Pages
Saturday, June 15, 2013
RNDP နှင့် ALD ပေါင်းစည်းရန် သဘောတူလိုက်ပြီ (ပေါင်းစည်းရေး အထူး)
 ၁၅ ဇွန် ၂၀၁၃
ယနေ့ပြုလုပ်သော ပေါင်းစည်းရေး အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့ ပေါင်းစည်းရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။
ပေါင်းစည်းရန် သဘောတူညီမူ ရရှိခဲ့ကြောင်းကို RNDP ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
ယနေ့တွင် အချက် (၃) ချက်ကို သဘောတူညီမူ ရရှိခဲ့ပြီး နံပတ် (၁) အချက်မှာ ပါတီနှစ်ခု တစ်ပါတီ အဖြစ် ပေါင်းစည်းရန် သဘောတူသည်။ နံပတ်(၂) ပေါင်းစည်းရေးကို မြန်မာနိုင်ငံ ရွှေးကောက်ပွဲ ကော်မရှင်၏ တည်ဆဲ ဥပဒေများနှင့် အညီ ပြုလုပ်မည်။ နံပတ်(၃) အချက်မှာ နှစ်ဘက်ပါတီမှ ပေါင်းစည်းရေးကို စနစ် တကျ ဆောင်ရွက်နိုင်ရန် နှစ်ဘက်ပါတီများမှ ကိုယ်စားလှယ်များဖြင့် ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းသည် စသည့် အချက်များ ဖြစ်သည်။
အစည်းအဝေးကို မနက်ဖြန် ဇွန်လ ၁၆ ရက်နေ့ နံနက် (၈) နာရီတွင် ပြန်လည် စတင်မည် ဖြစ်ပြီး ပေါင်းစည်းရေး အသေးစိတ် အချက်အလက်များကို ဆွေးနွေးကြမည် ဖြစ်သည်ဟု ဒေါက်တာ အေးမောင်က လိုရင်း တိုရှင်းပြောကြားသည်။
ယနေ့ ဆွေးနွေးပွဲသို့ ပါတီ တစ်ခုစီမှ ကိုယ်စားလှယ် (၆) ဦး အပါအ၀င် စစ်တွေမှ ဆရာတော် တစ်ပါးနှင့် လူမူ အဖွဲ့အစည်းများမှ လူပေါင်း ၂၀ ခန့် လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ကြသည်။
နိရဉ္စရာ-
ထိုင်းတောင်ပိုင်းတွင် ဥပုသ်လအတွင်း အကြမ်းဖက်မှု မပြုရန် မွတ်ဆလင် သူပုန်များ သဘောတူ
ထိုင်းတောင်ပိုင်း စစ်စခန်း
 ဘန်ကောက်၊ ဇွန် ၁၄
ထိုင်းနိုင်ငံတောင်ပိုင်း ခွဲထွက်ရေး မွတ်ဆလင်သူပုန်များက ယခုနှစ် ဇူလိုင် လဆန်းပိုင်းတွင် စတင်ကာ သြဂုတ် လဆန်းပိုင်းတွင် အဆုံးသတ်မည့် ရမာဒန် မွတ်ဆလင် ဥပုသ်ကာလအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု သဘောတူညီလိုက်ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်ကို The Nation သတင်းစာက ကိုးကားဖော်ပြသည်။
BRN ဟုအမည်ရသည့် အမျိုးသားတော်လှန်ရေး တပ်ဦးမှ ကိုယ်စားလှယ် များသည် ထိုင်းအစိုးရ ကိုယ်စားလှယ်များနှင့် တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင် ထိုင်းအာဏာပိုင်များ၏ တောင်းဆိုချက် ဖြစ်သော မွတ်ဆလင် ဥပုသ်လအတွင်း တိုက်ခိုက်မှု မပြုလုပ်ရေး အဆိုကို သဘောတူညီလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သက် ဆင်ရှင်နာဝပ်လက်ထက် နောက်ပိုင်းမှစ၍ တအုံနွေးနွေး ဖြစ်လာခဲ့သည့် တောင်ပိုင်း ခွဲထွက်ရေး မွတ်ဆလင်သူပုန်များ ပြဿနာကို ယခုအခါ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာ ဦးဆောင်သော အစိုးရက ဒိုင်ယာလော့ခ် နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုး ပမ်းလျက် ရှိသည်။
အဆိုပါ ဆွေးနွေးပွဲများကို မလေးရှား အစိုးရ၏ ကမကထ ပြုလုပ်မှုဖြင့် ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ကြောင်း၊ ထိုင်းအစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို အမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး ဘာရာဒွန်းပတ်တာနီဘာက ဦးဆောင်ကြောင်း အစိုးရ အရာရှိကြီးများက ဆိုသည်။
ယခုဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက် ကိုယ်စားလှယ်များက ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ်ပြန် ကြေညာသည်။
အဆိုပါ ကြေညာချက်တွင် ထိုင်းအာဏာပိုင်များ အနေဖြင့် သူပုန်တပ်ဖွဲ့များ၏ အဆိုပြုချက် ဖြစ်သော အချက်ငါးချက်ပါ အဆိုပြုချက်ကို ထည့်သွင်း စဉ်းစားရန် သဘောတူညီကြောင်း ဖော်ပြပါရှိသည်။
သူပုန်များဘက်မှ အဆိုပြုချက်များတွင် လုံခြုံရေးအရ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူများကို ပြန်လွှတ်ပေးရေး၊ မလေးရှားနိုင်ငံကို ဆွေးနွေးပွဲတွင် ကြားခံနိုင်ငံအဖြစ် သတ်မှတ်ပေးရေးလည်း ပါဝင်သည်။
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွင် နှစ်အတန်ကြာ ဖြစ်ပွားခဲ့သော မွတ်ဆလင် သူပုန်များ၏ ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုများကြောင့် လူပေါင်း ၅၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။
The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ တွေ့ဆုံ
ရန်ကုန် ဇွန် ၁၅
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တက္ကသိုလ် ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မူလ သတင်းထုတ်ပြန်ထားချက်အရ မွန်းလွဲ ၂ နာရီ၌ တွေ့ဆုံမည်ဟု ဆိုသော်လည်း နာရီဝက်ခန့် စော၍ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သတ်၍ နှစ်ဖက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။
“အလည်သက်သက် လာတာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က နေအိမ်မှ ပြန်လည် ထွက်ခွာချိန် သတင်းရယူရန် စောင့်ဆိုင်းနေသော မီဒီယာ များအား ကားပေါ်မှ ပြောကြားသွားခဲ့သည်။
NLA
Popular Myanmar News Journal
ကချင် ဒုက္ခသည်စခန်းဆီ အကူအညီ သွားပေးခွင့်ရတာ ကုလကျေနပ်
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ်များ ( ဇန်နဝါရီ ၄၊ ၂၀၁၃)။
ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတွေကို မြန်မာအစိုးရက ပို့ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကျေးဇူးတင် တယ်လို့ ကုလသမဂ္ဂက ပြောကြား လိုက်ပါတယ်။ မြန်မာအစိုးရက အခုလိုခွင့်ပြု လိုက်တာဟာ အပြု သဘောဆောင်တဲ့ခြေလှမ်း တရပ်ဖြစ်ပြီး၊ နောက်ထပ်လည်း အကူအညီတွေလည်း ပေးသွားဖို့ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်ပြီးတော့ ကြည့်ရအောင်ပါ။
ကချင်ပြည်နယ်အတွင်းက အိုးအိမ်းစွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီပေးရေး ယာဉ်တန်းကို သွားခွင့်ပြု တဲ့ မြန်မာ အစိုးရကရော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့က ပူးပေါင်းဆောင်ရွက်မှု ကို အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Ashok Nigam က ပြောလိုက်ပါတယ်။
ကား ၁၀ စင်းပါတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ မိုင်ဂျာယန်မြို့ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပြီး ၊ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒုက္ခသည် ၅ ထောင်ကျော်အတွက် အကူအညီတွေကို သယ်ဆောင်သွားတယ်လို့ Ashok Nigam ရဲ့ ပြောကြားချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နာ စာကီးက အခုလို ပြန်ပြောပြပါတယ်။
"ဒီယာဉ်တန်းဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ အတွက် မြန်မာအစိုးရဘက်က အပြုသဘောဆောင် တဲ့ ခြေလှမ်း တရပ်ဖြစ် ပါတယ်။ ကုလသမဂ္ဂရဲ့ အခုသွားနေတဲ့ ယာဉ်တန်းဟာ အကူအညီပေးဖို့ စီစဉ်ထားတာတွေထဲက ပထမဆုံးတခုဖြစ်သလို၊ ကချင်ပြည်နယ် အတွင်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့သူတွေ အားလုံးကို ပုံမှန်အတိုင်း ဆက်ပြီး ထားနိုင်ဖို့က အရေးကြီးပါတယ်။"
ကချင်စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက အသင့်ရှိနေပြီး ၊ ဒီလို အကူအညီတွေကို တားဆီး ကန့်သတ်တာတွေ မလုပ်ဘဲ၊ ဘေးကင်း လုံခြုံစွာ ပေးနိုင်အောင် အာမခံဖို့ မြန်မာအစိုးရနဲ့ KIO တို့ဆီက မျှော်လင့် တယ်လို့ ပြောပါတယ်။
"လူသားချင်းစာနာမှု ၊ ဘက်မလိုက်ပဲ ကြားနေဆောင်ရွက်မှု နဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်မှု စတဲ့ လူသားချင်းစာနာတဲ့ အခြေခံမူတွေနဲ့ အညီ ကျနော်တို့က အကူအညီတွေကို ဆက်ပြီးတော့ ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။"
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နာစာကီး ပြောသွား တာဖြစ်ပါတယ်။ မြန်မာအစိုးရ နဲ့ KIO ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပြီးခဲ့တဲ့လက ရရှိခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ ဒုက္ခသည်တွေအတွက် ပထမဆုံးအကြိမ် အကူအညီတွေပေးပို့ခွင့် ရတာဖြစ်ပါတယ်။ 
ကိုရန်နိုင် VOA
ဦးရွှေမန်း ဘန်ကီမွန်းနဲ့တွေ့
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ဆုံစဉ်။ (ဇွန် ၁၄၊ ၂၀၁၃)
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ ခိုင်ခိုင်မာမာရှိစေဖို့အတွက် မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းချင်း အကြမ်းဖက် တိုက်ခိုက်နေ တာ ဖြေရှင်းရေး၊ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူ သူ လူနည်းစုတွေ ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးလေးစားစား အာမခံရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူမှု၊  ထင်သာမြင်သာ အသေအချာ ရှိစေရေး တို့ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၁၄ရက်နေ့က အခုအခါ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ သူရဦးရွှေမန်းနဲ့ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံကြစဉ်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဦးရော်နီငြိမ်းက ပြောပြပေးမှာဖြစ်ပါတယ်။
နယူးယောက်မြို့မှာ ဇွန်လ ၁၄ရက်နေ့ မနက်က သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ Google အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက်မှာတော့ ကုလသမဂ္ဂရုံးကို သွားရောက်ပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မစ္စတာဘန်ကီမွန်းနဲ့ သူရဦးရွှေမန်းတို့ရဲ့ ဆွေးနွေးမှုအကျဉ်းချုပ်ကို အတွင်းရေးမှူးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂျရုမ်းဘားနက် Jerome Bernard က ဗွီအိုအေကို အခုလိုပြောပါတယ်။
“မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တွေ့ဆုံခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်နဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့ဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုတွေကို အမြင်ချင်း ဖလှယ်ခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ရှေ့ကိုဆက်နိုင်စေရေး၊ ပြည်ထောင်စု လွှတ်တော်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုရေး တိုးတက်ပြောင်းလဲစေဖို့ ဥပဒေတွေ ပြုပေးခဲ့တာအပါအဝင်၊ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေတာကို အတွင်းရေးမှူးချုပ်က ချီးကျုးခဲ့ပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေ နဲ့ပတ်သက်ပြီးတော့လည်း အတွင်းရေးမှူး က ထောက်ပြပြောဆိုခဲ့တယ်လို့ မစ္စတာဘားနက်က ဆိုပါတယ်။
“ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ခိုင်ခိုင်မာမာရှိစေဖို့အတွက် မတူကွဲပြားတဲ့ လှူုမှုအသိုင်းအဝိုင်းချင်း၊ အကြမ်းဖက် တိုက်ခိုက်နေ တာတွေ ဖြေရှင်းရေး၊ တိုင်းရင်းသားတွေနဲ့ ကိုးကွယ်ရာ ဘာသာမတူသူ လူနည်းစုတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ကို လေးလေးစားစား အာမခံရေး၊ အကြမ်းဖက်သူတွေကို အရေးယူမှု၊ ထင်သာမြင်သာ အသေအချာ ရှိစေရေးတို့ကို မြန်မာနိုင်ငံမှာ လုပ်ဆောင်ဖို့ လိုအပ်လိမ့်မယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပြောဆိုခဲ့ပါတယ်။”
မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေရာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့ ပါဝင်ကြတဲ့ ပြည်ထောင်စုလွှတ်တော်က ပူးပေါင်း ပါဝင်ကြတဲ့ အခန်းကဏ္ဍကိုလည်း ချီးကျူးပြောဆိုခဲ့တယ်လို့ မစ္စတာဘားနက်က ဗွီအိုအေကို ပြောပါတယ်။
“မြနဲ့်မာနိုင်ငံရဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အားလုံးသော နိုင်ငံရေးပါတီဝင်တွေ ပါဝင်နိုင်အောင် ပြည်သူ့ လွှတ်တော်ရဲ့ ဥက္ကဌနဲ့တကွ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေရဲ့ ဆက်ပြီး ကြိုးပမ်း ဆောင်ရွက် နေမှုတွေကို အတွင်းရေးမှူးချုပ်က ကြိုဆိုခဲ့ပါတယ်။ အတိအကျအားဖြင့် မြန်မာနိုင်ငံက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ အားလုံး ပါဝင်ပူးပေါင်းဆောင်ရွက်ရေးတွေ မှာ ပြည်ထောင်စု လွှတ်တော်က အထောက်အကူပေးတဲ့ ကဏ္ဍကနေ ပါဝင်နေတာကိုလည်း အတွင်းရေးမှူးချုပ်က အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။”
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှာ ပြည်သူ့လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော်ရဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီရဲ့ ဥက္ကဌ ဦးသိမ်းဆွေ၊ အမျိုးသားလွှတ်တော်ရဲ့ တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး ဦးခတ်ထိန်နန်၊ ပြည်သူ့လွှတ်တော်ရဲ့ ပြည်သူ့ငွေစာရင်း အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်နဲ့ ပြည်သူ့လွှတ်တော်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့အဖွဲ့ဝင် ဒေါက်တာမျိုးအောင်တို့လည်း လိုက်ပါလာကြပါတယ်။
သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေဟာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်  UNDP ရဲ့ အကြီးအကဲ Miss Helen Clark နဲ့လည်း ဇွန်လ ၁၄ရက်နေ့ နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့သလို General Electric ကုမ္ပဏီကြီးရဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ နယူးယောက် စံတော်ချိန် ညနေ ခြောက်နာရီခွဲမှာတော့ သူရဦးရွှေမန်းနဲ့အဖွဲ့ဟာ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှာ နယူးယောက်မြို့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
ဦးရော်နီငြိမ်းVOA
"၉၆၉" ကို သာသနာညှိးနွမ်း စေနိုင်တဲ့ ကိစ္စတွေမှာ မသုံးဖို့ သံဃာတွေ သဘောတူ
ashin-san-kain-da-305.jpg
ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်မှာ ဇွန်လ ၁၃ ရက်နေ့ကစတင်ပြီး ၂ ရက်ကြာ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပမည်ဖြစ် ပါသည်။
photo: RFA/ Myo Zaw Ko
