Pages

Saturday, May 17, 2014

အွန်လိုင်းမှာ ခေတ်စားနေတဲ့ ၂ ရွာကြားက ပလပ်မြေ (ဗွီဒီယို)

အခုတလော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မြန်မာဗွီဒီယို ဇာတ်ကား တခုပါ။ နာမည်က ၂ ရွာကြားက လို့ ခေါ်ပြီး လက်ရှိ ခေတ်ကို ထင်ဟတ်တဲ့ အနုပညာတင်စားချက်ပါ။ 



နာမည်က နှစ်ရွာကြားက ပလပ်မြေ လို့ ခေါ်ပြီး မြန်မာအစိုးရ အာဏာပိုင်းတွေရဲ့ အာဏာအလွဲ သုံးစား
ပြုလုပ်ပြီး အကျင့်ပျက်ခြစားမှုတွေ၊ ခရိုနီတွေနဲ့ ပေါက်ဖော်ကြီး တရုတ်တို့ က မြန်မာပြည်မှာ ဘယ်လို လုပ်စားခြယ်လှယ်နေကြလည်းဆိုတဲ့ အကြောင်းကို ဒီဇာတ်ကားက မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ 


 ခန့်စည်သူ၊ အိချောပို တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ သန့်ဇင်အောင် က ရိုက်ကူး တင်ဆက် ထားတာပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စရိုက်တွေကို တင်ပြထားတဲ့ တင်ပြချက်ပါ။ ခံစားကြည့်ပါ။ 



ဧရာဝတီ

ရေနံချက်စက်ရုံထောက်ခံ လက်မှတ်ကိစ္စ ကာယကံရှင်၏ဆန္ဒပါမပါ ကန့်ကွက်သူများ စုံစမ်းမည်

Displaying 1) Tin Lwin  (1).JPG
 ဧပြီလ ၂၉ ရက်နေ့  ရေနံချက်စက်ရုံ ကန့်ကွက်ဆန္ဒပြမှု မြင်ကွင်း

ဓာတ်ပုံ - တင့်လွင်/Dawei Watch
၊Dawei Watch၊ထားဝယ်၊ မေ ၁၇
လောင်းလုံးရေနံချက်စက်ရုံကို ထောက်ခံသူများက စက်ရုံကိုလိုလားကြောင်း နိုင်ငံတော်သမ္မတနှင့် 
သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဒေသခံများ၏ လက်မှတ်နှင့်တကွ ပူးတွဲတင်ပြရာတွင် အကြောင်းအရင်း မသိရဘဲ လက်မှတ်ထိုးပေးလိုက်ရသူများရှိသောကြောင့် ကာယကံရှင်များ
 ဆန္ဒအရ ထိုးပေးထားသည့် လက်မှတ်များ ဟုတ်မဟုတ်ကို စုံစမ်းသွားမည်ဖြစ်ကြောင်း 
စီမံကိန်းကန့်ကွက်သည့် ဒေသခံများက ပြောသည်။
ရေနံချက်စက်ရုံကို အလိုရှိသူများက ဦးဆောင်၍ စီမံကိန်း အနီးအနားရှိ ကျေးရွာများ 
အပါအဝင် လောင်းလုံးမြို့ပေါ်ဒေသများရှိ ဒေသခံများ၏ လက်မှတ်ပေါင်း 
၁၃၇၀ ဖြင့် နိုင်ငံတော်သမ္မတထံသို့ ရေနံချက်စက်ရုံစီမံကိန်းကို ထောက်ခံကြောင်းကို မေလ ၁၆ ရက်နေ့က တင်ပြထားသည့်စာတွင် စစ်ပြဲကျေးရွာအုပ်စု အရှေ့ဘက်ကာကျေးရွာမှ အိမ် ၇ အိမ်က
 အကြောင်းအရင်း မသိရဘဲ လက်မှတ်ထိုးပေးလိုက်ရသည်ဟု ယင်းဒေသခံများက ပြောသည်။
“လက်မှတ်ထိုးပေးပါလို့ ပြောတယ်။ အရင်လိုပဲ မင်းငွေ(အစိုးရ စိုက်ပျိုးစရိတ်ချေးငွေ)ကိစ္စထင်လို့ 
လက်မှတ်ထိုးပေးလိုက်တယ်။ ဘာအတွက်လဲလို့ ပြန်မေးမှ ရေနံချက်စက်ရုံ ထောက်ခံတဲ့ကိစ္စလို့ ပြောတာ။ 
အဲဒါဆို ဖျက်ပေးလို့ပြောတော့ ထိုးပြီးသား ပြန်ဖျက်လို့ မရတော့ဘူးလို့ ပြောတော့ ဘာမှလုပ်လို့ 
မရတော့ဘူး”ဟု အရှေ့ဖက်ကာ ကျေးရွာမှ ဒေါ်သန်းပိုက ပြောသည်။

စီမံကိန်းဒေသအနီးကျေးရွာများဖြစ်သည့် ဂေါ့အင်း၊ ရင်းဘုတ် ကျေးရွာများက ဒေသခံအချို့ကမူ ၎င်းတို့ကျေးရွာများတွင် လက်မှတ်ထိုးခိုင်းသည့်ကိစ္စကို မသိရှိကြောင်း၊ သို့သော် အောက်ရေဖြူကျေးရွာတွင် လက်မှတ်များ လိုက်လံစုဆောင်းနေသည်ဟု သတင်းကြားသည်ဟု ဆိုသည်။
“အခုက အဲဒီရွာတစ်ရွာတည်းပဲ ရှိသေးတယ်။ ကျန်တဲ့ရွာတွေမှာလည်း ဒီလိုပဲလားဆိုတာ 
ဆက်စုံစမ်းရဦးမယ်”ဟု အောက်ရေဖြူကျေးရွာမှ စီမံကိန်း ကန့်ကွက်သူ ဦးမောင်မောင်အေးက ပြောသည်။
မိမိတို့သည် ရေနံချက်စက်ရုံတွင် 
အစုရှယ်ယာဝင်ထားသူများမဟုတ်ဘဲ ရေနံချက်စက်ရုံ၏ ကောင်းကျိုးများကို သိရှိခြင်းကြောင့် 
ယင်းစက်ရုံစီမံကိန်းအား လိုလားသူများထံတွင်သာ လက်မှတ်များ ကောက်ယူခြင်းဖြစ်ကြောင်း သမ္မတထံ 
စာတင်ရန်အတွက် ဦးဆောင်စီစဉ်သူ ဦးအောင်စိန်က တုန့်ပြန်ပြောဆိုသည်။

“အဲဒါက ကောလဟာလတွေဖြစ်ဖို့ များပါတယ်။ လက်မှတ်စုဆောင်းတဲ့အခါမှာ သမ္မတဆီတင်မယ့် 
 စာကို ပြတယ်။ ပြီးရင် ရှင်းပြတယ်။ ပြီးမှ လက်မှတ်ထိုးခိုင်းတာပါ။ အတင်းအဓမ္မ မထိုးခိုင်းပါဘူး”ဟု 
ဦးအောင်စိန်က ပြောသည်။
ရေနံချက်စက်ရုံကို အလိုရှိကြောင်း နိုင်ငံတော် သမ္မတထံသို့တင်ပြသည့် စာတွင် 
စီမံကိန်းအနီးကျေးရွာများဖြစ်သည့် ညင်းမော်၊ လေးသွန်းခံ၊ စစ်ပြဲ၊ ရင်းဘုတ်၊ ကညုံကျွန်း၊ 
ကထောင်းနီ၊ အောက်ရေဖြူ၊ ဂေါ့အင်း တို့အပြင် လောင်းလုံးမြို့ပေါ်နှင့် 
မြို့ဟောင်းကျေးရွာတို့မှ ဒေသခံများ၏ လက်မှတ် ၁၃၇၀ ခန့်ပါရှိကြောင်း သိရသည်။

Dawei Watch



ရှုံးနိမ့်သူ Manmohan Singh ၀န်ကြီးချူပ်ရုံးက ထွက်ခွါပြီ

ရွေးကောက်ခံ ဝန်ကြီးချုပ်အသစ် Narendra Modi တာဝန်ထမ်းဆောင်ရန် နယူးဒေလီမြို့သို့ ရောက်လာစဉ်။ (မေ ၁၇၊ ၂၀၁၄)
ရွေးကောက်ခံ ဝန်ကြီးချုပ်အသစ် Narendra Modi တာဝန်ထမ်းဆောင်ရန် နယူးဒေလီမြို့သို့ ရောက်လာစဉ်။ (မေ ၁၇၊ ၂၀၁၄)
အိန္ဒိယနိုင်ငံက လွှတ်တော်ရွေးကောက်ပွဲတွေမှာ လက်ရှိအာဏာရ India အမျိုးသား ကွန်ဂရက်ပါတီ ရှုံးနိမ့်သွားပြီးတဲ့နောက်မှာ ရာထူး လက်လွှတ်ပေးရတဲ့ ဝန်ကြီးချုပ် Manmohan Singh သူ့ရဲ့ရုံးခန်းကနေ ဖယ်ပေးသွားခဲ့ပါပြီ။

မဲအပြတ်အသတ်နဲ့အနိုင်ရဖို့ အတိုက်အခံ ဘာရာတီးယား - ဂျနာတာ (Bharatiya Janata) BJP ပါတီကို မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်ကို အားလုံးက အလေးထားရမယ်လို့ Mr. Singh က ဒီနေ့ ခပ်တိုတိုပဲ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် အများကြီး ပိုအားကောင်းခိုင်မာနေပါပြီလို့လည်း သူက ပြောသွားပါတယ်။

သူ့ရဲ့ ကွန်ဂရက်ပါတီဟာ နိုင်ငံကို ၁၀ နှစ်တာ အုပ်ချုပ်လာခဲ့ပြီး ထိပ်တန်းအရာရှိတွေရဲ့ အဂတိလိုက်စားမှုတွေ၊ ငွေကြေး တော်တော် ဖောင်းပွမှု နဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ နောက်ကျ ကျန်ခဲ့တာတို့နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒီနေ့ စနေနေ့မှာပဲ နယူးဒေလီမြို့တော်ကို ရောက်လာခဲ့တဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံ Mr. Narendra Modi ကိုတော့ သူ့ကို ထောက်ခံသူတွေက အလံတွေဝှေ့ယမ်းပြီး ကြိုဆိုခဲ့ပါတယ်။ သူက ၂၀၀၁ ခုနှစ်ထဲကနေ သူအုပ်ချုပ်လာခဲ့တဲ့  အနောက် Gujarat ပြည်နယ်ကနေ နယူးဒေလီမြို့တော်ကို Mr. Modi ရောက်ရှိလာတာပါ။ သူ့ရဲ့ BJP ပါတီ က နှစ်ပေါင်း ၃၀ အတွင်း တပါတီထဲက မဲအများဆုံးနဲ့ အနိုင်ရပြီးတဲ့နောက်မှာ ၅ နှစ်တာ တာဝန်တွေထမ်းဆောင်ဖို့ Mr. Modi ပြင်ဆင်နေပါပြီ။

အတိုက်အခံအဖြစ် အကြာကြီးရှိနေခဲ့တဲ့ Mr. Modi ဟာ သူ့ကို ထောက်ခံသူတွေကို သောကြာနေ့က မိန့်ခွန်းပြောတော့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ပြန်ကောင်းလာအောင် လုပ်ပေးပါမယ်၊ နိုင်ငံသားတိုင်းကို တယောက်မကျန် လက်တွဲခေါ်သွားမှာ ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ Barack Obama ကလည်း ဝန်ကြီးချုပ်သစ်ကို သောကြာနေ့က ဖုံးဆက်ပြီး Washington မြို့တော်ကိုလာခဲ့ဖို့ ဖိတ်ကြားသွားပါတယ်။ 
VOA

ဖွဲ့စည်းပုံပြင်ဆင်ရေးလူထုပွဲ ရန်ကုန်မြို့မှာ ခြိမ့်ခြိမ့်သဲ


ရန်ကုန်၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုကို အသိပေးဟောပြောပွဲကျင်းပစဉ်။ (မေ ၁၇၊ ၂၀၁၄)


အများက ပြင်ဆင်ဖို့လိုလားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သမ္မတ ဦသိန်းစိန်ကိုယ်တိုင်က ပြင်ဖို့ လိုလားဟန်မရှိဘူး၊ တပ်မတော်သားတွေ အနေနဲ့လည်း တခြားပြည်သူ ပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေးရနေတာဟာ တကယ်ဝမ်းသာစရာဟုတ်ရဲ့လားဆိုတာကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့ပါတယ်။ ရန်ကုန် ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကလည်း ၂၀၀၈ အခြေခံ ဥပဒေရေးဆွဲချိန်က ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်ခဲ့တယ်ဆိုတဲ့အချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်ပြောတဲ့ မိန့်ခွန်းတွေထဲက စကားလုံးအသုံးအနှုန်းတွေကို အခြေခံမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုံးဝ မလိုလားဘူးဆိုတာ အထင်အရှားတွေ့နိုင်တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ မှာ အခုလို ပြောဆိုသွားခဲ့တာပါ။

