Pages

Saturday, July 27, 2013

အီဂျစ်ပဋိပက္ခ သေဆုံးသူများပြား

အီဂျစ်ဆန္ဒပြပွဲတွင်း ဒဏ်ရာရသူတချို့။
အီဂျစ်နိုင်ငံမှာ ရာထူးကနေဖယ်ရှားခံရတဲ့ သမ္မတဟောင်း မိုဟာမက်မော်စီ ကို ထောက်ခံသူတွေနဲ့ လုံခြုံရေးတပ်တွေကြား ပဋိပက္ခဖြစ်ပွားမှုမှာ လူပေါင်း ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ အီဂျစ်အစိုးရ တာဝန်ရှိသူတွေ နဲ့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ မစ္စတာ မော်စီကိုထောက်ခံသူတွေ ကတော့ သေဆုံးသူ အရေအတွက် အများကြီး ပိုများတယ်လို့ ပြောပါတယ်။

သောကြာနေ့ကတည်းက မော်စီထောက်ခံသူတွေ စုဝေးနေတဲ့ ကိုင်ရို မြို့တော်မှာရှိတဲ့ Rabia el-Adawiya ဗလီနားအပါအဝင် အီဂျစ်နိုင်ငံထဲ က နေရာတော်တော်များများမှာ ဒီကနေ့ မငြိမ်မသက်ဖြစ်ပွားနေပါတယ်။ ဒီကနေ့ စနေနေ့မှာ ဗလီထဲကလူတွေက အနီးအနားမှာရှိတဲ့ ရပ်ကွက်တွေအပေါ် ပစ်ခတ်တယ်လို့ အီဂျစ်တာဝန်ရှိသူတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ သေနတ်သမားတွေက ဗလီထဲကို ပစ်ခတ်တယ်လို့ al-Jazeera ရုပ်သံ သတင်းကပြောပါတယ်။ အပြန်အလှန် ပဋိပက္ခအတွင်းမှာ ၃၈ ယောက် ထက်မနည်း သေဆုံးတယ်လို့ ကိုင်ရိုမြို့ထဲက ယာယီလုပ်ထားတဲ့ဆေးရုံ က ဆေးဝန်ထမ်းတွေက ပြောပါတယ်။

ကိုင်ရိုမြို့ Nasr ရပ်ကွက်က အဓိက လမ်းမကြီးမှာ လုံခြုံရေးတပ်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေ အမြောက်အများရှိတဲ့ နေရာနဲ့ ဆန္ဒပြသမားတွေ စခန်းချနေတဲ့ နေရာကြားမှာ အဖြစ်လုပ်ထားတဲ့ အုတ်နံရံတွေတချို့ ကာထားတာ တွေ့ရတယ်လို့ အဲဒီမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါ တယ်။ ဘယ်သူတွေ ကာသွားသလဲ ဆိုတာကတော့ အတိအကျ မသိရပါဘူး။

သပိတ်စခန်းတွေကို ဖြိုခွဲဖို့ ဥပေဒေနဲ့အညီလုပ်မယ်လို့ ယာယီအစိုးရ က မျှော်လင့်ကြောင်း ဒီကနေ့ စနေနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲ မှာ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် နဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ချုပ်နှောင်ထားတဲ့ Torah အကျဉ်းထောင်ဆီကို မစ္စတာ မော်စီကို ပြောင်းရွှေ့ဖမ်းဆီးထားဖို့ များတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

သမ္မတဟောင်း မောစီကို ပူးပေါင်းကြံစည်မှုတွေနဲ့ ဆက်လက်ဖမ်းဆီးထားဖို့ အီဂျစ်တရားသူကြီး တယောက်က အမိန့်ချထားတာနဲ့အတူ အီဂျစ်နိုင်ငံတဝန်းမှာ သူ့ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေဘက်က အင်အားပြိုင် ဆန္ဒပြနေကြပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

လွှတ်တော် ဥပဒေ မူကြမ်း ကိစ္စ လွှတ်တော်နဲ့ သမ္မတ သဘောထား ကွဲ

 
ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ဆိုင်ရာ ဥပဒေ မူကြမ်းထဲမှာ နိုင်ငံတော် လှိျု့ဝှက်ချက်က လွဲပြီး တခြား အချက် အလက်တွေကို ဌာန ဆိုင်ရာတွေဆီ တောင်းယူ ကြည့်ခွင့် ရဖို့ လွှတ်တော် အမတ်တွေက ထည့်သွင်း ထားတာကို သမ္မတက လက်မခံ ခဲ့ပါဘူး။

လွှတ်တော် အမတ်တွေ အနေနဲ့ အစိုးရ ဌာနတွေ ဆီက အချက် အလက် တောင်းခံခွင့် ရရှိဖို့ လုပ်တာလို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

လွှတ်တော် အမတ်တွေ အနေနဲ့ သူတို့ မဲဆန္ဒနယ်က အခြေ အနေနဲ့ ပတ်သက်လို့ သိချင်တဲ့ အချက်တွေကို အစိုးရ ဌာနတွေဆီက တောင်းခံတဲ့ နေရာမှာ ဥပမာ စည်ပင်လို ဌာနမျိုးမှာ အဆောက်အဦ ဆောက်လုပ်မှု ကိစ္စ ခွင့်ပြုချက် ဘယ်လို ပေးသလဲ ဆိုတဲ့ အချက် အလက်မျိုးကို တောင်းခံရင် ဘယ်တော့မှ မရရှိ ကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီ အချက်ကို သမ္မတ ဘက်က ဘာကြောင့် လက်မခံသလဲ ဆိုတဲ့ အကြောင်းရင်း ကိုတော့ မသိရသေး ပါဘူး။

ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ဆိုင်ရာ ဥပဒေကြမ်းကို သမ္မတက မှတ်ချက် ပေးပြီး ဖြုတ်ခိုင်း တဲ့ အဲဒီ အချက်တွေကို ပြည်ထောင်စု လွှတ်တော်က မပြင်ဘဲ ဇူလိုင်လ ၂၆ ရက်ကပဲ အတည်ပြု လိုက်ပါတယ်။

ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သီတင်း နှစ်ပါတ် ကြာရင် ဒီဥပဒေ အတည်ဖြစ် သွားတော့မှာ ဖြစ်ပါတယ်။

ဒီ ပြည်နယ်နဲ့ တိုင်းလွှတ်တော် ဆိုင်ရာ ဥပဒေ မူကြမ်းဟာလည်း သမ္မတနဲ့ လွှတ်တော် အကြား အားပြိုင်မှု တစ်ခုလို့ လွှတ်တော် အမတ်တွေက ပြောကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တရားရေးမဏ္ဍိုင်အားနည်းမှု ဒေါ်အောင်ဆန်းစုကြည်ထောက်ပြ

 
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အားအနည်းဆုံး ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားသူကြီးအဆင့်ဆင့်ကို ခန့်ထားတာမှာ လွတ်လပ်ပြီး တရားဥပဒေရေးရာ ကျွမ်းကျင်သူတွေကိုပဲ ခန့်ထားဖို့လိုသလို တရားစီရင်ရေးပိုင်းအပေါ် အုပ်ချုပ်ရေးကဏ္ဍက ၀င်ရောက် စွက်ဖက်တာမျိုး မရှိဖို့လိုတယ်လို့ တရားစီရင်ရေးလောကသားတွေက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော် သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍဟာ ချည့်နဲ့အားနည်းနေတယ်ဆိုတာကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရင်က လည်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အား အနည်းဆုံးဖြစ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်အတွင်း ပြောခဲ့တာပါ။

“တရားရေးမဏ္ဍိုင်ဟာ ဒီ မဏ္ဍိုင်ကြီးသုံးခုထဲမှာ အင်မတန်မှ အားနည်းပြီးတော့ ချည့်နဲ့နေတဲ့ မဏ္ဍိုင် ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဒေါက်တိုင်ကြီးသုံးခု ညီမျှမှု မရှိတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ နစ်နာစရာဖြစ်ပါတယ်။ အဲဒါကိုတော့ ပထမဦးဆုံး ပြောလိုပါတယ်။ နောက်ပြီး တရားရေးမဏ္ဍိုင်က ခေါင်းဆောင်ကို ပြောရမယ်ဆိုရင် ဘယ်သူ့ကို ပြောရမယ်မှန်းတောင် ကျမ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့နေချုပ်ကော၊ တရားသူကြီးချုပ်ကောက သမ္မတက ခန့်တာဆိုတော့ အဲဒီမှာကတည်းက တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ဖြစ်နေပါပြီ။ အဲဒီတော့ ဒီဒေါက်တိုင်ကြီး သုံးခုဟာ တကယ်တော့ လွတ်လွတ်လပ်လပ်နဲ့ တခုကိုတခု ထိန်းထားရမယ့် အနေအထားမှာ မရှိပါဘူး။ အဲဒီတော့ ဆက်ဆံရေးမှာလည်း ညီမျှမှု မရှိဘူးပေါ့။”

တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်စီရင်နိုင်သူတွေ၊ တရားဥပဒေကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်သူတွေကိုသာ ရွေးချယ် ခန့်ထားသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ တရားသူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ တရားစီရင်ရေး စနစ်ကို ရောက်ချင်ပေမဲ့လည်း လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ကြာလာတဲ့အထိ အဲဒီလိုအခြေအနေကို မရောက်သေးဘူးလို့ လည်း ဦးအောင်သိန်းက ပြောပါတယ်။

တရားရေးမဏ္ဍိုင်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကအတိုင်း၊ လမ်းဟောင်းကြီးအတိုင်းပဲ သွားနေတုန်းပဲလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဗွီအိုအေကိုပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဒီလိုပဲ သွားခဲ့တယ်။ အခုလည်း ညွှန်ကြားချက်တွေနဲ့ တရားစီရင်ရေးအပေါ်မှာ သွားနေတယ်လို့ အဲလို ရှုမြင်ပါတယ်။ အဲဒီတော့ ကျနော်တို့တတွေက ဒါကြီးကို ဘယ်လို ထိန်းကျောင်းကြမလဲဆိုလို့ရှိရင် တရားစီရင်ရေး ယန္တရားအပိုင်းတွေမှာ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေ ရှိကြမှာပေါ့လေ၊ မရှိဘူးဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကိုလည်း တာဝန်ခံမှုနဲ့ တာဝန်ယူမှုအနေနဲ့ ပေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တရားစီရုံးတွေမှာ လိုက်လံနားထောင်ပြီးတော့ တကယ့်ပြည်သူတွေရဲ့ အသံကို နားထောင်လို့ရှိရင် တရားစီရင်ရေး ယန္တရား အောက်ခြေကစတင်နိုင်တယ်လို့ ဆိုရမှာပေါ့နော။ အဲလို အောက်ခြေက ပြင်နိုင်တယ်ဆိုလည်း အပေါ်က အပေါ်က ပြင်ဖို့လည်း လိုတယ်လို့ - အဲလိုလည်း မြင်ပါတယ်။”

တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးပိုင်းရဲ့ လွှမ်းမိုးမှုက သိပ်ကြီးမားလွန်းနေပြီး အုပ်ချုပ်ရေးပိုင်းက စွဲတင်လာတဲ့အမှုတွေကို တရားရုံးတွေက စစ်ဆေးစီရင်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းဘက်ကို အသားပေးဆုံးဖြတ်တာက များနေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေ များကွန်ယက်က ရှေ့နေတစ်ဦးဖြစ်သူ ဦးကိုနီကလည်း ထောက်ပြပါတယ်။ အမှုတွေကိုစီရင်တဲ့နေရာမှာလည်း ကွာခြား တာတွေ၊ မမျှတတာတွေကို တွေ့ရပြီး တရားရုံးဟာ အုပ်ချုပ်ရေးကဏ္ဍက စွဲတင်လာတဲ့အမှုတွေဘက်က ရပ်တည်ပေးနေတာကို တွေ့ရတယ်လို့ ဦးကိုနီက ပြောပါတယ်။ တရားရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးမှုရှိနေသရွေ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အဟန့်အတားဖြစ်နေမယ်လို့ ရှေ့နေကြီးဦးကိုနီက ဗွီအိုအေကိုပြောပါတယ်။

“တကယ်တော့ တရားရေးဌာနရဲ့တာဝန်ဟာ နိုင်ငံသားအချင်းချင်းကြားမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရုံသာမက နိုင်ငံတော်နဲ့ နိုင်ငံသားကြားမှာ ဖြစ်တဲ့ပြဿနာတွေကိုလည်း မျှမျှတတ ဆုံးဖြတ်ပေးဖို့ တာဝန်ရှိတယ်။ ဥပမာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် ဝန်ကြီးချုပ်အမိန့်နဲ့ ဗိုလ်ရန်နိုင်ကို ဖမ်းတယ်။ တရားဝန်ကြီးက လွှတ်လိုက်လို့ အမိန့်ချတယ်။ သမ္မတက အမိန့်အာဏာနဲ့ PSI ညွှန်ကြားရေးမှူးချုပ်ကို အာဏာတည်လွှဲတယ်။ သမ္မတမှာ ဒီလို အာဏာလွှဲခွင့်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆိုလိုတာက တရားရေးဌာနဆိုတာဟာ အဲဒီလို အုပ်ချုပ်ရေးဌာနရဲ့လုပ်ရပ်တွေ မမှန်ဘူးဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရမယ်၊ ပြောရဲ ဆိုရဲရမယ်။ အဲဒီအခြေအနေ မရောက်သေးသရွေ့ ဒီမှာ တရားဥပဒေ စိုးမိုးရေးဆိုတာလည်း မရှိဘူး၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ရောထွေးနေသရွေ့ ဒီမိုကရေစီစနစ်ကိုလည်း တည်ဆောက်လို့ ရမှာ မဟုတ်ဘူး။ အဲဒါတွေအားလုံးကို ပြတ်ပြတ်သားသား ရှင်းရမယ်။”

ဒီလိုအခြေအနေတွေ ပြေလည် ကောင်းမွန်ဖို့ဆိုရင် တရားသူကြီးတွေကို ခန့်ထားတဲ့နေရာမှာ သမ္မတက အမည်စာရင်းတင်သွင်း ပြီးတော့ ပြည်ထောင်စုလွှတ်တော်က သေသေချာချာ စိစစ်သုံးသပ်ပြီး ခန့်အပ်ရမယ်လို့ ဦးကိုနီက အကြံပေးပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့လိုမယ်လို့ ပြောပါတယ်။
အခုအခါမှာတော့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ပထမဆုံးခြေလှမ်းအနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အချိုးကျပါဝင်ပြီးတော့ အဖွဲ့ဝင် ၁၀၉ ဦးနဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဇူလိုင်လ ၂၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ ဖွဲ့စည်းပေးထားပါ တယ်ခင်ဗျား။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ)

တရားရေးမဏ္ဍိုင်အားနည်းမှု ဒေါ်အောင်ဆန်းစုကြည်ထောက်ပြ

 
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အားအနည်းဆုံး ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တရားသူကြီးအဆင့်ဆင့်ကို ခန့်ထားတာမှာ လွတ်လပ်ပြီး တရားဥပဒေရေးရာ ကျွမ်းကျင်သူတွေကိုပဲ ခန့်ထားဖို့လိုသလို တရားစီရင်ရေးပိုင်းအပေါ် အုပ်ချုပ်ရေးကဏ္ဍက ၀င်ရောက် စွက်ဖက်တာမျိုး မရှိဖို့လိုတယ်လို့ တရားစီရင်ရေးလောကသားတွေက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော် သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍဟာ ချည့်နဲ့အားနည်းနေတယ်ဆိုတာကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အရင်က လည်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်ထဲမှာ တရားရေးမဏ္ဍိုင်ဟာ အား အနည်းဆုံးဖြစ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်အတွင်း ပြောခဲ့တာပါ။

“တရားရေးမဏ္ဍိုင်ဟာ ဒီ မဏ္ဍိုင်ကြီးသုံးခုထဲမှာ အင်မတန်မှ အားနည်းပြီးတော့ ချည့်နဲ့နေတဲ့ မဏ္ဍိုင် ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဒေါက်တိုင်ကြီးသုံးခု ညီမျှမှု မရှိတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ နစ်နာစရာဖြစ်ပါတယ်။ အဲဒါကိုတော့ ပထမဦးဆုံး ပြောလိုပါတယ်။ နောက်ပြီး တရားရေးမဏ္ဍိုင်က ခေါင်းဆောင်ကို ပြောရမယ်ဆိုရင် ဘယ်သူ့ကို ပြောရမယ်မှန်းတောင် ကျမ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့နေချုပ်ကော၊ တရားသူကြီးချုပ်ကောက သမ္မတက ခန့်တာဆိုတော့ အဲဒီမှာကတည်းက တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ဖြစ်နေပါပြီ။ အဲဒီတော့ ဒီဒေါက်တိုင်ကြီး သုံးခုဟာ တကယ်တော့ လွတ်လွတ်လပ်လပ်နဲ့ တခုကိုတခု ထိန်းထားရမယ့် အနေအထားမှာ မရှိပါဘူး။ အဲဒီတော့ ဆက်ဆံရေးမှာလည်း ညီမျှမှု မရှိဘူးပေါ့။”

တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်စီရင်နိုင်သူတွေ၊ တရားဥပဒေကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ကိုယ်တိုင် အဆုံးအဖြတ်ပေးနိုင်သူတွေကိုသာ ရွေးချယ် ခန့်ထားသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။ တရားသူကြီးတွေကိုယ်တိုင် ကိုယ့်ရဲ့ဆင်ခြင်တုံတရားနဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ တရားစီရင်ရေး စနစ်ကို ရောက်ချင်ပေမဲ့လည်း လွှတ်တော်သက်တမ်း နှစ်နှစ်ကျော်ကြာလာတဲ့အထိ အဲဒီလိုအခြေအနေကို မရောက်သေးဘူးလို့ လည်း ဦးအောင်သိန်းက ပြောပါတယ်။

