Pages

Saturday, November 8, 2014

အဆိုတော် လွှတ်တော်ကိုယ်စားလှယ် ဇေယျာသော် စေ့စပ်ပြီ


အဆိုတော် ဇေယျာသော်၊  လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်က   မသင်းဂျူလိုင်ကျော်နဲ့ စနေနေ့မနက်မှာ  စေ့စပ်ကြောင်းလမ်းလိုက်တဲ့အတွက် သူတို့ရဲ့ မိတ်ဆွေများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖေ့စ်ဘုတ်မှာ ရေးနေကြပါတယ်။

ကိုဖြိုးဇေယျာသော်က သူ့ရဲ့ ရွေးကောက်ပွဲမဲဆွယ်စဉ်ဖြန့်ဝေတဲ့ လက်ကမ်းကြော်ငြာမှာ ဖော်ပြထားချက်အရ ဆိုရင် အသက် ၃၃ နှစ် ရှိပါပြီ။

မသင်းဂျူလိုင်ကျော်က အသက် ၃၁ နှစ် ရှိပြီိလို့ ယူဆရပါတယ်။  အသက်က မတိမ်းမယိမ်းတွေလို့ ဆိုရပါမယ်။

သူတို့နှစ်ယောက်စလုံး နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။

 Kyaw Min Yu (Jimmy)   ဖေ့စ်ဘုတ်စာမျက်နှာ
မှာ တွေ့ရတဲ့ ဓာတ်ပုံများကို ကူးယူ ဖော်ပြလိုက်ပါတယ်။

စည်သူလင်း- ဧရာဝတီ