို့ရသော် လည်း မသိလိုက်တဲ့အတွက် မလုပ်ပေးနိုင်သလိုဖြစ်ရပါတယ်။ ဒါကြောင့် အခုကျွန်တော်လာတာ က ပြည်သူများရဲ့အသံကို နား ထောင်ဖို့လာရောက်ခြင်းဖြစ်ပါ တယ်””ဟု (၅.၁.၂၀၁၂)ရက်တွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသူရရွှေမန်းမှ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးနဲ့ပတ်သက်၍ အစိုးရလွှတ်တော်တွင် လွှတ်တော်ရဲ့လုပ် ငန်းများကို ဆောင်ရွက်နိုင်ဖို့ အတွက် လွှတ်တော်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သည်။၎င်းထဲတွင် မူလကော်မတီ(၄)ခုအပြင် သီးခြား ထပ်ဖွဲ့ထားသည့် အထူးကော်မတီတစ်ရပ်အနေနဲ့နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ဒီမိုကရေစီ၊လူ့ အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖြစ် ဖွဲ့စည်းထားပြီး ဖြစ်သည်။ ထိုကော်မတီသည် နိုင်ငံသားများရဲ့မူလအခွင့်အရေး Fundamental Citizen Rights ပါရှိပြီးဖြစ်သည်။ ၎င်းအခွင့်အရေးအား ““နိုင်ငံသားတစ်ယောက်ဖြစ်ရင် နိုင်ငံ သားတစ်ယောက်ရဲ့အခွင့်အရေး ရဖို့၊အဲဒီအခွင့်အရေးပေးဖို့ အစိုး ရမှာတာဝန်ရှိတယ်။ အခွင့်အရေး တွေတောင်းဖို့လည်း နိုင်ငံသားတွေ မှာတာဝန်ရှိတယ်။

ဒါကြောင့်မို့ နိုင်ငံသားများရဲ့မူလအခွင့်အရေး ရရှိအောင် မိမိတို့ကလည်း တောင်း ဖို့လိုပါတယ်။ မရရအောင် တောင်း တတ်ဖို့လိုပါတယ်။ အဲဒီကိစ္စအတွက်လည်းပေးဖို့ ကျွန်တ်ာတို့အစိုးရ မှာ တာဝန်ရှိပါတယ်။ ကျွန်တော် တို့အနေနဲ့လည်း ကူညီပေးဖို့တာ ၀န်ရှိပါတယ်။ ဒီကနေ့မှာ လူတွေ ဟာ သိသိမသိသိ လူတွေဟာ ဒီမိုကရေစီစကားပြောမယ်။ဒါဟာ ဒီမိုကရေစီခေတ် ဒီမိုကရေစီစနစ် သိသိမသိသိ ပြောနေတယ်။ အဲဒီ လိုပြောပြီးတဲ့အခါ ဒီမိုကရေစီ နည်းလမ်းနဲ့ညီသလား၊ဥပဒေနဲ့ ညီသလား မသိဘဲနဲ့လည်း ဘာ လုပ်လုပ်ဒီမိုကရေစီဘဲ ဒီမိုကရေစီ ဟာ ကြိုက်တာပြော၊ကြိုက်တာ လုပ်လို့ရတယ်။ ဗရမ်းပတာလာလုပ် လို့ရတဲ့အထိ ဒါမျိုးတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ ဒီမိုကရေစီ ကိုအကြောင်းပြပြီး အနိုင်ကျင့်နေ တာလည်း ရှိနေပါတယ်။ ဒီလို သာလုပ်နေမယ်ဆိုရင် ကျွန်တော် တို့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ဖြစ်အောင် လုပ်မယ်ဆိုလည်း ခုနကပြောခဲ့တဲ့အကြမ်းဖက်ဆန် တဲ့၊ အနိုင်ကျင့်ဆန်တဲ့ ဗရမ်းပတာ ဆန်တဲ့ ဒီမိုကရေစီလုပ်ရပ်မျိုးတွေ ဥပဒေနဲ့တားရမယ်။ဥပဒေနဲ့မတား မြစ်ရဲဘူး မတားမြစ်တတ်ဘူးဆို ရင်တော့ တာဝန်ရှိတဲ့လူတွေညံ့ လို့ဘဲဖြစ်မှာပါ။

ဒါကြောင့်မို့ ဒီမိုကရေစီကို အလေးထားပါတယ်။ ဒီမိုကရေစီကို ဒီမိုကရေစီပုံစံနဲ့ဘဲ အုပ်ချုပ် တတ်တယ်၊ဒီမိုကရေစီဆိုပြီး လက်သီးလက်မောင်းတန်း၊ဥပဒေချိုး ဖောက်၊အများပြည်သူကိုစော်ကား၊ ဒါဒီမိုကရေစီကိစ္စ နောက်ထပ်လူ အခွင့်အရေးပြောပြီး ကိုယ့်အခွင့် အရေးတောင်းပြီးတော့ ကျန်တဲ့ လူတွေရဲ့ အခွင့်အရေးထိခိုက်စေ တဲ့ကိစ္စမျိုးအဖို့လည်း ပြောလိုပါ တယ်။ ကျွန်တော်တို့သွားတဲ့ ဒီမို ကရေစီဟာ စည်းကမ်းကျသော စနစ်ကျသော ဒီမိုကရေစီဖြစ် တယ်””ဟုဆိုသည်။ အဆိုပါတွေ့ဆုံပွဲတွင် တက် ရောက်လာကြသည့် ပြည်သူများ မှ ဒေသတွင်အခက်အခဲများ အား တင်ပြခြင်းရှိသော်လည်း မှတ်သားပြီး မှတ်တမ်းတင်ထား မည်ဖြစ်ကြောင်း ဆက်လက်၍ နိုင်ငံသားများရဲ့ မူလအခွင့်အရေး ရရှိရန်အတွက် နိုင်ငံသားတွေ ရဲရဲ ၀ံ့ဝံ့တင်ပြဖို့ရန်အတွက်လည်း တိုက်တွန်းကြောင်း သိရှိရသည်။
စိုးဝင်းနိုင်Hot News

ပဲခူးမြို့အတွင်းလူစည်ကားရာနေရာများမှ တောင်းရမ်း စားသောက်သူများကို အရေးယူမည်

 

ပဲခူးမြို့အတွင်းရှိ လူစည်းကား ရာနေရာနှင့်နိုင်ငံခြားသားများဝင် ထွက်သွားလာလေ့ရှိသော နေရာ များ၌တောင်းရမ်းစားသောက်သူ များကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစတင်၍ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက် ဖြင့် မြို့နယ်ဌာနဆိုင်ရာများ ပူး ပေါင်းဆောင်ရွက်ပြီး ဖမ်းဆီးအရေး ယူမည်ဖြစ်ကြောင်း သိရှိရသည်။ ““ဖမ်းဆီးအရေးယူခြင်းခံရ တဲ့ တောင်းရမ်းစားသောက်သူ များကို အသက်အရွယ်အလိုက်၊ ကျား/မအလိုက် ခွဲခြားပြီး အသက် မွေးမှုသင်တန်းကျောင်းနဲ့ပရဟိတ သင်တန်းကျောင်းအနာကြီး ရောဂါစွဲကပ် သူတွေဖြစ်ရင်အနာကြီးရောဂါ သည်တွေထားရာ ရန်ကုန်တိုင်း ဒေသကြီး၊မှော်ဘီမြို့နယ်၊မှော် အင်းကျေးရွာကိုပို့မယ်၊ စိတ် ရောဂါဝေဒနာရှင်တွေဖြစ်ပါက စိတ်ကျန်းမာရေးဆေးရုံးကို ပို့ဆောင်မှာဖြစ်ပါတယ်။ ကလေးသူငယ်များကို နောက် ကွယ်ကနေ ကြိုးကိုင်းပြီး တောင်း ရမ်းခိုင်းသူများကိုလည်း နိုင်ငံတော် မှ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေ တွေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမယ့်လို့””မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားပါသည်။

ပဲခူးမြို့အတွင်း တောင်းရမ်း စားသောက်သူအရေအတွက်မှာ စာရင်းအရ(၈၆)ဦးခန့်ရှိသည့်အ တွက် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်အထိကို ပညာပေးကာလ အဖြစ်သတ်မှတ်ပြီး ဘုရား၊စေတီ၊ ပုထိုးများနှင့်ဘုန်းတော်ကြီးကျောင်း အချို့တို့တွင် အသိပညာပေးဟော ပြောပွဲများပြုလုပ်ကျင်းပပေးခဲ့ပါ သည်။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁)ရက်မှစတင်၍ အရေးယူမှု ကာလအဖြစ် သတ်မှတ်ကာ မြို့ နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့ခေါင်းဆောင် အဖြစ်ဦးဆောင်၍ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝန် မှုကြီးကြပ်ရေးဝန်ကြီးဌာန၊လူမှု ၀န်ထမ်းဦးစီးဌာန၊စည်ပင်သာယာ ရေးဝန်ကြီးဌာနနှင့်ကျန်းမာရေး ဦးစီးဌာတိျု့ပူးပေါင်းပြီး တောင်း ရမ်း စားသောက်သူများပပျောက် ရေးစီမံကိန်းကိုအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အဖေ့သား(ပဲခူး)http://www.hotnewsweekly.com

ဝန်ကြီး ကလင်တန် ရုံးပြန်တက်

 
ဦးခေါင်းမှာ သွေးခဲနေတာကို တွေ့ခဲ့ရတဲ့အတွက် ဆေးရုံမှာ သုံးရက်ကြာ တက်ရောက် ကုသမှုခံယူခဲ့ရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ နေပြန်ကောင်းလာပြီဖြစ်တာကြောင့် တနင်္လာနေ့မှာ လုပ်ငန်းခွင် ပြန်ဝင်တော့မှာ ဖြစ်ပါတယ်။

