Pages

Saturday, April 27, 2013

မြန်မာ့တပ်မတော် ခေတ်မှီ တိုးတက်ဖို့ အမေရိကန် ကူညီမည်

 army-day-305.jpg
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံကြောင်း  တိုးတက်ပြသတဲ့အနေနဲ့ မြန်မာ့တပ်မတော်ကို တဆင့်ပြီးတဆင့် စတင်ကူညီရေးအတွက် နည်းလမ်းတွေကို မိမိတို့လေ့လာနေကြောင်း အမေရိကန်လွှတ်တော်မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော် ကို  လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လေးစားလိုက်နာစေလိုတဲ့အပြင် တပြိုင်နက်မှာပဲ  မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေ လုံးဝဖြတ်တောက်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းနေကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ မြန်မာရေတပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ  မြန်မာနိုင်ငံပြောင်းလဲမှုတွေ ပိုမိုတိုးတက်အောင် အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ ဘယ်သူကမှ လက်နက်ရောင်းဝယ်ရေးကို ပြောဆိုတာမျိုးမရှိပါဖူးလို့ ပြောပါတယ်။ အတော်လေးနက်ခက်ခဲတဲ့ ပြသနာတချို့ရှိနေတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျပါတယ်။ မြန်မာ့တပ်မတော်ကို ခေတ်မီတိုးတက်တဲ့ စစ်တပ်တခုဖြစ်လာအောင် ကူညီဖို့်လိုအပ်နေတာအမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကိုတဆင့်ပြီးတဆင့် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။
RFA

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ညီလာခံ တက်မည်

 dassk-305.jpg
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပမယ့် “ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ” ကို တက်ရောက်ဖို့ မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။
မွန်ဂိုလီးယား အစိုးရက “ဒီမိုကရေစီ လူ့အဖွဲ့အစည်း ညီလာခံ” ကို ကမကထပြုပြီး လက်ခံကျင်းပမှာသလို နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၀ က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အဲဒီ ဒီမိုကရေစီညီလာခံနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက RFA ကို အခုလို မှတ်ချက်ပေးပြောဆိုပါတယ်။
"အရင်သူလွတ်ခါစကတည်းက ဖိတ်ကြားထားတာရှိတယ်၊ မွန်ဂိုးလီးယားက တစ်ချိန်တုံးက တရုတ်ပြည်နဲ့ နီးစပ်တော့ တရုတ်ပြည်ရဲ့ အရိပ်အောက်မှာ ရှိတဲ့နိုင်ငံတစ်ခုကနေ အခုက ဒီမိုကရေစီထွန်းကားလာတော့ တိုးတက်ကောင်းမွန်လာတော့ အဲ့ဒါတွေနဲ့ ပတ်သက်လို့ အကျိုးရှိတာတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ပါ"
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက မွန်ဂိုလီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး D. Gankhuyag နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
အခုကျင်းပမယ့် ဒီမိုကရေစီ ညီလာခံကို မြန်မာလွှတ်တော်နဲ့ အစိုးရကိုယ်စားလှယ်တွေလည်း တက်ရောက်မှာဖြစ်တယ်လို့ ဒီမိုကရေစီညီလာခံ ဖြစ်မြောက်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
RFA

ဘင်္ဂါလီလူဦးရေ စစစ်သောနေ့ ရုန်းရင်းဆန်ခတ်ဖြစ်

 
 ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ စာရင်းကို ယနေ့စတင် စစ်ဆေးရာ တွင်ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ် ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ အင်ဗာလာရပ် ကွက်၊ ဘောဂဒီရွာ၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း၊ ဘုမေရွာ၊ ဘောဒူဗစခန်းများကို နိုင်ငံတော်စီမံချက်ဖြင့် လူဦးရေစစ်ဆေးခဲ့ရာ
ပထမဆုံးနေ့တွင်ပင် ရန်ရှာမှုများ ကြုံတွေ့ခဲ့ရပြီး တာဝန်ရှိသူအချို့ ဒဏ်ရာရရှိခဲ့သည်။

“ရိုဟင်ဂျာလို့ ကြွေးကြော်ပြီး ရန်ရှာတဲ့အပြုအမူတွေ လုပ်တယ်။ အဆိုးဆုံးက သက္ကယ်ပြင်ရွာပဲ၊ ခဲတွေနဲ့ပေါက်တယ်။ ခြေထောက်နဲ့ ၀ိုင်းကန်ကြတယ်။
တာဝန်ရှိသူတွေကို” ဟု လူဦးရေကောက်ခံခြင်းလုပ်ငန်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသန်းထွန်းကပြောသည်။