တရားရေးမဏ္ဍိုင်ဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကအတိုင်း၊ လမ်းဟောင်းကြီးအတိုင်းပဲ သွားနေတုန်းပဲလို့ ရှေ့နေကြီး ဦးအောင်သိန်းက ဗွီအိုအေကိုပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဒီလိုပဲ သွားခဲ့တယ်။ အခုလည်း ညွှန်ကြားချက်တွေနဲ့ တရားစီရင်ရေးအပေါ်မှာ သွားနေတယ်လို့ အဲလို ရှုမြင်ပါတယ်။ အဲဒီတော့ ကျနော်တို့တတွေက ဒါကြီးကို ဘယ်လို ထိန်းကျောင်းကြမလဲဆိုလို့ရှိရင် တရားစီရင်ရေး ယန္တရားအပိုင်းတွေမှာ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေ ရှိကြမှာပေါ့လေ၊ မရှိဘူးဆိုရင် မီဒီယာ လွတ်လပ်ခွင့်ကိုလည်း တာဝန်ခံမှုနဲ့ တာဝန်ယူမှုအနေနဲ့ ပေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တရားစီရုံးတွေမှာ လိုက်လံနားထောင်ပြီးတော့ တကယ့်ပြည်သူတွေရဲ့ အသံကို နားထောင်လို့ရှိရင် တရားစီရင်ရေး ယန္တရား အောက်ခြေကစတင်နိုင်တယ်လို့ ဆိုရမှာပေါ့နော။ အဲလို အောက်ခြေက ပြင်နိုင်တယ်ဆိုလည်း အပေါ်က အပေါ်က ပြင်ဖို့လည်း လိုတယ်လို့ - အဲလိုလည်း မြင်ပါတယ်။”

တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးပိုင်းရဲ့ လွှမ်းမိုးမှုက သိပ်ကြီးမားလွန်းနေပြီး အုပ်ချုပ်ရေးပိုင်းက စွဲတင်လာတဲ့အမှုတွေကို တရားရုံးတွေက စစ်ဆေးစီရင်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းဘက်ကို အသားပေးဆုံးဖြတ်တာက များနေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေ များကွန်ယက်က ရှေ့နေတစ်ဦးဖြစ်သူ ဦးကိုနီကလည်း ထောက်ပြပါတယ်။ အမှုတွေကိုစီရင်တဲ့နေရာမှာလည်း ကွာခြား တာတွေ၊ မမျှတတာတွေကို တွေ့ရပြီး တရားရုံးဟာ အုပ်ချုပ်ရေးကဏ္ဍက စွဲတင်လာတဲ့အမှုတွေဘက်က ရပ်တည်ပေးနေတာကို တွေ့ရတယ်လို့ ဦးကိုနီက ပြောပါတယ်။ တရားရေးမဏ္ဍိုင်အပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးမှုရှိနေသရွေ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အဟန့်အတားဖြစ်နေမယ်လို့ ရှေ့နေကြီးဦးကိုနီက ဗွီအိုအေကိုပြောပါတယ်။

“တကယ်တော့ တရားရေးဌာနရဲ့တာဝန်ဟာ နိုင်ငံသားအချင်းချင်းကြားမှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းရုံသာမက နိုင်ငံတော်နဲ့ နိုင်ငံသားကြားမှာ ဖြစ်တဲ့ပြဿနာတွေကိုလည်း မျှမျှတတ ဆုံးဖြတ်ပေးဖို့ တာဝန်ရှိတယ်။ ဥပမာ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် ဝန်ကြီးချုပ်အမိန့်နဲ့ ဗိုလ်ရန်နိုင်ကို ဖမ်းတယ်။ တရားဝန်ကြီးက လွှတ်လိုက်လို့ အမိန့်ချတယ်။ သမ္မတက အမိန့်အာဏာနဲ့ PSI ညွှန်ကြားရေးမှူးချုပ်ကို အာဏာတည်လွှဲတယ်။ သမ္မတမှာ ဒီလို အာဏာလွှဲခွင့်မရှိဘူးဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆိုလိုတာက တရားရေးဌာနဆိုတာဟာ အဲဒီလို အုပ်ချုပ်ရေးဌာနရဲ့လုပ်ရပ်တွေ မမှန်ဘူးဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲရမယ်၊ ပြောရဲ ဆိုရဲရမယ်။ အဲဒီအခြေအနေ မရောက်သေးသရွေ့ ဒီမှာ တရားဥပဒေ စိုးမိုးရေးဆိုတာလည်း မရှိဘူး၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ရောထွေးနေသရွေ့ ဒီမိုကရေစီစနစ်ကိုလည်း တည်ဆောက်လို့ ရမှာ မဟုတ်ဘူး။ အဲဒါတွေအားလုံးကို ပြတ်ပြတ်သားသား ရှင်းရမယ်။”

ဒီလိုအခြေအနေတွေ ပြေလည် ကောင်းမွန်ဖို့ဆိုရင် တရားသူကြီးတွေကို ခန့်ထားတဲ့နေရာမှာ သမ္မတက အမည်စာရင်းတင်သွင်း ပြီးတော့ ပြည်ထောင်စုလွှတ်တော်က သေသေချာချာ စိစစ်သုံးသပ်ပြီး ခန့်အပ်ရမယ်လို့ ဦးကိုနီက အကြံပေးပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အားနည်းချက်တွေကို ပြုပြင်ဖို့လိုမယ်လို့ ပြောပါတယ်။
အခုအခါမှာတော့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ပထမဆုံးခြေလှမ်းအနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အချိုးကျပါဝင်ပြီးတော့ အဖွဲ့ဝင် ၁၀၉ ဦးနဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ခုကို ဇူလိုင်လ ၂၅ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေ ဖွဲ့စည်းပေးထားပါ တယ်ခင်ဗျား။

ကိုကျော်ကျော်သိန်း (ဗွီအိုအေ)

NASA သိပ္ပံပညာရှင်တွေ နေကိုစူးစမ်း

NASA အဖွဲ့က နေရဲမျက်နှာပြင်ကိုလေ့လာရာမှာ တွေ့ရတဲ့ လက်ဝဲဘက်နဲ့ လက်ယာဘက် မျက်နှာပြင် နှစ်ဘက်ပုံရိပ်များ။

လွန်ခဲ့တဲ့ တလက စတင်ခဲ့တဲ့ နေကို စူးစမ်းလေ့လာမှုသစ်တခုကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ နေကို မကြုံစဖူး ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။

IRIS လို့ခေါ်တဲ့ ဂြိုဟ်တုကနေဖမ်းယူတဲ့ satellite ပုံရိပ်တွေကနေ နေရဲ့ ကြားခံနယ်မြေကို လေ့လာမှုဟာ လူတွေ သိပ်မသိသေးတဲ့၊ နေရဲ့ အောက်ဆုံး အလွှာမှာရှိတဲ့ လေထုပတ်ဝန်းကျင် အခြေအနေတွေကို စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ထုတ်ဖော်ပြသခဲ့တဲ့ ပထမဆုံးသော ဒီ IRIS satellite ပုံရိပ်တွေအရ နေရဲ့အောက်ဆုံးအလွှာတွင်း လှုပ်ရှားပြောင်းလဲမှုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီက လျှပ်တပြတ် တောက်ပပြီး လျင်လျင်မြန်မြန် မှေးမှိန်သွားတဲ့ အစက်အပြောက် လေးတွေနဲ့ နေရဲ့အနိမ့်ပိုင်း လေထုအတွင်း အပူချိန် အကြီးအကျယ် ကွာခြားမှုတွေကို ဖော်ပြတဲ့ အပ်ချည်မျှင်လို စွမ်းအင်အမျှင်တန်းတွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

နေရဲ့ ဆန်းကြယ်မှုတွေထဲမှာ နေရဲ့ အပေါ်ယံလွှာ လေထုဟာ အပူချိန်ထုတ်လွှတ်ရာ ဗဟိုချက်မကနေ အဝေးဆုံးမှာရှိပေမဲ့လို့ အောက်ခြေ မျက်နှာပြင်ထက် အများကြီး ပိုပြီးတော့ ပူနေရတာ ဘာကြောင့်လဲဆိုတဲ့ အချက် ပါဝင်ပါတယ်။ နေရောင်ခြည်တွေ စွမ်းအင်အဖြစ် ဘယ်လို စုဝေးသွားသလဲ၊ နေရဲ့ အနိမ့်ပိုင်းလေထုတလျှောက် အပူချိန် ဘယ်လို မြင့်တက်လာသလဲ ဆိုတာတွေကို IRIS လေ့လာမှုက စူးစမ်းလေ့လာတာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၈၁ သန်း ကုန်ကျမယ့် IRIS လေ့လာမှုလုပ်ငန်းတွေကို ၂ နှစ်တာ အချိန်ယူ လုပ်ဆောင်သွားဖို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ နေကို လေ့လာသူတွေ အနေနဲ့ ခုထပ်ပိုပြီး အချိန်ယူ အလုပ်လုပ်သွားနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

အီဂျစ် သမ္မတဟောင်း မော်စီ ကို ပုဒ်မ တပ်ပြီ

အီဂျစ်မှာ သမ္မတ မော်စီ ကို ထောက်ခံသူ နဲ့ ကန့်ကွက်သူ တွေ ကြား အကြီးအကျယ် ကွဲနေ

အီဂျစ် နိုင်ငံမှာ သမ္မတဟောင်း မော်စီကို ဥပဒေကြောင်းအရ နိုင်ငံတော် သစ္စာဖောက်မှုလို့ ပုဒ်မတပ် ထိန်းသိမ်း လိုက်ပါပြီ။

ဒါဟာ သမ္မတဟောင်း မော်စီကို ဖြုတ်ချထိန်းသိမ်းပြီး ၁၅ ရက်အကြာ မှ တရားရေး ဆိုင်ရာ က ပထမဆုံး တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက် ဖြစ်ပါတယ်။

မူဘာရက် ပြုတ်ကျ ခါနီး အချိန်က ကိုင်ရို ထောင်ထ ပုန်ကန်မှု အတွင်း ထောင်မီးရှို့တာ၊ သူကိုယ်တိုင် အပါအဝင် အကျဉ်းသားတွေ လွတ်ပြေးတာ၊ နောက် အကျဉ်းထောင် အရာရှိတွေ၊ စစ်သား တွေ နဲ့ အကျဉ်းသားတွေ အချင်းချင်း သတ်ဖြတ်မှုတွေ ကျူးလွန်အောင် မစ္စတာ မော်စီက ဟားမတ်စ် ပါလက်စတိုင်း တွေနဲ့ ပူးပေါင်း ကြံစည် ခဲ့တယ် ဆိုပြီး အီဂျစ် အစိုးရ သတင်းဌာနတွေ က ဆိုပါတယ်။

ဒီထုတ်ပြန်ချက် ဆိုးရွားလှတယ်၊ ခေတ်ဟောင်း ပြန်သွားနေတာပဲ ဆိုပြီး မော်စီရဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ ပြောခွင့်ရ ပုဂိုလ် က ဝေဖန် ပြောဆို ခဲ့ပါတယ်။

ဒီအချိန်မှာပဲ အီဂျစ် အခြေအနေ ကလည်း ပေါက်ခါနီး မီးတောင်ကြီးလို ပွက်ပွက်ရိုက် နေတာပါ။

သောကြာနေ့ မှာ အပြိုင်အဆိုင် ဆန္ဒပြကြမယ့် ပွဲတွေမှာ ဆူပူ အုံကြွမှု မှန်သမျှ အင်အားသုံး ဖြေရှင်းမယ် လို့ စစ်တပ်က သတိပေး နေပါပြီ။

မော်စီ ဖြုတ်ချ ခံရပြီးနောက် ဆန္ဒပြပွဲတွေမှာ အသေအပျောက်တွေကြောင့် တိုင်းပြည်က အတော်နာ နေပြီ ဖြစ်သလို အစ္စရေး နယ်စပ်က ဆိုင်းနိုင်း ကျွန်းဆွယ်မှာ စစ်သွေးကြွ တိုက်ခိုက်မှုတွေကြောင့် အသေအပျောက် တွေလည်း ရှိနေပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ

 
ရန်ကုန်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှ ဦးဝင်းနိုင်၏လက်ကိုင်ဖုန်း သို့ ရန်ကုန်မှ ဖုန်းအမှတ် ၀၉၄၃၁၄၄၉၈၇ ဖြင့်ဆက်သွယ်ပြီး တယ်လီဖုန်းဆင်းကတ်မှ ကံစမ်းမဲပေါက်ကြောင်းပြောဆို ကာငွေကျပ် ၁၃၃၀၀၀၀အား ရန်ကုန်တိုင်း ဒေသကြီး၊ သုဝဏ္ဏကမ္ဘောဇဘဏ်ခွဲသို့ အောင်ကျော်စိုး၊၁၄/ဘကလ(နိုင်)
၃၁၇၇၆၉ အမည်ဖြင့်လွှဲခိုင်းခဲ့ပြီး လိမ်လည်ရယူခဲ့သဖြင့် ထားဝယ်ရဲစခန်း (ပ)၂၂၉/၂၀၁၃၊ ပုဒ်မ ၄၂၀ ဖြင့်အမှုဖွင့်ထားရှိခဲ့ပါသည်။

အမှုမှတရားခံများအား စုံစမ်းဖမ်းဆီးရမိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် စုံစမ်းဆောင်ရွက်ခဲ့ရာ အချင်း ဖြစ်စဉ်ကအသုံးပြုခဲ့ သည့် ၀၉၄၃၁၄၄၉၈၇ ဖုန်းအားကိုင်ဆောင်သူ ခိုင်ထူး၊ (ဘ)ဦးအုန်းကျော်၊
(၃)ရပ်ကွက်၊ သာကေတမြို့နယ်နေသူအား၂၀.၇.၂၀၁၃ရက်နေ့တွင် နေအိမ်၌ သက်သေခံလက်ကိုင်ဖုန်းနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှု ကျူးလွန် စဉ်၎င်းနှင့်အတူ ဘဲဂေါင်း(ခ) တင်ဇော်ထွေး(ခ)ကိုလင်း၊ (ဘ)ဦးထွန်းသိန်း၊ ရှုခင်းသာအိမ်ရာ သာကေတမြို့နယ်နေသူ ပါဝင်ကြောင်း သိရှိရသဖြင့်
၂၁.၇.၂၀၁၃ရက်နေ့တွင် သာကေတမြို့နယ်၊ (၆)အနောက်ရပ်ကွက်၊ ဝေဇန္တာလမ်းနှင့် (၇)ဈေးလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ဘဲဂေါင်းအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတရားခံ (၂)ဦးအားထားဝယ်ရဲစခန်းမှတပ်ဖွဲ့ဝင်များထံသို့၂၅.၇.၂၀၁၃ ရက်နေ့ တွင်လွဲပြောင်း ပေးအပ်ခဲ့ပါသည်။

Yangon Police

Friday, July 26, 2013

ထိုင်းမှာ လုပ်အားခ ဈေးတက်လို့ အလုပ်ရုံတွေ ကမ္ဘောဒီးယားနိုင်ငံ ကို ပြောင်းရွှေ့


ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခတွေ တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် ထိုင်းအလုပ်ရုံတစ်ချို့ဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ စီစဉ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အစိုးရက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့ကစပြီး အနည်းဆုံး တစ်ရက်လုပ်ခအဖြစ် ထိုင်းဘတ်ငွေ ၃ဝဝ သတ်မှတ်ခဲ့ပါတယ်။
အဲသလိုသတ်မှတ်ခဲ့ပြီး မြန်မာနယ်စပ်အနီးတပ်ခရိုင်မှာ လုပ်အားအလွန်အမင်းလိုအပ်တဲ့ အလုပ်ရုံတချို့ ပိတ်လိုက်ရပါတယ်။ မဲဆောက်မြို့နယ်မှာ အထည်ချုပ်လုပ်ငန်းတွေနဲ့ ရှူးဖိနပ်လုပ်ငန်းတွေဟာ သူတို့ရဲ့စက်ရုံတွေ ၂ဝ ကျော် ကို ကမ္ဘောဒီးယားနိုင်ငံထဲကို ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ တပ်ခရိုင် ဖက်ဒရေးရှင်း ဥက္ကဌက ပြောပါတယ်။
ကမ္ဘောဒီးယားမှာ အနည်းဆုံး တစ်ရက်လုပ်ခက ထိုင်းဘတ်ငွေ (၇ဝ / ၈ဝ) လောက်သာရှိပါတယ်။ တပ်ခရိုင်အတွင်းမှာ အလုပ်သမားတွေ အများအပြားလိုအပ်တဲ့ အလုပ်ရုံပေါင်း ၆၅၈ ရုံရှိပြီး အလုပ်သမားပေါင်း ငါးသောင်းလေးထောင် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ကမ္ဘောဒီးယားကလည်း ထိုင်းအလုပ်ရုံတွေ လာရောက်လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုလို ထိုင်းအလုပ်ရုံတွေ ဈေးချိုတဲ့ ကမ္ဘောဒီးယားကို ပြောင်းရွှေ့စပြုလာတာဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသားအရေအတွက် အနည်းဆုံး ၂ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၅ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဂျပန် ထိပ်ဆုံးရောက်နိုင်

