ဆရာ ဦးဝင်းတင် ကွယ်လွန်ပြီ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကနဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဟောင်း ဆရာဦးဝင်တင်ဟာ ဒီနေ့ တနင်္လာနေ့မနက် ၆ နာရီခွဲက ရန်ကုန်ဆေးရုံကြီး မှာ ကွယ်လွန်သွားပါပြီ။ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ဆရာ ဦးဝင်းတင် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး စစ်အစိုးရက သူ့ကိုနိုင်ငံရေးလှုပ်ရှားမှု အတွက် ၁၉၈၉ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အထိ ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။
နောက်ဆုံးကွယ်လွန်ချိန်အထိ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့သူ ဆရာ ဦးဝင်းတင် က RFA လွတ်လပ်တဲ့အာရှအသံ ကို သီးသန့်ပြောဆိုခဲ့တဲ့ “ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်း ကိုလျှောက်ခြင်း” ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ အစီအစဉ်ကို ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂ဝ၁၂ ဇူလိုင်လအထိ အပတ်စဉ်ထုတ်လွှင့်ခဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။
ဆရာဦးဝင်းတင်နဲ့ မြန်မာ့အရေးလှုပ်ရှားသူတစ်ဦး ဆက်သွယ်ပြောဆိုဆွေးနွေးတဲ့ “ဦးဝင်းတင်နဲ့စကားပြောခြင်း” အစီအစဉ်ကို RFA က အပတ်စဉ်ထုတ်လွှင့်ခဲ့သလို မျက်မှောက်ရေးရာတွေကို ဝေဖန်ပြောဆိုနေတဲ့ “ဦးဝင်းတင်ရဲ့ခေတ်စကား” အစီအစဉ်ကိုလည်း ပြီးခဲ့တဲ့ မတ်လ ဆရာဦးဝင်းတင် ဆေးရုံတက်ချိန်အထိ RFA ကအပတ်စဉ် တင်ဆက်ခဲ့ပါတယ်။
RFA Burmese
===================================================
ဟံသာဝတီ ဦးဝင်းတင်ရုပ်အလောင်းကို ရေဝေးသုသန်သို့ သယ်ဆောင်
ရန်ကုန်-ဧပြီ၂၁
ယနေ့နံနက်က ကွယ်လွန်ခဲ့သော NLD ပါတီမှသတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဈာပနကို သုံးရက်ထားမည်ဟုသိရပြီး အသေးစိတ်သတင်းအချက်အလက်ကို NLD ဦးတင်ဦးမှထုတ်ပြန်ပေးသွားမညိဟုသိရသည်။
ယခုဟံသာဝတီ ဦးဝင်းတင်ရုပ်အလောင်းကို ရန်ကုန်ဆေးရြုံ့ကီးရေခဲတိုက်မှ ရေဝေးသုသန်သို့ သယ်ဆောင်သွားပြီဖြစ်သည်။ဓါတ်ပုံ-ဖိုးလပြည့်
Popular Myanmar News Journal
=============================================
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတဲ့ သတင်း ကို အခုလို အသိအမှတ်ပြုပြီး ကြေညာသွားပါတယ်။
အခု သတင်းကို MRTV က ဦးဝင်းတင်ရဲ့ နာရေး သတင်းကို ဧပြီလ ၂၀ ရက်နေ့စွဲ နဲ့ ယူကျုလင့်မှာ တင်ထားတာဖြစ်ပြီး သတင်းရွတ်ဆိုရာမှာတော့ ဧပြီလ ၂၁ ရက်နေ့ မနက်က ဆုံးပါးသွားတာဖြစ်တယ် လို့ ကြေညာပါတယ်။
===============================================
ဦးဝင်းတင်နေအိမ်နဲ့ သတင်းမေးသူများ
ဦးဝင်းတင် ကွယ်လွန်တဲ့ သတင်းကြောင့် သူ့မိတ်ဆွေ နဲ့ သူ့ကို လေးစား ချစ်ခင်သူ အများအပြားက ဒီကနေ့ သူ့အိမ်ကို သွားရောက် သတင်းမေးကြပါတယ်။
. (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
ကာလအတန်ကြာ သူ နေထိုင်ခဲ့တဲ့ အဲဒီအိမ်က ရန်ကင်းမြို့နယ်မှာ ရှိပါတယ်။ သူ့ရဲ့ စာနယ်ဇင်းလောက မိတ်ဆွေတဦးရဲ့အိမ်ပါ။
ဦးဝင်းတင်ကို အမြဲ တွေ့ခဲ့ရတာကတော့ ပုံထဲက အိမ်မကြီးရဲ့ ရှေ့ဘက် အိမ်ငယ်လေးထဲမှာပါ။ ခြံထဲ ဝင်ဝင်ချင်း ညာဘက်က အိမ်ငယ်လေး ဖြစ်ပါတယ်။ အဲဒီအိမ်လေးထဲမှာပဲ နေထိုင်၊ အဆက်မပြတ် ရောက်လာတတ်တဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံခဲ့တာပါ။
ဒီမနက် သတင်းမေးကြသူ အများအပြားက ရန်ကုန်ဆေးရုံကြီး၊ ယုဒဿန်ရိပ်သာ၊ NLD ရုံးချုပ်၊ ရေဝေးသုဿန် တို့ကိုလည်း သွားကြပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဦးဝင်းတင် ဒီမနက် ကွယ်လွန်ခဲ့တာဖြစ်ပြီး ရုပ်ကလာပ်က ရေဝေး ရောက်သွားပါပြီ။ ၀မ်းနည်းခြင်းမှတ်တမ်းရေးနိုင်ကြဖို့အတွက် ရန်ကုန်က ပြည်လမ်း ယုဒသန်ခမ်းမ နဲ့ NLD ရုံးချုပ်တို့မှာ စီစဉ်ထားပါတယ်။
ဧရာဝတီ .