အဆိုပါ ဖြစ်စဉ်များတွင် အမှတ် ၃၇၃ အမြောက်တပ်မှ တပ်ကြပ်မင်းအောင်၊ လက်ထောက် လ၀ကမှူး ဦးစိုင်းမြတ်သူနှင့် ပြန်ကြားရေး
တာဝန်ခံဦးထွန်းလှအောင်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သက္ကယ်ပြင်စခန်းတွင် တာဝန်ရှိသူများအား ရန်ပြုသည့် လူအင်အားများပြားလာမှုကြောင့် လုံခြုံရေးတပ်ဖွဲ့များက ခြောက်လှန့်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြန် ကြားရေး တာဝန်ခံဦးဝင်းမြိုင်က “ဖြစ်စဉ်က အတည်ပြုနိုင်တယ်။ လူအုပ်စုက တော်တော်များတော့ ခြောက်လှန့်ပစ်ပြီး လူစုခွဲတယ် ကြားပါတယ်။ သတင်းအတိအကျတော့ မတက်သေးပါဘူး” ဟု ပြောသည်။

“ကျွန်တော်တို့ကို ဘင်္ဂါလီလို့ သတ်မှတ်ပြီးလာအတင်းစစ်တာကို လက်မခံဘူး။ လာစစ်တဲ့အချိန်မှာအခု ကလေးတွေ တစ်သောင်း
လောက် ဆန္ဒပြကြတာ”ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။

ယမန်နှစ် နိုဝင်ဘာလကလည်း ပေါက်တောမြို့နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းစစ်ဆေးခဲ့သော်လည်း ရိုဟင်ဂျာဟု သတ်မှတ်မှ အစစ်ခံနိုင်မည်ဆိုသဖြင့် ခေတ္တ ရပ်နားခဲ့ရသည်။

စစ်တွေမြို့တွင် ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လ၀က၊ နစက၊ ရခိုင်နှင့် ဘင်္ဂါလီကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ခွဲ ၁၈ ခုဖြင့် ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ ကိစ္စအား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးသို့ ဆက်သွယ်မေးမြန်းရာ အရေးကြီး အစည်းအဝေးပြုလုပ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးဟု
တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

“လူဦးရေကောက်ခံခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍“အခြေအနေကို ကြည့်ပြီး ဆက်ကောက်သွားမှာပါ မလုပ်လို့မှ မဖြစ်တာ။ ၂၀၁၄ သန်း ခေါင်စာရင်းကလည်းရှိသေးတယ်”ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဘင်္ဂါလီ ဒုက္ခသည်များသည် အမျိုးသမီးနှင့် ကလေးများကို ရှေ့တန်းတင် ကန့်ကွက်ဆနပြခဲ့ ကြောင်းလူဦးရေစာရင်းစစ်ဆေးခြင်းကို အတင်းအကျပ်ပြုလုပ်ခဲ့
ခြင်းမဟုတ်ဘဲ ကြိုတင်ကောက်၍ စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်ဆနပြမှုများသည် တတိယအကြိမ်ပဋိပက္ခကို ဖြစ်ပွားနိုင်စေကြောင်း

ယနေ့ညနေတွင် ရခိုင်ပြည်နယ်အစိုးရရုံး၌ ပြုလုပ်သောဆွဲတင်စစ်လုပ်ငန်းဆွေးနွေးခြင်း အစည်းအဝေးတင်ပြချက်များ အရသိရှိသည်။

ထို့အပြင် ဘောဒူဗဒုက္ခသည်စခန်းတွင် လုံခြုံရေးတပ်ဖွဲ့များပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း
ပြည်နယ်အစိုးရအဖွဲ့က မှန်ကန်ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။