 “ ၉၆၉ “  ဆိုတဲ့ အက္ခရာအမှတ်အသားဟာ ရတနာ ၃ ပါးကို အထူးပြုထားတဲ့  ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့အတွက်ကြောင်  ဗုဒ္ဓသာသနာကို ညှိးနွမ်း စေနိုင်တဲ့ ကိစ္စတွေ လုပ်ရပ်တွေမှာ အသုံးမပြုကြဖို့ ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ သဘောတူ ထုတ်ပြန်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကို အကြမ်းမဖက်ဘဲ တရားဥပဒေအတိုင်း ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက် မှာ အဲဒီ ဆွေးနွေးပွဲကို ဇွန်လ ၁၃ရက် ကနေ ၁၄ရက်နေ့ အထိ ၂ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတဝှန်းက ထင်ရှားတဲ့ သံဃာတော် အပါး ၂ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။  ဒီ သဘောတူညီချက်နဲ့ ပတ်သက်ပြီး  သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ်က အရှင်ဒေဝိန္ဒာဘိဝံသ က မိန့်ကြားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးကိုရှေ့ရှုပြီး သက်ဆိုင်ရာဘာသာအလိုက် ခိုင်မာတဲ့ဥပဒေတွေ ရေးဆွဲပြဌာန်းဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေကို တိတိကျကျလိုက်နာဆောင်ရွက်ဖို့၊ နိုင်ငံသားအချင်းချင်း အပြန်အလှန်လေးစားဖို့၊ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမှုတွေကို ရှောင်ကျဉ်ဖို့၊ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ဖို့စတဲ့ အချက်တွေပါတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ဆွေးနွေးပွဲအပြီးမှာ သဘောတူထုတ်ပြန်ခဲ့ပါတယ်။
၂ ရက်ကြာကျင်းပခဲ့တဲ့ သံဃာဆွေးနွေးပွဲမှာ ပဋိပက္ခတွေကို ဗုဒ္ဓနည်းကျဖြေရှင်းရေး၊ ငြိမ်းချမ်းစွာနေထိုင်ရေးအတွက် ဥပဒေဆိုင်ရာကဏ္ဍ၊ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ပညာရပ်လေ့လာရေးကဏ္ဍစတဲ့ကဏ္ဍ ၇ ခုခွဲပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 
ဆွေးနွေးပွဲကနေ သဘောတူထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို အစိုးရနဲ့ နိုင်ငံတော်သံဃာနာယကအဖွဲ့ကို ပေးပို့ဖို့မရှိဘူးလို့လည်း သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို ဆရာတော် အရှင်ဆေကိန္ဒ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့က သံဃာအပါး ၂ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
RFA
ကုလအကူအညီယာဉ်တန်း မိုင်ဂျာယန်ရောက်
အနည်းဆုံးကုန်တင်ကား၁၀စီးပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင် စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီဒေသကို တနှစ်နီးပါး ကာလအတွင်း ပထမဆုံးရောက်ရှိသွားတဲ့ ကုလသမဂ္ဂရဲ့ ကူညီရေး ယာဉ်တန်းဖြစ်ပြီး  လူ၃၀၀၀ကျော်အတွက် တလစာ အခြေခံ စားနပ်ရိက္ခာတွေ အပါအ၀င် အိမ်ထောင်သုံးပစ္စည်းတွေနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင်တွေ ပါဝင်တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်အရေး ကူညီသူက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မိုးတွင်းကာလ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့်  တရုတ်မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာဒေသက အနည်းဆုံး ကုန်တင်ကား၁၀စီး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင်စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ အကျပ်အတည်း ရှိနေချိန်မှာပဲ ကုလသမဂ္ဂ ယာဉ်တန်းဟာ သောကြာနေ့ မနက်ပိုင်းက  မိုင်ဂျာယန်က ဒုက္ခသည် စခန်းကို ရောက်ရှိသွားတာဖြစ်ပါတယ်။ ယာဉ်တန်းတွေ ဆိုက်ရောက်လာတာကိုတော့ ၀မ်ပေါင်နိန်ထွဲခေါ်  ဒုက္ခ သည်ရေးရာ ကူညီရေး အဖွဲ့က တာဝန်ခံ မမေရီတောမ်က အခုလို အတည်ပြုပြော ပါတယ်။
“ဒီမနက် ဆယ်နာရီ ပတ်ဝန်းကျင်လောက်ရောက်ပါတယ်။ ကားကတော့ ဒီသူတို့ အဖွဲ့အစည်း လေးခုပေါ့နော်။ UNICEF၊ UNHCR၊ WFP UN ရယ်ပေါ့နော်။ UN ကားလေးစီးပေါ့။ ကုန်ကားတွေကတော့ ခြောက်စီးလား၊ ခုနှစ်စီးလားမသိဘူး။ သူတို့စခန်းတခုကို ဝင်ပို့ဖို့ လာတယ်။ အဓိကကတော့ WFP World Food Programme အနေနဲ့ Basic ပေါ့။ အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲပေါ့။ အဲ့တာပါတယ်။ နောက်တချို့ ပါတယ်။ ဒါပေမဲ့ အဲ့တာ အရေအတွက် နည်းတယ်။ အားလုံးအတွက်တော့။”
အခုလာရောက် ပို့ဆောင်တဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေက စခန်းတွင်းက လူ၃ထောင်ကျော်အတွက် တလစာဖြစ်တယ်လို့လည်း မမေရီတောမ်က ဆက်ပြောပါတယ်။
“အခုသူတို့လာတော့ စခန်းပေါ့နော်။ အဲ့ဒီ့ကမ့်ထဲမှာက IDP တွေရှိတယ်။ အကုန်လုံး ရွာပေါင်းကိုးဆယ်ကျော်က IDP ပေါ့။ အားလုံး ကျောင်းသားတွေ အပါအဝင် သုံးထောင် သုံးရာကျော် အဲ့ဒီ့မှာရှိတယ်။ အဲ့အရေအတွက်နဲ့ဆိုရင် တစ်လစာပေါ့။ တစ်လစာ ယူလာတယ်။ သူတို့က ဒီလိုပါပဲ။ လာတိုင်း တစ်လစာ၊ လာပေးသွားတယ်။”
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ တရုတ်မြန်မာ နယ်စပ်ဒေသ အတွင်းမှာ စခန်းပေါင်း ၃၀လောက်ရှိပြီး ဒုက္ခသည်ဦးရေကတော့ ၇သောင်းလောက် အထိ ရှိနေတာဖြစ်ပါတယ်။ ဒီ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကိုတော့ KIO ရဲ့ ဒုက္ခသည်ရေးရာတာဝန်ခံ ဦးဒွဲပီဆာက အခုလို ပြောပါတယ်။
“ လိုအပ်ချက်က အများကြီးရှိပါတယ်။ စားနပ်ရိက္ခာ၊ နောက် ကျောင်းသားတွေ အတွက် အစစအရာရာ၊ ကျောင်းသုံးစာအုပ်၊ ကျောင်းပရိဘောဂ၊ တော့ စာရွက် စာတမ်း အဲ့တာပေါ့။ မိုးတွင်းရောက်ပြီဆိုတော့၊ ရောဂါတွေလည်း ဌက်ဖျားရောဂါ တို့၊ ဝမ်းရောဂါတို့ဖြစ်တော့ ဆေးဝါးလည်းပဲ အများကြီးလိုပါတယ်။”
မိုင်ဂျာယန်ဒေသအတွင်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ကုလ သမဂ္ဂထောက်ပံ့ရေး ယာဉ်တန်း တကြိမ်ရောက် ခဲ့တာကြောင့် အခု တခေါက် ဟာ ရောက်တဲ့ယာဉ်တန်းဟာ တနှစ်နီးပါးကာလအတွင်း ပထမဆုံးရောက်တဲ့ ယာဉ်တန်းလည်းဖြစ်ပါတယ်။ အခုလို တနှစ်နီးပါးကြား မှ ထောက်ပံရေး ပစ္စည်းတွေ ပို့ဆောင်နိုင်တဲ့ အခြေအနေကိုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။
“ဒီနေရာတွေက နယ်မြေလုံခြုံရေး၊အတွက် အဓိက ထားတဲ့ နေရာတွေဖြစ် တယ်ပေါ့။ အဲ့တာကြောင့် ဒီလိုနေရာတွေ သွားဖို့ ဆိုတာက အစိုးရဖက် ကရော၊ ကေအိုင်အေ ကေအိုင်အိုဖက် ကရော၊ နှစ်ဦးနှစ်ဖက် သဘောတူမှ၊ နောက်ပြီး ဒီသွားတဲ့လမ်းကြောင်းမှာလည်း လုံခြုံရေးကလည်း အာမခံနိုင်မှပေါ့လေ။ အဲ့တာပြီးမှ သွားလို့ရတယ်ခင်ဗျ။ နောက်ပြီးတို့ ဒီ UNတို့ နောက် UN နဲ့ တွဲဖက်လုပ်တဲ့ အဖွဲ့အစည်းတွေက ဒီလို အကူအညီပေး တယ်ဆိုရင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေ ရှိတယ်။ ဒါက ဘာလဲဆိုလို့ရှိရင် လွတ်လပ်မှုရှိရမယ်။ ဘယ်ဘက်ကိုမှ မျက်နှာသာပေးခြင်းမရှိရဘူး။ နောက်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဓိက ထားလှူရမယ်။ ဒီအချက်တွေကို အဓိကထား ညှိနှိုင်းပြီး လုပ်ရပါတယ်ခင်ဗျ။ အဲ့ဒီ့တော့ ဒီလုံခြုံရေး ကိစ္စရော၊ ဒီအချက်တွေကရော၊ အကုန်လုံးကို အသေးစိတ်ဆွေးနွေးရတဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေ အကုန်သဘောတူညီချက်ရမှ ဒီကားတွေ ထွက်လို့ရပါတယ်ခင်ဗျ။”
လက်ရှိ ယာဉ်တန်းသွားနိုင်တာကလည်း ဒီအချက်တွေကို ညှိနှိုင်းအောင်မြင်ခဲ့ တာကြောင့်ဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။
ဒီနှစ်ဖေဖော်ဝါရီလ အတွင်းကတော့ ကုလသမဂ္ဂကူညီရေးယာဉ်တန်းဟာ ဖားကန့်ဒေသဖက်ကို သွားရောက်ပြီး ဒုက္ခသည်တွေကို အကူအညီ ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလအတွင်းက မိုင်ဂျာယန်ဒေသဖက်ကို  သွားရောက်တဲ့ ယာဉ်တန်းကိုတော့ နိုင်ငံခြားသားတွေပါဝင်တာကြောင့် အာဏာပိုင်တွေက  တားမြစ်ခဲ့ဖူးပါတယ်။
ကိုမိုးဇော် (ဗွီအိုအေ)
ကေအိုင်အို ထိန်းချုပ်နယ်မြေမှာ ကုလသမဂ္ဂ သွားရောက်ကူညီခွင့် စတင်ရရှိ
ကချင်စစ်ပြေးဒုက္ခသည်စခန်းမြင်ကွင်း။ ( HRW )
 ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်တွေအတွက်  ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ထောက်ပံ့ကူညီပေးရေးကို မြန်မာအစိုးရက ဒီကနေ့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေဆီ ကုလသမဂ္ဂအဖွဲ့တွေ ဝင်ရောက်အကူအညီပေးရေးကို မြန်မာအစိုးရက ပိတ်ပင်ထားခဲ့တာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထရပ်ကား ၁၀ စီးနဲ့ အကူအညီပေးရေး ပစ္စည်းတွေတင်ဆောင်သွားတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ ဒီကနေ့ လိုင်ဇာမြို့က ဒုက္ခသည်တွေဆီ ရောက်ရှိသွားပြီဖြစ်ကြောင်း ရန်ကုန်ကုလသမဂ္ဂရုံး တာဝန်ခံ ဦးအေးဝင်းက ပြောပါတယ်။
"ဒီနေ့သူတို့ လက်ဂျားယန်ကို ရောက်တယ်လို့ သိရပါတယ်၊ စားနပ်ရိက္ခာတို့၊ နောက်တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတွေ၊ တခြားအိမ်ထောင်စုပစ္စည်းတွေလည်းပါတယ်၊ လူ ၅ ထောင်ကျော်ကျော်လောက်အတွက် သူတို့ယူသွားတယ်၊ အဲကိုမရောက်နိုင်တာ အခုဆိုတစ်နှစ်နီးနီးရှိနေပြီ၊ မိုးရာသီဝင်တဲ့အချိန် ဒီလိုသွားနိုင်တာဟာ တော်တော့်ကိုဝမ်းသာစရာကောင်းတယ်ပေါ့လေ၊ ဒါပေမယ့် ဆက်ပြီးတော့သွားနိုင်ဖို့ အခွင့်အလမ်းရှိဖို့က လိုတယ်ဗျ၊ ပြန်လာတဲ့အခါကျလို့ရှိရင် အဲဒီကအခြေအနေကိုလည်း ကျနော်တို့ ပိုပြီးတော့သိရမယ်၊ နောက်တခြားဘာတွေ အထူးလိုအပ်တယ်ဆိုတာ ခန့်မှန်းလို့ရသွားတာပေါ့ဗျာ"
ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၁ သိန်း နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပါတယ်။ ဒုက္ခသည် တစ်ဝက်ခန့်ဟာ ကေအိုင်အို ထိန်းချုပ်ရာနယ်မြေထဲမှာရှိတာကြောင့် မြန်မာအစိုးရက အကူအညီပေးရေးအဖွဲ့တွေကို ပိတ်ပင်ခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ ကေအိုင်အို ခေါင်းဆောင်တွေရဲ့တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ အရင်လျော့ချရေး သဘောတူညီခဲ့ပြီးနောက် အခုလို ဒုက္ခသည်တွေကို ကူညီခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
RFA
Reference Foreign Exchange Rates
logo
Central Bank of Myanmar
Reference Foreign Exchange Rates as of 14th June 2013
  • The reference exchange rate of the kyat for account transactions against the U.S. dollar is based on the auctions conducted by the Central Bank of Myanmar and authorized domestic dealer banks.
    Currency Value Reference Rate for Account Transactions
      United State Dollar      USD      1/- = K            950.00
  • Indicative cross exchange rates for other certain currencies.
    Currency Value Indicative Cross Exchange Rates for Account Transactions
    Euro EUR 1/-=K 1,270.1
    Singapore Dollar SGD 1/-=K 759.42
    Pound Sterling GBP 1/-=K 1,491.7
    Swiss Franc CHF 1/-=K 1,030.6
    Japanese Yen JPY 100/-=K 1,002.7
    Australian Dollar AUD 1/-=K 911.31
    Bangladesh Taka BDT 1/-=K 12.183
    Brazilian Real ** BRL 1/-=K 441.88
    Brunei Dollar BND 1/-=K 759.61
    Cambodian Riel ** KHR 100/-=K 23.739
    Canadian Dollar CAD 1/-=K 933.52
    Chinese Yuan CNY 1/-=K 154.86
    Czech Koruna ** CZK 1/-=K 49.452
    Danish Krone ** DKK 1/-=K 169.91
    Egyptian Pound ** EGP 1/-=K 135.87
    Hong Kong Dollar HKD 1/-=K 122.35
    Indian Rupee INR 1/-=K 16.404
    Indonesian Rupiah IDR 100/-=K 9.6130
    Israeli Shekel ** ILS 1/-=K 262.76
    Kenya Shilling ** KES 1/-=K 11.114
    Korean Won KRW 100/-=K 84.224
    Kuwaiti Dinar ** KWD 1/-=K 3,351.3
    Lao Kip *** LAK 100/-=K 12.309
    Malaysian Ringgit MYR 1/-=K 304.34
    Nepalese Rupee ** NPR 1/-=K 10.248
    New Zealand Dollar NZD 1/-=K 765.17
    Norwegian Kroner ** NOK 1/-=K 164.87
    Pakistani Rupee PKR 1/-=K 9.6398
    Philippines Peso PHP 1/-=K 22.093
    Russian Rouble ** RUB 1/-=K 29.546
    Saudi Arabian Riyal ** SAR 1/-=K 253.31
    Serbian Dinar ** RSD 1/-=K 11.100
    South Africa Rand ** ZAR 1/-=K 94.982
    Sri Lankan Rupee ** LKR 1/-=K 7.4406
    Swedish Krona ** SEK 1/-=K 145.95
    Thai Baht THB 1/-=K 30.904
    Vietnamese Dong ** VND 100/-=K 4.5282
ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်မှာ အမျိုးသမီး တဦးအရိုက်ခံရတဲ့ သတင်း မှားယွင်းနေကြောင်း ပြင်ဦးလွင် NLD ရှင်းလင်း
9.6.2013 နေ. အမေ ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်နှင့်ပတ်သက်ပြီး အမျိုးသမီး တဦး ၏ သတင်းအမှားများတွေနေရပါသည်၊ ၄င်းကိစ္စနှင့်ပတ်သက်ပြီးတိကျခိုင်လုံတဲ့ သက်သေ အထောက်အထားများ ရှိပါသလား၊ ၄င်းအမျိုးသမီး အရိုက်ခံရပြီး ဆေးရုံးတက်ရသည်ဆိုသော ဆေးရုံးကို စုံစမ်းပြီပြီးလား သတင်းမှားနေပါသည်။
အမေ ဒေါ်အောင်ဆန်စုကြည် ပြင်ဦးလွင်ခရီးစဉ်အတွက် တိုင်စာ ၊မြေယာကိစ္စ၊ကျန်စာများ ကို
တစ်ပတ်ကြိုတင် လက်ခံပေးခဲ့ပါသည်။ ၉.၆.၂၀၁၃ နေ. တွင်လည်း ပွဲ ရှေ.မှာ သတင်းနှင့်ပြန်ကြားရေး ရုံး ဖွင့်လှစ်ပြီး စာများလက်ခံ ခဲ့ပါသည်။
၎င်းအမျိုးသမီး ၉.၆.၂၀၁၃ နေ.ဟောပြောပွဲ ကိုလာသည်ကို သတင်းနှင့်ပြန်ကြားရေး ကိုယ်တိုင်တွေ.ရှိခဲ့ပါတယ်၊သူမ မေးခွန်းမေးရန်လက်ထောင်ပြခြင်း လုံဝ မရှိခဲ့ပါ။ ကွင်းအတွင်း သတင်းနှင့်ပြန်ကြားရေး အဖွဲ.၀င်အင်းအား (၅၀) အထက် တာဝန်ချထားပါသည်။၎င်းအမျိုးသမီး ဟောပြောပွဲ ပြီးခါနီး အချိန် စာများပေးခဲ့ပါသည်လုံခြုံရေးတဦးမှာ ၄င်းစာကိုယူပြီး သတင်းနှင့်ပြန်ကြားရေး သို.လျွှဲအပ်ခဲ့ပါတယ် ။၎င်းစာများကို ဗဟိုအဖွဲ့ ကိုလွှဲပေးခဲံပါတယ်။ ၉.၆.၂၀၁၃ နေ.တိကျခိုင်လုံသော သတင်းများကို ပြင်ဦးလွင်မြို.နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ထံ စုံစမ်းနိုင်ပါတယ်။ တဖက်သတ်သတင်းအမှားကြောင့် အဖွဲ.ချုပ်ဂုဏ်သိက္ခာ ကျဆင်းနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြင်ဦးလွင်မြို.