ဝမ်းပိုက်နဲ့ဆိုင်တဲ့ ဗိုင်းရပ်စ်ပိုးဒဏ် ခံခဲ့ရတာနဲ့ အိမ်မှာရှိနေချိန် ဦးခေါင်းမှာ ထိခိုက်မိပြီး မေ့မျောခဲ့တာတွေ အပါအ၀င် ကျန်းမာရေး ဆိုင်ရာ စိုးရိမ်ဖွယ်ကိစ္စတွေ တလကြာ ကြုံခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်မှာ သူ ဆေးရုံကနေ ပြန်ဆင်းခဲ့ပါတယ်။

တနင်္လာနေ့မှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တံခါးပိတ် အစည်းအဝေးတွေ ကျင်းပမှာဖြစ်ပြီး အများပြည်သူရှေ့ ထွက်ရမယ့် လုပ်ငန်းကိစ္စမျိုးတွေ မရှိဘူးလို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒီသီတင်းပတ်နှောင်းပိုင်း အစီအစဉ်တွေထဲမှာတော့ အမေရိကန်ပြည်ထောင်စုဆီ ရောက်လာမယ့် အာဖဂန်သမ္မတ ဟာမစ်ဒ် ကာဇိုင်းနဲ့ ကြာသပတေးနေ့ကျရင် တွေ့ဆုံဖို့ရှိပါတယ်။

ရုံးမတက်နိုင်ခဲ့တဲ့အချိန်တွေမှာ ၀န်ကြီး ကလင်တန်ဟာ နိုင်ငံခြားရေးဌာန၀န်ထမ်းတွေ၊ တချို့ ပြည်ပ တာဝန်ရှိသူတွေနဲ့ တယ်လီဖုန်းကနေတဆင့် စကားပြောခဲ့တာတွေရှိပါတယ်။
လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စအပေါ် ကွန်ဂရက်လွှတ်တော် ကြားနာပွဲတခု လုပ်ဖို့ရှိခဲ့တာကို သူ နေမကောင်းဖြစ်တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးနဲ့ CIA အကြီးအကဲ အမည်စာရင်း အိုဘားမား တင်သွင်း

သမ္မတအိုဘားနဲ့ အမည်စာရင်းသွင်းထားတဲ့ CIA အတွက် John Brenna (ယာ) ကာကွယ်ရေးဝန်ကြီးအတွက် Chuck Hagel (ဝဲ)
အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ဒုတိယ သမ္မတသက်တမ်းအစမှာ သူ အမည် စာရင်း တင်သွင်းထားတဲ့  အမေရိကန် ကာကွယ်ရေးဌာနနဲ့  အမျိုးသားထောက်လှမ်းရေး ဗဟို အကြီးအကဲသစ် နှစ်ဦး ကို ဆီးနိတ်လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

သမ္မတအိုဘားမားက Nebraska ပြည်နယ်က Republican အမတ် Chuck Hagel ကို ကာကွယ်ရေးဝန်ကြီး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အကြံပေး John Brennan ကို CIA ဗဟိုထောက်လှမ်းရေး အကြီးအကဲအဖြစ် မနေ့က အမည်စာရင်း တင်သွင်းခဲ့တာပါ။

သမ္မတအိုဘားမားက Nebraska အမတ် Chuck Hagel နဲ့ ပတ်သက်ပြီးပြောရာမှာ Mr.Hagel ဟာ အမေရိကန်တပ်တွေရဲ့  ဦးဆောင်နိုင်သူတဦးဖြစ်သလို နိုင်ငံရေးပါတီ နှစ်ခုစလုံးကို ကိုယ် စားပြုတဲ့ အမေရိကန်အစိုးရရဲ့ အစဉ်အလာကို ထိမ်းသိမ်းနိုင်မယ့် စွမ်းရည်ရှိသူ ဖြစ်တယ်လို့  မှတ်ချက်ပေးပါတယ်။

ဆီးနိတ်လွှတ်တော်က အမည်စာရင်းတင်သွင်းခံရသူ Hagel နဲ့ Brennan တို့ကို အတည် မပြုသေးခင်မှာ သူတို့ နှစ်ဦးကို ကန့်ကွက်မှုတွေလည်း ထွက်ပေါ်နေ ပါတယ်။ ၂၀၀၉ ခုနှစ်၊ သမ္မတအိုဘားမား စတင်တာဝန်ယူချိန်မှာ Brennan ကို CIA ရဲ့ အကြီးအကဲအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးပုံ နည်းစံနစ်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ထွက် လာတဲ့အတွက် Brennan က အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

Brennan ကို CIA ရဲ့ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ဖို့အတည်ပြုခဲ့ရင် အရင် CIA အကြီးအကဲ David Petraeus ရဲ့နေရာမှာ တာဝန်ယူရမှာဖြစ်ပါတယ်။

David Petraeus ဟာ အိမ်ထောင်ရေး ပြင်ပအရှုပ်အထွေးကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မိမိသဘောနဲ့ တာဝန်မှ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။

VOA

Monday, January 7, 2013

ယခုလာမည့် လွှတ်တော်တွင် အများနှင့်သက်ဆိုင်သည့် ငြိမ်းချမ်းရေး ကိစ္စများ အဓိက ဆွေးနွေးလာနိုင်ဟု ဦးဌေးဦးပြောကြား

ဓာတ်ပုံ-စူးရှ
 ရန်ကုန်၊ ဇန်နဝါရီ ၇။
ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်သော ပြည်သူ့လွှတ်တော် ပထမ အကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် အများနှင့် သက်ဆိုင်သည့် ငြိမ်းချမ်းရေး ကိစ္စရပ်များအား အဓိက ဆွေးနွေးနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

“အခု လွှတ်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီး ဆွေးနွေးတာမျိုးတွေ ရှိလာနိုင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကိစ္စနဲ့ ရခိုင်ကိစ္စတွေဟာ အများနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် ဒါကို အဓိကရယ် မဟုတ်ဘူး။ ဆွေးနွေးဖြစ်ကြလိမ့်မယ်ထင်တယ်။ ဆွေးလည်း ဆွေးနွေးနိုင် တယ်”ဟု ဦးဌေးဦးက ပြောကြားသည်။

ဆက်လက်ပြီး “ဘတ်ဂျက်ရာသီ ဖြစ်တဲ့အတွက် ဘတ်ဂျတ်ရာထားချက်တွေ ကိုလည်း အလေးထားလုပ်ရမယ်။ လူထုအသံနဲ့ထွက်ပေါ်လာတဲ့ ကိစ္စရပ် တွေကို ဆွေးနွေး ပေးတယ်။ ဒါပေမယ့် ဒါကိုဖြည့်ဆည်းပေးမှာကတော့ အစိုးရကပဲ လုပ်ရမှာပါ။ နောက်ပြီး လူထုအကျိုးရှိတဲ့ ကိစ္စတွေ ဖြစ်မယ် ဆိုရင်လည်း ထည့်သွင်းပေးဖို့ ဆွေးနွေးရမှာပါ” ဟု ဦးဌေးဦးက ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍လည်း ၎င်းအနေဖြင့် ယခင်နိုင်ငံရေး အခြေအနေနှင့် ယခုနိုင်ငံရေး အခြေအနေများအား အမှန်သုံးသပ်၍ အကောင်းဆုံး အဖြေရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာ့ခေတ်

လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊

စူးရှ ဓာတ်ပုံ - စူးရှ
 လက်ပံတောင်းတောင် အရေး အစီရင်ခံစာ လကုန် တင်မည်၊ မည်သည့် အကြောင်းနှင့်မဆို ဖျတ်သိမ်းရေး ဦးတည်မည်ဟု မြန်မာ့ခေတ် ဖေ့ဘုတ်စာမျက်နှာမှသိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပါအဝင် အကြမ်းဖက်ဖြိုခွင်းမှု အတွက် နိုင်ငံတော်မှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ယခုလ မကုန်ခင်အတွင်း အစီအရင်ခံစာ တင်မည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ဥက္ကဌ အဖြစ် တာဝန်ပေးအပ်ထားခြင်း ခံရကြောင်း သိရပြီး ယခုလအတွင်း တွင်လည်း နိုင်ငံရပ်ခြား ခရီးစဉ် အဖြစ် ဟာဝိုင်ရီရှိ ဟိုနိုလူလူ အားသွား ရောက်မည် ဖြစ်ကြောင်းနှင့် ၎င်းကမှတစ်ဆင့် ကိုရီးယားသို့ ထပ်မံသွား ရောက်မည် ဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်းတောင် အတွက် စုံစမ်းရေးကော်မရှင်က အချိန်ပြည့်အလုပ် လုပ်နေပါတယ်။ ကျွန်တော်တို့ လွှတ်တော် နားတဲ့ အချိန်တွေမှာလည်း သွား တဲ့အဖွဲ့တွေရှိပါတယ်။ ဇန်နဝါရီ လကုန်ခါနီး အမေစု ခရီးသွားမယ်။