 
မြန်မာနိုင် ငံနှင့် ဂျပန်နိုင်ငံအစိုးရမှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူညီမှုကို မကြာခင်ကာလအတွင်း လက် မှတ်ရေးထိုးမည်ဖြစ်သည့်အတွက် လာမည့် ၂၀၁၅ခုနှစ်တွင် ဂျပန် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ တခြား နိုင်ငံများအား ဖြတ်ကျော်ကာ အ မြင့်ဆုံးအနေအထားသို့ ရောက်ရှိ နိုင်မည်ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇူလိုင် ၂၅ရက်သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင်းဝင်ရောက် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် ၁၂ နေရာတွင်ရှိနေသော ဂျပန်နိုင်ငံ မှာ နိုင်ငံတွင်းရှိသယ်ယူပို့ဆောင် ရေးနှင့် စက်မှုကဏ္ဍအားလုံးတွင် ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများ ရှိနေသည့်အပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးသို့လာရောက်လေ့ လာမှုအားအကောင်းဆုံးနိုင်ငံ တစ်ခုဖြစ်နေသည့်အတွက် ရင်း နှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီ မှုလက်မှတ်များရေးထိုးပြီးပါက အလုံးအရင်းဖြင့် ဝင်ရောက်လုပ် ကိုင်မည့်နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိမည်ဟု ညွှန်ကြားရေးမှုး ချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ''လက်ရှိအ ချိန်မှာ ဂျပန်နိုင်ငံက အလယ်အ လတ်အဆင့်မှာရှိနေတယ်ဆိုပေ မယ့် လက်ရှိအကောင်အထည် ဖော်နေတဲ့ သီလဝါစီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူ ညီမှုတွေပြီးသွားရင်တော့ သူတို့ ရဲ့ရင်းနှီးမြှုပ်နှံမှုတွေက တခြား နိုင်ငံတွေထက် အများကြီးသာ သွားမှာ၊ အခုလုပ်နေတဲ့ စီမံကိန်း အများစုကလဲ ဂျပန်အစိုးရနောက် ခံအဖွဲ့အစည်းတွေ အတော်များ များက ပါဝင်နေတာဆိုတော့ သူ တို့နိုင်ငံက ထိပ်ဆုံးရောက်လာ မယ်''ဟုဆိုသည်။

အစိုးရသစ်လက်ထက် မြန် မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာပေါင်း ၄၂ဒသမ၉ဘီလီ ယံဖြင့် နိုင်ငံပေါင်း ၃၂နိုင်ငံဝင် ရောက်နေရာ၊ တရုတ်နိုင်ငံမှ ၁၄ဘီလီယံ၊ ထိုင်းနိုင်ငံမှ၁ဝဘီလီ ယံ၊ ဟောင်ကောင်မှ ခြောက်ဘီ လီယံ၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံ တို့မှ သုံးဘီလျံဝန်းကျင်ဖြင့် အ သီးသီးနေရာယူထားသော်လည်း ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုအများစုမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့် လျှပ်စစ်နှင့် စွမ်းအင် တို့တွင်သာဖြစ်နေပြီး ဂျပန်နိုင်ငံ မှာ ဘက်စုံရင်းနှီးမြှုပ်နှံသည့် နိုင်ငံ တစ်ခုဖြစ်ခြင်းကြောင့် အလုပ်အ ကိုင်အခွင့်အလမ်းပိုမိုရရှိမည်''ဟု ထပ်မံပြောဆိုသည်။

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံ တွင်း လတ်တလောရင်းနှီးမြှုပ် နှံမှုအနေဖြင့် ဆေးဖက်ဝင်အ လှကုန်၊ ဖိနပ်၊ ရိုးရာဝတ်စုံနှင့် အားကစားဝတ်စုံချုပ်လုပ်ငန်း၊ အိုင်တီနည်းပညာလုပ်ငန်း၊ ကား ထုတ်လုပ်ရေးလုပ်ငန်း၊ နာရီ ထုတ်လုပ်ငန်းများအား သီးသန့် ရင်းနှီးလုပ်ကိုင်နေသည်သာမက၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့်ပူးပေါင်း၍ တိုင်းနယ်ပြည်နယ် အနှံ့အပြားတွင် ဆန်စပါးစိုက် ပျိုးထုတ်လုပ်ရေးအလုပ်ရုံများ အား တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်ပါဝင်ဆောင်ရွက်နေသည့်အ ပြင် နိုင်ငံတွင်းကုန်စည်စီးဆင်း မှုနှင့်ပတ်သက်သည့်ီအေေျြေနှပျအနာ အား ဘုရင့်နောင်သယ် ယူပို့ဆောင်ရေးအသင်းနှင့် ပူး ပေါင်းလုပ်ဆောင်မှုများရှိနေ ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် သက်ဆိုင်ရာအသင်းများထံ မှသိရသည်။

စီးပွားရေးလုပ်ငန်းရှင်ဦး နိုင်မြင့်က ''ဂျပန်က စေ့စပ်သေ ချာတယ်။ အလုပ်တစ်ခုကိုသေ ချာလုပ်တယ်။ စနစ်ကောင်း တယ်။ တရုတ်နိုင်ငံလိုမဟုတ် ဘူး။ အဲဒါကြောင့် ဒီမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ပြည်တွင်းမှာအ ကျိုးဖြစ်ထွန်းစေနိုင်တယ်''ဟု သုံးသပ်ပြောသည်။

နိုင်နိုင်ဇော်

Yangon Media Group

စည်းမဲ့ကမ်းမဲ့ သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်းတွင် သစ်တောများ အကြီးအကျယ် ပြုန်းတီးနေ

မေယူတောင်တန်းသည် သစ်တော အထူး ထူထပ်ပြီး ဆင်ရိုင်းများလည်း ကျက်စားသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
 ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် နယ်စပ်တွင် တာဝန်ကျနေသော အကျင့်ပျက်ဝန်ထမ်းတချို့သည် ဒေသအတွင်း စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး မေယူတောင်တန်းမှ သစ်များကို ခိုးထုတ်နေသဖြင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးလျှက် ရှိကြောင်း သတင်း ရရှိသည်။

ထိုကဲ့သို့ သစ်များကို ခိုးထုတ်နေ၍ သစ်တောများ ပြုန်းတီးနေသဖြင့် ဒေသခံ ပြည်သူများက အထက်သို့ စာရေး တိုင်ကြားရသည့် အဆင့်သို့ ရောက်ရှိနေသည်ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ဆိုသည်။

“ ဘူးသီးတောင်မြို့နယ် ကံကော်မြိုင် နတလ ရွာသားတွေက လွန်ခဲ့တဲ့ တပတ်ကျော်က အထက်ကို တင်ပြထားပါတယ်။ ကျွန်တော့်ကိုလည်း သူတို့ တင်ပြတာက  ဒီကိစ္စဟာ အရေး ကြီးပါတယ်။ အခုလို သစ်တွေ ခိုးထုတ်နေတဲ့ အတွက် ဒေသအတွင်းမှာလည်း မတည်ငြိမ်မူတွေ ရှိနေတယ်လို့ ပြောပါတယ်။”

ကံကော်မြိုင် (နတလ)  ကျေးရွာသည်  ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အထက်နားတွင် တည်ရှိပြီး ယခုအခါ ကျေးရွာသားများ အနေဖြင့် သစ်ခုတ်သမားများ၏ နှောင့်ယှက်ခြင်း၊ လယ်ယာစိုက်ခင်းများသို့ ၀င်ရောက်ပြီး အသီးအနှံများကို ခူးယူ စားသောက်ခြင်းများလည်းနှင့် ကြုံတွေ့ ရင်ဆိုင် နေရသည်ဟု ဆိုသည်။

ယခင်က သစ်ထုတ်လုပ်မူကို  နစက အမှတ် ၁၃ ညောင်ချောင်း စခန်းမှ ဒု တပ်ကြပ် တစ်ဦးက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး နစက ကိုဖျက်သိမ်းလိုက်သော နောက်ပိုင်းတွင်လည်း  တရားမ၀င် သစ်ထုတ်လုပ်မူမှာ ယခုထက်တိုင် တည်ရှိနေသေးသည်ဟု ဆိုသည်။

ရာချီ ရှိသော သစ်ခိုးထုတ်သူများသည် မေယုတောင်ပေါ်တွင် အုပ်စုလိုက် အဖွဲ့များ ဖွဲ့ကာ တဲတန်းများထိုးပြီး ရက်ရှည်လများ နေထိုင်နေကြပြီး သူတို့အတွက် ရိက္ခာများကို သစ်စီးပွားရေး သမားများက ပို့ပေးကြသည်ဟု သိရသည်။

အထူးသဖြင့် သစ်ခုတ်သမားများမှာ မယူမြစ်  အရှေ့ဘက်ကမ်းမှ ဘင်္ဂလီကျေးရွာမှ ရွာသားများ  ဖြစ်ကြပြီး သူတို့၏ တောင်တက် သစ်ဝါးခုတ်ခွင့်ကို အရေးအခင်းပြီးကတည်းက အဆိုပါ ဒေသတွင် ပိတ်ပင်ထားသဖြင့် မေယူကမ်း အနောက်ဘက် မေယူတောင်တန်းတွင် တရားမ၀င် သစ်ထုတ် လုပ်ရာတွင် လာရောက် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

ထိုသို့ သစ်ခိုးထုတ်သူ များပြားနေသဖြင့် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ် နယ်စပ်တွင် သစ်ဈေးမှာ အဆမတန် ဈေးကျပြီး သစ်လုပ်သူ စီးပွားရေး သမားများ အနေဖြင့် အထူး အမြတ်အစွန်း ရနေသည်ဟု ရသေ့တောင်မြို့နယ် ကျောက်ရံ- သိန်တောင် ဒေသခံ တစ်ဦးက ပြောသည်။

မယူတောင်မှ ထွက်လာသော သစ်များကို ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှ တဆင့်  ဘူးသီးတောင်သို့ တင်ပို့ကြသလို ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှ တဆင့် စစ်တွေမြို့သို့ စက်လှေများဖြင့် တင်ပို့ကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တရားမ၀င် သစ်ထုတ်လုပ်ရာတွင် ဒေသအသီးသီးမှ အမည်မသိသူ အများအပြား လာရောက် လုပ်ကိုင်နေသဖြင့်  ရခိုင်နှင့် မူဆလင်များ အကြား မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ကျေးရွာသားများက  မြို့နယ်နှင့်  ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူများထံ တိုင်ကြားစာတွင် ဖေါ်ပြထားကြောင်း ဦးလှမောင်သိန်းက ဆိုသည်။

နိရဉ္စရာ သတင်းဌာန

ထင်းရူးမြိုင် ဆရာ တော် ဦးက၀ိစာရ ကို ထောင်ဒဏ် ချမှတ်

 DSC03294
ဆေးတက္ကသိုလ် ဆောက် ဖို့  အတွက် ဘုန်းကြီး ကျောင်း မြေ ကို အာဏာပိုင် တွေ က
သိမ်းဆည်းထား တာ ကို ဆန္ဒ ပြ ဖို့  စီစဉ် နေ စဉ် မှာ အတင်း အကျပ် လူ ၀တ် လဲ ပြီး
တရား စွဲ ဆို ခံ ရတဲ့ ရှမ်း ပြည် နယ် တောင် ကြီး က ထင်း ရူး မြိုင် ဆရာ တော် ကို
တောင် ကြီး တရား ရုံး က ထောင် ဒဏ် တစ်နှစ် ခွဲ ချ မှတ် လိုက် ပါတယ်။
ပြီးခဲ့ တဲ့ မေ လ က ထင်းရူး မြိုင် ကျောင်းတိုက် က ကျောင်းတိုက် မှာ ပဥာန်း ပွဲ ကျင်း
ပနေ ချိန် မှာ သံဃာ တွေ ကို စစ်ကား နဲ့  ခေါ်ဆောင် သွား ပြီး အခြား ဘုန်းကြီး ကျောင်း
တစ် ခု ကို ပို့  ဆောင် ခဲ့ ပါတယ်။ ကျန် နေ ခဲ့ တဲ့ ကိုရင် တွေ ကို အတင်း အကျပ် လူ
ဝတ် လဲ စေပြီး ဦးက၀ိစာရ ကို တော့ လူဝတ် နဲ့  တောင် ကြီးထောင် ထဲ ပို့  ကာ
ပုဒ်မ ၂၉၅/က သာသနာ ညှိုးနွမ်း စေမှု နဲ့  အမှု ဖွင့် ခဲ့ ပါတယ်။
ပြီးခဲ့ တဲ့ နှစ် က ထင်းရူး မြိုင် ဘုန်းကြီး ကျောင်း ကို ကမ္ဘော ဇ ဘောလုံးကလပ် ပိုင် မြေ
ဆို တဲ့ စာ တမ်း ကပ် ပြီး ကျောင်း တိုက် ကို ဖျက် ဆီးခဲ့ ပါတယ်။
ထင်းရူးမြိုင် ကျောင်းတိုက် ကို ဌာနေ သံဃာ တွေ နဲ့  အလှုရှင် တွေ စု ပေါင်း ပြီး ၂၀၀၀
ပြည့် နှစ် မှာ တောင်ကြီး သစ်တော ဂိတ် အနီး တည်ဆောက် ခဲ့ ပါတယ်။
ဖမ်းဆီးစဉ် က သံ ဃာတော် တွေ ကို  စိတ် ပိုင်း ဆိုင်ရာ ညှင်းပန်း နှိပ်စက် မှု တွေ လုပ်
ခဲ့ တယ် လို့  လောက မာရ်အောင် ကျောင်း တိုက် က သံဃာတော် တစ်ပါး FNG ကို
မိန့်  ပါတယ်။
FNG

မြန်မာအစိုးရ ဒုဝန်ကြီးများ နုတ်ထွက်ခွင့်ပြု

မြန်မာအစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒု ၀န်ကြီးတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုတဲ့အမိန့်ထွက်လာသလို ဒုဝန်ကြီး တာဝန်ထမ်းဆောင်မိန့်ပေးတာလည်း ပါဝင်ပါတယ်။ 
ပညာရေး ဒုန်ကြီး ဦးအေးကြူ၊ ရထားပို့ဆောင်ရေးဝန်ကြီး သူရ ဦးသောင်းလွင်တို့ကို ရာထူးက နှုတ်ထွက် ခွင့် ပြုလိုက်ပါတယ်။ 



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊  ၂၂ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော်  ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅  ရက်)
ဒုတိယဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ) တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ဒုတိယဝန်ကြီးများအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁) ဦးအေးကြူ ပညာရေးဝန်ကြီးဌာန
(၂) သူရဦးသောင်းလွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန

    (ပုံ) သိန်းစိန်
    နိုင်ငံတော်သမ္မတ
                                                                                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  
------------------------------------------------------------------------------------
ဒုဝန်ကြီး တာဝန်ပေးအပ်တာကတော့ ယခင် ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ထမ်းဆောင်နေသူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ပြည်ထဲရေး ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊  ၂၃ /၂၀၁၃ )
၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅  ရက်)
ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်စေခြင်း
ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန် ပူးတွဲ ထမ်းဆောင်သူ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန် ထမ်းဆောင်စေ လိုက် သည်။

                                                                                                    (ပုံ) သိန်းစိန်
                                                                                                    နိုင်ငံတော်သမ္မတ
                                                                                                       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
 

လက်ပံတောင်းစီမံကိန်း စာချုပ် ပြင်ဆင်ချုပ်ဆို

အငြင်းပွားစရာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် သတ္တုတွင်း ၀န်ကြီးဌာန မြန်မာစီးပွားရေး ဦးပိုင်လီမိတက် နဲ့ ၀မ်ပေါင် ကုမ္ပဏီ တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည် ပြင်ဆင် ချုပ်ပြီး ဖြစ်တဲ့ အကြောင်း သတ္တုတွင်း ၀န်ကြီး ဌာ နပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်အောင် က ဒီနေ့ မှာ တင်ပြခဲ့ပါတယ်၊ ကြေးနီစီမံကိန်းနဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုတင်ပြထားတဲ့အပေါ် အခြေခံပြီး အခုလိုစာချုပ်ကို ပြင်ဆင်ချုပ်ဆိုပေမဲ့လည်း ဒေသခံတွေကို ချပြပြောဆို တာတွေ မလုပ်ပဲ ချုပ်ဆိုတဲ့အတွက် ပွင့်လင်းမှု မရှိဘူးလို့ လည်း လက်ပံတောင်းဒေသခံတွေ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာဖြစ်ပါတယ်။

အငြင်းပွားစရာတွေ ဖြစ်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး
သတ္တုတွင်း ၀န်ကြီးဌာန မြန်မာ စီးပွားရေး ဦးပိုင်လီမိတက် နဲ့ ဝမ်ပေါင်
ကုမ္ပဏီ တို့ အကြား စာချုပ်တွေ ပြန်လည် ပြင်ဆင်ချုပ်ဆိုပြီး ဖြစ်တဲ့
အကြောင်း သတ္တုတွင်း ၀န်ကြီး ဌာ န ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင် က ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာပြောပါတယ်။

"စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင် ရွက်ရေး ကော်မတီ ပညာရှင်များ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီနှင့် ညှိနှိုင်းချက်များ၊ ဆွေးနွေးချက်များ ရယူပြီး ပြင်ဆင်ချက်စာချုပ်ချုပ်ဆိုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။"

ကြေးနီစီမံကိန်းနဲ့ ပါတ်သက်လို့ လက်ပံတောင်းတောင် စုံစမ်းရေး
ကော်မရှင်ရဲ့ အကြံပြုတင်ပြထားတဲ့အပေါ် အခြေခံပြီး နိုင်ငံတော်ရဲ့
အကျိုးအမြတ် ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေ နဲ့ လူမှုရေး ဆိုင်ရာ
ထိခိုက်မှုတွေရှိမရှိပေါ်မှာ အခြေတည်ပြီး ပြန်လည်ချုပ်ဆိုခဲ့ တာဖြစ်တယ်လို့ ဒေါက်တာမြင့်အောင် က ပြောပါတယ်။

