Pages
▼
Saturday, November 9, 2013
ဆီးဂိမ်း တစ်ခါသုံး ဖုန်းကတ်များ တစ်ကတ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်

ဆီးဂိမ်း တစ်ခါသုံး ဖုန်းကတ်များကို တစ်ကတ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အဆိုပါ ဖုန်းကတ်များကို ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ တစ်ခါသုံးGSM Prepaid Sim Card များအား နိုင်ငံ ကူး လက်မှတ်ပြသ ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ခေတ္တလာရောက် လည်ပတ်သော နိုင်ငံခြားသားများ ဆက်သွယ်မှု လွယ်ကူစေရန် အတွက် ရောင်းချပေးခြင်း ဖြစ်သည်ဟု သိရ သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ရောင်းချပေးမည့် အဆိုပါ တစ်ခါသုံး (One Time) GSM Prepaid Sim Card များ၏ သက်တမ်းကာလမှာ တစ်လဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ တစ်ဆင့် သတင်း ထုတ်ပြန်ထားသည်။
သက်တမ်း ကာလမှာ တစ်လဖြစ်ပြီး ပြည်တွင်းခေါ်ဆိုမှု မိနစ်ငါးဆယ်စာ ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပြည်ပခေါ်ဆိုမှု အနေဖြင့်ခေါ်ဆိုမည့် နိုင်ငံအပေါ် မူတည်၍ အများဆုံး ၁၉ မိနစ် အထိ သုံးစွဲနိုင် မည် ဖြစ်ကြောင်း၊ Local SMS Service နှင့် အင်တာနက် အသုံးပြုနိုင်မည့် Mobile Data Service များ ပါဝင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ သက်တမ်းကာလ တစ်လအတွင်း အသုံးပြုခွင့် ရသည့် ငွေကုန်ဆုံးသွားပါက ငွေထပ်မံ ဖြည့်သွင်း၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
Ref & Credit to: အင်တာနက်ဂျာနယ်
နိုင်ငံ၏ ကိစ္စရပ်တိုင်း အုပ်ချုပ်ရေးအဖွဲ့ကိုပဲ လွှဲထား၍မရဟု သူရဦးရွှေမန်းပြော

ရန်ကုန် ၊ နိုဝင်ဘာ ၈ ။ ။
နိုင်ငံတော် တွင်ဖြစ်ပျက်လျက်ရှိသည့် ကိစ္စရပ် တိုင်းသည် အုပ်ချုပ်ရေးအဖွဲ့ကို လွှဲအပ်ထား၍မရကြောင်း၊ လွှတ် တော်ကိုယ်စားလှယ်များတွင်ပါ တာဝန်ရှိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြား လိုက်သည်။
နိုဝင်ဘာ ၈ရက်က ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော် ၁၁ရက်မြောက်နေ့အစည်း အဝေးတွင် ယင်းကဲ့သို့ပြောကြား လိုက်ခြင်းဖြစ်သည်။ သူရဦးရွှေမန်းက ''နိုင်ငံ တော်ရဲ့ကိစ္စတိုင်းကို အုပ်ချုပ် ရေးအဖွဲ့ကို လွှဲထားလို့ မရဘူး။ ကျွန်တော်တို့မှာလဲ တာဝန်ရှိ တယ်''ဟု လွှတ်တော်သို့ တင်ပြ သည်။
နိုင်ငံအတွင်းမှာ ဖြစ်ပေါ် လျက် ရှိသောကိစ္စရပ်တိုင်းသည် အုပ် ချုပ်ရေးအဖွဲ့တွင် တာဝန်ရှိသည် မဟုတ်ကြောင်း၊ ပြည်သူများ ကိုယ်စား ပြည်ထောင်စုလွှတ်တော် အတွင်းရောက်ရှိလာသည့် လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် နိုင်ငံအတွင်းဖြစ်ပေါ်နေသော ကိစ္စရပ်များကို ကောင်းမွန်မျှတ စွာဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ထပ်မံပြောသည်။
ယင်းက ''အဲဒီလိုမျိုးကိစ္စ တွေဆောင်ရွက်တဲ့အခါမှာလဲ မှန် မှန်ကန်ကန်စေတနာနဲ့ ဆောင် ရွက်ပြီးလုပ်ဖို့လိုတယ်။ ပြောရမယ် ဆိုရင် သူ့ကိုပဲ လက်ညှိုးထိုးပြီး တော့ ကိုယ့်မှာတော့ တာဝန်မရှိ ဘူးဆိုပြီး လုပ်လို့မရဘူး။ အဲဒါမျိုး တွေက ပြောင်းလဲလာတဲ့ ခေတ် စနစ်မှာ ရှိဖို့မလိုအပ်တော့ပါဘူး။ အဲဒါကို လွှတ်တော်ကို တင်ပြ ခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
သန်းနိုင်ဦး - Yangon Media Group
KNU နယ်မြေတွင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေး အဖြေရမည်လော

Sat Nov 09, 4:21 pm
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့တို့ မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အတွက် တစ်စုံတစ်ရာ အဖြေထုတ်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးမူဘောင်ကို အပြီးသတ် ဆုံးဖြတ်ချက်ရယူရန် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွင် ကျင်းပပြီး အစိုးရနှင့် လက်နက်ကိုင်အားလုံး နောက်တစ်ကြိမ် ထပ်တွေ့ရန် သဘောတူညီမှု ရရှိခဲ့သည်။
KNU နယ်မြေတွင် ကျင်းပမည့် ယင်းဆွေးနွေးပွဲက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အဖြေ ထုတ်နိုင်မည်ဟု လက်နက်ကိုင်တပ်ဖွဲ့ အချို့က ယုံကြည်မှု ရှိနေကြသည်။
“ဒီလိုမျိုး တွေ့ဆုံကြတာ ကောင်းမွန်တဲ့ အလားအလာ တစ်ခုပါ။ ဒီတစ်ကြိမ်မှာ သဘောတူညီမှု ရသွားရင်တော့ အေးချမ်းတဲ့ တိုင်းပြည်ကြီး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမည့် KNU အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ၄င်း၏ မျှော်လင့်ချက်ကို ပြောပြသည်။
မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် နိုဝင်ဘာလ ၄ ရက်နေ့နှင့် ၅ရက်နေ့ တို့တွင် နှစ်ရက်တိုင်တိုင် ပြုလုပ်ခဲ့သော အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဆွေးနွေးပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေတွင် နောက်တစ်ကြိမ် ထပ်မံတွေ့ရန်နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ကြိုတင်ချမှတ်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် စသည့် အချက်များကို သဘောတူကြောင်း ထုတ်ပြန်ချက်တစ်ရပ် ပူးပေါင်းထုတ်ပြန် နိုင်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး မူဘောင်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ တို့ ပူးပေါင်း ရေးဆွဲထားသော အပစ်ရပ်မူဘောင် နှစ်ရပ်ကို ညှိနှိုင်းပြီး သဘော တူညီချက်တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မရေးထိုးမီ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ကို ရယူထားလိုကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC အတွင်းရေးမှူး ဦးခွန်ဥက္ကာက ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များကြား နောက်တစ်ကြိမ်တွေ့မည့် ဆွေးနွေးပွဲတွင် ယင်းသဘောတူညီချက် ရရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အတွက် သေချာမည့် နိုင်ငံရေး သဘောတူညီချက် မရရှိပါက အစိုးရနှင့် အပစ်ရပ်လက်မှတ် ရေးထိုးမည် မဟုတ်ကြောင်း KIA တပ်ဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဆိုထားသည်။
အဆိုပါ နိုင်ငံရေး သဘောတူညီချက် မှာ KNU ဦးဆောင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အားလုံးနှင့် အစိုးရတို့ ဆွေးနွေးမည့် ဘားအံညီလာခံတွင် သဘော တူညီနိုင်မည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ယုံကြည်လျက်ရှိသည်။
အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား ၁၇ဖွဲ့ ပထမဆုံးတွေ့ဆုံ ဆွေးနွေးခဲ့သော ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် များက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းမည့် အခြေခံမူကို အစိုးရက သဘောတူပါက ဖက်ဒရယ်တပ်မတော် ကိုလည်း ဖွဲ့စည်းရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးချက်ကို ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး က ဖက်ဒရယ်တပ်မတော် ဆိုသည်မှာ မည်သည့် တပ်မတော်မျိုး ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုကာ တောင်းဆိုသင့်ပြီး ယခုလက်ရှိ တပ်မတော်ကို ဖျက်ခြင်း၊ ပြင်ခြင်း ပြုလုပ်၍မရကြောင်း ပြောဆိုကာ ယင်းအချက်ကို ငြင်းဆန်ထားသည်။
သို့သော် ယင်းအချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များ၏ နိုင်ငံရေးအခြေခံ လိုအပ်ချက် ဖြစ်မည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူအချို့က ဆိုသည် ။
အဆိုပါ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကိစ္စသည် နိုင်ငံရေးပြဿနာ များတွင် အသိမ်မွေ့ဆုံး ဖြစ်ပြီး အဓိက ညှိနှိုင်းရမည့် ပြဿနာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
အဆိုပါ ပြည်ထောင်စုတပ်မတော် ကိစ္စသည် တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ မှသာ ထည့်သွင်းဆွေးနွေး သင့်ကြောင်း မြစ်ကြီးနားဆွေးနွေးပွဲ အပြီး သတင်းမီဒီယာနှင့် တွေ့ဆုံစဉ် ၄င်း၏အမြင်ကို ပြောကြားသည်။
“ဒီကိစ္စက အစိုးရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသားလက်နက်ကိုင် တွေရယ်နဲ့တင် ဆုံးဖြတ်ဖို့မသင့်ပါဘူး၊ အခြား Stakeholder ပါမှ ဆုံးဖြတ်သင့်ပါတယ်” ဟု ၄င်းကဆိုသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် များ၏ အခြေခံ နိုင်ငံရေး လိုအပ်ချက်ဟု ဆိုထားသော ဖက်ဒရယ်တပ်မတော် ကိစ္စကို ညှိနှိုင်းနိုင်ပါက နောက်တစ်ကြိမ် ကျင်းပမည့် ဘားအံဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးခင်မောင်ဆွေ က သုံးသပ်သည်။
“အဓိက ညှိနှိုင်းနေတာကတော့ ပြည်ထောင်စုတပ်မတော် ကိစ္စ ပေါ့နော်။ အဲဒီကိစ္စက သိမ်မွေ့ပါတယ်။ ညှိနှိုင်းနိုင်မယ် လို့လည်း ထင်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ထိုး နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၄င်းကဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ တောင်းဆိုနေသော ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရန်နှင့် ဖက်ဒရယ်တပ်မတော် ကိစ္စကို တိုင်းရင်းသားများက နိုင်ငံရေး အခြေခံ လိုအပ်ချက်အဖြစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မတိုင်မီ ဆွေးနွေး လိုသော်လည်း အစိုးရကမူ အပစ်အခတ် ရပ်စဲမှုများအပြီး နိုင်ငံလုံး ဆိုင်ရာလက်မှတ် ရေးထိုးပွဲမှသာ ဆွေးနွေးရန် လိုလားနေသည်။
ယင်းသဘောထား ကွဲလွဲချက်ကို KNU နယ်မြေတွင် ဒုတိယအကြိမ် ကျင်းပမည့် ညီလာခံတွင် အဖြေထုတ်နိုင်မည်လော ဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက နောက်ထပ်ကျင်းပမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဆွေးနွေးပွဲတွင် အဖြေတစ်ခု ထွက်လာနိုင်ရန် မြစ်ကြီးနား ဆွေးနွေးပွဲက ယုံကြည်မှု တည်ဆောက်ထားပေးပြီး ဖြစ်ကြောင်း၊ လိုင်ဇာတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို အစိုးရနှင့် လက်နက်ကိုင်များ အကြား အကောင်ထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဘားအံဆွေးနွေးပွဲနှင့် ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်နွယ်သူ အချို့က ထိုသို့ယုံကြည်မှုများ ရှိသော်လည်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အတွက် အခြားစိန်ခေါ်မှု များလည်း ရှိနေသေးသည်။