မသွားခင်မှာဘဲ လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး အစီရင်ခံစာ တင်မယ်လို့ သိရပါတယ်” ဟု ဦးဖြိုးဇေယျာသော်က ပြောကြားသည်။ ဆက်လက်ပြီး လက်ပံတောင်းတောင်တွင် သပိတ်စခန်းများ ဖွင့်လှစ်ထား မှုနှင့် ပက်သက်၍ “ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုတွေဟာ နစ်နာဆုံးရှုံး မှုတွေ မရှိဘဲနဲ့ ဘယ်သူမှ ဆန္ဒပြမှာ မဟုတ်ဘူး။ ဆန္ဒထုတ်ဖော်မှုတွေဟာ ကိုတော့ ကန့်ကွက်စရာ ဘာအကြောင်းမှမရှိပါဘူး။ ဒါပေမယ့် ဆန္ဒထုတ်ဖော် တဲ့ အခါနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဆွေးနွေးညှိနှိုင်းမှု အဆင့်လာရဦးမယ်။ အဲဒီအခါ အားလုံးယုံကြည်တဲ့ ဒေါ်စုပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ ရလဒ် ကို စောင့်ကြည့်စေချင်တယ်” ဟုထပ်မံပြောကြားသည်။ ယမန့်နေ့ ညနေပိုင်းတွင် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်အတွက် သပိတ်စခန်းဖွင့်လှစ်ထားသော တုံရွာတွင် အရေးပေါ် အစည်းအဝေးကြီး ပြုလုပ်ခဲ့ကြောင်း သိရပြီး အဆိုပါ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ မည်သို့ပင် ဆုံးဖြတ်စေကာမူ လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းအား ရပ်ဆိုင်းသွားရန် ဆက်လက် တောင်းဆိုသွားမည်ဟု ဆုံးဖြတ် ခဲ့ကြကြောင်း ဒေသံများထံမှ သိရသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ပက်သက်၍ “ စုံစမ်း စစ်ဆေးရေးကော်မရှင်က အစီရင်ခံစာမှာ ဒီမှာရှိတဲ့ ကျေးရွာတွေကိုလည်း မဖျတ်ခိုင်းဖို့ရယ်။ လယ်မြေတွေ ဆုံးရှုံးခဲ့တဲ့ သူတွေအတွက်လဲ ငွေရေးကြေး ရေး အနေနဲ့အကူအညီ ပြန်ပေးဖို့။နောက်ပြီး လက်ပံတောင်းမှလုပ်နေတဲ့ သတ္တုတူးဖော်ရေးနဲ့ ကုန်ကြမ်းတွေကို အရင်လုပ်ခဲ့တဲ့ စပါယ်တောင် မှာပြန်လုပ်ဖို့ စတဲ့ ဟာတွေ ပါဖို့ ဒီမှာရှိတဲ့ လူတွေက မျှော်လင့်ထားတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် လက်ပံတောင်းတောင် စီမံကိန်း ဖျတ်သိမ်း ရေးကိုဘဲ အားလုံးက ဦးတည်ထားတယ်” ဟု မုံရွာမြို့တွင် လက်ပံတောင်း တောင်အရေး ဆောင်ရွက်နေသော ဆရာတော်တစ်ပါးက မြန်မာ့ခေတ်သို့ မိန့်ကြားသည်။
မြန်မာ့ခေတ်

ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် ဦးခွန်ထွန်းဦး ရှမ်းပြည်နယ်ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်သည် ဇန်န၀ါရီ ၇ ရက်က ရန်ကုန်မြို့၊ Chatrium Hotel တွင် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ရှမ်းပြည်နယ်ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တစ်နာရီခန့် ကြာမြင့်သည့် အဆိုပါတွေ့ဆုံမှုတွင် ဦးခွန်ထွန်းဦးနှင့်အတူ ဦးစိုင်းစောအောင်၊ ဦးစိုင်းစံဖွန်အောင်တို့ ပါဝင်ပြီး ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောသည်။
"အဓိက ရှမ်းပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စတွေမေးတယ်။ ငြိမ်းချမ်းရေးကိစ္စတွေပေါ့။ ရှမ်းပြည်နယ်ငြိမ်းချမ်းရေး ဖြစ်စဉ်တွေက တစ်ပြေးညီမဖြစ်ဘူး။ မခိုင်မြဲဘူး။ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး နောက်ပိုင်းလည်း တိုက်နေတာပဲ။ သူဘာလုပ်ပေးနိုင်မယ်ဆိုတာကတော့ ပြောသွားတာမျိုး မရှိပါဘူး" ဟု ဦးခွန်ထွန်းဦးက ပြောသည်။
ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၄ ရက်နေ့ကတည်းက ရောက်ရှိနေပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဇန်န၀ါရီ ၆ ရက်တွင် မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (MPC) မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
MPC တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် MPC ဘက်က ကချင်ပြည်နယ် ကိစ္စများနှင့် ရခိုင်ပြည်နယ်ကိစ္စများကို ရှင်းပြခဲ့ပြီး ဂျော့ဆိုးရော့စ်အနေဖြင့် မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် မည်သို့လုပ်ပေးနိုင်မည်ဆိုသည်များ ဆွေးနွေးခဲ့ကြောင်း MPC မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။
"အရင်က အထောက်အပံ့ပေးတယ်ဆိုတာ အပြင်ကနေ သတင်းမပြည့်မစုံနဲ့ ထောက်ပံ့ရတာ။ ခုပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာတွေ ရှင်းပြတယ်။ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ကြုံရတဲ့အခက်အခဲတွေ၊ မီဒီယာမှာပြောလို့မရတဲ့ အခက်အခဲတွေ၊ သူတို့ဟိုမှာ ကြားနေတာတွေ၊ အဲဒါကို သူတို့ကို ရှင်းပြတယ်။ အဓိက တပ်မတော်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါတဲ့ အနေအထားတွေကို ရှင်းပြတယ်" ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြားသည်။
ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ဖူးပြီး ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဂျော့ဆိုးရော့စ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

CIF တန်ဖိုးကြောင့် ကားဈေးကွက် လှုပ်ခတ်မှုမရှိ


ဇန်န၀ါရီလ( ၁ ) ရက်နေ့တွင်CIF တန်ဖိုးများ စတင်ပြောင်းလဲခဲ့သော်လည်း ရန်ကုန်ကားဈေးကွက်အတွင်း သိသာစွာ ပြောင်းလဲမှု မရှိသည့်အတွက်  အရောင်းအ၀ယ်ပြန်လိုက်နေကြောင်း ကားအကျိုးဆောင် အသိုင်းအ၀ိုင်းက သိရှိ ရသည်။
မော်တော်ယာဉ်တင်သွင်းရာတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်၍ လျှောက်ထားရမည့် CIF နှုန်းထားများအား ထုတ်ပြန်ခဲ့ပြီး ၄င်းဈေးနှုန်းများမှာ ဇန်န၀ါရီ ၁ ရက်မှ စတင် လျှောက်ထားသည့် သွင်းကုန် လိုင်စင်/ ပါမစ်များနှင့်သာ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ လျှောက်ထားသည့် သွင်းကုန်လိုင်စင်ပါမစ်များမှာ ယခင်အတည်ပြု ဈေးနှုန်းများအတိုင်းသာ လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစားထိုး လဲလှယ်မှုအစီအစဉ်အရ ၂၀၁၃ ခုနှစ်တွင် မော်တော်ယာဉ် တင်သွင်းရာ၌ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော ယာဉ်များ တင်သွင်းရမည် ဖြစ်သည်။ ထို့အပြင် တစ်ဦးချင်းတင်သွင်းသည့် အစီအစဉ်တွင်လည်း လက်ရှိ တင်သွင်းခွင့်ပြုသည့် ၂၀၀၇ ခုနှစ်အစား ၂၀၀၈ ခုနှစ်နှင့် အထက်သာ တင်သွင်း ခွင့်ပြု မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
``အသစ်ထုတ်ပြန်ထားတဲ့ CIF ဈေးနှုန်းတွေကို အစကတော့ ၀ယ်သူတွေက တော်တော် ပြောင်းလဲမယ် ထင်လို့ မ၀ယ်သေးဘဲ စောင့်ကြည့်နေရာကနေ အခု သိပ်လည်း ပြောင်းလဲမှုမရှိတော့ အ၀ယ်တော့ နည်းနည်း ပြန်လိုက်လာတယ်၊ တဖြည်းဖြည်းနဲ့တော့ အ၀ယ်ပြန်တက်လာမယ်လို့တော့ ခန့်မှန်းရတာပဲ´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။
၁၃၀၀ စီစီအောက် ယာဉ်များကို မည်သည့်ယာဉ် အုပ်စုတွင် မဆို Model Year 2008 မှ 2012 အထိတန်ဖိုး USD 5000 ဖြင့် လျှောက်ထားနိုင်ပြီး 2012 Model Year ဖြင့် လျှောက်ထားမည်ဆိုပါက လက်ရှိ ပေါက်ဈေးအတိုင်း လျှောက်ထားရမည် ဖြစ်သည်။
ယာဉ်အုပ်စုတွင် မပါဝင်ဘဲ Brand Name အသစ်ဖြင့် လျှောက်ထားလာသော ယာဉ်များဖြစ်ပါက အင်တာနက် အထောက်အထားများဖြင့် စိစစ်၍ One Stop Service အဖွဲ့အစည်းသို့ တင်ပြပြီးမှသာ ခွင့်ပြုထုတ်ပေး မည်ဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံအစားထိုး လဲလှယ်မှု အစီအစဉ်အရ တင်သွင်းခွင့်ပြု သည့် မော်တော်ယာဉ် ဈေးနှုန်းများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  
ထို့အပြင် နိုင်ငံခြားသင်္ဘောသားများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်သံ ၀န်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် စေမည့် အလုပ်သမားများ လူစီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့် အထက် လူစီး မော်တော်ယာဉ်များကို တင်သွင်းခွင့်အတွက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တစ်ဦးချင်း နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသည့် နိုင်ငံသားများ လူစီးမော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့် အထက် လူစီးမော်တော်ယာဉ် များကို တင်သွင်းခွင့်ပြု သွားမည် ဖြစ်သည်။ ၂၀၀၃ ခုနှစ်နှင့် အထက် Light Truck နှင့် Truck ကားများ၊ ၂၀၀၃ ခုနှစ်နှင့် အထက် ဘယ်မောင်း City Bus များနှင့် ၂၀၀၈ ခုနှစ်နှင့် အထက် ဘယ်မောင်း Bus များကိုလည်း တင်သွင်း ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
`` အခုလိုမျိုး ကားတွေ ပိုပြီးတော့ တင်သွင်းခွင့်တွေ တိုးမြှင့်ပေးလိုက်တဲ့အတွက် Car Show Room တွေ ပိုများ လာမယ်၊ ဒီတော့ အပြိုင်အဆိုင်တွေ ပိုများလာမယ်၊ ၀ယ်သူတွေအတွက်တော့ ရွေးစရာတွေ အများကြီး ဖြစ်လာတာပေါ့၊ ကျနော်တို့ကတော့ ကိုယ့်ဆိုင်ရောင်းအားအတွက် အသည်းအသန်လုပ်ရတော့မှာပေါ့´´ ဟု သင်္ကန်းကျွန်းမြို့နယ်ရှိ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ ပြောသည်။
နှစ်သစ်၌ ထုတ်ပြန်လိုက်သည့် CIF ဈေးနှုန်းအရ အရောင်းပြခန်းကားဈေးကွက်တွင်လည်း သိသိသာသာ ပြောင်းလဲမှုမရှိကြောင်း သိရသည်။