"ချက်ခြင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေဖြစ်တယ်။ လယ်ယာမြေယာလျော်ကြေးသတ်မှတ်ပြီးတော့ မှာ ကျပ်သိန်းပေါင်း ၂သောင်းကိုးထောင် တစ်ရာခြောက်ဆယ့်နှစ် ပေးလျော်ပြီး နှစ်စဉ်သီးနှံပင်များ နစ်နာကြေး စုစုပေါင်း ၁၃၄၇.၇သိန်း၊ မြေသိမ်းသမားတွေအတွက် ၁၅၅.၀၆သိန်းနဲ့ လျော်ကြေးငွေစုစုပေါင်း ၃၆၃၉.၅၂သိန်း ပေးလျော်ပြီး ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ တခြားလူမှုစီးပွားကဏ္ဍများဖြစ်တဲ့ ပညာရေး၊ ကျမ်းမာရေး ၊ လူမှုရေးကဏ္ဍများမှ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၃ခုအတွက် ယခုနှစ်အတွင်း ငွေကျပ်သိန်းပေါင်း သောင်းလေးထောင် သုံးရာငါးဒဿမကိုးသိန်းကို ယာထားဆောင်ရွက်လျက်ရှိပြီး သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အပင်ပေါင်း သုံးသောင်းနှစ်ထောင်ကိုးဆယ်ပင် စိုက်ပျိုးပြီး ပျိုးပင်စုစုပေါင်း တစ်သိန်းနှစ်ထောင်ကျော် ပြုစုပျိုးထောင်ခြင်းတို့ကိုလည်း ဆောင်ရွက်ထားရှိပါတယ်။ သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှု မရှိစေရေး အတွက် နိုင်ငံတကာစံချိန်စံနှုန်းများနဲ့အညီ စနစ်တကျဆောင်ရွက်စေရေး အတွက် အသစ်ပြန်လည်ချုပ်ဆိုသော စာချုပ်မှာ  ထည့်သွင်းချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါတယ် "

အခုလိုလက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး စာချုပ်တွေပြန်လည်ချုပ် ဆိုခဲ့ပေမဲ့လည်း လက်ပံတောင်းတောင် အတွင်းမှာရှိတဲ့ ဒေသခံတွေ က နေ့စဉ်လိုလို ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေတာဟာ  လက်ပံတောင်းတောင် စီမံကိန်း ဖြေရှင်းပေးနေမှု မှာ လိုအပ်ချက်တွေ ရှိနေတယ် ဆိုတာကို ပြသနေတာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက  ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က သုံးသပ်ပါတယ်။

"ကျနော်တို့အမြင်မှာတော့ အဲ့ဒီ့မှာ လောလောဆယ် ဆန္ဒထုတ်ဖော် တာတွေ နေ့စဉ်လိုလို ကြားနေရတော့ ဒါတခုခု အားနည်းချက် ရှိမလားလို့ ကျနော်တို့ စဉ်းစားမိတယ်။ ဆိုလိုတာ က လျော်ကြေးပေးတာတွေ နည်းရင် နည်းမှာပေါ့။ နောက်ဒီ့ပြင် ဒေသခံတွေ မကြိုက်တဲ့ အခြေအနေမျိုးတွေ ရှိနေဦးမယ်လို့ ကျနော်တို့က ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းလိုလိုပဲ သူတို့က မကျေနပ်တာတွေ ထုတ်ဖော်ဆန္ဒပြနေတယ်၊ ကန့်ကွက်နေတယ်ဆိုတော့ ဒါသူတို့ဘက်က လုပ်ဆောင်ချက်တွေ မလုံလောက်သေးဘူးလို့တော့ ယေဘူယျအားဖြင့် မှတ်ချက်ချလို့ရတာပေါ့နော်။"

လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်က လက်ပံတောင်းတောင် စီမံကိန်း နဲ့ပတ်သက်ပြီး စာချုပ်တွေ ပြန်လည် ပြင်ဆင်ချုပ်ဆိုဖို့ အကြံပြုချက်ပေး ထားခဲ့ပြီးနောက်မှာ သတ္တုတွင်းဝန်ကြီး ဌာနက စာချုပ်ကို ပြန်လည် ချုပ်ဆိုခဲ့ပေမဲ့လည်း ဘာတွေ ပြင်ဆင် ချုပ်ဆိုခဲ့တယ်ဆိုတာကို ဒေသခံတွေ ကို ပွင့်ပွင့်လင်းလင်း မချပြတာဟာ ပွင့်လင်းမှုမရှိသေးတာ ဖြစ်တယ်လို့ လက်ပံတောင်းဒေသခံ မသွဲ့သွဲ့ဝင်းကပြောပါတယ်။

"ဒေသခံတွေကို ဒီစာချုပ်ချုပ်မယ်ဆိုတာလည်း မပြောပြဘူး။ ဒီစာချုပ်နဲ့ပတ်သက်ပြီးလည်း ပွင့်လင်းမြင်သာအောင် မပြောဘူး။ ဘယ်နေ့ ဘယ်ရက်မှာ စာချုပ်ချုပ်ဆိုမယ်ဆိုတာလည်း ကြိုမပြောဘူး။ စာချုပ်ထဲမှာပါတဲ့အချက်အလက်တွေလည်း ကျမတို့ အခုချိန်အထိ လုံးဝ မသိရဘူး။"

လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေက စီမံကိန်း လုံးဝ
ရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုမှု တွေဆက်ပြီးလုပ်သွားမယ်လို့လဲ
ဆိုပါတယ်၊  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် November လ ကုန်ပိုင်းမှာ စီမံကိန်း
ရပ်ဆိုင်းပေးရေး တောင်းဆိုသပိတ်မှောက်နေကြသူတွေကို အာဏာပိုင်တွေ ဘက်က အင်အား သုံး ဖြေရှင်း ခဲ့တဲ့ အတွက် သံဃာတော်အများ အပြားနဲ့ ပြည်သူတွေ အပြင်းအထန် ဒဏ်ရာ ရခဲ့တာပါတယ်။ 
အောင်ရဲမောင်မောင်VOA

Tunisia အတိုက်အခံခေါင်းဆောင် လုပ်ကြံခံရ

တူနီးရှားဆန္ဒပြပွဲများ (ဇူလိုင် ၂၅၊ ၂၀၁၃)
တူနီးရှားဆန္ဒပြပွဲများ (ဇူလိုင် ၂၅၊ ၂၀၁၃)
တူနီးရှားနိုင်ငံက အတိုက်အခံခေါင်းဆောင် Mohamed Brahmi ကို Tunis မြို့တော်က နေအိမ်ပြင်ပမှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒါဟာဆိုရင် ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံရေးသမားတဦး လုပ်ကြံခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဘာသာရေးအစွဲကင်းတဲ့ အမျိုးသားရေးဝါဒီ Popular Front ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ Brahmi ကိုတော့ ကြာသပတေးနေ့ အစောပိုင်းမှာပဲ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ သေနတ်သမားတွေက အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်ခဲ့ကြတာပါ။

လုပ်ကြံခံလိုက်ရတဲ့ အသက် ၅၈ နှစ်အရွယ် အတိုက်အခံ ခေါင်းဆောင်ဟာဆိုရင် တူနီးရှားနိုင်ငံက အစ္စလာမ်ဝါဒီတွေ ဦးဆောင်တဲ့ အစိုးရကို ပြောင်ပြောင်တင်းတင်း ဝေဖန်သူတဦးဖြစ်သလို အခြေခံဥပဒေသစ် ရေးဆွဲရေးမှာ တာဝန်ယူခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ လုပ်ကြံခံရ အပြီးမှာတော့ တူနီးရှားပြည်ထဲရေး ၀န်ကြီးဌာနနဲ့ သူ့အလောင်းရှိရာ ဆေးရုံ ပြင်ပတွေမှာ လူပေါင်းထောင်နဲ့ချီပြီး စုဝေးဆန္ဒပြခဲ့ကြတာပါ။
တူနီးရှားနိုင်ငံက လူထုအုံကြွမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ ဖူးတဲ့ နိုင်ငံတောင်ပိုင်း Sidi Bouzid မြို့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ရာမှာ အာဏာရ Ennahda ပါတီရဲ့ ရုံး ၂ ရုံးကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။ ဘာသာရေးအစွဲကင်းတဲ့ နိုင်ငံရေးပါတီ ၂ ခုနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ အလယ်အလတ် သဘောထားရှိသူ အစ္စလာမ်ဝါဒီ အာဏာရ Ennahda ပါတီကတော့ လုပ်ကြံသတ်ဖြတ်မှု အပေါ်မှာ ရှုတ်ချခဲ့ပါတယ်။
VOA

ဆေးရုံထဲသို့ အရက်ပုလင်းနှင့် ဆိုင်ကယ်စီး ဝင်လာသော ဆရာဝန် သတင်း ဖြစ်ရပ်မှန်

 
၂၁ ရက်နေ့   ည ၉ နာရီလောက်မှာ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့  ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး လူနာများ၏ အခြေအနေမှာ ဦးခေါင်းထိထား၍ ကောင်းစွာ သတိမရကြောင်း သိရပါတယ်။

အဆိုပါလူနာ များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ် ခန်းထဲသို့ ဝင်လာပြီး လူနာများအား လှုပ်နိုးပြီး၊ နာမည်၊ အသက် စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန်တယောက်က လူနာက ကောင်းကောင်း သတိမရသေးသဖြင့်၊ အရေးပေါ် အခြေအနေဖြစ်ကြောင်း ဆရာဝန် အခန်း အပြင်မှ စောင့်ရန်ပြောသဖြင့်၊ အရက်လည်း မူးနေတဲ့ ယာဉ်ထိမ်းရဲ ၂ပွင့် ဦးအေးကိုကိုမှ အခန်းအပြင်ဘက်သို့ ထွက်သွားရ၍ မကျေနပ်ကြောင်း ပြောဆိုနေခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဇော်သူအောင်မှ ဆိုင်ကယ်ထားရန် ပြင်ပလူနာ ဌာနဆောင်ထဲသို့ တက်လာစဉ်၊ ယာဉ်ထိမ်းရဲများ ပိတ်နေ၍ လမ်းဖယ်ပေးရန် ဆိုင်ကယ်ဟွန်းတီးတဲ့အခါ၊ ယာဉ်ထိမ်းရဲ ဖြစ်သူများမှ ဖယ်မပေးဘူးလို့ ဆိုပါတယ်။

ထိုအခါ ဒေါက်တာဇော်သူအောင်မှ ဆိုင်ကယ်ကို လမ်းကျဉ်းကျဉ်းလေးထဲ သို့  ယာဉ်ထိမ်းရဲများ ဘေးမှကပ်ရှောင်သွားစဉ်၊ဒေါက်တာ ဇော်သူအောင် ဆိုင်ကယ်မှ ဆိုင်ကယ်ဦးထုပ်နှင့် ဦးအေးကိုကို၏ လက်ထိမိသွား ကြောင်းသိရပါတယ်။

အထဲမှ လူနာနှစ်ယောက်ကိုတော့ ရောဂါအခြေအနေ အကြောင်း တာဝန်ကျ ခွဲစိပ်ဆရာဝန်ကြီးထံ အကြောင်းကြားပြီး ဆရာဝန်ကြီး order အရ မန္တလေးဆေးရုံကြီး ဦးနောက်နှင့် အာရုံကြောခွဲစတ်ဌာနလို့ လွဲပြောင်းခိုင်း လိုက်ပါတယ်။

ထိုသို့ လွှဲပြောင်းကုသ ခြင်းကို ယာဉ်ထိမ်းရဲ ဖြစ်သူဦိးအေးကိုကိုမှ ဒီမှာပဲ ကုလို့ မရနိုင်ဖူးလား၊ ဘာဖြစ်လို့ လွှဲတာလဲလို့ ပြောပါတယ်၊ အရေးပေါ်အခြေအနေကြောင့် လွှဲပြောင်းခြင်းကို သူ့ ဘက်က ဘာကိစ္စ သဘောမတူ ဖြစ်နေရတာလဲဆိုတာကို ဆရာဝန်များမှ နားမလည်နိုင်ကြောင်း၊ ကျောက်ဆည် ဆေးရုံက ဆရာဝန်တဦးက ပြောပါတယ်။

မလွှဲလို့ မရဖူးလို့ ပြောလိုက်တော့မှ ယာဉ်ထိမ်းရဲ ဖြစ်သူ နှစ်ဦးထွက်သွားခဲ့ ပါတယ်။

ည ၁၀ နာရီလောက်မှာ ယာဉ်ထိမ်းရဲ ဖြစ်သူနှစ်ဦးနှင့် ကိုကိုလွင် ဆိုသော လူတယောက်ပါလာပြီး ၊၃ ယောက်စလုံးမှ အရက်နံ့ရပြီး တော်တော်ပင်မူးနေကြကြောင်း၊ ကိုကိုလွင် ဆိုသူမှာ ဆေးရုံထဲသို့ ဆေးလိပ်သောက် ၀င်လာပြီး သူ့ ဖုန်းဖြင့် ဓာတ်ပုံများရိုက်ကြောင်း၊ ယာဉ်ထိန်းရဲဖြစ်သူ ဦးအေးကိုကိုမှ သူ့ အားဆိုင်ကယ်ဖြင့် ဝင်တိုက်သွားသည့် ဆရာဝန်အား ခေါ်ပေးရန် ရင့်ရင့်သီးသီးပြောဆို ကြောင်း၊
ကိုကိုလွင်အား ဓာတ်ပုံ ရိုက်လို့ မရကြောင်း ပြောသောအခါ ၊ ငါက မီဒီယာသမားကွ ငါရိုက်ချင်ရင် အကုန်ရိုက်လို့ ရတယ်ကွဟု ပြောကြောင်း၊ ရောက်လာသူ ၃ ယောက်စလုံးမှ တော်တော်မူးနေ၍ ပြသနာ တက်မည်ဆိုးသော ကြောင့် ဒေါက်တာ ဇော်သူအောင်ကို ခေါ်မပေးပဲ ပြေလည်အောင် ဆရာဝန်တဦးမှ ဦးအေးကိုကိုအား ဆိုင်ကယ်ဦးထုပ်နှင့် တိုက်မိတာပဲ ခင်များလက်က ဒဏ်ရာရသွားရင် ကျွန်တော်တို့ ဒေါက်တာဇော်သူအောင် အစားတောင်းပန်ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ ခင်များလက်ကိုလည်း ဓာတ်မှန်ရိုက်ပြီး ဆေးကုပေးမည်ဟု ပြောကြောင်း၊ အမှန်မှာ ဆိုင်ကယ်ဦးထုပ်ဖြင့် တိုက်မိသောကြောင့် မည်သည့် ဒဏ်ရာအနာမှ မဖြစ်ကြောင်း၊ ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်အား မခေါ်ပေးသဖြင့် ဆေးရုံရှေ့တွင် အော်ပစ်ဆဲဆို သောင်းကြမ်းနေကြောင်း၊ မီဒီယာ သမားဟုပြောသော ကိုကိုလွင်ဆိုသူမှ ငါက ၈၈ကျောင်းသားဟောင်းကွ၊ ငါကိုဘာကောင်မှတ်နေလည်း၊ မင်းတို့ ဆေးရုံတခု လုံးကို ဓာတ်ပုံရိုက်ပြီး internet ပေါ်တင်လို့ ရတယ်ကွ၊ ပါးစပ်မှ လည်းနားနှင့် မကြားဝင့်တဲ့ စကားလုံးမျိုးစုံ ဖြင့်ဆဲဆိုပြီး၊ မင်းတို့ ဆေးရုံတခုလုံးကို မီးရို့ ပစ်မယ်၊ ဘာမှတ်နေလဲကွဟု ပြောကြောင်း၊ ပြသနာများ ပိုကြီးလာမည်ဆိုးသောကြောင့် အကုန်လုံးမှ ဒေါက်တာဇော်သူအောင်အား ခေါ်ပေးပြီး၊ ယာယီဆေးရုံအုပ် ဒေါက်တာဦးဌေးအောင်ကိုလည်း တာဝန်ကျ ဆရာဝန်တဦးမှ သွားခေါ်ခဲ့ပါတယ်။

ဒေါက်တာဦးဌေးအောင်ရောက်လာပြီး ပြသာနာဖြစ်သူ နှစ်ဦးအား အခန်းတွင်း သီးသန့် ဖြေရှင်းပေးကြောင်း၊ ဒေါက်တာဦးဌေးအောင်မှ ဦးအေးကိုကိုအား တာဝန်ချိန် အတွင်း ယူနီဖောင်း ဝတ်ပြီး အရက်သောက်ထားသဖြင့်မှားကြောင်း၊ ဒေါက်တာဇော်သူအောင်အား ဆိုင်ကယ်မထားရတဲ့နေရမှာ မောင်းတက်လာ၍ မှားကြောင်း ပြောပါတယ်။