ယခုအခါ ဘင်္ဂါလီလူဦးရေစစ်ဆေးခြင်းကိုခေတ္တရပ်နားထားကြောင်းသတင်းရရှိသည်။

7Day News Journal

Thursday, April 25, 2013

ဦးပိုင်ကုမ္ပဏီလယ်သမားတွေကိုအကြမ်းဖက်ပြီ


မနက်(၉)နာရီတွင်ဆည်တည်းကျေးရွာနေမရီရီဝင်းပိုင်မြေကွက်၌လယ်သမား
များထွန်ယက်နေစဉ်လုံထိန်းအင်အား(၅၀၀)ဖြင့်လယ်သမားများကိုဝင်ရောက်
ရိုက်နှက်ဖမ်းဆီးသည်၊ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှကိုအောင်စိုး
အပါအဝင်(၆)ဦးခန့်ကိုဖမ်းဆီးသွားပြီးကျန်နေသူများကိုထပ်မံရိုက်နှက်နေပါသည်၊၊မိုးကြိုးပြင်ရွာနေကိုဝင်ကျော်ပိုင်မြေကွက်ရှိလယ်သမားများအားလဲ
ဝင်ရောက်ရိုက်နှက်မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်
ယက်တာဝန်ခံကိုသောင်းထိုက်အးးအကြမ်းဖက်ဖမ်းဆီးသော်လည်းလယ်
သမားများပြန်လည်လုယူနိုင်၍လွတ်မြောက်ခဲ့၊ယခုအချိန်တွင်လုံထိန်းများ
နှင့်ဒေသခံရွာသားများနှစ်ဖက်ရင်ဆိုင်နေကြပြီးရန်ကုန်ပြည့်သူအကျိုးဆောင်ကွန်ယက်မှသတင်းမှတ်တမ်းသမားကိုသူသည်လုံထိန်းများ၏သေနတ်ဒင်
ဖြင့်ထုစစ်ဖိနှပ်ဖြင့်ဝိုင်းကန်ခံရသောကြောင့်ကင်မရာကွဲပြီးလူမှာပြင်းထန်စွာ
ဒဏ်ရာရထားသည်၊၊
(၂၅-၄-၂၀၁၃)
မနက်(၉)နာရီ
လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ
Ko Han Win Aung (facebook)

Tuesday, April 23, 2013

ဒေါက်တာဆိတ်ဖွားကိုဖော်ထုတ်နိုင်ပြီဟု ကော်မရှင်ဥက္ကဋ္ဌပြောကြား


ရန်ကုန်၊ ဧပြီ ၂၂

လွှတ်တော်ကိုယ်စားလှယ်များကို Above the Law (ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား) ဆိုသော ခေါင်းစဉ်ဖြင့် အင်တာနက်ပေါ်တွင် ဝေဖန်ရေးသား ခဲ့သော ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌဦးမြငြိမ်း က The Voice သို့ ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦး ဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သော ယင်းကော်မရှင်က ဒေါက်တာ ဆိတ်ဖွားအမည်ဖြင့် အင်တာနက် စာမျက်နှာ ဖန်တီးပြီး လွှတ်တော်အား ယင်းသို့ ဝေဖန် နေသူကို နှစ်လကျော်ကာလအတွင်း ဖော်ထုတ်နိုင်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ် အရေးယူနိုင်ရန် ယင်းကော်မရှင်က သမ္မတရုံး ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိများ၊ တပ်မတော်သား ကွန်ပျူတာနှင့် Network တာဝန်ခံများ၊ သတင်းစာဆရာများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကို စစ်ဆေးကြားနာပြီး အစီရင်ခံစာ ရေးသားကာ ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြ အဆုံးအဖြတ် ရယူခဲ့ရခြင်းဖြစ်ကြောင်း ယင်းကော်မရှင် အဖွဲ့ဝင် ဦးဖုန်းမြင့်အောင်က ပြောကြား သည်။

ဒေါက်တာဆိတ်ဖွားအနေနှင့် သက်ဆိုင်ရာတရားရုံးမှ ပြန်လည်ခုခံပိုင်ခွင့် ကိုလည်း ကော်မရှင်တွင်ပါဝင်သည့် ဥပဒေပညာရှင်များက အကြံပြုတင်ပြ ထားကြောင်း ၄င်းကပြောသည်။
"ကာယကံရှင်ကို မထိခိုက်စေချင်လို့ နာမည်ကိုတော့ ထုတ်မပြောလိုပါဘူး။ နာယကကြီး ဆုံးဖြတ်ချက် ချပြီးပါပြီ" ဟု ဦးမြငြိမ်းက နာမည်အတိအကျ ထုတ်ဖော် ပြောကြားရန် ငြင်းဆိုသည်။

သို့သော် ဒေါက်တာဆိတ်ဖွားအမည်ဖြင့် အင်တာနက်ဆောင်းပါး ရေးသားသူမှာ အယ်ဒီတာချုပ် ခင်မောင်ညို (ဘောဂဗေဒ) ၏ The Street View ဂျာနယ်တွင် ဆောင်းပါး ရေးသားဖူးသူ ဖြစ်ကြောင်း ဦးမြငြိမ်းက အရိပ်အမြွက် ပြောကြားသည်။
အဆိုပါအစီရင်ခံစာသည် ပြည်ထောင်စု လွှတ်တော်ရုံးသို့ မရောက်သေးကြောင်း ပြည်ထောင်စုလွှတ်တော် နာယကတာဝန် ယူထားသည့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
"ဆုံးဖြတ်ချက်လည်း မချရသေးပါ ဘူး" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ဒေါက်တာဆိတ်ဖွား ဆိုသူကမူ မိမိ၏ရေးသားချက်နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များကို တောင်းပန်ပါကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ၄င်း၏ အင်တာနက်စာမျက်နှာတွင် ရေးသား ထားသည်။