မြတ်မိုးကျော်(မြစ်မခ)

လူမှုဝန်ထမ်းလက်အောက်ရှိ မီးသတ်ဦးစီးဌာနအား ပြည်ထဲရေး ၀န်ကြီးဌာနသို့ အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရ

Monday, January 07, 2013

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
လက်အောက် မီးသတ်ဦးစီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ အလုံးစုံပြန်လည် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မီးသတ်ဦးစီဌာနရှိ တာဝန်ရှိသူထံမှ သတင်းရရှိသည်။

ယင်းမီးသတ်ဦးစီးဌာနမှာ နိုဝင်ဘာလ ၆ ရက်နေ့က အမိန့်အမှတ် ၃၈/၂၀၁၂ ဖြင့် လုပ်ငန်းပိုင်းဆိုင်ရာအား ပြောင်းရွှေ့ခဲ့ပြီး ဌာနဆိုင်ရာအလုံးစုံ ပြောင်းရွှေ့မှုကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း
မတိုင်မီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကို လုပ်ငန်းပိုင်းဆိုင်ရာ ပြောင်းရွှေ့မှုတွေကို အရင်ပြုလုပ်ခဲ့ပြီး
နောက်ပိုင်းမှာတော့ ဌာနဆိုင်ရာလုံး ပြောင်းရွှေ့ခဲ့ပါတယ်။ ကျွန်တော်တို့ဌာနပြောင်းရွှေ့မှုက ပြည်ထောင်စုအစိုးအရ၏ အမိန့်နဲ့ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ပြောင်းရွှေ့
သွားသော မီးသတ်ဦးစီးဌာနမှာ ၁၉၄၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ
ပြည်ထဲရေးဌာနလက်အောက်တွင် ရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဌာန ဖွဲ့စည်းခဲ့သဖြင့် အဆိုပါဌာနသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မီးသတ်ဌာန၏ ဖွဲ့စည်းပုံအရ အင်အား ၇၀၀၀ ကျော်ရှိပြီး ၀န်ထမ်း ၄၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

Eleven Media Group

မြန်မာ နိုင်ငံရေးအကျဉ်းသားများအရေး ၈၈မျိုးဆက်နှင့် AAPP တွေ့ဆုံ

ဓာတ်ပုံ-88 Generation Students
 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေး အသင်းမြန်မာ(AAPP)မှ တာဝန်ရှိသူများ တွေ့ဆုံ၍ နိုင်ငံရေး အကျဉ်းသားဟောင်းများပြန်လည်လွတ် မြောက်ရေး အပါအ၀င်အချက်(၃)ချက်အား ညှိုနှိုင်းဆွေးနွေးခဲ့သည်။
AAPPအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့နှစ်ဦးမှာ (၈၈)မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ရန်ကုန်(၈၈)ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 အဓိက အချက်(၃)ချက်ကို ဆွေးနွေးဖြစ်တယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းကို ဘယ်လိုအဓိပ္ပါယ် ဖွင့်မယ်ဆိုတာရယ် ၊ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ရယ် ၊ လွတ်မြောက်လာ ပြီးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘ၀ကို ပြန်ထူထောင်နိုင်ဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာ ဆွေးနွေးဖြစ်ကြတယ် ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြော သည်။
နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောက်ရေးအသင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဆက်လက် ဆွေးနွေးစရာများ ကျန်ရှိနေသေးသည်ဟု တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။
ဒီနေ့တွေ့ရုံနဲ့ မလုံလောက်သေးပါဘူး ဆက်တွေ့ဆုံပြီး ညှို့နှိုင်းမှုတွေ လုပ်ရအုံးမှာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း တွေ့ဖို့ ကမ်းလှမ်းထားပါတယ်။ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ ၊ နိုင်ငံခြားသံရုံးကလူတွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ် ဒါပေမဲ့ ဘယ်တော့ ဘယ်ရက် မှန်းတော့ မသိသေးပါဘူး ဟု တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
လက်ရှိတွင် ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား မည်မျှ ကျန်ရှိနေကြောင်းနှင့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက် တောင်းဆိုခြင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ဆိုသည်။
ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဟိုးအရင်ကတည်းက ကြိုးပမ်းနေတာပါ။ အခုလည်း ဆက်ပြီး တောင်းဆိုသွားမှာပါ။ အစိုးရကနေ နိုင်ငံရေးအကျဉ်းသားမရှိဘူး၊ မရှိဘူးလို့ပြောနေတယ်။ အဲ့ဒါတွေကိုလည်း အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဘယ်လောက်ကျန်တယ်ဆိုတာ ဆက်ပြီး စာရင်းကောက်သွားမှာပါဟု ကိုဌေးကြွယ်က ပြောသည်။
အဆိုပါ တွေ့ဆုံပွဲကို ဇန်န၀ါရီလ (၇)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်တွင် ၈၈မျိုးဆက် ကျောင်းသားများ၏ ရုံးခန်း၌ တွေ့ဆုံခဲ့ပြီး နေ့လည် (၃)နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့သည်။
AAPP (Assistance of Association Political Prisoner –Burma) ဟုခေါ်သည့် နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်း-မြန်မာသည် ၂၀၀၀ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည်

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားသွားသည်။ အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်းအရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။

“ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ရောင်းမယ်။ ရတနာပုံ၊ Elite အစရှိတဲ့ ကုမ္ပဏီတွေကနေ တစ်ဆင့်လည်း ဖြန့်ဖြူးသွားမယ်။ နှစ်သိန်းတန်ဖုန်းလိုပဲ ဘယ်ဆိုင်မှာမဆို ဝယ်လို့ရမှာပါ” ဟု ၎င်းက ပြောသည်။ ပြင်ပ ဖုန်းအရောင်းဆိုင်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရောင်းချခြင်း မပြုဘဲ ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်၍ ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ “အပြင်ဖုန်းဆိုင်တွေကိုတော့ ရောင်းတဲ့ရက် မတိုင်မီ ဈေးပိုမရောင်းဖို့ သတိပေးထားတယ်။ ဒါကလည်း ၂ သိန်းဖုန်းတုန်းကလို ဈေးနှုန်း မဖောင်းပွစေချင်လို့ပါ။ ရောင်းမယ့်ရက်ကိုတော့ ၁၁/၁၂ ရက်လောက် ခန့်မှန်းထားပါတယ်။ မရောင်းမီလည်း သတင်းစာထဲကနေ ကြေညာမှာပါ” လို့ ယင်းက ဆက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းဆိုင် ၁၈ ခု ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြသည့် ကုမ္ပဏီများမှတစ်ဆင့် ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ Elite Tech မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက “ကတ်တွေ ဖြန့်ချိရေး အပိုင်းကိုတော့ ကျွန်တော်တို့ ကုမ္ပဏီအပါအဝင် တခြားကုမ္ပဏီတွေကလည်း လုပ်ကြမယ်။ ဒီတစ်ခေါက် ချပေးမယ့်လိုင်းက များပြီး ကတ်များများချနိုင်မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကစားတာမျိုး မဖြစ်လောက်ပါဘူး။
 အပြင်ဆိုင်တွေမှာလည်း ဝယ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဆင်ပြေမှာပါ” ဟု ပြောသည်။

GSM Sim ကတ်များကို ကျပ် ၂ သိန်းဖြင့်လည်းကောင်း WCDMA Sim ကတ်များကို
ကျပ် ၂ သိန်းခွဲဖြင့်လည်းကောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

Ref :Flower News Vol 9, No.1 , Smart News
 By သက်နိုင်စိုး Myanmar Mobile App Store

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲ၌ ခေါင်းပြတ်ဆင်တစ်ကောင် တွေ့ရှိ


ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ဆင်တစ်ကောင် ခေါင်းပြတ်၍ သေဆုံးနေကြောင်း သိရသည်။

