Pages

Saturday, March 16, 2013

ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေမဖန်တီးပဲ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်ကြဖို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက ဒီကနေ့ တိုက်တွန်း

Photo-RFA
သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲပြီး ဒီမိုကရေစီစနစ်ကို စတင်အကောင်အထည်ဖော်နေချိန်မှာ ဆန္ဒပြပွဲတွေ၊ ပဋိပက္ခတွေမဖန်တီးပဲ တိုင်းပြည်ငြိမ်းချမ်းတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်ကြဖို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ RFA ရဲ့ လျှောက်ထားမေးမြန်းချက်ကို သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက အခုလို မိန့်ကြားလိုက်တာပါ။

 “နိုင်ငံတော်က ဆူးခင်းတဲ့ခရီးကြမ်းကြီးကို လျှောက်လှမ်းနေတာကြာပြီ၊ နှစ်ပေါင်း ၆၀ရှိပြီ၊ အောင်ဆန်းသမီး ဘွားဆိုပေါ်လာတဲ့ အခုအချိန်ကြတော့ ဆူးခင်းသောလမ်းကနေ ပန်းခင်းသောလမ်းကိုစတော့မည်၊ ရွှေမြန်မာဆိုတဲ့လူတွေက ရွှေတံခါးကို ရွှေသော့နဲ့ ဖွင့်တော့မလိုလို သမ္မတဦးသိန်းစိန်နဲ့ မစုတို့နှစ်ယောက် လက်တွဲကြတဲ့အချိန်မှာ ဒီအနည်းငယ်မျှလောက် အကျိုးစီးပွားကို ကြည့်ပြီးတော့ ဒီပဋိပက္ခတွေ သည်းမခံနိုင်လောက်အောင် ဖြစ်ကြတဲ့ကိစ္စကို ငါကတော့တောင်းပန်ချင်တယ် အားလုံးကို ပန်းခင်းသောလမ်းကို ခပ်မြန်မြန်လျှောက်နိုင်အောင် ရွှေတံခါးကို မြန်မြန်ကြီးဖွင့်နိုင်အောင် စွန့်လွှတ်ကြပါ၊ ခွင့်လွှတ်ကြပါ၊ သည်းခံကြပါ”။
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ လက်ထက်ကတည်းက ရှေ့နောက်မစဉ်းစားပဲ ဖြစ်ကတတ်ဆန်း အကောင်အထည်ဖော်ခဲ့တဲ့အတွက် အခုလိုပြဿနာတွေ ပေါ်ပေါက်နေရတာဖြစ်ကြောင်း၊ ဒါပေမယ့် ဆန္ဒပြတိုင်းသာ စီမံကိန်းတွေတခုပြီးတခု ရပ်ဆိုင်းရမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေမှာဖြစ်ကြောင်း သီတဂူဆရာတော်ကြီးက မိန့်ကြားပါတယ်။
သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရဟာ လက်ပံတောင်းဆန္ဒပြပွဲမှာ အကြမ်းဖက်ဖြိုခွင်းခံရတဲ့ သံဃာတော်အများအပြားကို ဆေးဝါးကုသပေးခဲ့ပြီး၊ ဆရာတော်ရဲ့ သီတဂူအာယုဒါနဆေးရုံမှာ မီးလောင်ဒဏ်ရာရ သံဃာတော် ၆ ပါး ဆေးဝါးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
RFA

လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား

ဇေယျသူ  တင်ပြသည်


                                  လက်ပံတောင်း အစီရင်ခံစာက ပြောသော စကား

မြန်မာ့ ခေတ်သစ်သမိုင်းတွင် မှတ်တိုင် ဖြစ်သော လက်ပံတောင်း အစီရင်ခံစာတွင်  မြင်မိသော အချက်အလက်အချို့ကို ဆွဲထုတ်ကြည့်မိသည်။

စာချုပ်ပြန်ပြင်ချုပ်

စီမံကိန်းကို ရပ်၊ ယခု ပုံစံအတိုင်းဆက်လုပ်နှင့် ပုံစံပြောင်းလဲလုပ်ဟု ရွေးချယ်စရာ နည်းလမ်းသုံးလမ်း ရှိသည့်အနက် တတိယနည်းလမ်းကို ရွေးချယ်လိုက်သည်။ စီမံကိန်းသည် စီးပွားရေး အရ တွက်ချေကိုက်သည်၊သို့သော် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးတို့အရ နစ်နာသည်များကို တွက်ချက်မှု အားနည်းသည်။ ထို့ကြောင့် ဒေသခံတို့ နစ်နာဆုံးရှုံးရသည်ကို ဖြည့်ဆည်းပေးရန် အစီရင်ခံစာက ဆုံးဖြတ်သည်။ တိုတိုပြောရလျင် စာချုပ်ကို စိတ်ကြိုက် ပြန်ပြင်ချုပ်။

စည်းမျဉ်းစည်းကမ်း ဘောင်သွင်းခြင်း

မြန်မာနိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝသော နိုင်ငံဖြစ်သလို အခြားသော စီးပွားရေး ကဏများ မဖွံ့ဖြိုးသေးသည့် အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် သဘာဝအရင်းအမြစ်ကို အခြေခံ စီးပွားရှာကြလိမ့်ဦးမည်။ ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မဆောင်ရွက်နိုင်လျင် အငြင်းအခုန်များ ပေါ်ပေါက်လာနိုင်သည်။ ထိုအငြင်းအခုန်များကို ဖြစ်သောအခါမှ တစ်ခုချင်းစီ ကော်မရှင်ဖွဲ့နေလျင် အချိန်ကုန် လူပန်းလှသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းဘောင်သွင်းခြင်း institutionalization လုပ်ထားနိုင်မှ အရင်းအမြစ်ပတိပက္ခကို မရှောင်ရှားနိုင်သည့်တိုင် ဖြေလျှော့နိုင်သည်။ ယခုအစီရင်ခံစာ၏ စဉ်းစားပုံမျိုးကို institutionalization ပြုလုပ်လိုက်လျင် သဘာဝရင်းမြစ်နှင့် ပတ်သက်သည်များကို စဉ်းစားရန် ယခင်ထက် ပိုမိုလွယ်ကူမြန်ဆန်သွားမည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

မြန်မာနိုင်ငံဖွံ့ဖြိုးအောင် လုပ်ရန် ပြည်တွင်း အားနှင့် မဖြစ်နိုင်ကြောင်း အားလုံးသိပြီး ဖြစ်သဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်နေရသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများသည် ညွန်ထဲသို့ မဆင်းမီ ခြေတစ်လှမ်း အရင်ဆင်းရသည် ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင်း ခြေစုံပစ်မ၀င်မီ လေ့လာအကဲခတ်နေကြဆဲ။ အထူးသဖြင့် ပြည်သူပိုင်သိမ်းသည့် ဓလေ့ရှိခဲ့သည့်၊ ဆုံးဖြတ်ချက်များကို ဘွာခတ်လေ့ရှိသည့် နိုင်ငံတွင် ယင်းတို့၏ လုပ်ငန်းများကို လာရောက် တိုးချဲ့သင့်မသင့် စဉ်းစားရာတွင် စီးပွားရေးအကျိုးအမြတ်ရှိမရှိ ( profit) ရော နိုင်ငံရေးအရ ရပ်သွားနိုင်ခြင်းရှိမရှိ (political risk) ကိုပါ အလေးပေး စဉ်းစားနေကြသည်။ လက်ပန်တောင်းတောင် ကိစ္စကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ မျက်စိဒေါက်ထောက် ကြည့်နေကြချိန်တွင် အစီရင်ခံစာက “ဆိုခဲစေ၊ မြဲစေ” ဟု သက်သေပြလိုက်သည်။

ကြိုတင်စည်းမျဉ်း

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စိတ်ချလက်ချလာပါဟု အစီရင်ခံစာက အချက်ပြလိုက်သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် မသိနားမလည်ဘဲ လာသမျှ ခွင့်ပြု၊ သဘာဝပတ်ဝန်းကျင် အထိခိုက်ခံမည်၊ လူမှုပတ်ဝန်းကျင် အထိခိုက်ခံမည် မဟုတ် (အရပ်စကားဖြင့် အချဉ်မဟုတ်) ဟု ကြေညာလိုက်ရာ ရောက်သည်။ ၀င်လာသမျှသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတို့သည်  Environmental Impact Assessment ( သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်) Social Impact Assessment ( လူမှုရေး ထိခိုက်နိုင်ချေ လေ့လာဆန်းစစ်ချက်)၊ Corporate Social Responsibility ( စီးပွားရေးလုပ်ငန်းများ၏ လူမှုရေး တာဝန်ရှိမှု) စသည်တို့အတိုင်း ဆောင်ရွက်နိုင်ရမည်။

အသွင်ကူးပြောင်း

ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်ဆန္ဒပြသည်မှာ ပထမဆုံးအကြိမ်ဟု ဆိုကြသည့် ဆန္ဒပြပွဲကြောင့် လူအများ အံ့အားသင့်ခဲ့ကြပြီး ယူကြုံးမရ ဖြစ်သူများလည်း အများအပြားရှိသည်။ အမှန်မှာ မည်မျှ ထင်ရှားကျော်ကြား လူချစ်လူခင်များသောသူဖြစ်စေ မူဝါဒချမှတ်သူနေရာသို့ ရောက်လာပါက အားလုံး၏ အချစ်ခံရသောသူ မည်သို့မျှ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူချမှတ်သော မူဝါဒသည် အကောင်းဆုံး မူဝါဒဖြစ်သည့်တိုင် မကျေနပ်သူများ ရှိစမြဲ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သာမန်လူသားသာဖြစ်ရာ လွှတ်တော်တွင်းဝင်ပြီး မူဝါဒချမှတ်သူအဖြစ် သို့ ကူးပြောင်းသည်နှင့် တစ်ကွေ့မဟုတ် တစ်ကွေ့တွင် သူ့အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင်မှုများ တွေ့ရမည်မှာ မလွဲဧကန်။ ထိုတစ်ကွေ့သည် လက်ပံတောင်းတောင် အစီရင်ခံစာ ဖြစ်လာခဲ့ခြင်းသာ။

‘If you cannot stand the heat, don’t go into the kitchen’ “အပူမခံချင်ရင် မီးဖိုဆောင်ထဲ မသွားနဲ့”ဟူသော စကားတစ်ရပ်ရှိသည်။ နိုင်ငံ့အရေးလုပ်မှတော့ လူမုန်းခံရ အတိုက်ခိုက်ခံရမှာပဲဟု ဆိုလိုရင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပန်းတောင်တောင် ခရီးစဉ်တွင်း ဓာတ်ပုံများကို မြင်ရသည်မှာ အထက်ပါ သဘောတရားကို ကောင်းစွာနှလုံးသွင်းထားပုံရပြီး မိမိအား ခါးခါးသီးသီး ဆန္ဒပြသူများကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့သည်။

 တိုင်းပြုပြည်ပြုပုဂ္ဂိုလ်နှင့် နိုင်ငံရေးသမား

‘A politician thinks of the next election. A statesman thinks of the next generation’

“နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲကို စဉ်းစားသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်သည် လာမည့် မျိုးဆက်ကို စဉ်းစားသည်။” ဟူသော နာမည်ကျော် စကားတစ်ခွန်း ရှိသည်။ နိုင်ငံရေးသမားသည် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် မဲပေးမည့်သူ မကြိုက်မည့် ကိစ္စများကို ရှောင်သည်။ မဲပေးမည့်သူ ကြိုက်မည့်အရာများကိုသာ ထောက်ခံသည်။ မဲပေးမည့်သူ အကြိုက်သည် သူ့အကြိုက်နှင့် မတူ၊ တိုင်းပြည်အကျိုးနှင့် မတူလျင်လည်း ထုတ်မပြော၊ မဆောင်ရွက်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်မှာမူ လာမည့်ရွေးကောက်ပွဲထက် တိုင်းပြည်၏ ရေရှည်အကျိုး သို့မဟုတ် လာမည့်မျိုးဆက်ကို အလေးထားသည်ဟု ဆိုလိုရင်း ဖြစ်သည်။

လက်ပံတောင်းတောင် ကိစ္စတွင်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ထိခိုက်နိုင်သည်ဟု မြင်ကြသည်များ ရှိသည်။ အမှန်မှာ လက်ပံတောင်းကိစ္စသာ မရှင်းနိုင်လျင် ၂၀၁၅ပင် ရောက်ချင်မှ ရောက်မည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် တာဝန်ဝင်ယူလိုက်ခြင်း ဖြစ်ပုံရသည်။ ၂၀၁၅သည် သူ့အတွက် အရေးကြီးသော်လည်း လက်ပံတောင်းကိစ္စသည် တိုင်းပြည်အတွက် အရေးကြီးသောကြောင့် ၀င်ထမ်းလိုက်ခြင်း ဖြစ်ပုံရသည်။

 လက်ပံတောင်းတောင် ကော်မရှင်တွင် ဥက္ကဌအဖြစ် ထီးလိုမင်းလို ဖြစ်နိုင်သူ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားသူ မမြင်မိပါ။ လက်ပံတောင်းတောင် ကော်မရှင်သည် ဗြဟ္မာ့ဦးခေါင်းနှင့် တူသောကြောင့် တိုင်းပြည်၏ အခြားအရေးများတွင် ပါဝင်သည့် အခြားသော နိုင်ငံရေးသမားများက ခပ်ဝေးဝေးမှ နေကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်သည် ရဲရဲဝံ့ဝံ့ ၀င်ပါခဲ့သည်မှာ သူ၏ မိမိကိုယ်ကိုယုံကြည်မှုနှင့် တိုင်းပြည်အရေး ဦးထိပ်ထားမှုတို့ကို ပြသနေသည်။

မုန်းတီးသူကို ဆန့်ကျင်ရသည်မှာ လွယ်သော်လည်း ချစ်သူကို ဆန့်ကျင်ရသည်မှာ ခက်ခဲသည်။ လူထုအားဖြင့် တက်လာသူအဖို့ လူထုထဲမှ အချို့ မကြိုက်သည်ကို ပြောရန်၊ လုပ်ရန်မှာ သာမန်သတ္တိဖြင့် မဖြစ်နိုင်။

 ကော်မရှင်တွင် ပါဝင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အသုံးချခံရသည်ဟု ထင်မြင်သူများလည်းရှိသည်။ သို့သော် ကော်မရှင်၏ အစီရင်ခံစာအတိုင်း နာခံပါမည်ဟု မည်သည့်ရလာဒ်မျှ မထွက်သေးမီကတည်းက အာမခံခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်တွင် blank check ခေါ် လက်မှတ်ထိုးထားပြီး မည်သည့်ကိန်းဂဏန်းမျှ ရေးမထားသော ဘဏ်မှ ငွေထုတ်ချက်လက်မှတ် ရလိုက်သလို ဖြစ်သွားသည်။ ကြိုက်ရာ ငွေပမာဏ ရေးပြီး သွားထုတ်လျင် ရသည့်သဘော။ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ရာ နာခံရတော့မည့် သဘောဖြစ်ရာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပုံအပ်လိုက်ခြင်း (trust) ကို မြင်နိုင်သည်။

စကားသုံးလုံး
 လက်ပံတောင်း ကိစ္စသည် သိမ်မွေ့သလို နက်နဲသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေကို စကားလုံးသုံးလုံးတည်းနှင့် အနှစ်ချုပ်ပြောပါဆိုလျင် “လက်ပံတောင်း” ဟု ပြောနိုင်သည်။ လက်ပံတောင်း အစီရင်ခံစာသည်လည်း မြန်မာနိုင်ငံ့အရေး အစီရင်ခံစာပင် ဖြစ်သည်။
 ဇေယျသူ
ဓာတ်ပုံ-ကိုထွန်းဝေ

ဖုန်း SIM Card များ ကျပ်ထောင်ဂဏန်းဖြင့် အမှန်တကယ်ထွက်ရှိတော့မည်၊

elevenwebtv   Myanmar News (Afternoon) 2 - March 16 2013

ဖုန်း SIM Card များ ကျပ်ထောင်ဂဏန်းဖြင့် အမှန်တကယ်ထွက်ရှိတော့မည်၊
ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွဋ်မှ အတည်ပြုပြောဆိုခြင်းဖြစ်သည်။


Eleven TV-YouTube

လိုင်ဇာက လက်ဆွဲ နုတ်ဆက်ကြိုဆိုတဲ့ ငြိမ်းချမ်းရေးသမားတွေ

လိုက်ဇာမြို့ခံများက ကြိုဆိုမှုမြင်ကွင်း၊ ဓာတ်ပုံ- နေမျိုးဇင်

ယမန်နေ့က ကိုရဲလွင်နဲ့ အဖွဲ့ လိုက်ဇာသို့ အသွား မိုင်းရှင်းနေကြပုံ
လိုက်ဇာရောက် ကိုရဲလွင်၊ ကိုနေမျိုးဇင်စသူတွေနဲ့ ကေအိုင်အေက ခေါင်းဆောင်တွေ
 လိုက်ဇာအ၀င် ငြိမ်းချမ်းရေးချစ်သူများရဲ့ အမှတ်တရ
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းလှုပ်ရှားနေသူတွေ ဖြစ်တဲ့ ကိုရဲလွင်တို့ရဲ့ ပန်းရဲ့လမ်း ဆိုတဲ့ အနုပညာရှင် အဖွဲ့၊ ကိုနေမျိုးဇင်တို့ လူမှု အဖွဲ့၊ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် လိုက်ဇာဟာ ငြိမ်းချမ်းရေးကို ငတ်လင့်တကြီး ကြိုဆိုခဲ့ကြတယ်။
လိုင်ဇာလမ်းတလျှောက် အခက်အခဲအကြမ်းတမ်းဆုံးနဲ့ အန္တရာယ်အများဆုံးကတော့ လိုင်ဇာအ၀င်နားပါ လို့ ပြောလာသူတွေရှိတယ်။ ဒါက ဘာကြောင့်လည်း ဆိုရင် မိုင်းရှင်းရလို့ပါတဲ့။


ငြိမ်းချမ်းရေးအတွက် မိုင်းကွင်းတွေ ဖြတ်သွားရတဲ့ ငြိမ်းချမ်းရေး ချစ်သူတွေကို ငြိမ်းချမ်းရေး ငတ်လင့် သူတွေ ရဲ့ ကြိုဆိုမှုမြင်ကွင်းတွေက ငြိမ်းချမ်းရေး ဆာလောင်မှုကို ထင်ဟပ်ပါတယ်။
အိမ့်သံစဉ် (ဧရာဝတီ Blog)

လက်ပံတန်းတောင် ကြေးနီစီမံ ကိန်း လျှော်ကြေးငွေများ စတင်ပေး

 img_606X341_myanmar-protest-1503-nc
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက်မြေယာလျော်ကြေးငွေကို ယနေ့စတင်ပေးအပ်တယ်လို့သိရတယ်။လျှော်ကြေးငွေပမာဏက တစ်ဧကကို ကျပ်(၁၀)သိန်း၊ကျပ်(၁၂)သိန်း၊ကျပ်(၁၅)သိန်း စသဖြင့် အမျိုးမျိုးရှိပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က သီးနှံလျော်ကြေးအနေနဲ့ ပေးထားတဲ့ငွေ ကျပ်၅၂၀,၀၀၀၊ ကျပ်၅၄၀,၀၀၀ စတဲ့အစားစားကို ပြန်မနှုတ်တော့ပဲ ထပ်ပေးတာလို့ သိရတယ်။

ယနေ့နေ့ လည် (၁)နာရီတွင် တောင်သူ (၁၆)ဦးကိုလျော်ကြေးပေးအပ်ပြီး ပြီဖြစ်ကြောင်းသိရတယ်။ယခုအချိန် အထိပေးအပ်တဲ့လျော်ကြေးငွေသိန်းပေါင်း ကျပ်၈,၀၂၆၈,၀၀၀ရှိတယ်လို့သိရတယ်။

 မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်၊မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာ လျှော်ကြေးငွေပေးအပ်တာ ဖြစ်ပြီးဒေသခံရွာသားတွေကို ကြိုပို့စီစဉ်ပေးခဲ့တယ်လို့ သိရတယ်။လျော်ကြေးအနေနဲ့ ပေးခဲ့တဲ့ တစ်ဧကကျပ်၁၅သိန်းကပြင်ပမှာကျပ်၂၅သိန်းလောက်ပေါက်တဲ့အတွက်

 ဒေသခံတချို့ကတော့ ကျေနပ်မှုမရှိပေမယ့် ဘာမှလုပ်လို့မရတဲ့အနေအထားမှာ မို့  ပေး သမျှပဲ ယူမယ်ဆိုတဲ့သူတွေရှိသလို တချို့ကတော့ လျော်ကြေးကိုကျေကျေနပ်နပ် ယူကြတဲ့သူတွေလည်းရှိတယ်လို့ သိရတယ်။
The Modern News Journal မှ သတင်း ကို ကူးယူ ဖော်ပြခြင်း ဖြစ်ပါတယ်။
Freedom News Group

မစ္စတာ ရှီကျင့်ဖျင် တရုတ်သမ္မတသစ် ဖြစ်လာ

တရုတ်သမ္မတသစ် မစ္စတာ ရှိကျင့်ဖျင်
 တရုတ် ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်၊ ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ မစ္စတာ ရှိကျင့်ဖျင်ကို တရုတ်သမ္မတသစ် အဖြစ် ရွေးချယ်ခဲ့ပါပြီ။
တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ တရုတ်သမ္မတ သစ်အဖြစ်ရယ် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ တွေအဖြစ် မတ် လ ၁၄ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ တရုတ် ပြည်သူ့ သမ္မတနိုင်ငံရဲ့ ဒုတိယ သမ္မတသစ် ကိုတော့ မစ္စတာ လီယွမ်ချောင်ကို ရွေးချယ်ခဲ့တဲ့အကြောင်းတရုတ်နိုင်ငံသတင်းတွေမှာ ဖော်ပြထားပါ တယ်။