“မြစ်ကြီးနားမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ ရလာတဲ့ ဘုံ သဘောတူညီချက်က တစ်ခု၊ တိုင်းရင်းသားအားလုံး ဘုံ သဘောတူညီချက်က တစ်ခုဖြစ်နေတယ်။ နည်းနည်း ကွာနေတယ်။ တိုင်းရင်းသားတွေရတဲ့ ဘုံ သဘောတူညီချက်ကို အားလုံး ညီညွတ်ကြောင်း ပြတဲ့အနေနဲ့ “ဝ” တို့ “မိုင်းလား” တို့ ဆွဲခေါ်ရမှာပေါ့။ ပြီးမှ နေပြည်တော်နဲ့ ဆွေးနွေးရမယ်” ဟု အထွေထွေ အတွင်းရေးမှူး ဦးခွန်ဥက္ကာက ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်ရှိနေသော စိန်ခေါ်ချက်ကို ပြောပြသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ ပူးပေါင်းကျင်းပသည့် လိုင်ဇာလက်နက်ကိုင် ညီလာခံနှင့် မြစ်ကြီးနားတွင် ပြုလုပ်သည့် အစိုးရ နှင့် လက်နက်ကိုင်များ၏ ဆွေးနွေးပွဲသို့ မတက်ရောက်ခဲ့သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီနှင့်
မည်သို့ပင်ဖြစ်စေလာမည့် ယခု လပိုင်းအတွင်း ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေးပွဲတွင် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် နောက်ဆုံးအဆင့် သဘောတူညီချက် ရယူရန် တိုင်းရင်းသား လက်နက်ကိုင်များက ပြင်ဆင်နေသည်။
“ကျွန်တော်တို့ တွေ့ကြုံလာတဲ့ အတွေ့အကြုံအရပေါ့ အပစ်အခတ် ရပ်စဲလိုက်ပေမယ့် နိုင်ငံရေး တွေ့ဆုံမှုတွေ လုပ်ခွင့် မရခဲ့ဘူး၊ အဲဒီအချက်က ယုံကြည်မှု ပျက်ပြားစေတယ် တိုင်းရင်းသားတွေ ဘက်ကလည်း နိုင်ငံရေးဆွေးနွေးမှု အမြန်ဆုံး လုပ်ဖို့ လိုတယ်၊ အဲဒီအတွက် ကျွန်တော်တို့ နောက်လုပ်မယ့် ညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးဖို့ အသင့်ရှိတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရုံမျှ ဆွေးနွေးရန် မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် များ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးလို၍ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့က ပြည်သူလူထုသို့ တိုက်ရိုက် ပြောကြားသော ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။
“ကျွန်တော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးက အပစ်အခတ် ရပ်ရုံနဲ့မပြီးဘူး။ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ပြီး တိုင်းရင်းသားတွေ တောင်းဆိုတာ ဖြည့်ဆည်းပေးမှာပါ” ဟု သမ္မတကြီးကပြောသည်။
ယင်းကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ထို့အပြင် ဒုတိယ အကြိမ်မြောက် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ထိပ်သီးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတွင် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယုံကြည်မှု ရှိရှိနှင့် အားသွန်ခွန်စိုက် လုပ်ဆောင်နေသည့် KNU နယ်မြေ၌ ကျင်းပမည်ဖြစ်ရာ KNU နယ်မြေတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အဖြေရမည်လောဟု စစ်ဘေးဒဏ်ခံ ဒေသမှ ပြည်သူများက မျှော်လင့်လာကြသည်။
သို့သော် Myanmar Development Research Institute မှ မြန်မာနိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူ ဒေါက်တာ တင်မောင်သန်းက ငြိမ်းချမ်းရေးကိစ္စတွေ ခက်ခဲတတ်တယ်၊ သိပ်တော့ မျှော်လင့်လို့ မရဘူး၊ ဆွေးနွေးပွဲက တစ်ချီတည်းနဲ့ မပြီး လောက်ဘူး” ဟု မှတ်ချက်ပြုလေသည်။
The Voice Weekly
ဒုတိယအကြိမ် မီတာခလျှော့ချရေး ဆန္ဒဖော်ထုတ်သူ ငါးဦးကို မြို့နယ်သုံးခုက ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်
- Sat Nov 09, 2:47 pm
မီတာခ လျှော့ချရေးအတွက် ဒုတိယမြောက်နေ့အဖြစ် ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရာတွင်
ဦးဆောင်ပါဝင်သူ ငါးဦးကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့်
သက်ဆိုင်ရာမြို့နယ် သုံးခုရှိ မြို့နယ် ရဲတပ်ဖွဲ့စခန်းများက နိုဝင်ဘာလ ၇
ရက်နေ့တွင် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းများထံမှ
သိရသည်။
စမ်းချောင်းမြို့နယ် မြေနီကုန်းမှ အလုံမြို့နယ်ရှိ
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့သို့ နိုဝင်ဘာလ ၇
ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်တွင် ဖယောင်းတိုင်ထွန်းကာ ဦးဆောင်လမ်းလျှောက်
ဆန္ဒဖော်ထုတ်ခဲ့သော ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဘမြင့်နှင့် ဦးသန်းဆွေ၊
Generation Youth အဖွဲ့မှ ဦးတင်ထွဋ်ပိုင်တို့ကို စမ်းချောင်းမြို့နယ်
ရဲတပ်ဖွဲ့စခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း အဆိုပါစခန်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မီတာခလျှော့ချရေး
ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုတောင်းခံခြင်း မရှိဘဲ လုပ်ဆောင်ခြင်း
ဖြစ်သောကြောင့် ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးဘမြင့်၊ Generation Youth
အဖွဲ့က ဦးတင်ထွဋ်ပိုင်နှင့် ဦကျော်နေဝင်းတို့ကို ဥပဒေပုဒ်မ ၁၈ ဖြင့်
အမှုဖွင့် အရေးယူထားကြောင်း ကြည့်မြင် တိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်း
စခန်းမှူး ဦးတိုးရွှေက ဆိုသည်။
မီတာခလျှော့ချရေး
ဖယောင်းတိုင်ထွန်း ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်သူ စုစုပေါင်း ၁၀၀
ကျော်ခန့် ရှိသော်လည်း ပါဝင်သူအားလုံး အလုပ်အကိုင် ပျက်မည်ကိုစိုး၍
အများအပြားကို ဖမ်းဆီး ခြင်း မပြုခဲ့ကြောင်း၊ အဖွဲ့တစ်ဖွဲ့မှ
တစ်ယောက်နှုန်းဖြင့် ဒီမိုကရေစီ အင်အားစုအဖွဲ့က ဦးသန်းဆွေ၊ Generation
Youth အဖွဲ့က ဦးတင်ထွဋ်ပိုင်နှင့် ကချင် လိုင်ဇာ လမ်းလျှောက်အဖွဲ့က
ဦးစည်သူတို့ကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက စခန်းမှူး ဒုရဲမှူး
ဦးဝင်နိုင်က ပြောကြားသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ရုတ်တရက်
မီတာခ တိုးမြှင့်လိုက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် နိုဝင်ဘာလ ၆
ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့နှင့်
မြို့တော်ခန်းမရှေ့တို့တွင် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ငါးဦးကို
သက်ဆိုင်ရာ မြို့နယ်ရဲစခန်းနှစ်ခုက စီတန်းလှည့်လည် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ
၁၈ ဖြင့် စတင်အရေးယူခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက် အရေးယူခြင်း ဖြစ်သည်။
မီတာခ တိုးမကောက်ရန်နှင့် ပြန်လည် သုံးသပ်ပြီး လွှတ်တော်သို့ ပြန်တင်ပြရန်
ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုပြုခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့တွင်
ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အဋ္ဌမ အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြု
ဆုံးဖြတ်ခဲ့သည်။
By Administrator
ဓမ္မစေတီခေါင်းလောင်း စာတမ်းဖတ်မည်
By Administrator - Sat Nov 09, 2:49 pm
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ခန့်က ရွှေတိဂုံ စေတီတော်ကြီးတွင်
ဓမ္မစေတီမင်းကြီး လှူဒါန်းခဲ့သည်ဆိုသော ဓမ္မစေတီမင်း ခေါင်းလောင်းနှင့်
ပတ်သက်၍ စာတမ်းဖတ်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင်
ရန်ကုန်မြို့တော်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမတွင် ဖတ်ကြားသွားမည်
ဖြစ်ကြောင်း အဆိုပါ စာတမ်းဖတ်ပွဲကို စီစဉ်သည့် Novel Light Event
Management ထံမှ သိရသည်။
ယင်းခေါင်းလောင်း အမှန်တကယ် သွန်းလုပ်ခဲ့ခြင်းရှိ မရှိ၊ ရွှေတိဂုံစေတီတွင်
အမှန်တကယ် လှူဒါန်းခဲ့ခြင်းရှိ မရှိ၊ လှူဒါန်းသည် ဆိုပါက ကြေးပိဿာချိန်
တစ်သိန်းရှစ်သောင်း ရှိသည် ဆိုသည်မှာ ဟုတ်မှန်ခြင်းရှိ မရှိ၊
ခေါင်းလောင်းကို ပေါ်တူဂီလူမျိုး ငဇင်ကာ ဖြုတ်ယူသွားသည်ဆိုသော အချက်အရ
သမိုင်းအထောက်အထား မှန်ကန်မှု ရှိ မရှိအပြင် အငြင်းပွားဖွယ် အချက်များကို
တမ္မဝတီ ဦးဝင်းမောင်နှင့် တမ္မဝတီ မောင်မြင့်သူတို့က စာပေအထောက်အထား၊
သမိုင်းအထောက်အထား၊ သိပ္ပံနည်းကျ အထောက်အထား၊ လက်တွေ့လုပ်ဆောင်မှု
ကိုးကားချက် အထောက်အထား၊ ဖြစ်ပျက် တည်ရှိနေသော အခြေအနေများကို အခြေခံသော
အထောက်အထားများဖြင့် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း စာတမ်းဖတ်ပွဲ စီစဉ်သည့်
ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းကို
ဆယ်ယူရေး အဖွဲ့များက အကြိမ်ကြိမ် ဆယ်ယူခဲ့ကြသည့်အပြင် လက်ရှိအစိုးရ
လက်ထက်တွင်လည်း သမ္မတထံ လည်းကောင်း၊ လွှတ်တော် အသီးသီးသို့ လည်းကောင်း
ဆယ်ယူရန် မကြာခဏ တင်ပြမှုများ ရှိနေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆယ်ယူရန် စီစဉ်မှုများ ရှိပြီး
၎င်းတို့နှစ်ဦးက အငြင်းပွားဖွယ် ကိစ္စများကို ရှင်းလင်းမည် ဖြစ်သည်။
Via Sa Maung (Facebook)
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်လျှင် အကြမ်းဖက်မှုများ မြင့်တက်မည်ဟု အစ္စရေးကို ဂျွန်ကယ်ရီ သတိပေး
- Sat Nov 09, 3:23 pm
အန်မန်၊ နိုဝင်ဘာ ၈
လက်ရှိ ပြုလုပ်နေသော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ
မအောင်မြင်လျှင် အကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ တိုးမြင့်လာနိုင်ကြောင်း
အရှေ့အလယ်ပိုင်း ခရီးစဉ် သွားရောက်နေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီက အစ္စရေးကို သတိပေးလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
“ဆွေးနွေးပွဲကနေ လမ်းကြောင်း ပြောင်းသွားမယ်ဆိုရင် ပရမ်းပတာ အခြေအနေကို
ရောက်ရှိ သွားနိုင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အစ္စရေး
Channel 2 နှင့် ပါလက်စတိုင်း PBC မီဒီယာတို့ကို ပူးတွဲ အင်တာဗျူး
လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။
“အစ္စရေးက တတိယအကြိမ် အင်တီဖဒါ (အာရဗီ ဘာသာစကားဖြင့် လူထုအုံကြွမှု) ကို လိုချင်တာလား” ဟု မစ္စတာကယ်ရီက မေးခွန်းထုတ်ခဲ့သေးသည်။
အစ္စရေးက ဝင်ရောက် နေရာယူခြင်းကို မကျေနပ်သဖြင့် ပထမဆုံးအကြိမ်
ပါလက်စတိုင်း အုံကြွမှု ဖြစ်ခဲ့စဉ်က ၁၉၈၇ မှ ၁၉၉၃ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး
ဒုတိယ အကြိမ်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၅ အထိ ကြာမြင့်ခဲ့ရာ စုစုပေါင်း