ဒေါက်တာဆိတ်ဖွား၏ အင်တာနက် ဆောင်းပါးမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ဆောင်းပါးရေးသားသူကို ကော်မရှင်ဖွဲ့ပြီး ဖော်ထုတ်အရေးယူပေးရန် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီးအဆို တင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဆိတ်ဖွားကို ဆက်သွယ်ရေး ဆိုင်ရာ၊ နိုင်ငံတော်လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးနှင့် ပြည်သူ့တို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ဆန့်ကျင်မှု ရှိ၊ မရှိနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သင့်သည်ကို ကော်မရှင်က တင်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကော်မရှင် ဖွဲ့စည်းကာ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

The Voice Weekly

Monday, April 22, 2013

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နယူးယောက် မြန်မာများနဲ့တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ကူညီလာနိုင်အောင်လို့ အတတ်နိုင်ဆုံး ကူညီသွားမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က နယူးယောက် မြန်မာမိသားစု တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက် မြန်မာမိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အစိုးရရဲ့ ပြုပြင်ပြောင်းလဲ အခြေအနေတွေအပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က UN Plaza မှာ အမေရိကန်ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းက အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ် ဦးထွန်းထွန်းနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့် တို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် အစိုးရ၀န်ကြီးတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့သလို၊ တက်ရောက်လာသူ မြန်မာမိသားစုတွေကလည်း ဆောင်ရွက်သင့်တာတွေနဲ့ပတ်သက်လို့ အကြံပြု တင်ပြခဲ့ကြတာပါ။ ဒါ့အပြင် နယူးယောက် ကိုလံဘီယာတက္ကသိုလ်က မြန်မာကျောင်းသူကျောင်းသားတွေလည်း လာရောက်ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ ပါဝင်နိုင်ဖို့အရေး ဆွေးနွေးမေးမြန်းခဲ့ကြတယ်လို့ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ အတူလိုက်ပါလာသူ  ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိက ကတော့ အစိုးရဘက် ၀န်ကြီးတွေဘက်ကလည်း သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေဘက်က ကူညီနိုင်တဲ့ကိစ္စတွေကို ကျနော်တို့ ကျနော်တို့ ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒီဘက်က မြန်မာအသိုင်းအ၀ိုင်းဘက်ကလည်း လူငယ်အများစုကတော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်ဖို့နဲ့ ပါဝင်ချင်တဲ့ဆန္ဒနဲ့ ပြောတယ်။ အထူးသဖြင့်တော့ ကိုလံဘီယာတက္ကသိုလ်မှာ တက်နေတဲ့ မြန်မာကျောင်းသား ၁၀ ယောက်ကျော်လောက် သူတို့ အုပ်စုလိုက်လာပြီးတော့ ဆွေးနွေးပွဲမှာ လာဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ လူငယ်တွေလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု၊ တိုင်းရင်းသားလူငယ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာလို နေရာမျိုးမှာ ဆွေးနွေးနိုင်မှုတွေကို ၀န်ကြီးအနေနဲ့ အားလုံးကို သဘောတူတယ်။ သူလည်း အတတ်နိုင်ဆုံး ၀ိုင်းကူပေးမယ်။ လူငယ်တွေရော လူကြီးတွေရောကိုလည်း ကြိုဆိုတယ်ပေါ့နော်။”

ဒါ့အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ ဗီဇာကိစ္စ၊ နိုင်ငံသားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာသူ မြန်မာမိသားစုတွေ မေးမြန်းရာမှာတော့  လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ နဲ့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်တို့က အဓိက ဖြေကြားခဲ့ကြတယ်လို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

“၀န်ကြီးတွေကတော့ ဗီဇာနဲ့ နိုင်ငံသားရေးရာ ကိစ္စတွေ အဲဒါတွေကိုပြောတာများပါတယ်။ ကျနော်တို့ အမေရိကန်ကိုရောက်နေတဲ့ တချို့လူတွေကျတော့လည်း တခြားနိုင်ငံသားအဖြစ် ခံယူထားတာတို့၊ Green Card ရှိတာတို့၊ မြန်မာပက်စ်ပို့စ်စာအုပ် သက်တမ်းကျော်တဲ့ကိစ္စတို့။ နောက်ပြီးတော့ ဗီဇာနဲ့ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲချင်တဲ့ကိစ္စမျိုး၊ လွယ်အောင်လုပ်တဲ့ ကိစ္စမျိုး အပါအ၀င်၊ အဲဒါမျိုးတွေက ပိုများပါတယ်။ အဲဒါကတော့ ၀န်ကြီးဦးခင်ရီက အဓိကနဲ့ သံအမတ်ကြီးက ဖြေပါတယ်။ အဲဒီတော့ သူတို့ရဲ့ လိုအပ်ချက်တွေအပေါ်မှာ ကျနော်တို့ ဥပဒေနဲ့အညီပေါ့နော် ဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေ၊ သူတို့ထောက်ပြတာကိုလည်း ကျနော်တို့အနေနဲ့ ၀န်ကြီးတွေနဲ့ ကြိုးစားပြီးဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးသွားကြတယ်။”