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်းတွင် ဆင်ရိုင်းကျူးကျော်သောင်းကျန်းမှုများနှင့် ဆင်သတ်ခြင်း ၊ ဆင်စွယ်ဖြတ်ခြင်းဖြင့် စီးပွားရှာနေသော လူအုပ်စုများကြောင့် ဆင်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ယခုလ ဇန်န၀ါရီလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ခေါင်းပြတ်သေဆုံးနေသော ဆင်တစ်ကောင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ငရုတ်ကောင်းက ဆင်းမှုံသစ်တောကြိုးဝိုင်း အကွက်အမှတ်(၂)မှာ ခေါင်းပြတ်သေဆုံးတဲ့ ဆင်ထီး စွယ်စုံတော ဆင်ရိုင်းတစ်ကောင်တွေ့တာပါ။ ငရုတ်ကောင်းတောအုပ်ဦးကွန်ချစ်က သွားရောက် စစ်ဆေးပြီး ခရိုင်သစ်တောဦးစီးက စာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” ဟု ပုသိမ်ခရိုင်သစ်တော ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ပုသိမ်ခရိုင်သည် ရခိုင်ရိုးမနှင့် ဆက်စပ်တည်ရှိနေသော ခရိုင်တစ်ခုဖြစ်သောကြောင့် လည်းကောင်း ယခုရာသီသည် ဆင်များကြိုက်နှစ်သက်သော ဗောကိုင်းပင်များ အဖူးပွင့်သောအချိန်ဖြစ်နေသဖြင့် ပုသိမ်ခရိုင်၏ အနောက်ဘက် ကမ်းခြေဒေသများတွင် ဆင်းရိုင်းအုပ်များ လာရောက်ကျက်စားနေရာ အဆိုပါ ဒေသရှိ ရွာများမှာလည်း ဆင်အန္တရာယ်နှင့် တွေ့ကြုံနေရပြီး တရားမ၀င် ဆင်သတ် ၊ အစွယ် ဖြတ်မှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ရွာတွေမှာ လင့်စင်တွေထိုးထားပြီး ညဘက်ဆင်တွေဆင်းလာရင် အဲ့အပေါ်ကို တက်ပြေးကြရတယ်။ အလုပ်လဲ ကောင်းကောင်းမလုပ်ရဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ဆင်ကိုမသတ်ရဲကြပါဘူး။ ဆင်ကို သတ်တာ လူသတ်တာထက် ပိုအပြစ်ကြီးတယ်လို့ သိထားကြတယ်” ဟု ငရုတ်ကောင်း မြို့နယ်ခွဲ ပျဉ်းကတိုးကုန်းရွာသားတစ်ဦးက ပြောသည်။

ယမန်နှစ်အတွင်းကလည်း ငွေဆောင်မြို့နယ်ခွဲ ဥတုချောင်းဖျားတွင် ဆင်သတ် ၊ ဆင်စွယ် ဖြတ်နေ သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလအတွင်းက ငပုတောမြို့နယ်တွင် တွေ့ရှိ သေဆုံးနေ သော ဆင် (၂)ကောင်အနက် တစ်ကောင်အား သတ်ဖြတ်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ် ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

ယခုတွေ့ရှိသော ဆင်သေဆုံးမှုအတွက်ကလည်း မသမာသူများ၏ လက်ချက်ကြောင့်ဟု ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (သစ်တော)မှ စာဖြင့်တိုင်ကြားမှုကြောင့် ငရုတ်ကောင်း ရဲစခန်းမှ (ပ)”၂-၁၃/၁၉၉၄” တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးဥပဒေပုဒ်မ ၃၇(က)ဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆင်ကောင်ရေထောင်ဂဏန်းကျော်သာ ကျန်ရှိတော့ပြီး ယခုကဲ့သို့ တရားမ၀င် ဆင်သတ် ၊ ဆင်စွယ်ဖြတ်မှု များပြားလာခြင်းကြောင့် မကြာမီ မြန်မာ့ဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

မျိုးမင်းထွန်း (မြစ်မခ) by Myit Makha Mediagroup on 7 Jan, 2013

တနင်္သာရီမြို့ အတွက် လျှပ်စစ်ဓာတ်အားကို ထိုင်းမှဝယ်ယူ

 
ထိုင်းနိုင်ငံ ပရာကျွတ်ကရိခံ ခရိုင်အတွင်းမှ လျှပ်စစ်ဓာတ်အားများကို ဈေးနှုန်းချိုသာစွာဖြင့် မြန်မာနိုင်ငံ မော့တောင်ဒေသနှင့် တနင်္သာရီမြို့အထိ သွယ်တန်းဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းမှ လျှပ်စစ်ဓာတ်အားများကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး နယ်စပ်ဒေသ မော့တောင်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း သွယ်တန်းပေးမည်ဖြစ်ကာ တနင်္သာရီမြို့နယ်အထိ သွယ်တန်းသွားရန် စီစဉ်ထားကြောင်း လျှပ်စစ်မီးရရှိရန် စီစဉ်နေသူများက ပြောကြားခဲ့သည်။

"အခုလက်ရှိ အနေအထားအရ မော့တောင်က အမှတ် ၃ ရပ်ကွက်အထိ သွယ်တန်းပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ဒီလကုန်အတွင်းမှာ လျှပ်စစ်မီးရရှိနိုင်ဖို့ လုပ်ဆောင်နေပြီး အဓိကရည်မှန်းထားတာကတော့ တနင်္သာရီမြို့နယ်အထိ သွယ်တန်းနိုင်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
လမ်းတစ်လျှောက်မှာရှိတဲ့ ရွာတွေလည်း လျှပ်စစ်မီး ရရှိသွားမှာဖြစ်ပြီး နောက်ပိုင်းမြိတ်မြို့အထိ လျှပ်စစ်မီးကို ဈေးနှုန်းချိုသာစွာ ရရှိအောင် တစ်ဆင့်ချင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြိတ်မြို့အထိ သွယ်တန်းဖို့က အချိန်နည်းနည်း ယူသွားရမှာဖြစ်ပြီး မကြာခင် ဖွင့်လှစ်မယ့် မော့တောင်နယ်စပ် ကုန်သွယ်ရေးစခန်းကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လျှပ်စစ်ဓာတ်အား သွယ်တန်းမှုကို ဖိုးသီးချိုကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ထိုင်းနိုင်ငံအတွင်းက ဓာတ်ငွေ့၊ ရေအားလျှပ်စစ် စတဲ့လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားတွေကို မဟာဓာတ်အားလိုင်းတွေနဲ့ ပရာကျွတ်ထဲကို သွယ်တန်းထားပြီး ကျွန်တော်တို့က အဲဒီကနေတစ်ဆင့် လျှပ်စစ်ဓာတ်အားကို ပြန်သွယ်တန်းပြီး ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ် ရှစ်ဘတ်လောက်နဲ့ ရရှိနိုင်ဖို့ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း အဲဒီဈေးနှုန်းထက် အနည်းငယ်လောက်ပဲ ပိုမယ်လို့ ထင်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
(Eleven News - Sunday, 06 January 2013)

Sunday, January 6, 2013

မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်

တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောရေးဆိုခွင့်ရှိသူ Hwa Chunying
တရုတ်နိုင်ငံ ပိုင်နက်အတွင်းသို့ မြန်မာ ဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ် လေတပ်က သတင်း ထုတ်ပြန်ထားသည်။

--

ကျော်သူ ရုပ်ရှင် ပြန်ရိုက်တော့မည်

PHOTO - Kyaw Thu
 ၄.၁.၂၀၁၃ လွတ်လပ်ရေးနေ့ နေ့လည် (၂း၃၀) နာရီအချိန်၌ ရွှေစင်စင်္ကြာမော်တော်ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်မိုး အပါအဝင် ဝန်ထမ်းများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ) ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ခဲ့သည်။
PHOTO - Kyaw Thu

ရွှေစင်စင်္ကြာအဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့်မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ်လှသော အလှူရှင်တစ်ဦးလည်းဖြစ်သည်။
ထို့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးခရီးစဉ်များအဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များအတွက် ပို့ဆောင်မှုများ ပြုလုပ်ပေးနေသော အလှူရှင်များလည်းဖြစ်သည်။
PHOTO - Kyaw Thu

သို့ရာတွင် ယခုလာရောက်လှူဒါန်းသော လှူဒါန်းရခြင်း ရည်ရွယ်ချက်မှာ ထူးခြားမှုတစ်ခုဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များအား အများအကျိုးအတွက် အသုံးပြုရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့ရသည်မှာ (၅) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများအကျိုးအတွက် အကျိုးရှိမည့် အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။

ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတအနုပညာလုပ်ငန်း သက်သက်သာ ဖြစ်စေရမည်။ ပရဟိတလုပ်ငန်းများအား ၀ါသနာပါသော၊ စွန်လွှတ် ပေးဆပ်နိုင်သော အနုပညာရှင်များဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည်ဟု ဆုံးဖြတ်ထားသည်။

ယင်းအခမ်းအနား မစမှီ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာ အား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသောအခါ အားတက်သရော ပါဝင်သရုပ်ဆောင် ပေးမည်ဟု ပြောကြား ခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာအဖြစ် ရိုက်ကူးပေးမည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်တော့သည်။
PHOTO - Kyaw Thu

ယင်းဇာတ်ကားအား လူမှုရေး စိတ်ဓါတ်ပြင်းထန်သော၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင် အနုပညာရှင်များ၊ လူမှုရေးဂီတသူရဲကောင်းများ၏ သီချင်းသံစဉ်များ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ ဝန်ထမ်းများအပြင် အနယ်နယ် အရပ်ရပ်ရှိ လူမှုရေးအသင်းအဖွဲ့ အသင်းသား/သူများနှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဖူးသော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များကို အများပြည်သူတို့အတွက် (၅) နှစ်ကျော် အနုပညာလောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာ ထွက်ပေါက်အဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါတော့သည်။
ကျော်သူ (Kyaw Thu Facebook) မှ 

ကချင်စစ်ပွဲများကိစ္စ ကြားဝင်ရေး အစိုးရအပေါ် မူတည်ဟု ဒေါ်စု ပြော

အင်းယားကန်ဟော်တယ်တွင် ယနေ့နံနက်က ကျင်းပတဲ့   IRRAWADDY LITERARY FESTIVAL မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- NLD 
 ကချင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်များ အကြား လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခ စစ်ပွဲတွေ အဆုံးသတ်ရေး ကြားဝင်ကူညီပေးရေးဟာ အစိုးရဘက်က လိုလား ထောက်ခံမှု မရှိဘဲ သူ့အနေနဲ့ ၀င်ရောက်ကူညီခွင့်ရမှာ မဟုတ်ဘူးလို့ ဒီကနေ့ ဇန်န၀ါရီလ ၆ ရက်နေ့မှာ မြန်မာ့ ဒီမိုကရေစီ 
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 