ပါလက်စတိုင်း ၃၀၀၀ ခန့်၊ အစ္စရေး ပြည်သူနှင့် စစ်သား ၁၀၀၀ ခန့်
သေဆုံးသွားခဲ့သည်။
မစ္စတာကယ်ရီသည် အစ္စရေးနှင့် အနောက်ဘက်ကမ်းသို့
သတ္တမအကြိမ်မြောက်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်ကာ ဘေးချော်နေသော
အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ညှိနှိုင်းမှုကို လမ်းကြောင်းပေါ်သို့
ပြန်ရောက် လာအောင် ထပ်မံလာရောက် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ယခု
ဆွေးနွေးပွဲများတွင် ကြိုးစား အားထုတ်မှုများကြောင့် သိသာမြင်သာသော
တိုးတက်မှုများ ရရှိခဲ့သည်ဟု အမေရိကန် ထိပ်တန်း သံတမန် ဂျွန်ကယ်ရီက
ပြောဆိုခဲ့သည်။
အစ္စရေး၏ ဝင်ရောက်အခြေချ အိမ်ရာများ ဆောက်သည့်
လုပ်ရပ်များကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘေးချော် သွားစေနိုင်သည့်
ခြိမ်းခြောက်မှုများလည်း ရှိနေသည်။
နောက်ဆုံးတွင် အခက်အခဲများ
ကြုံနေသော ပြဿနာရပ်များအတွက် သဘောတူညီချက် တစ်ရပ် ရရှိနိုင်မည်ဟု လုံးဝ
ယုံကြည်ထားကြောင်း ဂျွန်ကယ်ရီက ကတိပြုခဲ့သည်။
“ကျွန်တော်တို့
စိုးရိမ်နေတဲ့ လက်ရှိ တည်ရှိနေတဲ့ မြင်ကွင်းတွေမှာ ဆွေးနွေးမှုတွေနဲ့
ထင်ရှား သိသာသော တိုးတက်မှုတွေ ရရှိခဲ့ပါတယ်” ဟု ဝန်ကြီးက ဂျော်ဒန်သို့
ရောက်ရှိနေစဉ် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနှင့် နိုင်ငံခြားရေးဝန်ကြီး
နက်စ်ဆာဂျူဒါ တို့ကို တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
မကြာသေးခင် ရက်ပိုင်းက ဝင်ရောက် အခြေချအိမ်ရာ
တည်ဆောက်မှုအတွက် အိမ်လုံးရေ ၃၇၀၀ ကို အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက
ခွင့်ပြုခဲ့ပြီး နောက်ပိုင်း တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှု ပြီးဆုံး
ရပ်တန့်ခဲ့သည်။
By Administrator Via Sa MAung (Facebook)
ထားထက်ထက် Best National Costume ထိပ်တန်း ၁ဝ ဦးမှာ ပါဝင်
ထိုင်းနိုင်ငံတွင် ကျင်းပနေတဲ့
Miss Grand International 2013 ပြိုင်ပွဲများထဲက Best National Costume
Award ရဲ့ အကောင်းဆုံး ထိပ်တန်း ၁၀ ဦးတွင် မြန်မာနိုင်ငံကိုယ်စားပြု
အလှမယ် ထားထက်ထက်ဟာ ယမန်နေ့က ရွေးချယ်ခံရပါ တယ်။
ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ်တွေဟာ ကိုယ့်အမျိုးသား ဝတ်စုံတွေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ မှာ Best National Costume Award ပြိုင်ပွဲကို ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ တာဖြစ် ပါတယ်။
အဲဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ထားထက်ထက်က မြန်မာ ဒီဇိုင်နာ မပုံရဲ့ အင်းဝခတ် မြန်မာ့ရိုးရာ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီ Blog
Top 10 စာရင်းဝင် မြန်မာ Miss Grand International 2013 ပြိုင်ပွဲဝင် ထားထက်ထက် ၊ ဓာတ်ပုံ- လင်းသန့်/ဧရာဝတီ
ကမ္ဘာတဝန်း နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ်တွေဟာ ကိုယ့်အမျိုးသား ဝတ်စုံတွေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ မှာ Best National Costume Award ပြိုင်ပွဲကို ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ တာဖြစ် ပါတယ်။
အဲဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ထားထက်ထက်က မြန်မာ ဒီဇိုင်နာ မပုံရဲ့ အင်းဝခတ် မြန်မာ့ရိုးရာ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီ Blog
တိုင်းဖွန်း မုန်တိုင်း ကြောင့် လူ ၁၅၀ ကျော် သေ
by FNG on November 9, 2013
သည့် မုန်တိုင်း ဟိုင်ယန် ကြောင့် မြို့  တစ် မြို့  ထဲ မှာ ပင် အနည်း ဆုံး လူ ၁၅၀ ကျော် သေဆုံး ခဲ့
ရသည် ဟု မနီလာ မှ လာသည့် AFP သတင်း တွင် ဖော် ပြထားသည်။
ရေကြီး ၊ မြေပြို မှု များ ကြောင့် ဆီဘူး မြို့  တွင် လည်း လူ ၁၀၀ ခန့်  ပျောက်ဆုံး နေသည်။
တစ်နာရီလျှင် လေတိုက် နှုန်း ၃၁၅ ကီလိုမီတာ( ၁၉၅ မိုင်) ထိ ပြင်း အား ရှိသည့် တိုင်ဖုန်း
ဟိုင်ယန်း သည် ဖိလစ်ပိုင် နိုင်ငံ ကို ဖြတ် ကျော် ၀င်ရောက် ပြီး နောက် မုန် တိုင်း သည်
ဗီယက်နမ် နိုင်ငံ ထဲသို့  ဆက် လက် ၀င်ရောက် လျှက် ရှိသည်။
မုန်တိုင်း အရှိ န် ကြောင့် မြန်မာ နိုင်ငံ အရှေ့ ဘက် ခြမ်း တွင် မိုးသည်း ထန် စွာ ရွာ သွန်း နိုင်သည်။
မုန်တိုင်း ၏ အကျယ် သည် ၁၁၅၀ မိုင် ထိ ရှိကာ ရာစု နှစ် တစ်ခု လုံး အပြင်း ထန် ဆုံး မုန် တိုင်း ဖြစ်သည်။
ဟိုင်းယန် မုန်တိုင်း သည် ၂၀၀၆ ခုနှစ် က ဖြစ်ပွားခဲ့သည့် စုနမိ သဘာဝ ဘေးဒဏ် လို ပင် ဆိုးရွား
သည် ဟု ဆီဘူး မြို့  က ကယ်ဆယ် ရေး အဖွဲ့  ၀င် တစ်ဦး က CNN ကို ပြောသည်။
Typhoon, Haiyan
ဧရာဝတီတိုင်းရောက် သမ္မတအကြံပေးရဲ့ ပြောဆိုချက်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့
ကမ်းနားလမ်းက မြို့တော်ခန်းမမှာ ပြီးခဲ့တဲ့ အောင်တိုဘာလ ၂၅ ရက်နေ့က
စီးပွားရေးဘာသာရပ်ဆိုင်ရာဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအမံနဲ့လုပ်ခဲ့တဲ့ ဒီဟောပြောပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့အကြံပေးတွေဖြစ်တဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်နဲ့ ဒေါက်တာမောင်အောင်တို့ လာရောက်ဟောပြောခဲ့ကြပါတယ်။
တက်ရောက်နားထောင်သူတွေကတော့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်အားလုံး၊ ဧရာဝတီတိုင်းထဲကရှိသမျှ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအားလုံး ဖြစ်ပါတယ်။
ဒါ့အပြင် လူမှုကူညီရေးအသင်းတွေ၊ လူမှုကွန်ယက်တွေ၊ အန်ဂျီအိုတွေ၊ အများပိုင်ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့တွေ စသဖြင့် လူလည်းများသလို အဖွဲ့လည်း ပေါင်းစုံဖြစ်ပါတယ်။ ဒီအဖွဲ့တွေအားလုံးကိုလည်း တိုင်းအစိုးရကပဲ ဖိတ်ကြားခဲ့တာပါ။
ဒေါက်တာအောင်ထွန်းသက်ဟာ နိုင်ငံတော်သမ္မတအကြံပေးအပြင် ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ယခင်တုန်းက ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ (UNICEF) ရဲ့အကြီးတန်းအကြံပေးအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။
အစိုးရတိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းအများစု တက်ရောက်နားထောင်ခဲ့တဲ့ အဲဒီဟောပြောပွဲမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောခဲ့တဲ့ အကြောင်းအရာတွေဟာ မှတ်သားဖွယ်ရာဖြစ်နေတဲ့အတွက် ကောင်းနိုးရာရာတွေကို ဧရာဝတီပရိသတ်တွေအတွက် ကောက်နှုတ်ဖော်ပြ ပေးလိုက်ပါတယ်။
“အခုဖြစ်နေတာက အဂတိလိုက်စားမှုဟာ ယဉ်ကျေးမှုလိုဖြစ်နေသလားလို့။ အဲဒါကို ဆရာတို့တားဖို့လိုတယ်။ ရှက်တတ်ဖို့လိုတယ်။ အဂတိလိုက်တားစာ ရှက်စရာပါ။ ၁ ကျပ်ယူလည်း အဂတိ လိုက်စားတာပဲ။ ၁ သန်းယူလည်း အဂတိလိုက်စားတာပဲ။ ယူလည်းမယူဘူး။ ပေးလည်း မပေးဘူးဆိုတဲ့ မာန်မာနတွေ ထားကြပါ။ ရတာလေးနဲ့ လောက်အောင်သုံးမယ်ဆိုတဲ့စိတ်က အရေးကြီးပါတယ်”
“ဒီ Corruption (အကျင့်ပျက်ခြစားမှု) ကို ၀ိုင်းထိမ်းကြရအောင်။ ၀န်ကြီးချုပ်တို့လည်း တာဝန်ယူပြီး ထိန်းပါ။ လွှတ်တော်ဥက္ကဋ္ဌလည်း တာဝန်ယူပြီးလုပ်ပါ။ လူကြီးတွေ တာဝန်ယူရုံတင် မဟုတ်ဘူး လူတဦးချင်း တယောက်ချင်း တာဝန်ယူမှရမယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။
“အခုဖြစ်နေတာက ခေါက်ရိုးတော်တော်ကျိုးနေပြီ။ နှစ်ပေါင်းက ၆၀ လောက်ရှိပြီ။ ခေါက်ရိုးကျိုးနေတာ ဒီပုံစံပဲ။ ပုံစံသစ်နဲ့လုပ်ပါလို့ပြောလည်း မလုပ်တာက တော်တော် ခက်နေတယ်။ ခိုင်းရင်တော့လုပ်မယ်။ မခိုင်းရင်မလုပ်ဘူး။ အမိန့်ပေးရင်လုပ်မယ်။ အမိန့်မပေးရင် ဒီတိုင်းထိုင်နေမယ်။ ဒီလိုတွေဖြစ်နေတယ်။ တာဝန်ယူမှရမယ်။ ခိုင်းမှ လုပ်တဲ့လူဆိုတာ တော်တော်အားနည်းတာပဲ။ မခိုင်းဘဲ လုပ်တတ်အောင် ကြိုးစားကြပါ”
“ခရိုင်ကလူတွေ၊ မြို့နယ်ကလူတွေ ငါလုပ်နေရတာသည် တာဝန်နဲ့လုပ်နေတာမဟုတ်ဘူး။ လုပ်ဖို့လိုတဲ့အတွက် လုပ်နေတာဖြစ်ရမယ်။ သူများအတွက် အလုပ်အကျွေးပြုနေတာ ဖြစ်ရမယ်။ အဲဒီစိတ်ရမှဖြစ်မှာ။ အဲဒီစိတ်မရှိရင် ၀တ်ကျေတန်းကျေပဲ။ အစိုးရ၀န်ထမ်းကို လူတွေစိတ်ညစ်တာက ၀တ်ကျေတန်းကျေလုပ်နေလို့။ အဲဒီစိတ်ပြင်မှဖြစ်မယ်။ လုပ်ချင်တဲ့စိတ် ပါမှဖြစ်မယ်”
“မနက်ရုံးလာတဲ့အချိန်ကတည်းက ငါဒီနေ့ပြည်သူအတွက်ဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားကြပါ။ အဲဒါမှ ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်မှာပါ။ ဆရာတို့မှာ ပေးတဲ့အကျင့် ပျောက်သွားပြီ။ ရတာကိုပဲ စဉ်းစားကြတယ်။ ရာထူးလေးရတာနဲ့ ငါဘာရမလဲဆိုတဲ့ မေးခွန်းမေးတယ်။ အင်မတန် ရှက်ဖို့ကောင်းတယ်။ အမှန်က ရာထူးရရင် ငါပြည်သူတွေ အတွက် ဘာလုပ်ပေးရမလဲ စဉ်းစားရမှာ”

“သူများကိုအလုပ်အကျွေးပြုတဲ့လူဟာ စိတ်ချမ်းသာပါတယ်။ ပြည်သူအတွက် အသက်ရှင်တဲ့ လူတွေဖြစ်အောင် ကြိုးစားကြပါ။ Service Ledarship (အစေခံတဲ့ခေါင်းဆောင်) ဖြစ်အောင် ကြိုးစားကြပါ။ ငါသည်ခေါင်းဆောင်။ သို့သော်လည်း ငါပြည်သူကို အစေခံမယ်။ ငါ့ရဲ့ သခင်က ပြည်သူတွေ။ အဲဒီလိုဖြစ်ရင် ပုံစံပြောင်းသွားလိမ့်မယ်။ အရင်ပုံစံမှာ ငါက ၀န်ထမ်းလို့ ပြောလိုက်တာနဲ့ ငါကသခင်။ ကျွန်ကဘယ်သူလဲ။ ပြည်သူတွေ။ အခုခေတ်က ပုံစံပြောင်းသွားပါပြီ”
“အခုခေတ်က အမိန့်ကိုစောင့်တဲ့ ပြည်သူ့ဝန်ထမ်းတွေများနေတယ်။ မေးလိုက်ရင် အထက်ကို တင်ပြထားတယ်ချည်းပဲ ပြောတယ်။ အထက်ကလည်း အဝေးကြီးပဲ။ ပြန်ကျမလာဘူး။ ဘာကြောင့်လဲ။ မလုပ်ချင်လို့။ လူကြီးတွေက တာဝန်ပေးထားတာ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန် ယူဖို့လေ။ ခရိုင်မှာတာဝန်ရှိတဲ့လူ တိုင်းကိုတင်ပြစရာဘာမှမရှိဘူး။ ကိုယ့်ဟာကို ရှင်းလို့ရတယ်။ မြို့နယ်ကလူကလည်း ကိုယ့်မြို့နယ်နဲ့ကိုယ် ရှင်းလို့ရတယ်။ အခုတော့ ကိုယ်မလုပ်ချင်တော့ အပေါ်ကိုတင်တယ်။ ပြည်သူတွေရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်တာ ဘာကြောင့်လဲ။ နှေးလို့။ ဘာလို့နှေးလဲ အပေါ်တင်လို့။ မထိရောက်ဘူး။ အဲဒါတွေ ကျနော်တို့ ပြင်ရအောင်။
“Accountability ဆိုတာ တာဝန်သိတာ။ အစိုးရဆိုတာ တာဝန်သိဖို့လိုတယ်နော်။ တာဝန်သိရုံတင်မရဘူး။ တာဝန်ယူရမယ်။ တာဝန်ယူရုံတင်မရဘူး။ တာဝန်ခံရမယ်။ ဒီ ၃ ချက်ကို မရရင်တော့ လုပ်လို့မရဘူး။ အခုတော်တော်များများက တာဝန်လည်းမသိဘူး။ တာဝန်လည်းမယူဘူး။ တာဝန်လည်းမခံဘူး”