အမေရိကန်စံတော်ချိန် နေ့ခင်း ၁ နာရီခွဲကနေ ၄ နာရီအထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲကို ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။ ဒီတွေ့ဆုံပွဲကို နယူးယောက်မှာရှိတဲ့ မြန်မာတွေ တော်တော်များများ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို နယူးယောက်ခ်က UN Plaza မှာ မြန်မာအစိုးရ၀န်ကြီးတွေနဲ့ နယူးယောက်က မြန်မာတွေ တွေ့ဆုံနေစဉ် အပြင်ဘက်မှာလည်း မြန်မာနိုင်ငံသား ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။ 
မနန္ဒာချမ်း 21.04.2013
VOA

ရဲမင်းဦးကို မတရား ဖမ်းဆီးထားသဖြင့် ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့အား နယူးယောက်တွင် ဆန္ဒပြ

    Arakanese-protest-USA
    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ဖြစ်မြောက်ရေးကော်မတီ (ယာယီ)
 အထွေထွေ အတွင်းရေးမှုး ရဲမင်းဦးအား မြန်မာ အစိုးရမှ တရားဥပဒေမဲ့ ဖမ်းဆီး ထားသဖြင့် မြန်မာ တိုင်းရင်းသားစုစုပေါင်း၁၀၀ခန့်ကနယူးယောက်မြို့သို့ ရောက်ရှိနေသော  ငြိမ်းချမ်းရေးဖော်ဆောင်ရေး
ကော်မတီမှပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် အဖွဲ့အား ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဆန္ဒပြပွဲအား ဦးအောင်မင်းနှင့် အဖွဲ့ တည်းခိုနေသည့် နယူးောာက်မြို့ ကုလသမဂ္ဂ အဆောက်အဦးရှေ့တွင် တိုင်းရင်းသားပေါင်းစုံက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“ ဆန္ဒပြပွဲကို ဧပြီလ (၂၁) ရက်၊ နေ့လည် (၁) နာရီကနေ  ညနေ (၄) နာရီထိ ပြုလုပ်ခဲ့ကြပါတယ်။ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ရဲမင်းဦးအား အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင် စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုတင့်ဝေက ပြောသည်။
ကျောင်းသား ခေါင်းဆောင်ရဲမင်းဦးအား ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဦးသာသနာ ကျောင်းတိုက်မှ မတ်လ ၂၅ ရက်နေ့ ညနေ ၉ နာရီတွင် အာဏာပိုင်များက တစ်စုံတစ်ရာ ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီး ခေါ်ယူသွားခဲ့သည်။ ထိုသို့ ဖမ်းယူသွားပြီးနောက် ဧပြီလ ၄ ရက်နေ့  နံနက်ပိုင်းက ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော် အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ရုံထုတ်ခဲ့သည်။
ဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုသန်းတင်က ယခု ဖမ်းဆီးမူမှာ ဥပဒေမဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့က ကိုရဲမင်းဦးကို ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်၊ ဘာဖြစ်လို့ဆိုတော့ သူမှာ အပြစ်မရှိဘူး။ ခိုင်လုံတဲ့အထောက်အထားတွေလည်း ဘာမှ မပြနိုင်ဘူး။ ဒီလိုဖမ်းထားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်။ အမျိုးသား ရင်ကြား စေ့ရေးနဲ့ ဒီမိုက ရေစီဖော်ဆောင်ရေးတွေကို ထိခိုက်စေတယ်” ဟုပြောသည်။
Arakanese-protest-in-USA
ကိုရဲမင်းဦးမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရပြီး ထောင် (၄) နှစ်ချမှတ်ခံခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေး  မတိုင်မှီက သူသည် စီးပွားရေး တက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသား တစ်ဦးဖြစ်သည်။
ယခုဖမ်းဆီးမူမှာ အစ္စလာမ်ဘာသာဝင်များအား မြန်မာအာဏာပိုင်များက မိတ္ထိလာကိစ္စဖြင့် နှစ်သိမ့်လို၍ ရခိုင်လူမျိုး တစ်ဦး ဖြစ်သော ကျောင်းသား ခေါင်းဆောင် ရဲမင်းဦးကို ထိုးကျွေးခြင်း အဖြစ် ရခိုင်အမျိုးသား အများစု က မြင်နေကြသည်။
ဆန္ဒပြသူများသည် သမတ ဦးသိန်းစိန်ထံသို့လည်း ပြည်ထောင်စုဝန်ကြီးများမှတဆင့် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့ကြသည်။ ယင်းစာထဲတွင် ၁၉၈၂ ခုနှစ် လူဝင်မှု အခြေခံ အက်ဥပဒေအတိုင်း နိုင်ငံသားဖြစ်ရေး/မဖြစ်ရေးကိစ္စများကို သေချာစိစစ်ပြီး ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားရန်နှင့် ခိုးဝင်လာကြသည့် ဘင်္ဂါလီများအား ဒေသခံပြည်သူလူထုဧ။် ဆန္ဒမပါပဲ ပြန်လည်နေရာချထားရေးကိစ္စများကို မပြုလုပ်ရန် တောင်းဆိုထားကြကြောင့် ဆန္ဒပြပွဲကို  စီစဉ်သူ တစ်ဦးဖြစ်သူ ကိုတင့်ဝေ ကပြောသည်။
ဆန္ဒပြသူများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အလိုမရှိ၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်မြောက်ရေး- ဒို့အရေး၊ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း အလိုမရှိ စသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
နိရဉ္စရာ