“ပြည်သူတွေကို တစ်ခုတော့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ မတ်လ ၂၆ ရက်နေ့တုန်းက လွှတ်တော်ထဲမှာ သမ္မတကြီးဦးသိန်းစိန် ပြောသွားတဲ့မိန့်ခွန်းကို လေ့လာကြပါ။ လေ့လာရမယ်- ဒါ ပြည်သူတွေရဲ့တာဝန်၊ လေ့လာမှ အကြောင်းသိမှာ။ အဲဒီအထဲမှာ ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီးတော့ တည်စေချင်တဲ့သဘောတရားတွေ ပါတယ်လို့ ကျမက မြင်ပါတယ်။”

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ လက်ရှိပြည်ထောင်စု လွှတ်တော်အတွင်းကပဲ ပြင်ဆင်ဖို့ သူမအနေနဲ့ ဆန္ဒရှိပြီးတော့ ပြည်သူတွေကလည်းဒီ လမ်းကြောင်းပေါ်က လိုက်ပါကြဖို့ကိုလည်း ဒီကနေ့ အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

“လွှတ်တော်အတွင်းက ပြင်စေချင်တယ်လို့ ပြောတာ တကယ်ဆိုလို့ရှိရင် ဒီလွှတ်တော်ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပါပဲ။ သို့သော်ငြားလည်း ကျမတို့က ဘယ်လိုမှ တဖက်စောင်းနင်း မစဉ်းစားဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုက ဘာလဲဆိုတော့ မတူညီတဲ့သဘောတရားတွေ ရှိလို့ရှိရင် ဆွေးနွေးပြီးတော့ ညှိနှိုင်းနိုင်တဲ့အရည်အချင်းတွေ ကျမတို့ မွေးထုတ်ရမယ်။ လွှတ်တော်အတွင်းကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဝိုင်းဝန်းပြီးတော့ ကျမတို့ကို ကူညီပေးစေချင်တယ်။ ထောက်ခံပေးစေချင်တယ်။”

တစ်ချိန်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့နေရာမှာ အဓိကသော့ချက် ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ အချက်မှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍဟာ သာမန်လူတွေထက် အခွင့်အရေးပိုရသလို ဖြစ်နေတဲ့အတွက် စစ်တပ်အနေနဲ့ လက်နက်အင်အားနဲ့ အသားစီး မယူဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဒီလိုပဲ ပြောရမှာပဲ၊ ရှင်းရှင်းလင်းလင်းဆိုရင်- ဘာဖြစ်လို့လဲဆိုတော့ ဒီ ၄၃၆ အရဆိုလို့ရှိရင် တပ်မတော်သားတွေရဲ့ သဘောတူညီချက်မရှိဘဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အဓိကပုဒ်မတွေကို ကျမတို့က ပြင်လို့မရဘူး။ တပ်မတော်သားတွေကို ကျမ မေတ္တာရပ်ခံချင်ပါတယ်။ စဉ်းစားကြည့်ပါ၊ တခြားပြည်သူပြည်သားတွေထက် ပိုပြီးတော့ အခွင့်အရေး ရနေတာဟာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကိုယ့်ဘေးကလူတွေထက် ကိုယ်ကနေပြီးတော့ - လက်နက်အာဏာကြောင့် - နောက်ဆုံး ကျမ ဒီလို မပြောချင်ပေမယ့်လည်း စစ်တပ်များရဲ့အဓိကအင်အားဟာ လက်နက်ပါပဲ၊ လက်နက်အာဏာကြောင့်မို့လို့ အထူးအခွင့်အရေး ရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လား၊ ကိုယ့်အတွက်ကောင်းရဲ့လားဆိုတာ ကျမ အများကြီး စဉ်းစားစေချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မလုပ်ဆောင်ခင်တုန်းက သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက၊ အတိုက်အခံခေါင်းဆောင်တို့ ၄ ပွင့် ဆိုင် ဆွေးနွေးကြဖို့ တောင်းဆိုမှုကိုလည်း အာဏာပိုင်တွေဘက်က ပယ်ချခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း တက်ရောက် ဟောပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းပြည် အုပ်ချုပ်သူတွေနဲ့ စနစ်အမှားကြောင့် နိမ့်ပါးနေလို့ မြန်မာတွေဟာ ကျွန်မဟုတ်ဘဲ သခင် ဆိုတာ ကမ္ဘာ့အလယ်မှာ ပြနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး အားလုံးပါဝင်ကြပါလို့ ကိုမင်းကိုနိုင်ကလည်း တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့လူမျိုးဟာ သယံဇာတ ကြွယ်ဝပါလျှက်နဲ့၊ လူတွေမှာ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားပါလျှက်နဲ့ စနစ်မကောင်းလို့၊ အုပ်ချုပ်ခဲ့တဲ့သူတွေရဲ့ အမှားအယွင်းကြောင့် ဒီနေ့ အနိမ့်ပါးဆုံးရောက်နေတယ်ဆိုတာကို ကျနော်တို့ ကိုယ်တိုင်သိတယ်။ ဒါကြောင့် ကျနော်တို့ဟာ ရုပ်ဝတ္ထုတွေအရ နိမ့်ပါးနေပေမယ့် စိတ်ဓာတ်ရေးရာမှာတော့ ဘယ်တော့မှ ကျွန်မခံဘူး၊ သခင်စိတ်၊ သခင်မာန်နဲ့ သခင်တို့ရဲ့အလံ၊ ဟောဒီမှာ တိုက်ပွဲဝင် အမျိုးသား ခွပ်ဒေါင်းအလံနဲ့ ကဒေါင်းအလံ နှစ်လက်ကို တပြိုင်တည်း လွှင့်ထူရင်း ကျွန်မဟုတ်တဲ့ သခင်တွေအဖြစ် ပြကြပါလို့ တိုက်တွန်းရင်း နှုတ်ဆက်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ဒီကနေ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲကို လူပေါင်း ၅ သောင်းနီးပါး ဗိုလ်စိန်မှန် ကွင်းလုံးပြည့် တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ မနက်ဖန်မှာတော့ မန္တလေးမြို့က အောင်ပင်လယ်ကွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲကိုလည်း အဖွဲ့ချုပ် နဲ့ NLD ပေါင်းပြီးဟောပြောမှာ ဖြစ်ပါတယ်ခင်ဗျာ။ 
အောင်ရဲမောင်မောင် VOA

လာအို ကာကွယ်ရေးဝန်ကြီး လေယာဉ်ပျက်သေဆုံး

Xiang Khouang ပြည်နယ်၊ Nadee ရွာနားမှာ ပျက်ကျသွားတဲ့ လာအို အစိုးရထိပ်တန်းအရာရှိတွေ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပျက်အပိုင်းအစ။ (မေ ၁၇၊ ၂၀၁၄)
လာအို အဆင့်မြင့်အရာရှိကြီးတွေ အပါအ၀င် လူ ၂၀ လောက် လိုက်ပါသွားတဲ့ လာအို စစ်တပ်လေယာဉ်တစင်း နိုင်ငံ့မြောက်ပိုင်းမှာ စနေနေ့ အစောပိုင်းက ပျက်ကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ လာအို ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ် Douangchay Phichit သေဆုံးသွားကြောင်းလည်း အတည်ပြုပါတယ်။ မြို့တော် Vientiane ရဲ့ မြို့တော်ဝန်လည်း လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး သေဆုံးခဲ့တယ်လို့ VOA လာအိုဌာနက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း အနည်းဆုံး လူ ၃ ဦးလောက် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ တချို့သတင်းတွေက ပြောပေမယ်လို့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပါသေးတယ်။

အရာရှိတွေနဲ့ တခြားလူတွေ လိုက်ပါစီးနင်းလာတဲ့ ရုရှားလုပ် Antonov AN 74-300 လေယာဉ်ဟာ အရင် လာအို ဘုရင့်တပ်ဖွဲ့တွေဆီကနေ အရိုးအိုးများလွင်ပြင်ဒေသ လွတ်မြောက်ခဲ့တဲ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်ဖို့ သွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

Friday, May 16, 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့်သြဂုတ်မှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားမည်


ရန်ကုန်မြို့တွင် မေ ၁၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကို တွေ့ရစဉ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့် သြဂုတ်လမှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောကြားသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ပတ်သက်၍ စမ်းသပ်စီမံချက်ကို မြို့နယ်သုံးမြို့နယ်တွင် စတင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေ ၁၅ ရက်က ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးတွင် အဖွင့်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
အဆိုပါစမ်းသပ်စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ်ရှိ ၀ိုင်း မော်မြို့နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမီ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်အဆိုပါ စမ်းသပ်စစ်တမ်းကို အခြေခံပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်း စမ်းသပ်အစီအစဉ်နှင့် ပတ်သက်ပြီး မေ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မည်သည့် မြို့များတွင် မည်ကဲ့သို့ ကူညီနိုင်မှုများ ပြုလုပ်သွားနိုင်မည် ဆိုသည်ကို ဆွေးနွေးသွားရန် ရှိကြောင်းလည်း ဦးဝင်းကြည်က ပြောကြားသည်။
“Pilot Project က အတွေ့အကြုံတွေကို အခြေခံပြီး အခုနှစ်သြဂုတ်လကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးအောင်ကောက်ပါ့မယ်။ ရှစ်လလို့ မှန်းထားပါတယ်။ မျှော်မှန်းတဲ့အတိုင်း ပြည့်စုံမယ်ဆိုရင် ရှစ်လဆိုရင် အခြေခံမဲစာရင်း ရပါလိမ့်မယ်။ အခြေခံ မဲစာရင်းရပြီးရင် သုံးလတစ်ခါဖြစ်စေ၊ လေးလတစ်ခါဖြစ်စေ၊ ခြောက်လတစ်ခါဖြစ်စေ အမြဲတမ်း Update လုပ်သွားရင် ၂၀၁၅ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာတာနဲ့ တစ်ပြိုင်နက်မဲစာရင်းကို ကြိုပြီးကပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
မဲစာရင်းကိုကြိုပြီး စောစောကပ်နိုင်သည့်အတွက် မဲစာရင်းတွင် မပါသေးသည့်သူများ၊ မပါသင့်သည့်သူများကို ၀ိုင်းဝန်းကန့်ကွက် နိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အားကိုယူသကဲ့သို့ နိုင်ငံရေးပါတီများ၏ အားကိုလည်း ယူသွားမည်ဖြစ်ကြောင်း ဦးဝင်းကြည်က ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲဆန္ဒရှင်စာရင်းကို ကြိုတင်ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်သည်အထိ စောဒကတက်ခြင်းမျိုး များရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းပြည့်ပြည့်စုံစုံ ဖြစ်ရေးမှာ ကော်မရှင်တွင် လုံးဝနီးပါး တာဝန်ရှိသော်လည်း မဲပေးပိုင်ခွင့်ရှိသူများကလည်း စာရင်းပါမပါ သွားကြည့်ထားသင့်ကြောင်း၊ ယင်းအတွက် အသိပညာပေးခြင်းကို အရပ်ဘက် အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီများက ပြုလုပ်ပေးရန်လိုကြောင်း ဦးဝင်းကြည်က ပြောကြားသည်။
မဲစာရင်းပြုစုရာတွင် အခြေခံမဲစာရင်း ပြုစုခြင်း၊ မဲစာရင်းကြေညာခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အတည်ပြုမဲစာရင်း ပြုစုခြင်းဆိုသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံမဲစာရင်း စတင်ပြုစုစဉ်ကတည်းက Computerized (ကွန်ပျူတာဖြင့် ထိန်းချုပ်) လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များကို မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် CSOs အဖွဲ့အစည်း ဖြစ်သည့် ငြိမ်းအေးရှေ့ဆောင် အဖွဲ့လည်း ပါဝင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသများတွင်ရှိသည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း မဲဆန္ဒရှင်များ အသိပညာပေးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး အကြံဥာဏ်ပေးစေ လိုကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
၂၀၁၀ ပြည့်နှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင်ပြုလုပ်ခဲ့ပြီး၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း နှစ်ကုန်ပိုင်းခန့်မှသာ ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
 Eleven Media Group

ဝေဖန်မှုများရှိနေသည့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်မူကြမ်းအပေါ် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှု မပြီးပြတ်ခဲ့ဘဲ အကြံပြုစာများ ပေးပို့ရန် ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