“ပြဿနာဖြစ်လာရင် ငါနဲ့မဆိုင်ဘူး။ သူများနဲ့ဆိုင်တယ်ပြောတယ်။ ကိုယ်သည်ဝန်ထမ်းနော်။ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်တာဝန်ယူရမယ်။ ဒီအလုပ်မအောင်မြင်ရင် ထွက်တယ်။ အများပိုင်ကုမ္ပဏီ ရှုံးသွားရင် ဥက္ကဋ္ဌထွက်တယ်။ အမှုဆောင်ထွက်တယ်။ အဲဒါ တာဝန်ခံတာ။ ရှုံးလည်း ကိစ္စ မရှိဘူး။ သူ့ဘာသာရှုံးတာပဲ။ ငါကတော့ဥက္ကဋ္ဌရာသက်ပန်လုပ်မှာပဲ။ အဲဒါမျိုးက တာဝန်မခံတဲ့ပြဿနာတွေ အများကြီးရှိနေတယ်”
“အရေးကြီးဆုံးက အခုခေတ်မှာအရာရာက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ပြောရင် သိပ်လွယ်တာပဲ။ ဒါပေမယ့်မပွင့်လင်းကြဘူး။ ဘာကြောင့်လဲ ကိုယ့်ကိုယ်ကိုမယုံလို့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့လူက ပွင့်လင်းတယ်။ ဟန်ဆောင်စရာမလိုဘူး။ ဒီနေ့ကစပြီး ပြည်သူ့ဝန်ထမ်းတွေ ဟန်မဆောင်ကြပါနဲ့။ ရှိတာရှိတဲ့အတိုင်းတင်ပြ။ သမ္မတကလည်းအားပေးတယ်။ ၀န်ကြီးချုပ်ကလည်းအားပေးတယ်။ မှန်တာကိုပြောရဲရမယ်”
“အခုဖြစ်နေတာဘာလဲ။ ကြည့်လိုက်ရင် အစည်းအဝေးတွေထိုင်နေကြတယ်။ လုပ်စရာမရှိရင် အစည်းအဝေး လုပ်တယ်။ ဌာနမှူးတွေ အကြီးအကဲတွေဘယ်ရောက်နေလဲ။ အစည်းအဝေးထဲမှာ။ ဘာထိုင်လဲ။ မသိဘူး။ ထိုင်တာပဲ။ အစည်းအဝေးထိုင်တာမှာ ဘာပြောလဲ။ ဘာမှမပြောဘူး။ ငြိမ်ပြီးနားထောင်နေတယ်။ အစည်းအဝေးဆုံးဖြတ်တာ သဘောတူလား။ တူတယ်။ ဘာသဘောတူလဲ။ မသိဘူး။ ထိုင်ရုံသက်သက်နဲ့တော့ အစည်းအဝေး မလုပ်ကြနဲ့တော့။ အစည်းအဝေးတက်ရင် ပြောရမယ့်တာဝန်၊ ဆွေးနွေးရမယ့်တာဝန်၊ တင်ပြရမယ့်တာဝန် ကိုယ့်မှာရှိတယ်။ အဲဒါကိုလက်ခံမှရမယ်”
“ပြည်သူနဲ့ အစိုးရဌာနနဲ့ နီးစပ်ဖို့လိုတယ်နော်။ ပြည်သူနဲ့အစိုးရနဲ့က ကင်းကွာလို့မရဘူး။ အစိုးရဌာနကို လူတွေမဆက်ဆံချင်တာ ဘာကြောင့်လဲ။ နှေးလို့။ အစိုးရရုံးတွေနဲ့ ဆက်ဆံရင် အလုပ်တွေက မပြီးတော့ဘူး။ ပုံသေနည်းတောင် ရှိနေသလိုပဲ။ အစိုးရရုံးတွေမှာ တရုံးနဲ့ တရုံး။ စားပွဲတခုနဲ့တခု ၁ ပေကွာရင် ၁ ပတ်ကြာတယ်။ ၂ ပေကွာရင် ၂ ပတ်ကြာတယ်။ ကြာမှ ရေလောင်းမှာကိုး။ အဲဒီအကျင့်ဘယ်လိုပြင်မလဲဆိုတာ ဆရာတို့စဉ်းစားပေးပါ။ ဒါကြောင့် ဒီမှာရှိတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ ကိုယ့်အလုပ်ကိုယ်ပြန်ကြည့်ကြပါ။ ဘာကြောင့် ဒီလောက်နှေးနေတာလဲ။ ဘာကြောင့်ချက်ခြင်းလုပ်ပေးလို့ မရတာလဲ။ အခုဖြစ်တဲ့အလုပ်ကို ဘာကြောင့် ၁ ပတ်စောင့်ခိုင်းမလဲ။ ချက်ခြင်းလုပ်ပေးလို့မရဘူးလား။ အဲ့လိုဖြစ်အောင် စဉ်းစားပေးပါ။ မဟုတ်ရင် အစိုးရအပေါ်မှာ ပြည်သူတွေယုံကြည်မှု အားနည်းလာပါလိမ့်မယ်”
“Trust ယုံကြည်မှုကလည်း အရမ်းအရေးကြီးပါတယ်။ အစိုးရရုံးတွေမှာ ဘာကြောင့် အားနေရင် မှတ်ချက်တွေရေးနေသလဲဆိုရင် Trust (ယုံကြည်မှု) မရှိလို့။ မယုံတော့ တယောက်ထဲ လက်မှတ်ထိုးရင်လည်းမရဘူး။ နောက်တယောက် လက်မှတ်ထိုး။ နောက်တယောက် ထိုးလည်း မရဘူး။ ထပ်ဆင့်လက်မှတ်ထိုး။ စာမျက်နှာတခုလုံး လက်မှတ်တွေချည်းပဲ။ တကယ်တော့ သေဖော်ညှိုတာပေါ့နော်။ အားလုံးက အလိုတူအလိုပါတွေကိုး။ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူတတ်တဲ့လူတွေဖြစ်အောင် လုပ်ကြရမှာနော်”
“ပြည်သူတွေမှာ မျှော်လင့်ချက်တွေရှိတယ်။ တောင့်တမှုတွေရှိတယ်။ အဲဒါတွေကို ဖြည့်ဆည်းနိုင်ရင် Trust (ယုံကြည်မှု) ရှိလာပါလိမ့်မယ်။ Good Governance ကို စဉ်းစားမယ်ဆိုရင် ပြည်သူက ယုံကြည်မှုရှိဖို့လိုတယ်”
“ပြည်သူက ဘာကိုမျှော်လင့်သလဲ။ တရားတာကို မျှော်လင့်တယ်။ အစိုးရအဖွဲ့ကလုပ်ရင် Fair (မျှတမှု) ဖြစ်တယ်။ မျက်နှာမလိုက်ဘူး။ အဲဒါကိုမျှော်လင့်တာ။ ငွေများငွေနိုင်၊ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတာ မဟုတ်ဘူး။ အဲဒါကိုသူတို့ကမျှော်လင့်တယ်။ တို့ဝန်ထမ်း၊ တို့အရာရှိတွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျသုံးစွဲတတ်သူတွေလို့ မျှော်လင့်တယ်။ တို့ကအစိုးရပဲကွာ။ ပြည်သူတွေယုံတာ မယုံတာ တို့ကိစ္စမဟုတ်ဘူးလို့များ မစဉ်းစားနဲ့နော်။ အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်”
“၀န်ကြီးဌာနအချင်းချင်း ညှိဖို့လည်းအရေးကြီးပါတယ်။ အခုက ညှိကို မညှိတာ။ ပညာရေးလို့ပြောရင် Education Ministry (ပညာရေးဝန်ကြီးဌာန) လို့ စဉ်းစားလို့ မရဘူး။ ပညာရေးဝန်ကြီးဌာနလို့စဉ်းစားလိုက်တာနဲ့ အဲဒါရှုံးသွားပြီ။ ပညာရေးကို ပညာရေးဝန်ကြီးဌာန တခုတည်းကပဲလုပ်ရမယ်ဆိုရင် ပညာရေးတိုးတက်မှာမဟုတ်တော့ဘူး။ Education Sector ပညာရေးကဏ္ဍကို စဉ်းစားမှရမယ်။ ပညာရေးမှာ စီးပွားရေးလုပ်ငန်းရှင်တွေ မပါလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးကထွက်လာတဲ့လူတွေကို အလုပ်ပေးတဲ့လူတွေ။ ပညာရေးလို့ပြောရင် ကျန်းမာရေးမပါလို့မရဘူး။ အားကစား မပါလို့ မရဘူး။ ဒါကြောင့်မို့ ညှိနှိုင်းဖို့ကလည်း အင်မတန်အရေးကြီးပါတယ်”
“ဌာနမှာ အောင်မြင်မှုရရင် ဒီဌာနအောင်မြင်ရင်၊ တိုင်းဒေသကြီးအောင်မြင်ရင်၊ လွှတ်တော်ကြီးအောင်မြင်ရင် ပြူတင်းပေါက်ကိုကြည့်လိုက်ပါ။ ဟောဒီလူတွေအားလုံးကြောင့် ငါ့ဌာနမှာရှိတဲ့လူတွေအားလုံးကြောင့် ဒီဌာနကြီးအောင်မြင်တာလို့ သုံးသပ်လို့ရတယ်။ ပြူတင်းပေါက်ကို ကြည့်တာကိုး”
“အဲဒီဌာနမှာ အခက်အခဲရှိလို့ မအောင်မြင်ရင်တော့ မှန် ထုတ်ကြည့်ပါ။ ဘယ်သူ့မြင်လဲ။ ကိုယ်မြင်တယ်။ ဒီဌာနမအောင်မြင်တာ သူတို့ကြောင့်မဟုတ်ဘူး။ ငါ့ကြောင့်။ အဲဒါ တာဝန်ယူတဲ့လူနော်”
“အခုတော့ပြောင်းပြန်ဖြစ်နေတယ်။ အောင်မြင်ရင်တော့ မှန်လေး တထုတ်ထုတ်နဲ့။ ကြည့်လို့ကို မ၀ဘူး။ ဟောဒီဌာနကြီးအောင်မြင်တာသည် ငါ့ကြောင့်။ ဟောဒီဝန်ကြီးဌာန အောင်မြင်တာ ငါ့ကြောင့်။ အဲဒီဌာနမှာ တခုခုလည်းမကောင်းတာလည်းတွေ့ရော အဲဒီမှန်လေးကို အသာလေးချပြီးတော့ ပြူတင်းပေါက်ကိုကြည့်လိုက်တော့ ဟောဒီလူတွေမြင်တယ်။ ငါပြောတာ မလုပ်တဲ့ကောင်တွေဆိုပြီးတော့ပေါ့။ အဲဒါလေး သတိထားနော်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲ...ဒါကတော့ ပုသိမ်မြို့တော်ခန်းမမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောချက်ထဲက
ကောင်းနိုးရာရာ ကောက်နှုတ် ဖော်ပြခဲ့တာပါ။
ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောချက်တွေကို လူမှုကွန်ရက်နဲ့ လူမှုကူညီရေးအသင်း အဖွဲ့တွေကတော့ အတော်လေးအားရကျေနပ်တယ်လို့ ပြောကြပါတယ်။ ဧရာဝတီဘလော့ဘ် ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
ဆလိုင်းသန့်စင်(ဧရာဝတီBlog)

- ၀န်ထမ်းတွေလာဘ်စားတာကို ရှက်တတ်ကြပါ

- ခိုင်းမှလုပ်တာကို ပြင်၊ မခိုင်းဘဲလုပ်တတ်အောင် သင်
“အခုဖြစ်နေတာက ခေါက်ရိုးတော်တော်ကျိုးနေပြီ။ နှစ်ပေါင်းက ၆၀ လောက်ရှိပြီ။ ခေါက်ရိုးကျိုးနေတာ ဒီပုံစံပဲ။ ပုံစံသစ်နဲ့လုပ်ပါလို့ပြောလည်း မလုပ်တာက တော်တော် ခက်နေတယ်။ ခိုင်းရင်တော့လုပ်မယ်။ မခိုင်းရင်မလုပ်ဘူး။ အမိန့်ပေးရင်လုပ်မယ်။ အမိန့်မပေးရင် ဒီတိုင်းထိုင်နေမယ်။ ဒီလိုတွေဖြစ်နေတယ်။ တာဝန်ယူမှရမယ်။ ခိုင်းမှ လုပ်တဲ့လူဆိုတာ တော်တော်အားနည်းတာပဲ။ မခိုင်းဘဲ လုပ်တတ်အောင် ကြိုးစားကြပါ”
“ခရိုင်ကလူတွေ၊ မြို့နယ်ကလူတွေ ငါလုပ်နေရတာသည် တာဝန်နဲ့လုပ်နေတာမဟုတ်ဘူး။ လုပ်ဖို့လိုတဲ့အတွက် လုပ်နေတာဖြစ်ရမယ်။ သူများအတွက် အလုပ်အကျွေးပြုနေတာ ဖြစ်ရမယ်။ အဲဒီစိတ်ရမှဖြစ်မှာ။ အဲဒီစိတ်မရှိရင် ၀တ်ကျေတန်းကျေပဲ။ အစိုးရ၀န်ထမ်းကို လူတွေစိတ်ညစ်တာက ၀တ်ကျေတန်းကျေလုပ်နေလို့။ အဲဒီစိတ်ပြင်မှဖြစ်မယ်။ လုပ်ချင်တဲ့စိတ် ပါမှဖြစ်မယ်”
- ပြည်သူကိုအစေခံမှ ၀န်ထမ်းကောင်း
“မနက်ရုံးလာတဲ့အချိန်ကတည်းက ငါဒီနေ့ပြည်သူအတွက်ဘာလုပ်ပေးရမလဲဆိုတာ စဉ်းစားကြပါ။ အဲဒါမှ ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်မှာပါ။ ဆရာတို့မှာ ပေးတဲ့အကျင့် ပျောက်သွားပြီ။ ရတာကိုပဲ စဉ်းစားကြတယ်။ ရာထူးလေးရတာနဲ့ ငါဘာရမလဲဆိုတဲ့ မေးခွန်းမေးတယ်။ အင်မတန် ရှက်ဖို့ကောင်းတယ်။ အမှန်က ရာထူးရရင် ငါပြည်သူတွေ အတွက် ဘာလုပ်ပေးရမလဲ စဉ်းစားရမှာ”

“သူများကိုအလုပ်အကျွေးပြုတဲ့လူဟာ စိတ်ချမ်းသာပါတယ်။ ပြည်သူအတွက် အသက်ရှင်တဲ့ လူတွေဖြစ်အောင် ကြိုးစားကြပါ။ Service Ledarship (အစေခံတဲ့ခေါင်းဆောင်) ဖြစ်အောင် ကြိုးစားကြပါ။ ငါသည်ခေါင်းဆောင်။ သို့သော်လည်း ငါပြည်သူကို အစေခံမယ်။ ငါ့ရဲ့ သခင်က ပြည်သူတွေ။ အဲဒီလိုဖြစ်ရင် ပုံစံပြောင်းသွားလိမ့်မယ်။ အရင်ပုံစံမှာ ငါက ၀န်ထမ်းလို့ ပြောလိုက်တာနဲ့ ငါကသခင်။ ကျွန်ကဘယ်သူလဲ။ ပြည်သူတွေ။ အခုခေတ်က ပုံစံပြောင်းသွားပါပြီ”
- တာဝန်သိဖို့၊ တာဝန်ယူဖို့၊ တာဝန်ခံဖို့
“အခုခေတ်က အမိန့်ကိုစောင့်တဲ့ ပြည်သူ့ဝန်ထမ်းတွေများနေတယ်။ မေးလိုက်ရင် အထက်ကို တင်ပြထားတယ်ချည်းပဲ ပြောတယ်။ အထက်ကလည်း အဝေးကြီးပဲ။ ပြန်ကျမလာဘူး။ ဘာကြောင့်လဲ။ မလုပ်ချင်လို့။ လူကြီးတွေက တာဝန်ပေးထားတာ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန် ယူဖို့လေ။ ခရိုင်မှာတာဝန်ရှိတဲ့လူ တိုင်းကိုတင်ပြစရာဘာမှမရှိဘူး။ ကိုယ့်ဟာကို ရှင်းလို့ရတယ်။ မြို့နယ်ကလူကလည်း ကိုယ့်မြို့နယ်နဲ့ကိုယ် ရှင်းလို့ရတယ်။ အခုတော့ ကိုယ်မလုပ်ချင်တော့ အပေါ်ကိုတင်တယ်။ ပြည်သူတွေရဲ့ဆန္ဒကိုမဖြည့်ဆည်းနိုင်တာ ဘာကြောင့်လဲ။ နှေးလို့။ ဘာလို့နှေးလဲ အပေါ်တင်လို့။ မထိရောက်ဘူး။ အဲဒါတွေ ကျနော်တို့ ပြင်ရအောင်။
“Accountability ဆိုတာ တာဝန်သိတာ။ အစိုးရဆိုတာ တာဝန်သိဖို့လိုတယ်နော်။ တာဝန်သိရုံတင်မရဘူး။ တာဝန်ယူရမယ်။ တာဝန်ယူရုံတင်မရဘူး။ တာဝန်ခံရမယ်။ ဒီ ၃ ချက်ကို မရရင်တော့ လုပ်လို့မရဘူး။ အခုတော်တော်များများက တာဝန်လည်းမသိဘူး။ တာဝန်လည်းမယူဘူး။ တာဝန်လည်းမခံဘူး”
“ပြဿနာဖြစ်လာရင် ငါနဲ့မဆိုင်ဘူး။ သူများနဲ့ဆိုင်တယ်ပြောတယ်။ ကိုယ်သည်ဝန်ထမ်းနော်။ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်တာဝန်ယူရမယ်။ ဒီအလုပ်မအောင်မြင်ရင် ထွက်တယ်။ အများပိုင်ကုမ္ပဏီ ရှုံးသွားရင် ဥက္ကဋ္ဌထွက်တယ်။ အမှုဆောင်ထွက်တယ်။ အဲဒါ တာဝန်ခံတာ။ ရှုံးလည်း ကိစ္စ မရှိဘူး။ သူ့ဘာသာရှုံးတာပဲ။ ငါကတော့ဥက္ကဋ္ဌရာသက်ပန်လုပ်မှာပဲ။ အဲဒါမျိုးက တာဝန်မခံတဲ့ပြဿနာတွေ အများကြီးရှိနေတယ်”
- မှန်တာပြောပါ။ မှန်တာ တင်ပြပါ
“အရေးကြီးဆုံးက အခုခေတ်မှာအရာရာက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ပြောရင် သိပ်လွယ်တာပဲ။ ဒါပေမယ့်မပွင့်လင်းကြဘူး။ ဘာကြောင့်လဲ ကိုယ့်ကိုယ်ကိုမယုံလို့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့လူက ပွင့်လင်းတယ်။ ဟန်ဆောင်စရာမလိုဘူး။ ဒီနေ့ကစပြီး ပြည်သူ့ဝန်ထမ်းတွေ ဟန်မဆောင်ကြပါနဲ့။ ရှိတာရှိတဲ့အတိုင်းတင်ပြ။ သမ္မတကလည်းအားပေးတယ်။ ၀န်ကြီးချုပ်ကလည်းအားပေးတယ်။ မှန်တာကိုပြောရဲရမယ်”
