Pages

Sunday, March 16, 2014

ထားဝယ်အရှေ့ဘက် မေတ္တာမြို့နယ်က မြောင်းပြိုရွာက ဒုက္ခ

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အရှေ့ဘက် မိုင် ၃၀ လောက်အကွာမှာရှိတဲ့ မေတ္တာမြို့နယ်ထဲက ဟိန္ဒားချောင်းရေလျှံနေတဲ့ အတွက်ကြောင့် ချောင်းအနီးမှာရှိတဲ့ မြောင်းပြိုရွာ အပါအဝင် ချောင်းအနီးတစ်လျှောက်ရွာတွေမှာ ဒီလ ၂ ရက်နေ့ကစပြီး ရေဘေးကြုံနေရပါတယ်။ 

ရုတ်တရက် တိုးဝင်လာတဲ့ချောင်းရေတွေကြောင့် လူအသေအပျောက်မရှိပေမယ့် ချောင်းအနီးမှာနေထိုင်ကြတဲ့ ရွာခံတွေဟာ အိမ်တွင်းပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ရေထဲမျောပါဆုံးရှုံးခဲ့ရပါတယ်။ ဒေသခံများမှာ ကုန်းမြင့်ပေါ်မှာရှိတဲ့ စာသင် ကျောင်းနဲ့ အခြားအဆောက်အအုံများမှာခိုလှုံနေကြရပါတယ်။ ရေဘေးဒုက္ခသည်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြဖို့
 ညွှန်ကြားရုံမှတစ်ပါး စားဝတ်နေရေးအကူအညီဘာမှပေးတာမရှိပါဘူး။ 

ဟိန္ဒားချောင်း
  ဒေသခံတွေကတော့ ဒီချောင်းဟာ အစဉ်အဆက်နေလာခဲ့တာ ရေဘေးဒုက္ခကြုံတွေ့ရခြင်းမရှိပေမယ့် ချောင်းရဲ့ အထက်ဖက်မှာ ၁၉၉၈ ခုနှစ်ကတည်းက စတင်လုပ်ကိုင်နေတဲ့ MPC (မြန်မာပွန်ပီပက်) ဟိန္ဒား ခဲမဖြူ သတ္ထုတွင်းမြေဇာတွေ ချောင်းထဲ စွန့်ပစ် နေမှုကြောင့် ၂၀၁၀ ခုနှစ်ကနေစပြီး ဟိန္ဒားချောင်းတိမ်ကောလာပြီးနောက် နှစ်စဉ်မိုးကာလ အချိန်များမှာ ရေကြီးမှုနဲ့ ကြုံနေရတယ်လို့ဆိုကြပါတယ်။ အခုရေကြီးမှုနဲ့ ကြုံနေရတဲ့ ရွာတွေကိုလည်း MPC ကုမ္ပဏီက အစိုးရအဖွဲ့တွေလိုပဲ ဘာအကူအညီမှ မပေးပါဘူး။ 


ကုမ္ပဏီမန်နေဂျာ ဦးဂင်စွမ် က ရေတက်တဲ့အချိန်ဘေးလွတ်ရာမှာရှောင်နေကြပြီး၊ ရေကျချိန်မှ အိမ်ပြန်လာဖို့ ရေဘေး ဒုက္ခသည်တွေကို လာရောက် ပြောဆိုခဲ့ပါတယ်။ MPC သတ္ထုတွင်းက စွန့်ပစ်မြေဇာတွေနဲ့ အညစ်အကြေးရေတွေကို ပိတ်ထားတဲ့ တာတမံကလည်း ရေတိုက်စားတာကြောင့် ကျိုးပျက်သွားခဲ့ပြီး ချောင်းရေနဲ့အတူ စိုက်ခင်းတွေနဲ့ ရွာတွေထဲကို စီးဝင်လာပြီး နှုံးတွေဖုံးလွှမ်းကုန်တဲ့ အတွက် စိုက်ခင်းတွေပျက်စီးခဲ့သလို ရွာထဲမှာလည်း နှုံးတွေပို့ကုန်ပါတယ်။

 ဒီလိုသတ္ထုတွင်းက စွန့်ပစ်မြေများကို စည်းကမ်းမဲ့ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ကျန်းမာရေး အတွက် စိုးရိမ်စရာ အချက်တွေကို သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ပြောဆိုတာတွေ မပြုလုပ်ကြတဲ့ အတွက် ဒေသခံတွေအတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

ဝန်ကြီးလာစဉ်ကတော့ ပြောသွားပါတယ် '' ခင်ဗျားတို့တရားစွဲချင်ရင် စွဲပါ။ ဟိုကတော့ သူဌေး ဆိုတော့ တရားရုံးမှာ သွားထိုင်နေရုံပဲ။ ခင်ဗျားတို့က တရားရုံးကို ဘယ်နှခေါက်တက်နိုင်မှာမို့လဲ။ အခုဆုံးဖြတ်ပေးတာ မကျေနပ်ရင် တရားစွဲ " ဆိုလို့ ကျွန်မတို့ကတော့ ကျွန်မတို့ဒေသခံများရဲ့ လူမှုစီးပွားဆုံးရှုံးနစ်နာခဲ့ရမှုများအတွက် တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းပေးမှုမရှိလို့ တရားစွဲမှာပါ။ မြို့နယ်မှ လက်မခံရင် ခရိုင်၊ ခရိုင်မှ လက်မခံရင် တိုင်း၊ တိုင်းမှလက်မခံရင်၊ ပြည်ထောင်စုလွှတ်တော်၊ နောက်ဆုံးမရကောင်းဆုံး နိုင်ငံတကာတရားရုံးများအထိ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် MPC ကုမ္ပဏီကြောင့် များမကြာမီရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဒေသခံအဒေါ်ကြီးတစ်ဦးမှ ပြောပါသည်။
     မိုးရေကြောင့်မဟုတ်ဘဲ မြေစာများစည်းမဲ့ကမ်းမဲ့စွန့်ပစ်မှုကြောင့် ချောင်းရေလျှံမှုကြောင့်အခက်ခဲ
               မျိုးစုံကြုံနေရတဲ့ မြောင်းပြိုရွာကလေး

သတင်းနှင့်ဓာတ်ပုံ-ရာဇာစိုး