“ဒီကိစ္စက အစိုးရ အပေါ်ဘဲ မူတည်ပါတယ်။ ဒီအချိန်မှာ အစိုးရက ဒီကိစ္စကို ကိုင်တွယ်နေပါတယ်”လို့ ကချင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုတွေကို နိုင်ငံတကာက စိုးရိမ်နေပြီး ရပ်တန့်ဖို့ တိုက်တွန်းပြောဆိုနေ ချိန် အဆိုပါ ပဋိပက္ခတွေ အဆုံးသတ်ရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုပါဝင်အားထုတ် ကူညီမလဲ ဆိုတဲ့ မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တနင်္ဂနွေနေ့မှာ AFP ကို ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်ပါတယ်။ 

ကျယ်ကျယ်ပြန့်ပြန့်ချီးမွမ်းခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေပုံပေါ်လာဖို့ ပြည်တွင်း စစ်မီး အမြန်ဆုံး ရပ်စဲရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ၀င်ရောက်ကြားဝင်စေ့စပ်ဖို့ဆိုတာ တရားဝင် ဖိတ်ကြားခံရမှု ရှိဖို့လိုတယ်လို့လည်း နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။ 

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးလည်းဖြစ် စီးပွားရေး လုပ်ငန်းရှင် တဦးလည်းဖြစ်တဲ့ ကချင်တိုင်းရင်းသား ဦးယုဇော်ခေါင်ကလည်း လွန်ခဲ့တဲ့သတင်းပတ်တွေအတွင်း ကချင်ပြည်နယ်တွင်း စစ်ပွဲများ အရှိန်မြင့်လာတဲ့အတွက် တိုက်ခိုက်မှုတွေအဆုံးသတ်သွားစေရေး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးပါရန် ယမန်နေ့က မြစ်ကြီးနားမြို့မှာ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်လို့ အဆို ပါ အေအဖ်ပီ သတင်းမှာ ရေးသားထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတဦးအနေနဲ့ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်း 
ရေး အတွက် တာဝန် ရှိကြောင်း သူက ပြောဆိုထားပါတယ်။ 

နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့အခါမှာ လွှတ်တော်အမတ်တဦးဖြစ်နေပြီး လွန်ခဲ့တဲ့နှစ် ဇူလိုင်လ က ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပိုမိုကာကွယ်ပေးရေးနဲ့ပတ်သက်ပြီး ပိုပြီး 
တောင်းဆို သွားဖို့ရှိတယ်လို့ မိန့်ခွန်းတခုမှာ ပြောသွားခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အရေး ကိစ္စတွေမှာ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ဝေဖန်မှုတွေ စဉ်ဆက်မပြတ်ရှိနေတာပါ။ 

ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA/ KIO အဖွဲ့နဲ့ မြန်မာအစိုးရတွေကြားမှာ ၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လက စပြီး အပစ်အခတ်ရပ်စဲရေး သဘောတူမှုတွေကျိုးပေါက် 
ပြီး စစ်ပွဲတွေ ပြန်ဖြစ်လာခဲ့တာ အခုဆိုရင် ၂ နှစ်နီးပါး ရှိပါတော့မယ်။ 

၂၀၁၁ ခုနှစ်က အရပ်သား အစိုးရ ဆိုတာ တက်လာပြီးနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပြန်လုပ်လာတာမှာ ကချင်လက်နက်ကိုင်အဖွဲ့နဲ့တော့ အခုထိ အဆင် မပြေသေးတဲ့ အပြင် တိုက်ပွဲတွေ အရှိန် မြင့်လာပြီး အစိုးရ စစ်တပ်က လေကြောင်း စစ်ကူယူ တိုက်ခိုက် ခဲ့ပါတယ်။ 

ဒါကလည်း အစိုးရ သတင်းစာ အဆိုအရ မိမိ ကိုယ်ကို ကာကွယ်ဖို့အတွက်လို့ ဆိုပြီး ကချင် လက်နက် ကိုင်တွေ သိမ်းဆည်းထားတဲ့ တောင်ကုန်းစခန်းတခုကို ပြန်လည် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ 
လင်းသန့် ~(ဧရာဝတီ blog)

AAPPB ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်

 
ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို
ကူညီ စောင့်ရှောက် ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း
(AAPPB) က အတွင်းရေးမှူးများ ဖြစ်ကြတဲ့ ကိုတိတ်နိုင်နဲ့ ကိုဘိုကြည်တို့ ဟာ
ဘန်ကောက် – ရန်ကုန် လေကြောင်းလိုင်းနဲ့ ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာနိုင်ငံကို
ပထမဆုံး အကြိမ် အဖြစ် အလည်အပတ် ရောက်ရှိ လာခဲ့ကြပါတယ်။ သူတို့ရဲ့ တလနီးပါးကြာ
ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေ ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အတွက်
ဆောင်ရွက် ပေးနေကြတဲ့ အဖွဲ့အစည်းတွေ ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ နဲ့
တွေ့ဆုံဖို့ရှိသလို ဖြစ်နိုင်ရင် အစိုးရ တာဝန်ရှိသူတွေ နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။


Burma VJ Media

လာမည့်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ၀န်ကြီးဌာနအချို့၏ ခေတ်နှင့်မလျော်ညီသော စီမံကိန်းကြီးများကို ရပ်ဆိုင်းရန် ဆွေးနွေးမည်

 ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် ၀န်ကြီးဌာနအချို့၏ ခေတ်နှင့်မလျော်ညီသော စီမံကိန်းကြီးများကို ရပ်ဆိုင်းရန် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
ပထမအကြိမ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများတွင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားခဲ့သည်။
ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့မှ ရေးဆွဲတင်သွင်းလာမည့် ၂၀၁၃ ခုနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပြီးသည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက် ဥပဒေကြမ်း) ကို ဆွေးနွေးအတည်ပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရပိုင် စီမံကိန်းကြီးတွေထဲမှာ တချို့က ခေတ်နဲ့မလျော်ညီတော့တာတွေ ရှိတယ်။ တချို့စက်ရုံ စီမံကိန်းကြီးတွေဆို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆက်မလုပ်နိုင်ဘူး။ ရပ်နေတယ်။ တချို့စက်ရုံကြီးတွေဆို ဆက်လက် လည်ပတ်နေပေမယ့် အရှုံးပေါ်နေတယ်။ အမြတ်မရှိသလောက် နည်းတယ်။ ဥပမာ ပခုက္ကူစက်မှုဇုန်မှာရှိတဲ့ Ta Ta ကားစက်ရုံဆိုရင် စာချုပ်ချုပ်ပြီး ကားဆက်မထုတ်နိုင်ဘူး။ သာဂရစက်မှုဇုန်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ တချို့လည်း ဒီလိုမျိုးတွေရှိတယ်  .    .    .

"ဒီတစ်ခေါက်လွှတ်တော်က ဘတ်ဂျက်ဥပဒေကြမ်းကို အဓိကဆွေးနွေး အတည်ပြုရမှာ ဖြစ်ပါတယ်။ ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မယ့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပြီးနောက် ဘတ်ဂျက်ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေး အတည်ပြုသွားကြဖို့ ရှိပါတယ်။ အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးစရာအချက်တွေ ရှိပါတယ်။ အစိုးရပိုင် စီမံကိန်းကြီးတွေထဲမှာ တချို့က ခေတ်နဲ့မလျော်ညီတော့တာတွေ ရှိတယ်။ တချို့စက်ရုံ စီမံကိန်းကြီးတွေဆို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဆက်မလုပ်နိုင်ဘူး။ ရပ်နေတယ်။ တချို့စက်ရုံကြီးတွေဆို ဆက်လက်လည်ပတ်နေပေမယ့် အရှုံးပေါ်နေတယ်။ အမြတ်မရှိသလောက် နည်းတယ်။ ဥပမာ ပခုက္ကူစက်မှုဇုန်မှာရှိတဲ့ Ta Ta ကားစက်ရုံဆိုရင် စာချုပ်ချုပ်ပြီး ကားဆက်မထုတ်နိုင်ဘူး။ သာဂရ စက်မှုဇုန်မှာရှိတဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးတွေ တချို့လည်း ဒီလိုမျိုးတွေရှိတယ်။ ဒါမျိုးတွေကို အကျိုးမရှိရင် ရပ်ဆိုင်းဖို့ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ပုဂ္ဂလိက လွှဲလို့ရတာတွေကို လွှဲပေးနိုင်ဖို့ စီစဉ်သင့်ကြောင်း ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ပြည်သူ့လွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံဖြိုးတိုးတက်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားခဲ့သည်။
စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ စီမံကိန်းအချို့ကို သုံးသပ်ဆွေးနွေးသွားရန် ရှိကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများ၏ စီမံကိန်းများကို ထိရောက်စွာ ပိုမိုဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားရန်ရှိကြောင်း ဦးအေးမောက်၏ ပြောကြားချက်အရ သိရသည်။
"နောက်တစ်ခုက တိုင်းနဲ့ပြည်နယ်တွေမှာ ဖွံ့ဖြိုးမှု တန်းတူညီအောင် စီမံကိန်းတွေ ဆောင်ရွက်ဖို့ ဆွေးနွေးမှာပါ။ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ပြည်နယ်တွေမှာ ပိုလုပ်ပေးဖို့၊ နောက်တစ်ခါ ငြိမ်းချမ်းရေးရပြီးရင် ကချင်မှာ ပိုလုပ်ပေးဖို့ ဆွေးနွေးပါမယ်။ ကျန်တဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုက ၀န်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေတွေကို စိစိစစ်စစ် သုံးနိုင်ဖို့ ဆွေးနွေးပါမယ်။ တချို့ဝန်ကြီးဌာနတွေအနေနဲ့ နိုင်ငံခြားချေးငွေကို လစာပေးမယ့်နေရာမှာ သုံးမယ့်အစား ပိုမိုအကျိုးရှိတဲ့ နေရာမှာသုံးရင် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်မှာပါ" ဟု ဦးအေးမောက်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ယခုကျင်းပမည့် လွှတ်တော်တွင် မြန်မာနိုင်ငံသားများ ရင်းမှုပ်နှံမှုဥပဒေ အပါအ၀င် အခြားဥပဒေများကိုလည်း အတည်ပြုရန်ရှိကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီနှင့် အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီတို့ ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် မူဝါဒရေးရာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကိုလည်း ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ တင်သွင်းရန်ရှိကြောင်း သိရသည်။              
Eleven Media Group