“အခုဖြစ်နေတာဘာလဲ။ ကြည့်လိုက်ရင် အစည်းအဝေးတွေထိုင်နေကြတယ်။ လုပ်စရာမရှိရင် အစည်းအဝေး လုပ်တယ်။ ဌာနမှူးတွေ အကြီးအကဲတွေဘယ်ရောက်နေလဲ။ အစည်းအဝေးထဲမှာ။ ဘာထိုင်လဲ။ မသိဘူး။ ထိုင်တာပဲ။ အစည်းအဝေးထိုင်တာမှာ ဘာပြောလဲ။ ဘာမှမပြောဘူး။ ငြိမ်ပြီးနားထောင်နေတယ်။ အစည်းအဝေးဆုံးဖြတ်တာ သဘောတူလား။ တူတယ်။ ဘာသဘောတူလဲ။ မသိဘူး။ ထိုင်ရုံသက်သက်နဲ့တော့ အစည်းအဝေး မလုပ်ကြနဲ့တော့။ အစည်းအဝေးတက်ရင် ပြောရမယ့်တာဝန်၊ ဆွေးနွေးရမယ့်တာဝန်၊ တင်ပြရမယ့်တာဝန် ကိုယ့်မှာရှိတယ်။ အဲဒါကိုလက်ခံမှရမယ်”
- အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်
“ပြည်သူနဲ့ အစိုးရဌာနနဲ့ နီးစပ်ဖို့လိုတယ်နော်။ ပြည်သူနဲ့အစိုးရနဲ့က ကင်းကွာလို့မရဘူး။ အစိုးရဌာနကို လူတွေမဆက်ဆံချင်တာ ဘာကြောင့်လဲ။ နှေးလို့။ အစိုးရရုံးတွေနဲ့ ဆက်ဆံရင် အလုပ်တွေက မပြီးတော့ဘူး။ ပုံသေနည်းတောင် ရှိနေသလိုပဲ။ အစိုးရရုံးတွေမှာ တရုံးနဲ့ တရုံး။ စားပွဲတခုနဲ့တခု ၁ ပေကွာရင် ၁ ပတ်ကြာတယ်။ ၂ ပေကွာရင် ၂ ပတ်ကြာတယ်။ ကြာမှ ရေလောင်းမှာကိုး။ အဲဒီအကျင့်ဘယ်လိုပြင်မလဲဆိုတာ ဆရာတို့စဉ်းစားပေးပါ။ ဒါကြောင့် ဒီမှာရှိတဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ ကိုယ့်အလုပ်ကိုယ်ပြန်ကြည့်ကြပါ။ ဘာကြောင့် ဒီလောက်နှေးနေတာလဲ။ ဘာကြောင့်ချက်ခြင်းလုပ်ပေးလို့ မရတာလဲ။ အခုဖြစ်တဲ့အလုပ်ကို ဘာကြောင့် ၁ ပတ်စောင့်ခိုင်းမလဲ။ ချက်ခြင်းလုပ်ပေးလို့မရဘူးလား။ အဲ့လိုဖြစ်အောင် စဉ်းစားပေးပါ။ မဟုတ်ရင် အစိုးရအပေါ်မှာ ပြည်သူတွေယုံကြည်မှု အားနည်းလာပါလိမ့်မယ်”
“Trust ယုံကြည်မှုကလည်း အရမ်းအရေးကြီးပါတယ်။ အစိုးရရုံးတွေမှာ ဘာကြောင့် အားနေရင် မှတ်ချက်တွေရေးနေသလဲဆိုရင် Trust (ယုံကြည်မှု) မရှိလို့။ မယုံတော့ တယောက်ထဲ လက်မှတ်ထိုးရင်လည်းမရဘူး။ နောက်တယောက် လက်မှတ်ထိုး။ နောက်တယောက် ထိုးလည်း မရဘူး။ ထပ်ဆင့်လက်မှတ်ထိုး။ စာမျက်နှာတခုလုံး လက်မှတ်တွေချည်းပဲ။ တကယ်တော့ သေဖော်ညှိုတာပေါ့နော်။ အားလုံးက အလိုတူအလိုပါတွေကိုး။ ကိုယ့်အဆင့်နဲ့ကိုယ် တာဝန်ယူတတ်တဲ့လူတွေဖြစ်အောင် လုပ်ကြရမှာနော်”
“ပြည်သူတွေမှာ မျှော်လင့်ချက်တွေရှိတယ်။ တောင့်တမှုတွေရှိတယ်။ အဲဒါတွေကို ဖြည့်ဆည်းနိုင်ရင် Trust (ယုံကြည်မှု) ရှိလာပါလိမ့်မယ်။ Good Governance ကို စဉ်းစားမယ်ဆိုရင် ပြည်သူက ယုံကြည်မှုရှိဖို့လိုတယ်”
“ပြည်သူက ဘာကိုမျှော်လင့်သလဲ။ တရားတာကို မျှော်လင့်တယ်။ အစိုးရအဖွဲ့ကလုပ်ရင် Fair (မျှတမှု) ဖြစ်တယ်။ မျက်နှာမလိုက်ဘူး။ အဲဒါကိုမျှော်လင့်တာ။ ငွေများငွေနိုင်၊ ရေများရေနိုင်၊ မီးများမီးနိုင်ဆိုတာ မဟုတ်ဘူး။ အဲဒါကိုသူတို့ကမျှော်လင့်တယ်။ တို့ဝန်ထမ်း၊ တို့အရာရှိတွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျသုံးစွဲတတ်သူတွေလို့ မျှော်လင့်တယ်။ တို့ကအစိုးရပဲကွာ။ ပြည်သူတွေယုံတာ မယုံတာ တို့ကိစ္စမဟုတ်ဘူးလို့များ မစဉ်းစားနဲ့နော်။ အစိုးရအပေါ် ပြည်သူယုံဖို့ အရမ်းအရေးကြီးတယ်”
- ၀န်ကြီးဌာနတွေ ညှိနှိုင်းဆောင်ရွက်ကြပါ
“၀န်ကြီးဌာနအချင်းချင်း ညှိဖို့လည်းအရေးကြီးပါတယ်။ အခုက ညှိကို မညှိတာ။ ပညာရေးလို့ပြောရင် Education Ministry (ပညာရေးဝန်ကြီးဌာန) လို့ စဉ်းစားလို့ မရဘူး။ ပညာရေးဝန်ကြီးဌာနလို့စဉ်းစားလိုက်တာနဲ့ အဲဒါရှုံးသွားပြီ။ ပညာရေးကို ပညာရေးဝန်ကြီးဌာန တခုတည်းကပဲလုပ်ရမယ်ဆိုရင် ပညာရေးတိုးတက်မှာမဟုတ်တော့ဘူး။ Education Sector ပညာရေးကဏ္ဍကို စဉ်းစားမှရမယ်။ ပညာရေးမှာ စီးပွားရေးလုပ်ငန်းရှင်တွေ မပါလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးကထွက်လာတဲ့လူတွေကို အလုပ်ပေးတဲ့လူတွေ။ ပညာရေးလို့ပြောရင် ကျန်းမာရေးမပါလို့မရဘူး။ အားကစား မပါလို့ မရဘူး။ ဒါကြောင့်မို့ ညှိနှိုင်းဖို့ကလည်း အင်မတန်အရေးကြီးပါတယ်”
- ၀န်ထမ်းများလိုက်နာရန် “ပြူတင်းပေါက်နဲ့မှန်”
“ဌာနမှာ အောင်မြင်မှုရရင် ဒီဌာနအောင်မြင်ရင်၊ တိုင်းဒေသကြီးအောင်မြင်ရင်၊ လွှတ်တော်ကြီးအောင်မြင်ရင် ပြူတင်းပေါက်ကိုကြည့်လိုက်ပါ။ ဟောဒီလူတွေအားလုံးကြောင့် ငါ့ဌာနမှာရှိတဲ့လူတွေအားလုံးကြောင့် ဒီဌာနကြီးအောင်မြင်တာလို့ သုံးသပ်လို့ရတယ်။ ပြူတင်းပေါက်ကို ကြည့်တာကိုး”
“အဲဒီဌာနမှာ အခက်အခဲရှိလို့ မအောင်မြင်ရင်တော့ မှန် ထုတ်ကြည့်ပါ။ ဘယ်သူ့မြင်လဲ။ ကိုယ်မြင်တယ်။ ဒီဌာနမအောင်မြင်တာ သူတို့ကြောင့်မဟုတ်ဘူး။ ငါ့ကြောင့်။ အဲဒါ တာဝန်ယူတဲ့လူနော်”
“အခုတော့ပြောင်းပြန်ဖြစ်နေတယ်။ အောင်မြင်ရင်တော့ မှန်လေး တထုတ်ထုတ်နဲ့။ ကြည့်လို့ကို မ၀ဘူး။ ဟောဒီဌာနကြီးအောင်မြင်တာသည် ငါ့ကြောင့်။ ဟောဒီဝန်ကြီးဌာန အောင်မြင်တာ ငါ့ကြောင့်။ အဲဒီဌာနမှာ တခုခုလည်းမကောင်းတာလည်းတွေ့ရော အဲဒီမှန်လေးကို အသာလေးချပြီးတော့ ပြူတင်းပေါက်ကိုကြည့်လိုက်တော့ ဟောဒီလူတွေမြင်တယ်။ ငါပြောတာ မလုပ်တဲ့ကောင်တွေဆိုပြီးတော့ပေါ့။ အဲဒါလေး သတိထားနော်”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကဲ...ဒါကတော့ ပုသိမ်မြို့တော်ခန်းမမှာ ဒေါက်တာအောင်ထွန်းသက် ဟောပြောချက်ထဲက
ကောင်းနိုးရာရာ ကောက်နှုတ် ဖော်ပြခဲ့တာပါ။
ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောချက်တွေကို လူမှုကွန်ရက်နဲ့ လူမှုကူညီရေးအသင်း အဖွဲ့တွေကတော့ အတော်လေးအားရကျေနပ်တယ်လို့ ပြောကြပါတယ်။ ဧရာဝတီဘလော့ဘ် ပရိသတ်ကြီးလည်း ကျေနပ်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
ဆလိုင်းသန့်စင်(ဧရာဝတီBlog)
ကချင်မှာ တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဒီကနေ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကနေ ဒီကနေ့ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တဲ့ကြောင့် မန်စီမြို့နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည် တထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ မန်စီမြို့နယ် နန့်လင်းပါ စခန်းက ဒုက္ခသည် ၁၅၀၀လောက်ဟာ လုံခြုံရေးအရ သွားလာရေး အခက်အခဲကြောင့် ရိက္ခာပြတ်လပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြားမှာ တပြည်လုံး အပစ်ရပ်ဖို့ ဆွေးနွေးခဲ့ပေမဲ့ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းမှာ အောက်တိုဘာလ နောက်ဆုံးပတ် ကတည်းက ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ ဒီကနေ့အထိ ရပ်ဆိုင်းသွားတာ မရှိသေးပါဘူး။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကတော့ KIA တပ်မဟာ ၃လက်အောက်က တပ်ရင်း ၁၂နဲ့ အစိုးရတပ်ဖက်က ဗန်းမော်အခြေစိုက် စကခ-၂၁ လက်အောက် နည်းဗျူဟာ (၂) က တပ်ရင်းတွေ ဖြစ်တယ်လို့ KIA တပ်ရင်း ၁၂က တပ်ရင်းမှုး ဗိုလ်မှူးဂျွန်အောင်က ပြောပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို -
"အခုလည်း ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ ရွာမှာ။ မန်စီမြို့နယ်မှာ ဖြစ်ပါတယ်။ ရှမ်းပြည် နယ်စပ်ဘက် ကျတာပေါ့နော်။ ၃နာရီကစတာ။ အခုလည်း တိုက်နေတုန်းပဲ။"
မနေ့ကလည်း မနက် ၁၀နာရီလောက်က စတင်ပြီး မန်စီမြို့နယ်အတွင်းမှာ အနည်းဆုံးတိုက်ပွဲ ၂နေရာ ဖြစ်ခဲ့ပါတယ်။ မန်စီမြို့နယ်အတွင်းက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ရက်လောက်က နေ ပြန်လည် ပြင်းထန်လာတာပါ။
ဒီတိုက်ပွဲတွေကြောင့် မန်စီမြို့နယ်အတွင်းက ထောင်နဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာ နေရာ ၄နေရာ လောက်ကို တိမ်းရှောင် ထွက်ပြေးနေရတယ်လို့လည်း ဗန်းမော်မြို့က ဒုက္ခသည်တွေကို ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရဲ့မန်နေဂျာ ဦးနော်ဒင်းက ပြောပါတယ်။
"လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၂ရက်နေ့ကစပြီး အခုအချိန် အထိပေါ့လေ။ ဖြစ်တဲ့ကိစ္စမှာ IDP လူဦးရေ စုစုပေါင်းကတော့ ကြာသပတေးနေ့က စာရင်းအရဆို ၁၆၀၀ကျော်သွားပြီ။ ၁၆၀၀ကျော်က နေရာအားဖြင့်ဆို ၄နေရာပေါ့။ ၄နေရာကို ပျံ့သွားကြတယ်။ တချို့ မန်စီကို နည်းနည်းရောက်လာတယ်။ မိုင်ခေါင်ကိုရောက်လာတယ်။ ဗန်းမော်ကိုရောက်လာတယ်။ အဲ့ ၄နေရာမှာ ပျံ့သွားတယ်။ မန်စီမြို့နယ်မှာ သုံးနေရာပေါ့။"
မိုင်းခေါင်ဒုက္ခသည်စခန်းကိုရောက်လာသူတွေကို ကရုဏာမြန်မာ လူမှုကူညီရေးအသင်းက တလစာ ရိက္ခာနဲ့ အိုးခွက် ပန်းကန်တွေကို ထောက်ပံ့ထားပြီး မန်စီနဲ့ ဗန်းမော်က ဒုက္ခသည် စခန်းတွေကို ရောက်လာသူတွေကိုတော့ ဒေသခံလူမှုရေးအသင်းအဖွဲ့တွေနဲ့ ကုလသမဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ထားပါတယ်။
မန်စီမြို့နယ်က နန့်လင်းပါ ဒုက္ခသည်စခန်းမှာတော့ လူဟောင်းနဲ့လူသစ် ၁၅၀၀ကျော်လောက်ဟာ ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဦးနော်ဒင်းက ဆက်ပြောပါတယ်။
" အခုခက်နေတာက နန့်လင်းပါ ရောက်နေတဲ့သူတွေပဲ စိုးရိမ်ရတယ်။ နန့်လင်းပါမှာကျတော့ လူဦးရေ အဟောင်းနဲ့အခုပြန်ပြီး အသစ်ရောက်လာတဲ့ လူဦးရေဆိုရင် တစ်ထောင့်ငါးရာ၊ တစ်ထောင့်ခြောက်ရာ ဝန်းကျင်ရှိတယ်။ အဲ့ဒီ့လူတွေက လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၀ကျော်ကတည်းက ရိက္ခာပြတ်လပ်မှုနဲ့ကြုံတွေ့ရတာပေါ့နော်။ နန့်လင်းပါကို သွားနိုင်ဖို့ကတော့ အဓိက လုံခြုံရေးပါပဲ။ ကျနော်တို့ သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ သူတို့က အပေါ်ပိုင်းကတော့ ခွင့်ပြုတယ်။ ဒါပေမဲ့ ကျနော်တို့ သွားလိုက်တဲ့အချိန်မှာ လမ်းမှာ တိုက်ပွဲဖြစ်တော့ ကျနော်တို့ ပြန်ခေါက်ခဲ့ရတယ်။ အခုက ရွာမှာ ရနိုင်သမျပဲ စုဆောင်းစားသောက်နေရတာပေါ့လေ။"
နန့်လင်းပါ ဒုက္ခသည်စခန်းဟာ ၂၀၁၁ခုနှစ် KIA နဲ့အစိုးရတပ်အကြား တိုက်ပွဲတွေ ပြန်လည်စတင်တည်းက စစ်ရှောင်ဒုက္ခသည်စခန်း စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားတိုင်း ကြားဝင်စေ့စပ်လေ့ရှိတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကြားက အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က ဗွီအိုအေကို အခုလိုပြောဆိုခဲ့ဖူးပါတယ်။
VOA မေး။ ။ "ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တယ်လို့ ကျနော်တို့ကြားရတယ်။ တိုက်ပွဲတွေ တကယ်ဖြစ်နေတယ်ဆိုတော့ အဲ့တာ ဘာကြောင့်ဖြစ်ရတာလဲ။ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကြားက..."
