Pages

Sunday, June 22, 2014

သမ္မတရုံး အကြံပေး ဦးအံ့မောင် အဂတိလိုက်စားမှုနဲ့ အဖမ်းခံရ

unaintmg-305
နိုင်ငံတော်သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို တွေ့ရစဉ်
Photo: RFA
 နိုင်ငံတော်သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို အဂတိ လိုက်စားမှုနဲ့ မနေ့ညက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ အမှုကိစ္စနဲ့ ဆက်စပ်နေ တယ်လို့လည်း သိရပါတယ်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့ညက အဂတိလိုက်စားမှုနဲ့ ဖမ်းဆီး လိုက်တာဖြစ်ပြီး အခု လောလောဆယ်မှာ ရမည်းသင်း အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အဲ့ဒီအဂတိလိုက်စားမှုနဲ့  ပတ်သက်ပြီး အဖမ်းခံထားရသူ ၉ ဦးရှိပြီး နောက်ကွယ်က ပါဝင်သူအားလုံးကို အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
RFA