ဒေါက်တာ ဇော်သူအောင်မှ ဒီနေရာတွင် ဆိုင်ကယ်မထားရသည်ကို မသိကြောင်း၊ အစဉ်အဆက်ကလည်း ဆိုင်ကယ်ထားကြ၍ မိမိလည်းထားမိခြင်းဖြစ် ကြောင်း၊ ယာဉ်ထိန်းရဲ ဦးအေးကိုကိုမှ ဒေါက်တာဇော်သူအောင်လည်း အရက်သောက်ထားကြောင်း ပြောဆိုပြီး ဆိုင်ကယ်ရှေ့ မှ ညှပ်ထားသော ဘူးကိုယူ၍ပြကြောင်း၊ အဲဒီဘူးမှာ အချိုရည်ဘူး ဖြစ်ကြောင်း ပြောပြီး ဒေါက်တာဦးဌေးအောင်နှင့် ဦးအေးကိုကိုမှ အဖုံးဖွင့်ပြီး ကြည့်ကြကြောင်း၊ အရက်အနံ့ မရပဲ အချိုရည်အနံ့ ပဲရကြောင်း၊ ဒေါက်တာ ဦးဌေးအောင်မှ ဝန်ထမ်းအချင်းချင်း ပြသနာဖြစ်တာ ရှက်စရာကောင်းလှ ကြောင်း၊ နှစ်ဦးနှစ်ဖက်တောင်းပန်ခိုင်း၍ အပြန်အလှန်လက်ဆွဲ နုတ်ဆက်ခိုင်းကြောင်း သိရပါတယ်။

ဒေါက်တာ ဦးဌေးအောင်မှ အရပ်သားတွေကို တောင်းပန်စရာ မလိုကြောင်းလဲ မပြောခဲ့ကြောင်း၊ ကိုကိုလွင်နှင့် ဦးအေးကိုကိုတို့ ဆဲဆိုနေသော ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများကို ဒေါက်တာဦးဌေးအောင်မှ ပြသနာ အကျယ်အကျယ်ဖြစ်မည်ဆိုးသဖြင့် ပြန်ဖျက်ခိုင်းလိုက်ကြောင်းလည်း ကျောက်ဆည် ဆေးရုံ တာဝန်ကျ ဆရာဝန်များ ပြောပြချက် အရ သိရပါတယ်။

ဆက်လက်ပြီး တာဝန်ကျ ဆရာဝန်တဦးမှ ဒေါက်တာဦးဌေးအောင်က လူနာများကို ဆဲဆိုရတဲ့ အကြောင်းအရင်း သိချင်ရင် အချိန်မရွေးလာရောက် စုံစမ်းနိုင်ကြောင်း၊ အလာကား သက်သက် မဆဲကြောင်း၊ ပြီးတော့ လူနာများကို ကြက်သား၊နို့ ၊ငါးဆန်ပြုတ် တနေ့ သုံးနှပ် နေ့ တိုင်းကျွေးကြောင်း၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူနာတွေကို ဆန်ပြုတ်နေ့ တိုင်းတိုက်တဲ့ ဆေးရုံမျိုးတွေကို လက်ချိုးရေလို့ ရကြောင်း၊ ကျောက်ဆည်ဆေရုံကြီးကို တက်ဖူးတဲ့ လူနာတွေကို ကြိုက်တဲ့လူ မေးလို့ ရနိုင်ကြောင်း၊ ငွေရေးကျေးရေး အရုပ်အရှင်း ကိစ္စမရှိကြောင်း၊ ဆင်းရဲသောလူနာများကို တက်နိုင်သလောက် ဆေးအလာကားပေးကြောင်း၊ ဆေးရုံဆင်းချိန်တွင် အလှူငွေကောက်ခံခြင်းကို မတက်နိုင်လျှင်လုံးဝမထည့် ခိုင်းကြောင်း၊ အဲဒါကြောင့် ၁၅နှစ်လုံးလုံး ဒီမှာမြဲနေတာဖြစ်ကြောင်း၊ ကြိုက်တဲ့ အချိန် ကျောက်ဆည်ဆေးရုံကို လာပြီးတော့ မေးမြန်းနိုင်ကြောင်း ထံမံပြောဆိုသွားပါတယ်။

by Myanmar News Now

ရေအောက် အင်တာနက်ဆက်ကြောင်းပြတ်တောက်၍ ကုန်းတွင်းဆက်ကြောင်းဖြင့်သာ သုံးစွဲနေရ

 
ပြည်တွင်း အင်တာနက်အသုံးပြုရန် သွယ်တန်းထားသော ရေအောက်အင်တာနက်ဆက်ကြောင်း Sea-Me-We 3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်သွား၍ ပြည်တွင်းအင်တာနက်မှာ ကုန်းတွင်းနယ် စပ်ဖြတ်ကျော်ဆက်ကြောင်းကိုသာမှီခိုအသုံးပြုနေရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား ချက်အရ သိရသည်။
Sea-Me-We 3 ဆက်ကြောင်းမှာ ဇူလိုင်လ ၂၂ ရက် ညနေ ၅ နာရီခန့်က ပြတ်တောက်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်း (Cross Border) ဖြင့် သုံးဆွဲနေရသောကြောင့် ယခင်အသုံးပြုနေသည့် အင်တာနက်မြန်နှုန်း၏ ထက်ဝက်ဖြင့်သာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အင်တာနက် Bandwidth မှာ 14 GB အထိ ရှိပြီး SEA ME-WE 3 အင်တာနက် ဆက်ကြောင်း ပြင်ဆင်နေစဉ်အတွင်း အင်တာနက် Bandwidth မှာ 7GB အထိသာ အသုံးပြုနိုင်မည်ဟုလည်း ၎င်းကပြောသည်။
ရေအောက်ကေဘယ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် အချိန်တစ်လခန့်ကြာနိုင်မည်ဖြစ်ပြီး စကာင်္ပူ နိုင်ငံတွင်ရှိသော SEA-ME-WE 3 ဆက်ကြောင်း ပြုပြင်ရေးအဖွဲ့ကို ပြင်ဆင်ရန်ခေါ်ထားသည်ဟုလည်း အင်ဂျင်နီယာချုပ်က ဆိုသည်။

ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်တယ်ဆိုတာကိုပဲ သိပါသေးတယ်။ ပြုပြင်ဖို့ အတွက်က Confirm လုပ်နေတုန်းပါ။ ဒါ ကြောင့် ခုပြုပြင်ဖို့ SEA- ME- WE 3 ကေဘယ်ပြုပြင်ရေးအဖွဲ့ကိုခေါ်ထားတာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်ရေး အသုံးပြုနိုင်ရန်အတွက် ရေအောက်ကေဘယ်ဆက် ကြောင်းဖြစ်သည့် SEA-ME-WE 3၊ ဂြိုဟ်တုဆက်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက် ကြောင်းဖြင့် ချိတ်ဆက်ထားပြီး ရေအောက်ကေဘယ်ဆက်ကြောင်း SEA-ME-WE 3 ကို အဓိကထား သုံးစွဲရခြင်း ဖြစ်သည်။

ယင်းသို့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Alpha ကွန်ပျူတာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက “ရေအောက်ကေဘယ်ပြက်တောက်ပေမယ့် အင်တာနက်လိုင်းအကုန်လုံး သုံးမရတာမဟုတ်ဘဲ မြန်နှုန်းနှေးပေမယ့်သုံးလို့ရတော့ တော်သေးတယ်။ အခုက သုံးလို့ရတယ်ဆိုပေမယ့် အင်တာနက်ဆက်သွယ်ရေးလိုင်း လုံးဝသုံးလို့မရဘူးဆိုရင်တော့ စီးပွား ရေးလုပ်ငန်းတွေလည်း အခက်တွေ့ကုန်မှာလေ။ ဘာပဲဖြစ်ဖြစ် နောင်ဆို ခဏခဏ ဒီလိုအင်တာနက် ဆက်ကြောင်းမပြတ်တောက်ဖို့တော့ ပြုပြင်ထိန်းသိမ်းဖို့သင့်တယ်”ဟု သုံးသပ်ပြောကြားသည်။

အင်တာနက်ဆက်ကြောင်း ပြတ်တောက်သည့်နေရာကို မြန်မာပြည်တွင်းလမ်းကြောင်း တစ်လျှောက် ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချွတ်ယွင်းမှု သည် ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်အကွာတွင် ဖြစ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ထုတ်ပြန်ထားသည်။

အဆိုပါ SEA-ME-WE 3 ရေအောက် ကေဘယ်ဆက်ကြောင်းသည် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်းစုစုပေါင်း ၆၄ ခုက ချိတ်ဆက်အသုံးပြုနေသည့် ဆက်ကြောင်းဖြစ်သည်။SEA-ME-WE 3 ဆက်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၄၃၄ သန်းရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်မြုပ်နှံထားသည်။ ယခုကဲ့သို့ SEA-ME-WE 3 ရေအောက်ကေဘယ် အင်တာနက်ဆက်ကြောင်းပြတ်တောက်ခြင်းများ ဖြစ်ပွားပါက အစားထိုး အသုံးပြုနိုင်ရန် အတွက် SEA-ME-WE 5 နှင့် ချိတ်ဆက်မှုများပြုလုပ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။

ချိုကို
Mizzima - News in Burmeseရေအောက် အင်တာနက်ဆက်ကြောင်းပြတ်တောက်၍ ကုန်းတွင်းဆက်ကြောင်းဖြင့်သာ သုံးစွဲနေရ ပြည်တွင်း အင်တာနက်အသုံးပြုရန် သွယ်တန်းထားသော ရေအောက်အင်တာနက်ဆက်ကြောင်း Sea-Me-We 3 အင်တာနက်ဆက်ကြောင်း ပြတ်တောက်သွား၍ ပြည်တွင်းအင်တာနက်မှာ ကုန်းတွင်းနယ် စပ်ဖြတ်ကျော်ဆက်ကြောင်းကိုသာမှီခိုအသုံးပြုနေရသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား ချက်အရ သိရသည်။ Sea-Me-We 3 ဆက်ကြောင်းမှာ ဇူလိုင်လ ၂၂ ရက် ညနေ ၅ နာရီခန့်က ပြတ်တောက်သွားခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်း (Cross Border) ဖြင့် သုံးဆွဲနေရသောကြောင့် ယခင်အသုံးပြုနေသည့် အင်တာနက်မြန်နှုန်း၏ ထက်ဝက်ဖြင့်သာ အသုံးပြုနိုင်မည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်း က မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော အင်တာနက် Bandwidth မှာ 14 GB အထိ ရှိပြီး SEA ME-WE 3 အင်တာနက် ဆက်ကြောင်း ပြင်ဆင်နေစဉ်အတွင်း အင်တာနက် Bandwidth မှာ 7GB အထိသာ အသုံးပြုနိုင်မည်ဟုလည်း ၎င်းကပြောသည်။ ရေအောက်ကေဘယ်ဆက်ကြောင်း ပြင်ဆင်ရန်အတွက် အချိန်တစ်လခန့်ကြာနိုင်မည်ဖြစ်ပြီး စကာင်္ပူ နိုင်ငံတွင်ရှိသော SEA-ME-WE 3 ဆက်ကြောင်း ပြုပြင်ရေးအဖွဲ့ကို ပြင်ဆင်ရန်ခေါ်ထားသည်ဟုလည်း အင်ဂျင်နီယာချုပ်က ဆိုသည်။ ဦးစိုင်းစောလင်းထွန်းက “လက်ရှိတော့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်တယ်ဆိုတာကိုပဲ သိပါသေးတယ်။ ပြုပြင်ဖို့ အတွက်က Confirm လုပ်နေတုန်းပါ။ ဒါ ကြောင့် ခုပြုပြင်ဖို့ SEA- ME- WE 3 ကေဘယ်ပြုပြင်ရေးအဖွဲ့ကိုခေါ်ထားတာပါ” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်ရေး အသုံးပြုနိုင်ရန်အတွက် ရေအောက်ကေဘယ်ဆက် ကြောင်းဖြစ်သည့် SEA-ME-WE 3၊ ဂြိုဟ်တုဆက်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက် ကြောင်းဖြင့် ချိတ်ဆက်ထားပြီး ရေအောက်ကေဘယ်ဆက်ကြောင်း SEA-ME-WE 3 ကို အဓိကထား သုံးစွဲရခြင်း ဖြစ်သည်။ ယင်းသို့ အင်တာနက်ဆက်ကြောင်း ပြတ်တောက်ခြင်းနှင့် ပတ်သက်ပြီး အိုင်တီပညာရှင်တစ်ဦးဖြစ်သူ Alpha ကွန်ပျူတာမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမြတ်သူက “ရေအောက်ကေဘယ်ပြက်တောက်ပေမယ့် အင်တာနက်လိုင်းအကုန်လုံး သုံးမရတာမဟုတ်ဘဲ မြန်နှုန်းနှေးပေမယ့်သုံးလို့ရတော့ တော်သေးတယ်။ အခုက သုံးလို့ရတယ်ဆိုပေမယ့် အင်တာနက်ဆက်သွယ်ရေးလိုင်း လုံးဝသုံးလို့မရဘူးဆိုရင်တော့ စီးပွား ရေးလုပ်ငန်းတွေလည်း အခက်တွေ့ကုန်မှာလေ။ ဘာပဲဖြစ်ဖြစ် နောင်ဆို ခဏခဏ ဒီလိုအင်တာနက် ဆက်ကြောင်းမပြတ်တောက်ဖို့တော့ ပြုပြင်ထိန်းသိမ်းဖို့သင့်တယ်”ဟု သုံးသပ်ပြောကြားသည်။ အင်တာနက်ဆက်ကြောင်း ပြတ်တောက်သည့်နေရာကို မြန်မာပြည်တွင်းလမ်းကြောင်း တစ်လျှောက် ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချွတ်ယွင်းမှု သည် ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်အကွာတွင် ဖြစ်နိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ထုတ်ပြန်ထားသည်။ အဆိုပါ SEA-ME-WE 3 ရေအောက် ကေဘယ်ဆက်ကြောင်းသည် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်းစုစုပေါင်း ၆၄ ခုက ချိတ်ဆက်အသုံးပြုနေသည့် ဆက်ကြောင်းဖြစ်သည်။SEA-ME-WE 3 ဆက်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁၄၃၄ သန်းရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်ချိတ်ဆက် ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်မြုပ်နှံထားသည်။ ယခုကဲ့သို့ SEA-ME-WE 3 ရေအောက်ကေဘယ် အင်တာနက်ဆက်ကြောင်းပြတ်တောက်ခြင်းများ ဖြစ်ပွားပါက အစားထိုး အသုံးပြုနိုင်ရန် အတွက် SEA-ME-WE 5 နှင့် ချိတ်ဆက်မှုများပြုလုပ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်။
ချိုကို Mizzima - News in Burmese

Thursday, July 25, 2013

မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

ဦးဝီရသူ ထိခိုက်ဒဏ်ရာရ လူနာများထံ သွားရောက်အားပေးစဉ်
 သံသယရှိသူနှစ်ဦးကို စီစီတီဗီမှခြေရာခံနိုင်ခြင်းဖြစ်ပြီး ဈေးဆိုင်၊ စတိုးဆိုင်များတွင် စီစီတီဗီတပ်ဆင်ရန် ရဲတပ်ဖွဲ့လိုက်လံစည်းရုံး
-----------------------------------
မန္တလေး- မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားပွဲအနီးတွင် ဖြစ်ပွားခဲ့သော အသေးစားပေါက်ကွဲမှု နှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် မော်တော်ကားအနီးရှိ ဈေးဆိုင်တွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာမှရရှိသော အချက်အလက်များသုံးသပ်ကာ ဖြစ်နိုင်ဖွယ်သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ် ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးညိမ်းကပြောသည်။

ယခုအခါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မန္တလေးမြို့ပေါ်ရှိ ဈေးဆိုင်၊ စတိုင်းဆိုင်များ စီစီတီဗီကင်မရာများတပ်ဆင်ရန် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများက လိုက်လံစည်းရုံးနေကြောင်း၊ ကင်မရာတပ်ဆင်ခြင်းဖြင့် မိမိဆိုင်အတွက် လုံခြုံမှုရှိသလို မှုခင်းကျဆင်းရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ရဲမှူးက ဆက်လက်ပြောသည်။

သံသယရှိသူနှစ်ဦးမှာ မန္တလေးမြို့ခံ အမျိုးသားများဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင် ၂၁ ရက်ညပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၆ လမ်း (၈၄x၈၅) လမ်းကြားတွင် ပုညကာရီ ဘုံဆွမ်းလောင်းအသင်း၏ ငါးနှစ်ပြည့် နှစ်ပတ်လည်တရားပွဲပြုလုပ်နေစဉ် တရားဟောပလ္လင်၏ နောက်ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။
၎င်းပေါက်ကွဲမှုမှာ သံကြွပ်စများ ထည့်သွင်းပြုလုပ်ထားသော လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး ယခုဖောက်ခွဲမှုပြုလုပ်သည်ဟု သံသယရှိသူများကို စစ်ဆေးခြင်းဖြစ်သည်။
၎င်းဖောက်ခွဲမှုအတွက် မဟာအောင်မြေမြို့နယ်ရဲစခန်းတွင် ပြစ်မှု ပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ ဖြင့် အမှုဖွင့်ထားပြီး ဖောက်ခွဲသည့်တရားခံ ဖော်ထုတ်နိုင်ရေး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြပ်မတ်လုပ် ဆောင်နေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၁ ရက် အသေးစားပေါက်ကွဲမှုကြောင့် ကိုရင်ငယ်တစ်ပါးနှင့် လူလေးဦး အသေးစားထိခိုက်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရသော်လည်း အမျိုးသမီးကြီးတစ်ဦးမှာ မန္တလေး အရိုးအကြောအထူးကုဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေဆဲဖြစ်ကြောင်း မန်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

7Day News Journal

» ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွဲရန် လွှတ်တော်ဥက္ကဋ္ဌ အမိန့်စာထုတ်မည်