May 16, 2014
မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်ကဲ့သို့ ဝေဖန်ခံရသည့် အချက်များစွာ ရှိနေသည့် ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် မူကြမ်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများနှင့် မေ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မပြီးပြတ်ခဲ့ဘဲ အကြံပြုချက်များ ပေးပို့သွားရန် နိုင်ငံရေးပါတီများကို ပြောကြားခဲ့သည်။
“ကျွန်တော်က စေတနာနဲ့ လုပ်လိုက်တာပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်က ဒိုင်ပါပဲ။ ခင်ဗျားတို့တွေ သဘောတူရင် ကြိုက်ရာလုပ်။ သို့ပေမယ့် တချို့ဟာလေးတွေက ကျွန်တော်ချုပ်ချုပ်ထားတာရှိတယ်။ ချုပ်ချုပ်ထားတာ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု မရှိမှာတို့၊ တရားဥပဒေနဲ့ မညီမှာတို့ ဒီလိုတွေ ဖြစ်မှာစိုးလို့သာ ချုပ်ထားတာ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်ချင်ရာ လုပ်မယ်ဆိုရင် ကျွန်တော်က ပိုသဘောကျပါတယ်။ သို့သော်လည်းပဲ သဘောကျပေမယ့် ကျွန်တော် ခွင့်မပြုပါဘူး” ဟု ၎င်းကဆိုသည်။
ယခု ညွှန်ကြားချက်ကို မကြာမီထုတ်ရမည် ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို စမ်းသွားမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲပေါ် မူတည်ပြီး ၂၀၁၅ ခုနှစ် ပြန်ပြင်သင့်ပါက ပြန်ပြင်သွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မလိုအပ်ဘဲ ဥပဒေမထုတ်ပါ ကြောင်းလည်း ၎င်းက ပြောကြားသည်။
“ဥပဒေတွေ ထုတ်တယ်။ ဥပဒေကို တင်းတင်းကျပ်ကျပ် မကိုင်ဘူး။ မကိုင်တော့ လူတွေကဘာဖြစ်လဲ။ ဥပဒေဆိုတာ ချိုးဖောက်လို့ရပါလားဆိုတဲ့ ဟာကြီးက ၀င်သွားတယ်။ ကျွန်တော်ကတော့မရဘူး။ ကျွန်တော် ဒီလိုမဖြစ်ချင်ပါဘူး။ မလိုရင်လည်း မထုတ်ပါဘူး။ ထုတ်ရင်လည်း လိုက်နာစေချင်ပါတယ်။ မလိုက်နာရင်လည်း ထိုက်သင့်တဲ့ အရေးယူမှု ကျွန်တော်လုပ်ပါ့မယ်။ ဒီလိုလုပ်တယ်ဆိုတာ ကျွန်တော်က အာဏာရှင် မဟုတ်ပါဘူး။ ခင်ဗျားတို့ကို တိုင်ပင်မှာပါ။ ခင်ဗျားတို့က လုပ်လို့ရှိရင် ကျွန်တော်က ဆွေးနွေးမှာပါ။ ဒါတော့ မလုပ်သင့်ဘူးထင်တယ်။ ဘာတော့ လုပ်ချင်တယ်ဆိုရင် ကျွန်တော်ခွင့်ပြုနိုင်ရင် ခွင့်ပြုပါမယ်” ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။
ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ညွှန်ကြားချက်ပါ အချက်များကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ဥပဒေကြောင်းအရသာ ပြောကြားသွားရန်ရှိကြောင်း ပြောကြားသည်။
“အခွင့်အာဏာ မပေးထားဘူး။ ဘယ်ဥပဒေမှာမှ။ မဲဆွယ်စည်းရုံးခြင်းကို ကန့်သတ်ဖို့။ အဲဒါကြောင့် အဲဒါမထုတ်နိုင်ဘူး။ ထုတ်ရင် ဥပဒေနဲ့ မညီဘူး။ ဒါ တစ်ချက်။ ဒုတိယ တစ်ချက်က တကယ်လို့ ထုတ်ခဲ့ရင် ကိုယ့်ကို မပေးထားတဲ့ အာဏာကို ကိုယ့်ဟာကိုယ် ညွှန်ကြားချက် ဥပဒေထုတ်တယ်။ အဲဒါက ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းကို ၀င်ရောက်စွက်ဖက်ရာ ရောက်တယ်။ အန်ကယ် ဒီနှစ်ချက်ကို တင်ထားတယ်” ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများမှ ကန့်ကွက်ခဲ့သော ညွှန်ကြားချက်ပါ မူကြမ်းပါအချက်များမှာ မဲဆွယ်စည်းရုံးခွင့် ကာလရက် သတ်မှတ်ချက်အား တိုးမြှင့်ပေးရန်၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့် နေရာတွင် စုဝေးဟောပြောခြင်း၊ လှည့်လည်ဟောပြောခြင်းစသည့် မဲဆွယ်စည်းရုံးမှုများအစား ကော်မရှင်ထံသို့ ကြိုတင်အသိပေး အကြောင်းကြားခြင်းသို့ ပြောင်းလဲပေးရန် စသည်တို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group

မော်ကျွန်းမှာ လယ်သမား ၃ဝဝ ကျော် တရားရင်ဆိုင်နေရ

 
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်း မြို့နယ်အတွင်း ကျေးရွာပေါင်း တစ်ရာကျော် လောက်က သိမ်းဆည်း ခံထားရတဲ့ လယ်မြေ ဧကပေါင်း ၆၀၀၀ လောက်ရှိနေပြီး လက်ရှိ ပိုင်နက်ကျူးလွန်မှု တွေနဲ့ တရား ရင်ဆိုင်နေရတဲ့ လယ်သမား ၃၀၀ ရှိတယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂက ဒီနေ့ ပြောပါတယ်။

အဲဒီ လယ်ယာမြေ ပြဿနာတွေနဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူ လယ်သမားတွေ အရေးကို မဖြေရှင်း ပေးရင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဆင့်ဆင့်ကို တရားစွဲသွားမယ်လို့ မြန်မာနိုင်ငံတောင်သူ လယ်သမား သမဂ္ဂတာဝန်ခံ မစုစုနွေးက ပြောပါတယ်။

"မြေစာရင်းကနေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို လွဲချပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက မြေစာရင်းကိုလွှဲချလိုက်နဲ့၊ အခုလယ်သမားတွေကိုလည်း လယ်ယာမြေသိမ်းဆည်းထားတာ မရှိပါဘူးဆိုပြီးလိမ်လိုက် အဲဒီအပေါ်မှာ ဥပဒေကြောင်းအရ ကျမတို့ပြည်သူတွေက အရေးယူတရားစွဲဆိုခွင့် မရှိဘူးလား ကျမတို့က တရားစွဲလို့ရှိရင် ပြည်သူ့ဝန်ထမ်းတွေက သူတို့ဝန်ထမ်းရဲ့ ကျင့်ထုံးနဲ့အညီ ဆောင်ရွက်ထားခြင်းမရှိတာကိုလည်း ကျမတို့ဘက်က လုပ်ပိုင်ခွင့်တွေ မရှိဘူးလားဆိုပြီး ကျမတို့မေးပြီးတော့  မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအနေနဲ့ သိမ်းဆည်းခံ တောင်သူလယ်သမားတွေကို သက်သေအနောက်ကနေ လိုက်ခိုင်းပြီးတော့ ကျမတို့စွဲမယ်"
ဒီနေ့ မော်လမြိုင်ကျွန်းမြို့ မြို့နယ်တောင်သူလယ်သမား သမဂ္ဂရုံးမှာ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လယ်သိမ်းခံထားရတဲ့ ဒေသခံလယ်သမား တစ်ရာလောက်နဲ့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လယ်ယာမြေပြဿနာတွေကို ၂ ပတ်အတွင်း မဖြေရှင်းပေးဘူးဆိုရင် မော်ကျွန်းမြို့နယ် လယ်သမား တွေ စုပေါင်းပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရရုံးစိုက်တဲ့ ပုသိမ်မြို့အထိ လမ်းလျှောက်ချီတက်ကြမယ်လို့လည်း ပြောပါတယ်။

RFA Burmese

ထားဝယ်စီးပွားရေးလုပ်ငန်းအချို့ လုပ်ငန်းသုံး ဆော့ဖ်ဝဲ ၀ယ်ယူအသုံးပြုရန် စိတ်ဝင်စားလာ


|Dawei Watch| ထားဝယ်၊ မေ ၁၅
စီးပွားရေးလုပ်ငန်းများကို ပိုမိုအထောက်အကူပြုနိုင်ရန်အတွက် ထားဝယ်စီးပွားရေး လုပ်ငန်းရှင်အချို့က ၎င်းတို့၏ လုပ်ငန်းများအတွက် သီးသန့်ရေးဆွဲထားသည့် ဆော့ဖ်ဝဲများကို ၀ယ်ယူအသုံးပြုရန် စိတ်ဝင်စားလာကြောင်း ထားဝယ်မြို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက သိရသည်။
MIT (Myanmar Information Technology )မှ မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ထားဝယ်မြို့ မြစိမ်းခန်းမတွင်  ပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲအပြီးအတွင် ထားဝယ်စီးပွားရေး လုပ်ငန်းရှင် ၁၀ ဦးက ၎င်းတို့၏ လုပ်ငန်းများတွင် အသုံးပြုမည့် ဆော့ဖ်ဝဲများကို ၀ယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်
MIT မှ ဆော့ဖ်ဝဲများကို ၅၀ရာခိုင်နှုန်း ဈေးနှုန်းလျော့ကာ ရောင်းချပေးမည်ဟု ပြောဆိုပြီးနောက် ထားဝယ်မြို့ရှိ  ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ကုန်မာနှင့် ကုန်စုံဆိုင်လုပ်ငန်း ၊ မုန့်တိုက်လုပ်ငန်း၊ အထူးကုဆေးခန်းနှင့် သတ္တုတူးဖော်သည့် ကုမ္ပဏီတို့မှ စီးပွားရေးလုပ်ငန်းရှင်များက ဆော့ဖ်ဝဲများကို အသုံးပြုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဆော့ဖ်ဝဲနဲ့အသုံးပြုရင် လုပ်ငန်းပိုမိုအထောက်အပြုလိမ့်မယ် ယူဆထားလို့ ၀ယ်ယူအသုံးပြုဖို့ ကမ်းလှမ်းထားတယ်” ဟု ဇေယျာထက်စံဟိုတယ်မှ မန်နေဂျာ ဦးအောင်စိုးဦးက ဆိုသည်။
ဆော့ဖ် ၀ဲဝယ်ယူပြီးလျှင် လုပ်ငန်းရှင်များ အသုံးပြုမည့် ကွန်ပြူတာထဲသို့ ဆော့ဖ်ဝဲထည့်ပေးကာ လေ့ကျင့် သင်ကြားပေး မည်ဖြစ်ပြီး အသုံးပြုရာ၌ အခက်အခဲ တစ်စုံတစ်ရာ တွေ့ပါက ကုမ္ပဏီဖက်မှ ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း MITကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ရှင်းပြသည်။
ထားဝယ်တွင် စီးပွားရေးလုပ်ငန်း ၅ ခုဝန်းကျင်သာ လုပ်ငန်းအတွက် သီးသန့်ရေးဆွဲထားသည့် ဆော့ဖ်ဝဲကို အသုံးပြုလျက်ရှိသည်ဟု သိရသည်။
Dawei Watch

လောင်းလုံးရေနံချက်စက်ရုံ ထောက်ခံအုပ်စု သမ္မတထံ စာတင်မည်


၊Dawei Watch ၊ထားဝယ်၊ မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက်စက်ရုံကို ထောက်ခံသူများက မေလ နောက်ဆုံးအပတ်တွင် နိုင်ငံတော်သမ္မတထံ ရေနံချက်စက်ရုံကို အလိုရှိသည်ဟု တင်ပြသွားမည်ဖြစ်ကြောင်း ရေနံချက် စက်ရုံထောက်ခံသည့် ဒေသခံများက ပြောသည်။
ဧပြီလ ၂၉ ရက်နေ့က ယင်းရေနံချက်စက်ရုံကို ဆန့်ကျင်သည့် စီမံကိန်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၇ရွာမှ ဒေသခံများက ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နှစ်ပတ်ကျော်အကြာတွင် ယင်းသို့ ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။
ယင်းသို့ ကန့်ကွက်သူများရှိသကဲ့သို့ ထောက်ခံသူများလည်းရှိသည်ကို နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ သိရှိစေလို၍ စီမံကိန်းကို အလိုရှိသည့် ဒေသခံများ၏ လက်မှတ်များစုဆောင်းကာ တင်ပြရန် စီစဉ်ခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။
“ကန့်ကွက်သူတွေ ပြတဲ့ အင်အားထက် လူအင်အားပိုများအောင် ဆန္ဒပြလို့ ရပါတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ ငြိမ်းချမ်းစွာနဲ့ စာတင်ဖို့ စီစဉ်ဖြစ်တာပါ” ဟု ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သူ ဂေါ့အင်းကျေးရွာမှ ဦးအောင်စိန်က ပြောသည်။
ယင်းသို့ ရေနံချက်စက်ရုံ အလိုရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ၂၀၁၃ ခုနစ် စက်တင်ဘာလက တရုတ်နိုင်ငံရှိ လော့ရန် ရေနံချက် စက်ရုံသို့ သွားရောက်လေ့လာခဲ့သူအချို့အပါအ၀င် စီမံကိန်းအလိုရှိသည့် ဒေသခံများမှ ဦးဆောင်စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
ရေနံချက်စက်ရုံ အလိုရှိကြောင်းတင်ပြရန် မေလ ၄ ရက်နေ့မှ စတင်၍ လက်မှတ်များစုဆောင်းခဲ့ရာ စီမံကိန်းအနီး ကျေးရွာများဖြစ်သည့် လေးသွန်းခံ၊ စစ်ပြဲ၊ ရင်းဘုတ်၊ ကညုံကျွန်း၊ ကထောင်းနီ၊ အောက်ရေဖြူ၊ ဂေါ့အင်း၊ ညင်းမော် တို့အပြင် လောင်းလုံးမြို့ပေါ်နှင့် မြို့ဟောင်းကျေးရွာတို့မှ ထောက်ခံသည့်လက်မှတ် ၁၃၇၀ ခန့် ရရှိခဲ့ပြီး ယင်းလက်မှတ်များကို ပူးတွဲတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
“ရေနံချက်စက်ရုံကို လိုချင်တယ်ဆိုတာက အခုလိုခေတ်ပြောင်းနေတဲ့အချိန်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေဝင်လာပြီး စက်ရုံ အလုပ်ရုံတွေ ပေါ်လာရင် အလုပ်အကိုင် အခွင့်အလမ်း၊ လျှပ်စစ်မီး  အဲဒီလို အဖက်ဖက်က ဖွံဖြိုးတိုးတက်လာမှာ မို့လို့ပါ” ဟု ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သူ အောက်ရေဖြူကျေးရွာမှ ဦးအောင်မြင့်က ဆိုသည်။
ကန့်ကွက်သူများ အနေဖြင့် ရေနံချက်စက်ရုံကြောင့် ကောင်းကျိုးများရှိမည်ကို မယုံကြည်၍ ကန့်ကွက်နေကြခြင်းဖြစ်နိုင်ပြီး မိမိတို့အနေဖြင့် မူ ရေနံချက်စက်ရုံကြောင့် အများအတွက် ကောင်းကျိုးများရှိမည်ကို ယုံကြည်သောကြောင့် ထောက်ခံကြခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
လောင်းလုံးမြို့နယ်ရှိ ရေနံချက်စက်ရုံစီမံကိန်းကို ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေး ဦးပိုင်လီမိတက် (UMEHL) ၊ ထူး (HTOO) ကုမ္ပဏီများအုပ်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangdong Zhenrong Energy (GDZR) ကုမ္ပဏီတို့ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ကာ အနှစ် ၃၀ BOT စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျင် ရေနံစိမ်းတန်ချိန် ၅ သန်းချက်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း ထုတ်ပြန်ထားသည့် စီမံကိန်းဆိုင်ရာ အချက်အလက်များ အရသိရသည်။
Dawei Watch