ပြည်တော်သာ (၃)လမ်း
သတင်းနှင်ပြန်ကြားရေး
သစ်ထူးလွင်
သာစည်မြို့ နယ်မှာ မီးရှို့ မှုနဲ့ ပါတ်သက်ပြီး လူ ၆ ဦးကို ဖမ်းဆီး
မိတ္ထီလာ အဓိကရုံး ကာလ
သာစည်မြို့ နယ်မှာ မီးရှို့ မှုနဲ့ ပါတ်သက်ပြီး လူ ၆ ဦးကို ဖမ်းဆီး မိတ္ထီလာ အဓိကရုံး ကာလ အတွင်း မတ်လ ၂၃ ရက်ညတွင် ဖြစ်ပွားခဲ့သော သာစည်မြို့
နယ် ကြက်မောက်ကျေးရွာ အနီးရှိ မွတ်ဆလင် ဘာသာဝင်များ ပိုင်ဆိုင်သော အမဲသတ်ရုံ တစ်ရုံနှင့်
အိမ်နှစ်လုံးမီးရှို့ ဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး ကြက်မောက်ကျေးရွာမှ ကိုဆန်းဝင်း ကိုရဲ၊ ကိုကျော်သူ ၊ ကိုနိုင်၊ ကိုဂျော်ကာနှင့် ကိုအောင်ကျော်စိုး  ၆   ဦးအား သာစည်ရဲစခန်းမှ  ၁၄-၆-၂၀၁၃  ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်း ရရှိပါသည်။
Myanmar News Now
လိုသည်ထက်ပို၍ဖော်ချွတ်နေကြတဲ့ အစ္စရေးစစ်သမီးများ
အစ္စရေးစစ်သမီးများသည် ကမ္ဘာအရပ်ရပ်ရှိ တပ်မတော်များ ၏ အမျိုးသမီးစစ်သည်များနှင့် ယှဉ်လျှင် လေ့ကျင့်သားပြည့်ဝမှု၊ ပြင်းထန်သော လေ့ကျင့်ခန်းများ ကို ဆောင်ရွက်နိုင်မှု၊ အပင်ပန်း အဆင်းရဲခံနိုင်မှုများတွင် စံမီသူ များဖြစ်ပြီး၊ အမျိုးသားစစ်မှုထမ်း များနည်းတူ ရင်ဘောင်တန်းနိုင် သူများဖြစ်သည်ဟု သတင်းကြီး သူများဖြစ်သည်။
သို့သော် စစ်သမီးဆောင် (MILITARY BARRACK) များ၌အရပ်ဝတ်စုံမာဖီ (MUFTI) ဖြင့် နေထိုင်ကြရာတွင် လိုသည် ထက်ပို၍ ဖော်ချွတ်ပြီးနေထိုင် ခြင်း၊ မိမိကိုင်ဆောင်ရမည့် လက် နက်ခဲယမ်းများနှင့် ချပ်ဝတ်တန် ဆာ (EQUIPMENTS) များကို ပင် မအပ်မရာနေရာ၌ ချိတ်ဆွဲ မှုများရှိနေကြောင်း ဇွန် ၁၃ ရက် အေပီသတင်းတစ်ရပ်တွင် ဓာတ် ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။
နိုင်ငံတကာရှိ တပ်မတော် များတွင်လည်း ““စစ်စည်းကမ်း သည် တပ်မတော်၏ ကြောရိုး”” ဖြစ်ကြောင်း သတ်မှတ်ထားကြ သည်။ တပ်မတော်သားများသည် စစ်ဥပဒေ၊ စစ်စည်းကမ်းများကို သာမက၊ နိုင်ငံတော်ကပြဋ္ဌာန်း ထားသည်။ တရားဥပဒေ၊ အက် ဥပဒေ၊ နည်းဥပဒေ၊ ဒေသန္တရ အမိန့်နှင့် ညွှန်ကြားချက်များကို လည်း လိုက်နာကြရသူများဖြစ် သဖြင့် တပ်မတော်သားများသည် စည်းကမ်းလိုက်နာရာ၌ စံပြုထိုက် သူများဖြစ်သည်။ သို့ရာတွင် အစ္စ ရေးစစ်သမီးများ ဤသို့လွတ်လပ် မှုလွန်ကဲနေခြင်းများမှာ သက် ဆိုင်ရာတပ်မတော်၏ ဂုဏ်သတင်း ကို ရိုက်ခတ်လာနိုင်ဖွယ်မရှိပေ ဘူးလားဟု ထောက်ပြထားသည်။
 ကျော်စိန် The Hot News Weekly Journal
သမ္မတအိုဘားမား ဆီးရီးယားသူပုန်များကို လက်နက်ခဲယမ်းထောက်ပံ့ရန် ဆုံးဖြတ်ပြီးဖြစ်
အမေရိကန်သမ္မတအိုဘား မားသည် ဆီးရီးယားအစိုးရစစ် တပ်အနေဖြင့် သူပုန်များအား ဓာတုလက်နက်များအသုံးပြုနေ ကြောင်းခိုင်လုံသည့် အထောက် အထားများရရှိထားပြီဖြစ်၍ အာဆတ်အစိုးရအား လက်နက် စွဲကိုင်တိုက်ပွဲဝင်နေသည့် သူပုန် များကို လက်နက်ခဲယမ်းများ ထောက်ပံ့ရန် ဇွန်လ ၁၃ ရက် က ဆုံးဖြတ်လိုက်သည်။
သမ္မတအိုဘားမားက ဆီးရီး ယားအစိုးရသည် သည်းခံနိုင် သည့်အတိုင်းအတာသတ်မှတ် စည်း Red Lineကိုကျော်နေပြီး အမေရိကန်တို့မ၀င်ရန်မဖြစ်တော့ လို့ ၀င်ရတော့မည့်အခြေအနေ ရောက်ရှိနေသည့်အတွက် ယင်း သို့ဆုံးဖြတ်ရခြင်းဖြစ်သည်ဟုဆို သည်။ ဆီးရီးယားအရေးကို စစ် ရေးအရ ဖိအားပေးဆောင်ရွက် ရန် လွန်စွာစိတ်အားထက်သန်နေ သူ ဆီးနိတ်အမတ် ဂျွန်မက်ကိန်း ကလည်း ““မိမိအနေဖြင့် ဆီးရီး ယားအစိုးရအား စစ်ရေးအရ အရေးယူရေးဆုံးဖြတ်နိုင်ရန် သမ္မတအိုဘားမားအား မနေ့က တင်ပြခဲ့သည်””ဟု ပြောကြားပြီး၊ အမေရိကန်ထိပ်တန်းအရာရှိ ၃ ဦးတို့က ဆီးရီးယားအား စစ်ရေး အရ အရေးယူရန်၊ သူပုန်များအား စစ်လက်နက်ပစ္စည်များတင်ပို့ရန် ဆုံးဖြတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ကြသည်။
လက်နက်ခဲယမ်းများ မည် ၍မည်မျှပို့ရမည်၊ ဘယ်ပုံဘယ် နည်းပေးပို့မည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အမြင်သဘောထား ကွဲပြားမှုများ အနည်းငယ်ရှိနိုင် ကြောင်း သို့သော် ကျွန်တော်တို့ ပေါင်းဆပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် လုံခြုံရေးကောင်စီ(National Secucity Agency) ဒုတိယအကြံ ပေးအရာရှိချုပ် ဘင်ရွတ်ဒ်က ပြောကြားသည်။
ဆီးနိတ်အမတ် ဂျွန်မက် ကိန်းနှင့် လင်ဆေဂရေဟင်တို့က နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့များ အနေဖြင့် ဆီးရီးယားလေပိုင်နက် အတွင်း ဆီးရီးယားအစိုးရလေ ယာဉ်များမဖြတ်ရနယ်မြေ
(No Fly Zone)သတ်မှတ်ပြီး၊ စစ်ဆင် ရေးနယ်မြေများသို့ ဆီးရီးယား စစ်တပ်မှ စစ်သည်များအား ရိက္ခာနှင့် လက်နက်ခဲယမ်းများ မပို့နိုင်ရေးကန့်သတ်တားမြစ်ထား ရန် အချက်များပါဝင်မည်ဟုဆို သည်။ သို့သော် အိုဘားမား အနေဖြင့် No Fly Zoneသတ် မှတ်ရန်နှင့် အမေရိကန်စစ်သည် များစေလွှတ်သင့်/မသင့်ကိုမူ မဆုံးဖြတ်ရသေးဟု ဘင်ရွတ်ဒ်က ဆိုသည်။
ကျော်စိန် Hot News Journal
Ref; News. MSM.
ဒေါ်လာဈေးမြင့်၍ ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်း လိုက်မကျနိုင်
 ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း အမြင့်ကြောင့် ကမ္ဘာ့ရွှေဈေး ကျသလောက် ပြည်တွင်းရွှေဈေး လိုက်မကျနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှတဆင့် သိရသည်။
“ပြည်တွင်းမှာ ဒေါ်လာဈေး မြင့်နေပေမယ့် ကမ္ဘာ့ရွှေဈေးက နိမ့်နေတာကြောင့် ပြည်တွင်း ရွှေဈေးက ညီအောင် လိုက်မကျနိုင်ပါဘူး။ ဒါပေမယ့် ဈေးအနိမ့်မှာ ငြိမ်နေတယ်လို့ ပြောလို့ ရပါတယ်” ဟု အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ဇွန်လ ၁၀ ရက်မှ ၁၃ ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများတွင် အမြင့်ဆုံး အနေဖြင့် ကျပ် ၇၀၉,၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံးအနေဖြင့် ကျပ် ၇၀၇,၀၀၀ ဖြစ်ခဲ့သည်။
“အရပ် ဝယ်လက်တွေက လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးတန်းပတ်လည်မှာ ဝယ်ထားတဲ့အတွက် အဝယ်ပါးတယ်။ ဈေးနှုန်းကို စောင့်ကြည့်အနေအထားမှာပဲ ရှိနေတော့ ဈေးကွက် အေးပါးတယ်။ ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၁,၄၀၀ ကနေ ပြန်ဆင်းလာတဲ့ပြီး ၁,၃၇၅-၁,၃၈၀ ဒေါ်လာလောက်မှာ ဖြစ်နေတယ်။ ကမ္ဘာ့ဈေး ဆင်းနေတယ်။ ပြည်တွင်း ရွှေဈေးကလည်း ဈေးလိုက်ကျတယ် ဆိုပေမယ့် ကမ္ဘာ့ရွှေဈေး အထက်မှာပဲ ဖြစ်ပေါ်နေတယ်။ ဘာကြောင့်လဲဆိုရင် အဝယ်နည်းပေမယ့် ပစ္စည်းအသား ရှားလို့ပါ” ဟု ရွှေကုန်သည် ဦးမောင်အေးက သုံးသပ်ပြောကြားသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း အမြင့်ဆုံးအနေနှင့် ၁,၃၈၈ ဒေါ်လာဖြစ်ခဲ့ပြီး အနိမ့်ဆုံးအနေဖြင့် ၁,၃၇၄ ဒေါ်လာ ဖြစ်ခဲ့ သည်။
ယခုအပတ်အတွင်း ကမ္ဘာ့ရွှေဈေးမှာလည်း ၁ အောင်စလျှင် ၁,၃၈၈ ဒေါ်လာဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ပြီး အနိမ့်ဆုံး ၁,၃၇၄ ဒေါ်လာ ဖြစ်ခဲ့သည်။
“မနေ့က တနေ့လုံးဆိုရင် အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၇၀၉,၀၀၀ နဲ့ အမြင့်ဆုံး ဖြစ်ခဲ့ပြီး အနိမ့်ဆုံးအနေနဲ့ ကျပ် ၇၀၈,၅၀၀-၇၀၈,၇၀၀ နဲ့ တနေ့လုံး ဖြစ်ပေါ်ခဲ့ပါတယ်” ဟု ဦးမောင်အေး က ဆက်ပြောသည်။ ဇွန်လ ၁၄ ရက် ပြည်တွင်းရွှေဈေးမှာ ကျပ် ၇၀၈,၀၀၀ ဖြင့် ဖွင့်ခဲ့ပြီး ကျပ် ၇၀၈,၂၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးမှာလည်း ၁,၃၈၄ ဒေါ်လာဖြင့် ဈေးဖွင့်ခဲ့ပြီး ၁,၃၈၂ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့သည်။
ခင်မျိုးသွယ်
ရန်ကုန် (မဇ္ဈိမ)
မြန်မာများကို ပြန်ပို့မည်ဟု မလေးရှားပြော
မလေးရှားတွင် မြန်မာနိုင်ငံသားလေးဦး အသတ် ခံရပြီးနောက် မလေးရှားအစိုးရက မြန်မာနိုင်ငံသား ထောင်ပေါင်းများ စွာကို မြန်မာနိုင်ငံ သို့ပြန်ပို့ တော့ မည်ဟု ပြောသည်။
ကွာလာလမ်ပူမှလာသော အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် မလေးရှား ဒုတိယပြည်ထဲရေးဝန် ကြီး ဝင်န်ဂျူနာဒီ၏ပြောဆိုချက် ကို ကိုးကားဖော်ပြရာ၌ မြန်မာ များ အချင်းချင်း ခိုက်ရန်ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွား မှုကို မလေးရှားသို့ယူဆောင်လာ ခြင်းဖြစ်ကြောင်း သတင်းထောက် များကို ဒုဝန်ကြီး ကပြောဆိုကြောင်း သိရသည်။ ''လူဝင်မှုကြီးကြပ်ရေး ထိန်း သိမ်းစခန်းမှာ မြန်မာ ၄၄၀၀ ထိန်း သိမ်းထားပါတယ်။ ကျွန်တော်တို့ မြန်မာအာဏာပိုင် အထူး သဖြင့် မြန်မာ သံရုံးကို ဖိတ်ခေါ်ထားပါ တယ်။ အဲဒီ သူတွေကို ပြန်ခေါ်သွားဖို့ပါ'' ဟု ဒုဝန်ကြီး ကပြောသည်။
ထို့ပြင် သူက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ကို သူတို့ကိုယ်သူတို့ ဒုက္ခသည် များဟု ပြောဆို ပြီး မြန်မာပြည် ကို လုံခြုံမှုမရှိ၍မပြန်လိုကြောင်း ပြောဆို နေသူများ အား အလျင် အမြန် စိစစ်ပေးရန် တောင်းဆို လိုက်သည်။ အေဂျင်စီတွင် အထောက် အထား အရ မြန်မာဒုက္ခသည် ၉၅၀၀၀ ခန့် မလေးရှားတွင်နေ ထိုင်ကြောင်း သိရသည်။ သူတို့ ကို မည်သည့် တရားဝင်အဆင့် အတန်းမှ သတ်မှတ်ပေးမထား သော်လည်း ယာယီ နေ ထိုင်ခွင့် တော့ပေးထားသည်။ ထိုအထဲ တွင် ၂၈ဝဝဝခန့် မှာ မူဆလင်ရိုဟင်ဂျာများဖြစ် သည်ဟု ဆိုသည်။ ပြည်ထဲရေးဒုဝန်ကြီးက ဆက်လက်ပြော ဆိုရာ တွင် မလေး ရှား၌ မြန်မာနိုင်ငံသား ၂၅၇၀၀၀ ခန့် အလုပ် လုပ်နေကြပြီး ယင်း တို့အနက် ၁၄၄၀၀၀ မှာ တရား မဝင် အလုပ်သမားများ ဖြစ်ကြ ကာ လစာနည်း အလုပ် များ ဖြစ် သည့် စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး နှင့် မလေးရှားနိုင်ငံသားများ မလုပ်လိုသည့် အလုပ်များ လုပ် ကိုင်နေကြသည်ဟု ထည့်သွင်း ပြောဆို သွား သည်။
မလေးရှား အာဏာပိုင်များ က မလေးရှားများက ဝိုင်းဝန်း တိုက်ခိုက်ခံရသည့် မြန်မာနိုင်ငံ သားများသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အရေးကိစ္စအပေါ် ပြန်လည် လက်စား ချေ လိုသော ကြောင့် ဖြစ်သည်ဟုပြောသည်။ သို့သော် မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်ကမူ ထိုဖြစ်ရပ်သည် ဘာသာရေး ကိစ္စ ကြောင့် မဟုတ် ဘဲ ဂိုဏ်းဖွဲ့တိုက်ခိုက်ခြင်းမျိုးဟု ယုံကြည်ဖွယ်ရာ ဖြစ်နေကြောင်း သီးခြားမှတ်ချက်ပေးသည်။ ''ဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသား တွေကို အကာ အကွယ်ပေးဖို့ မလေးရှား အစိုးရကို ကျွန်တော်တို့ အကူ အညီ တောင်းထားပါတယ်။ တ ချို့က မြန်မာပြည်ပြန်လိုနေကြ ပါတယ်။ သူတို့ မြန်မြန်ပြန် နိုင်အောင် ကျွန်တော် တို့စီစဉ်နေပါ တယ်''ဟု ဦးဇင်ယော်က ဆက် လက်ပြောကြားသည်။