 ပြည်နယ်နှင့်တိုင်း အစိုးရများအနေဖြင့် လွှတ်တော်က ချပေးသည့်ငွေကို စနစ်တကျ သုံးစွဲရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဇူလိုင် ၂၄ ရက်က လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ကလေးဝမဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးစိ...ုးသိမ်းက စစ်ကိုင်းတိုင်း ဖွံ့ဖြိုးရေးအတွက် ချထားပေးသည့် ငွေကျပ် သန်းတစ်ထောင်ကို မည်သို့ သုံးစွဲခဲ့ကြောင်း သိလိုသဖြင့် လွှတ်တော်တွင် မေးမြန်းရာ သမ္မတရုံးဒုဝန်ကြီး ဦးသန့်ရှင်းက ပြန်ရှင်းပြခဲ့သည်။

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်က ချထားပေးသည့် ဘတ်ဂျက်ကို မည်သို့သုံးသနည်းဟု လွှတ်တော် အမတ်ဦးစိုးသိမ်းက မေးခွန်းထုတ်ရာတွင် မလိုအပ်သည့်နေရာများကို စီမံချက်ချပြီး သုံးနေသဖြင့် လိုအပ်သည့်နေရာတွင် သုံးစွဲရန် လိုအပ်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ယင်းကဲ့သို့သော ကိစ္စများ မဖြစ်စေရန် လွှတ်တော်မှ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အမတ်များကို ကတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့ညွှန်ကြားမည်ဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ချပေးထားသည့် ငွေကြေးများ သုံးစွဲမှု ကို စနစ်ကျရေးကိစ္စကို အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးရန်လည်း ဦးရွှေမန်းက အမတ်များကို ရှင်းပြခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးမှ မြို့နယ် ၃၃၀ အတွက် ကျပ် ၃၃ ဘီလီယံ ချထားပေးခဲ့သဖြင့် တစ်မြို့နယ်လျှင် ငွေကျပ် ၁၀ သန်း အသုံးပြုခွင့်ရှိမည်ဖြစ်သည်။

ထိုငွေများကို ပြည်ထောင်စုအစိုးရ (သို့မဟုတ်) တိုင်းနှင့်ပြည်နယ်အစိုးရက ဆောင်ရွက်မည့် လုပ်ငန်းများတွင် မပါသော ပြည်သူ့လိုအပ်ချက်အတွက် အကျိုးရှိမည့်လုပ်ငန်းတွင်သာ သုံးစွဲရန်လည်း လွှတ်တော်က ညွှန်ကြားခဲ့သည်။

ထိုသို့သုံးစွဲရာတွင်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ အမတ်တစ်ဦးစီနှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်မှ အမတ်နှစ်ဦးနှင့် ဒေသခံ ပြည်သူများ၊ အဖွဲ့အစည်းများ၏ သဘောဆန္ဒဖြင့် သုံးရမည့် နေရာနှင့် သုံးရမည့်လုပ်ငန်းကို ဆုံးဖြတ်ရန်လည်း ညွှန်ကြားထားသည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

သိင်္ဂီထွန်း Mizzima - News in Burmese

အင်ဒိုနီးရှားငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ကယ်တင်

ဓာတ်ပုံ-MNN
 အင်ဒိုနီးရှားရေပိုင်နက်က ငါးဖမ်းလှေပေါ်မှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ပေမယ့် လစာမရတဲ့အပြင် အလွန်အမင်းခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမားတွေကို  မြန်မာအလုပ်သမား ကူညီရေးအဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဇူလိုင် ၂၀ ရက်နေ့က ကယ်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ငါးဖမ်းလှေပေါ်မှာ ရောင်းစားခံရကြောင်း ပြီးခဲ့တဲ့မေလကတည်းက  တိုင်တန်းချက် လက်ခံရရှိပေမယ့် ဒီလမှ ထိုင်းတောင်ပိုင်း စူရတ်ဌာနီမြို့နယ် ကော်ဖန်ငကျွန်းမှာသွားရောက် ကယ်ထုတ်နိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းက ပြောပါတယ်။

“သူတို့က တောင်တရုတ်ပင်လယ်ထဲကနေ အင်ဒိုနယ်ကို ထွက်တဲ့ ငါးဖမ်းလှေတွေ ဖြစ်တယ်။ သူတို့ ၅ လပိုင်းမှာ မိသားစုတွေက ဆက်သွယ်ခဲ့ပေမယ့် သူတို့နဲ့ အချက်အလက်တွေ ယူရင်း စကားပြောရင်းက အဆက်အသွယ်မရတဲ့ အဆုံး သူတို့ ပင်လယ်ထဲ ထွက်သွားရတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ကျနော်တို့ကို ဖုန်းဆက်လာတယ်။ ရာသီဥတု ဆိုးရွာလာတဲ့အတွက် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ၆ စီး ကပ်နေတယ်၊ အဲဒါကို လာပြီး အချိန်မီကယ်ဖို့ ကျနော်တို့ကို ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ လိုက်သွားပြီးတော့မှ အလုပ်သမားတွေကို အချိန်မီ ရလိုက်နိုင်တာပေါ့နော်။ တော်တော်ကြီးကို ရှာရဖွေရခက်တယ်၊ ကျွန်းကို ပတ်ပြီးတော့ ၃ နာရီလောက် ကျနော်တို့ ရှာရတယ်။”

ဒီကူညီမှုမှာ သူတို့အဖွဲ့နဲ့အတူ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ နဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်း ပါဝင်ပါတယ်။

ကယ်တင်ခံရတဲ့ အလုပ်သမား ၁၆ ဦးဖြစ်ပြီး ရခိုင်လူမျိုး ၁၀ ဦး၊ ကရင်လူမျိုးက ၁ ဦးနဲ့ မြန်မာလူမျိုးက ၅ ဦး ပါဝင်ကာ အများစုက လူရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လှေပေါ်မှာ အလုပ်လုပ်ဖို့ သူတို့ဘာသာ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ရဲတွေက လူကုန် ကူးမှုကိစ္စမပြောဘဲ  လှေပိုင်ရှင်ကို အဓမ္မလုပ်အားခိုင်းစေမှုနဲ့ တရားစွဲခံရဖွယ်ရှိတယ်လို့  ဦးကျော်သောင်းက ဆက်ပြောပါတယ်။

သူတို့တွေဟာ လှေပေါ်မှာ အလုပ်လုပ်ဖို့ ပွဲစားကို ထိုင်းဘတ်ငွေ ၁ သောင်း ပေးခဲ့ရပြီး ၂ လ အလုပ်လုပ်ရင် အရင်းကျေမယ်ဆိုပေမယ့်  ၅ လအတွင်း ငွေလုံးဝမရတဲ့အပြင် မတရား ခိုင်းစားတယ်လို့ ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက  ဦးမိုးဝေက ပြောပါတယ်။

ပင်လယ်ပြင်က ရာနဲ့ချီတဲ့ ငါးဖမ်းလှေပေါ်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သားတွေ အများကြီး ကျန်ရှိနေသေးကြောင်း၊ အဲဒီထဲက လူအနည်းငယ်လောက်ပဲ  ကူညီရေးအဖွဲ့ကို ဆက် သွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီ ၂၀၁၃ ခုနှစ်ထဲမှာ လူကုန်ကူးမှုနဲ့ အဓမ္မခိုင်းစေခံရမှုတွေ ခံရတဲ့အမှုပေါင်း ၃၀  ထဲက မြန်မာအလုပ်သမားပေါင်း  ၁၇၃ ဦးကို ကူညီကယ်ထုတ်နိုင်ခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

 
ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၁၈ / ၂၀၁၃ )

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)

ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ဖော်ပြပါ ပြည်ထောင်စု ဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် ပြောင်းလဲတာဝန် ပေးလိုက်သည်-

(၁)

ဦးဇေယျာအောင်

စွမ်းအင်ဝန်ကြီးဌာန

(၂)

ဦးမောင်မြင့်

စက်မှုဝန်ကြီးဌာန

(၃)

ဦးအေးမြင့်



အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန

(၄)

ဦးသန်းဌေး

ရထားပို့ဆောင်ရေးဝန်ကြီးဌာန

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.president-office.gov.mm/zg/briefing-room/news/2013/07/25/id-4069

» ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်ဖော်မှု ရှင်းလင်း

 
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သတ္တုတွင်း ၀န်ကြီးဌာန တာဝန်ရှိသူတွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားချက်တွေကို ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင်က တင်သွင်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အကြံပြုချက်တွေ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ထားချက်တွေကို သမ္မတရုံး ၀န်ကြီးဦးလှထွန်းက လာရောက်ရှင်းပြခဲ့တာပါ။

မနေ့က တရုတ် မြန်မာ-၀မ်ဘောင်ကုမ္ပဏီ၊ မြန်မာသတ္တုတွင်းဝန်ကြီးဌာနနဲ့ ဦးပိုင်ကုမ္ပဏီတို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်ကို ပြင်ဆင်ချုပ်ဆိုခဲ့အပြီး  ရှင်းလင်းတာ ဖြစ်ပါတယ်။

ဒီရှင်းလင်းပွဲမှာ ခေတ်စနစ်နဲ့အညီ တရုတ် ၀မ်ပေါင်ကုမ္ပဏီနဲ့ စာချုပ်ပြန်လည်ချုပ်ဆိုမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ၊ မြေယာသိမ်းဆည်းမှုတွေ၊ စီမံကိန်းမှာ မပါဝင်ဘဲသိမ်းဆည်းမိထားတဲ့မြေယာများ ပြန်ပေးရေး၊ လျော်ကြေးကိစ္စများ၊ ရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်းရှင်းပြတဲ့အထဲမှာ ပါဝင်တယ်လို့ လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

“မြေတွေဘာတွေဆိုရင် လိုအပ်တဲ့ပမာဏ တိုင်းထွာပြီး သိမ်းမယ်။ အရင်တုန်းက သိမ်းမယ်လို့ ပြောထားတဲ့ မြေတော်တော်များများ ပြန်ပေးမယ်။ ဒါ့အပြင် ဒီအစိုးရအနေနဲ့ မြေလွတ်မြေရိုင်း အသစ်တွေကိုလည်း တတ်နိုင်သမျှရှာဖွေပြီး ဖော်ထုတ်ပေးမယ်။ နောက် ပြောင်းရရွှေ့ရမယ် ဘုန်းကြီးကျောင်းတွေ၊ ရှေ့ဟောင်း စေတီပုထိုးတွေ ရှိတယ်။ အဲဒါမျိုးတွေဆိုရင်လည်း သာသနာရေး ၀ိနည်းနဲ့အညီ ဒေသခံတွေနဲ့ တိုင်ပင်ပြီးတော့ ပွင့်လင်းမြင်သာဖို့ လူထုဆန္ဒသဘောထားတွေကို ယူပြီး ပြောင်းရွှေ့ပေးတာတွေ လုပ်မယ်။ လျော်ကြေးပေးတဲ့နေရာမှာလည်း အခု ခေတ်စနစ်နဲ့အညီ ပေါက်ဈေးနဲ့ မြေယာတွေကို ပြန်ပြီး လျော်ကြေးပေးတာတွေ၊ ပေးနေတာ ဘယ်အဆင့်ရောက်နေပြီဆိုတာ ပြောသွားတယ်။ နောက် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းဖို့အတွက် ဆိုရင်လည်း သစ်တောတွေ ပြန်ပြီးတော့ စိုက်တာ၊ ဘေးမဲ့တောတွေထားတာ၊ အဲဒီဒေသမှာ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ရွှေသမင်တွေကို ကာကွယ်ဖို့ ဘေးမဲ့တောအဖြစ် သတ်မှတ်ဖို့၊ အဲဒီလိုဟာတွေ ပါတယ်။ ဆိုတော့ တရုတ်ကုမ္ပဏီတွေနဲ့လည်း သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့၊ စောင့်ရှောက်ဖို့ ဆိုတာတွေ ပါဝင်တဲ့ စာချုပ် ပြန်ပြီးတော့ ချုပ်ဖို့ အဲဒါတွေကိုလည်း ပြောသွားတယ်။”
ဒါ့အပြင် စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဆန္ဒပြရာမှာလည်း ဥပဒေနဲ့မညီတဲ့ ဆန္ဒပြတာတွေ ရှိနေတဲ့ကြောင်း ထည့်သွင်းပြောဆိုသွားတယ်လို့ ဆိုပါတယ်။

လက်ပန်းတောင်း ကြေးနီတောင် စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့အစီရင်ခံစာပါ အကြံပြုချက်အရ အစိုးရနဲ့ဝမ်ဘောင် ကုမ္ပဏီတို့ စာချုပ်သစ်တွေ ပြန်လည်ချုပ်ဆိုခဲ့ရာမှာ  နိုင်ငံတော်က  စာချုပ်ဟောင်းတုန်းက အကျိုးအမြတ် လေးရာခိုင်နှုန်းသာ ရပေမယ့် အခု စာချုပ်သစ်မှာ ၅၁ ရာခိုင်နှုန်းထိ တိုးမြှင့်ရရှိစေမှာဖြစ်ပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)

ယာဉ်ဖြတ်ကူးစဉ် တံတား ကျိုးကျသော်လည်းထိခိုက်ဒဏ်ရာ ရရှိသူမရှိ

 
မြိတ် ဇူလိုင် ၂၂

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပပြင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အရှည်ပေ ၁၆ဝ ရှိ ပပြင်သစ်သား တံတားကို ဖြတ်ကူးစဉ် တံတားကျ...ိုးကျ၍ အနက်ပေ ၃ဝ ခန့်ရှိ ချောင်းအတွင်းသို့ နိမ့်ကျခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၄ နာရီခွဲက မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ သွားသော တနင်္သာရီ ယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံယာဉ် အမှတ်၆ခ/------ယာဉ်မောင်း ဦးခန့်၊ ယာဉ်နောက်လိုက် ဦးစိုးမင်းတို့ ဦးဆောင်၍ ခရီးသည် ၂ဝ ဦး တင်ဆောင်ကာ မြိတ်မြို့မှ ထွက်ခွာလာစဉ် ပပြင်ကျေးရွာရှိ အရှည်ပေ ၁၆ဝ ခန့်ရှိသော သစ်သားတံတား အရောက် တံတားပေါ်မှ ဖြတ်ကူးစဉ် တံတား ကျိုးကျ၍ အနက်ပေ ၃ဝ ခန့် ရှိသော ချောင်းအတွင်းသို့ နိမ့်ကျ ခဲ့သော်လည်း ခရီးသည် တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် အဆိုပါ ရန်ကုန် ခရီးသည်များသည် အခြား မှန်လုံယာဉ် တစ်စီးဖြင့် ခရီးစဉ် အတိုင်း လိုက်ပါသွားနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေး၍ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ

Wednesday, July 24, 2013

အဆင်းရဲဆုံးနိုင်ငံတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ

 

မနှစ်က ကမ္ဘာပေါ်က အဆင်းရဲဆုံး နိုင်ငံတွေဆီကို ဘဏ္ဍာရေး အကူအညီတွေ အများဆုံးပေးအပ်ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဇွန်လမှာ နှစ်ချုပ်တဲ့ တနှစ်လုံးအတွက် ၀ါရှင်တန်အခြေစိုက် ငွေချေးငှားမှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းဖြစ် တဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေကို ဒေါ်လာသန်း ၁ သောင်း ၆ ထောင် ၃ ရာ ထောက်ပံ့ပေးခဲ့တယ်။

အာဖရိက နိုင်ငံတွေကို အဲဒီထဲက တဝက်၊ တောင်အာရှနိုင်ငံတွေကိုတော့ လေးပုံတပုံ ပေးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က ပြောပါတယ်။
ဒါဟာ အရင်နှစ်ကထက် ဒေါ်လာသန်း ၁ သောင်း ၄ ထောင် ၇ ရာ တိုးလာတာ ဖြစ်ပါတယ်။ ခြုံပြောရမယ်ဆိုရင် ကမ္ဘာတလွှားက အစီအစဉ် ၂၀၀၀ နီးပါးအတွက် ငွေချေးတာတွေ၊ ထောက်ပံ့မှုတွေနဲ့ တခြား ဘဏ္ဍာရေး အထောက်အပံ့တွေအတွက် ဒေါ်လာ သန်း ၅သောင်း ၂ ထောင် ၆ ရာ ပေးခဲ့ပါတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ဒီငွေကတော့ အရင်နှစ်ကထက် နည်းနည်းလျော့သွားပြီး ဒါဟာ ဝင်ငွေ အလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေက အကူအညီ တောင်းခံမှု ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သူ့အဆို မရေမရာဖြစ်နေသေးတဲ့ ကာလမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ လိုအပ်တဲ့ ဘဏ္ဍာရေး အကူအညီပေးနိုင်ဖို့ ကမ္ဘာ့ဘဏ်က

အသင့်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim က ပြောပါတယ်။

၂၀၃၀ ခုနှစ်မှာ တကမ္ဘာလုံး အလွန်အမင်း ဆင်းရဲမှု ပပျောက်ရေးနဲ့  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေရဲ့ အောင်ခြေ ၄၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေ တိုးမြှင့်ရေးဆိုတဲ့ ရည်မှန်းချက် အသစ်၂ ခု ပြည့်မှီဖို့ ကမ္ဘာ့ဘဏ်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန် ပြင်ဆင်ထားပါတယ်လို့လည်း ကမ္ဘာ့ဘဏ် ဥက္ကဌ  မစ္စတာ ကင် က ပြောပါတယ်။

ဒီမှာ အလွန်အမင်း ဆင်းရဲမှုဆိုတာ လူတဦးရဲ့ တနေ့ဝင်ငွေ  တဒေါ်လာနဲ့ ၂၅ ဆင့်ထက် နည်းတာလို့ ကမ္ဘာ့ဘဏ်နဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု ကုလကြိုဆို