မကြာသေးခင် ရက်ပိုင်းကပဲ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး အသစ်ပြောင်းလဲ ခန့်အပ်ခဲ့ပါသေး တယ်။

တရုတ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် အတိတ်ကာလတွေကတော့ တရုတ် အနေ နဲ့ မြန်မာဆိုင်ရာ ပေါ်လစီကတော့ သိပ်ပြီး ထူးခြားစွာ ပြောင်းလဲမှု မတွေ့ရဘူးလို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ တရုတ်ခေါင်းဆောင်အပြောင်းအလဲကြားမှာ ဘယ်လို ဗျူဟာ အရွေ့အပြောင်းရှိမယ်ဆိုတာတော့ စိတ်ဝင်စားစရာအဖြစ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အိမ့်သံစဉ်(ဧရာဝတီ Blog)

Thursday, March 14, 2013

ဒေါ်အောင်ဆန်းစုကြည် ၏ လက်ပံတောင်းတောင်ဒေသခရီးစဉ် နှင့်အသံမျိုးစုံ

ဒေါ်အောင်ဆန်းစုကြည်အား ၄င်းတည်းခိုရာ မုံရွာမြို့၊ ၀င်းယူးနတီဟိုတယ်ရှေ့တွင် ဒေသခံ ၅၀ ၀န်းကျင်ခန့် ထောက်ခံ ကြိုဆိုခဲ့စဉ်
Thanlar Waddy (14-3-2013)
  ဒေါ်အောင်ဆန်းစုကြည်။လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာ နှင့် နိုင်ငံတလွှားထွက်ပေါ်
လာသောအသံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
=================================================
                       ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ပံတောင်းအစီရင်ခံစာ
                            အစိမ်းရောင် လွင်ပြင် ကတင်ပြဆွေးနွေးချက်ပါ။
လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာပြီးနောက်မှာ ရေးချင်တာ လေးတွေ ပေါ်လာတာရှိလို့ စာနည်းနည်း ရေးပါဦးမယ်။

အစီရင်ခံစာမှာ ပြည်သူတွေ ဘက်ကနေ ဘက်စုံတွေးပြီး ရေးထားတယ် ဆိုတာ သံသယ ဖြစ်စရာမရှိအောင် ပြည့်စုံတယ်လို့ ကျွန်မတော့ ထင်မြင် မိပါတယ်။
 အဲ လူတစ်ချို့ လိုချင်တဲ့ စီမံကိန်းကြီး အပြီး ရပ်ဆိုင်းရေး ဆိုတာကို ထည့်မရေးထားတာက လွဲရင်ပေါ့နော်။ အစီရင်ခံစာမှာ စီမံကိန်းကို ဆက်လုပ်မယ်ဆိုရင်
ဒေသခံတွေ အတွက်လည်း အဘက်ဘက်က စဉ်းစားပြီးမှ ပြုပြင်စရာတွေ အများကြီး ပြုပြင်ပြီးမှ ဆက်လုပ်ဖို့ ရေးထားတာကိုလည်း သေချာ တွေ့ရမှာပါ။
ဒေသခံတွေ အတွက် သေချာကို စဉ်းစားပြီးမှ ရေးထားတယ်ဆိုတာ သံသယ ရှိစရာမလိုအောင် ပြည့်စုံတယ်လို့ ထင်မိပါတယ်။
 အချို့ကတော့လည်း ထွက်လာတဲ့ အစီရင်ခံစာဟာ စီမံကိန်း လုံးဝ ရပ်ဆိုင်းပစ်ရမယ်လို့ မပါတဲ့အတွက် တရုတ်ကို ကြောက်ပြီး ဝမ်ပေါင်အကျိုးကိုကြည့်တယ်။
 ဦးပိုင် ဝင်ငွေ မရမှာကို စိုးပြီး စီမံကိန်းကို ရပ်ပစ်ဖို့ ထည့်မပြောထားဘူး ဆိုဘူး ဝေဖန်ကြတာတွေ တွေ့မိပါတယ်။
 မနေ့က ထွက်လာတဲ့ ကြေးနီစီမံကိန်း အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း ဦးပိုင်နဲ့ ဝမ်ပေါင် အကျိုးကိုကြည့်ပြီး စီမံကိန်းကို ရပ်ဖို့ မပြောတာ သက်သက်မဟုတ်ပါဘူး။
လူနည်းစုအကျိုးထက် နိုင်ငံရဲ့ အကျိုးကို ကြည့်တာပါ။

ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ အများကြီး မကြာခင်မှာ ကျွန်မတို့တိုင်းပြည်ကို ဝင်လာဖို့ ရှိပါတယ်။
သို့ပေမဲ့ နိုင်ငံ အသီးသီး၊ စီးပွားရေး လုပ်ငန်းစု အသီးသီးက ရင်းနှီးမြုပ်နှံမဲ့သူတွေဟာ တိုင်းပြည်ထဲ ဝင်မလာခင်မှာ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိမရှိ၊
 ဥပဒေတွေ ခိုင်မာမှု ရှိမရှိ စောင့်ကြည့်နေကြတုန်း ရှိပါသေးတယ်။ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကြေးနီစီမံကိန်းရဲ့ အခြေအနေကိုပါ စောင့်ကြည့်နေကြတာ သေချာပါတယ်။
 စီးပွားရေး စီမံကိန်းတွေ စလုပ်ကြပြီးတဲ့နောက်မှ အကြောင်း အမျိုးမျိုးဖြစ်လာပြီး စီမံကိန်းတွေကို လွယ်လွယ်နဲ့ ရပ်ပစ်လိုက်ရင် အဲဒီ နိုင်ငံမျိုးကို တစ်ခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့
 လက်တွန့်သွားမှာ သေချာပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ရောက်မလာရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာလည်း နှောင့်နှေးသွားမှာ၊ တိုင်းပြည်နစ်နာသွားမှာပါ။
 ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာမှာ စီမံကိန်းရပ်ပစ်ဖို့ မပြောဘဲ အကောင်းဆုံး ဖြစ်နိုင်မဲ့ လမ်းကို ရွေးချယ်ခဲ့တယ်လို့ ထင်ပါတယ်။

ကြေးနီ စီမံကိန်းကို ရပ်ဆိုင်းဖို့ အစီရင်ခံစာမှာ ထည့်ရေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကို ပိုရမှာကို သူမသိဘဲ မနေပါဘူး။
သို့သော်လည်း လူထုရဲ့ ထောက်ခံမှုပိုရဖို့ မရဖို့ထက်၊ သူနေရာရဖို့ မရဖို့ထက် တိုင်းပြည်ကောင်းဖို့ကို ကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာ အစီရင်ခံစာမှာ ထင်ရှားပါတယ်။
 လူအများ အကြိုက်ကို မလိုက်နိုင်ဘဲ တိုင်းပြည် ဘယ်လိုအကျိုးရှိအောင် လုပ်မလဲ ဆိုတာကို ပိုစဉ်းစားပြီး ပညာတတ်ပီပီ အဆင်ပြေ ချောမွေ့အောင် အမြင်ကျယ်ကျယ်နဲ့ လုပ်ဆောင်တယ်လို့ ထင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အမြင်ကျယ်သလို ကျွန်မတို့ ပြည်သူတွေ ကရော အမြင်ကျယ်ဖို့ မလိုအပ်ဘူးလားနော်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီအစီရင်ခံစာကို လူတိုင်းတော့ လက်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာ ကြိုသိနေပုံရပါတယ်။
ဒါကြောင့်လည်း အစီရင်ခံစာကို မကျေနပ်ရင် ဥပဒေဘောင်အတွင်းက တောင်းဆိုကြလို့ ထည့်ပြောခဲ့တာ ဖြစ်ပါတယ်။


ကျွန်မတို့ ပြည်သူတွေဟာ အမြင်မကျယ်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တော့လည်း တိုင်းပြည် ဆင်းရဲတာ သူတို့ အမြင်မကျယ်လို့ ခေါင်းဆောင် ညံ့လို့ဆိုပြီး ပြောခဲ့ကြတယ်။
အမြင်ကျယ်တဲ့သူတွေရဲ့ ဦးဆောင်မှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကျပြန်တော့လည်း လက်မခံပြန်ဘူး ဆိုရင် ဘယ်လို ခေါင်းဆောင်မှု မျိုးကို လိုအပ်ပါသလဲလို့ မေးရမှာ ဖြစ်ပါတယ်။
ကိုယ့်ဒေသအကျိုးကို ကြည့်တာလည်း ကြည့်ပါ။ သို့သော်လည်း ပိုအရေးကြီးတဲ့ တိုင်းပြည်တစ်ခုလုံးရဲ့ အရေးကိုလည်း ကြည့်ကြဖို့လည်း လိုပါသေးတယ်။
 မိမိတို့ ဖြစ်ချင်တာ သက်သက်ထက်၊ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက ခံစားချက်ထက်လည်း တိုင်းပြည် တစ်ခုလုံးရဲ့အရေးက ပိုအရေးကြီးပါတယ်။
ကျွန်မ အခုလို ရေးလို့ “ခင်ဗျားက အဲဒီဒေသမှာ နေတာ မဟုတ်တော့ ဒေသခံတွေကို ဘယ် ကိုယ်ချင်းစာတတ်မလဲ။ ခုလို ပြောမှာပေါ့”လို့ စွပ်စွဲမယ် ဆိုရင်လည်း ခံရမှာပါဘဲ။
သို့သော် တစ်ခု ပြောချင်တာက ကျောက်စိမ်းတွေ မြေလှန်တူးလို့ သောက်လို့ သုံးလို့မရတော့ဘဲ နောက်ကျိ ဝင်းဝါနေတဲ့ ချောင်းကလေးတစ်ခုရဲ့ ဘေးက စွန့်ပစ်မြေစာပုံတွေ ပတ်လည်ဝိုင်းနေတဲ့
ဖားကန့်ဒေသရဲ့ ရွာကလေးတစ်ခုမှာ ကျွန်မရဲ့အိမ် ရှိပါတယ် ဆိုတာပါဘဲ။ သယံဇာတ ထွက်ရှိတဲ့ နေရာတစ်ခုရဲ့ ဆိုးကျိုးတွေကို ငယ်ငယ်ကတည်းက ခံစားခဲ့ဖူးပြီး ခုလက်ရှိလည်း
စစ်ဒဏ်ရော ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ရော ခံစားနေရတဲ့ နေရာကလေးမှာဘဲ ကျွန်မ မွေးဖွားကြီးပြင်းခဲ့တာ။ မိသားစုတွေ နေထိုင်ဆဲပါလို့ ပြန်ပြောပါရစေ။ တောင်တန်းကြီးတွေ ပျောက်ဆုံးသွားပြီး
 သစ်ပင်တွေ မရှိတော့တဲ့ ဖားကန့်ဆိုတဲ့ နေရာဟာ သဘာဝ ပတ်ဝန်းကျင်ရော လူနေ ပတ်ဝန်းကျင်တွေပါ ပျက်စီးနေခဲ့တာ ကြာပါပြီ။ နှစ်စဉ် ရေကြီးလို့ မြို့ရွာတွေ ရေမြုပ်ကြတာ၊ တောင်တွေ ပြိုပြီး အသက်အိုးအိမ်တွေ ဆုံးရှုံးရတာတွေ စတဲ့ ဒုက္ခတွေ အများကြီးကို ခံစားနေရတာပါ။