ညောင်ပင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးကျော်သူ

 

  ~
ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယ ခရီးစဉ်တွင် အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင် လက်ဆောင်ပေးအပ်ခဲ့သည့် ဗုဒ္ဓဂါယာမှ မဟာဗောဓိညောင်ပင်ကို ပြည်မြို့တဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးရှိ ပရဟိတတောင်ပေါ်တွင် ကဆုန်လပြည့်နေ့က မြေချစိုက်ပျိုးခဲ့သည်။

မဟာဗောဓိညောင်ပင်ကို ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူဆရာတော်ကြီးကို လှူဒါန်းခဲ့ကြောင်း၊   ဆရာတော်ကြီးက ဦးကျော်သူအား လွန်ခဲ့တဲ့ (၄)လခန့်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း   နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌဦးကျော်သူက ဧရာဝတီကိုပြောသည်။

“ပခုက္ကူဆရာတော်ကြီးပျံလွန်တော်မမူခင်က ဗောဓိပင်နဲ့ပတ်သက်ပြီးပြောခဲ့တာက ဟိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ နာရေးကားမောင်းတဲ့သူဆိုရင် ဗောဓိပင်ကို ပေးလိုက်ပါလို့ပြောခဲ့တယ်။
အဲဒါကြောင့် ကျနော့်ဆီရောက်လာတာပါ။ တခါမှမြေမချရသေးဘူး၊ ပန်းအိုးနဲ့ပဲထားတာ”

ညောင်ပင်စိုက်ရသည့် အကြောင်းရင်းကိုလည်း ဦးကျော်သူက ရှင်းပြသည်။

“ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်၊ သာသနာပြုချင်စိတ်ဖြစ်လာလို့ လူမှုရေးသမားတွေ သစ္စာဆိုလို့ရတဲ့ နေရာတနေရာဖြစ်ဖို့ ကျနော်က ဘုရားတည်ဖို့ စီစဉ်ထားတဲ့ ဒီဘုရားဝင်းထဲမှာ ဗောဓိညောင်မရှိမဖြစ်လိုအပ်တယ်”

ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယဝန်ကြီးချုပ် ပေးအပ်ခဲ့သည့် ထူးခြားမြင့်မြတ်သည့် လက်ဆောင်ဖြစ်ခြင်း၊  မဟာဗောဓိညောင်ပင်နှင့် မျိုးတူခြင်း တို့ကြောင့် ပြည်မြို့ဒေသခံများက နှစ်သက်ဂုဏ်ယူနေမှာဖြစ်ကြောင်း ပြည်မြို့ မိုးမေတ္တာပရဟိတအသင်းမှ ဦးမိုးကြီးက ဧရာဝတီသို့ပြောသည်။

 ညောင်ပင်စိုက်ပျိုးသည့်တောင်ကုန်းကို အလှူရှင်တဦးက လှူဒါန်းခဲ့ပြီး ပရဟိတတောင်တော်ဟု အမည်ပေးထားပြီး များမကြာခင် ၎င်းတောင်ကုန်းပေါ်တွင် မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီတော် တည်ထားကွယ်တော့မှာ ဖြစ်ကြောင်း သိရသည်။
   



“ဟိုနှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ နာရေးကားမောင်းတဲ့သူဆိုရင် ဗောဓိပင်ကို ပေးလိုက်ပါလို့ပြောခဲ့တယ်”        ၂၀၁၂ ခုနှစ် နိုဝင်ဘာလက  ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ သွားစဉ် လက်ဆောင်ရခဲ့သည့် ညောင်ပင်
   



 



ကောင်းမြတ်မင်း ~ဧရာဝတီ Blog

Thursday, May 15, 2014

ရပ်ကွက်မျက်နှာစာရှေ့ရှိ ၁၈ ပေမြင့် အုတ်တံတိုင်းကြောင့် ရပ်ကွက်နေလူထု အခက်တွေ့

 Displaying 20140514_014521.jpg
 မြိတ်၊ မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ၊ ရေပုံးနယ်မြေ၊ ငြိမ်းချမ်းရေးရပ်ကွက် မျက်နှာစာရှေ့တွင် မြိတ်ပင်လယ်ရှုခင်းသာ အဆင့်မြင့် အိမ်ယာစီမံကိန်းမှ ကာရံထားသည့် အုတ်တံတိုင်းကြောင့် ရပ်ကွက်နေဒေသခံများ လေအ၀င်အထွက် မရခြင်း၊ ရေ၀ပ်ခြင်းတို့ကြောင့် အခက်တွေ့နေကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။
အဆိုပါ စီမံကိန်းကို မြိတ်အများပိုင်ကုမ္ပဏီနှင့် ပြည့်ဖြိုးထွန်းကုမ္ပဏီတို့မှ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုတ်တံတိုင်းကို ၆ ပေ အမြင့်သာ တည်ဆောက်မည်ဟု ရပ်ကွက်နေ လူထုအနေဖြင့် သိထားပြီး အမှန်တကယ် တည်ဆောက်ချိန်တွင် ၁၈ ပေ မြင့်ပြီး အလျား ၁၁၂၈ ပေရှိနေသည်ဟု အထက်ပါ ဒေသခံများက ပြောသည်။
“အခု လေ၀င်လေထွက် မရတော့ဘူး။ ပြီးတော့ ဘေးအန္တရာယ်တစ်ခုခု ကြုံလာရင် ထွက်ပေါက်ပိတ်မှာ စိုးတယ်”ဟု ငြိမ်းချမ်းရေး ရပ်ကွက်နေ ဦးသောင်းစိန်က ပြောသည်။
ရေစီး ရေလာတူးမြောင်းများဖောက်ပေးထားခြင်းမရှိသည့်အတွက်လည်း ဒီရေထရက်များတွင် ရေတင်နေပြီး မိုးရွာလျှင် မိုးရေများ တင်ကျန်နေသည်ဟု ဒေသခံ ဒေါ်မြင့်မိက ရှင်းပြသည်။
အုတ်တံတိုင်းကြီးကို ၆ ပေအမြင့် ပြန်ပြင်ပေးရန် ရပ်ကွက်နေပြည်သူများက လက်မှတ်ရေးထိုးပြီး၊ သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင် အုပ်ချူပ်ရေးမှူးရုံး၊ မြို့နယ် စည်ပင်ရုံးနှင့် ကုမ္ပဏီများကို အသီးသီးစာတင် တောင်းဆိုထားသော်လည်း လာရောက် စစ်ဆေးခြင်းသာ ပြုလုပ်ခဲ့ပြီး ယနေ့ အထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိဟု ယင်းရပ်ကွက်နေ ဦးဇော်သိန်းက ပြောသည်။
“သည်းငြီးမခံနိုင်လို့ တရားဝင် ဆန္ဒထုတ်ဖော်သွားဖို့ ပြင်ဆင်နေပါတယ်”ဟု ဦးဇော်သန်းက ဆိုသည်။
ယင်း အုတ်တံတိုင်းကြီးအား ကာရံထားသည်အတွက် အနီးအနားရှိ လူနေအိမ်များတွင် ကျန်းမာရေးချို့တဲ့သည့် လူနာများ၊ အသက်ကြီးအရွယ်အိုများသည်လည်း နေထိုင်ရန် အဆင်မပြေဖြစ်နေသောကြောင့် နီးစပ်သည့် အခြားဆွေမျိုးများ၏ အိမ်များတွင် ပြောင်းရွေ့ထားရကြောင်း ၄င်း ရပ်ကွက်နေ ဒေါ်မြင့်က ပြောသည်။
Dawei Watch

Wednesday, May 14, 2014

ဆန္ဒပြပြီးပြန်လာသည့် သဲကုန်းလယ်သမားများ အကြမ်းဖက် ဖမ်းဆီးခံရ


သဲကုန်းမြို့တွင် လယ်ယာမြေပြန်လည်ရရှိရန်နှင့် ဖမ်းဆီးထားသည့် လယ်သမား ကိုပေါက်စကို ပြန်လွှတ်ပေးရန် မေလ ၁၄ရက်က သဲကုန်းတရားရုံးရှေ့တွင် ဆန္ဒပြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ရေခဲ၊ ပြည်)


 
 ပြည်၊ မဇ္ဈိမ။ ။ သဲကုန်းမြို့တွင်း လှည့်လည်ဆန္ဒပြကာ ဘုရားတွင် ဆုတောင်းပွဲလုပ်ပြီး ပြန်လာသည့် လယ်သမားနှဦးကို ရဲများကာ အကြမ်းဖက် ဖမ်းဆီးမှုတစ်ခု မေလ ၁၄ရက်က ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ဖြစ်ပွားခဲ့သည်ဟု ဖမ်းဆီးခံရသူ ဒေါ်ညိုက မဇ္ဈိမကို ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမားများသည် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြ ဆုတောင်းပွဲများပြုလုပ်ပြီး အပြန်လမ်းတွင် ဒေါ်ညို၊ ဦးမောင်ဝင်းနှင့် ကောင်းထက်ကျော်တို့ သုံးဦးကို သဲကုန်းမြို့နယ် ဦးဝါယမဘုန်းကြီးကျောင်းအတွင်း လယ်ယာမြေကိစ္စ ရှင်းပေးမည်ဟုဆိုကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ခြင်းပြီး ကိုကောင်းထက်ကျော် ကိုမူ ဦးဝါယမဘုန်းကြီးကျောင်း ဆရာတော်က ဖမ်းဆီးမှု မပြုရန် မိန့်ကြားသဖြင့် နှစ်ဦးကိုသာ သဲကုန်းစခန်းတွင် ဖမ်းဆီးထားသည်။

“ကျွန်မက တွန်းလိုက်တော့ နယ်ထိန်း ကျော်ဆန်းဦးက အုပ်ခဲကျိုးနဲ့ထုမယ် ဆိုပြီး ရွယ်တယ်။ စခန်းမှူးက မထုနဲ့လို့ ပြောတော့ ကားပေါ်ကို အတင်း ဆွဲတင်တယ်။ ကိုမောင်ဝင်းကိုလည်း အတင်းဆွဲတင်တာပဲ။ ကောင်းထက်ကျော်ကတော့ ခေါင်းကွဲသွားတယ်။ အောင်မြတ်ဆွေနဲ့ ဇော်လတ် နယ်ထိန်းနှစ်ယောက် လက်ထိပ်နဲ့ဖြတ်ရိုက်လိုက်တာ”ဟု ဒေါ်ညိုက ပြောသည်။

ယင်းအပြင် ဆန္ဒပြသူများ၏ အိမ်များသို့ ရဲများက သွားရောက်ကာ အကြမ်းဖက်မှုများ လုပ်ခဲ့သေးသည်ဟု ဒေသခံရွာသားများက မဇ္ဈိမကို ပြောသည်။

သဲကုန်းရဲစခန်းက တာဝန်မှူးကမူ "အခုသိတာကတော့ ၅၀၅(ခ)လို့ပြောတယ်။ နောက်ပိုင်းဟာ ကျွန်တော် ဘာမှမသိဘူး"ဟု မဇ္ဈိမကို ပြောသည်။ ပုဒ်မ ၅၀၅(ခ)သည် အာမခံ မရရှိနိုင်သည့် ပုဒ်မဖြစ်သည်။