ရန်ကုန် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ တချို့ကို အင်္ဂါနေ့က တွေ့မြင်ရစဉ်
မြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက အများအပြားကို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအ၀င် ပြုပြင်ပြောင်းလဲရေး ကတိတွေကိုလည်း မြန်မာအစိုးရက အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံတ၀ှမ်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၇၀ ကျော်ကို အင်္ဂါနေ့တုန်းက လွှတ်ပေးလိုက်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ သမ္မတဦးသိန်းစိန် ရဲ့ ဒုတိယအကြိမ် ဥရောပခရီးစဉ်အဖြစ်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဗြိတိန်နိုင်ငံမှာ ရောက်ရှိနေစဉ် နိုင်ငံရေး အကျဉ်းသားတွေကို ဒီနှစ်ကုန် နောက်ဆုံးထား လွှတ်ပေးဖို့ ရည်ရွယ်ထားတဲ့အကြောင်း ကတိပေးထားတဲ့အတိုင်း စတင်ဆောင်ရွက်လာတဲ့ အစီအစဉ်အဖြစ်နဲ့လည်း ကြိုဆိုခဲ့တာလို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မာတင် နစာကီ (Martin Nesirky) က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

“နိုင်ငံရေးအကျဉ်းသား ၇၃ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်သလို၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကိုလည်း သမ္မတဦးသိန်းစိန် က နှစ်မကုန်ခင် ပြန်လွှတ်ပေးမယ်လို့ မကြာသေးခင်တုန်းက ပြောခဲ့တဲ့အပေါ်မှာ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒီလိုအစီအစဉ်တွေ အပါအ၀င် မကြာသေးခင်တုန်းက ဆောင်ရွက်ခဲ့တဲ့ တခြားဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး၊ မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ပိုမိုအားကောင်းလာဖို့လည်း မျှော်လင့်ထားပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ နိုင်ငံရေး အသိုင်းအ၀ိုင်းက လူပုဂ္ဂိုလ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ပြန်လည် စိစစ်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းထားပြီး ပြန်လွှတ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုထားတာပါ။

နောက်ဆုံး ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာဆိုရင်လည်း အတိုက်အခံ တိုင်းရင်းသားတွေလည်း ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေကတော့ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူ အများအပြား ဆက်လက် ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အင်္ဂါနေ့ အစောပိုင်း ရန်ကုန်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်ရှေ့ လွတ်မြောက်လာသူတွေကို သွားရောက်ကြိုဆိုခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ကိုတင်မောင်ဦး ကတော့ ဖမ်းဆီးခံထားရသူ ၁၀၀ လောက် ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“ကျနော်တို့တင်ထားတဲ့ စာရင်းကိုက နောက်ဆုံးစာရင်းအရ ၁၇၁ ယောက် ရှိပါတယ်။ အဲဒီအထဲက ၇၂ ယောက်မှာ ကျနော်တို့ စာရင်းက ၅၉ ယောက်ပဲ ပါတဲ့အတွက်ကြောင့် ၁၀၀ ကျော် ကျန်ပါသေးတယ်။”

မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေတယ် ဆိုပေမဲ့ နောက်ထပ် တက်ကြွလှုပ်ရှားသူတွေကို အဖမ်းအဆီးတွေ ရှိနေတုန်းပဲလို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သတိပေးနေကြတာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မကြာသေးခင် လတွေအတွင်းမှာပဲ ဆက်တိုက် ဆိုသလို ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာချက်တစောင် ထုတ်ပြန် သတိပေးထားပါတယ်။ 
ကိုအောင်လွင်ဦးVOA

မြန်မာဝန်ထမ်းများ မကြာမီခန့်အပ်ပြီး သင်တန်းပေးမည်ဟု Telenor ဆို

 
Telenor မှ လာမည့်သြဂုတ်မှ စတင်ပြီး မြန်မာများအားအလုပ်ခန့်ကာ သင်တန်းပို့ချပေးမည်ဟု Telenor-Myanmar မှ အမှုဆောင် အရာရှိချုပ် Mr. PetterFurberg က ပြောသည်။

''ကုမ္ပဏီရဲ့ ဝန်ထမ်းလိုအပ်ချက် အပေါ်မူတည်ပြီး ဝန်ထမ်းတွေ ခန့် အပ်သွားမှာပါ။ ဝန်ထမ်းခန့်တဲ့အပိုင်း မှာလည်း လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတွေအပြင် နိုင်ငံခြားမှာရှိနေတဲ့
မြန်မာနိုင်ငံသား နည်းပညာရှင်တွေကိုပါ ခန့်အပ်ဖို့ အဆင်သင့်ရှိပါတယ်'' ဟု ၎င်းကပြောသည်။

သင်တန်းများပို့ချခြင်းကို လက်ရှိ Telenor ကုမ္ပဏီမှ ကျွမ်းကျင်နည်းပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ယင်းသို့ ပြုလုပ်ခြင်းမှာ နောက်ပိုင်းကာလတွင် Telenor-Myanmar အား မြန်မာနိုင်ငံသားများ အများစုပါဝင်ရန် ဆောင်ရွက်ခြင်း ဖြစ်
ကြောင်း ၎င်းကဆက်လက် ပြောသည်။

''ဖုန်းရောင်းချမှုကိုတော့ လိုင်စင်ရပြီးမှ ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ လုပ်သားခေါ်ယူမှုနဲ့ နက်ဝပ်တည်ဆောက်မှုတွေကို လုပ်ကိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ၎င်းက ဆက်ပြောသည်။

ဖုန်းရောင်းမှုကို လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဖုန်းအသုံးပြုခွင့်ရရှိမည်
ဖြစ်ကြောင်း၊ ဖုန်းပြောဆိုခအား ၁ မိနစ် ၂၅ ကျပ်နှုန်းအောက်ထားရှိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အင်တာနက်စနစ်ကို 2G, 3G စနစ် နှစ်မျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆင်းကတ်ရောင်းချရာတွင် အင်တာနက် စနစ်တစ်ပါတည်း ပါဝင်မည်ဖြစ်ကြောင်း
အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။
တစ်နိုင်ငံလုံးတွင် ဆင်းကတ် ရောင်းချသည့် ဆိုင်ပေါင်း ခုနစ်သောင်း ဝန်းကျင်ထားရှိမည်ဖြစ်ပြီး ကိုယ်စား လှယ်ဆိုင်ပေါင်း ၁ဝ သိန်းဝန်းကျင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal 

» နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ဒီနေ့ နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော်ကို လွတ်မြောက်လာပါတယ်။

ဒီနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ပုဒ်မ ၁၇ (၁) မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အတော်များများပါဝင်ပါတယ်။

ကချင်ပြည်နယ်မှာ ပြန်လည်လွတ်မြောက်လာသူတွေထဲမှလည်း ကေအိုင်အိုနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ဂျာမိုင်ကောင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင် အပါအဝင် ၂၆ ဦးရှိတယ်လို့ သိရပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေးအဖွဲ့ဝင်လည်းဖြစ် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမောင်ရွှေက ကချင်ပြည်နယ်မှာ လွှတ်ပေးခဲ့တဲ့ စာရင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မြစ်ကြီးနား အကျဉ်းထောင်ကို နိုင်ငံတော်သမ္မတကြီးရုံးရဲ့ ရက်စွဲနဲ့ ရောက်လာတယ်လို့ သိရပါတယ်၊ အဲဒီအထဲမှာ ကချင်ပြည်နယ်ကနေပြီးတော့ စုစုပေါင်း ၃၁ ရောက် စာရင်းပေးပို့တဲ့အထဲက ၂၆ ယောက် ဒီနေ့လွှတ်တဲ့အထဲမှာပါတယ်လို့ သိရပါတယ်"

ခုလိုနိုင်ငံရေး အကျဉ်းသားတွေကို အစိုးရက လွှတ်ပေးနေပေမယ့် ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထောင်ချခံနေရတာတွေလည်း ရှိနေသေးတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေလိမ့်ဦးမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးတင်မောင်ဦးက RFA ကိုပြောပါတယ်

"နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေပြီးတော့ သမ္မတဆီကို တင်ပြထားတာ ၇၂ ယောက်ရှိပါတယ်၊ အဲဒီ ၇၂ ယောက်ထဲမှာ ကျနော်တို့အဖွဲ့က တင်ပြထားတာပေါ့၊ ကျနော်တို့ရယ်၊ AAPP ရယ်၊ ၈၈ မျိုးဆက်ရယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရယ် လေးခုပေါင်း ၅၉ ယောက်ပါ၊ ကျနော်တို့ ပြည်တွင်းမှာလည်း ဥပမာ လက်ပံတောင်းကိစ္စနဲ့ ထောင်ကျတာ၊ မန္တလေးမှာ ပုဒ်မ ၁၈ နဲ့ ထောင်ကျတာ၊ ၅ဝ၅(ခ) တွေနဲ့ကျတာတွေ ဒီရက်ပိုင်းတွေမှာ အများကြီးရှိပါတယ်၊ အများကြီးရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ကုန်သွားဖို့ဆိုတာကတော့ လက်ရှိမှာတော့ မဖြစ်နိုင်သေးဘူးလို့ပဲ ကျနော်ကတော့ထင်တယ်”

သမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေအတွင်း ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကတိပေးပြောခဲ့ပါတယ်။

RFA Burmese

» ဂျပန် မြှုပ်နှံထားခဲ့သည့် ရွှေ သုံးတန်ကို တွေ့ရှိပြီ


ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြှုပ်နှံ ထားခဲ့သည့် ရွှေသုံး တန်ကို ပြည်ထောင်စုအစိုးရ
အဖွဲ့က စတင်ရှာဖွေခဲ့ရာတွေ့ရှိပြီဟု ရှာဖွေရေး အဖွဲ့ထဲတွင် ပါဝင်သည့် ဘူမိဗေဒပညာရှင် ပါမောက္ခ ဟောင်း ဦးစိုးသိန်းက ပြောသည်။
''ပြည်ထောင်စုအစိုးရအဖွဲ့က ကော်မတီဖွဲ့ပြီး တော့ ဆောင်ရွက်နေတာ''ဟု ၄င်းက ဆိုသည်။

ကော်မတီထဲတွင်ပါဝင်သော အဖွဲ့ဝင် အမည်များကို ၄င်းက ထုတ်ဖော်ပြောကြားခြင်း မပြုသော်လည်း ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်အတွင်း၌ ရှာဖွေနေသည်ဟု ၄င်းက ဆက်ပြောသည်။

''ကျွန်တော်တို့ တွေ့ရှိနေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တူးဖော်မှု မှာတော့ နည်းနည်း အခက်အခဲလေးတွေ ရှိနေသေးတယ်''ဟု ပြော သည်။

ဂျပန်တို့အနေဖြင့် ဒုတိယကမ္ဘာစစ်ကာလ အတွင်းက မြန်မာနိုင်ငံမှ တိမ်းရှောင်ထွက်ခွာစဉ် မြှုပ်နှံခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်များ၏ပြောကြား ချက်အရ သိရသည်။

အစိုးရသစ်ကာလအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက မြှုပ်နှံထား ခဲ့သော ကမ္ဘာစစ်လက်ကျန် ပစ္စည်းများကို ရှာဖွေနေမှုမှာ ဗြိတိသျှ စဖစ်ဖိုင်း ယားပြီးလျှင် ယခု ဂျပန်ရွှေသုံးတန်မှာ ဒုတိယ မြောက်ဖြစ်ကြောင်း သိရသည်။

စဖစ်ဖိုင်းယားရှာဖွေမှုကို တွေ့ရှိနေပြီ ဖြစ် ကြောင်း၊ စတင် တူးဖော်တော့မည်ဖြစ်ကြောင်း မီဒီယာများထံသို့ ပြောကြားခဲ့ကြသော်လည်း ယခုအချိန်အထိ ရှာဖွေနေဆဲဟုသာ ပြန်လည် ဖြေကြားနေကြသည်။

ယခုတစ်ခေါက်ဂျပန်ခေတ်ကမြှုပ်နှံခဲ့သော ရွှေသုံးတန်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဦးဆောင်ရှာဖွေ နေသည် ဟုသာပြောကြားပြီး အကျိုးအမြတ် ခွဲဝေမှုကိုမူ မပြောကြားသေးပေ။

မင်းသုအောင်

Popular Myanmar News Journal

» ငြိမ်းချမ်းရေး ယူထားသော တပ်ဖွဲ့များ လိုင်စင်မဲ့ ယာဉ်စီး လျှင် အရေးယူမည်

 
ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့ ဝင်များ လိုင်စင်မဲ့ယာဉ်စီးနင်းပါက တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ သွားမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောသည်။

ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့ များကို မော်တော်ယာဉ်လိုင်စင် များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သဖြင့် လိုင်စင်မဲ့ယာဉ်စီးနင်းပါက တရား ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ၄င်းက ပြောသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသော လိုင်စင်မဲ့ကားများမှာ တရားဝင် ဖွင့် လှစ်ထားသောနယ်စပ်ဂိတ်များမှ သော် လည်းကောင်း၊ တရားဝင်ဖွင့် လှစ်ထား ခြင်းမရှိသေးသော နယ်စပ်ဂိတ်များမှ သော်လည်းကောင်း ဝင်ရောက်လာခြင်း ကိုသိရှိခြင်းရှိမရှိဦးတိုးဝင်း၊ တနင်္သာ ရီတိုင်း မဲဆန္ဒနယ်အမှတ် ၁၂ က ပထမ အကြိမ်အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၃ ရက် မြောက် နေ့တွင်မေးမြန်းရာ ဒုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ယခုနောက်ဆုံးဖွင့်ခဲ့တဲ့ ထီးခီး စခန်း အပါအဝင် နယ်စပ်ကုန် သွယ်ရေး စခန်း ၁၅ ခု ဖွင့်ထားပါတယ်။ စီးပွား ရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန အနေနဲ့ ၂ဝဝ၄-၂ဝဝ၅ ဘဏ္ဍာနှစ် မှ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း တရားမဝင်ယာဉ် (Without Car) ၅၉၆ စီး ခန့်မှန်းတန်ဖိုးကျပ်သန်း ပေါင်း ၁၇၈၁၁ ဒသမ ၇၅ ဖမ်းဆီးရမိခဲ့ပါ တယ်''ဟု ၄င်းက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်း ပေါ်ရှိ မရမ်းချောင်း ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းမှ တရားမဝင်ကား များ ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ် ကြောင်း၊ အထူးသဖြင့်မြဝတီကုန်သွယ်ရေး ဇုန်ရှိသောင် ရင်းမြစ်ကမ်းတစ်လျှောက် တွင် တရားမဝင်ဂိတ်များမှ တရားမဝင် ပစ္စည်းနှင့် တရားမဝင်ယာဉ်များ တင် သွင်းပြီး ကုန်သွယ်ရေးဇုန်ရှောင်ကွင်း လမ်းကြောင်းမှ ပြည်တွင်းသို့ တရား မဝင် ဝင်ရောက်နေကြောင်း၊ ပြည်တွင်း တရားဝင်ဖွင့်လှစ်ထားသော ဂိတ်များကို ရှောင်ကွင်း၍ စာရွက်စာတမ်း အတုများ ပြုလုပ်ကာ ဖြတ်သန်းသယ်ဆောင်မှု ရှိသည်ကို သတင်း ရထားကြောင်း ၄င်းက ပြောသည်။

''တရားမဝင် လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်လာတတ်သည့် လမ်းကြောင်း များမှာ ကချင်ပြည်နယ် ငါးခု၊ ကယား ပြည်နယ် နှစ်ခု၊ ကရင်ပြည်နယ်မှာ ၁၇ ခု၊ ရှမ်းပြည်နယ်၌ ၁၂ ခုနဲ့ တနင်္သာရီ တိုင်းဒေသကြီး၌ လေးခု စုစုပေါင်း လမ်းကြောင်း ၄ဝ ရှိပါတယ်'' ဟု
၎င်းက ပြောသည်။

၂ဝ၁၂ ခုနှစ်တွင် လိုင်စင်မဲ့ ယာဉ် ၄၁ စီးအတွက် အရပ်သား ၅ဝ ဦးကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လိုင် စင်မဲ့ယာဉ် ငါးစီး အတွက် အရပ်သား ငါးဦးကို ဖမ်းဆီးအရေးယူကာ ငွေဒဏ် နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လိုင်စင်မဲ့ ယာဉ်စီးနင်း ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ရဲဝန်ထမ်း နှစ်ဦးတို့ကိုလည်း ငွေဒဏ်နှင့် ထောင်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း ၄င်းက ပြောသည်။

စိုင်းနောင်

Popular Myanmar News Journal

ဝ တပ်ဖွဲ့သွားလာလှုပ်ရှားမှု အစိုးရတပ်စောင့်ကြည့်ထိန်းချုပ်နေဆဲ

uwsa at pangsang 340 228
ဝ ပြည်သွေးစည်းရေးတပ်မတော်
 ကျိုင်းတုံတွေ့ဆုံမှုမှဝ နှင့်အစိုးရတပ်တို့ တောင်ပိုင်းစစ်ရေးတင်းမာနေမှု နှစ်ဘက်သဘောတူ
 လျှော့ချမှုများ ရှိခဲ့သော်လည်း ဝ အပေါ် ထားရှိသည့် သဘောထားနှင့် စစ်ရေးနည်းဗျူဟာ လျှော့ချခြင်းမရှိသေးဘူးဟုနီးစပ် သည့် အသိုင်းအဝိုင်းကပြောပါသည်။