Sunday, April 21, 2013

တန်ဖိုးနည်းဖုန်းကဒ် ရောင်းချမှုနှင့် စပ်လျဉ်းသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

    ၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ကြေညာခဲ့သည်။

၁။ နေပြည်တော် ကောင်စီနယ်မြေ

လင်း မိုဘိုင်း၊ နေပြည်တော်။

Best One ၊ နေပြည်တော်။

လူကြီးမင်း၊ နေပြည်တော်။

Laser Mobile ၊ ပျဉ်းမနား။

Sky Light ၊ ပျဉ်းမနား။



၂။ ကချင်ပြည်နယ်

Best One ၊ မြစ်ကြီးနားမြို့။

OVI၊ မြစ်ကြီးနားမြို့။

ဦးဝင်းနှင့်သားများ၊ မိုးညှင်းမြို့။



၃။ ကယားပြည်နယ်

တောင်ပေါ်သား၊ လွိုင်ကော်မြို့။

Orbit Mobile၊ လွိုင်ကော်မြို့။



၎။ ကရင်ပြည်နယ်

နေလ၊ ဘားအံမြို့။

အတ္ထရံ၊ ဘားအံမြို့။

K-Mobile၊ မြဝတီမြို့။



၅။ စစ်ကိုင်းတိုင်းဒေသကြီး

Hello Mobile ၊ စစ်ကိုင်းမြို့။

Mobile One၊ မုံရွာမြို့။

Star Mobile ၊ ချောင်းဦးမြို့။

လင်း လျှပ်စစ်၊ ရွှေဘိုမြို့။

ဟန်ထူးမွန်၊ မြင်းမူမြို့။



၆။ တနင်္သာရီတိုင်းဒေသကြီး

Alpha ၊ ထားဝယ်မြို့။

To Mobile ၊ မြိတ်မြို့။



၇။ ပဲခူးတိုင်း ဒေသကြီး

စိန်ဟင်း၊ ပဲခူးမြို့။

ရွှေကမ္ဘာ၊ ပြည်မြို့။

ဝင်းကမ္ဘာ၊ တောင်ငူမြို့။

ရွှေမျက်မှန်၊ ဖြူးမြို့။

Future Mobile ၊ ဖြူးမြို့။

ရွှေကျီး၊ ပေါက်ခေါင်းမြို့။

သန္တာထွန်း၊ အင်းမမြို့။



၈။ မကွေးတိုင်းဒေသကြီး

Advance Telecom ၊ မကွေးမြို့။

နေနတ်သား၊ ပခုက္ကူမြို့။

အင်းဝမိုဘိုင်း၊ ချောက်မြို့။

ဟိန်းအီလက်ထရွန်နစ်၊ ရေနံချောင်းမြို့။

တန်ခိုးရှင်၊ မင်းဘူးမြို့။



၉။ မန္တလေးတိုင်းဒေသကြီး

Best One ၊ မန္တလေးမြို့။

I-Phone ၊ မန္တလေးမြို့။

Any Call ၊ မန္တလေးမြို့။

Win Mobile ၊ ပြင်ဦးလွင်မြို့။

Easy Call ၊ မိတ္ထီလာမြို့။

Zest Mobile ၊ ပျော်ဘွယ်မြို့။

လပ်ကီးမိုဘိုင်း၊ ကျောက်ပန်းတောင်းမြို့။

ဝင်းစတိုး၊ ပုဂံမြို့။

Sky Ace ၊ မြင်းခြံမြို့။

ဖူဂျီ၊ ရမည်းသင်းမြို့။



၁ဝ။ မွန်ပြည်နယ်

Best One ၊ မော်လမြိုင်မြို့။

ဂျပန်၊ မော်လမြိုင်မြို့။

ကောင်းကင်သစ်၊ ကျိုက်ထိုမြို့။

စိုးရတနာ၊ သထုံမြို့။

တော်ဝင်စန်း၊ သံဖြူဇရပ်မြို့။

ပုလဲရွှေစင်၊ မုဒုံမြို့။



၁၁။ ရခိုင်ပြည်နယ်

Super ၊ စစ်တွေမြို့။

ရွှေကိန်းအင်း၊ စစ်တွေမြို့။

စွယ်တော်ဖြူ ၊ အမ်းမြို့။

အားမာန် ၊ အမ်းမြို့။



၁၂။ ရန်ကုန်တိုင်းဒေသကြီး

TMHC-ZK ၊ ကမာရွတ်မြို့နယ်။

MTS ၊ စမ်းချောင်းမြို့နယ်။