မေလ ၁၄ရက် နံနက်(၉)နာရီခွဲအချိန်က သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမား(၂၅)ဦးသည် သပိတ်စခန်းဖြိုခွဲခံရသော သုံးလပြည့် အထိန်းအမှတ်အဖြစ် မြို့နယ်တရားရုံး ရှေ့သို့ လမ်းလျှောက်ချီတက်ခဲ့ပြီး တရားရုံးရှေ့တွင် (၁၅)မိနစ်ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့နောက် မိုးကောင်းစေတီတော်သို့ ထပ်မံချီတက်ခဲ့ပြီး မိုးကောင်းစေတီ ဓမ္မာရုံတွင် ဆုတောင်း မေတ္တာပို့သမှုများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရာတွင် “သိမ်းဆည်းလယ်ယာမြေပြန်လည်ရရှိရေး ဒို့အရေး…………ဒို့အရေး" "မတရားဖမ်းဆီးခံထားရသော လယ်သမား ကိုပေါက်စ ပြန်လည်လွှတ်ပေးရေး ဒို့အရေး……….ဒို့အရေး"
"မတရားသူကြီး ဦးဝင်းမြင့် အလိုမရှိ……….အလိုမရှိ" စသည့် စာသားပါ ကြွေးကြော်သံများကို ရွတ်ဆိုကာ စာသားပါ လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ခဲ့သည်။

ဆုတောင်းမေတ္တာပို့ရာတွင် “လယ်ယာမြေ သိမ်းဆည်းခံရမှုကို ကယ်တင်တော်မူပါဘုရား” “မတရား ဖမ်းဆီးခံထားရသော ကိုပေါက်စ ပြန်လည် လွတ်မြောက်ပါစေ” အစရှိသည့် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကားသမ၀ါယမအသင်းလီမိတက်အမည်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၁၁ရက်တွင် တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ ၁၄ရက်တွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲခြင်းကိုခံရပြီး အောင်ကုန်းကျေးရွာ ဒေါ်မုန်းနေအိမ်တွင် ယာယီသပိတ်စခန်းဖွင့်သည်။

ထို့ပြင် လယ်ယာမြေသိမ်းဆည်းရာတွင် ပါဝင်ပတ်သတ်သူများကို ဧပြီလ ၁၁ ရက်တွင် ကျိန်စာတိုက်ခြင်း၊ ဧပြီလ ၂၂ ရက်တွင် အခေါင်းလုပ် မီးရှို့သင်္ဂြိုလ်ခြင်းများပြုလုပ်ခဲ့သည်။ ကျိန်စာတိုက်ခြင်းကြေင့် သဲကုန်းတရားရုံးတွင် သန့်ဇင်ထက် ၊ဒေါ်ညို ၊ ဒေါ်မုန်း ၊ ကိုပေါက်စ ၊ ကိုအောင်သူ တို့ကို ပုဒ်မ၅၀၅(ခ)ဖြင့် တရားဆွဲဆိုခဲ့သည်။ မေလ၆ရက်နေ့၌ ရုံးတင်စစ်ဆေးခဲ့ရာ လယ်သမား ကိုပေါက်စကို အာမခံမပေးသဖြင့် ပေါင်းတည်ထောင်တွင် အကျဉ်းကျနေသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese

Tuesday, May 13, 2014

အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် KIO နှင့် ဆွေးနွေးပွဲ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိ

 
 မြစ်ကြီးနား၊ မေ ၁၂

 နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်သော အစိုးရနှင့် KIO တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
“တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခြင်း၏ အကြောင်းရင်းကိုမူ မသိရှိရပေ။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အစိုးရနှင့် KIO တို့၏ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသည့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးအဖြစ် စစ်ဘက်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့သူ ဖြစ်သည်။

အစိုးရနှင့် KIO တို့၏ ယခုတစ်ကြိမ် ဆွေးနွေးပွဲသည် ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် KIO ဗဟိုက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အစိုးရဘက်မှ ဆွေးနွေးပွဲ တက်ရောက်မည့် အမည်စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ အမည်စာရင်း ပါဝင်ကြောင်း၊ သို့သော်လည်း မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ သိရှိရသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ်က ဦးဆောင် ဆွေးနွေးမည် ဖြစ်ပြီး ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။
“ဆွေးနွေးမယ့် အကြောင်းအရာတွေက အတွင်းရေးမို့ မသိနိုင်သေးပါဘူး။ မနက်ဖြန်မှ သိမယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များမှာ မြစ်ကြီးနားမြို့ရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံကာ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အမြင်သဘောထား မှတ်ချက်များကို တောင်းခံခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စမာရီယာတို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်လာခြင်း မရှိကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ သိရှိသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် မေလ ၁၂ ရက်နေ့က မြစ်ကြီးနားသို့ ရောက်ရှိလာသော KIO ကိုယ်စားလှယ် အဖွဲ့များကို ကချင်ဒေသခံ အများအပြားက ကြိုဆိုခဲ့ကြသည်။

The Voice Weekly

သဘာဝနည်းမဟုတ် ငါးဖမ်းသည့် သုတေသနအဖွဲ့၏ လုပ်ရပ်ကို ဒေသခံများ ကန့်ကွက်

Displaying Untitled.jpg
FFI မှ ခမောင်းသွယ် ချောင်းတွင် ငါးဖမ်းသုတေသန ပြုနေစဉ်
ဓာတ်ပုံ - CSLD

|Dawei Watch| ထားဝယ်၊ မေ ၁၂
အပြည်ပြည်ဆိုင်ရာ သတ္တ၀ါနှင့် အပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI)မှ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ခမောင်းသွယ်
ချောင်း၊ ဘန်းချောင်းအပါအ၀င် ချောင်း ၅ ချောင်း၌ သဘာဝအတိုင်းမဟုတ်သော ငါးဖမ်းနည့်းဖြစ်သည့် ရှော့ခ်ရိုက် ငါးဖမ်းနည်းဖြင့် သုတေသနပြုသည့်အတွက် ယင်းလုပ်ရပ်အား ကန့်ကွက်ကြောင်း ယင်းဒေသရှိ ကျေးရွာ ၁၂ ရွာကို ကိုယ်စားပြုသည့် ကော်မတီ CSLDက ထုတ်ဖော်ပြောသည်။
လူထုအခြေပြု ရေရှည်တည်တံ့သော သက်မွေးဝမ်းကျောင်းနှင့် ဖွံ့ဖြိုးရေး ကော်မတီ(CSLD)က ခမောင်းသွယ်ချောင်း ဒေသအတွင်း မေလ ၃ ရက်နေ့၌ ပြုလုပ်သော အစည်းအဝေးသို့ ကျေးရွာ ၁၂ ရွာမှ ကိုယ်စားလှယ် ၃၀ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေး၌  ကျေးရွာကိုယ်စားလှယ်များက FFI၏ သဘာဝနည်းမဟုတ် ငါးဖမ်း သုတေသနပြုသည့် လုပ်ဆောင်ချက်အပေါ် ယင်းသို့ ကန်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း CSLD ၏ ခေါင်းဆောင် ဦးစောခိုက ပြောသည်။
သို့သော် FFI က မူ ၎င်းတို့အနေဖြင့် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသည့် ငါးဖမ်းကိရိယာကို အသုံးပြုခြင်းဖြစ်သည်ဟု တုန့်ပြန်ပြောသည်။
ငါးလေ့လာအချိန် အနည်းငယ်သာရရှိ၍ အချိန်တိုအတွင်း ဒေသမျိုးရင်း ငါးမျိုးစိတ်များစွာ ရှာဖွေရခြင်း၊ ကျောက်ကြိုကျောက်ကြားနှင့် ရေစီးသန်သည့်နေရာ၌ နေထိုင်သော ဒေသမျိုးရင်း ငါးများကို ပိုမိုရရှိနိုင်ရန် ဖမ်းဆီးရာ၌  ပုံမှန် ပိုက်ကို အသုံးပြုလျှင် လိုအပ်သော ငါးမျိုးစိတ်များ မရရှိနိုင်ခြင်းကြောင့် အထက်ပါ ငါးဖမ်းကိရိယာကို အသုံးပြုခြင်းဖြစ်ကြောင်း FFIမှ တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံက ရှင်းပြသည်။
“ငါးကို သတ်ပစ်တာ မဟုတ်ဘူး၊ မူးအောင် လုပ်လိုက်တာပါ၊ မူးတဲ့အချိန်မှာ ကြည့်ပြီး ပြန်လွှတ်လိုက်တာပါ”ဟု အထက်ပါ တာဝန်ခံက ဆို သည်။
အဆိုပါ FFI အဖွဲ့သည် ယင်းဒေသအတွင်းရှိ ချောင်းများ၌ ဧပြီလ နောက်ဆုံးအပတ်နှင့် မတ်လဆန်းပိုင်းအတွင်း ၅ ရက် အကြာ
ငါးဖမ်းဆီးကာ သုတေသနပြုခဲ့ကြောင်း သိရသည်။
ခမောင်းသွယ်ချောင်းဒေသအတွင်း သုတေသနပြုလုပ်မည့်သူများသည် ဒေသခံကိုယ်စားပြုအဖွဲ့အစည်းဖြစ်သော CSLD
သို့ အသိပေးကာ ခွင့်ပြုချက်ရယူရန်လိုပြီး ယင်းသုတေသနပြုလုပ်မည့်သူများက လုပ်ထုံးလုပ်နည်းကို ရှင်းပြရမည်ဖြစ်ကာ ဒေသ၏စည်းကမ်းကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးစောခိုက ပြောဆိုသည်။
“ဒေသဓလေ့ထုံးတမ်း ဥပဒေကို ချိုးဖောက် သုတေသနပြုခြင်းကြောင့် ဒေသခံများ၏ သဘောထားကို သိရှိအောင် လာရောက် နားထောင်ပေးဖို့ FFIအဖွဲ့ကို မေလ ၅ ရက်နေ့ ပေးပို့ထားတယ်။ အခုထိတော့ အကြောင်းမပြန်သေးဘူး”ဟု ဦးစောခိုက ဆိုသည်။
ခမောင်းချောင်းမကြီး၏ အစိတ်အပိုင်းတစ်နေရာဖြစ်သော ထန်းတပင်ရေနေသတ္တ၀ါဘေးမဲ့အိုင်၏  အထက်ဖက်နှင့် အောက် ဖက်နေရာများတွင် အဆိပ်ချခြင်း၊ ပေါက်ကွဲစေသည့်ပစ္စည်းဖြင့် ငါးဖမ်းခြင်း ၊ လျှပ်စစ်ဓါတ်တို့ ငါးဖမ်းခြင်း၊ ရေငုပ်၍ ဆူးတံဖြင့်ပစ်ခြင်း စသည့် မသင့်လျှော်သော ငါးဖမ်းနည်းစနစ်များကို မပြုလုပ်ရန် ဒေသခံပြည်သူများက သဘောတူ စည်းကမ်းသတ်မှတ်ထားသည်ဟု CSLD မှ သိရသည်။
CSLD သည် ခမောင်းသွယ်ချောင်းတစ်လျှောက်ရှိ ရေသတ္တ၀ါနှင့်အပင်မျိုးစိတ်များကို မိရိုးဖလာနည်းများ အသုံးပြု၍ ၂၀၁၂ ကတည်းက သုတေသနပြုခဲ့ကြောင်း ယင်းကော်မတီမှ သိရသည်။
Dawei Watch

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ- မအူပင် (ရုပ်/သံ)

 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး မေလ ၁ဝ ရက်နေ့က ဧရာဝတီတိုင်း မအူပင်မြို့မှာ လူထုဟောပြောပွဲ ပြုလုပ်ခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့မိန့်ခွန်းထဲက အချက်တချို့ကို RFA သတင်းထောက် မရတနာဦးက ကောက်နှုတ်တင်ပြထားပါတယ်။

အမြန်လမ်း ၌ ရာဇာမင်း ယာဉ် တိမ်းမှောက်၊ လူ ၁၄ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ

 
 နေပြည်တော်၊ မေ ၁၂

အထိတ်တလန့် ဖြစ်ဖွယ် မော်တော်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေသော ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲကျင်းပအပြီး တစ်ရက်ခန့်အကြာ (မေလ ၁၂ ရက်နေ့) ညနေ ၆ နာရီ က နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည် တင် ယာဉ်မှာ အမြန်လမ်း မိုင်တိုင် ၁၉၅ မိုင် ၅ဖာလုံတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိခရီးသည် ၃၀ ကျော် ဒဏ်ရာကြောင့် စိုးရိမ်နေရကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင် ရဲစခန်းနှင့် အမြန်လမ်းထိန်းသိမ်းရေး အင်ဂျင်နီယာမှုးကြီးရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

တိမ်းမှောက်သွားသော ရာဇာမင်းယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ်အတက်တွင်လမ်းချော်၍ ချောက်ထဲပြုတ်ကျခြင်း
ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့အမြန်လမ်းမှလာရောက်သူ ဦးစိုးမင်းလွင်က ပြောကြားသည်။