ယင်းနှင့်ပတ်သက်၍ အ လုပ်သမားအရေး ဆောင်ရွက် သူ ဦးရဲနိုင်ဝင်းက ''ပြည်ပက မြန်မာလုပ်သားတွေကို ပြန်လက် ခံရုံနဲ့မပြီးဘူး။ အစိုးရက မူဝါဒ ချမှတ်ပြီးတော့ ပြည်ပ လုပ်သား တွေအတွက် လုပ်သင့်တယ်။ ပြည် တွင်းမှာ အလုပ်အကိုင်ကမရှိဘူး။ သူတို့ ဟိုမှာရတဲ့လစာနဲ့ ဒီမှာရ တဲ့ လုပ်အားခက ကွာခြားမယ်။ အဲဒါကြောင့် ပြန်လာ ပြီးလဲ ပြန် ထွက်သွားကြမှာပဲ။ အဲဒါကြောင့် အစိုးရအနေနဲ့ နိုင်ငံတကာရင်း နှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး အ လုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ ရေရှည် မူဝါဒ ချပြီးလုပ်ရမယ်''ဟု ပြောသည်။
ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်းက ''နိုင်ငံခြားကို အလုပ်သမား သွားလုပ်တယ်ဆို တာ ပြည်တွင်းမှာ မလုပ်ချင်လို့ ထွက် သွားကြတာ။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းက လဲမရှိဘူး။ သူများနိုင်ငံမှာတော့ ဘယ်သူမှ အောက်ကျခံပြီးမလုပ် ချင်ကြဘူး ။ အခုလိုဖြစ် တော့ လဲ ကိုယ့် မြန်မာနိုင်ငံသား တွေဖြစ် တဲ့အတွက် ပြန်ခေါ်ရမယ်။ အ လုပ်အကိုင်တွေကို ပြည်တွင်းမှာ ဖန်တီးပေးရမယ်''ဟု သုံးသပ်ပြော သည်။
ညီလတ် (ဒေါင်းမာန်ဟုန်)
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းပြောကြောင်း RFA က ဖေါ်ပြ
မြန်မာနိုင်ငံရဲ့  ဥပဒေပြုရာ အဆင့်မြင့်ဆုံး နေရာ တစ်ခုဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ  ဦးရွှေမန်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောဆိုတဲ့ အကြောင်း ဇွန်လ ၁၄ ရက်နေ့ ထုတ် RFA ( မြန်မာပိုင်း) က သတင်းမှာ ဖေါ်ပြထားပါတယ်။
Shwe man parliamentary  speaker 
“ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ မရှိဘူးလို့” ပြည်သူ့ လွှတ်တော် ဥက္ကဌက ပြောတယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ ဦးရွှေမန်းဟာ ဝါရှင်တန် ဒီစီမြို့တော် ဝုဒရိုး ဝီလဆင် စင်တာ(Woodrow Wilson Center)မှာ ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ “ မြန်မာ့ နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စု လွှတ်တော်ရဲ့ အမြင်” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ အပြီးမှာ ခုလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌကို ဘူးသီးတောင်၊ မောင်တောဒေသကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဌက “ဥပဒေထဲမှာနဲ့ သမိုင်း အစဉ်အလာမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ပါဘူး၊ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်၌က ဒီမှာလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရိုဟင်ဂျာလို့ မသုံးပါဘူး၊ သူတို့ကို မြန်မာတစ်ယောက် အနေနဲ့ပဲ ဒီလိုပဲသုံးနှုန်းပါတယ်″ လို့ ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ ပြည်သူ့လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောကြားခဲ့တယ်လို့ RFA (မြန်မာပိုင်း အစီအစဉ်) သတင်းမှာ ဖေါ်ပြထားပါတယ်။
စွမ်းအားရှင်နဲ့ မပတ်သက်ပါဘူးဆိုတဲ့ ဦးအောင်သောင်း
ယမန်နှစ်ကစ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးရေးဘာသာရေးနှင့် ဆက်နွှယ်သော ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့ရာ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး သိန်းဂဏန်းရှိသည့် ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဘာသာရေး အဆောက်အအုံများ အပါအ၀င် လူနေအိမ်ခြေများ၊ စီးပွားရေးလုပ်ငန်းများ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ 
 မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ အစပြု၍ မကြာသေးခင်က နောက်ဆုံး ဖြစ်ပွားခဲ့သည့် အရှေ့မြောက်ဘက် ရှမ်းပြည်နယ် လားရှိုးမြို့အထိ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် ကိုယ်တိုင်ကြုံခဲ့သူများ၊ မျက်မြင် သက်သေများ၏ ပြောပြချက် များကို ကိုးကား၍ အကြမ်းဖက်သူများသည် စုစုစည်းစည်း ရှိကြပြီး စနစ်တကျ လှုပ်ရှားတတ်ကြသည့်အတွက် သေချာစွာ လေ့ကျင့်ပေးထားသူများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ထိုအခါတွင် ပြည်သူအများစုက ယခင်စစ်အစိုးရ လက်ထက်၌ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော စွမ်းအားရှင်ဆိုသည့် အဖွဲ့အစည်းတခု အပေါ်တွင်ပြန်လည် အာရုံစိုက်မိလာကြသည်။
၂၀၀၃ မေလအတွင်းက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ယာဉ်တန်းကို လူတစုက ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်၍ လူပေါင်းများစွာသေကြေ ဒဏ်ရာရခဲ့သော ဒီပဲယင်း အရေးအခင်းတွင် စွမ်းအားရှင်အဖွဲ့ ပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့သလို အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို ယနေ့ထက်တိုင် ဖော်ထုတ် အရေးယူ ဖမ်းဆီးနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းတွင်မူ စွမ်းအားရှင်အဖွဲ့ကို လူတိုင်းနီးပါး သတိထားမိခဲ့ကြသည်။ စွမ်းအားရှင်အဖွဲ့ကို ထိုစဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ယခု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အစိတ်အပိုင်းတခု အဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရသည်။
အငြိမ်းစား ဗိုလ်မှူးကြီးတဦး ဖြစ်သည့် ဦးအောင်သောင်းသည် စစ်အစိုးရ လက်ထက်တွင်
 အမှတ် (၁) စက်မှုဝန်ကြီး ဌာန ၀န်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ စတင်၍ အရပ်ဘက် အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့သည့် ၂၀၁၁ ခုနှစ်အထိ ကာလ ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် အထူးတလည် ရင်းနှီးမှုရှိသူဟု ဆိုကြသည့် ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်ချိန်မှ စတင်၍ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် တွဲဘက် အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။
 စွမ်းအားရှင် အဖွဲ့ကို ကြီးကြပ်ကွပ်ကဲရသူ အဖြစ်လည်း လူပြောများခဲ့သူ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအဖြစ် အသွင်ကူးပြောင်း ရာတွင်လည်း ဗဟိုအလုပ်အမှုဆောင် တာဝန်ယူခဲ့ ပြီး တောင်သာမြို့နယ်တွင် ၀င်ရောက် အရွေးခံကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ၀န်ကြီးတာဝန် ပေးအပ်ခြင်း မခံခဲ့ရသော်လည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင် တဦးအဖြစ် ဆက်လက် ရှိနေခဲ့သည်။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအကြောင်းနှင့် စွမ်းအားရှင် အဖွဲ့ ပါဝင်ပတ်သက်နေသည် ဆိုသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ ဦးအောင်သောင်း၏ အမြင်နှင့် သဘောထားများကို ဧရာဝတီ သတင်းထောက် စနေလင်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။     ။ ဒီလ ၂ ရက်နေ့ထုတ် စင်ကာပူနိုင်ငံကThe Straits Times သတင်းစာမှာ ဆောင်းပါးရှင် တဦးက အခု ဖြစ်ပျက်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေမှာ တောင်သာတပ်ဖွဲ့တွေရဲ့ လက်ရာနဲ့ ဆင်တူတယ်၊ တောင်သာဆိုတာ ဦးအောင်သောင်းရဲ့ မွေးရပ်မြေ ဖြစ်တယ်၊ ဒီပဲယင်း လုပ်ကြံမှု၊ ရွှေဝါရောင် သံဃာအရေးအခင်းမှာ ဘုန်းတော်ကြီးတွေကို ရိုက်နှက်ခဲ့တဲ့ စွမ်းအားရှင် အဖွဲ့တွေကို ရည်ညွှန်း ရေးသားခဲ့တယ်။ အဲဒီအပေါ်ကို ဦးအောင်သောင်း အနေနဲ့ ဘယ်လို သဘောထားပါသလဲ။
ဖြေ။     ။ အေးပေါ့ဗျာ။ ဒါတွေကတော့ အခြေအမြစ် မရှိပါဘူး။ ဘာမှ ခိုင်လုံမှုလည်း မရှိပါဘူး။ နောက်တချက်က ဘာအခြေခံသလဲ ဆိုတော့ ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှု ဒီမိုကရေစီ လမ်းကြောင်းကို မလိုလားတာမျိုး သက်ရောက်တဲ့ ပြောဆိုချက်တွေ ဖြစ်ပါတယ်။ ကျနော်တို့က တိုင်းပြည်ကို တိုးတက်စေချင်လွန်းလို့ အရင် စစ်အုပ်ချုပ်ရေး ကနေပြီးတော့မှ ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့ပြီ။ ဖော်ဆောင်တဲ့ နေရာမှာလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်လွန်းလို့ဆိုပြီး နိုင်အောင် လုပ်ခဲ့ပြီးပြီ။ နိုင်အောင်လုပ်ပြီးတော့ ဒီမိုကရေစီကို ဖြစ်ထွန်းအောင် လုပ်ချင်တယ်၊ ရှေ့လည်း ဆက်သွားမယ်၊ မရရအောင်လည်း လုပ်မယ်ဆိုတဲ့ သွားနေတဲ့ အချိန်မျိုးမှာ ဒီလို စိတ်ထားရှိနေတယ်ဆိုတာ မငြိမ်မသက်ဖြစ်အောင် ဒီလောက် အောက်တန်းကျတဲ့ အခြေအနေမျိုးကို ဘယ်သူက လုပ်မလဲဗျ။ ဘယ်နိုင်ငံရေးသမားက လုပ်မလဲဗျ။ စဉ်းစားကြည့်ပါဦး။ ဒါတွေကတော့ လုပ်ခွင့် ပြောခွင့် ရှိတဲ့သူက နိုင်ငံခြားနဲ့ အဆက်သွယ် ခံချင်လို့ ကျနော်တို့အပေါ်မှာ မနာလိုဝန်တို မစ္ဆရိယ ရှိပြီးတော့ မုဒိတာ မပွားနိုင်လို့ စသည်အားဖြင့် လူအကြည်ညိုမှု ပျက်အောင် လုပ်တဲ့သဘောပဲလို့ ယူဆပါတယ်။ သူတို့ကိုယ်သူတို့တော့ ဘ၀င်မြင့် အထင်ကြီးပြီးတော့မှ တဘက်သားကို မုဒိတာ မပွားနိုင်တဲ့စိတ်ဓာတ်နဲ့ လုပ်တယ်လို့ ကျနော်ထင်တယ်။ တကယ်တော့ ဒါတွေက အခုအချိန်ဆို ပြီးသွားပြီပဲ။ ခင်ဗျားကြိုက်သလို စုံစမ်းကြည့်လိုက်။ နဲနဲလေးများ တွေ့ခဲ့ရင်တောင်မှ ကျနော့်ကို ပြောချင်သလို ပြောလို့ရပါတယ်။ မတွေ့ဘူးဆိုရင်ရော သူ ဥပဒေကြောင်း အရ အရေးယူ ခံနိုင်မလား။ ကြိုက်သလို စုံစမ်းလေ။ အခု မိတ္ထီလာကိစ္စ၊ လားရှိုးကိစ္စ စသဖြင့် ဖြစ်နေတဲ့ ကိစ္စတွေ။ ဟိုတုန်းကလည်း ဒီပဲယင်း ကိစ္စတွေ ပြောခဲ့ကြတာ ရှိတယ်။ အကြောင်းမဲ့လေ။ ကျနော်လည်း ဘာမှမသိဘူး။ ကျနော်လည်း အဲဒီလောက်ကြီး အရေးပါတာ မဟုတ်ဘူး။ ကျနော့်ဘာသာ ကျနော် တာဝန် လေးစားတယ်၊ ပေးတဲ့တာဝန် အောင်မြင်အောင် လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တာပဲ။ ကိုယ်လုပ်ပေးတဲ့ နိုင်ငံရေး အောင်မြင်အောင်လုပ်မယ်၊ ကိုယ်ပါတဲ့ပါတီ အောင်မြင်အောင် လုပ်မယ်၊ ဒါပဲလုပ်ခဲ့တာပဲ။ အဲဒီလို ကိုယ့်ဘာသာကိုယ် အောင်မြင်အောင် လုပ်ပြီးတော့မှ၊ ကိုယ့်ဘာသာ စိုက်ပျိုးတဲ့ဟာ ကိုဗျာ၊ ကိုယ်လည်း ၀င်ပြီးတော့ စိုက်ပျိုးမယ်၊ စိုက်ပျိုးဖို့ တာဝန်ကျတယ်၊ အဲဒီလို ကိုယ့်အပင် ကိုယ်စိုက်ပြီး ကိုယ့်ဘာသာတော့ ဘယ်သူက ဖျက်မလဲဗျ။ စဉ်းစားကြည့်ပါဦး။