သို့ပေမဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးလို့ ဖားကန့်မှာ ကျောက်တွေ လာမတူးကြပါနဲ့။ ကျောက်စိမ်းလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းကြပါလို့ ကျွန်မတို့အနေနဲ့ တောင်းဆိုမှာ မဟုတ်ပါဘူး။ ရှိနေတဲ့ သယံဇာတကို မတူးဖော်ဘဲ ထားထားဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ပါ။ ဒါကြောင့် ဖြစ်နိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု နည်းနိုင်သမျှ နည်းဖို့၊ ဒေသခံတွေရဲ့ မြို့ရွာ အိုးအိမ်တွေ မပျက်စီးဖို့ ၊ သယံဇာတ ထွက်တဲ့နေရာတွေ အတွက် လုံခြုံရေး၊ တိုးတက် ဖွံ့ဖြိုးရေးတွေကို ထည့်သွင်း လုပ်ဆောင်ပေးကြဖို့ စတာတွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာ ကမ္ဘာမှာ သယံဇာတ အပေါများဆုံး နိုင်ငံပါ။
သို့သော်လည်း သယံဇာတတွေကို သဘာဝပတ်ဝန်းကျင် ပျက်စီး ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် ဘယ်လို တူးဖော်ရမယ်ဆိုတာ မသိဆုံးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေး၊ တိုးတက်ရေးကိုတော့ လစ်လျူ အရှုဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ သယံဇာတတွေ ရှိတဲ့ နိုင်ငံ အနေနဲ့ သယံဇာတပုံကြီးပေါ် ထိုင်ပြီး မထုတ်လုပ်ဘဲ နေဖို့တော့ မဖြစ်နိုင်ပါဘူး။ ထုတ်တော့ ထုတ်ရမှာပါဘဲ။ သို့သော် တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်ယူရာမှာ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ နိုင်ငံခြားကုမ္ပဏီများနဲ့ ဖက်စပ် လုပ်ကိုင်မယ်ဆိုရင် ကိုယ့်တိုင်းပြည်က ဝင်ငွေ ပိုရအောင်၊ ဒေသခံတွေလည်း အကျိုး ခံစားခွင့်ရအောင်၊ ဘယ်လိုပြုပြင်ရမယ် ဘယ်လို အချက်တွေ ထည့်သွင်း စဉ်းစားသင့်တယ်ဆိုတာ လက်ပံတောင်းတောင် စီမံကိန်းကနေ သင်ခန်းစာယူကြပြီး နောက်ထပ် စီမံကိန်းတွေ၊ သယံဇာတ တူးဖော်မဲ့ နေရာတွေမှာတော့ အကောင်းဆုံး လုပ်ဆောင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မတို့ ပြည်သူတွေကလည်း တိုင်းပြည်အကျိုးကို မျှော်ကိုးပြီး နောက်ဝင်လာမဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ မျှော်ကိုးပြီး လျှော့သင့်တာတွေ လျှော့သင့်တယ်လို့ ထင်မြင်မိပါကြောင်းရှင်။ ဒီစာရေးလို့ သဘောမတူ၊ မကျေနပ်သူများ ဆဲမယ်ဆို ဆဲနိုင်ပါပြီ။ လက်ညောင်းခံ အမုန်းခံ၍ ရေးလိုက်ပြီဖြစ်ပါကြောင်း။
Credit to >>အစိမ်းရောင် လွင်ပြင်
======================================================
                ဒေါ်အောင်ဆန်းစုကြည် ဆည်တည်းကျေးရွာတွင် ညှိုနှိုင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၂၆ မိနစ်

ရန်ကုန်(မဇ္ဈိမ)။ ။ (၁း၁၅) ဒေါ်အောင်ဆန်းဆုကြည်သည် ယခုအခါ ဆည်တည်းကျေးရွာရှိ ဓမ္မာရုံသို့ ရောက်ရှိနေပြီး ပြည်သူများနှင့် အပြန်အလှန် ပြောဆိုလျက်ရှိကြောင်း ဆည်းတည်းကျေးရွာရောက်ရှိနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုဘထူးက ပြောသည်။

၎င်းက“ ပြည်သူတွေကတော့ ကျေးရွာလည်းမပြောင်းပေးနိုင်ပါဘူး။ ပုဒ်မ ၅၉၉ ကိုလည်း ရုတ်သိမ်းပေးဖို့ တောင်းဆိုနေပါတယ်။ မီးလောင်ဗုံးရဲ့ တရားခံကိုလည်း ရှာပေးဖို့တောင်းဆိုနေပါတယ်” ပြောသည်။

မီးလောင်ဗုံး တရားခံကိစ္စနှင့် ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒေသခံတွေက ဥပဒေနှင့် ဆန့်ကျင်ပြီး ဆန္ဒထုတ်ဖော် တဲ့အတွက်ဖြစ်တယ်ဟု ပြန်လည်ဖြေရှင်းခဲ့ပြီး မီးလောင်ဗုံးမဟုတ် မီးခိုးဗုံးသာဖြစ်ကြောင်း
ပြောဆိုသည်ဟု ကိုဘထူးက မဇ္ဈိမကိုပြောသည်။

ဆည်တည်းကျေးရွာ နေထိုင်သူ မရီဝင်းက " အဓိကက ကျမတို့ တောင်းဆိုချင်တာက ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ဖျက်သိမ်းရေးပဲ၊ ကျန်တာတွေ မတောင်းဆိုချင်ပါဘူး "ဟု ပြောသည်။

ယခုလက်ရှိ အချိန်တွင် ဆည်တည်းကျေးရွာ ဓမ္မာရုံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အန်အယ်ဒီမိသားစု ငါးယောက်ရှိသည်ဟု ကိုဘထူးကပင် ပြောဆိုခဲ့သည်။

ရွာသားများ၏ ၀ိုင်းဝန်းဆန္ဒပြနေကြောင်း ကိုဘထူးမှ အတည်ပြုပြောဆိုသည်။

 13-3-2013Mizzima - News in Burmese<
==================================================

ဒေါ်အောင်ဆန်းစုကြည် ယနေ့သွားရောက်ဆွေးနွေးခဲ့သော တုံရွာနှင့် ဆည်တဲရွာ
၂ရွာစလုံး၌ဒေသခံများမှ ဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း
၂ရွာလုံး၌ ဆွေးနွေးညှိနှိုင်းမှုများ မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသက်တမ်း ၂၅နှစ်အတွင်း အာဏာပိုင်များဘက်မှ ဖိအားမပါပဲ ပထမဦးဆုံးအကြိမ်အဖြစ် ပြည်သူအချို့၏ ဆန့်ကျင်ဆန္ဒပြမှု ကြုံတွေ့ရခြင်းဖြစ်သည်။

လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော် မရှင် ဥက္ကဌဒေါ်အောင်ဆန်း စုကြည် မှ ဆည်တဲကျေးရွာတွင် အစီရင်ခံစာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ရာတွင်
 ဒေသခံများက လက်ခံခြင်းမရှိဘဲ ၀ိုင်းဝန်း ဆန္ဒပြကြခြင်းကြောင့် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ YMG News
====================================================


ဟန်ဝင်းအောင်တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည့်ကို ဆည်တည်ရွာထဲကို
ကားပေါ်က ဆင်းပြီ လမ်းလျှောက်ပြီ ၀င်းခိုင်းတယ်ဗျာ။
 မီဒီယာသမားတွေကိုလည်း ဘယ်သူမှ မ၀င်ရဘူး။
 တစ်ယောက်မှ အယုံအကြည်မရှိဘူးလို့ ပြောတယ်။
 ဇွတ်အတင်းဝင်လို့ ပြသာနာဖြစ်လာရင် ခင်ဗျာတို့ မီဒီယာသမားတွေကြောင့်ပဲလို့ ပြောတယ်။
 ဒီကောင်တွေ တော်တော်ကို ဆိုးဝါးသောင်းကျန်းလွန်းနေပြီ။
Aung Nay Myo(Facebook)
=====================================================

လက်ပန်တောင်းတောင်တုံရွာမှပြည်သူများနှင့်လူထုခေါ်င်းဆောင်


(၁၄-၃-၂၀၁၃)







လက်ပန်တောင်းတောင်တုံရွာမှပြည်သူတွေစီမံကိန်းလုံးဝဖျက်သိမ်းရေးတောင်းဆိုနေပြီ(၁၄-၃-၂၀၁၃)
 Ko Han Win Aung (Facebook)
======================================================



သမ္မတကြီးသိန်းစိန်ရဲ့ အကူအညီတောင်းမှုကြောင့် သူမဦးစီးရေးသားပေးခဲ့သည့် အစီရင်ခံစာအား ခါးခါးသီးသီး ကန့်ကွက်နေကြတဲ့ လက်ပံတောင်းဒေသခံများရဲ့ ခံစားမှုတွေအပေါ် နားလည်စာနာစွာဖြင့် ငေးကြည့်နေသည့် ဒေါ်အောင်ဆန်းစုကြည် (14-3-2013)
ခွန်ဒီးယမ်(FacebooK)
-----------------------------------------------------------------------------------------------------------
                                 လက်ပံတောင်းကော်မရှင်ဥက္ကဌ ဒေသခံများနှင့်တွေ့ဆုံ
   လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် ဆားလင်းကြီးမြို့နယ် တုံရွာသို့ မတ်လ ၁၄ရက် နံနက် ၁၀နာရီခန့်တွင် ရောက်ရှိပြီး ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင် ဆန္ဒပြ ခဲ့ကြသည့် ဒေသခံ ပြည်သူများနှင့် တုံရွာ သပိတ်စခန်းတွင် တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့သော်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း၊ ဆန္ဒပြသူများကို ဦးဆောင်ခဲ့သူ ကိုဟန်ဝင်းအောင် မှာလည်း လာရောက်တွေ့ဆုံခြင်း မရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။





=================================================
                            ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရမှာ မဟုတ်ပါ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို သေချာဖတ်သင့်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ ဒေါ်စုက နိုင်ငံတော်ကိုယ်စား သတ္တုတွင်းဝန်ကြီးဋ္ဌာန၊ ဦးပိုင်နဲ့ ၀မ်ဘောင် ကုမ္ပဏီတို့ကို လိုက်နာဆောင်ရွက်ရမဲ့ အချက်အလက်တွေကို အကြံပြုထားတာ တွေ့ရပါတယ်။

