Pages

Sunday, July 20, 2014

ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး

 
ရန်ကုန်၊ ဇူလိုင် ၂၀

၁၉.၇.၂၀၁၄ ရက်နေ့ ၂၃၀၀ အချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ ဓနိမိုး၊ ထရံကာ နေအိမ်(၃၈)လုံး ပျက်စီးခဲ့ပါသည်။

ထိုသို့ လေဆင်နှာမောင်း တိုက်ခတ်စဉ် သောင်ခုံကျေးရွာနေ ဒေါ်အေး၊ (၅၉)နှစ်မှာ သွေးခုန်နှုန်း မမှန် ခြင်း၊ နှာခေါင်းသွေး လျှံခြင်းများ ဖြစ်ခဲ့သဖြင့် ကော့မှူးမြို့နယ်၊ ၀ါးဘလောက်သောက်တိုက်နယ်ဆေးရုံ သို့ တင်ပို့ကုသစဉ် ၂၀.၇.၂၀၁၄ ရက်နေ့ ၀၁၂၀ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၎င်းကျေးရွာသို့ တာဝန်ရှိသူများရောက်ရှိပြီး နေအိမ်များပျက်စီးခဲ့သည့် မိသားစုဝင် များအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ယာယီပြောင်းရွှေ့နေရာချထားပေးကာ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police