ကျနော်ဆို ပြီးခဲ့တဲ့ နိုဝင်ဘာလတကည်းက နယ်ကို လုံးဝမသွားနိုင်ဘူး။ ဘယ်သူနဲ့မှလည်း မတိုင်ပင်နိုင်ဘူး၊ မညွှန်ကြား နိုင်ဘူး။ ဒီလို မတော်မတရား ပြောတာတွေကတော့ သူတို့ အခြေအမြစ် မရှိဘဲနဲ့၊ ခိုင်လုံမှုမရှိပဲနဲ့ ထည့်ရရင်ပြီးရော၊ နာမည်ပျက်အောင် လုပ်ရင်ပြီးရော ဆိုတော့ မီဒီယာလည်း အကျင့်သိက္ခာ စောင့်ထိန်းသင့်ပါတယ်။ တောင်သာကို ကြိုက်တဲ့သူ သွားမေး။ ရန်ကုန်မြို့ပေါ်မှာတင် တောင်သာ နယ်သားတွေက ၄ သောင်းလောက် ရှိမယ်။ သွားမေးဗျာ။ ဘာမှ အကာအကွယ်လည်း မပေးဘူး၊ အဟန့်အတားလဲမလုပ်ဘူး၊ ကြိုက်တဲ့သူမေးဗျာ။ နည်းနည်းလေးတောင်မှ တွေ့ရင်ပြောဗျာ။ ဒါဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ပေါ့ဗျာ။
ကျနော့်မှာလည်း ကိုယ်ရေး ပြဿနာတွေရှိတယ်။ ကိုယ်တိုင်လည်း အသက်အရွယ်ရပြီ။ ဇနီးကလည်း ကင်ဆာဖြစ်နေတာ ၄ နှစ်ထဲ ရောက်နေတယ်။ အခြေအနေလည်း တော်တော်ဆိုးနေပြီ။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်လည်း နိုင်ငံရေး စကားတွေ လျှောက်ပြောနေလို့ မသင့်တော်ဘူး။ အခုတောင် အမျိုးသမီးက ဆေးသွင်းနေတုန်း ခဏ အခန်းပြင် ထွက်လာလို့ စကားပြောရတာ။
မေး။     ။ စွမ်းအားရှင်တွေနဲ့ ဒီဖြစ်ရပ်တွေနဲ့က ပတ်သက်နေတယ်။ လားရှိုး၊ မိတ္ထီလာ စတဲ့ ဖြစ်ရပ်တွေက အစီစဉ်တကျ လုပ်ထားတဲ့ ကိစ္စတွေဖြစ်တယ်လို့ ရေးထားတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ဒါတွေက ကျနော့်မှာလည်း တယောက်မှ မရှိဘူး။ ဘယ်တုန်းကမှလည်း မဖွဲ့ပေးခဲ့ဘူးဗျ။ ဟိုခေတ် စစ်အုပ်ချုပ်ရေး လက်ထက်ကလည်း ကျနော်မဖွဲ့ဘူး။ ကျနော်တို့ ပြည်ခိုင်ဖြိုးကလည်း မဖွဲ့ခဲ့ဘူး။ ဖွဲ့ပိုင်ခွင့်လည်း မရှိဘူး။ ကျနော်တို့က ပါတီလုပ်နေတာ၊ နိုင်ငံရေး လုပ်နေတာဗျာ။ အထင်လွဲစေမယ့် လုပ်ငန်း၊ လူထု အထင်သေးစရာ လုပ်ငန်း ဘယ်လုပ်မလဲဗျ။ ဒါကို ကိုယ်ချင်းစာနာစိတ်နဲ့ စဉ်းစားရင် သိနိုင်ပါတယ်။ ဘယ်သူတွေ လုပ်နေတာလဲဆိုတာ အပြင်လောကမှာ သိနေကြတာပဲ။ အဲဒီလုပ်တဲ့သူတွေက အခု မရှိတော့ပါဘူး။
မေး။     ။ ဆရာတော် ဦးဝီရသူ ထောင်ထဲက ထွက်လာပြီးမကြာခင် လက်ဆွဲနှုတ်ဆက်တဲ့ ပုံတွေနဲ့ တကွ ဝေဖန်နေကြ တာကိုရော ဘယ်လိုယူဆပါသလဲ။
ဖြေ။     ။ ကျနော်နဲ့ တခါမှ လက်ဆွဲ မနှုတ်ဆက်ဖူးဘူးဗျ။ ကျနော် အမှန်အတိုင်းပြောရရင် ဦးဝီရသူကို ထောင်ကျ နေတုံးက မသိဘူး။ သို့သော်လည်းပဲ ကျောက်ဆည်မှာ ဘာသာရေး ပဋိပက္ခကြောင့် ထောင်ကျသွားတဲ့ သံဃာတော်တွေ ရှိတယ်။ အဲဒီ သံဃာတော်တွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် ပုဂ္ဂိုလ်ရေးတော့ မသိဘူး၊ လူချင်းလည်း မမြင်ဘူးပေမယ့် ဆရာတော်၊ သံဃာတော်တွေ ဆင်းရဲ ဒုက္ခ ရောက်နေလို့ဆိုပြီး လူမှုရေးအရ အလှူခံတဲ့အခါမှာ အလှူတွေ ထည့်ပေးဖူးတယ်။ တခါမှလည်း မတွေ့ဖူးဘူး။ အခုထိလည်း မမြင်ဖူးဘူး။ ဦးဝီရသူက ဘုန်းကြီး၊ ကိုယ်ကလူဆိုတော့ လက်ဆွဲနှုတ်ဆက်လို့လည်း မရပါဘူး။ မစိုးရိမ် တိုက်သစ်က ကျနော် ကိုးကွယ်နေတဲ့ ကျောင်းလေ။ သူကလည်း မစိုးရိမ် တိုက်သစ်ကလေ။ မစိုးရိမ် တိုက်ချုပ် နာယက၊ ဒုတိယ နာယက၊ တတိယ နာယက ဆရာတော်တွေက ကျနော့်ရဲ့ ဆရာတော်တွေ ဖြစ်ပါတယ်။ အဲဒီကို သွားတဲ့ အခါကျတော့ ဦးဝီရသူရှိတယ်၊ ဦးဝီရသူက တွေ့မယ်ဆိုတော့ ကျနော်တွေ့ ဖြစ်လိုက်ပါတယ်။ ပြည်ခိုင်ဖြိုးက ကျနော်နဲ့အတူ လူ ၂၅ ယောက်လောက် ပါပါတယ်။ သံဃာတော်တွေလည်း အဲဒီအနားမှာ ၀ိုင်းနေတာ ခန့်မှန်းချေ ၅၀ ကျော်လောက် ရှိမယ်။ သူပြောတဲ့ စကားနားထောင်ပြီး ပြန်ခဲ့ရတာပဲ။ ဦးဝီရသူလို ဆရာတော်မျိုး ကျနော်ပြောလို့လည်း နားမထောင်ပါဘူး။ သူပြောတာကို ကျနော် “တင်ပါ့ဘုရား” လုပ်ပြီး ပြန်ခဲ့ရတာပဲ။ ဘာမှလည်း မပြောခဲ့ရပါဘူး။
မေး။      ။ အဲဒီဆောင်းပါးမှာ ရေးထားတာက လားရှိုးမြို့ အကြမ်းဖက်မှု မဖြစ်ပွားခင်မှာ ဦးဝီရသူက လားရှိုးမြို့နဲ့ ကီလိုမီတာ ၅၀ ပဲကွာတဲ့နေရာမှာ မွတ်စလင် ဆန့်ကျင်ရေး တရားတွေလည်း ဟောပြောခဲ့တယ်။ အဲဒီနောက် မကြာဘူး၊ လားရှို့မြို့မှာ ဖြစ်လာတယ်။ ဆက်စပ်မှုတွေ ရေးပြတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။       ။ကျနော်ကတော့ ဆရာတော်ကို ၁ ခါပဲတွေ့ဖူးတယ်ဗျ။ ၁ ခါပဲ စကားပြောတယ်။ အားလုံးမှလည်း မိနစ် ၂၀၊ မိနစ် ၂၅ မိနစ်လောက်ပဲ ကြာတယ်။ နောက်ထပ် ဆရာတော်နဲ့ အဆက်အသွယ်လည်း မရှိဘူး။ ဖုန်းလည်း အဆက်အသွယ် မရှိဘူး။ စကားလည်း မပြောဖူးဘူး။ ကျနော်နဲ့လည်း မရင်းနှီးဘူး။ မစိုးရိမ် တိုက်သစ်က နာယကချုပ် ဆရာတော် ပျံလွန်တော်မူသွားတော့ မိနစ် ၂၀ လောက်ရောက်ခဲ့တယ်။ ဒုတိယ နာယကချုပ် ဆရာတော်နဲ့တွေ့ပြီး ပြန်ခဲ့တယ်။ ဦးဝီရသူနဲ့လည်း မတွေ့ခဲ့ဘူး။ သူတရားဟောတာတို့၊ ဟိုမှာရေးခဲ့တဲ့အတိုင်း ကီလိုမီတာ ၅၀ တို့ ဘာတို့ဆိုတာ ကျနော်လည်း မသိဘူးဗျ။ အဲဒါတွေက ကျနော်နဲ့ မဆက်စပ်တော့ ကျနော်လည်း မဝေဖန်တတ်ဘူးဗျ။
မေး။      ။ နိုင်ငံရေး ကျွမ်းကျင်လေ့လာသူတွေက သမ္မတ ဦးသိန်းစိန်အနေနဲ့ အကြမ်းဖက် လိုလားသူတွေကို ယဉ်ပါးအောင် ဆောင်ရွက်နိုင်ခြင်း မရှိရင် တဖြည်းဖြည်းနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်တယ်လို့ သုံးသပ်ထားတာ ရှိတယ်။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေမှာ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို သုံးသပ်ပြပေးပါဦး။
ဖြေ။     ။ သူတို့ကတော့ ဇာတ်နာအောင် ရေးတဲ့သဘောပါ။ သမ္မတ ဦးသိန်းစိန်က တကယ်တော့ ကျနော်တို့ သမ္မတပါ။ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးပါတယ်။ လုပ်ဖော်ကိုင်ဘက်လည်း ဖြစ်ပါတယ်။ ရှေ့တန်းမှာလည်း တိုက်ဖော်တိုက်ဘက်၊ တွဲဖော်တွဲဘက်ပါပဲ။ သူက အင်မတန် ရိုးသားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားပါတယ်။ ကျန်းမာရေး မကောင်းတာက လွဲပြီး ကျန်တာ အားလုံး ကောင်းပါတယ်။ သူလုပ်တာ ကိုင်တာတွေ အားလုံးကလည်း ကောင်းပါတယ်။ သို့သော်လည်း သူကိုယ်တိုင် လုပ်ရတာမဟုတ်ဘဲ အဖွဲ့နဲ့ ကွပ်ကဲပြီးတော့ ညွှန်ကြားပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အလွဲအချော် လေးတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ချက်ချင်း အရေးမယူတာတို့၊ တချို့ကလည်း လက်ပိုက် ကြည့်နေတယ်တို့ စသည်အားဖြင့် ပြောနေကြတာ ကျနော်လည်း ဖတ်ရပါတယ်။ ဒါပေမယ့် ဒါတွေက သမ္မတနဲ့ မဆိုင်ဘူးဗျ။ သမ္မတက အေးအေးဆေးဆေးလည်း ဖြစ်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်းလည်း ဖြစ်ချင်တယ်၊ ဘယ်သူမှ ဘာမှလည်း မဖြစ်စေချင်ဘူး။ ဒီမိုကရေစီကို ရှင်သန်သထက် ရှင်သန်ဖြစ်ထွန်းစေချင်တယ်။ သူ့ဆောင်ရွက်ချက်တွေလည်း ခဏ၊ ခဏ မိန့်ခွန်းမှာ ပြောပြီးသားပါ။ ဒါတွေကြည့်ရင်ကို သိနိုင်ပါတယ်။ သူ့ရဲ့စေတနာက ကျနော်တို့ရဲ့ စေတနာပဲ။ သူလုပ်တာက ကျနော်တို့ ပါတီရဲ့ ဆောင်ရွက်ချက်ပဲ။ လုပ်ဆောင်ချက်ပဲ။ ကျနော်တို့က သဘောကျရမှာပေါ့၊ အကောင်းမြင်ရမှာပေါ့၊ အားပေးရမှာပေါ့။ ကျနော်တို့ကလည်း လွှတ်တော်ပိုင်းကနေ ဒီမိုကရေစီရှင်သန်ရေး၊ နောက်ကြောင်းပြန်မလှည့်ရေး တွေကို ကျနော်တို့က တာဝန်ခံတယ်လေ။ သူလုပ်တာ ဒီနေ့အထိ ဘာမှ ပြောစရာ မရှိပါဘူး။ အလုပ်တွေ အများကြီး လုပ်ရတာမှာ အနည်းအကျဉ်းတော့ အားမရတာ ရှိကောင်းရှိမှာပေါ့။ ကျနော်တို့က အတွင်းကျကျ နားလည်နေတော့ ဒီလောက်ကလေးရရ ဆိုပြီး ခွင့်လွှတ်နိုင် တာပေါ့။ နားလည် ပေးနိုင်တာပေါ့လေ။
မေး။     ။ ဒီအကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ လွှတ်တော်ထဲမှာက အစ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ အသံတွေက ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြန်လည် ပြင်ဆင်ရေးအတွက် ကော်မတီ တောင် ဖွဲ့ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်ဆိုတော့ တချို့က တပ်မတော်က အာဏာသိမ်းမှု မဟုတ်တာတောင်မှ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒီလိုလုပ်ရပ်တွေနဲ့ ဆက်စပ်ပြီး ဝေဖန်နေကြတဲ့ သူတွေလည်း ရှိတာနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါသလဲ။
ဖြေ။     ။ ဒါကတော့ဗျာ၊ ချိန်ကြည့်ပါ။ တပ်မတော်က လုံးဝကို ပြန်လည်ရယူလိုစိတ် မရှိဘူးဗျ။ ဒီ အနိဌာရုံ၊ အားနည်းချက် သဘောတွေကို သိပါတယ်။ တကြိမ်က နှစ်ကြိမ်လုပ်ရင်၊ အာဏာ ပြန်ယူချင်တယ်ဆိုရင် ဒီထက်မိုက်တာ ဘယ်ရှိမလဲ။ အခြေအနေက ဖြစ်နေတောင်မှ မယူသင့်ဘူး။ သို့သော် သူသည် ကူညီသင့်တယ်၊ ကူညီပေးရမယ်။ နိုင်ငံတော်ရဲ့ ရှေ့ဆက် သွားမယ့် ဒီမိုကရေစီခရီးစဉ် အောင်မြင်အောင် ကူညီသင့်တယ်။ အဲဒီအယူအဆနဲ့ပဲ ကာကွယ်ရေး ဦးစီးချုပ်က ကူညီနေတယ် လို့ ကျနော်သုံးသပ်ပါတယ်။ အခုခေတ် လူငယ်တွေက ကျနော်တို့ထက် ဉာဏ်ရည် ဥာဏ်သွေး မြင့်ပါတယ်။ သူ့အနေနဲ့ကလည်း ဒီလိုအာဏာ ပြန်ရယူဖို့ဆိုတာ ကျနော်ထင်တယ်၊ အိပ်မက်တောင်မက်မှာ မဟုတ်ပါဘူး။ ကူညီဖို့လောက်ပဲ သဘော ရှိပါ လိမ့်မယ်။ ကူညီတာကိုမှ ပိုမို ဆိုးဝါးစေချင်တဲ့ သူတွေက စစ်တပ် ကူညီလို့ မအောင်မြင်ဘူး ဆိုတဲ့ သဘောနဲ့ သုံးသပ်တယ်လို့ ကျနော်ထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာတွေက ကျယ်လည်း ကျယ်ပြန့် ပါတယ်ဗျာ။
ဧရာဝတီ မှ တိုက်ရိုက်ကူးယူတင်ပြပါသည်။
မလေးရှားအစိုးရမှမြန်မာအလုပ်သများတိုက်ခိုက်ခံရမှု့အတွက် တရားဝင်စာထုတ်ပြန်
ယနေ့မလေးရှားနိုင်ငံ Royal Police Malaysia မှ ရဲချုပ်မှ မြန်မာနိုင်ငံ ဆိုင်ရာ သံမှူးဦးကျော်စွာအား အောက်ပါအတိုင်းပြန်လည်ပေးပို့ကြောင်း သိရပါသည် ။ ပေးစာအပြည့်အစုံမှာ ....