အစီရင်ခံစာထဲမှာ ပါတဲ့ (များလှစွာသော) အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဒေါ်စုက နိုင်ငံတော်အကျိုးအတွက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်
ဒေသခံ မြေသိမ်းခံရသူတွေအတွက် မြန်မာနိုင်ငံရဲ့ နောင်မျိုးဆက်တွေ
အတွက် အကျိုးရှိမဲ့ အကြံပြုချက်တွေ ပေးထားပြီး ဖြစ်ပါတယ်။

ဦးပိုင်ရော၊ ၀မ်းဘောင်ရော သတ္တုတွင်းဝန်ကြီးဋ္ဌာနတို့ကသာ ဒီအချက်အလက်တွေအတိုင်း အတိအကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။

သူတို့ ဒီအချက်အလက်တွေအတိုင်း လိုက်နာဆောင်ရွက်အောင် ပြည်သူတွေက ဆန္ဒဖော်ထုတ်ရမှာပါ။

မေသင်္ကြန်ဟိန်း(မြစ်မခ)https://www.facebook.com/MayThingyanHein?ref=hl
===================================================
ဒေါ်အောင်ဆန်းစုကြည်အား မုံရွာမြို့ခံများမှ စောင့်ကြို နှုတ်ခွန်းဆက်မည်
=========================================
လက်ပံတောင်းကြေးနီစီမံကိန်းဒေသရှိ ကျေးရွာများအား သွားရောက်နှစ်သိမ့်နေသော စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ မုံရွာမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် မုံရွာမြို့ခံများမှ စောင့်ကြိုနှုတ်ခွန်းဆက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"မုံရွာကနေ အမေစု မျက်နှာမသာမယာ စိတ်မကောင်းဖြစ်စွာနဲ့ ပြန်သွားရမှာကို ကျွန်တော်မလိုလားပါဘူး၊ မုံရွာမြို့ကလူတွေဟာ အမေ့ကို ချစ်တယ်၊ အမေ့လုပ်ရပ်တွေကို ထောက်ခံနေတယ်ဆိုတာ အမေသိအောင် ပြချင်ပါတယ်၊ မုံရွာသမိုင်းကို မရိုင်းစေချင်ပါဘူး" ဟု မုံရွာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက သူ၏ဖေ့ဘုတ်တွင် ပြောကြာထားသည်။
"ကော်မရှင်ရဲ့ အစီရင်ခံစာအား တကယ်ကိုပဲ တရားမျှတမှုရှိပါတယ်၊ ထောက်ခံပါတယ်၊ ဒီညနေ အမေမုံရွာကို ပြန်လာတဲ့အချိန်မှာ ကျွန်တော်က လက်ဝှေ့ယမ်းပြီး ကြိုဆိုသွားမှာပါ" ဟု အသက်လေးဆယ်အရွယ် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန်အတွက် ၀င်းယူနတီဟိုတယ်ရှေ့နှင့် အလုံလမ်းတလျှောက်တွင် ညနေ ၄ နာရီအချိန်ခန့်မှစ၍ ကြိုဆိုရန် စောင့်ဆိုင်းနေကြမည်ဖြစ်ကြောင်း သိရသည်။-

 Thanlar Waddy Times 14-3-2013
===================================================
ဒေါ်အောင်ဆန်းစုကြည်အား ၄င်းတည်းခိုရာ မုံရွာမြို့၊ ၀င်းယူးနတီဟိုတယ်ရှေ့တွင် ဒေသခံ ၅၀ ၀န်းကျင်ခန့် ထောက်ခံ ကြိုဆိုခဲ့စဉ်
Thanlar Waddy (14-3-2013)

အစီရင်ခံစာပေါ် အပြင်းထန်ဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် တုံရွာသို့ရောက်ရှိခဲ့စဉ် ရွာသူတစ်ဦးမှ နှုတ်ဆက်ခဲ့ပုံ (အောက် ယာ) (14-3-2013)

အစီရင်ခံစာပါ တင်ပြချက်များကိုသာ ဆန့်ကျင်ကန့်ကွက်ကြခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်ခြင်းမဟုတ်ကြောင်း ရွာခံများက ပြောဆို

=========================================================

 
တစ်နေ့လုံးအမေစု ပင်ပန်းနေမှာပဲ

သူ့ကိုဆန္ဒပြကြတော့ သူစိတ်မကောင်းဖြစ်နေမှာပဲ

သူချပြတဲ့အစီရင်ခံစာကို ဆန္ဒပြတာ သူ့ကိုသဘောမတူကြောင်းပြတာပဲ

သဘောမတူတဲ့လူတွေအမေစုလောက်နိုင်ငံရေးအသိကြွယ်ဝကြလို့လား

အမေစုလောက် တွေးခေါ်တတ်လို့လား အမေစုလောက်ပါးနပ်ကြလို့လား

အမေစုဒီကိစ္စကြောင့် ကျန်းမာရေးတခုခုဖြစ်ရင် လုံခြုံရေးတခုခုဖြစ်ရင်ဘယ်သူတာဝန်ယူမှာလဲ

အမေစုရေသတိထားပါ ညဖက်စောစောအိပ်ပါ သားသမီးဆိုးတွေကြောင့်မြန်မာနိုင်ငံကိုစိတ်မပျက်ပါနဲ့

အမေစုရေ စိတ်မညစ်ပါနဲ့အမေကျော်လွှားနိုင်မှာပါ

ပညာတတ်တတ် မတတ်တတ် နိုင်ငံကိုတကယ်ချစ်တဲ့သူတွေကတော့ အမေစုကိုဆန့်ကျင်ပြီးတိုင်းပြည်ကို ချောက်ထဲကျအောင်လုပ်မှာမဟုတ်ဘူး

အမေစုဘေးကင်းကျန်းမာပါစေ

သက်တန့်ချို

================================================
Facebook မှစုစည်းကူးယူဖော်ပြပေးပါသည်။ 
လွင့်မောင်မောင်

ဘင်္ဂလာဒေခ်ျ့ ရဲ တပ်ဖွဲ့ဝင် ၃ ဦး အပါအ၀င် လူ ၄ ဦးကို မြန်မာ နယ်စပ် လုံခြုံရေး နစက တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဘင်္ဂလီ ဘာသာဖြင့် ရေးသားသည့် အွန်လိုင်း သတင်းများတွင် ဖော်ပြထားသည်။ bangalesh_ policeဘင်္ဂလီရဲတပ်ဖွဲ့ဝင်များကို မတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် မြန်မာ နယ်စပ် အနီးရှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရာဘင်ခရိုင် နတ်ကျောက် ဆိုးရီမြို့နယ် ခေါင်းတုန်းဒေသ နယ်စပ်တွင် သွားလာနေစဉ် ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း www.banglanews24.com တွင် ဖော်ပြ ထားသည်။ ယခု မြန်မာနစက တပ်ဖွဲ့မှ ဖမ်းဆီးသွားသည်ဟု ဆိုသည့် ဘင်္ဂလီ ရဲတပ်ဖွဲ့ဝင်များသည် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်မှ ကော့စ်ဘဇား ရေဒီယို စခန်းတွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သတင်းက ပြောသည်။ သူတို့ (၃) ဦးမှာ အိမ္မရင်ဟောဆမ်း၊ အီဖာ့ချောရကာနှင့် ကော့တော့ ပလောင် စခန်းမှ မူဇီဘူရ်ရော်ဟာမန်နှင့် ဒေသခံတစ်ဦးဖြစ်သူ ဆိုင်းဖူလ်း အီဆလင်တို့တို့ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ဘင်္ဂလာ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း ကိစ္စနှင့်ပတ်သတ်ပြီး ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီနှင့် မြန်မာနယ်ခြားစောင့်တပ် နစကတို့ အကြား ယနေ့တွင် အလံတင်အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ ရဲ တပ်ဖွဲ့ဝင် ၃ ဦး အပါအ၀င်  လူ ၄ ဦးကို မြန်မာ နယ်စပ် လုံခြုံရေး နစက တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဘင်္ဂလီ ဘာသာဖြင့် ရေးသားသည့်  အွန်လိုင်း သတင်းများတွင် ဖော်ပြထားသည်။
bangalesh_ police 
ဘင်္ဂလီရဲတပ်ဖွဲ့ဝင်များကို မတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် မြန်မာ နယ်စပ် အနီးရှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရာဘင်ခရိုင် နတ်ကျောက် ဆိုးရီမြို့နယ် ခေါင်းတုန်းဒေသ နယ်စပ်တွင် သွားလာနေစဉ် ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း www.banglanews24.com တွင် ဖော်ပြ ထားသည်။
ယခု မြန်မာနစက တပ်ဖွဲ့မှ ဖမ်းဆီးသွားသည်ဟု ဆိုသည့် ဘင်္ဂလီ ရဲတပ်ဖွဲ့ဝင်များသည် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်မှ ကော့စ်ဘဇား ရေဒီယို စခန်းတွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သတင်းက ပြောသည်။
သူတို့ (၃) ဦးမှာ အိမ္မရင်ဟောဆမ်း၊ အီဖာ့ချောရကာနှင့် ကော့တော့ ပလောင် စခန်းမှ မူဇီဘူရ်ရော်ဟာမန်နှင့် ဒေသခံတစ်ဦးဖြစ်သူ ဆိုင်းဖူလ်း အီဆလင်တို့တို့ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဘင်္ဂလာ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း ကိစ္စနှင့်ပတ်သတ်ပြီး ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီနှင့် မြန်မာနယ်ခြားစောင့်တပ် နစကတို့ အကြား ယနေ့တွင် အလံတင်အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

"မစိုးရိမ်တိုက်သစ် '' အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသဘဝနတ်ထံ ပျံလွန်တော်မူ

 
"မစိုးရိမ်တိုက်သစ် '' အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော် အချိန်မှာ မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် ဘဝနတ်ထံ ပျံလွန်တော် မှုသွား ခဲ့ပါတယ်။
မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်   ကျောင်းတိုက် ကြီး (၃)တိုက်တို့၏ အဓိပတိ မဟာနာယက ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏ဘဝပုံရိပ် ဆရာတော် သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။

၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။ ၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။

အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။ ၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ 
ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။

၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်း သို့ 
ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။

မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို 
အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။

မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ် ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။ ထိုအချိန်ကမစိုးရိမ်တိုက်သစ်တတိုက်လုံး
စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။

တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာ များလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

 ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။

ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။ ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင် လျှက်ရှိ သည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြု လျှက်ရှိသည်။

ဗမာပြည်ပြန်မရောက်မီ သေချင်လျှင်လည်းသေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ- တကာမများကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြား လေ့ရှိသည်။ ဘွဲ့များ ရရှိသော် လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။

 ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကိုလည်း တကြိမ်တခါမျှ အသုံးမပြုခဲ့ ဆရာတော်ဘုရားကြီးသည် ယခင်စစ အစိုးရလက်ထက်တွင် ၀ိနယ ကိုလေးစားသည့်အလျှောက် ဆရာတော်ဘုရားမှ စစ်အစိုးရအား တရားသဖြင့် ဆိုဆုံးမသည်ကို လက်မခံပဲ ဆရာတော်ဘုရားကြီးအား   ထောင်တွင်းအကျဉ်ချခဲ့ကြလေ၏..။ 