"အဲ့တာက ခင်ဗျားတို့ဆီက ဘယ်နေရာမှာဖြစ်လဲ။"
ဗန်းမော်ဘက်မှာဖြစ်တယ်လို့ကြားတယ်။
"အဲ့ဗန်းမော်ဘက်မှာ ဖြစ်တယ်ဆိုတာ ဘာကြောင့်ဖြစ်တာတဲ့လဲ။ "
အဲ့တာကြောင့် ကျနော်တို့က မေးနေတာ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ။
" တိုက်ပွဲတွေဖြစ်တယ်လို့တော့ ပြောလို့မရတော့ဘူး။ သွားလှန်ရင်းနဲ့။ ခင်ဗျားတို့လည်းသိတာပဲ။ သတင်းစာထဲမှာလည်း ပါတယ်။ သစ်တွေမိတယ်။ ကားတွေမိတယ်။ ဟုတ်လား။ လမ်းကြောင်းမှာ ပြီးခဲ့တုန်းက ကျနော်တို့က ရှင်းမယ်။ အချက်၇ချက်မှာ လမ်းကြောင်းတွေ အားလုံးဖွင့်မယ်ဆိုပြီးတော့ လက်ရှိလုပ်နေတယ်။ လုပ်တဲ့ဟာမှာ တချို့ဟာလေးတွေ ကျနော်တို့လုပ်တဲ့အပိုင်းတွေမှာ ဒါ ပစ်တယ်၊ ခတ်တယ်ဆိုတဲ့အဖွဲ့တွေက ကေအိုင်အေကလို့ပြောလို့ရတယ်။ ပြောလို့လည်း မရဘူးပေါ့ဗျာ။ ဒီလိုဟာမျိုးတွေမှာ တဖက်နဲ့တဖက် ပစ်ခတ်မှုလေးတွေရှိတယ်။ ရှိတဲ့အခါမှာ ဒီအပေါ်မှာ တပ်မတော်ကနေပြီးတော့မှ ကေအိုင်အေနဲ့ဖြစ်နေပါတယ်လို့ ယတိပြတ်ကြီးပြောလို့မရဘူး။"
ဒါကတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက မြစ်ကြီးနားမြို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့တွေ့ဆုံပွဲမှာ ဗွီအိုအေမြန်မာပိုင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။
ဒီလ ၄ရက်နဲ့ ၅ရက်နေ့တွေကတော့ KIOအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ဖွဲ့က ခေါင်းဆောင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ တပြည်လုံး အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် မြစ်ကြီးနားမြို့မှာနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တိကျတဲ့သဘောတူညီချက်တော့ မရခဲ့ပါဘူး။
ကိုမိုးဇော် (ဗွီအိုအေ)
သံတွဲတွင် ရဲက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေ
၉ နိုဝင်္ဘာ ၂၀၁၃
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ရဲများက ရှောင်တခင် ၀င်ရောက်ဖမ်းဆီးရန် ကြိုးပမ်းမူများ ရှိနေသဖြင့် ဒေသခံများ အနေဖြင့် အိုးအိမ်ကို စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။
နိုဝင်္ဘာလ ၇ ရက်နေ့က သံတွဲမှ တောင်ကုတ်သို့ ထွက်ပြေး တိမ်းရှောင် လာသူတဦးက သူတို့ ထွက်ပြေးလာရ သည့် အခြေအနေနှင့်ပတ်သက်ပြီး နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ကျွန်တော်တို့ရပ်ကွက် လုံခြုံရေးအတွက် လူ ၉ ယောက်စီ ညဥ့်တိုင်း ကင်းစောင့်ကြရပါတယ်။ တစ်နေ့တော့ ကျနော်တို့ ကင်းစောင့်နေချိန်မှာ ရဲသားတွေ ရောက်လာပြီးတော့ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ ဖမ်းရမယ့်သူ လူ ၄ ဦးရှိတယ်ဆိုပြီး ပြောပါတယ်။ အဲဒီနောက် ရပ်ကွက်ထဲကိုဝင်ပြီး သူတို့အိမ်တွေကို တက်ပြီး ရှာကြတယ်။ သူတို့ကို မတွေ့တော့ ကင်းစောင့်နေတဲ့ လူတွေကို ပြဿနာလုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဖမ်းဆီးခံရမှာ ကြောက်လို့ ဒီကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
သံတွဲ မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေသူ ရခိုင် အမျိုးသား ရာဂဏန်းထိ ရှိနေကြောင်း၊ ယင်းအထဲမှ အချို့လည်း တောင်ကုတ်မြို့နယ်သို့ ရောက်ရှိလာကြောင်း တောင်ကုတ် လူမှုကွန်ယက်မှ ကိုဇေယျာကျော်က ပြောသည်။
“ ဟုတ်ပါတယ်။ သံတွဲက မိသားစုတွေအပါအ၀င် ထွက်ပြေးနေကြတဲ့သူတွေ အထဲက ဒီကို ရောက်ရှိလာတဲ့သူက ၂၀ ကျော် ၃၀ နီးပါးခန့် ရှိပါတယ်။ အခု သူတို့ ကတော့ နီးစပ်ရာ ဆွေမျိုးတွေ၊ အပေါင်းအသင်းတွေ ရှိတဲ့နေရာတွေမှာ နေကြရပါတယ်။ အလိုလိုနေရင်း အဖမ်းခံရမှာကို ကြောက်လို့ ထွက်ပြေးနေကြရတဲ့ အတွက် ဒုက္ခရောက်နေကြရပါတယ်” ဟု ယင်းကဆိုသည်။
သံတွဲမြို့တွင် ဒေသခံများကို လိုက်လံ ဖမ်းဆီးနေသူမှာ နယ်ထိန်း တပ်ကြပ်စိန်ဝင်းဖြစ်သည်ဟု ရဲအသိုင်းအ၀န်း နှင့် နီးစပ်သူ သံတွဲ ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
“ တပ်ကြပ် စိန်းဝင်းဆိုတဲ့ နယ်ထိန်းတယောက်ရှိပါတယ်။ သူက ရခိုင်တွေကို ထပ်ပြီး လိုက်ဖမ်းနေပါတယ်။ သူက မွတ်ဆလင် ချမ်းသာသူတွေဆီက ပိုက်ဆံတွေယူတယ်လို့ သတင်း ထွက်နေတယ်။ မသင်္ခါတဲ့ လူတွေကို ညဆိုရင် လိုက်ဖမ်းတယ်။ ဖမ်းပြီးတော့ ဘယ်သူ တွေပါသလဲ- ပြော။ သူတို့ မလိုချင်တဲ့ သူတွေ ဆိုရင် ခြိမ်းခြောက်ပြီးတော့ ငွေတောင်းတယ်။ ဒါကြောင့် ရခိုင်တွေက ကြောက်ပြီး ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်” ဟု ဆိုသည်။
ယခုအခါ သံတွဲမြို့နယ် သပြုချိန်ကျေးရွာတွင် နေထိုင်ကြသော ရခိုင်များ အနေဖြင့်လည်း ဆက်လက် ပဋိပက္ခ ဖြစ်မည်ကို စိုးရိမ်သဖြင့် မိမိပိုင် အိမ်ခြံမြေများကို ရောင်းပြီး ပြောင်းရွေ့ရန် စီစဉ်နေကြသည် ဟုလည်း သံတွဲ ဒေသခံများက ပြောသည်။
သံတွဲမြို့တွင် ဖမ်းဆီးခံရသူ ယခုအခါ ၈၀ ခန့်ထိ ရှိနေပြီး အများစုမှာ ပုဒ်မတပ် တရားစွဲဆိုခြင်း မရှိဘဲ အချုပ်ခန်းထဲတွင် ထိန်းသိမ်းထားကြောင်း၊ တရားစွဲဆို မခံလိုသူများထံမှ ရဲအရာရှိများက ငွေတောင်း နေသည်ဆိုသော စွပ်စွဲချက်များလည်း ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
မောင်ရမ္မာ(နိရဉ္စရာ)
မန်မာနိုင်ငံ၏ အိုင်တီဈေးကွက်သည် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး ငါးနှစ်အတွင်း နှစ်ဆကျော် တိုးတက်နိုင်ကြောင်း IDC ခန့်မှန်း
မြန်မာနိုင်ငံ၏ အိုင်တီဈေးကွက်သည် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိလာနိုင်ကြောင်း International Data Corporation (IDC) ၏ ခန့်မှန်းချက်များအရ သိရသည်။ လူဦးရေသန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အိုင်တီဈေးကွက်သည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၀ ဒသမ ၅၁ သန်းရှိပြီး ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၅၅၆ သန်းအထိ ရောက်ရှိမည် ဖြစ်သည့်အတွက် နှစ်စဉ်တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်း ရှိလာမည်ဟု International Data Corporation (IDC) ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ၎င်းခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ အိုင်စီတီ ဈေးကွက်မှာ ငါးနှစ်အတွင်း နှစ်ဆကျော် တိုးတက်လာမည်ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။
ထို့ပြင် ရန်ကုန်နှင့် မန္တလေးသည် လူဦးရေ သိပ်သည်းမှုကြောင့် ဦးဆောင်အိုင်တီ အချက်အချာ နေရာနှစ်ခု ဖြစ်သည့်အပြင် လာမည့်နှစ် အနည်းငယ် အတွင်း၌ ဈေးကွက်ဝင်ပေါက်နှင့် သုံးစွဲမှု အချက်အချာ နေရာများ ဖြစ်လာမည်ဟုလည်း ခန့်မှန်းထားသည်။
''မြန်မာနိုင်ငံရဲ့ အိုင်တီဈေးကွက်ကို ကြည့်ရင်ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနဲ့ ၀န်ဆောင်မှုတွေဆိုပြီး အများကြီး ရှိပါမယ်။ ဆော့ဖ်ဝဲနယ်ပယ်မှာတော့ ၀န်ထမ်းအရေအတွက်နဲ့ တွက်ပြီး တိုးလာနိုင်တဲ့ ၀င်ငွေကို ခန့်မှန်းလို့ရတယ်။ ဥပမာ- ဒီနယ်ပယ်မှာ ၀န်ထမ်းတစ်သောင်းကနေ တစ်လကို ၁၀ သန်းဖိုး ထုတ်လုပ်နိုင်တယ်။ တစ်နှစ်ဆိုရင် သန်း ၁၂၀ ဖိုး GDP ရှိတယ်ဆိုပြီး တွက်လို့ရတာပေါ့။ ကျွန်တော့်အမြင်အရ ပြောရရင် ဆော့ဖ်ဝဲနဲ့ ၀န်ဆောင်မှုပိုင်းတွေမှာတင် IDC က ခန့်မှန်းထားတဲ့ ပမာဏကို ကျော်နိုင်တယ်။ ဒီမှာက မူလပမာဏအနေနဲ့ အရမ်းသေးနေတဲ့ အတွက်ကြောင့်လည်း ခုလိုမျိုး တိုးတက်မှုနှုန်း ဖြစ်လာနိုင်တာပါ။ တခြားနိုင်ငံ တွေမှာတော့ ဒီလိုမျိုးဖြစ်နိုင်ဖို့ မလွယ်ဘဲ သူတို့ဆီမှာ ၁၀ ရာခိုင်နှုန်းလောက် တိုးတက်တယ် ဆိုရင်ပဲ အရမ်းအခြေအနေ ကောင်းနေပါပြီ။ ဒီမှာတော့ နဂိုက အရမ်းသေးနေတာဖြစ်လို့ နှစ်ဆမကဘဲ သုံး၊ လေးဆ တိုးသွားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်'' ဟု MIT ဆော့ဖ်ဝဲကုမ္ပဏီမှ ဦးထွန်းသူရသက်က သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်၊ အင်တာနက်ဈေးကွက်နှင့် ကွန်ပျူတာ ဈေးကွက်တို့တွင် မသုံးစွဲနိုင်သေးသောသူများ အများအပြား ကျန်ရှိနေသေးရာ ယင်းမှာ အခွင့်အလမ်းများ ကျန်ရှိနေသေးခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ရှုမြင်ကြသည်။
အခွင့်အလမ်းနှင့်အတူ စိန်ခေါ်မှုများလည်း ရှိနေရာ ယင်းတို့မှာ အခြေခံအ ဆောက်အအုံပိုင်း ဆိုင်ရာများ၊ လူတစ်ဦးချင်းဝင်ငွေနှင့် ခိုင်မာသော စည်းမျဉ်း စည်းကမ်းများ ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
Eleven Media Group
သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ၀တ်ရုံတော်များအား ထိန်းသိမ်းရန် ဂျပန်ပညာရှင် ရောက်ရှိ
နည်းပြညာဖြင့် ပြုပြင်ထိန်းသိမ်းမည့် ၀တ်ရုံတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-အမျိုးသားပြတိုက်)
သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် မဟာလတ္တာ ၀တ်ရုံတော်များအား အဆင့်မြင့် နည်းပညာဖြင့် ထိန်းသိမ်းရန်အတွက် ဂျပန်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် Mr.Mitsuei Horisawa (Japan International Co-orporation Agency) က နိုဝင်ဘာ ၇ ရက်တွင် အမျိုးသားပြတိုက် ရန်ကုန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းကအကြီးတန်း လုပ်အားပေး အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ သက်တမ်း ၁၀၀ ကျော် ရှိနေပြီဖြစ်သည့် သီပေါမင်း ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် စုဖုရားလတ် ၀တ်ဆင်ခဲ့သည့် မဟာလတ္တာ ၀တ်ရုံတော်ကို နည်းပညာဖြင့် ထိန်းသိမ်းဆောင်ရွက်မှု ပြုလုပ်ရန် အမျိုးသား ပြတိုက်(ရန်ကုန်) တွင် ခြောက်လကြာ အချိန်ယူ ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာကို ဂျပန်နိုင်ငံမှ အဆိုပါ ပညာရှင်နှင့် အမျိုးသားပြတိုက်တို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
''နည်းပညာနဲ့ ထိန်းသိမ်းတာက အချိန်ယူရတာ ဖြစ်တဲ့အတွက် ခြောက်လလောက်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ၀တ်ရုံတော်ကို ရက်လုပ်ထားတဲ့ ပစ္စည်းတွေက အရမ်းအနုစိတ်တဲ့ အတွက် အချိန်ကာလရယ်၊ ဘယ်လောက်ကုန်ကျမယ် ဆိုတာက အတိအကျ မသိသေးပါဘူး။ ပညာရှင်ကလည်း အခုမှ ရောက်တာဆိုတော့ သူကိုယ်တိုင်လည်း အခုမှ လေ့လာဆဲပါ'' ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှုး ဦးငွေထွန်းမြင့်က ပြောကြားခဲ့သည်။