ဦးကျော်စွာ 10.6.2013
သံမှူး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
8C ဂျလန်းအန်ပန်းဟီလာ
ကွာလာလမ်ပူ
အကြောင်းအရာ ။ ။1.6.2013 ပါ ဆလာရန်းတွင် မြန်မာမားတိုက်ခိုက်ခံရမှု့အပေါ်တောင်းဆိုချက်ကို ပြန်ကြားခြင်း
1. မလေးရှားနိုင်ငံတွင် လာရောက်နေထိုင်သည့် သို့မဟုတ် လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများအားလုံး၏ အားလုံးအား စောင့်ကြည့်ရန် မလေးရှားပြည်နယ်အားလုံး၏ရဲဌာနများအား ညွှန်ကြားထားပြီးဖြစ်ပါတယ် ။ မလေးရှားတော်ဝင် ရဲဌာကလည်း အခြားသော အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ တရားမဝင်ပြောင်းရွေ့နေထိုင်သောမြန်မာနိုင်ငံသားများအား နှင့် မသင်္ကာသူများကို ဖော်ထုတ်ဖမ်းဆီးရန် ဆောင်ရွက်လျှက်ရှိပါသည် ။
2. တစ်ချိန်းတည်းမှာပဲ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားသော မြန်မာနိုင်ငံသားများ နှင့် ထိခိုက်ဒဏ်ရာရရှိမှု့များကို စုံစမ်းဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည် ။
3. ထို့အတူ မြန်မာနိုင်ငံသားများကလည်း မိမိတို့ အန္တရာယ်ကို သတိဝရိယ ထားပြီး နေထိုင်သွားလာကြပါရန် အကြံပြုပါသည် ။ မိမိတို့ မသင်္ကာမှု့ခြိမ်းခြောက်ခံရမှု့များရှိပါက အနီးဆုံးရဲစခန်းသို့ ချက်ချင်းဖုန်းဆက်သတင်းပေးပို့ပါရန် တို့ဖြစ်ပါသည် ။
Dato' Wan Ahmad Najmuddin Bin Mohd
တော်ဝင်ရဲတပ်ဖွဲ့အတွင်းရေးမှူး
မလေးရှားတော်ဝင်ရဲတပ်ဖွဲ့
တို့ဖြစ်ကြောင်းကို မလေးရှားရောက် မြန်မာများ သိရှိအောင် တင်ဆက်ပေးလိုက်ပါသည် ။
Friday, June 14, 2013
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁ နှင့် ၂ အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနက ပိုင်သည့် မြေနေရာတွင် ဆောက်လုပ်ထားသည့် အိမ်နှင့် စိုက်ခင်းများအား လူအင်အား တစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၃ ရက်က ဝင်ရောက် ဖျက်ဆီးခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်တွင် လွန်ခဲ့သည့်နှစ် ၂ဝ ခန့်ကတည်းကနေထိုင်ခဲ့သည့် အိမ်မြေနေရာများကို ဇွန်လ ၁၃ ရက်တွင် လူအင်အားတစ်ထောင်ခန့်က ဖယ်ရှားရာ ရပ်ကွက်သူရပ်ကွက်သားတို့ စိတ်ထိခိုက် ငိုယိုနေသည်ကို လွှတ်တော်၏ မြေယာသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က နှစ်သိမ့်နေစဉ် (ဓာတ်ပုံ - ဟိန်းထက်)
ယင်းမြေများမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများဖြစ်ပြီး လာရောက်ဖျက်ဆီးသူများမှာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တပ်မြို့စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားအင်အား ၁ဝဝဝ ခန့်က ယင်းနေ့ နံနက်ပိုင်းတွင်ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ယင်းမြေများပေါ်တွင် လွန်ခဲ့သော နှစ် ၂ဝ ကျော်ကပင် သက်သာရန်ပုံငွေများပေး၍ အိမ်ထောင်စု ၂ဝဝ ကျော်က မြေငှားစနစ်ဖြင့် နေထိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ အဆိုပါ အိမ်ထောင်စုများကို ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဧပြီလ ၃ဝ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ သွားရန်နှင့် ပြောင်းရွှေ့ခြင်းမရှိပါက တရားဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း လည်း ဧပြီလအတွင်းက သတိပေးထားပြီး တပ်မြို့ စည်ပင်ကလည်းပြောင်းရွှေ့ပေးရန် သတိပေးစာ နှစ်ကြိမ် ပေးပို့ခဲ့သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တပ်မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက ''လုပ်ထုံးလုပ်နည်းအရ ဒီနေ့ ဒီအချိန်မှာလုပ်မယ်ဆိုတာ ကြိုတင်အကြောင်းကြားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေဘောင်အတွင်းက လုပ်တာပါ။ လူအင်အားသုံး ဖြေရှင်းတော့မယ်ဆိုတာ တိုင်းဒေသကြီးအစိုးရ ကို အသိပေးပြီးသားဖြစ်တယ်။ ဥပဒေမဲ့ လုပ်တယ်ဆိုရင် ဒီအင်အားတွေ ထွက်လာစရာအကြောင်းမရှိဘူး'' ဟုပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ထံသို့ ပြောင်းရွှေ့ခိုင်းမှုကို စဉ်းစားပေးရန် ပြီးခဲ့သည့် နိုဝင်ဘာ ၂ဝ ရက်တွင် တစ်ကြိမ်၊ ယခုနှစ် ဧပြီလ ၂၄ ရက် တစ်ကြိမ်တွင် တင်ပြခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ယင်းဖျက်ဆီးသည့်နေရာသို့ ရောက်လာသည့် ဦးသိန်းညွန့်က ''သင်္ဃန်းကျွန်းမှာ ဒီလိုအင်အားသုံးပြီး ဖြေရှင်းလိုက်တဲ့အခါ တိုင်းပြည်အတွက် အများကြီးမေးခွန်းထုတ်စရာတွေ ပေါ်လာမယ်။ အစိုးရနဲ့ ပြည်သူအကြားမှာ ပေါင်းကူးပေးနေတာ။ ဒီလူတွေက ကျူးကျော်တွေမဟုတ်ဘူး အခွန်ပေးထားတဲ့လူတွေ။ အဲဒါဆိုရင် အိမ်ရှင်အိမ်ငှား ဥပဒေနဲ့ သွားရတော့မယ်'' ဟု ပြောသည်။
ယင်းမြေနေရာမှာ ဧကအားဖြင့် ၃၃ ဧကကျော်ရှိပြီး ယင်းအတွက်အခွန်ကို ယခုနှစ် ဇန်နဝါရီလအထိ ကောက်ခံခဲ့သည်။ အခွန်မှာ တစ်လလျှင် ကျပ် ၃၅ သိန်း ကျသည်ဟု ယင်းမြေပေါ်တွင် နေထိုင်သူများ က ပြောသည်။ စိုက်ခင်းများအတွက် သိန်းပေါင်းများစွာ ရင်းနှီးထားရ၍ ယင်းမြေပေါ်မှပြောင်းရွှေ့ခွင့်ကို ဆိုင်းငံ့ပေးစေလိုကြောင်းလည်း ယင်းမြေပေါ်တွင် နေသူများက ဆိုသည်။
ယင်းမြေနေရာတွင် ဟင်းရွက်စိုက်ခင်းနှင့် ပျိုးခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဟန်တင်က ''မပြောင်းပေးဘူးလို့ မပြောဘူး၊ ပြောင်းပေးမယ်။ ခဏဆိုင်းငံ့ပေးပါ။ စီမံကိန်း တစ်စုံတစ်ရာမရှိခင်လေး လုပ်ကိုင်စားသောက်ခွင့်ပေးပါ။ ကာကွယ်ရေးဝန်ကြီးဆီကို သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က စာတင်တာ သုံးခါရှိပြီ။ ဆိုင်းငံ့ကာလအတွက်ပါပဲ'' ဟု ဆိုသည်။
တပ်မြို့စည်ပင်မှ သတိပေးစာပို့ရာတွင် ဇွန်လ၂ ရက်တွင် နောက်ဆုံးပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ် လည်းဖျက်ဆီးခံနေရာသို့ ရောက်ရှိလာကာ သမ္မတရုံးဝန်ကြီးမှ တစ်ဆင့် သမ္မတထံသို့ ချက်ချင်းအကြောင်းကြားခဲ့သည်။ ယင်းအတွက် သမ္မတက ဖျက်ဆီးခံရမှုများ ရပ်ပေးရန်ပြောသော်လည်း မရပ်ပေးဟု ၎င်းက ဆိုသည်။
ဦးတင်ထွတ်က ''လုပ်တာကိုင်တာ မဟုတ်ဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာပဲ တင်ပြလို့ရတယ်။ အုပ်ချုပ်ရေးအာဏာကို ဝင်စွက်လို့မရဘူး။ ရှေ့မကုတ် မိသေးဘူး။ နောက်လွန်တော့ ပြုတ်ကျသွားမှာပေါ့ ဒါမဖြစ်သင့်ဘူး။ အခုဒီလိုလုပ်တာ အစိုးရအပေါ်မှာရော တပ်မတော်အပေါ်မှာပါ အကြည်ညိုပျက်တယ်။ ဒီကိစ္စကို သမ္မတကြီးဆီအထိ ဖုန်းဆက်ပြီး တင်ပြထားတယ်။ သမ္မတကြီးကလည်း ရပ်ဖို့ပြောပါတယ်'' ဟု ပြောသည်။
ယင်းနေရာတွင် ပန်းအလှစိုက်ပျိုးရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသူ အိမ်ထောင်စု ၂၁၂ စုရှိပြီး မိသားစုဝင် ၇၄၇ ဦး ရှိသည်။
နန်းမြင့်
by Mizzima - News in Burmese
ဤသတင်းနှင့်ဆက်စပ်ဗွီဒီယို-http://www.lwintmgmg.com/2013/06/blog-post_4435.html
မိကျောင်းကန် စိုက်ပျိုးမွေးမြူရေးခြံကို တပ် စည်ပင်နဲ့ရဲ အင်အားသုံးပြီး ဝင်ရောက်ဖျက်စီး (ရုပ်/သံ)
 သင်္ဃန်းကျွန်း မိကျောင်းကန် အပိုင်း ၁နဲ့၂ ပြည်တော်သာ လမ်းပေါ်က တပ်ပိုင်မြေပေါ် မြေငှားပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေကို ဇွန်လ ၁၃ရက်နေ့မှာ တပ်စည်ပင်၊ ရဲနဲ့ အရပ်ဖက်အင်အား တစ်ထောင်ကျော်က ဝင်ရောက် ဖျက်ဆီး လိုက်ပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်ကို သမ္မတ ဦးသိန်းစိန် သွားမယ်
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လမှာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေဆီကို အလည်အပတ်ခရီးသွာဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက် လက်ခံ အသိအမှတ်ပြုလာစေရေး ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းတပုဒ်က ဆိုပါတယ်။
နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောနေတဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ သမ္မတရုံးဝက်ဆိုက်
အခု ဒုတိယမြောက် ဥရောပခရီးစဉ်ဟာ နိုင်ငံ ၄ နိုင်ငံထိ သွားမှာဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရ အရာရှိတဦးက ယနေ့ ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြထားပါတယ်။ 
“ကျနော်တို့ သမ္မတကြီးက ဇူလိုင်လလယ်ပိုင်းမှာ ၃ ၊ ၄ နိုင်ငံကို ခရီး ထွက်ဖို့ ရှိပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်ကို သွားဖို့က တော့ သေချာတယ်” လို့ အဆိုပါ အရာရှိက ပြောထားပါတယ်။ 
ဒါပေမယ့် ခရီးစဉ် အသေးစိပ်ကိုတော့ အစိုးရက တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 
၂၀၁၁ ခုနှစ်မှာ သမ္မတ တာဝန်ယူ စတင်ယူခဲ့တဲ့ ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ မတ်လတုန်းက ဥရောပ နိုင်ငံ တချို့ ကို သွား ရောက်ခဲ့ပေမယ့် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေ မပါဝင်ခဲ့ပါဘူး။ 
အခုလို သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်မှု ရှိလာခဲ့တာဟာ ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်လာခဲ့လို့ဖြစ်ပြီး သူ့အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးမှာ အားလုံး ပါဝင်
ရေးဆိုတဲ့ လမ်းစဉ်ကိုချမှတ်ခဲ့ပါတယ်။ 
အဲဒီလမ်းစဉ်အရ  ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ ဒီအပြင် NLD ပါတီကို ပြန်လည် မှတ် ပုံတင်ခွင့်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးတာ၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီဝင်တွေဟာ လွှတ်တော် အမတ်တွေအဖြစ်နဲ့ ပါလီမန်မှာ ပါဝင်ခွင့်ရလာတာတွေအတွက် နိုင်ငံတကာက ပါ စစ်ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်ကို ပြုပြင်
ပြောင်းလဲရေးရဲ့ အိုင်ကွန်တခုလို့ ခေါ်ဝေါ်သမုတ်လာခဲ့ပါတယ်။ 
ဥရောပ သမဂ္ဂအပါအ၀င် အမေရိကန်နဲ့ နိုင်ငံတကာကလည်း တချိန်က စစ်အုပ်ချုပ်ရေးကာလတလျှောက် အဓမ္မ အလုပ်ခိုင်းစေမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့ ဒဏ်ခတ်အရေုးယူထား တာတွေကို ဒီလို ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလာဒ်အဖြစ် ပလပ်ဖြေလျှော့မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ 
လူ့အခွင့်အရေးချိုးဖောက်မှုအပါအ၀င် ပြုပြင်ပြောင်းလဲမှုဟာ အောက်ခြေထိ သက်ရောက်မှု မရှိသေးပေ မယ့် အခုနောက်ဆုံးမှာ ဥရောပ သမဂ္ဂအနေနဲ့ လက်နက်ဆိုင်ရာ တင်ပို့ရောင်းဝယ်မှု ကန့်သတ်ချက် က လွဲပြီး ကျန်တဲ့ စီး ပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။ 
ဒီအပြင် မကြာသေးခင်ကပဲ ဥရောပ သမဂ္ဂက မြန်မာကို အထူး ကုန်သွယ်မှု ဆိုင်ရာ အခွင့်အရေးတွေ ပေးခဲ့ပါသေးတယ်။
လင်းသန့် ~ဧရာဝတီ
ဦးနေမျိုးဝေ နဲ့ ဇေကမ္ဘာဦးခင်ရွှေအမှု နောက်ဆက်တွဲ
 အသရေဖျက်မှုနဲ့ စွပ်စွဲခံရသူ ဇေကမ္ဘာ ဦးခင်ရွှေဟာ ဇွန် ၁၀ ရက်နေ့ ဒဂုံမြို့နယ်တရားရုံးရဲ့ ပထမအကြိမ် ရုံးချိန်းကို ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ဦးနေမျိုးဝေက သူ့ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့  တရားစွဲထားတာပါ။
လာမယ့်ရုံးချိန်းက ဇွန် ၂၄ ရက်နေ့ပါ။ 
တရားခံအဖြစ် စွပ်စွဲခံရသူဟာ ရုံးချိန်းရက်ကို ၁ကြိမ် ၂ကြိမ်တော့ ပျက်ခွင့် ရှိနိုင်တယ်  ဒါပေမယ့် ဘာကြောင့်ပျက်ရလဲ ဆိုတဲ့အထောက်အထား
ခိုင်ခိုင်လုံလုံတော့ ရှိရမှာဖြစ်တယ်လို့  ရှေ့နေ ဒေါ်စန္ဒာဦးက ဧရာဝတီကို ပြောပြပါတယ်။
တကယ်လို့ အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ဘဲ  (၃) ကြိမ်လောက်  ပျက်ကွက်နေတယ်ဆိုရင်တော့ ရုံးချိန်းဆိုရင် သူ့ကိုဖမ်းဝရမ်း ထုတ်လို့ရတယ်လို့ ဆိုပါတယ်။
ကျနော့်တယောက်တည်း ဂုဏ်သိက္ခာထိခိုက်တဲ့ ကိစ္စမျိုးတွေက နိုင်ငံရေးသမား တယောက်အနေနဲ့ သည်းခံပေးလို့ ရပါတယ်။
သို့သော်လည်းဘဲ လယ်ယာပြဿာနာတွေကို ဖြေရှင်းဖို့ မစဉ်းစားဘဲနဲ့ တောင်သူ လယ်သမားတွေကို ပြန်ပြီးတရားစွဲထားတယ် ။
တဖက်သတ် ထိုးနှက်တဲ့ပုံစံတွေနဲ့ တိုက်ခိုက်နေတဲ့အခါ ကျတော့ ဥပဒေကြောင်းအရ ကျန်တဲ့လူတွေလဲ ရင်ဆိုင်ရဲတယ်၊
ရင်ဆိုင်နိုင်တယ်ဆိုတာကို ပြချင်လို့ တရားစွဲလိုက်တာပါလို့ ဦးနေမျိုးဝေက ဧရာဝတီကို ပြောဆိုပါတယ်။
ထားဝယ် ထွန်တုံးတိုက်ပွဲ (သို့မဟုတ်)လယ်ထွန်မင်္ဂလာ
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းရှိ ၀န်ကြီးများ အိမ်ယာဆောက်လုပ်ပြီး ကျန်နေသော လယ်ကွက်များနှင့် ထားဝယ်အများပို င်ကုမ္ပဏီမှ သိမ်းယူထားသောလယ်ယာမြေအတွင်း ၁၃.၆.၂၀၁၃ ရက်နေ့ နံနက် ၈ နာရီခန့် 
လယ်သမားကြီး ဦးအောင်သန်းစိန် က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ ကြောင်း သတင်းရရှိပါသည်။
အဆိုပါလယ်မြေများမှာ ထားဝယ်အများပို င်ကုမ္ပဏီမှ  သိမ်းလိုက်သည်ဟု လာပြောသော အချိန်ထိ လယ်ယာစိုက်ပျိုး လုပ်ကိုင် စားသောက်နေသော်လည်း နစ်နာကြေး မယူရသေးသော လယ်များ ဖြစ်ကြောင်း သိရပါသည်။
လယ်သမားကြီး ဦးအောင်သန်းစိန် ၏  လယ်ယာမြေများ ဆင်နွဲခဲ့သော ထွန်တုံးတိုက်ပွဲတွင် ထား ၀ယ်လယ်သမား ကွန်ယက်မှ လယ်သမားများ ၀န်းရံမှုဖြင့် လယ်ထွန် မင်္ဂလာကို ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။
တောင်တရုတ်ပင်လယ်မှ INVEST 99w ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် ဖြစ်လာနိုင်
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ် INVEST 99W သည် ယနေ့ မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ အားပိုကောင်းလာပြီး အနောက်တောင်ဘက်သို့ တစ်နာရီ ၁ဝ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပါသည်။ NRL မှ နောက်ဆုံးရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် INVEST 99W သည် ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့မြောက်ဘက် မိုင် ၄၁ဝ ခန့်၊ ဟောင်ကောင်မြို့တောင်ဘက် မိုင် ၂၈ဝ ခန့်၊ ဟိုင်နန်ကျွန်း၊ Haikou မြို့ အရှေ့တောင်ဘက် မိုင် ၂၆ဝ ခန့် တောင်တရုတ်ပင်လယ်ပြင်မြောက်ပိုင်းတွင် တည်ရှိနေပြီး ဗဟိုဖိအား 1010hPa မှ 1007 hPa သို့ ကျဆင်းလာပြီး ဗဟိုလေတိုက်နှုန်း ၁၅ နော်တီကယ်မိုင်မှ ၂ဝ နော်တီကယ်မိုင်သို့ တက်လာကြောင်းတွေ့ရပါသည်။
လေဖိအားနည်းဆဲလ် INVEST 99W
14 Jun 2013 0000Z
Location: 18.3 113.9
Winds: 20 knots
Central Pressure: 1007 hPa
JTWC မှ ဇွန်လ ၁၄ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်တစ်ပြင်လုံးနီးပါး ကျယ်ပြန့်စွာ လည်ပတ်လျှက်ရှိသည့် 99W ၏ ဖွဲ့စည်းဖြစ်ပေါ်ပုံ၌ အပြင်ဘက်သို့ ပြန့်ကျဲလာသည့် လေစီးကြောင်းအခြေအနေကို တွေ့ရပြီး အချင်း နော်တီကယ်မိုင် ၅၅ဝ ခန့်ရှိနေသော်လည်း ပျက်ပြယ်မည့် အခြေအနေမတွေ့ရသေးကြောင်း၊ 99W သည် ဆက်လက်၍ အားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ခြေရှိကြောင်းနှင့် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ တရုတ်ပြည်မကြီး၏ တောင်ဘက်ကမ်းခြေကို နောက် ၂၄ နာရီမှ ၃၆ နာရီအတွင်း ကျော်ဖြတ်ဝင်ရောက်သွားနိုင်ဘွယ်ရှိကြောင်း ကြိုတင် ခန့်မှန်းထားပါသည်။ JTWC မှ လေဖိအားနည်းဆဲလ် INVEST 99W ၏ ဗဟိုတွင် 1000 hPA သို့ ဖိအား ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းထားပြီး၊ လာမည့် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်ပေါ်လာနိုင်ခြေအဆင့် MEDIUM အဆင့် ဆက်လက် သတ်မှတ်ကြောင်း တွေ့ရပါသည်။
THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 18.3N 113.9E, IS NOW LOCATED NEAR 18.6N 113.7E, APPROXIMATELY 220 NM SOUTH OF HONG KONG. ANIMATED MULTISPECTRAL SATELLITE IMAGERY CONTINUES TO SHOW A BROAD CIRCULATION THAT NEARLY ENCOMPASSES THE ENTIRE SOUTH CHINA SEA AS THE SYSTEM EXPANDS NEARLY 550 NM. THE LOW LEVEL CIRCULATION CENTER (LLCC) REMAINS ILL-DEFINED AS THERE IS A LACK OF CENTRAL CONVECTION, WHILE CONVECTION IN THE OUTER PERIPHERIES OF THE SYSTEM REMAINS EXPANSIVE, YET DISORGANIZED.