 "မစိုးရိမ်တိုက်သစ်၊ ဆရာတော်ကြီး ဈာပနပွဲ 28-3-2013 (တပေါင်းလပြည့်ကျော်-၂-ရက်) (သို့) 12-4-2013  တန်ခူးလဆန်း- ၂-ရက်လျာထား။ ယနေ့ 14-3-2013-မွန်းလွဲ(၁း၀၀)နာရီမှ စည်းဝေး ဆုံးဖြတ် မည်" ဖြစ်ပါတယ်။

အသောကအသောက~~ - See more at: http://blog.irrawaddy.org/2013/03/blog-post_5447.html#sthash.PKSJpZ6f.dpuf
 

Wednesday, March 13, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန္ဒပြ (ဓာတ်ပုံ))

ကော့မှူးမြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို မတ်လ ၁၃ ရက်နေ့ညနေပိုင်းကရန်ကုန်အင်းစိန်လမ်မပေါ်တွင် ပြုလုပ်ခဲ့ကြသည်ကို တွေ့ရစဉ်။









Photo-The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်အပေါ် နွေးထွေးမှုလျော့


 စီမံကိန်းကိုတော့ ဆက်လုပ်မှာ ဖြစ်တယ်၊ ဒါဟာလည်း တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ဆောင်ရွက်တာ ဖြစ်တယ်။ ဒါကြောင့် သူ ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေ၊ မှတ်ချက်တွေကြောင့် သူ့ကို ဒေသခံလူထုက မကျေနပ်ဘူးဆိုရင် သူ့ကို ဆန္ဒြုပကြဖို့ ဖိတ်ခေါ်သွားပါတယ်။--

ဒေါ်အောင်ဆန်းစုကြည် မုံရွာခရိုင် ဒုန်းတောကျေးရွာ မူလတန်းကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံရှင်းလင်း

လက်ပံတောင်းစီမံကိန်းဝန်းကျင်ကို ကိုယ်တိုင်ဆင်းပြီး ရှင်းလင်းပြောဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်


လက်ပန်တောင်းပြည်သူတွေကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေးငြိမ်းချမ်းစွာဖြင့်စတင်ချီတက်တောင်းဆိုပြီနှင့်လက်ပန်တောင်းအရေးသတင်းအဖုံဖုံ

လက်ပန်တောင်းပြည်သူတွေကြေးနီစီမံကိန်း

လုံးဝဖျက်သိမ်းရေးငြိမ်းချမ်းစွာဖြင့်စတင်ချီတက်တောင်းဆိုပြီ

(၁၃-၃-၂၀၁၃)နေ့၁၂နာရီ
ဓာတ်ပုံ-Ko Han Win Aung(Facebook)
======================================================

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ
လယ်ယာမြေလျော်ကြေးကို မလိုချင်
 ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိုသာ ဒေသခံများဘက်မှ လိုချင်

ရန်ကုန်၊ မတ် ၁၃။
စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် လယ်ယာမြေအသိမ်းခံရသော လယ်သမားများကို သင့်တော်သော ကာလပေါက်ဈေးနှင့် လျော်ကြေးပြန်လည်ပေးအပ်ရန်နှင့် လယ်ယာ
မြေအစားထိုးချပေးရန် ဟူသော အချက်များပါဝင်ရာ ထိုအချက် များကို ဒေသခံများဘက်မှ လုံးဝလက်မခံနိုင်ကြောင်းနှင့်ကြေးနီစီမံကိန်းကြီး လုံးဝဖျက်သိမ်းရေးကိုသာ အဓိက လိုချင်
ကြောင်း တုံရွာသပိတ်စခန်းမှ ကိုသားကြီးက ပြောကြားသည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်
ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဒေသခံများ လက်မခံနိုင်ဖြစ်နေရခြင်းမှာ ထိုက်သင့်သော ကာလပေါက်ဈေးနှင့်ညီသော လယ်ယာမြေလျော်ကြေးများကို မပေးခြင်းကြောင့် နှင့်ဒေသခံများကိုစီမံကိန်းတွင်သင့်တော်သောအလုပ်အကိုင်အခွင့်အလမ်းမပေးခြင်းတို့ကြောင့်

 ဖြစ်ကြောင်းဖော်ပြထားရာ ထိုအချက်တို့ကို ပေးမည်ဆိုပါကလည်း လက်ခံမည်မဟုတ်ဘဲကြေးနီစီမံကိန်းကို လုံးဝဖျက်သိမ်းပြီး စီမံကိန်းတွင် ပါဝင်နေသော တောင် ၃၃လုံးကိုသာ ပြန်ရလိုချင်သောကြောင့် ဒေသခံများဘက်မှ သပိတ်စခန်းများကို ဆက်လက်ဖွင့်ကာ ဆက်လက်တိုက်ပွဲ ဝင်ရန်ကိုသာ ဒေသခံများမှ ဆုံးဖြတ်ထားကြောင်း သိရသည်။

“သူတို့အစီရင်ခံစာထဲမှာဖော်ပြထားတဲ့ ၁၅သိန်းတို့၊ သိန်း ၂၀တို့ဆိုတာ ဒီဒေသက လယ်ယာမြေပေးလိုက်ရတဲ့ လူတွေရဲ့ ဘ၀ကို ဘာမှ အများကြီး တိုးတက်ကောင်းမွန်သွားစေမှာ
မဟုတ်ပါဘူး။ လယ်လုပ်တယ်ဆိုတာက လယ်ပိုင်တွေရယ် သူရင်းဌားတွေရယ် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အလုပ်လုပ်ရတာ။ ဒီလျော်ကြေးငွေပမာဏက လယ်ပိုင်ရှင် တစ်ယောက်ရဲ့ဘ၀ကို တောင် မြင့်သွားအောင် လုပ်ပေးနိုင်တာ မဟုတ်သလို သူရင်းဌားတွေအတွက်လည်း ဘာအကျိုးအမြတ်တစ်ခုမှမရဘူး။ 

ကိုယ့်လယ်ကိုယ်ရှိရင် သားစဉ်မြေးဆက် လယ်ပိုင်ရှင်ရော သူရင်းဌားရော လုပ်ကိုင်စားလို့ရတယ်။ သူတို့ပေးမယ်ဆိုတဲ့ ကာလပေါက်ဈေးက သားစဉ်မြေး ဆက်မပြောနဲ့ ကျွန်တော်တို့တောင် ဘယ်
လောက်မှကြာအောင် လုပ်ကိုင်စားလို့ရမှာ မဟုတ်ဘူး”ဟုလျော်ကြေးငွေကို မလိုချင်ဘဲ လယ်ယာမြေတွေကိုသာ ပြန်လို ချင်ရသည့်အကြောင်းကို ဒေသခံလယ်သမားဖြစ်သူ ကိုသားကြီးက ရှင်းပြသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင်ဖော်ပြထားသောစီမံကိန်းတွင် သင့်တော်သော အလုပ်အကိုင် များ ပေးအပ်သင့်သည်ဆိုသော အချက်ကို လက်မခံနိုင်ခြင်း သည်မှာလည်း တောင် ၃၃လုံးကိုဖြိုချရသည့် လုပ်ငန်းများတွင် လုပ်ကိုင်စေမှာ ဖြစ်သည့်အတွက် ဘိုးဘွားစဉ်ဆက်လက်ထက် ကတည်းကရှိသော ထိုတောင်များကို မဖြိုလိုခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအရ လယ်၊ယာမြေ တစ်ဧကလျှင် မြေခွန်၂၀ဆနှုန်း ဖြင့်သာ မြေလျော်
ကြေးပေးထားခြင်း ဖြစ်ကြောင်း၊ ကာလတန်ဖိုးဖြင့် မြေလျော်ကြေးပေးအပ်ခဲ့ခြင်း မရှိသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ စီမံကိန်းဧရိယာအတွင်း ပါဝင်ခဲ့သဖြင့် အသိမ်းခံရသော လယ်
ယာမြေ အမျိုးအစား ၆ မျိုးအတွက် လယ်မြေအမျိုးအစားအလိုက် လယ်တစ်ဧကလျှင် ကာလတန်ဖိုးအနည်းဆုံး ၅သိန်းမှ အများဆုံး ၁၅သိန်းအထိ ကာလပေါက်ဈေးအတိုင်းသိမ်းယူခဲ့သည့် ဧကစုစုပေါင်း ၆၇၈၄ဧကအတွက် ပေးလျော်သင့်ကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သတ်ပြီး သဘော ထားအမြင်ကို “သူ့ကို အရင်ကတည်းက ဒီဒေသကလူတွေ အားလုံးကလေးစားပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံ စာမှာ ဖော်ပြထားတဲ့အတိုင်း သူ့သဘောထားကို တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရောက သိသွားပါပြီ။ ဒီတော့
သူလည်း သူ့ အလုပ် သူလုပ်သလို ကျွန်တော်တို့ဘက်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ ရှိပါတော့တယ်။ ဒီအစီရင်ခံစာရဲ့အဖြေက တရား မျှတမှု မရှိသလို ပြည်သူတွေဘက်ကိုလည်း
မျက်နှာမူတဲ့ အစီရင်ခံစာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်လို့ တော့ မရပါဘူး။ အခုဖြစ်တာက သူ့နေရာကလည်း အဌားဗိုက်နဲ့ ဓါးထိုးခံရသလို အခြေအနေတွေ ဖြစ်နေတယ် ဆိုတော့လည်း၊ အဓိက ကတော့ အစိုးရရဲ့ လှည့်ကွက်တွေပါပဲ”ဟု ကိုသားကြီးက ထည့်သွင်းပြောကြားသည်။
သတင်း-ဆုဝေThe Myanma Age
ဓာတ်ပုံ - ထက်နောင်နောင်
====================================================
                             ဒေါ်အောင်ဆန်းစုကြည်ကို  ဒေသခံများဆန္ဒပြ
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းနှင့် ဆန္ဒပြအဖွဲ့တို့ မတ်လ ၁၃ရက်နေ့ ညနေ ၄နာရီ ၂၃မိနစ် ခန့်က ဝမ်ပေါင်ကုမ္ပဏီ ရုံးခန်းအနီးတွင် တွေ့ဆုံမိကြစဉ်။


လက်ပံတောင်းကြေးနီစီမံကိန်းနားက
ဝက်မှေးရွာသစ်ကို ဦးတည် သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းနဲ့ ဆည်တဲ၊ ကျုံရွာဘက်တွေက ဒေသခံ ၁၀၀၀ နီးပါးရှိတဲ့ ဆန္ဒပြလူအုပ်ဟာ ဒီကနေ့ ဗုဒ္ဓဟူး ညနေ လေးနာရီခွဲလောက်က မျက်ဆိုင် တွေ့နေကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဆန္ဒပြသူတွေက ``စုံစမ်းရေးကော်မရှင် အလိုမရှိ``၊ ``ပုဒ်မ ၁၄၄ ရုပ်သိမ်းပေး``၊ ``မီးလောင်ဗုံးကိစ္စ ဖော်ထုတ်ပေး``၊ ``စီမံကိန်း လုံးဝ ရပ်ဆိုင်းပေး`` ဆိုတဲ့ အချက်လေးချက်ကို ဟစ်ကြွေးလို့ ဆန္ဒပြနေကြ ပါတယ်။