ယင်းဝတ်ရုံတော်များတွင် အော်ဂဲနစ် ပစ္စည်းများ၊ အင်အော်ဂဲနစ် ပစ္စည်းများ ရောနှောနေသည့် အတွက် ထိန်းသိမ်းရာတွင် လက်ဝင်ကာ ခက်ခဲမည် ဖြစ်ကြောင်းကို ဒေါ်နုမြဇံ (အမျိုးသားပြတိုက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား) က ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ ပညာရှင် အနေဖြင့် နည်းပညာဖြင့် ထိန်းသိမ်းစောင့်ရှောက် နေစဉ်အတွင်း အမျိုးသား ပြတိုက်ရှိ ၀န်ထမ်းများကိုလည်း ပညာသင်ယူ နိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။
Eleven Media Group
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် တိုက်ပွဲသုံးနေရာ ဖြစ်ပွားရာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲအပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်မှ ၁၂
နာရီကျော်အထိ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကောင်လွင်ရွာ၊ မံသာရွာနှင့်
သံတံတားကြား၊ ဖြုတ်ကိုက် ရွှေမှော်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း
ဒေသခံများက ပြောကြားသည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားစဉ် ကောင်လွင်ကျေးရွာမှ ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရသည်။ တိုက်ပွဲများ ဖြစ်ပွားခဲ့သော ကောင်လွင် ကျေးရွာသည် ဗန်းမော်မြို့မှ မိုင် ၄၀ ကျော် ကွာဝေးပြီး ကေအိုင်အေ အဖွဲ့ဝင်များက လွန်ခဲ့သော တစ်ပတ်ခန့်မှစပြီး ယင်းရွာတွင် စခန်းချနေကြောင်း၊ တပ်မတော် စစ်ကြောင်း သုံးကြောင်းမှ လမ်းရှင်းပေးရန် တောင်းဆိုထားကြောင်း၊ ယနေ့နံနက်ပိုင်းမှစပြီး တပ်မတော်မှ ရွာပတ်ဝန်းကျင်သို့ လက်နက်ကြီးငယ်တို့ဖြင့် ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲဖြစ်ပွားမှု မှန်ကန်ကြောင်း တပ်မတော်နှင့် ကေအိုင်အေ နှစ်ဖက်စလုံးက ပြောကြားခဲ့ပါသည်။
တပ်မတော်မှ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ကေအိုင်အေ အင်အား ၇၀ ၀န်းကျင်ခန့်ဖြင့် တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကေအိုင်အေဘက်က ပစ်ခတ်ရာမှ ထိတွေ့မှု ဖြစ်ခဲ့ခြင်းဖြစ်ကာ ကလေးတစ်ဦး သေဆုံးကြောင်းကိုလည်း အတည်ပြု ခဲ့ပါသည်။ ထို့အပြင် တပ်မတော်သားနှစ်ဦး ဒဏ်ရာရရှိပြီး ကေအိုင်အေဘက်က သုံးဦးကျဆုံးကာ သေနတ်နှစ်လက် ရရှိကြောင်း အမည်မဖော်လိုသူ တပ်မတော် အရာရှိက ပြောပါသည်။
ကေအိုင်အေဘက်မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦး၏ ပြောဆိုချက်မှာမူ ကောင်လွင်ရွာရှိ ၎င်းတို့၏ တပ်စခန်းကို တပ်မတော်ဘက်က ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး မံသာရွာနှင့် ဖြုတ်ကိုက် ရွှေမော်တို့တွင်မူ တပ်မတော်ဘက်က တပ်လှုပ်ရှားမှု ရှိလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့အပြီး အကျအဆုံး စာရင်းကို အတည်ပြုချက် မပေးခဲ့ပေ။
ယခုဖြစ်ပွားခဲ့သော နေရာသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီက ဖြစ်ပွားခဲ့သော တိုက်ပွဲဧရိယာအတွင်း ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ထိုဒေသတွင် တပ်မတော်၏ အထိုင်တပ်စခန်းများ ရှိနေသည့်နည်းတူ ကေအိုင်အေတပ်ရင်း ၁၂ လည်း ဖြန့်ကြက် လှုပ်ရှားလျက် ရှိနေပါသည်။
ယင်းဒေသခံ တစ်ဦးက ''ကလေးမလေးက ဘယ်သူ့သမီးမှန်း မသိဘူး။ သေတာကတော့ ဒဏ်ရာတွေနဲ့လို့ ပြောတယ်။ ရွာသားတွေ ၅၀၀ ကျော်က ကောင်လွင်နဲ့ ငါးမိုင်လောက်ဝေးတဲ့ စည်ခန်းကြီး ကျေးရွာကို ရောက်နေပြီ။ ဆောင်းတွင်းကြီးမှာ စားစရာ၊ ခြုံစရာ ဘာမှမပါလာတော့ ဒုက္ခရောက်နေတယ်။ ရွာသားတွေက မှည့်စပြုနေတဲ့ စပါးခင်းတွေ၊ ကျွဲနွားတွေ ဒီအတိုင်း ပစ်ချထားပြီး ပြေးလာတာ။ ရွာထဲမှာလည်း မိုင်းတွေထောင်တာ တွေ့တော့ မပြန်ရဲဘူး ဖြစ်နေတယ်'' ဟု ဗန်းမော်မြို့မှ ယင်းဒေသသို့ သွားရောက် ကူညီခဲ့သူ တစ်ဦးက ဆိုသည်။ လွန်ခဲ့သော ရက်ပိုင်း အတွင်းကလည်း ၎င်းဒေသအနီး မုန်ဒိန်းပါ ကျေးရွာမှ ဒုက္ခသည် ၃၀၀ ကျော်မှာ ဗန်းမော်ဒုက္ခသည် စခန်းသို့ ခိုလှုံရောက်ရှိခဲ့သည်။

မီတာခ တိုးမကောက်ရန် လွှတ်တော်ဆုံးဖြတ် – မေးမြန်းချက်

မီတာခ တိုးမကောက်ဖိုနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို ပြန်တင်ပြဖို့ ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထဲမှာ မလိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က မီတာခတွေ တိုးမကောက်ဖို့ အရေးကြီးအဆိုတင်တာကို လွှတ်တော်က အတည်ပြု လိုက်တာဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရှုံးနေတယ်လို့ ပြောနေပေမယ့် အမှန်တကယ်မှာ မရှုံးဘူးလို့ အဆိုရှင် ဦးအေးမောက်က ပြောပါတယ်။
အဆိုရှင် ဦးအေးမောက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီနေ့ အန်ကယ် ပြည်ထောင်စု လွှတ်တော်မှာ မီတာခ မတက်ဖို့ အရေးကြီးအဆိုတင် သွင်းတယ်လို့ ကြားပါတယ်။ ပြောပြပါဦး ခင်ဗျ။
“အဓိကကတော့ ကျနော်တို့က အချက်တွေ အကြောင်းပြတာကတော့ နံပါတ်တစ်က ဒီနေ့ နိုင်ငံတော် လျှပ်စစ်ဓာတ်အားရတာက ၃၀ ရာခိုင်နှုန်းလောက်ပဲရသေးတယ်။ တနိုင်ငံလုံးနဲ့ ခြုံကြည့်ရင် ၃၀ ရာခိုင်နှုန်းနဲ့ ၃၅ ရာခိုင်နှုန်းကြားလောက်ပဲ ရသေးတယ်။ နံပါတ်နှစ်က ပျောက်ဆုံး ယူနစ်တွေ များနေတယ်။ လွှဲမှားစွာ စီမံခန့်ခွဲမှုကြောင့်လည်း ပျောက်ဆုံးတယ်။ နောက်တခါ လူတွေရဲ့ မကျွမ်းကျင်မှုကြောင့်လည်း ပျောက်ဆုံးတာတွေရှိတယ်။ အဲဒါတွေဖြစ်နေတယ် ဒါတွေကိုလည်း ပြန်လေ့လာပေးပါ။ တကယ့်ပြည်သူအတွက်ကို တိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းဒေသကြီးတွေက လျှပ်စစ်မီးကို ၉၀ ရာခိုင်နှုန်းရတယ်။ ပြည်နယ်တွေမှာက ၁၀ ရာခိုင်နှုန်းလောက်ပဲရတယ်။ အဲဒါကို အချိုးညီအောင်လည်း ပြန်လုပ်ပေးဖို့။ နောက်တခါ ပြည်မနဲ့ ပြည်နယ်တွေ လျှပ်စစ် ၁ ယူနစ်ကို ဈေးနှုန်းကွာတဲ့ ကိစ္စ။ လျှပ်စစ် တယူနစ်ကို ပြည်နယ်တွေမှာက သုံးရာ လေးရာ ဖြစ်နေတယ်။ ပြည်တွင်းမှာက ၃၅ ကျပ်ဖြစ်နေတယ်။ ဒီဖြစ်နေတာတွေ ဈေးနှုန်းကို နိုင်ငံတကာမှာလိုပဲ အိန္ဒိယတို့ ဘာတို့လိုမှာပဲ။ တချို့ဟာတွေကို ဈေးယူသင့်တာကိုယူ ဥပမာ – ဇိမ်ခံလုပ်ငန်းတွေမှာ ဈေးယူ။ နောက် အိမ်တွင်း ထုတ်လုပ်မှုလုပ်ငန်းတွေကျရင် သင့်တင့်တဲ့ ဈေးနှုန်းတွေကို လျော့ယူပါဆိုပြီး အဲဒါမျိုးတွေလည်း ပြောလိုက်ပါတယ်ခင်ဗျ။”
အစိုးရက ဘာဆက်လုပ်ရမလဲခင်ဗျ။
“အစိုးရက သူတို့တင်ထားတဲ့ ဈေးနှုန်းတွေကို လျော့ချပေးဖို့ရန်အတွက် ပြန်လည် သုံးသပ်ပြီးတော့ အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်မှာ ပြန်တင်ပေးဖို့။ ပြည်ထောင်စုလွှတ်တော်မှာ မတင်ခင် ဆက်ကြား သူတို့လေ့လာသုံးသပ်နေတဲ့အချိန် ဆက်ကြားမှာလည်းပဲ ဈေးနှုန်း တိုးမြှင့်ခြင်းတွေကို ရပ်ဆိုင်းထားဖို့ တင်ပြလိုက်ပါတယ်ခင်ဗျ။”
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကကော ဘာများ ပြောသွားပါသလဲခင်ဗျ။
“လာဖြေတဲ့သူက ဒုဝန်ကြီးဖြစ်နေတော့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရဌာနကို ပြန်တင်ပြပြီးတော့ ဒါကို အချိန်မီ ကျနော်တို့ကို ပြန်လည်တင်ပြမယ်လို့ ပြောပါတယ်ခင်ဗျ။”
ဒီမီတာကတော့ လောလောဆယ် လွှတ်တော်က မတိုးနဲ့အုံး ရပ်ထားပေးပါလို့ ပြောလိုက်တဲ့ သဘောပေါ့။
“ဟုတ်တယ်။ မတိုးပါနဲ့အုံး။ ခင်ဗျားတို့ ဒါတွေကို ပြန်စိစစ်ပါ။ ခင်ဗျားတို့တတွေ သုံးတာ ဆွဲတာတွေကို ပြန်ကြည့်ပါ။ ဘယ်လိုမှ မရှုံးနိုင်ပါဘူး။ ကျနော်အဆိုကိုထောက်ခံတဲ့ လွှတ်တော် ကိုယ်စားလှယ်တယောက်က ထောက်ပြတယ်။ ဒီဘတ်ဂျက်စာအုပ်တွေ ကြည့်ရင် မနှစ်ကအထိ ရှုံးတယ်ဆိုတာ မရှိဘူး။ အမြတ်တွေချည်းပဲ ရှိတယ်ဆိုတာ ထောက်ပြလိုက်တယ်။ သူတို့က ၁၈၈ ဘီလျံလောက် ရှုံးနေလို့ တိုးရတာပါလို့ ပြောတာကိုး။ တကယ်တော့ အခုအချိန်အထိ မရှုံးသေးဘူး။”
ဝန်ကြီးဌာနတခုက မီတာခတွေ တိုးကောက်မယ်ဆိုရင် လွှတ်တော်ကိုတင်ပြီးမှ လုပ်ရတာ မဟုတ်လား၊ သူတို့သဘောနဲ့ သူတို့ တိုးကောက်လို့ရလား။ လုပ်ငန်းစဉ်က ဘယ်လိုရှိလဲ။
“လုပ်ငန်းစဉ်က အမှန်က အစိုးရအဖွဲ့က ဈေးနှုန်းတိုးမယ်ဆိုရင် အစိုးရအဖွဲ့က ဈေးနှုန်း လွှတ်တော်ကို တင်ပြပြီးမှ ဆောင်ရွက်ရမယ်။ မီတာနဲ့ ပတ်သက်လို့လည်း လွှတ်တော်စကာက တင်ပြတယ်၊ လွှတ်တော်က ပယ်ချလိုက်တယ်။”
လုပ်ထုံးလုပ်နည်း မှားနေတယ်လို့ ပြောလို့ရမလား။
“အမှန်တိုင်းဆိုရင် ၀န်ကြီးဌာနအနေနဲ့ လုပ်ထုံးလုပ်နည်း မှားတယ်လို့ ပြောလို့ရပါတယ်။”
ဒီနေ့အဆိုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။
“သူတို့က မီတာခ တိုးမြှင့်လိုက်တဲ့အတွက် အောက်ခြေ ပြည်သူမှာကတော့ ကောင်းကောင်း ခံစားသွားရတာပေါ့။ ပြည်သူတွေခံစားရတာကို လျစ်လျူရှုလုပ်တဲ့ သဘောမျိုးလည်း ပါတာပေါ့။ ဒါပေမယ့် သူတို့အဆိုမှာ သူတို့ပြောတာက အမျိုးမျိုး သူတို့ လေ့လာတယ်ပေါ့။ အစိုးရကလည်း ရှုံးနေလို့ပေါ့။ တကယ်တော့ အစိုးရက အခုထိ မရှုံးသေးဘူး။ ရှုံးတယ်ဆိုတဲ့ အလားအလာဖြစ်နေတာကလည်း ဥပမာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းအဖွဲ့ ဆိုပြီးလုပ်ထားတယ်။ လစာတွေ အများကြီး ယူထားတယ်။ အဖွဲ့ကြီးတဖွဲ့ဆိုပြီး သီးသန့်လုပ်ထားတယ်။ ပထမရည်ရွယ်ချက်က အစိုးရငွေတွေ မကုန်ဘဲ လုပ်မယ်ဆိုပြီး။ အခုလည်း အစိုးရကို မှီနေတာပဲ၊ ဒီစရိတ်တွေက တက်နေတာပေါ့။ ထို့နည်းတူစွာပဲ ပရောဂျက်တွေ လုပ်တယ်၊ အဲဒါတွေကို အသေအချာလုပ်မယ်ဆိုရင် ဒီထက်မက သက်သာနိုင်တယ်။”
“နောက်ပြီး လျှပ်စစ်ဓာတ်အားက ထုတ်လွှတ်တဲ့ လျှပ်စစ်တွေက နယ်မြေအနှံ့ ဖြန့်ပြီး ပေးဖို့ကတော့ သူတို့ ရင်းနှီးမြှုပ်နှံဖို့ လိုသေးတယ်။ ဒါကြောင့် ကျနော်တို့က စီမံကိန်းကျကျ၊ စီမံချက်နဲ့ လုပ်မယ်ဆိုရင် တဖြည်းဖြည်း ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါတယ်။”
by ရွှေအောင် (ဒီဗွီဘီ)
လျှပ်စစ်မီတာခ တိုးမြှင့်မည့်အစီအစဉ် ရပ်ဆိုင်းရေး လွှတ်တော်မှာဆွေးနွေး

လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြည်သူတွေက ကန့်ကွက်နေကြတာကြောင့် သက်ဆိုင်ရာဝန်ကြီိးဌာန၊ ပြည်ထောင်စု အစိုးရအနေနဲ့ အဲဒီအစီအစဉ် ခေတ္တရပ်ဆိုင်းထားပြီး လာမယ့် အစည်းအဝေးမှာ ပြန်လည်တင်ပြဖို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ မလှိုင်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်တင်ပြဖို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာပါ။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေနဲ့ လတ်တလော တိုးမြှင့်ကောက်ခံဖို့ထုတ်ပြန်ခဲ့တဲ့ လျှပ်စစ်မီတာခဈေးနှုန်းကို စိစစ်သုံးသပ်ပြီး ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်တင်ပြသွားမယ်လို့ ဒုတိယ၀န်ကြီး ဦးအောင်သန်ဦးက လွှတ်တော်မှာ အခုလိုပြောသွားပါတယ် ။
“၃ဝ ရာခိုင်နှုန်းသော ပြည်သူတွေအတွက်ကို စဉ်းစားပြီးတော့မှ သင့်တော်သောဈေးနှုန်းကို အကြိမ်ကြိမ်ဆွေးနွေးပြီးတော့မှ ပြင်ဆင်ဖို့ရာ တင်ပြရခြင်းဖြစ်ပါတယ်၊ သို့သော်လည်း ပြင်ဆင်ဖို့ ကြေညာတဲ့အပိုင်းမှာ လိုအပ်ချက်ကလေးများ၊ အချိန်ယူခြင်းများ အနည်းငယ် အားနည်းချက်ရှိသွားတဲ့အတွက် ကျနော်တို့ အဆိုတင်သွင်းတဲ့အတိုင်း ပြန်လည်တင်ပြသုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပါတယ်”
လျှပ်စစ်မီတာခံတိုးမြှင့်တဲ့အတွက် ဆန္ဒပြတဲ့သူတွေကို တရားမ၀င် စီတန်းလည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ( ၁၈ ) နဲ့ အရေးယူနေတာတွေဟာ ရေရှည်အတွက်မကောင်းသလို၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်က ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းကလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
RFA Burmese
လက်ပံတောင်းမှာ လယ်တီသိမ်တော် ၀င်ရောက်ခွင့်ပြဿနာ ပြေလည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်တော်ကို မနက်ဖြန်မှာ ၀င်ရောက်ဖူးမြော်ဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
အဲဒီလိုဝင်ရောက်ဖူးမြော်ခွင့်ကို မနက်ဖြန်တစ်ရက်တည်းအတွက် ခွင့်ပြုတာဖြစ်ပြီး တခြားရက်တွေမှာ ၀င်ရောက်ဖူးမြော်မယ်ဆိုရင်တော့ သက်ဆိုင်ရာအသီးသီးကို ခွင့်ပြုချက်တောင်းယူရမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသခံတွေနဲ့ ကြေးနီစီမံကိန်းအနီး မိုင်းမြို့ဦးကျောင်းတိုက်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့တယ်လို့ အလယ်တောရွာသူမစန္ဒာက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက လယ်တီသိမ်တော်ကို အာဏာပိုင်တွေက ဒေသခံတွေကို ၀င်ရောက်ခွင့်ပိတ်ထားတယ်လို့သိရသလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဟန်းသံဃာတချို့နဲ့ ဒေသခံတချို့ဟာ အခုလ၂ရက်နေ့ကစပြီိး ထိုင်သပိတ် ဆန္ဒပြနေကြနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့မှာ ဒေသခံတွေနဲ့ လာရောက်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
ထိုင်းမှာ ဆန္ဒပြပွဲတွေ အရှိန်မြှင့်တော့မည်

အဝေးရောက် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံကို ပြန်လာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပေဒ မူကြမ်းကို ကန့်ကွက် ဆန္ဒပြရာမှာ ဦးဆောင်နိုင်ဖို့ အတွက် ထိုင်း အတိုက်အခံ ခေါင်းဆောင် ၄ ဦးဟာ သူတို့ရဲ့ ပါတီကနေ နှုတ်ထွက် လိုက်ကြပြီ ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကို အခု သီတင်းပတ်အတွင်း အစိုးရရဲ့ ထောက်ခံချက်နဲ့ အတည်ပြုတော့မှာ ဖြစ်ပါတယ်။
လက်ရှိ အစိုးရကို ဦးဆောင်နေသူကတော့ သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ ယင်လက် ရှင်နာဝပ် ဖြစ်ပါတယ်။
ဒီလွတ်ငြိမ်းချမ်းသာခွင့် ဥပဒေဟာ ၂၀၀၆ ခုနှစ်က စစ်တပ်အာဏာသိမ်းကာ မစ္စတာ သက်ဆင်ကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံရေး မငြိမ်သက် ဖြစ်မှုတွေနဲ့ လမ်းပေါ်မှာ တိုက်ခိုက်မှုတွေ အတွင်း ပြစ်မှု ကျူးလွန်ခဲ့သူတွေ အတွက် ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချပြီးကတည်းက သူဟာ အဝေးရောက် အဖြစ် နေထိုင်နေသူ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
စင်္ကာပူရောက်မြန်မာတချို့ သခင်လှကြိုင်ကို ထောက်ပံ့မယ်

Facebook မှာ အများအပြား စိတ်ဝင်စားနေကြတဲ့ ပဲခူးမြို့က သခင်လှကြိုင်ကို စင်္ကာပူရောက် မြန်မာတချို့က ထောက်ပံ့လှူဒါန်းမယ်လို့ သိရပါတယ်။
စင်္ကာပူမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် နဲ့ အချက်အလက်တချို့ကို https://www.facebook.com/mgmoo00 ဖော်ပြထားပါတယ်။
သခင်လှကြိုင် အကြောင်းကို ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး ဆိုပြီး အွန်လိုင်းမှာ Facebook သုံးသူ မြန်မာပြည်သား ရာထောင်ချီက လက်ဆင့်ကမ်း ဖြန့်ဝေနေကြတာပါ။
မဖတ်ရသေးသူများအတွက် အပိုင်း ၃ ပိုင်းကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ ဦးကြည်လင်းရဲ့ Facebook မှာ ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆိုခဲ့သလိုပဲ ... နောက်ပိုင်းမှာ စာဖတ်သူ အများအပြားက ထပ်ဆင့် ဖြန့်နေကြတာဖြစ်ပါတယ်။
သခင်လှကြိုင် (၁)
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်ကို အင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။
မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။
မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။
မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။
မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။
မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။ မော်ကွန်းဝင်လက်မှတ်တွေ ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။
မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။
မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။

သခင်လှကြိုင် (၂)
မနေ့က ဆရာတစ်ယောက် facebook ပေါ်တင်သင့်တဲ့ သတင်းလေးတစ်ပုဒ် လမ်းစပေးလို့ တင်လိုက်တာ အလဇ္ဇိ ရဟန်းတွေ အကြောင်းချည်းဘဲ ကျနော်ရေးနေတာကို အပြစ်လို့မြင် (ကုသိုလ်အလုပ်မှန်းမသိ/အကုသိုလ်အလုပ်မှန်းမသိ) နေသူတွေရော။ အာဏာပိုင်တွေ လစ်ဟာချက်ကို စောင့်ကြည့်ပြောချင်ကြသူတွေရော၊ တိုင်းပြည်အတွက် တော်လှန်ရေးလုပ်သူတစ်ယောက် ဒီလိုဖြစ်တာ စိတ်မကောင်းဖြစ်သူတွေရော၊ တချို့ကျတော့ အချောင်ရလို့လုပ်တယ်ပေါ့။ ကော့မက် တွေတော်တော်တက်ပြီး စိတ်ဝင်စားတာတွေ့ရတဲ့ အတွက် သတင်း အပြည့်အစုံ အတိအကျ ဆက်လိုက်ဘို့စဉ်းစားမိပါတယ်။
ဒီလိုစဉ်းစားနေတုန်းမှာ ရန်ကုန် “ မဇ္ဇျိ မ”သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါ ဆိုပြီး ပဲခူးရောက်လာတာနဲ့ နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာ သွားကြည့်တော့ အဘက မရှိတော့ဘူး။
ဒါနဲ့ အဘနေတယ်ဆိုတဲ့ အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။
အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရ ရည်ရွယ်ချက်နဲ့) သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံး ငွေရတုပွဲ ဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်ထားလွှာ) တွေကို ထုတ်ပြပါတယ်။
၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့ပါတယ်။ ရွှေတိဂုံ ဘုရားခြေရင်းမှာ လုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံးငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီးဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အနောက်ခြမ်းတိုက်ပွဲမှာလည်း ပါခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စောက ထောက်ခံထားပါတယ်။
သခင်လှကြိုင်ဟာ တော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူးရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။
သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာ မိမိလုပ်အားနဲ့သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့ မကြိုးစား(သူ့အတွက်လဲ မလိုဘူးထင်ခဲ့ပုံရလို့) ခဲ့ပါဘူး။
အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့မဟုတ်ဘဲ (တချို့ ကွန်မက်ပေးသလို) သားသမီးမြေးတွေ အသုံးမကျ/အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။ မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့……. ကိုယ်တွေ့ မျက်မြင်သုံးသပ်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
သခင်လှကြိုင် (၃)
အဘဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့သိရပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။
သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။
အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ဘ၀ ရောက်နေပါတယ်။ မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစားလောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။
မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြရုံကလွဲပြီး (ငါ့မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေးတာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ကိုယ်တိုင်လဲငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင်လှကြိုင်ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေးတွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။
ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန်စရာဖြစ်အောင် (ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ သခင်လှကြိုင်ဟာ ခောတ်ရဲ့လိုအပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသား တစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူမသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ လွတ်မြောက်စေချင်တာလေး တစ်ခုတော့ ဖြစ်မိပါတော့တယ်…..။
ဧရာဝတီBlog