A 140217Z PARTIAL ASCAT PASS INDICATES WEAK CENTRAL WINDS (05-10 KNOTS) WHILE WINDS ALONG THE WESTERN PERIPHERIES ARE ELEVATED AT 15-20 KNOTS. THESE ELEVATED WINDS ARE DISPLACED APPROXIMATELY 200 NM FROM THE LLCC. UPPER LEVEL ANALYSIS REVEALS THE SYSTEM IS LOCATED SOUTHWEST OF AN ANTICYCLONE IN AN AREA OF LOW TO MODERATE (10-15 KNOT) VERTICAL WIND SHEAR AND ENHANCED POLEWARD OUTFLOW. NUMERIC MODELS ARE DEVELOPING THIS SYSTEM INTO A WEAK CYCLONE THAT WILL MOVE NORTHWESTWARD INTO MAINLAND CHINA OVER THE NEXT 24-36 HOURS. MAXIMUM SUSTAINED SURFACE WINDS ARE ESTIMATED AT 15 TO 20 KNOTS. MINIMUM SEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1000 MB. THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS REMAINS MEDIUM.
14JUN-0630MST
14JUN-1530MST-forecast-GFS
By mmweather.ygn,
မီးလောင်ဗုံးပစ်သူတွေကို အရေးယူဖို့ AHRC တိုက်တွန်း
monk-hospital305
လက်ပန်းတောင်တောင် သပိတ်စခန်းဖြိုခွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်တစ်ပါး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဒီဇင်ဘာ ၁၆ ရက်နေ့က ရောက်ရှိလာစဉ်။
Photo:RFA/Moe Thu Aung
 လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့    ငြိမ်းချမ်းစွာတောင်းဆို တဲ့ ကျောင်းသားတွေနဲ့  အရပ်သားပြည်သူ ၇ ယောက်ကို အာဏာပိုင်တွေ က ပြစ်ဒဏ်တွေ စီရင်လိုက်ပေမယ့်၊ ဆန္ဒပြသူ သံဃာတော်တွေနဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မီးလောင်ကျွမ်း ဒဏ်ရာရအောင် အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ကိုတော့  သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူဘူးလို့  ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC က  မနေ့က ကြေညာချက်ထုတ်ပြန် ပြစ်တင်လိုက်ပါတယ်။
ဒါ့အပြင် ကိုအောင်စိုးနဲ့  ရွာသား ၂ ယောက်ကို ဘယ်ထောင်မှာပို့ထားတယ်ဆိုတာ သက်ဆိုင်ရာက တရားဝင်မပြောသလို၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပြု၊  ဥပဒေအရ အကာအကွယ်ပေးမယ့် ရှေ့နေတွေနဲ့လည်း ပေးမတွေ့ဘူးလို့ဆိုပါတယ်။
ဒါ့အပြင် စုံစမ်းရေးကော်မရှင်အနေနဲ့  ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကို မျက်ကွယ်ပြုလိုက်သလို၊ အကြမ်းဖက်မှုကို ညွှန်ကြားတဲ့အရာရှိတွေကို ဘယ်လိုအရေးယူ ဆောင်ရွက်သင့်တယ်ဆိုတဲ့ တစုံတရာ အကြံပြုထားတာ အစီရင်ခံစာမှာ မတွေ့ ရဘူးလို့ ဆိုပါတယ်။
အစီရင်ခံစာမှာ ဒေသခံလယ်သမားတွေ ကို လျော်ကြေးပေးဖို့ပဲ အကြံပြုထားပြီး၊ စီမံကိန်းကဖြစ်လာမယ့်ဆိုးကျိုးအတွက် ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာလဲ အကြံပြုချက်မပါရှိဘူးလို့  AHRC အဖွဲ့ကပြောလိုက်ပါတယ်။
ဒါပေမယ့် စုံစမ်းရေး ကော်မရှင်အနေနဲ့ ပြင်ဆင်ဖြည့်စွက်အကြံပြုဖို့ အခွင့်အလမ်းရှိသေးတယ်လို့ လဲ AHRC အဖွဲ့က ထောက်ပြထားပါတယ်။
RFA
လားရှိုးအဓိကရုဏ်းမှာ ပါဝင်ပတ်သက်သူ ၂၉ ဦးကို ခြေချုပ်ပြစ်ဒဏ်ချမှတ်
 ပြီး ခဲ့တဲ့ မေလ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၂၉ ဦးကို အများပြည်သူ အသုံးပြုရာလမ်းမမှာ စုဝေးသွားလာမှုနဲ့ လားရှိုးမြို့နယ်တရားရုံးက ၁၄ ရက်တစ်ခါ လက်မှတ်လာရောက်ထိုးရတဲ့ ခြေချုပ်ပြစ်ဒဏ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
အဲဒီ၂၉ ဦးကို မနေ့က အမှတ် () ရဲစခန်းနဲ့ အမှတ် () ရဲစခန်းတွေက ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးတဲ့အခါမှာ  ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။
လားရှိုးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ရာကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က အဲဒီမီးရှို့တဲ့သူကို လားရှိုးမြို့နယ်တရားရုံးက ပုဒ်မ ၃ဝ၇ အရ ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ ပုဒ်မ ၁၆ () အရ ထောင်ဒဏ် ၇ နှစ်၊ စုစုပေါင်း ၂၆ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရသူ စုစုပေါင်း ၆ဝ ထဲက ကျန်တဲ့ ၃၁ ဦးကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုတွေ ထပ်မံပြုလုပ်နေတယ်လို့ မြို့နယ်တရားသူကြီး ဦးနေဝင်းက ပြောပါတယ်။ 
RFA
မြန်မာဒုက္ခသည်တွေ ကို ရွှေ့ပြောင်းပေးရေး မြန်မြန် လုပ်ဘို့ မလေးရှား တိုက်တွန်း
မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ  ပြောင်းရွှေ့ အခြေချနိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်လို့ မလေးရှားအစိုးရက ပြောကြားလိုက်ပါတယ်။
ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရထားပြီးသူတွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်အရ တတိယနိုင်ငံကို မသွားရသေးခင်ကာလမှာ မလေးရှားနိုင်ငံက လက်ခံထားခဲ့ပြီးဖြစ်သလို၊ သူတို့ကိစ္စကို အမြန်ဆုံးစီစဉ်ပေးဖို့ကိုလဲ ဆောင်ရွက်ပေးစေချင်တယ်လို့  မလေးရှားနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ဂျာဖားကပြောပါတယ်။
မြန်မာနိုင်ငံသားတချို့ အသတ်ခံရတဲ့ကိစ္စတွေ ဒီလအတွင်းဖြစ်ပေါ်ခဲ့တဲ့နောက် မလေးရှားဘက်က အခုလို အပူတပြင်း ထုတ်ပြောလာတာဖြစ်ပါတယ်။
အခု ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုပြဿနာကို နှစ်နိုင်ငံပူးပေါင်းဖြေရှင်းဖို့ကိုလဲ မလေးရှားပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးနဲ့အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ သဘောတူခဲ့တယ်လို့  မလေးရှား ဒုတိယဝန်ကြီးကပြောပါတယ်။
မလေးရှားရဲတပ်ဖွဲ့တွေက မြန်မာတွေ သွားလာနေထိုင်လုပ်ကိုင်ရာဒေသတွေမှာ နောက်ထပ်ပြဿနာတွေ မပေါ်ပေါက်အောင် စောင့်ကြည့်သွားမယ်လိုလဲ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ မတူညီတဲ့ဘာသာဝင်တွေကြား ပဋိပက္ခကိုမူတည်ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံက လူတွေကြားမှာ ပြသနာမဖန်တီးဖို့ကိုလဲ ကွာလာလမ်ပူမြို့  ဒုတိယရဲချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေးထားပါတယ်။
RFA
မန်ယူ ကစားသမားဟောင်း ဘလက်မိုး မြန်မာနိုင်ငံတွင် နည်းပြလုပ်ရန် စိတ်ဝင်စား
 မြန်မာနိုင်ငံတွင် နည်းပြ လုပ်ရန် စိတ်ဝင်စားသည်ဟု မန်ယူ ကစားဟောင်း ဘလက်မိုးက ပြောသည်။
”နည်းပြ လုပ်ငန်းကို သဘောကျပါ တယ်။ လက်ရှိလည်း လူငယ်တွေကို နည်းပြနေပါတယ်။ မြန်မာနိုင်ငံ ကိုလည်း စိတ်ဝင်စားပါတယ်” ဟု ဇွန် ၉ ရက်နေ့ တွင် သုဝဏ္ဏ ဘောလုံးကွင်း အစည်းအ ဝေးခန်းမ၌ ပြုလုပ်သည့် ရန်ပုံငွေ ကစား ပွဲ အကြို စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၄င်းကပြောသည်။
မန်ချက်စတာ ယူနိုက်တက် ကစား သမားဟောင်းဖြစ်သည့် ဒင်းနစ် အာဝင်၊ အန်ဒီကိုးလ်၊ လီရှပ်နှင့် ဘလက်မိုးတို့ လေးဦးသည် မြန်မာနိုင်ငံ တွင် ရန်ပုံငွေ ပွဲကစားရန် အတွက် ယခုလ ၉ ရက်နေ့ တွင် ရောက်ရှိခဲ့ပြီး မြန်မာ့ လက်ရွေးစင် အသင်းနှင့် MNL All Stars အသင်း တို့ ပွဲစဉ်တွင် ပါဝင်ကစားခဲ့ကြသည်။
အဆိုပါ ပွဲကို မိနစ် ၇ဝ မျှ ကစားခဲ့ ပြီး ပထမပိုင်းတွင် မန်ယူ ကစားသမား များမှာ MNL All Stars အသင်း တွင် ပါဝင်ကစားခဲ့သည်။ ဒုတိယပိုင်း တွင် မြန်မာ့ လက်ရွေးစင် အသင်းမှ ဝင်ရောက် ကစားခဲ့ကြပြီး အန်ဒီကိုးလ် မှ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။
ယင်းနောက် မန်ယူ ကစားသမား ဟောင်းများသည် Park Royal တွင် ပရိသတ်များနှင့် ညစာ အတူ စားခဲ့ပြီး စပွန်ဆာ ကုမ္ပဏီမှ လှူဒါန်းငွေ များကို လက်ခံ ရယူ ခဲ့ကာ ဇွန်လ ၁ဝ ရက်နေ့ တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။
မန်ယူ ကစားသမားဟောင်းများ ပါဝင်သည့် ရန်ပုံငွေ ခြေစမ်းပွဲကို ဧရာဝတီ ဖောင်ဒေးရှင်း၊ CEA Myanmar တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပြီး ရန်ပုံငွေ ပွဲမှ ရရှိ သည့် ကွင်းဝင်ကြေးနှင့် ညစာစားသုံးခွင့် လက်မှတ် ရောင်းချငွေများ၊ စပွန်ဆာငွေ များကို မဟာဂန္ဓာရုံ ကျောင်းတိုက်၊ သုခရိပ်မြုံ မိဘမဲ့ဂေဟာ နှင့် သီတဂူမျက်စိဆေးရုံ များသို့ လှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။
PN052
သတင်းနှင့်ဓာတ်ပုံ-- Popular Myanmar News Journal
» မြန်မာနိုင်ငံအခြေအနေ စိတ်မချရသေးပေမယ့် ဦးတည်ချက်မှန် EU သုံးသပ်
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ဂျီအက်စ်ပီ ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးဖို့ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲမှာ လက်မှတ် ထိုးခဲ့ပါတယ်။ မနှစ်ကကျင်းပတဲ့ အိုင်အယ်အို ကမ္ဘာ့ အလုပ်သမား ညီလာခံကမြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှု အပါအဝင် အလုပ်သမား အခွင့်အရေးကိစ္စတွေကို ပိုကောင်းအောင် လုပ်နိုင်လာတယ်လို့ ပြောတဲ့အတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ထောက်ခံတဲ့အနေနဲ့ အခုလို့ အီးယူက ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။
တဖက်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေအပေါ် ဖိနှိပ်တာ ကလေးအလုပ်သမား အပါအဝင်အဓမ္မ အလုပ်ခိုင်းတာတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လုံးဝ ပပျောက်မှုမရှိသေးပါဘူး။ ဒီလို အခြေအနေမျိုးမှာ အခုလိုအီးယူက လိုက်လျောလက်ခံလိုက်တဲ့အပေါ်မှာ အချိန်စောသေးတယ် ဆိုတဲ့ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာကို ဂျီအက်စ်ပီ ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးရေး ဥရောပ ပါလီမန်ကို အစီအရင်ခံစာ ရေးသား တင်ပြသူတယောက်ဖြစ်တဲ့ စကော့တလန်မှ ဥရောပ ပါလီမန်အမတ် ဒေးဗစ်မာတင်က မြန်မာနိုင်ငံမှာ အခြေအနေ အားလုံးကောင်းပြီလို့ ယူဆလို့မရဘဲ စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်ကြောင်း ဒါပေမယ့် မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်နေပြီလို့ ယူဆတဲ့အတွက် ထိတွေ့ ဆက်ဆံပြီး အီးယူဘက်က ပူးပေါင်း ဆောင်ရွက်ဖို့ အခုလိုဆုံးဖြတ်တာလို့ ဘီဘီစီကို ပြောပါတယ်။ အခု ဂျီအက်စ်ပီအစီအစဉ်အရ ဥရောပ၂၇နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အခွန်သက်သာတဲ့ အထူးအခွင့်အရေး ခံစားခွင့်ပြုတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကုန်သည်နဲ့စက်မှုလက်မှု အသင်း တွဲဘက် အတွင်းရေးမှူး ဦးမြင့်စိုးကတော့ အခုလို ဂျီအက်စ်ပီ ပြန်ပေးရင် ဥရောပ ဈေးကွက်ကို အဓိကဈေးကွက် အနေနဲ့ မြန်မာ ကုန်သည်တွေပြန် ဝင်နိုင်မှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုကောင်းလာနိုင်မယ်လို့ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
မြိုင်မြို့ နယ်မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေး
မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ နယ်၊ ၀ယ်တောင်ကျေးရွာ အုပ်စုတွင် သားစဉ်မြေးဆက် အာမခံချက်ရှိစေမည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ပေး အပ်သည့် အခမ်းအနားကို ဇွန်လ(၁၂)ရက်၊ နံနက်(၁၀း၃၀)နာရီက၊ ၀ယ်တောင်(တောင်)ကျေးရွာ အခြေခံပညာ အလယ်တန်း(ခွဲ) ကျောင်းဆောင်သစ် အဆောက်အဦးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခန်းအနားကို ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ ဦးတင်မောင်ဝင်းနှင့် အတွင်းရေးမှူးဦးအေးဟောက်ဆွင်းမန်မှ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏
အခွင့်အရေးများနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ နောက် ၀ယ်တောင်ကျေးရွာအုပ်စု၏ ကွင်းပေါင်း(၁၅)ကွင်း၊ ဦးပိုင်ပေါင်း(၂၂၃၁)၊ တောင်
သူပေါင်း(၉၃၄)ဦးတို့ အတွက် သားစဉ်မြေးဆက် အာမခံချက်ရှိစေမည့် လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်များကို ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ  ဦးတင်မောင်ဝင်းမှ ၀ယ်တောင်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ ဦးဝင်းဦးသို့ လည်းကောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် ဦးမြင့်စိန်မှ တောင်သူကိုယ်စားလှယ် ဦးတိုက်ပေါသို့ လည်းကောင်း၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးရဲလင်းအောင်မှ ၀ယ်တောင်(မြောက်)ကျေးရွာ တောင်သူကိုယ်စားလှယ် ဦးဖိုးဂျုံသို့  လည်းကောင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို အသီးသီးပေးအပ်ပြီး၊ အုပ်စုလုံးကျွတ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် လုပ်ငန်းကြိုးစားဆောင်ရွက်ခဲ့သူ မြေတိုင်းစာရေး ဦးမြင့်နိုင်အား လုပ်ငန်းထူးချွန်ဆုအဖြစ် ငွေသားကျပ်တစ်သောင်းတိတိအား ချီးမြှင့်ခဲ့သည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များ ပေးအပ်ပြီးနောက် ၀ယ်တောင်ကျေးရွာအုပ်စု
တောင်သူလယ်သမားများ၏ ကိုယ်စား တောင်သူကြီး ဦးမောင်ရွှေမှ သားစဉ်မြေးဆက်
အာမခံချက်ရှိစေမည့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ အုပ်စုလုံးကျွတ်ပေးအပ်ခဲ့
သည့်အတွက် ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ပြောကြားခဲ့သည်ဟု
 မြိုင်မြို့ နယ် မြေစရင်း ဦးစီးဌာနမှ Myanmar News Now ကို ပြောကြားပါသည်။
သစ်ထူးလွင်
ရက်ပေါင်း ၄၀ အတွင်း နိုင်ငံသား လုပ်ငန်းရှင်များ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော် ထပ်မံမြှုပ်နှံ
 ၂၀၁၃ ခုနှစ် မေ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ရက်ပေါင်း ၄၀ အတွင်း မြန်မာနိုင်ငံသား လုပ်ငန်းရှင်များမှာ ကျပ်သန်းပေါင်း ၁၂၃၆၈၀ ကျော်ပမာဏအထိ ထပ်မံမြှုပ်နှံခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံသား လုပ်ငန်းရှင်များမှ လုပ်ငန်းကိုးခုတွင် ထပ်မံမြှုပ်နှံခြင်းဖြစ်ပြီး အခြားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍနှစ်ခုတွင် မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ရက်ပေါင်း ၄၀ တွင်း ကျပ်သန်းပေါင်း ၁၉၄၈၉ ဒသမ ၁၉ မြှုပ်နှံပြီး အခြားဝန်ဆောင်မှု လုပ်ငန်းများတွင် ကျပ်သန်းပေါင်း ၁၀၄၁၉၅ ကျော် အထိ မြှုပ်နှံခြင်းဖြစ်သည်။
နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ယခုလပိုင်းများအတွင်း BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက်ကာ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးသည့် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် အဓိက မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
ယခု နောက်ပိုင်းတွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံများအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက်သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း...
