Pages

Sunday, June 22, 2014

မွေးနေ့မှာ လူမြင်ကွင်း ထပ်ထွက်လာတဲ့ မစ္စယင်လတ်

 Sunday, June 22, 2014
အသက် ၄၇ နှစ် ပြည့် မွေးနေ့ ရှင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင့်လတ်ရှင်နာဝပ် ကတော့ သားဖြစ်သူနဲ့ အတူ ဘန်ကောက်မြို့က ၀ပ်ဘန့်သောင်လန် ဘုန်းတော်ကြီး ကျောင်းမှာ ကံနိမ့်နေတာတွေ အဆုံးသတ် သွားစေဖို့ ကုသိုလ် ကောင်းမှုတွေ လုပ်ရင်း မွေးနေ့ပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။  ဒါဟာ ထိုင်း နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဒုတိယမြောက် လူမြင်ကွင်းကို ထွက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ 




ထိုင်းနိုင်ငံ နိုင်ငံရေးမှာ ဘယ်လို ရှိမယ်ဆိုတာ မြန်မာနိုင်ငံက အီးတီအပါအဝင် ထိုင်း နိုင်ငံက နာမည် အကြားမမြင်သမား တဦးကလည်း သက်ဆင်နဲ့ ညီမဖြစ်သူ မစ္စ ယင်လတ်တို့ ကံနိမ့်နေတဲ့အတွက် ယတြာတွေ ခြေဖို့ ဟောပြော မိန့်ကြားမှုတွေ လုပ်ခဲ့ပါတယ်။

 ထိုင်း လူမှုကွန်ရက်ဖေ့စ်ဘုတ်တွေမှာတော့ အခြေခံ လူတန်းစားတွေအပါအဝင် လူများစုက ချစ်ခင်တဲ့ မစ္စယင်လတ်ဟာ ဝန်ကြီးချုပ် မဟုတ်တော့ပေမယ့်လည်း Celebrity တဦးဖြစ်လာနေတာကတော့ အသေအချာပါဘဲ။ 

သူနဲ့ တွဲပြီး အရွယ်ပေါင်းစုံက ဓာတ်ပုံရိုက်ကာ ဖေ့စ်ဘုတ်အပါအဝင် လူမှုကွန်ရက်တွေမှာ လူတွေက တင်ပြီး ဖြန့်နေကြပါတယ်။ 

ဧရာဝတီ