“အဲဒီကားချောက်ထဲကျတာကိုတော့ကျွန်တော်မတွေ့လိုက်ဘူး။ကျွန်တော်တို့ရောက်တော့ ကားကစောင်းနေတယ်။ မှန်ကွဲပြီးတော့ အပြင်ကို ထွက်ကျတဲ့လူတွေကလည်းထွက်ကျနေတယ်။သေတဲ့လူအရေအတွက်တော့အသေအချာမသိဘူး။အပြင်မှာပထမဆုံးတွေ့တဲ့နှစ်ယောက်ကတော့သေနေတယ်”၎င်းကဆိုသည်။

“ကျွန်တော့်နဲ့အတူ တစ်ယောက်ပါတယ်။ကူတာကတော့အဲဒီနားက နှစ်ယောက်သုံးယောက်ပါပါတယ်။ အမြန်လမ်းတိုးဂိတ်တွေက ဝေတဲ့ အရေးပေါ်ဖုန်းနံပါတ်မှာ ပါတဲ့ဖုန်းတွေကိုတော့ ဆက်ပါတယ်။ ဒါပေမယ့်စာရွက်တွေက သေးလည်းသေးတယ်။မိုးတွေကလည်းရွာ မှောင်ကလည်းမှောင်ဆိုတော့ဆက်ရတာအဆင်မပြေဘူး”ဟု ၎င်းကထပ်လောင်းပြောကြားသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည်တစ်ဦးမှာ ဆေးရုံအရောက်တွင်
သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ၄၄ ဦးလိုက်ပါလာကြောင်း အမြန်လမ်းထိန်းသိမ်းရေး အင်ဂျင်နီယာမှုးကြီးရုံးမှ အင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားသည်။

“နေပြည်တော် ခုတင် တစ်ထောင်ကို အလောင်းတွေရော လူနာတွေပါ ပို့ထားတယ်” ဟုပန်းတင် ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးက ဆိုသည်။
အဆိုပါ ရာဇာမင်းကားသည် နေပြည်တော်မှ ထွက်ခွာပြီး မကြာခင် အမြန်လမ်းမရှိသံလမ်းကွန်ကရစ် တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်အထိကရိန်း ကားဖြင့် ပြန်လည် ဆွဲတင်၍ ပန်းတင် ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးက မေ လ၁၁ ရက်နေ့ ည ၁၁ နာ ရီခန့်တွင် ပြောသည်။
“ ဘယ်အချိန်က မှောက်မှန်းမသိရသေးဘူး။စစ်နေတုန်းပ္လဲ ဟု ၎င်းကအခင်းဖြစ်ပွားသည့် နေရာမှ ဆက်သွယ် ပြော ကြားသည်။

အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူများအပြင် ဒါဏ်ရာရသူများမှာ စိုးရိမ်ရသည့် အခြေအနေ ရှိသောကြောင့် အရေးပေါ် လုပ်ဆောင်ချက်များပြုလုပ်နေရကြောင်း ၎င်းက အသိပေးပြောဆိုသည်။

ရာဇာမင်းတာဝန်ရှိသူများအခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့်အတွက်ကားတိမ်းမှောက်မှု အခြေအနေကို တိကျစွာ ပြောကြားနိုင်ခြင်း မရှိဟုရန်ကုန်ရှိ ရာဇာမင်းကားဂိတ်မှာ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

၃၆၅မိုင်ခန့် ရှည်လျားသော ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်-နေပြည်တော်လမ်းပိုင်းစတင်ဖွင့်လှစ်ချိန် ၂၀၀၉ခုနှစ်မှ ၂၀၁၄ခုနှစ် ဧပြီလ ၂၂ရက်နေ့အထိ ၅နှစ်ကျော်ကာလအတွင်း ယာဉ် မတော်တဆမှုပေါင်း၇၃၀ကျော်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၅၃ဦးနှင့် ဒဏ်ရာရရှိသူပေါင်း၁၀၈၄ဦး ရှိကြောင်း တရားဝင်ထုတ်ပြန်ထားချက်များအရ သိရသည်။

Photo by - yangon - mandalay express way

The Voice Weekly

ကြိုးတုတ်ရိုက်သည့် ပွဲစားကိုဖမ်း၊ လူကုန်ကူးခံရသူ ၃ ဦးကို ကယ်တင်

 
၂၀၁၄  ခု မေလ  ၁၂ ရက်              

     ဘန်ကောက်မြို့အနီး နကပထုန်နယ်မြေ အုန်းယိုင်Big C ကုန်တိုက်အနီး ခစ်စဖန် ၅လမ်း တွင်ရှိသော ရေခဲ အရောင်းဆိုင်တွင် အဓမ္မလုပ်အား ခိုင်းစေပြီး ကြိုးတုတ်၍ ရိုက်နှက် သည့် မြန်မာပွဲစားအား ဖမ်းဆီးကာ လူကုန်ကူးခံနေရသည့်   မြန်မာအလုပ် သမား ၃ဦးတို့အား ပူးပေါင်းအဖွဲ့တို့က ယနေ့ ကယ်တင်နိုင် လိုက်သည်။

          မွန်ပြည်နယ်၊ သိမ်ဇရပ်မှ အသက်၂၀အရွယ် မျိုးမင်းအောင်၊ အသက် ၁၉နှစ် အရွယ် ဝေဇင်ထက် နှင့် အသက်၁၈နှစ်အရွယ် ကျော်ဇင်ထိုက် တို့သုံးဦး တို့အား တစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ သာပေးဆပ်ရမည် ဟုဆိုကာ ပွဲစား ချစ်ပိုလင်း ဆိုသူ က ယောက္ခမ ဖြစ်သူ ဒေါ်ဌေးဌေး အား တစ်ရပ်ကွက်တည်း   နေထိုင်ကြသည့် အဆိုပါ ကလေး၃ဦးနှင့်အတူ အခြားကလေး၃ဦး(စုစုပေါင်း ၆ဦး) တို့အား ထိုင်းနိုင်ငံ အတွင်းသို့ ခေါ်ယူခဲ့သည်ဟု အလုပ်သမားများကပြော သည်။

      ၂လခွဲကျော်ကြာ အလုပ်လုပ်နေ စဉ်ကာလအတွင်း နေ့စဉ် နံနက် ၄နာ ရီမှ အိပ်ရာထရကြသည်။ ပွဲစားနှိုး၍ ချက်ချင်း အိပ်ရာမှ မထပါက အိမ်သာ ထဲမှ ရေခပ် ၍ မျက်နှာများကိုလောင်း ၍ နှိုးသည်။ နံနက်စာ တစ်စုံတစ်ခု မစားရပဲ   တောက်လျှောက် ရေခဲကြိတ်ခွဲ၊ သယ်/ပို့အလုပ်လုပ်ခဲ့ရပြီး မွန်းလွဲ ၁နာရီတွင်မှနံနက်ထမင်းစားရသည်။

ညနေ၇နာရီကျော်အလုပ်သိမ်းပြီးနောက် ပိုင်းမှ ညနေစာထမင်းစားကြရ သည် ဟု အလုပ်သမားများကဆိုသည်။ မူလက အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ ပေးရမည်ဟုပြောဆို၍ ခေါ်ယူခဲ့   သော်လည်း လမ်းစရိတ် ဘတ်ငွေ၂၅,၀၀၀  ပေးရ မည်ဟုပွဲစားက ပြောဆိုထားကြောင်း အလုပ်သမားများက ပြောသည်။

           ပြီးခဲ့သည့် မေလ ၈ ရက်စနေနေ့ညနေ က မျိုးအောင် ဆိုသည့်အလုပ် သမား ငယ်တစ်ဦးက ပွဲစား ချစ်ပိုလင်း နှိပ်စက် မှုကို မခံနိုင်တော့သဖြင့် ဘန်ကောက်မြို့ အခြေ စိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူ ညီတောင်းခံလာခဲ့သည်။ MAT အဖွဲ့က ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED နှင့် ညှိနှိုင်း၍ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ် ဖွဲ့ AHTD နှင့်အတူ သွားရောက်ကယ် ထုတ်ပြီးေ နာက် နကပထုန် လ၀ကရုံးတွင် လို အပ်သည့် စစ်ဆေး ချက်များကိုယူခဲ့ကြ သည်။ ယနေ့တွင် တရားရုံးမှဖမ်း ၀ရမ်းရ ရှိပြီး နေ့လည်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ သည်။

             ပွဲစား ချစ်ပိုလင်း သည် အသက် ၁၉ နှစ်အရွယ် ဝေဇင်ထက် အား ဘယ် လက်ကောက်ဝတ်အား ပြူတင်းပေါက်တွင်ကြိုးချည်ပြီး ယာလက်ကောက်ဝတ်ကို ၀ရံတာတွင် ကြိုးစည်းအောင်ချည်နှောင်းပြီး ဓါတ်ကြိုးဖြင့် ရိုက်နှက်ခြင်း နံစောင်း အား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ မျက်နှာအား လက်သီးဖြင့် ထိုးနှက် နှိပ်စက် သဖြင့် ဒဏ်ရာများရရှိခဲ့သည်။

        ဝေဇင်ထက် က “ ကျနော်ခုထိ စကားမပြောနိုင်ဘူး။ လက်တွေလည်း နာနေ တယ်။ ဘာကိုင်လို့မှမတွေ့ဘူး ဖြစ်နေတယ်။ ဘေးစပ်ကလည်းအောင့် နေပါတယ် ။ ကျနော့်ကို မြန်မြန်ပြန်ပို့ပေးပါခင်ဗျာ” ဟု ငိုပြောချာသည်။

          ပွဲစားသည် အခြား၂ဦး ကို လည်း လက်သီးဖြင့် ထိုးဖူးကြောင်း အချိုရည် ပုလင်းများဖြင့် မကြာမ ကြာ ပစ်ပေါက်လေ့ရှိ ကြောင်း ထမင်းကျွေး လျှင်လည်း မြိုဆို့ ဟူ၍ အယုတ္တ အနတ္တ ဆဲ ဆိုကြောင်း အလုပ် သမားများ က ပြောသည်။

       အဓမ္မခိုင်းစေ ခံခဲ့ရသူ၃ဦး တို့အား မြို့နယ် အလုပ် သမား ဌာနမှ ၇၅ ရက်စာ လုပ်အားခ အ တွက် စားစရိတ်နုတ်ပြီး ရှင်းေ ပး ခဲ့ပြီး သက်သေထွက်ဆိုရန် အ တွက် ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲသို့ပို့ဆောင်လိုက်သည်။ အကြမ်းဖက်ရိုက်နှက်သည့် ပွဲစား ကိုမူ၊ ညှင်းပမ်းနှိပ်စက်မှု၊ အဓမ္မ ခိုင်းစေမှုနှင့် လူကုန်ကူးမှု တို့ဖြင့် ဆက်လက်အရေးယူ သွားမည် ဖြစ်ကြောင်း AHTD ကပြောသည်။

           MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က" ထိုင်းအကျိုးစီးပွား အတွက် လုပ်ပေးတဲ့ ပွဲစားတွေကို ထိုင်းလုပ်ငန်းရှင်က အပြည့်အ၀ကာကွယ်ပေးတယ် ထိုင်းဥပဒေကလည်း လူကုန်ကူးတဲ့သူတို့ အဓမ္မခိုင်းစေသူတို့နဲ့အကြမ်းဖက်သူတွေကို အရေးယူဆောင်ရွက်ဖို့ ဥပဒေက ပျော့တယ်။ ကျနော်တို့နဲ့အတူ မြန်မာ
အစိုးရကလည်း ပူးပေါင်းဆောင်ရွက်မှုမရှိတော့ ကျနော်တို့ အလုပ်လုပ်ရတာ အတော်ပဲ ခက်ခဲပင်ပန်းပါတယ်” ဟုပြောသည်။        

 မင်းဘခက်

 Golden Worker

ယူကရိန်းအရှေ့ခြမ်းပြည်နယ်နှစ်ခု လွတ်လပ်ရေးကြေညာ

ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသကို လွတ်လပ်ရေး ကြေညာလိုက်တဲ့ ခွဲထွက်ရေး ခေါင်းဆောင် Denis Pushilin ကို သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရစဉ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Donetsk ဒေသက လွတ်လပ်ရေးကို ကြေညာလိုက်ပြီး သူတို့ကို ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ပါဝင်ခွင့်ပြုဖို့အတွက် စဉ်းစားဖို့ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ္စ် ပူရှီလင် (Denis Pushilin) က ဒိုညက်စ်ဒေသကို “ဒိုညက်စ် ပြည့်သူသမ္မတနိုင်ငံ” အဖြစ် ခေါ်ဆိုလိုက်ပြီး သူတို့ဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း နောက်ဒေသတခုက ရုရှားလိုလားတဲ့ခေါင်းဆောင်တဦးကလည်း လွတ်လပ်ရေးကိုကြေညာလိုက်ပါတယ်။ ယူကရိန်းအာဏာပိုင်တွေ မပါဘဲ “လူဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ” ကို စတင်လိုက်တယ်လို့ ဘောလိုတော့ဗ် (Valery Bolotov) ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA Novosti သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် ယူကရိန်းအာဏာပိုင်တွေဟာ ဖက်ဆစ်တွေဖြစ်တယ်လို့ ဗယ်လာရီ ဘောလိုတော့ဗ် (Valery Bolotov) က ပြောလိုက်ပါတယ်။