Best One ၊ လသာမြို့နယ်။

MobilTel ၊ လသာမြို့နယ်။

MTC ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။

09 ၊ မရမ်းကုန်း မြို့နယ်။

လူကြီးမင်း၊ သင်္ဃန်းကျွန်း။

Mobile King ၊ တာမွေမြို့နယ်။

Mobile King ၊ ကြည့်မြင်တိုင်မြို့နယ်။

ISN Net ၊ အင်းစိန်မြို့နယ်။

Missed Call ၊ ဒေါပုံမြို့နယ်။

ကိုညီ-မဆွေ၊ လှိုင်သာယာမြို့နယ်။



၁၃။ ရှမ်းပြည်နယ် (မြောက်ပိုင်း)

ကျားခေါင်း၊ လားရှိုးမြို့။

Pioneer ၊ လားရှိုးမြို့။

Hello ၊ မူဆယ်မြို့။



၁၄။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ပန်းစံအိမ်၊ ကျိုင်းတုံမြို့။

အဆွေတော်၊ တာချီလိတ်မြို့။

ကျော်အောင် ၊ မိုင်းတုံမြို့။



၁၅။ ရှမ်းပြည်နယ် (တောင်ပိုင်း)

စိုင်းထွန်းထွန်းနိုင်၊ တောင်ကြီးမြို့။

စင်ဒရဲလား၊ တောင်ကြီးမြို့။

ရွှေကမ္ဘာ၊ ကလောမြို့။

တောင်ထိပ်ပန်း၊ အောင်ပန်းမြို့။

၁၆။ ဧရာဝတီတိုင်းဒေသကြီး

Best One ၊ ပုသိမ်မြို့။

Hello ၊ ပုသိမ်မြို့။

Mobile World ၊ ဟင်္သာတမြို့။

Goldern Star ၊ ကျောင်းကုန်းမြို့။

Victory ၊ မြောင်းမြမြို့။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း

အမေရိကရောက် မြန်မာများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ မြန်မာအရေးဆွေးနွေးမည်


ရန်ကုန်၊ ဧပြီ ၂၀

တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အမေရိကန်ရောက် မြန်မာများ မြန်မာအရေး တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ လူမှုရေးနှင့် အကြံပေးကောင်စီဝင် ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။

ယင်းတွေ့ဆုံပွဲကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ United Nations Plaza (၁၀) လွှာ အခန်း (၇၇၇) တွင် ဧပြီလ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုများနှင့် တိုင်းရင်းသားရေးရာ များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ဦးဆောင်ဆွေးနွေး မည်ဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာများက ထုတ်ပြန်ထားသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့တွင် နိုင်ငံတကာပဋိပက္ခ စောင့်ကြည့်ရေး အဖွဲ့ကပေးအပ်သော ငြိမ်းချမ်းရေး အကျိုးဆောင်ဆုကို နိုင်ငံတော်သမ္မတ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သွားယူစဉ် ယင်းတွေ့ဆုံပွဲကို စီစဉ်ခြင်း ဖြစ်ကြောင်း ဦးလှမောင်ရွှေက ရှင်းပြသည်။
The Voice Weekly

