Pages

Sunday, December 28, 2014

ဆိုးရွားသည့်ရာသီဥတုကြောင့် အဲအေးရှားလေယာဉ် လမ်းကြောင်းပြောင်းခွင့် လှမ်းတောင်းခဲ့

 
အင်ဒိုနီးရှားကနေ စင်ကာပူကို ပျံသန်းလာတဲ့ အဲအေးရှား လေကြောင်း လိုင်းပိုင် လေယာဉ်အမှတ် QZ8501 ပျောက်ဆုံး နေပါတယ်။

လေယာဉ်ဟာ အဆက်အသွယ်မပြတ်ခင်က ရာသီဥတုဆိုးရွားလို့ လမ်းကြောင်းပြောင်းခွင့် လှမ်းတောင်းခဲ့သေးတယ်လို့ လေကြောင်းလိုင်းက  ပြောပါတယ်။  လေယာဉ်ဟာ အင်ဒိုနီးရှားပိုင်နက် ဘေလင်တန်ကျွန်းနဲ့ ကလီမန်တန်ကျွန်းကြားမှာ အဆက်အသွယ် ပြတ်ခဲ့တာလို့ ယုံကြည်ရပါတယ်။

စီစီတီဗီသတင်းဌာနကတော့ ဘေလင်တန်ကျွန်းရဲ့ အရှေ့ဘက်မှာ လေယာဉ်အပျက်အစီး တွေကို တွေ့တယ်လို့ အစီရင်ခံပြီး လေကြောင်းလိုင်းကတော့ အတည်မပြုသေးပါဘူး။

ကလီမန်တန်နဲ့ ဘေလန်တန်ကျွန်းပေါ်က တန်ဂျင်ပဒံမြို့ကြားမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အင်ဒိုနီးရှား လေကြောင်း သယ်ယူပို့ဆောင်ရေး ညွှန်ချုပ်က AFP သတင်းဌာနကို ပြောပါတယ်။

အမေရိကန် အခြေစိုက် မိုးလေဝသအဖွဲ့ကြီး Accuweather ကတော့ ပျောက်ဆုံးလေယာဉ် ပျံသန်းတဲ့ လမ်းတလျှောက် မုန်တိုင်းအပြည့်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

By ဒီဗွီဘီ