ပြောင်းရွှေ့ထားတဲ့ ၀က်မှေးရွာသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ ဆိုတာတော့ အသေးစိတ် မသိရသေးပါဘူး။ ဆန္ဒပြအဖွဲ့ဟာ တရုတ်ကုမ္ပဏီ ၀မ်ပေါင် ရုံးချုပ်မှာ ဆန္ဒပြဖို့ အသွား ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို ရင်ဆိုင် တွေ့ကြတာလို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန္ဒပြအဖွဲ့တွေ အခုလို မျက်ဆိုင် တွေ့ကြပေမယ့်လို့ တဘက်နဲ့တဘက် နှုတ်ဆက် ပြောဆိုတာမျိုး မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆန္ဒပြအဖွဲ့ကို ထောက်ခံအားပေးသူတွေလည်း ရှိတယ်လို့ သတင်းထောက်က ပြောပါတယ်။

``ဒေါ်အောင်ဆန်းစုကြည်က သူ့ကိစ္စ သူလာတာပဲ၊ ကြိုဆိုစရာ မလိုပါဘူး`` လို့ ဒေသခံတယောက်က သူ့ကို ပြောတယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။
BBC


လက်ပံတောင်းစုံစမ်းရေး အစီရင်ခံစာ ဒေသခံတွေဆန့်ကျင်

 
မအေးအေးမာ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာက လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ခွင့်ပြုသင့်တယ်လို့ ဖော်ပြလိုက်တဲ့ အပေါ် ဒေသခံတွေကတော့ ဆန့်ကျင်လိုက်ကြပါတယ်။ တရုတ်နိုင်ငံပိုင် ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီမံကိန်းကို ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ပြီး ဆက်လက် ဆောင် ရွက်နိုင်ကြောင်း ကော်မရှင်ရဲ့ ထောက်ခံချက်ကို ဒေသခံတွေက အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့ ဒီကနေ့မှာပဲ လူထုအစည်းအဝေးပွဲတခုနဲ့ ကန့်ကွက်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လက်ပံတောာင်းတောင် ကြေးနီးစီမံကိန်းကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ နစ်နာမှု၊ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနစ်နာမှုတွေ ရှိနေတယ်ဆိုပြီး ဒေသခံတွေက စီမံကိန်း ရပ်တန့်ဖို့အတွက် အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

၈ ကြိမ်ထက်မနည်း ခွင့်ပြုမိန့်များ တောင်းခဲ့ပေမဲ့ ခွင့်ပြုမိန့််မရဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ဒေသ ခံတွေကို ဖမ်းဆီးမှုတွေ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

လက်ပံတောင်းမှာ အကြမ်းဖက် ဖြိုခွဲတာခံရပြီးတဲ့နောက်မှာတော့ စုံစမ်းစစ်ဆေးနိုင်ဖို့ အတွက် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ကို အစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာချိန်မှာတော့ ဒေသခံတွေ ဘက်က ကျေနပ်မှု မရှိတဲ့အတွက် မတ် ၁၂ ရက်နေ့မှာ လူထုအစည်းအဝေး လုပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။ လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေးကော်မတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစန္ဒာကတော့ သူတို့ သဘောထားကို အခုလို ပြောပါတယ်။

 “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဖွဲ့ထားတဲ့ ကော်မရှင်ဟာ ကျမတို့ ဒေသခံတွေအ တွက် လုံးဝကို ကောင်းကျိုးမပြုတဲ့ ကော်မရှင်ဖြစ်တယ်။ ပြီးတော့ တခါ ဒီကြေးနီစီမံကိန်းဟာ လည်း ဒေသခံတွေအတွက် ဒုက္ခရောက်မယ့် စီမံကိန်းဖြစ်တဲ့အတွက် ကျမတို့က ဒီကော်မရှင်ကို လုံးဝကို လက်သင့်မခံပါဘူး။ အခု ကျမတို့ ဒေသခံတွေကို ပုဒ်မ ၁၄၄ ထုတ်တယ်။ ကြေးနီစီမံကိန်း လုပ်ခွင့်ပြုတယ်ဆိုတာ ကျမတို့ ဒေသခံတွေအတွက် အများကြီး ထိခိုက်နစ်နာမှု ရှိတယ်။ သူတို့ အစီရင်ခံစာကိုလည်း လက်သင့်မခံဘူး။ နောက်ထပ် ထပ်ဖွဲ့တဲ့ ကော်မတီအဖွဲ့ကိုလည်း ကျမတို့ ဒေသခံတွေအနေနဲ့ လုံးဝ အသိအမှတ် မပြုဘူးအမ။”

လက်ပံတောင်းတောင်က ဒေသခံ လယ်သမားတွေကို အကူအညီပေးနေတဲ့ ကျောင်းသား
ခေါင်းဆောင် ကိုဟန်ဝင်းအောင် ကတော့ အစီရင်ခံစာအပေါ်မှာ ဒေသခံတွေအနေနဲ့ လက်မခံနိုင်ကြောင်းနဲ့ ဒေသခံလူထုရဲ့ ဆန္ဒကို အလေးထားကြဖို့ ပြောဆိုလိုက်ပါတယ်။

“ဒေသခံပြည်သူလူထုတွေနဲ့ ဒီမှာ ၀ိုင်းကူနေကြတဲ့သူတွေက စီမံကိန်း လုံးဝ ဖျက်သိမ်းရေးကိုသာ အလိုရှိတယ်ပေါ့နော်။ အဲ့တော့ ပြည်သူလူထု တရပ်လုံးနဲ့ ဆိုင်နေတဲ့ စီမံကိန်းတရပ်ကို အကောင်အထည် ဖော်တဲ့အခါမှာ ကော်မတီတရပ်က အစီရင်ခံစာတရပ် ဟို လုပ်ငန်းကော်မတီ တရပ်က ဖော်ဆောင်တဲ့ အဖွဲ့လေးနဲ့တင် မလုံလောက်ဘဲနဲ့ ဒီဒေသခံပြည်သူတရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ ဒေသခံ ပြည်သူတရပ်လုံးရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေကိုပါ အသိအမှတ် ပြုပြီးတော့ ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်။”

 ၂၀၁၁ ခုနှစ်တုန်းက မြေယာ လျော်ကြေးပေးတာကို လက်မခံတဲ့အတွက် ဖမ်းဆီးခံခဲ့ရ တဲ့ ဒေသခံလယ်သမားကြီး ဦးသိန်းကတော့ သူတို့လက်မခံနိုင်တာက လယ်ယာမြေ လျော်ကြေး နည်းလို့မဟုတ်ကြောင်း စီမံကိန်း ဖျက်သိမ်းရေးသာ လိုလားတယ်လို့ ဆိုပါတယ်။

“အခုက ကျနော်တို့ လျော်ကြေး နည်းနေလို့ ပြောနေတာလဲ မဟုတ်ဘူး။ ပြည်သူလူထု တရပ်လုံး ထိခိုက်နေလို့သာ ကျနော်တို့က လုံးဝ လက်မခံနိုင်တာပါ။ ကျနော်တို့က လက်ပံတောင်း စီမံကိန်း ကြီးကို လုံးဝ ဖျက်သိမ်းတာပဲ လိုချင်တာပါ ကျနော်တို့ အနေနဲ့က”

ကော်မရှင်ရဲ့ အစီရင်ခံစာကို အနှစ်ချုပ်ကြည့်တဲ့အခါမှာတော့ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးရှုဒေါင့်ကနေကြည့်ပြီး ဒီစီမံကိန်းကို ဆက်လုပ်စေသင့် ကြောင်းကို အကြံပြုထားတာပါ။

လက်ပံတောင်း ဒေသခံတွေကတော့ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်အပေါ်မှာ ကျေနပ်မှု မရှိတဲ့အတွက် စီမံကိန်းဖျက်သိမ်းရေး တောင်းဆိုချက်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုထားပါ တယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် မြန်မာစီးပွာရေး ဦပိုင်ကုမ္ပဏီ လီမိတက်နဲ့ တရုတ်ပိုင် မြန်မာဝမ်ဘောင် ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ ကို သိမ်းယူခဲ့ကြောင်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

ဦးပိုင်ကုမ္ပဏီကတော့ နစ်နာကြေး ပေးတယ်လို့ဆိုပေမဲ့ ဒေသခံတွေကတော့ စီမံကိန်းကာလ အတွင်း သီနှံတွေပျက်စီးတဲ့အတွက် ၃ နှစ်စာ သီးနှံလျော်ကြေးကိုသာ ပေးခဲ့ကြောင်း ဒီအတွက် မြေတွေကို သိမ်းယူတာမျိုးတွေ ခွင့်မပြုနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒေသခံတွေက နစ်နာကြေးကိုလည်း မလိုချင်ကြောင်း ဒေသခံတွေအတွက် ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေရှိတဲ့အတွက် စီမံကိန်း ဖျက်သိမ်းပေးဖို့သာ တောင်းဆိုခဲ့ကြပါတယ်။ 
VOA

Tuesday, March 12, 2013

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို ဒေသခံများ မကျေနပ်လျှင် ဥပဒေဘောင်အတွင်းက ဆက်လက်တောင်း ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြား


ရန်ကုန်၊မတ် ၁၂။

လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပြန်
လိုက်သော အစီရင်ခံစာကိုမကျေနပ်လျှင် ဥပဒေဘောင်အတွင်းမှ ဆက်လက် တောင်းဆိုသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြည်သူ့လွှတ်တော်နားချိန်တွင် လက်ပံတောင်းတောင်အရေး
ဆောင်ရွက်ပေးနေသူ ကိုဟန်ဝင်းအောင်၏ ဆက်သွယ်မေးမြန်း ချက်ကို ပြန်လည်ဖြေကြားကြောင်း သိရသည်။