၄၈ လမ်းဗလီပြန်ဖွင့်လို့မရဆိုတာ ဗလီတာဝန်ရှိသူတွေနှင့်သာ သက်ဆိုင်ဟုဝန်ကြီးချုပ်ဆို


ရန်ကုန်မြို့ ၄၈ လမ်းဗလီမီး လောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ်ပြုလုပ်သောသတင်းစာရှင်း လင်းပွဲသို့ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေတက်ရောက်  ခဲ့ပြီး အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်း ပွဲ၌ “ဒီ (၄၈) လမ်း ဗလီပြန်ဖွင့်လို့ ရ မရဆိုတာနဲ့ ဘယ်တော့ပြန့်ဖွင့် လို့ရမလဲဆိုတာကတော့ ဗလီမှာ တာဝန်ရှိတဲ့သူတွေနဲ့ ပဲဆိုင်ပါတယ်။   သူတို့က အထက်ကိုစာတင်ပြီး ခွင့်ပြုမိန့်တောင်းမယ်၊ အထက်က လည်းခွင့်ပြုမိန့်ချပေးမယ်ဆိုပေမယ့် ဗလီဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ ကတော့ ဗလီကိုပြုပြင်မွန်းမံမဲ့ ဗလီကတာဝန်ရှိသူတွေနဲ့ပဲဆိုင်ပါ တယ်။ သူတို့က (၁) ရက်စောပြီး ရင် ဗလီ (၁) ရက်စောပြီးဖွင့်လို့ ရတာပေါ့”ဟု ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှပြော ကြားခဲ့သည်။
၎င်းသတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏စုံစမ်းတွေ့ ရှိချက်များ စစ်ဆေးတွေ့ရှိချက်များ အား ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
ညီညီအောင်(http://www.hotnewsweekly.com)

၅ဝဝဝ ကျပ်တန် မြန်မာ ငွေစက္ကူ အတု သိန်း ၂၇ဝ ဖမ်းဆီးရမိ

ဓာတ်ပုံ-မြ၀တီ
မြစ်ကြီးနား    ဧပြီ   ၂ဝ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးလှရီ၏ လမ်းညွှန်မှုအရ မြို့ပေါ်ရပ်ကွက်များ အတွင်း လုံခြုံရေးအတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာမှ မြန်မာ ငွေစက္ကူ ၅ဝဝဝ ကျပ်တန်
အတု ငွေကျပ်သိန်း ၂၇ဝ နှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် မြစ်ကြီးနားမြို့ နေသူ နှစ်ဦးအား ဧပြီ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ သည်။ ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် ည ၁၂ နာရီခွဲက ရှမ်းစုမြောက် ရပ်ကွက် သျှင်းသျှင်း ဟိုတယ်သို့   အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ် ရေးမှူးများနှင့် သက်သေများက သွားရောက် စစ်ဆေးခဲ့ရာ အခန်းအမှတ် (၂ဝ၈)တွင် မြစ်ကြီး နားမြို့ စီတာပူ ရပ်ကွက်နေထိုင် သူများဖြစ်သည့် ဦးအောင်ကျော်လှိုင် နှင့်ဇနီး  ဒေါ်ဘောမ်ဆွမ် တို့အား တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ အခန်းအမှတ် (၁ဝ၇)တွင်    တည်းခိုလျက် ရှိသည့် တရုတ် နိုင်ငံသား နှစ်ဦးအား ဆက်လက် စစ်ဆေးရာ ရန်ဟုန်စိန်နှင့် ကြောင်ကြား ရှုတ်ဆိုသူ နှစ်ဦးအား တွေ့ရှိခဲ့သည်။
ဆက်လက်၍ အခန်းတွင်း ထိုင်ခုံပေါ်ရှိ အနက်ရောင် ခရီးဆောင် လက်ဆွဲ အိတ်အတွင်းမှ မြန်မာ ငွေစက္ကူ အတုဟု ယူဆရသည့် ၅ဝဝဝ ကျပ်တန် ငွေကျပ် သိန်း ၂၇ဝ နှင့် အနက်ရောင် ကျောပိုးအိတ် အတွင်းမှ မြန်မာ ငွေစက္ကူအစစ် ၅ဝဝဝ ကျပ်တန်  ငွေကျပ် ၂၁၅၅ဝဝဝဝ ၊ တရုတ် Sim Card ထည့်ထားသည့် လက်ကိုင်ဖုန်း သုံးလုံး၊  ၎င်းတို့ပိုင် ၅ဂ/ ---- ပါဂျဲရိုး  အစိမ်းရောင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးတို့ အား ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတုများ လက်ဝယ် ထားရှိသူများ ဖြစ်သည့် အောင်ကျော်လှိုင် ၄၂ နှစ်(ဘ)ဦးတင်လှိုင်၊ မဘောမ်ဆွမ် ၄၃ နှစ် (ဘ) ဦးယော်ဘောမ် မြစ်ကြီးနား နေသူ နှစ်ဦးနှင့် ရန်ဟုန်စိန် ၃၇ နှစ် (ဘ)ဦးဝမ်ပန် ပေါင်၊ ကြောင်ကြားရှုတ် ၃ဝ နှစ် (ဘ) ဦးကြောင်ရှီရှောက် တရုတ်နိုင်ငံ ယူနန် မြို့နေသူ နှစ်ဦးအား အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ (ပ)၆၆/၂ဝ၁၃၊ ပုဒ်မ ၄၈၉-၈ အရ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။   
မြ၀တီ