Pages

Tuesday, June 17, 2014

နစ်မြုပ်တောင်ကိုရီးယားသင်္ဘော တာဝန်ရှိသူများကို ဒုတိယအကြိမ် ရုံးထုတ်


နစ်မြုပ်သင်္ဘော ကပ္ပတိန်
ပြီးခဲ့တဲ့ ဧပြီလက တောင်ကိုရီးယားသင်္ဘော နစ်မြှုပ်ခဲ့မှုမှာ တာဝန်ရှိတဲ့သူတွေကို ဒုတိယအကြိမ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ကြပါတယ်။

သင်္ဘောဝန်ထမ်းတွေကို သင်္ဘောနစ်မြှုပ် ခဲ့တဲ့နေရာ နဲ့ အနီးဆုံးက မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ကြ တာ ဖြစ်ပါတယ်။

ကျောင်းသူ နဲ့ ကျောင်းသားတွေ အများစုပါဝင်တဲ့ လူ ၃၀၀ ကျော် ရေနစ်သေ ဆုံးခဲ့မှုအတွက် တာဝန်အရှိဆုံးဖြစ်တဲ့ သင်္ဘောကပ္ပတိန်နဲ့ ၃ ဦးကို အများဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

သင်္ဘောကို စွန့်ခွာခဲ့မှုနဲ့ ၂ ဦးကတော့ တသက်တကျွန်း ကျနိုင်ပြီး ကျန် ၉ ဦးကတော့ ထောင်ဒဏ်တွေ ကျခံနိုင်တယ်လို့ ဆိုပါတယ်။

ကျောင်းသူနဲ့ ကျောင်းသားတွေဟာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး သင်္ဘောထဲမှာပဲ စောင့်နေချိန်မှာ သင်္ဘောကပ္ပတိန်အပါအ၀င် တာဝန်ရှိသူတွေဟာ ကိုယ်လွတ်ရုန်းခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိသားစုဝင်တွေလည်း တရားရုံးကို တက်ရောက်ခဲ့ကြပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်စုစုပေါင်း ၄၇၆ ဦးအနက် ၁၇၂ ဦးကိုပဲ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သူတွေအားလုံး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
DVB