ယင်း အစီရင်ခံစာပါ ပုဒ်မ ၁၄၄ကို ဆက်လက်ထုတ်ထားသင့်
သည် ဟူသောအချက်နှင့် လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လက်လုပ် ဆောင် သင့်သည်ဆိုသော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဒေသခံပြည်သူလူထုက လက်
မခံနိုင်ဖြစ်နေပြီး သပိတ်စခန်းများကို ရုပ်သိမ်းရန်အစီအစဉ် မရှိဘဲ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ရွာ ၁၄ရွာမှခေါင်းဆောင်များနှင့် တိုင်ပင်လျက်ရှိကြောင်း ကိုဟန်ဝင်းအောင်က
မြန်မာ့ခေတ်သို့ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကအချက်အလက်ရှာတာ
တရားခံရှာဖို့မှ မဟုတ်တာလို့ သတင်းထောက်တွေ မေးတာကို
ပြန်ဖြေထားတာ ကျွန်တော်အင်တာနက်မှာတွေ့ရတယ်။ သူ
ပြောချင်တာက သူ့တာဝန်က ၂၀၁၂ ဒီဇင်ဘာ ၃ရက်နေ့ကနေ
မနေ့က အစီရင်ခံစာတင်တဲ့ အထိပဲလို့ ပြောချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုတွေအပေါ် ထားတဲ့
စိတ်စေတနာကို နားလည်ပါတယ်။စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ တာဝန်ယူထားရပေမယ့် ကော်မရှင်မှာက တခြားလူတွေကလည်း ပါသေးတယ်လေ။ အစီရင်ခံစာ အဖြေကို ဒေသခံတွေဘက်ကတော့ လုံးဝလက်မခံနိုင်ပါဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောကြားသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်သော အဖြေမှာ
စီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆုံးဖြတ်လိုက်
ခြင်းသည် ဒေသခံများ၏ စိတ်ဆန္ဒကို လျစ်လျူရှုပြီး ဦးပိုင်နှင့်
ဝမ်ပေါင်ကို စိတ်ကြိုက်ကြေးနီများ ထုတ်လုပ်ခွင့်ပေးလိုက်ခြင်း
ဖြစ်ပြီး ထိုကိစ္စကို မကျေနပ် သော ဒေသခံလူထုမှ ဦးပိုင်နှင့်
ဝမ်ပေါင်ကို ဘာမှမလုပ်နိုင်ရန် ပုဒ်မ ၁၄၄ကိုထုတ်ပြန်ကာ
ဦးပိုင်နှင့်ဝမ်ပေါင် ဘက်မှကာကွယ်ပေးလိုက်သော ဆုံးဖြတ်ချက်
ဖြစ်သဖြင့် ဒေသခံလူထုဘက်မှ မကျေနပ်မှု မြင့်တက်လျက်
ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် မှ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးပြီး
သည့်နောက် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို ဖွဲ့စည်းလိုက်ခြင်း
တို့မှာ စုံစမ်းစစ်ဆေးရေးကော်မရှင် ကိုယ်တိုင်က ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရေးကို သာ ချဉ်းကပ်နေပြီး ဒေသခံလူထု
ဆန္ဒကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း၊ ထို အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတွင် ပါဝင်သူ များမှာလည်း အစိုးရအဖွဲ့ ဝင်များနှင့် ၀မ်ပေါင်၊ ဦးပိုင်တို့မှ ပုဂ္ဂိုလ်
များ ပါဝင်နေပြီ။ ပြည်သူလူထုယုံကြည်ရသူ တစ်စုံတစ်ဦးမှ
မပါဝင်ကြောင်း တုံရွာ သပိတ်စခန်းမှ ကိုသားကြီးကပြောကြားသည်

မတ်လ ၁၃ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်း
တောင်သို့ သွားမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိရာ
သူမ လာ ရောက်ပါက သွားရောက်တွေ့ဆုံရန်ရှိမရှိနှင့် စပ်လျဉ်းပြီး
မေးမြန်းရာ “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတာက ၀မ်ပေါင်နဲ့
ဦးပိုင်က လူတွေ နဲ့သွားတွေ့မှာပါပါ။ ဒေသခံတွေနဲ့တွေ့ဖို့ မဟုတ်
ပါဘူး။ သူလာရင်လည်းသူ့လုံခြုံရေးတွေနဲ့ သူ ပြီးတော့ ၀မ်ပေါင် ဘက်ကလုံခြုံရေးတွေလည်း ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ သွားတွေ့ဖို့လည်း အစီအစဉ် မရှိသလို ကန့်ကွက်ဆန္ဒပြဖို့ မရှိပါဘူး ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်မှာပါ” ဟု ကိုဟန်ဝင်းအောင်ကပြောကြားသည်။

“စုံစမ်းစစ်ဆေးရေးလုပ်တဲ့နေရာမှာ တချို့ရွာတွေဆိုလုံးဝလာမစစ်ဘူး၊ စုံစမ်းစစ်ဆေးရေးလုပ်နေတဲ့အချိန်တုန်းက ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြီး ဒေသခံတွေနဲ့တွေ့ပြီး စစ်ဆေး
တာတွေ မရှိဘူး၊ ဒကာမကြီး အလုပ်ရှုပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်လာမစစ်ခဲ့တာကတော့ ဒကာမကြီးရဲ့  အားနည်းချက်လို့
ပြောရမလားပဲ” ဟု တုံရွာ သပိတ်စခန်းမှ ဆရာတော် ဦဆန္ဒသီရိက
မိန့်ကြားသည်။

ဆုဝေ(The Myanma Age)

လက်ပံတောင်းတောင်သပိတ်စခန်း အား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်

Photo-Burma VJ Media Network
လက်ပန်တောင်းတောင်သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းမှုနှင့်ပတ်သက်၍ ဒေသခံသုံးဦးမှ နိုင်ငံတော်သမ္မတအား အရေးယူပေးရန် လျှောက်ထားချက်ကို တရားရုံးမှ ပလပ်လိုက်ကြောင်း တရားလိုဘက်မှ ဥပဒေအကျိုးဆောင် ဦးစောကျော်ကျော်မင်းကပြောသည် ။
တရားဆွဲဆိုခြင်းနှင့်ပတ်သက်၍ မတ်လ ၁၁ရက်နေ့တွင် ဆုံးဖြတ်ချက်ပေးရာတွင် မြို့နယ်တရားသူကြီးဒေါ်ခင်ခင်ဆွေက ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ရန် အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ကြောင်း အမိန့်ချခဲ့သည်။

”ဥပဒေနဲ့ အညီအမှုဖွင့်လှစ်ရန်အကြောင်းမပေါ်ပေါက်ပါ၍ အမှုမဖွင့်လှစ်ပါဆိုတာက ဘယ်လိုအကြောင်းမျိုးလဲဆိုပြီး အငြင်းပွားဖွယ်ဖြစ်လာတယ် အမြင့်ဆုံးတရားရုံးဖြစ်တဲ့တရားလွှတ်တော်ချုပ်မှာဖြေရှင်းမယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးခရိုင်တရားရုံးကို ဆက်တက်မယ် ”ဟု ဦးစောကျော်ကျော်မင်းက The Messenger သို့ပြောသည်။
လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို တရားလိုများအဖြစ် ဆည်တဲ ရွာသူ မရီရီဝင်း မ၀င်းဝင်းဌေးနှင့် မိုးကြိုးပြင်အလယ်ရွာ မှ ဦးဇော်နိုင်တို့မှ ဆားလင်းကြီးမြို့နယ်တရားရုံးတွင် လျောက်ထားခဲ့ခြင်းဖြစ်ပြီး မြို့နယ်တရားရုံးက မတ်လလေးရက်နေ့တွင်လက်ခံခဲ့ခြင်းဖြစ်သည်။
Messenger News Journal

၁၀ သိန်းပေးပြီး နေရာရွှေ့ပြောင်းခြင်းကြောင့် ချာခန်းဒေသခံများ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရ

 
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ နဘုလယ်ဒေသရှိ ရေနက်ဆိပ်ကမ်းဆောက်လုပ်မည့်နေရာတွင် ပါဝင်သော ချာခန်းကျေးရွာဒေသခံများ နေရာရွေ့ပြောင်းရသောကြောင့်
သက်မွေးဝမ်းကြောင်းအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဒေသခံများမှာ တံငါသည်၊ ဆားချက်လုပ်ငန်းနှင့် ရာသီပေါ် သဘာဝအသီးအနှံများစိုက်ပြီးပြီ
 မှီခိုအားထား လုပ်ကိုင်စားသောက်နေကြသည်။
၂၀၁၃ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ရေနက်ဆိပ်ကမ်းတာဝန်ရှိသူများမှ
မိသားစု တစ်ခုလျှင် ၁၀ သိန်းပေးပြီး ထိုနေရာမှ ဖယ်ရှားခိုင်းခဲ့သည်။
 ထိုကြောင့် အရင်က သက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသော တံငါအလုပ်၊
ဆားချက်အလုပ်များ မလုပ်ရသောကြောင့် စားဝတ်နေရေးခက်ခဲများရှိနေကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။
ချာခန်းပင်လယ်ကမ်းခြေတွင် အိမ်ခြေ ၃၀ နီးပါးရှိပြီး ၁၅ အိမ်ကို ပြောင်းရွှေ့ထားရပြီး ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ထုတ်ပြန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
 နိုင်ငံတော်သမ္မတရုံး 
                                       အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်ရှင်ရဲ့ စစ်ဆေးချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိ။

(၁) ဦးလှထွန်း ဥက္ကဋ္ဌ
ဝန်ကြီး(သမ္မတရုံး(၆))
(၂) ဦးသာအေး ဒုဥက္ကဋ္ဌ
ဝန်ကြီးချုပ်(စစ်ကိုင်း)
(၃) ဒုဗိုလ်ချုပ်ကြီးခင်ဇော် ဒုဥက္ကဋ္ဌ
စစ်ရေးချုပ်
(၄) ဒုဗိုလ်ချုပ်ကြီးကိုကို အဖွဲ့ဝင်
ဝန်ကြီး(ပြည်ထဲရေး)
(၅) ဦးဝင်းထွန်း အဖွဲ့ဝင်
ဝန်ကြီး(ပတ်ဝန်းကျင်/သစ်တော)
(၆) ဒေါက်တာမြင့်အောင် အဖွဲ့ဝင်
ဝန်ကြီး(သစ်တော)
(၇) ဦးစိုးဝင်း အဖွဲ့ဝင်
ဒုဝန်ကြီး(သာသနာ)
(၈) ဦးအုန်းသန်း အဖွဲ့ဝင်
ဒုဝန်ကြီး(လယ်/ဆည်)
(၉) ဦးမျိုးအောင် အဖွဲ့ဝင်
ဒုဝန်ကြီး(စက်မှု)
(၁၀) ဦးဝင်းထိန် အဖွဲ့ဝင်
ညွှန်ချုပ်(သတ္တု)
(၁၁) ဒေါက်တာအောင်ထွန်းသက် အဖွဲ့ဝင်
ရင်းနှီးမြှုပ်နှံမှု
(၁၂) ဦးမောင်မောင်တင့် အဖွဲ့ဝင်
ဦးပိုင်
(၁၃) Mr. Geng Yi အဖွဲ့ဝင်
M.D (ဝမ်ပေါင်)
(၁၄) ဦးသန့်ရှင်း အတွင်းရေးမှူး
ဒုဝန်ကြီး(သမ္မတရုံး-၁)
(၁၅) ဦးတင်မြင့် တွဲအတွင်းရေးမှူး
ဒုညွှန်ချုပ်(ထွေအုပ်)

"လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်" အပြီးသတ် အစီရင်ခံစာ အပြည့်အစုံ

"လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်" အပြီးသတ် အစီရင်ခံစာ အပြည့်အစုံ