Pages

Sunday, July 6, 2014

ချင်းမိုင် တရားမဝင်အလုပ်သမားတွေကို ဆက်လက် ဖမ်းဆီးမည်

ချင်းမိုင်မြို့အပါအဝင် ထိုင်းနိုင်ငံ အထက်ပိုင်းဒေသတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအ လုပ်သမား
တွေ အပါအဝင် တရားမဝင် အလုပ်သမားတွေကို စစ်ဆေး ဖမ်းဆီးမည်ဟု ထိုင်းရှေ့နေတစ်ဦး၏ ပြောကြား ချက် အရသိရသည်။ 


 မြန်မာအလုပ်သမားတချို့၊ ဓာတ်ပုံ- ဧရာဝတီ

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် အလုပ်လုပ် ကိုင်နိုင် ဖို့်အတွက် ယာယီ အလုပ်သမားမှတ်ပုံတင်( ဘတ်) တွေကို စမွတ်စခွန် (မဟာချိုင်) မှာ ထုတ်လုပ်ပေး
နေတဲ့ အချိန် ထိုင်းနိုင်ငံရဲ့ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ချင်းမိုင်၊ ချင်းရိုင်း စတဲ့ဒေသတွေမှာလည်း ယာယီ အလုပ်သမားလက်မှတ် ထုတ်ပေးဖို့ အတွက် စီစစ်တဲ့အနေနဲ့ စာရွက်စာတမ်း အထောက်အထား မပြည့်စုံ ပါက ဥပဒေအရ ဖမ်းဆီးမည် ဖြစ်ပါသည်။ 

အခုလို တရားမဝင်အလုပ်သမားတွေကို စီစစ်ရာမှာ လွန်ခဲ့တဲ့ လပိုင်းတွေလို စစ်တပ်က ပါဝင်မှာမဟုတ်ဘဲ သက်ဆိုင်ရာ လဝက အပါအဝင် နယ်မြေခံ ရဲတွေက စီစစ်မှာ ဖြစ်တယ် လို့ ဒီလအစောပိုင်း ဇူလိုင် ၄ ရက်
နေ့ က ပြုလုပ်ခဲ့တဲ့ အလုပ်သမားရေးရာ အစည်း အဝေးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 


ငြိမ်းဇော် ~ဧရာဝတီ