ထိုသို့ မြှုပ်နှံလာသည့်အတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုင်းရင်းသား လုပ်ငန်းရှင်များ မြှုပ်နှံထားသည့် ပမာဏ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် အထိ ဆိုပါက ကျပ်သန်းပေါင်း ၃၀၀၀၀၀၀ နီးပါး (ကျပ်ဘီလျံ ၃၀၀၀ နီးပါးအထိ) ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မြှုပ်နှံရာတွင် ယခင်က လျှပ်စစ်စွမ်းအား ကဏ္ဍတွင် အဓိက မြှုပ်နှံသော်လည်း ယခု နောက်ပိုင်းတွင်မူ BOT စနစ်ဖြင့် နိုင်ငံပိုင်မြေကွက်၊ အဆောက်အအုံများအား ရယူကာ စီးပွားရေးဆိုင်ရာ အဆောက်အအုံများအား တည်ဆောက်သည့် လုပ်ငန်းများတွင် အများအပြား မြှုပ်နှံလာခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံရခြင်း အဓိက အကြောင်းရင်းမှာ စီမံကိန်းအတွက် တည်ဆောက်ရာတွင် လိုအပ်သည့် ကုန်ကြမ်းများအား အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်ပမှ တင်သွင်းခွင့် ရရှိသကဲ့သို့ လုပ်ငန်းစတင်သည်မှ ငါးနှစ်အထိ အခွန်ကင်းလွတ်ခွင့်များ ရရှိသည့်အတွက် မြှုပ်နှံကြခြင်း ဖြစ်သည်။
6.13.24
Eleven Media Group
စင်ကာပူမှ မြန်မာအမျိုးသမီးငယ်အချို့ စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်ရောက်လာမှုများရှိနေ
ဧပြီ ၁၆ ရက်က စင်ကာပူမှ မြန်မာနိုင်ငံသို့ MAI လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ကချင်အမျိုးသမီးငယ် တစ်ဦးသည် လေဆိပ်သို့ ရောက်ရှိပြီးချိန်တွင် စိတ်မမှန်သည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ ထပ်မံ၍ ဇွန် ၉ ရက်ကလည်း စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Golden Myanmar လေကြောင်းလိုင်းဖြင့် ပြန်လာသည့် ချင်းတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦးမှာလည်း ထိုသို့ပင် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြန်လည်ရောက်ရှိ လာသဖြင့် လေဆိပ်တာဝန်ရှိသူများက အမျိုးအဆွေများအား ရှာဖွေအပ်နှံ ပေးနေရကြောင်း လေကြောင်းလိုင်း အချို့ထံမှ စုံစမ်းသိရှိရသည်။
လေကြောင်း အသိုင်းအ၀ိုင်းမှ ဖြစ်စဉ်များကို သိရှိသူ တစ်ဦးက ''စင်ကာပူကနေ ပြန်လာတဲ့ အမျိုးသမီးငယ်တွေချည်းပဲ ဖြစ်နေတာ တွေ့ရတယ်။ ပထမတစ်ယောက် ဆိုရင် အသက် ၂၄ နှစ်အရွယ် ကချင်မလေး။ လေဆိပ်ရောက်တော့ ကိုယ့်ပစ္စည်းတွေလည်း ကိုယ်သယ်ဖို့ သတိမရဘူး။ အငှားကားပေါ် တက်ထိုင်နေပြီး ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဖြစ်နေတယ်။ ဘာမှ မေးလို့မရဘူး။ ဘာကိုမှလည်း သတိမရဘူး။ ဒုတိယ တစ်ယောက်လည်း အဲဒီလိုပဲ ငိုလိုက်ရပ်လိုက်၊ ငိုလိုက်ရပ်လိုက် ဘာမှ သတိမရဘူး။ တာဝန်ရှိသူတွေက အိတ်တွေဖွင့်ပြီး ဆက်သွယ်လို့ရမယ့် ဖုန်းတွေလိုက်ရှာပြီး လုပ်ပေးလိုက်တယ်။ ပထမ တစ်ယောက်ဆိုရင် မြစ်ကြီးနားက ကောင်မလေးပါ။ ဆွေမျိုးရင်းချာအထိ ဆက်သွယ်လို့ မရတဲ့အတွက် ကမ္ဘာအေး အမျိုးသမီး စောင့်ရှောက်ရေးအဖွဲ့က လာခေါ်ပေးသွားတယ်လို့ ကြားရတယ်။ ဒုတိယတစ်ယောက် ကတော့ ဦးလေးတော်တဲ့သူနဲ့ အဆက်အသွယ်ရတော့ လာခေါ်သွားတယ်လို့ ကြားရတယ်။ အဲဒီမှာ တူတဲ့အချက်တွေက ငိုလိုက်ရပ်လိုက်ဖြစ်တာ၊ မှတ်ဥာဏ်ပျောက်နေတာ၊ အမျိုးသမီးငယ်တွေ ဖြစ်နေသလို လေယာဉ်ပေါ်မှာလည်း တစ်ယောက်တည်းစီပဲ ပါလာတာတွေက တူနေတယ်။ အစကတည်းက စိတ်မမှန်ဘူးဆိုရင် လေယာဉ်စီးဖို့ မဖြစ်နိုင်သလို တစ်ယောက်ယောက် အစောင့်ပါလာမှာပဲ။ တစ်ယောက်လောက် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းကြောင်းကြောင့်လို့ ပြောလို့ရပေမယ့် ပုံစံတူ နှစ်ယောက် ဖြစ်လာတဲ့ အတွက်တော့ သေချာစိစစ် သင့်တယ်လို့ ထင်တယ်။
ဥပမာ- ဆေးဝါး တစ်ခုခုကြောင့် အသိဥာဏ် ပျောက်သလား ဆိုတာမျိုးပေါ့။ သွေးရိုးသားရိုး ဖြစ်တာက ပြဿနာ မဟုတ်ပေမယ့် တစ်ခုခုကြောင့်ဆိုရင် ရှောင်တိမ်းနိုင်အောင် စစ်သင့်တယ် ထင်တယ်။ နှစ်ယောက်စလုံး အနေအထားက အောက်ခြေ အလုပ်လုပ်တဲ့ ပုံစံမျိုးလေးတွေပါ'' ဟု ပြောပြခဲ့သည်။
Eleven Media Group
ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း
ဦးဝီရသူ(ဓာတ်ပုံ – ဧရာဝတီ)
 ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို  နိုင်ငံတော်သြဝါဒ ဓမ္မစရိယဆရာတော်ကြီးများ ဦးဆောင်ပါဝင်သော သံဃာအစည်းအဝေးတခုတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည်။
ယနေ့  မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ  ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်  နိုင်ငံတော်သြဝါဒဓမ္မစရိယ ဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ ကြီးမှူးပြီး သံဃာ အပါး၂၀၀ တက်ရောက်နေသည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြင်ပမီဒီယာများနှင့် အချို့ သောမီဒီယာများတွင် အကြမ်းဖက်သူများ သဘောမျိုးဖော်ပြနေခြင်းအပေါ် တုန့် ပြန်ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရှုသာ ဘာသာတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် ရည်ရွယ်ကျင်းပရာ အစည်းအဝေးတွင် ဦးဝီရသူက “အမျိုးစောင့်ဥပဒေ”ဟု ခေါ်ဆိုသော အဆိုပါ စာတမ်းတစောင်ကို ထုတ်ပြန်တင်ပြသွားခဲ့သည်။
မည်သည့်ဘာသာဝင်မဆို ဘာသာခြား၊ လူမျိုးခြားဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့ မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ လက်မှတ်ရေးထိုး လက်ထပ်ရမည်ဟု ယင်းဥပဒေ မူကြမ်းတွင်  ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြည်တွင်းမှ ဥပဒေပညာရှင်များဖြင့် ပူးပေါင်းကာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို အတုယူရေးဆွဲထားသည်ဟု ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုသည်။
“ဥပဒေကို အသက်ဝင်အောင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို စာပို့မယ်။ ဒီလမကုန်ခင် တနိုင်ငံလုံးမှာ သဘောထား စစ်တမ်းကောက်မယ်။ လွှတ်တော်မှာ တရားဝင် တင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးထားပြီးပြီ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ယူထားသည့် ဆရာတော်ဓမ္မပီယက မိန့်သည်။
အထက်ပါ ဥပဒေအကြောင်းအချက်များကို မလိုက်နာဘဲ လက်ထပ်ပေါင်းသင်းသူကို ထောင်ဒဏ်၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မများနှင့် သီးခြား အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်း မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။
သို့သော် ဥပဒေသည် ဗုဒ္ဓဘာာသာဝင်အမျိုးသမီးများသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် ထည့်သွင်းရေးဆွဲမထားဘဲ ၎င်းတို့အနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးကို မဆို လက်ထပ်ခွင့်ရှိမည်ဟု ဆိုသည်။
“ဗုဒ္ဓဘာသာ အမျိုးသားတွေက ဘာသာခြား အမျိုးသမီးနဲ့ လက်ထပ်ခွင့်ရှိမယ်။ သူတို့တွေမှာက ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာ သိပ်မဖြစ်ကြတော့ သူတို့အတွက် ဥပဒေမပါဘူး။ ကာကွယ်စရာမလိုဘူး”ဟု ဦးဝီရသူက မိန့်သည်။
ဧရာဝတီသတင်းဌာနက ဗုဒ္ဓဘာသာ အမျိုးသမီးများအနေဖြင့် ၎င်းတို့စိတ်ဆန္ဒအရ ဘာသာမပြောင်းဘဲ လက်ထပ်ခြင်းပြုမည် ဆိုပါက အမျိုးသမီးအား အရေးယူ မယူ မေးမြန်းရာတွင် ယင်းအချက်အလက်ကိုမူ စဉ်းစားဆဲဖြစ်ပြီး သဘောကျ နှစ်သက်သဖြင့် လုပ်မည်ဆိုပါက အစ္စလာမ်ဘာသာသို့ ကူးပြောင်းစေမည်ဖြစ်ကြောင်း ဦးဓမ္မပီယနှင့် ဦးဝီရသူ တို့ နှစ်ပါးစလုံးက ဆိုသည်။
“ စိတ်ဆန္ဒရှိတယ်ဆိုရင်၊ တကယ် အကျိုးရှိမယ်ဆိုရင် တနိုင်ငံလုံး အစ္စလာမ်ဘာသာ ဖြစ်သွားလည်း သဘောတူတယ်။ မိန်းကလေးရဲ့ သဘောဆန္ဒ ရှိတယ်ဆိုရင် ဥပဒေ အဆင့်ဆင့်ဆောင်ရွက်ပြီးတော့ ဘာသာပြောင်းဖို့ ခွင့်ပြုမယ်”ဟု ဦးဝီရသူက မိန့်သည်။
မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်းဖြစ်ပြီး ဤဥပဒေပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော်သိမ်းပိုက်လိုမှုများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ အမျိုးစောင့်ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားထားသည်။
ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် ဆရာတော် ဆေကိန္ဒကမူ ယခု သံဃာစုဝေးပွဲမှာ မကြာမီက ဖြစ်ပွားခဲ့သော ဘာသာရေး အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပါဝင်နေကြောင်း စွပ်စွဲလာကြပြီး မြန်မာပြည်ရှိ ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသည့်ဘာသာအဖြစ် မမြင်ကြတော့သည့်အတွက် တုန့်ပြန်တင်ပြရန် ဆွေးနွေးကြခြင်းဖြစ်ကြောင်း ဆိုသည်။
“ ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်နေပါတယ်၊ တချို့ကိစ္စတွေမှာကျတော့ သိသမျှကို ပြောပြလို့မရတာတွေ ရှိတယ်”ဟု ဆရာတော် ဆေကိန္ဒက မိန့်သည်။
ယခု သံဃာ စုဝေးပွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။
ဧရာဝတီ
ပခုက္ကူမှာ တည်ငြိမ်မှု ပျက်အောင် လုပ်မှု ရှိခဲ့
ပခုက္ကူ မြို့က အမှတ် ၁၇ မူလတန်း ကျောင်း ရှေ့မှာ ကျောင်းသား တွေကို လာခေါ်တဲ့ မိဘများ
ပခုက္ကူ မြို့မှာ တည်ငြိမ်မှု ပျက်ပြားအောင် ဆူပူ လှုံဆော်မှု ပြုလုပ်တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ တဲ့ အတွက် မြို့သူ မြို့သားတွေ အထိတ် တလန့် ဖြစ်သွားခဲ့ ပါတယ်။
ကြာသပတေးနေ့ နေ့လည် ၁၂နာရီခွဲ လောက်က အမှတ် ၃ ရပ်ကွက်မှာ ရှိတဲ့ မူလတန်းကျောင် အမှတ် ၁၇ မှာ တခုခု ဖြစ်နေတယ် ဆိုပြီး မော်တော် ဆိုင်ကယ်နဲ့ လူ လေးယောက်က အော်ဟစ် သွားခဲ့တာ ကြောင့် ကျောင်းသား မိဘ တွေက သူတို့ ကလေး တွေကို သက်ဆိုင်ရာ ကျောင်းတွေ ကနေ စိုးရိမ် တကြီး သွားခေါ် ခဲ့ကြ ပါတယ်။
ဒါကြောင့် အဲဒီ မူလတန်းကျောင်းရှေ့မှာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့တယ်လို့ အမှတ် ၁၇ မူလတန်းကျောင်း ရှေ့ကို ရောက်ခဲ့သူ ကိုဝင်းမင်းဦးက ပြောပါတယ်။
တချိန်တည်းမှာ ကောလဟာလ ဖြစ်တဲ့ကျောင်း ဆီကို မီးသတ်ကား တစ်စီး ဦးတည်မောင်းသွား တာကြောင့် ကျောင်းသား မိဘတွေရဲ့ စိုးရိမ် စိတ် ပိုကဲလာပြီး မြို့ပေါ်က ကျောင်းတွေ ဆီကို မိဘ အတော် များများ အပြေး အလွှား စုပြုံ ရောက်လာကြ ပါတယ်။
မဟုတ်မမှန် သတင်းတွေကို အော်ဟစ်ပြီး ထွက်ပြေး သွားကြသူ တွေကို ရဲတွေက လိုက်လံ ရှာဖွေ နေပေမဲ့ အခုချိန်ထိ မတွေ့သေးဘူးလို့ ပခုက္ကူ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
အလားတူ မမှန် သတင်းတွေ ဖန်တီးမှု ရှိလာရင် ပခုက္ကူ မြို့မှာ ဖွဲ့ထားတဲ့ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မီတီ၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ နယ်မြေခံ လုံခြုံရေး တို့က ပူးပေါင်း ပြီး ရှင်းလင်း ဆောင်ရွက်ဖို့ စီစဉ် ထားတယ်လို့ လည်းသူက ပြောပါတယ်။
လောလောဆယ် စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ ချထားခြင်း မရှိပေမဲ့ လှည့်ကင်း တွေကိုတော့ ပိုလုပ် သွားမယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ပခုက္ကူ မြို့မ ဈေးထဲက အစ္စလာမ် ဘာသာဝင် တွေရဲ့ ဆိုင်တွေရော တခြား ဈေးဆိုင် တခိျု့ပါ ပိတ်တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)