Pages

Sunday, September 7, 2014

ကြားဖြတ်ရွေးကောက်ပွဲ ဘာလို့ မကျင်းပတော့တာလဲ

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီ ၃၀ ကျော်နဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့မနက်က တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ နည်းဥပဒေအသစ်တွေ ပြင်ဆင်ပြဋ္ဌာန်းဖို့အတွက် ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တာလို့ ဥက္ကဋ္ဌ ဦးတင်အေးက ဆိုပါတယ်။
“လွှတ်တော်များတွင် ဆွေးနွေးဆုံးဖြတ်ချက် များအရ မကြာမီ အချိန်ကာလအတွင်း သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများအား အသစ်ပြင်ဆင်ပြဋ္ဌာန်းမှုများ ရှိလာနိုင်ပြီး ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း နည်းဥပဒေ အသစ်များ ပြုစုရေးဆွဲ ထုတ်ပြန်ရန် ရှိနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
၂၀၁၅ မှာလည်း အထွေထွေရွေးကောက်ပွဲ ရှိနေတယ်။ အခုလည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုရင် ပါတီများ အနေနဲ့ တစ်နှစ်အတွင်း ရွေးကောက်ပွဲနှစ်ကြိမ် ယှဉ်ပြိုင်ရမှာဖြစ်လို့ ငွေကုန်လူပန်း ဖြစ်လာမယ်လို့လည်း ဦးတင်အေးက ပြောဆိုပါတယ်။
နယ်မြေအေးချမ်းမှု မရှိတဲ့ ဒေသတွေနဲ့ အစိုးရအဖွဲ့ဝင်ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စား လှယ်တွေရဲ့ လစ်လပ်မဲဆန္ဒနယ် ၃၅ ခုမှာ လာမယ့် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
The Voice