Pages

Sunday, July 6, 2014

ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ သေချာသွားတဲ့ ၄ သင်း

ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ကွားတား ဖိုင်နယ်ပွဲစဉ်တခုဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယမ် အသင်းတို့ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အာဂျင်တီးနားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။




ပထမပိုင်း ပွဲစပြီး ၈ မိနစ်မှာပဲ ဟီဂူးရင် သွင်းယူလိုက်တဲ့ ဂိုးနဲ့ပဲ အာဂျင်တီးနား အနိုင်ရသွားခဲ့တာပါ။ 
ဒါကြောင့် အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ 

အာဂျင်တီးနားက မက်ဆီလည်း အတင်းလူကပ်ခံထားရလို့ ခြေစွမ်းပြဖို့ လွတ်လပ်မှု မရှိခဲ့တာ တွေ့ရပါ တယ်။ ဒီအပြင် မကြာခဏဆိုသလိုပဲ မက်ဆီက လူချခံရတာတွေရှိခဲ့ပြီး မက်ဆီရဲ့ ဖရီးကစ်တချို့လည်း ဂိုးလွဲတာ ရှိသလို ဘယ်လ်ဂျီယမ်အသင်း ဂိုးသမားက ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။ 

ဘယ်လ်ဂျီယမ်အသင်းကတော့ ခြေပဂိုး ပြန်ရရေး အသည်းအသန်ကြိုးစားပေမယ့် ဂိုးကံခေပြီး ကန်ချက်
တွေ လွဲတာ၊ ခေါင်းတိုက်ဘော လွဲချော်တာတွေ ရှိခဲ့ပြီး နောက်ဆုံး အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။ 

ကွာတာ ဖိုင်နယ် နောက်ပွဲစဉ်ဖြစ်တဲ့  နယ်သာလန်နဲ့ ကောစတာရီကာတို့ဟာလည်း ကစားချိန် မိနစ် ၉၀ ပြည့်သွားတဲ့အထိ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်လ်တီအဆုံးအဖြတ်ယူခဲ့ရာ နယ်သာလန် က ကော့စတာ ရီကာကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် နယ်သာလန်က ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါပြီ။

အခုဆိုရင် ကမ္ဘာ့ဖလား မှာ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် ဘရာဇီးနဲ့ ဂျာမနီ၊ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ အသင်း ၄ သင်းသာပဲ ကျန်ရှိပါတော့တယ်။ 

ဒီနှစ်အတွက် ကမ္ဘာ့ဖလားကို ဘယ်သူ ဆွတ်ခူးရရှိမယ်ဆိုတာ လာမယ့် ဇူလိုင် ၂၃ ရက်နေ့ မှာ သေချာ
ပေါက် သိရပါတော့မယ်။ 



အိမ့်သံစဉ် ~ ဧရာဝတီ