Pages

Sunday, July 20, 2014

မန္တလေးအခြေစိုက်သတင်းသမားများ ဆန္ဒထုတ်ဖေါ်၍ လူထုဟစ်တိုင်ကွင်းကို ဖွင့်လှစ်

 

ဇူလိုင် -၂၀ ။

 အစိုးရအနေဖြင့် မီဒီယာနှင့် သတင်းသမားများအာ ဖိနှိပ်ခြင်းများအား ကန့်ကွက်ဆန္ဒထုတ်ဖေါ်ခြင်းကို မနောရမ္မံ ဥယျာဉ်အနီး လူထုဟစ်တိုင်တွင် ဇူလိုင် ၂၀ -ရက်နေ့၊နံနက် ၁၀နာရီမှ ၁၁-နာရီထိ ဆန္ဒထုတ်ဖေါ် ခဲ့ကြရာ သတင်းမီဒီယာသမား ၄၀-ခန့် က ယင်းလူထုဟစ်တိုင်တွင် ပထမဆုံးလူစု၍ ဆန္ဒထုတ်ဖေါ်ပွဲဖြစ်လာ ကြောင်းသိရသည်။

လူထုဟစ်တိုင်သည် မဟာအောင်မြေမြို့နယ်၊လမ်း ၄၀×၄၂ လမ်းကြား၊ မနောရမ္မံဥယျာဉ်အနီးတွင်ရှိ၍ သတင်းမီဒီယာများသည် မီဒီယာဖိနှိပ်မှုရပ် စာသားပါ တီရှပ်အဖြူရောင်များဝတ်ဆင်ပြီး၊ကင်မရာများမြေသို့ချ၍ လက်နှင့်ခြေထောက် တို့ကို သံချိုးခြည်ထားကာ အစိုးရ၏သတင်းမီဒီယာ များအပေါ် ဖိနှပ်မှုများကို ကန့်ကွက် ကြောင်းဆန္ဒထုတ် ဖေါ်ကြခြင်းဖြစ်သည်။

" ခုလို ရန်ကုန်၊မန္တလေး၊ပြည်၊ပဲခူး မြို့တွေမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆန္ဒထုတ်ေ ဖ်ါကြတဲ့ ရလဒ်ကိုခန့်မှန်းလို့ တော မရဘူး။်တရားရုံးက ချမှတ်တာတွေ ကို ဝေဖန်ထောက်ပြခဲ့တာ။မန္တလေးမှာ တရားဝင်ဆန္ဒထုတ် ဖေါ်ခဲ့ တာပဲ။ပြည်သူ့ ဆန္ဒ-လွှတ်တော်ကဖေါ်ဆောင်မယ်ဆိုရင် လွှတ်တော်မှာဆွေးနွေး နိုင်မယ်၊ တင်ပြသွားနိုင်မယ်လို့ မျှော်လင့်ရတာပဲ။" ဟု ၀ါရင့်သတင်းမီဒီယာသမား တစ်ဦးဖြစ်သည့် ကိုမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။

သတင်းမီဒီယာသမားများအပေါ် ချမှတ်သည့် ပြစ်ဒဏ်များ၊အရေးယူမှုများသည် မီဒီယာအား ဖိနှိပ်မှုအသွင် ဆောင်နေခြင်းကြောင့် မန္တလေးအခြေစိုက် သတင်း မီဒီယာသမားများက တရားဝင်ခွင့်ပြုချက်ရယူကာ ယင်းကဲ့ သို့ဆန္ဒထုတ်ဖေါ်မှု ကို ပြုလုပ်ခြင်းသည် တရားဥပဒေအား လိုက်နာလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။

အေတီကေ။
Mandalay News Agency
https://www.facebook.com/mandalay.newsagency