“တောင်ပိုင်း ဝ တပ်ဖွဲ့ သွားလာမှုကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ရှိနေတုန်း၊ အဓိက ကတော့ ဝ ကားတွေ လူ သူလက်နက်တွေ အင်အားဘယ်လောက်၊ ဘယ်ဘက်ကိုသွား၊ ဘယ်နှစ်ရက် ကြာ ဘာတွေသွား လုပ်တယ်ဆိုတာ အဓိကထားစောင့်ကြည့်ခိုင်းတုန်း၊ ထူးရင်နေ့တိုင်း၊ သိပ်မထူးရင် တပတ်တခါ အထက်ကို မပျက်မကွက် တင်ပြဖို့ ညွှန်ကြားမှုရှိနေတုန်းဘဲ” ဟု တောင်ပိုင်း ၀ ၊  အစိုးရတပ် စစ်ဗျူဟာမှူးတို့နှင့် ရင်းနှီးသည့် နယ်ခြား စောင့် တပ်ဖွဲ့ အရာရှိတဦးကပြောပါသည်။

 သျှမ်းပြည်နယ် သံလွင်အရှေ့ခြမ်း တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွင်းနယ်မြေအတွင်း ၀ တပ်ဖွဲ့ပိုင် SW, NW တံဆိပ်ပါကားများအား အစိုးရအာဏာပိုင်များက သွားလာခွင့်မပြုသေးကြောင်း၊ ထို့အတူ လက်နက် နှင့် အတူ စစ်ဝတ်စုံဖြင့် သွားလာခွင့်လည်း ပေးမထားကြောင်း ယာဉ်မောင်းသွား လာသူ ၀ တပ်ဖွဲ့အရာငယ် ဆိုင်းပေါဝ်း က ဤကဲ့သို့ ပြောသည်။

“အခုကျနော် တို့ကားက တရားဝင် ကားခွန်ထည့်ထားတဲ့ ကညန တံဆိပ်ပြား နဲ့ ကားဘဲ သွားလာလို့ ရတယ်။ အဲဒါလဲ လူဘယ်နှစ်ယောက် ကားဘယ်နှစ်စီး၊ ဘယ်ကိုဘာသွားလုပ် စတာတွေ စာရင်းကြိုပေးရတုန်း၊ ကျနော်တို့ စစ်ဝတ်စုံနဲ့ လွတ်လွတ်လပ်လပ်သွားလာနိုင်တာက ပုံပါကျင်မြို့နယ်ခွဲ တခုတည်းဘဲ” - ဟု ပြော ၏။

ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA ပြင်ပ ဆက်ဆံရေးမှူး ဦးရှောင်းဆမ်ခွန်းက ‘ ကျိုင်းတုံ တွေ့ဆုံ ပွဲ ပြီးတော့ မကြာခင် ဒီလ ၁၄ (၁၄၊၇၊ ၂၀၁၃) ရက်နေ့ကဘဲ သဘောတူညီချက်အရ နှစ်ဘက်တပ်တွေ ဆုတ်ပေး လိုက်ပြီ။ ကျိုင်းတုံမှာ ဂျွန် ၁၈ ရက်နောက်ပိုင်း အင်အားတိုးချဲ့ တပ်စခန်းချထားတာတွေ အကုန် ပြန်ရုပ်သိမ်းဖို့ နှစ်ဘက်သဘောတူလိုက်တော့ စစ်ရေးတင်းမာမှု မရှိတော့ဘူး အဆင်ပြေသွားပြီ’ ဟု သျှမ်းသံတော်ဆင့် သို့ပြော သည်။ သို့သော် ဝ တပ်ဖွဲ့သွားလာရေး ထိန်းချုပ်ခံရမှုပေါ် တစုံတရာ ဝေဖန် မှတ်ချက် ပေးခြင်းမရှိပေ။



Sunday, July 21, 2013

မလေးရှားတွင် အကျဉ်းကျနေသည့် မြန်မာ လေးထောင်ကျော် နေရပ် ပြန်ခေါ်မည်


ရန်ကုန်၊ ဇူလိုင် ၁၈

မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုကြောင့် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသား ၄၀၀၀ ကျော်ကို နေရပ် ပြန်ခေါ်မည်ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဒေါက်တာ အရှင်ဉာဏိဿရက မိန့်ကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ရန်အတွက် နယ်စပ်များမှ တရားမဝင် (အောက်လမ်းဖြင့်) သွားရောက်သဖြင့် အဖမ်းခံရသူများနှင့် ပတ်စ်ပို့၊ ဗီဇာ သက်တမ်း ကုန်ဆုံးခြင်းကြောင့် အဖမ်းခံရပြီး အကျဉ်းကျခံနေရသည့် မြန်မာ လုပ်သား လေးထောင်ကျော်အနက် ၁၇၀ ကျော်သည် ဇူလိုင်လ ၁၆ ရက်နေ့က သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် ကွာလာလမ်ပူမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) စင်းလုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း MAI ထံမှ သိရှိရသည်။

ယင်းလူ ၁၇၀ ကျော်တွင် အမျိုးသမီး အချို့၊ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးငယ် အချို့နှင့် ဒဏ်ရာ ရရှိထားသူများလည်း ပါဝင်သည်ကို တွေ့ရှိရသည်။

တရားမဝင် နေထိုင်မှုများကြောင့် မလေးရှားနိုင်ငံ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများ အားလုံး လွတ်မြောက်နိုင်ရန် ဆောင်ရွက်နေပြီး ၎င်းတို့ကို ခေါ်ဆောင်ရန် စုစုပေါင်း အမေရိကန် ဒေါ်လာ ငါးသိန်းခန့် ကုန်ကျနိုင်ကြောင်း သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက The Voice သို့ မိန့်ကြားထားသည်။

“အခုတော့ ဒေါ်လာ နှစ်သိန်းလောက် ထပ်လိုသေးတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ မလေးရှားနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလက တရားမဝင် ဝင်ရောက် ခဲ့ရာမှ မလေးရှားနိုင်ငံသို့ ရောက်ရှိသည့် နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ရခိုင် တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးမြလင်းသည် ထောင် သုံးလနှင့် ကြိမ်ဒဏ် တစ်ချက် ပြစ်ဒဏ်ခံခဲ့ရကြောင်း အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူများအနက် တစ်ဦးဖြစ်သည့် ကရင် တိုင်းရင်းသား တစ်ဦးက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ တာဝန်ရှိသူများ အကျဉ်းထောင်ထဲသို့ လာရောက်ကာ မြန်မာနိုင်ငံသို့ အခမဲ့ ပြန်ခွင့်ရမည်ဟု ပြောဆိုကြောင်း၊ မြန်မာနိုင်ငံ လေဆိပ်ကို ရောက်ပါက လမ်းစရိတ် ထပ်မံပေးမည်ဆိုသဖြင့် နေအိမ်ကို ပိုက်ဆံ မမှာထားဘဲ ပြန်လာခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာလေဆိပ် ရောက်သည့်အခါ လမ်းစရိတ် မပေးသဖြင့် နေရပ်ပြန်ရန် စရိတ်မရှိသောကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြောဆိုသည်။

“မလေးရှားကို ရောက်တဲ့နေ့ အဖမ်းခံရတယ်။ ၁၅ ရက် ထောင်ထဲမှာ နေခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရန်အတွက် လူတစ်ဦးလျှင် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနကို ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၄၀၀၊ လေဆိပ် အကောက်ခွန်ကို ၂၅ ဒေါ်လာ ပေးဆောင်ရပြီး လေယာဉ် စင်းလုံးငှား တစ်ကြိမ် ပျံသန်းမှုအတွက် ဒေါ်လာ ၄၀,၀၀၀ ကျသင့်မည် ဖြစ်သည်။

The Voice

စီးပွားရေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်ပြောင်း


http://t1.gstatic.com/images?q=tbn:ANd9GcQZqFedNVsi0TY7yvbj2nicLkfSScSPFQGbcXeEZofOjZK0A9rM3Pphz5AE
ရန်ကုန်၊ ဇူလိုင် ၁၉

ပညာရေးဝန်ကြီးဌာန လက်အောက် စီးပွားရေး တက္ကသိုလ်များ၏ ပထမနှစ်သင်တန်း ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း အောင်မှတ် အနည်းဆုံး တစ်ဘာသာလျှင် ၅၀ မှတ်စီ ရရှိပြီး စုစုပေါင်းအမှတ် ၃၅၀ ရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း မိတ္ထီလာ စီးပွားရေးတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ပြောကြားသည်။

ယခင်ပညာသင်နှစ်က အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘောဂဗေဒ ဘာသာတွဲများ၏ ရမှတ်များကို ဝင်ခွင့် လျှောက်ထားရာတွင် ထည့်သွင်း ဆုံးဖြတ်သော်လည်း ယခုပထမနှစ် သင်တန်းမှစတင်ကာ ဘာသာစုံ အမှတ်ကိုသာ ကြည့်၍ ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ဆယ်တန်း အီကို (ဘောဂဗေဒ) နဲ့ ကျောင်းမှာသင်တာ ဘာမှမဆိုင်ဘူး။ အခု ဘိုင်အိုတွေပါ တက်လို့ရပြီဆိုတော ပိုကောင်းသွားတယ်။ တစ်နှစ်ထက်တစ်နှစ်လည်း အမှတ်စာရင်းတွေက မြင့်လာတယ်” ဟု ၂၀၁၂ ခုနှစ်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရရှိသူ လူငယ်တစ်ဦးက ရှင်းပြသည်။

ယခင်ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲတို့နှင့် အောင်မြင်ထားသူများ သာမက သိပ္ပံဘာသာတွဲနှင့် အောင်မြင်ထားသူများကိုပါ ဝင်ခွင့် လက်ခံထားပြီး ယခုပညာသင်နှစ်တွင်လည်း ယင်းစနစ်အတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာတင်ဝင်းက ပြောဆိုသည်။

“အရင်နှစ်က ဝင်ခွင့် ရှစ်ရာလောက်ခေါ်တယ်။ ဒီနှစ် မိတ္ထီလာနဲ့ မုံရွာ စီးပွားရေးတက္ကသိုလ် နှစ်ခုကတော့ ၁၂၀၀ စီခေါ်မယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်နှင့် မုံရွာ စီးပွားရေးတက္ကသိုလ်တို့ ရှိပြီး အခြားတက္ကသိုလ် နှစ်ခုအနက် ရန်ကုန် စီးပွားရေးတက္ကသိုလ်သည် ဝင်ခွင့်ဦးရေ အများဆုံး လက်ခံလျက်ရှိသည်။

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်မည်


ရန်ကုန်၊ ဇူလိုင် ၁၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်လွှာများ စတင်လျှောက်ထားနိုင်ရန် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်များကို သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာဌာနများသို့ ယခုလပိုင်းအတွင်း တက္ကသိုလ်ဝင်တန်း လမ်းညွှန်ဆိုင်ရာ ပညာရေး စာရွက်စာတမ်းများ ပေးပို့သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးက ပြောဆိုသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများနှင့် ပတ်သက်ပြီး အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က ဦးစီးလုပ်ဆောင်ကြောင်း၊ လိုအပ်မည့် စာရွက်စာတမ်းများကို ပေးပို့ထားပြီး အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ဆိုသည်။

“ဝင်ခွင့်လျှောက်လွှာတွေကို သြဂုတ်လောက်မှာ လက်ခံပေမယ့် သက်ဆိုင်တဲ့ ကျောင်းတွေကို နိုဝင်ဘာလလောက်မှ လက်ခံရရှိတယ်။ ကျန်တဲ့လတွေက လျှောက်လွှာတွေ ပြန်စီနေရလို့ ကြန့်ကြာတာပါ” ဟု မိတ္ထီလာ စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်က The Voice သို့ ဖြည့်စွက်ရှင်းလင်းသည်။

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးပြီးနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်တို့ အပါအဝင် ဝန်ကြီးဌာနအချို့မှ ဝင်ခွင့်လျှောက်လွှာများ စတင်ခေါ်ယူလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အမှတ်စာရင်းများကိုမူ ဇွန်လ ၂၅ ရက်နေ့တွင် စတင်ထုတ်ပေးခဲ့သည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်ကိုမိတ်ဆွေလိုမဟုတ်ဘဲ ရန်သူလိုဆက်ဆံရင် အတိတ်က မကောင်းတဲ့ သမိုင်းကြောင်းကို ပြန်ရောက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းပြော(ရုပ်-သံ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင် ၁၈၊ ၂၀၁၃)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ။ (ဇူလိုင် ၁၈၊ ၂၀၁၃)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းတာဟာ ခေတ်အဆက်ဆက် အစိုးရတွေ ပြောလာခဲ့တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် လက်တွေ့ဆောင်ရွက်တာ ဖြစ်ပြီး မိတ်ဆွေလိုမဟုတ်ဘဲ ရန်သူလိုဆက်ဆံရင် အတိတ်က မကောင်းတဲ့ သမိုင်းကြောင်းကို ပြန်ရောက်သွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင် ၁၈ရက်နေ့မှာ ပြောဆိုလိုက် ပါတယ်။

ကျောင်းသုံးစာအုပ် ပုံနှိပ်လုပ်ငန်း ပုဂ္ဂလိကသို့ ခွင့်ပြုမည်


ဓာတ်ပုံ- ကျော်ဇင်သန်း
 ၂၀၁၄-၁၅ ပညာသင်နှစ်မှ စ၍ အခြေခံပညာကျောင်းသုံး စာအုပ်များ၏ အရည်အသွေးကို မြှင့်တင်သွားမည်ဖြစ်ပြီး ကျောင်းသုံး စာအုပ်ရိုက်နှိပ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ် ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ် ၆၁ မျိုးကို စက္ကူနှင့် ပုံနှိပ်ချုပ်လုပ်ထုပ်ပိုး ခြင်းများ အပါအ၀င် လုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါများ ဖိတ် ခေါ်နေသည်။

မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူ ရှစ်သန်းကျော်အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၏ အရည်အသွေးများကို မြှင့်တင်မည်ဖြစ်ပြီး ဈေးနှုန်းလည်း မြင့်တက်သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စာအုပ်အရည်အသွေးကောင်းလာမယ်။ အတွင်း စာမျက်နှာကို အင်ဒို ၇၀ ဂရမ်ဝူဖရီ (ဂျာနယ် အချော မျက်နှာဖုံးစာများတွင် ပုံနှိပ်သော စက္ကူ) အဖုံးကို အက်ကတ်အသုံးပြုနိုင်ခြင်းများရှိနေပြီး ကျောင်းသုံး စာအုပ်များအတွက် အစိုးရ၏ နှစ်စဉ် အသုံးစရိတ် ကုန်ကျမှုများ
လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ကျောင်းသုံး စာအုပ်များအတွက် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (PPE) မှ တာဝန်ယူရိုက်နှိပ်ရသော စာအုပ်မှာ နှစ်စဉ်သန်းပေါင်း ၄၀ ကျော်ရှိ၍ အချိန်မီရိုက်နှိပ်ရခြင်း၊ ဖြန့်ဝေရခြင်းတို့ကြောင့် လုပ်ငန်းပမာဏကြီးမား နေသည်။

ကျောင်းသုံးစာအုပ် ရိုက်နှိပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကသို့ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြင့် ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးမြင့်မားလာမည်ဖြစ်သလို ပညာရေး ၀န်ထမ်းများ၏ လုပ်အားများထိခိုက်မှုလျော့ကျသွားမည်ဖြစ်သည်။

“အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ် ၉၃ မျိုးရှိတယ်။ အရင်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ထုတ်ဝေရေးနဲ့ ပုဂ္ဂလိက ချိတ်ဆက်ပြီး ရိုက်နှိပ်တာပါ။ အခုတော့ မူလတန်းကို ပြန်ကြားရေးဝန်ကြီးဌာနပဲ ဆက်လက်ဆောင်ရွက်မယ်။ အလယ်တန်းနဲ့ အထက်တန်းကတော့ ပုဂလိက လုပ်ငန်းတွေကို လွှဲမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနသည် မူလတန်း ပညာရေးကို အခမဲ့ပညာရေးစနစ် ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသုံး
စာအုပ်များ အခမဲ့ပေးအပ်နေသော်လည်း အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအနေဖြင့် ကျောင်းသားစာအုပ်များကို ၀ယ်
ယူအသုံးပြုနေရသည်။

“အခုကျောင်းသုံးစာအုပ်တွေ က အရည်အသွေးတော်တော်နိမ့် နေတယ်။ စက္ကူ အရည်အသွေးတွေမြှင့်မယ်ဆိုတော့ ရုပ်ပုံတွေ ပိုပီ
ပြင်ပြီး ကျောင်းသားတွေ ကောင်းကောင်းမွန်မွန် ဖတ်ရှုကြရတော့မှာပေါ့။ ဒါပေမဲ့ အခြေခံလူတန်းစားမိသားစုတွေအတွက် ပညာသင် စရိတ်က ပိုမြင့်တက်လာမှာပါပဲ”ဟု ပညာရေးလေ့လာသူတစ်ဦးက သုံး သပ်သည်။

မြန်မာနိုင်ငံရှိ မိသားစုများသည် ၎င်းတို့ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ပညာရေးဆိုင်ရာ အသုံးစရိတ်အတွက် အသုံးပြုနေရပြီး ကျောင်းသုံးစာရေးကိရိယာကုန်ကျ စရိတ်မှာ အမြင့်မား ဆုံးဖြစ်နေကာ ကျူရှင်စာသင်စရိတ်၊ ကျောင်းလခ၊ ကျောင်းသား ပုံနှိပ်စာအုပ်စ
ရိတ်များလည်း မြင့်မားနေကြောင်းပညာရေးဆိုင်ရာ စစ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။
7Day News Journal
ဓာတ်ပုံ- ကျော်ဇင်သန်း