ကချင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကူညီပံ့ပိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 6.04
ကချင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကူညီပံ့ပိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ သတင်းစာ ရှင်းလင်းပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သတင်းစာ ရှင်းလင်းပွဲအား ဇန်န၀ါရီလ ၅ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ရိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် ကျင်းပခဲ့သည်။
“ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ပထမအဆင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့အထိ ပီပီပြင်ပြင် မရှိသေးဘူးလို့ ကျွန်တော်တို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ် ရပ်စဲရေးကို ပီပီပြင်ပြင် ဖြစ်တဲ့အထိ ဆက်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ နောက်တစ်ခု ကချင်မှာဖြစ်တဲ့ကိစ္စ တွေ့ဆုံဆွေးနွေးဖို့ဟာ အနှောင့်အယှက် မဟုတ်သော်လည်း အဟန့်အတား ဖြစ်စေတဲ့ အပိုင်းတွေ တွေ့ရှိရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ဆက်ပြီး ကြိုးစားဆောင်ရွက် သွားပါမယ်” ဟု (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့သည်။
“သမ္မတကြီးနဲ့ တွေ့တဲ့အခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်ကြမယ် ဆိုတဲ့ အစီအမံတွေကို ပြောပါတယ် KNU ခေါင်းဆောင်များ တင်ပြထားတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း သမ္မတကြီးက ဖြေကြားပေးပါတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးအရ စာပွဲဝိုင်းမှာ ဆက်ပြီးလုပ်ကြမယ် အခြားအဖွဲ့တွေ ပါလာအောင်လည်း လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပေးရပါတယ်။ ဒါကလည်း ဒီကိုလာတဲ့ KNU ခေါင်းဆောင်ကြီးများရဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရထားပိုဆောင်ရေး ၀န်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန အဲ့ဒီက ၀န်ကြီးတွေလည်း သွားတွေ့ပြီးတော့ နယ်မြေဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေကိုလည်း မေးမြန်းတာ ရှိပါတယ်။ နောက်တစ်ခုကလည်း အကယ်၍့ ဖြစ်နိုင်ရင် ပြည်ထောင်စုနေ့ (၁၂) ရက်နေ့မှာ ကရင်တိုင်းရင်းသား ခေါင်းဆောင်အပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားဖို့ရှိတဲ့ အကြောင်း သမ္မတကြီးက ပြောလိုက်ပါတယ်” ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက “လိုင်ဇာဒုက္ခသည် ၄၀၀၀၀ ဆိုတာ အရမ်းကို နည်းပါတယ်။ ဟိုဘက်မှာ ၄၀၀၀၀၊ ဒီဘက်မှာ ၄၀၀၀၀ အစိုးရနဲ့ နောက်ထပ်တိုက် ပွဲတွေဖြစ်ပြီး ထပ်တိုးလာတယ်လို့လည်း သတင်းကြားရတယ်။ ဒီလို လုံခြုံရေး စိတ်မချရလို့ ရွှေ့ပြောင်းရတဲ့ လူတွေက တစ်နှစ်လောက် ရှိနေပြီ။ အဲ့ဒီတစ်နှစ် အတွင်းမှာ ကလေးတွေလည်း စာမသင်ရ၊ ကျန်းမာရေး၊ လူမှုရေး၊ စားရေးသောက်ရေး အကုန်လုံး ချို့တဲ့ ဒါတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲ အကြိမ်ကြိမ်တိုင်းမှာ ထည့်ပြောပါတယ်။ အစိုးရဘက်မှာ ရှိတဲ့ ၄၀၀၀၀ ကတော့ ဒီဘက်က လုပ်ပေးနေပါတယ်။ ဟိုဘက်မှာရှိတဲ့ အဖွဲ့တွေကိုလည်း အခြား NGO တွေက ထောက်ပံ့တာတွေလည်း ရှိပါတယ်။ UNHCR ကလည်း သူတို့ ထောက်ပံ့ချင်တယ်။ ခွင့်ပြုပေးပါလို့ ပြောပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ခွင့်ပြုပါတယ်။ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေက ခွင့်ပြုချက် လိုပါတယ်။ အဲ့ဒီဘက်မှာတော့ ကျွန်တော်တို့ လုံခြုံရေး တာဝန်ယူမယ်။ ဟိုဘက်မှာတော့ လုံခြုံရေးကို သူတို့ကို တာဝန်ပေးရမယ်။ ဘယ်အဖွဲ့လာလာ ခွင့်ပြုဖို့ ဆန္ဒရှိပါတယ်။ စည်းကမ်းချက်လေးတွေနဲ့ပေါ့” ဟု ပြောကြားခဲ့သည်။
“စစ်အခြေအနေ လျှော့ချဖို့ အပစ်အခတ် ရပ်စဲဖို့ နိုင်ငံတော်အစိုးရကိုရော သမ္မတကြီးကိုပါ မေတ္တာရပ်ခံ ထားပါတယ်။ အပစ်အခတ် ရပ်စဲရေးကို နည်းလမ်းရှာပြီးတော့ လက်တွေ့ အခြေအနေပေါ် သုံးသပ်ပြီး ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်ပွဲတွေ ရှေ့ဆက်ဖြစ်မယ်ဆိုရင် အခြေအနေ ပိုဆိုးနိုင်တဲ့အပေါ် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကျမှုဟာ မှန်ကန်ပါတယ်။ ပြည်တွင်းစစ် အနှစ် (၆၀) ကျော် ပြည်သူတွေရဲ့ဘ၀အတွေ့ အကြုံအရ သူတို့ရဲ့ စဉ်းစားမှုဟာ မှန်ကန်ပါတယ်။ နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အနေနဲ့ရော ကရင်အမျိုးသားတွေ အနေနဲ့ပါ လက်မခံနိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေး စားပွဲခုံပေါ်မှာ ရောက်ပြီဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ အချင်းချင်း ဖြစ်တဲ့ပြဿနာ အိမ်တွင်းရေး ပြဿနာအနေနဲ့ သဘောထားပါတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီလိုဘဲ သဘောထားတယ်။ လက်မခံနိုင်တဲ့ ကိစ္စတွေကို နှစ်ဦးနှစ်ဘက် စာပွဲဝိုင်းမှာ ဖြေရှင်းသွားဖို့အတွက် ယုံကြည်ကြတယ်။ သဘောတူညီကြတယ်” ဟု ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့ပါသည်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး နိုင်ငံတော် သမ္မတနှင့် KNU ဆွေးနွေး

ha-6-1-1
သမ္မတဦးသိန်းစိန်နှင့် KNU အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့အား တွေ့ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တွေ့ဆုံစဉ် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံပွဲများ ဖြစ်ပေါ်လာရေး ဆွေးနွေးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၅ ရက်က ပြောကြားခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် ဇန်န၀ါရီလ ၅ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက ၅၀၀ စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယခုအကြိမ် တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။      
KNU အဖွဲ့မှ အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်းက "အဓိကကတော့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို အဖြေရှာဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ရယ်၊ KNU နဲ့ အပစ်အခတ် ရပ်စဲရေးကိုလည်း ခိုင်မာအောင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်သွားဖို့၊ နောက်ကျွန်တော်တို့ဘက်က တင်ပြတာကတော့ နိုင်ငံရေးအဆင့် ဆွေးနွေးမှုတွေ အစပြုဖို့အတွက် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားဖို့ဆိုတဲ့ အချက်တွေပါပဲ" ဟု Eleven Media Group သို့ ပြောပါသည်။
"ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားဘက်ကရော အစိုးရဘက်ကပါ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့အားလုံး လက်ခံနိုင်ကြပါတယ်။ နောက်တစ်ခုကတော့ အချိန်ကာလတစ်ခုအထိကတော့ အစိုးရအနေနဲ့ပဲဖြစ်ဖြစ်၊ သမ္မတကြီးအနေနဲ့ပဲဖြစ်ဖြစ် စိတ်ရှည်သည်းခံဖို့ လိုပါမယ်။ နှစ်ပေါင်းခြောက်ဆယ် ကာလထိ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ ချက်ချင်းပြေလည်နိုင်မှာ မဟုတ်သေးဘူး။ ကျွန်တော်တို့က နောက်တက်တဲ့ အစိုးရနဲ့လည်းပဲ လက်ရှိရထားပြီးသား သဘောတူညီချက်တွေအပြင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ သဘောထားကိုလည်း သမ္မတကြီးကို တင်ပြပြောဆိုခဲ့ပါတယ်" ဟု ဖဒိုစောမန်းမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
KNU အဖွဲ့နှင့် အပစ်အခတ်ရပ်စဲပြီး နှစ်ဦးနှစ်ဖက် လိုလားချက်များ သဘောတူလက်ခံနိုင်သည့် အချက်များကို ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေပါကြောင်း၊  ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက်မည် ဖြစ်ပါကြောင်းဟု သမ္မတဦးသိန်းစိန်က KNU နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။             
မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက "KNU အဖွဲ့က အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ချင်တယ်ဆိုတဲ့အတွက် သမ္မတကြီးက စီစဉ်ပေးခဲ့တယ်။ ကချင်ပြည်နယ်အရေး KNU က ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း သမ္မတကြီးက သဘောထားမှတ်ချက် ပေးခဲ့ပါတယ်" ဟု ပြောပြခဲ့သည်။
တွေ့ဆုံနွေးနွေးမှုတွင် အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီတို့ ပါဝင်ခဲ့ပြီး KNU အဖွဲ့မှ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ချုပ်ဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး (၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြသည်။
Eleven Media Group

 တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန်လျော့ကျသွားခြင်း မရှိသေး

ha-6-1-3
ဝိုင်းမော်မြို့ဘက်သို့ သွားရောက်နေသည့် တပ်မတော်ယာဉ်တန်းကို ဒီဇင်ဘာလနှစ်ကုန်ပိုင်းက ဗလမင်းထင်တံတားအနီးတွင် တွေ့ရစဉ်
တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားမှု စစ်ရှိန် လျော့ကျသွားခြင်း မရှိသေးကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ဇန်န၀ါရီလ ၅ ရက်နေ့နံနက်ပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုသည် ဒီဇင်ဘာလအတွင်းမှ စတင်ပြီး ပိုမိုပြင်းထန်လာခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်သို့ ရောက်ရှိအချိန်အထိ စစ်ရှိန်လျော့ကျသွားခြင်း မရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
"ဇန်န၀ါရီလ ၄ ရက်နေ့ ညနေငါးနာရီနောက်ပိုင်းတော့ လဂျားယန်ဘက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်။ ရဟတ်ယာဉ်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က သူတို့သိမ်းလိုက်တဲ့ ပွိုင့် ၇၇၁ တောင်ကုန်းကို ဆင်းသက်တာ သိရတယ်။ ပစ္စည်းအတင်အချ လုပ်သွားတာ ရှိတယ်လို့ သိရတယ်။ လဂျားယန်ဘက်ကို ပစ်ခတ်သွားတာ မရှိဘူး။ ဒါပေမဲ့ ဒေါ့ဖုန်းယန်အထက်ဘက် KIA ရှိတဲ့ ပန်ဆွမ်စခန်းကိုတော့ ပစ်ခတ်သွားတာ ရှိတယ်။ ပန်ဝါဘက်မှာတော့ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၇၊ ၁၀၊ ၁၃ တပ်ရင်းတွေက ထိုးစစ်ကို တစ်နေကုန် တောက်လျှောက်လုပ်တယ်။ လေယာဉ်လာတာတော့ သတင်းမရဘူး" ဟု ဦးလနန်က ပြောသည်။
ယခုရက်ပိုင်းများအတွင်း လေယာဉ်ဖြင့် တိုက်ခိုက်မှု နည်းပါးသွားသော်လည်း မြေပြင်တိုက်ပွဲများ ဆက်ရှိနေသဖြင့် စစ်ရှိန်လျော့ကျပြီဟု မဆိုနိုင်ကြောင်း ဦးလနန်က ဆက်လက်ပြောကြားခဲ့သည်။
"လေယာဉ်နဲ့ လာတိုက်တာတော့ နည်းနည်းလျော့သွားတယ်။ ဒါပေမဲ့ မြေပြင်မှာရှိနေတဲ့ စစ်ကြောင်းတွေက ရှေ့ကို ဆက်တိုးနေတယ်။ မြေပြင်တိုက်ပွဲတွေက ရှိနေတုန်းပဲ။ စစ်ရှိန်လျော့တယ်လို့တော့ ပြောလို့မရသေးဘူး။ လက်နက်ကြီး ပစ်ခတ်မှုတွေက ရှိနေတုန်းပဲ" ဟု ဦးလနန်က ပြောကြားခဲ့ပါသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှ စ၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေးရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၂ ဒီဇင်ဘာလနှောင်းပိုင်းတွင် တပ်မတော်မှ လေကြောင်းပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ပွဲများ အမြန်ဆုံးရပ်ဆိုင်းရန် နယ်ပယ်အသီးသီးမှ ထင်ရှားသူများနှင့် ပြည်သူများက တောင်းဆိုခဲ့သည်။    ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်အရေအတွက်မှာ  ၁၆၀၀၀၀ အထိရှိလာခဲ့ကြောင်း သိရသည်။
Eleven Media Group

 လူသားအရင်းအမြစ်နှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးသွားမည်ဟု ဂျပန် ဒုဝန်ကြီးချုပ် ပြောကြား

လူသားအရင်းအမြစ်နှင့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများခွဲခြား၍ ကူညီဆောင်ရွက်ပေးသွားမည်ဟု ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုက ဇန်န၀ါရီလ ၃ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဂျပန်ဒုဝန်ကြီးချုပ်က တိုင်းရင်းသားရေးရာနှင့် ပြည်သူ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်မှုဆိုင်ရာ နည်းစနစ်များ ပိုမိုကောင်းမွန်စေရေးအတွက် ယင်းကဲ့သို့ အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ နိုင်ငံတော်သမ္မတနှင့် ဒုဝန်ကြီးချုပ်တို့သည် စက်မှုကဏ္ဍ၊ ဥပဒေကဏ္ဍ၊ နိုင်ငံတော်အဆင့် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ အစိုးရအချင်းချင်းသာမက ပုဂ္ဂလိကအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကိုပါ အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ သမ္မတရုံး၊ ဘဏ္ဍာအခွန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စသည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများလည်း ပါဝင်ခဲ့ပြီး တိုင်းရင်းသား အဖွဲ့အစည်းများအတွက် လိုအပ်သော အကူအညီများ ကူညီထောက်ပံ့ရေး၊ ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေး ကဏ္ဍများနှင့် တက္ကသိုလ်၊ ဆေးရုံများ အဆင့်မြှင့်တင်ရေး၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးများကိုပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင်ပင် ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လည်း ဆက်လက်တွေ့ဆုံခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံရာတွင် ဂျပန်ဒုဝန်ကြီးချုပ်က တိုင်းရင်းသားဒေသများ ကျန်းမာရေး မြှင့်တင်မှုနှင့် ဖွံ့ဖြိုးရေး အကူအညီများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များအား ဂျပန်နိုင်ငံရှိ ပြည်သူ၊ အစိုးရ၊ ပုဂ္ဂလိက၊ အာဏာရပါတီ၊ ဆန့်ကျင်ဘက်ပါတီများ အားလုံးက သဘောတူထားပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း မြန်မာ-ဂျပန် တပ်မတော်နှစ်ရပ် ဆက်ဆံရေး တိုးမြှင့်ပြီး စစ်ရေးနှင့် မသက်ဆိုင်သော ကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း စသည်ဖြင့် ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
Eleven Media Group

 တရုတ်နိုင်ငံက ၎င်းတို့ပိုင်နက်အတွင်း ဗုံးသုံးလုံး ကျရောက်ခဲ့မှုအတွက် မြန်မာနိုင်ငံကို သံတမန်နည်းလမ်းဖြင့် ကန့်ကွက်

တရုတ်နိုင်ငံက ၎င်းတို့၏ နယ်မြေအတွင်းသို့ ဗုံးသုံးလုံးကျရောက်ခဲ့မှုနှင့် ပတ်သက်၍ ဇန်န၀ါရီလ ၄ ရက်နေ့တွင် သံတမန်နည်းလမ်းအရ ကန့်ကွက်လိုက်ကြောင်း သိရသည်။
မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် နယ်စပ်အနီး ရှိ တရုတ်နိုင်ငံပိုင် နယ်မြေအတွင်းသို့ ဗုံးများကျရောက်ခဲ့ခြင်း ဖြစ်သည်။
"နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်ရလေအောင် မြန်ဆန်ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ တရုတ်ကိုယ်စားလှယ်တွေနဲ့ မြန်မာကိုယ်စားလှယ်တွေ ဆွေးနွေးမှု စတင်နေပါပြီ" ဟု တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟွာချမ်ယင်းက ပြောကြားခဲ့သည်။
ဗုံးများသည် နယ်စပ်နှင့် ကပ်လျက်ရှိ တရုတ်ပိုင်နက်အတွင်းသို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ကျရောက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဟွာချွမ်ယင်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်းအဖျားတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုသည် လွန်ခဲ့သည့် ရက်များအတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး အစိုးရတပ်များက ၎င်းတို့၏ စခန်းတစ်ခုကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည်။
အစိုးရနှင့် ကေအိုင်အိုအဖွဲ့၏ စစ်တပ်ဖြစ်သော ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင် နေရပ်ကို စွန့်ခွာထွက်ပြေးရသူပေါင်း သောင်းနှင့်ချီရှိနေပြီ ဖြစ်သည်။
ဟွာချွမ်ယင်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အရိပ်မည်းထိုးကျနေသည့် အဆိုပါ ပဋိပက္ခ အဆုံးသတ်သွားစေရန် အားထုတ်မှုအဖြစ် နှစ်ဦးနှစ်ဖက်အကြား ကြားဝင်ညှိနှိုင်းပေးရန် အစီအစဉ်ရှိ မရှိဟူသည့် မေးခွန်းကို ဖြေဆိုရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရသည်။ ၎င်းက "မြန်မာနိုင်ငံ မြောက်ပိုင်းကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပါ။ ကျွန်မတို့အနေနဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ တစ်ဆင့် ဒီကိစ္စကို နည်းလမ်းတကျ ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟုသာ ပြောကြားခဲ့သည်။
Ref:The Daily Star Via Eleven Media Group