တနင်္ဂနွေနေ့က သီးခြားကျင်းပခဲ့တဲ့ လူထုဆန္ဒခံယူပွဲ ၂ ခု အတွင်း မဲပေးသူ ၉၀ % က ယူကရိန်းနိုင်ငံက ခွဲထွက်ဖို့ မဲပေးခဲ့ကြတယ်လို့  အဲဒီဒေသ ၂ ခုမှာရှိတဲ့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီ ရလဒ်တွေကို သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီ ဆန္ဒခံယူပွဲဟာ ကို့ယို့ ကားယားနိုင်ပြီး ယူကရိန်းအစိုးရဌာနတွေနဲ့ အနောက်နိုင်ငံတွေက ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ အဲဒီ အရှေ့ပိုင်းဒေသမှာ နေနေတဲ့ သူအများစုဟာ စုစည်းညီညွတ်တဲ့ ယူကရိန်းနိုင်ငံဖြစ်ဖို့ပဲ လိုလားတယ်လို့ ပြောလိုက်ပါတယ်။
ရုရှားလိုလားတဲ့အကြမ်းဖက်သမားတွေဟာ လူအများစုရဲ့ဆန္ဒကို ထုတ်မပြောရဲအောင် ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး မေလ ၂၅ ရက်နေ့မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့က သူတို့ရဲ့ ဦးစားပေးကိစ္စဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ယတြာ ချေနေ ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ်

ပူပူနွေးနွေး ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့ရသူ မစ္စယင်လတ် ရှင်နာဝပ်ဟာ သူ့ရဲ့ ကံမကောင်းခြင်းတွေအဆုံး သတ်သွား စေဖို့ ဇာတိဒေသဖြစ်တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ယတြာတွေချေနေပါတယ်။ 


 ဓာတ်ပုံ- မစ္စယင်လတ်ရှင်နာဝပ်ထရာ ဖေ့စ်ဘုတ်

ချင်းမိုင်မြို့ရဲ့ တန်ခိုးကြီး ဘုရားတဆူဖြစ်တဲ့ လွိုင်ဆုထေ့ပ် ဘုရားမှာ အခု အင်္ဂါနေ့ ကျင်းပမယ့် ကုဆုန် လပြည့် နေ့ ဝိသာခါ ဘုချာနေ့ ရှိခိုးဆုတောင်းပွဲအတွင်း ကံဇာတာ မကောင်းတာတွေ ပပျောက်အောင် ယတြာ ချေတဲ့ အနေနဲ့ မစ္စ ယင်လတ်လာရောက်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ 

ဒီလို ကဆုန်လပြည့်နေ့ ဝိသာခါနေ့မှာ ဆုတောင်းမှုတွေကြောင့် ကံဇာတာ မကောင်းတာတွေ ကို ကျော် လွှားစေတယ်လို့ ထိုင်းလူမျိုးတော်တော်များများလည်း ယုံကြည်ကြတယ်လို့သိရတယ်။ 

မကြာသေးခင်ကမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးက ဝန်ကြီးချုပ်ရာထူးနုတ်ထွက်ဖို့ အမိန့် ဆုံးဖြတ်ချက်ချ မှတ်ခံ လိုက်ရတာကြောင့် ဒီပွဲကို တက်လာမယ်လို့ မထင်ထားခဲ့ပါဘူး။ 

သူ့ကြည့်ရတာ အေးအေးဆေးဆေး ဖြစ်နေပုံပါဘဲလို့ ဘန်ကောက်ပို့စ် သတင်းတခုက ရေးထားပါ တယ်။  

ဒါပေမယ့် မစ္စယင်လတ်ဟာ ချင်းမိုင်က ရဲအရာရှိကြီးတွေခြံရံပြီးလုံခြုံရေးအပြည့်နဲ့လာတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။ 

လူတွေကလည်း မစ္စယင်လတ်နဲ့ ဓာတ်ပုံ တွဲရိုက်ကြပြီး မစ္စယင်လတ်လည်း Celebrity တယောက်လိုဖြစ်နေ ပါ တယ်။ 

တကယ်တော့ မစ္စယင်လတ်ဟာ ဝန်ကြီးချုပ် ရာထူးက ဆင်းပေးရကတည်းက ဇာတိချင်းမိုင်မြို့ကို 
ပြန်လာနေ တာပါ။ 

မစ္စယင်လတ်ရှင်နာဝပ်ဟာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂ဝ၁၁ ခုနှစ်က အမျိုးသားလုံခြုံရေး 
ကောင်စီ အကြီး အကဲကို ဖြုတ်၊ သူ့ဆွေမျိုးတော်သူ ရဲအရာရှိကြီးတဦးကို ခန့်အပ်လိုက်တာ ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဖွဲ့စည်းပုံခုံရုံးက ဝန်ကြီးချုပ် ရာထူးဆက်မထမ်းဆောင်ဖို့ အမိန့်ချခဲ့တာပါ။ 

အဲဒီလို ဝန်ကြီးချုပ် ရာထူးက ဆင်းပေးခဲ့ရပြီး နောက်ရက်မှာပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကလည်း မစ္စယင်လတ်ဟာ စပါးအပေါင်ခံတဲ့ ကိစ္စမှာ လာဘ်ပေးလာဘ်ယူမှုတွေရှိတာကို အရေးယူဖို့ ပျက် ကွက်တယ်ဆိုပြီး ဆုံးဖြတ်ပါသေးတယ်။ 

အဲဒီဆုံးဖြတ်ချက်ကို ထိုင်း အထက်လွှတ်တော်က အတည်ပြုလိုက်ရင် တော့ မစ္စယင်လတ်ရှင်နာဝပ် တယောက် ထိုင်းနိုင်ငံရေးမှာ ၅ နှစ်တာ ပါဝင်လုပ်ဆောင်လို့မရတော့ပါဘူး။ 


အိမ့်သံစဉ်~ ဧရာဝတီ

Monday, May 12, 2014

ရွှေလီရေအားလျှပ်စစ်ထွက်ရှိရာ နမ့်ခမ်းမြို့လျှပ်စစ်မီးပုံမှန်ရရန်ဒေသခံများလိုလား



Meter box at Numkham                                           နမ့်ခမ်းဒေသခံသုံး အစိုးရမီတာဘောက်စ်

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့၊ပေါက်တိုက်ရပ်ကွက် ပြည်ထောင်စုလမ်းမတလျှောက် လမ်းမီးတိုင်များနှင့် လမ်းသွယ်ထဲရှိ လမ်းမီးများကို ၁ ရက်ခြား အလှည့်ကျထွန်းပေးနေသော်လည်း လမ်းမီးခ နှင့် မီတာစောင့် ရှောက်ခ ကိုမူ ဒေသခံများ ပုံမှန်ပေးနေရကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“လျှပ်စစ်ဌာနလည်းအကျင့်မကောင်းဘူး။ လမ်းမီးတောင်နေ့တိုင်းမဖွင့်ပေးဘဲ လမ်းမီးခ ၁ လ ၁၀၀ တော့ ကောက်တယ်။ ခုဆိုရင် ၁ ညခြားတောင်မကတော့ဘူး။ မီးမလင်းတာ ၂ ညတောင်ရှိပြီ ။ ပြီးရင်အလှည့်ကျလင်း တာ။ ၅ တိုင်လင်း ၅ တိုင်ပျက်ဘဲ။ ပေါက်တိုက်ရပ်ကွက်ထဲမှာ မီးတိုင်၂၀ တောင်မရှိဘူး။  အပေါ်ပိုင်းလင်း တဲ့ည ဆို အောက်ပိုင်းကမလင်းဘူး။ လမ်းမီးက မာကျူရီ၊ မီးချောင်းကြီးတောင် မဟုတ်ဘူး။ မီးချောင်းကွေးလေးဘဲ တပ်ထားပေးတယ်။ ” ဟု နမ့်ခမ်းဒေသခံ စိုင်းလ ကပြောသည်။


ပေါက်တိုက်ရပ်ကွက်မှ ဟိုကတ်ရပ်ကွက်အထိ လမ်းမီးတိုင်မှ မာကျူရီမီးလုံး ၁၀ လုံးခန့်သာရှိပြီး ညနေ ၆ နာရီမှ ည ၈ နာရီအထိသာ မီးထွန်းပေးသည်ဟု ၎င်းကပြောသည်။


နမ့်ခမ်းမြို့ပေါက်တိုက်ရပ်ကွက်သည် အိမ်ခြေ ၃၅၀ ၀န်းကျင်ရှိပြီးလျှပ်စစ်ဓါတ်အားသွယ်တန်းအသုံးပြုနိုင်သော အိမ်ခြေမှာ ၃၃၀ ခန့်သာရှိသည်။  မီတာ ၁ လုံးလျှင်မီတာစောင့်ရှောက်ခ ၁၀၀၀ ကျပ်နှင့်လမ်းမီးခ တစ်လလျှင် ၁၀၀ ကျပ်ပေးဆောင်နေရသည်။


မြန်မာအစိုးရပိုင် ရွှေလီ မန့်တပ်ရေအားလျှပ်စစ်မှာမူ ပုံမှန်လည်ပတ်နေသော်လည်း ဆိုင်သုံးလျှပ်စစ်မီးခ တစ်ယူနစ်ကျပ် ၇၀ နှင့်အိမ်သုံးမီးခ တစ်ယူနစ် ၃၅ ဟူ၍ ထပ်မံခွဲခြားကောက်ခံနေကြောင်း မြို့ပေါ်ရပ်ကွက်နေ စိုင်းလိုင်းဆိုငှ်ကပြောသည်။ 


ဆန်ထွန်းကုန်းဆာမီး(တရုတ်မီး) သုံးသည့် နမ့်ခမ်းမြို့ ဆင်ခြေဖုံးရပ်ကွက်များဖြစ်သော ကွန်လုံ၊ နောင်ကောင်၊ နောင်မ၊ မန့်ဟောင်း၊ ဟိုဆိုင်း၊ မန့်နောင်၊ ဂျေဟိုင်း၊ ကုန်းဆာ၊ မန့်ကန့်၊ ကောင်းဝိန်း၊ နောင်ခန်၊ နမ့်တီး၊ နမ့်မ၊ ငွမ်အင်၊ ဟိုပုံ၊ မန့်ခမ်း ရပ်ကွက်များလည်း မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ကို လစဉ်ပုံမှန်ပေး နေရကြောင်း၊ ရွှေလီရေအားလျှပ်စစ်မှ မီးသုံးလိုပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မီးကိုသွယ်တန်းရမည်ဟု လျှပ်စစ်ဌာနကပြော ကြောင်း ဒေသခံများကပြောပြသည်ဟုလည်း နမ့်ခမ်းမြို့ခံ နန်းအေးကလည်းပြောပြသည်။


“ ကိုယ့်ကိုယ်မီးသွယ်ဆို ထရန်စဖော်မာလိုတယ်လေ။ အဲဒီအတွက် ကျပ်သိန်း ၃၀၀ လောက်ကုန်မှာ။ နမ့်တီးရွာ နားက တောရကျောင်းလေ။ အခု အစိုးရမီးသွယ်နေတယ်။ တရုတ်မီးလိုချင်ရင်တော့ အိမ်တိုင်ရာရောက် လာ တပ်ပေးတယ်။ နောက်တခု တောင်ကြောပိုင်းမှာနေတဲ့သူတွေကြတော့ တောရဆရာတော် ဦးသူရိယ မီးသုံး တယ်။ မီးအားမမှန်ဘူး။ တက်လိုက်ကျလိုက်နဲ့။ အဲလိုမျိုးပေါ့။ ကျနော်တို့ နမ့်ခမ်းဒေသခံတွေ မီးသုံးရတာ အဆင်မပြေ ဘူးဖြစ်နေတယ်” ဟု စိုင်းလှက ဆက်လက်ပြောပြသည်။


ယနေ့ခေတ် သူခိုးဓါးပြပေါများနေသဖြင့် မိဘပြည်သူများ၏ အိုးအိမ်အသက်လုံခြုံမူရှိစေရေးအတွက် လျှပ်စစ် မီးပုံမှန်ပြန်ရရန် နမ့်ခမ်းဒေသခံများလိုအပ်နေကြောင်း နန်းအေးက ဆက်လက်ပြောပြသည်။


ရွှေလီရေအားလျှပ်စစ် ဓါတ်အာပေးစက်ရုံအား တရုတ်က နည်းပညာနှင့်ငွေအရင်းအနှီးစိုက်ထုတ်၏။ ထွက်ရှိသည့် အကျိုးအမြတ် မြန်မာအစိုးရနှင့်ထက်ဝက်စီခွဲယူကြရန်သဘောတူ ညီထားကြ၏။ နမ့်ခမ်းမြို့နယ် မန့်တပ်ကျေးရွာ အနီး ၂ဝဝ၂ ၌ စတင်အကောင် အထည် ဖေါ်ခဲ့ပြီး ၂ဝဝ၉ မေလပိုင်းတွင် ဖွင့်လှစ်ခဲ့ကာ ဗမာပြည်အတွင်းပိုင်းနှင့် တရုတ်နိုင်ငံ အတွင်းသို့ ၂၃ဝ နှင့် ၂၂ဝ ဗို့ ကြိုးလှိုင်းများဖြင့် သွယ်တန်းပို့ဆောင်နေသော်လည်း ဒေသခံများမှာ လျှပ်စစ်မီး အခက်အခဲကြုံတွေ့နေရဆဲဖြစ်သည်။
သျှမ်းသံတော်ဆင့်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် တွေ့ရှိချက်များအား NCCT အပါအ၀င် နိုင်ငံရေး အင်အားစုများနှင့် ဆွေးနွေးမည်



ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ကောက်ယူရရှိသည့်၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် စစ်တမ်းတွေ့ရှိချက်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်မှ သိရသည်။
မေ ၁၁ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်များ၏ ဒုတိယအကြိမ် စုံညီအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကွန်ရက်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မသင်းသင်းအောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မသင်းသင်းအောင်က “ကျွန်မတို့အနေနဲ့ ဒီတွေ့ရှိချက်တွေ၊ လူထုသဘောထားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေလည်း ပါပါမယ်။ ဒီနေရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ NCCT က မေလကုန်လောက် ရန်ကုန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လာတဲ့အခါမှာ ကျွန်မတို့ NCCT အနေနဲ့ သူတို့တွေ့ ဆုံဆွေးနွေးသွားဖို့ ကမ်းလှမ်းထားပါတယ်။ ဒီလိုတွေ့ဆုံတဲ့ အခါမှာလည်း ကျွန်မတို့လုပ်ငန်းစဉ်တွေကို ရှင်းပြမယ်။ နောက်ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ NCCT အနေနဲ့ ဘယ်လိုပညာပေးမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို နားထောင်သွားဖို့ ရည်ရွယ်ထားတယ်။ အလားတူပဲ အခြားသော နိုင်ငံရေး အင်အားစုတွေနဲ့လည်း ကျွန်မတို့ တွေ့ဆုံဆွေးနွေးဖို့ လုပ်ထားတာတွေ ရှိပါတယ်” ဟုဆိုသည်။
တွေ့ဆုံဆွေးနွေးသွားမည့် နိုင်ငံရေးအင်အားစုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအ ၀င် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေသည့် အခြားလူမှု အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်များ ဆွေးနွေးပွဲအား မေ ၁၀ ရက်နှင့် ၁၁ ရက်တို့၌ နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ခုနစ်ခုမှ ကွန်ရက်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် NCCT ၌ အရပ်ဘက် လူ့အဖွဲ့အစည်း ၆၀ ဖွဲ့အထိ ပါဝင်ပြီး ပြုလုပ်ခဲ့သည့် ယခုပြုလုပ်ခဲ့သည့် အစည်းအဝေးမှ နယ်ကွန်ရက်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်ဖွဲ့စည်းသွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်သည် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ကွန်ရက်အဖွဲ့ဝင် အရပ်ဘက် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ၂၀၁၄ နှစ် ဆန်းပိုင်းမှ စတင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် လူထုသဘောထား စစ်တမ်းများအား မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအကြိမ်အဖြစ် ကောက်ယူလျက်ရပြီး နိုင်ငံတစ်ဝန်း လူထုစစ်တမ်းမေးခွန်း တစ်သိန်းခွဲခန့် ဖြန့်ဝေထားကြောင်း သိရသည်။
 ဇာလီမြင့်ဦး Eleven Media Group

အာဆီယံက ဆက်လက်လုပ်ဆောင်ရမည့် လမ်းညွှန်ချက်အဖြစ် နေပြည်တော်ကြေညာစာတမ်း ထုတ်ပြန်


အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဆက်လက်လုပ်ဆောင်ရမည့် လမ်းညွှန်ချက်အဖြစ် နေပြည်တော်ကြေညာစာတမ်းကို မေ ၁၁ ရက်က ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်သည်။

အချက်(၂၈) ချက်ပါဝင်သော နေပြည်တော် ကြေညာစာတမ်းသည် အာဆီယံသက်တမ်းတစ်လျှောက် ချမှတ်ခဲ့သော ကြေညာစာတမ်းများကို ထပ်မံအတည်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံ မျှော်မှန်းချက်ပြည့်မီရေးနှင့် ၂၀၁၅ အလွန် အာဆီယံအသိုက်အမြုံ မျှော်မှန်းချက်ပြည့်မီရေးကို ထောက်ခံသောအားဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေညာစာတမ်း၌ ဒေသတွင်းငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ကို ထိန်းသိမ်းမြှင့်တင်ရာတွင် အာဆီယံ၏ ပေါင်းစည်းမှု၊ ညီညွတ်မှုနှင့် အာဆီယံ၏ အဓိကအခန်းကဏ္ဍတို့ကို မြှင့်တင်ရန်အချက်ကို ဖော်ပြခဲ့ပြီး ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုတို့ကို ထိန်းသိမ်းမြှင့်တင်ရန်အတွက် အာဆီယံနိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း ဖော်ပြခဲ့သည်။

ထို့နောက် နိုင်ငံတကာ အသိအမှတ်ပြု စည်းမျဉ်းဥပဒေများနှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာအဖြေရှာရေး အပါအ၀င် နိုင်ငံတကာ ဆက်ဆံရေး နည်းဥပဒေများကို မြှင့်တင်ထောက်ခံသွားရန်၊ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အာဆီယံပဋိဉာဉ် အပါအ၀င် အခြားသော အာဆီယံဆိုင်ရာ ကြေညာချက်များ၊ သဘောတူညီချက်များတွင် ဖော်ပြထားသော စံနှုန်းများနှင့် တန်ဖိုးများကို တိုးမြှင့်မျှဝေရန် အချက်ကိုလည်း ပြဋ္ဌာန်းခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ သဘောတူညီချက် ကြေညာချက်ကို နိုင်ငံတကာအသိအမှတ်ပြု စည်းမျဉ်းများ၊ နိုင်ငံတကာ ဥပဒေများဖြင့် အကောင်အထည်ဖော်ရာတွင် တိုးမြှင့်ပေးရန် အချက်ကိုလည်း ထည့်သွင်းခဲ့သည်။

နျူကလီးယားလက်နက် ပို ဆိုင်သော နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်း၍ အရှေ့တောင်အာရှ နျူ ကလီးယားကင်းမဲ့ဇုန် တည်ထောင်ရေးစာချုပ်ကို စောစီးစွာ လက်မှတ်ထိုးရန် တိုက်တွန်းခဲ့ပြီး အာဆီယံတစ်နိုင်ငံချင်းစီ တွေ့ကြုံလျက်ရှိသော အခက်အခဲများကို ဖော်ထုတ်နိုင်ရန်အတွက် အာဆီယံနိုင်ငံများ၏ လေ့လာဆန်းစစ်နိုင်စွမ်းကို တိုးမြှင့်တည်ဆောက်ရန် ကြေညာစာတမ်း၌ ထည့်သွင်းခဲ့သည်။

အာဆီယံ လုပ်ငန်းစဉ်များ တိုးချဲ့ရန်၊ အာဆီယံအဖွဲ့ဝင် တိုးချဲ့ရန်နှင့် ပထ၀ီနိုင်ငံရေး၊ စီးပွားရေးတိုးတက်ရန်အချက်ကို ထည့်သွင်းခဲ့ပြီး အာဆီယံမိတ်ဖက် နိုင်ငံများအပြင် အာဆီယံပြင်ပ နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန် နိုင်ငံခြားဆက်ဆံရေး နည်းလမ်းများကို ဆက်လက်တိုးမြှင့်ရန် အချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

စီးပွားရေးကဏ္ဍ အနေဖြင့် တစ်ခုတည်းသော အာဆီယံဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဆိုင်ရာ အချက်များကို အကောင်အထည်ဖော်ရန်၊ ဒေသတွင်း ကူးလူးဆက်ဆံရေးဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို မြှင့်တင်ပေးခြင်းဖြင့် အာဆီယံ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်ကို မြှင့်တင်ရန်၊ ဒေသတွင်း ဘုံအကျိုးစီးပွား တိုးမြှင့်စေရန်အတွက် အာဆီယံ၏ နိုင်ငံတကာ စီးပွားရေးပေါင်းစည်းမှုကို အားဖြည့်ရန် အချက်များကိုလည်း နေပြည်တော်ကြေညာစာတမ်း၌ ပါရှိခဲ့သည်။

အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းသူများနှင့် အားနည်းသူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့ကို ပိုမိုကျစ်လျစ်ခိုင်မာစွာ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံ၏ နည်းလမ်းများနှင့် ကဏ္ဍစုံကို ပြည့်စုံရန်၊ အာဆီယံ ပြည်သူများအကြား အာဆီယံအသိုက်အ၀န်းဆိုင်ရာ အသိအမြင်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူဗဟိုပြုသော အာဆီယံဖြစ်ပေါ်လာစေရန် ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင်များ၊ လွှတ်တော်များ၊ လူငယ်၊ အရပ်ဘက် လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပိုမိုအပြုသဘောဆောင်သော ချဉ်းကပ်မှုကို တိုးမြှင့်ရန်အချက်ကိုလည်း နေပြည်တော်ကြေညာစာတမ်း၌ ထည့်သွင်းရေးသားခဲ့ကြသည်။
Eleven Media Group

တောင်တရုတ်ပင်လယ် အရေးအငြင်းပွားမှုမှာ တရုတ်နှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ်မဟုတ်ဟု တရုတ်ပြော


ဘေဂျင်း၊ မေ ၁၁

တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများမှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ် မဟုတ်ဘဲ တရုတ်နိုင်ငံနှင့် ပြဿနာဖြစ် ပွားလျက်ရှိသော နိုင်ငံအချို့က ထိုအရေး အခင်းကို အသုံးချပြီး အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံ သဘောထား ကွဲလွဲအောင် သွေးထိုးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှ နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများက တောင်တရုတ် ပင်လယ်အတွင်း ဗီယက်နမ်နှင့် တရုတ်သင်္ဘောများကြား ဖြစ်ပွားခဲ့သော ပဋိပက္ခကို  အလွန်တရာ စိုးရိမ်ပူပန်မိသည်ဟု ပြီးခဲ့သော စနေနေ့က ကြေညာချက် ထုတ်ပြန်ပြီး မကြာမီမှာပင် တရုတ်နိုင်ငံက အထက်ပါအတိုင်း ကြေညာချက် ပြန်လည် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံထိပ်သီး ဆွေးနွေးပွဲအဖြစ် မြန်မာနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပလျက်ရှိပြီး ထိုဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံအချို့က တောင်တရုတ် ပင်လယ်အရေးတွင် တရုတ်နိုင်ငံ၏ ရန်လိုမှု မြင့်တက်လာခြင်းကို သတိပေးခဲ့ပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့ကြောင့် စနေနေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်ထဲတွင် တောင်တရုတ်ပင်လယ် အရေးမှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ကြား ပြဿနာတစ်ရပ် မဟုတ်ဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် “တရုတ်နိုင်ငံကို ဆန့်ကျင်သော နိုင်ငံများသည် တောင်တရုတ် ပင်လယ်အရေးကို အသုံးချပြီး အာဆီယံအဖွဲ့နှင့် တရုတ်နိုင်ငံအကြား တည်ရှိသည့် ရင်းနှီးခင်မင်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အလုံးစုံကို ထိခိုက်စေရန် ကြိုးပမ်း အားထုတ်လျက် ရှိသည်” ဟု တောင်တရုတ်ပင်လယ် အရေးတွင် တရုတ်နိုင်ငံနှင့် အဓိက အငြင်းပွားလျက် ရှိသည့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ကို သိသိသာသာ ရည်ညွှန်းရေးသားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ လျှော့ချရန်အတွက် ၂၀၀၂ ခုနှစ်က သဘောတူညီခဲ့သော တောင်တရုတ် ပင်လယ်နိုင်ငံများ သဘောတူ ကြေညာချက်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏ ကြေညာချက်ထဲတွင် ရေးသားဖော်ပြထားသည်။
“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တောင်တရုတ်နိုင်ငံများ သဘောတူ ကြေညာချက်အပေါ် လေးစားမှုရှိပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်သလို ပင်လယ်ပြင် လုံခြုံရေးအတွက်လည်း လုပ်ဆောင်လိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက ဗီယက်နမ်နိုင်ငံနှင့် အငြင်းပွား ရေပိုင်နက်အတွင်းသို့ တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရေနံတွင်းတူးစင်တစ်ခု ရွှေ့ပြောင်းနေရာ ချခဲ့ပြီးသည့်နောက်တွင် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်ခဲ့ပြီး တရုတ်သင်္ဘောတစ်စီးက ဗီယက်နမ် သင်္ဘောနှစ်စီးကို ဝင်တိုက်မိပြီးသည့် နောက်တွင်မူ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။             
The Voice

တာင်တရုတ်ပင်လယ်အရေး တင်းမာမှု ကြေညာချက်နှင့်ပတ်သက်ပြီး မြန်မာနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက လက်ခံ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့ တွေ့ဆုံဆွေးနွေးနေစဉ်

 တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား တင်းမာမှုဖြစ်နေပြီး ထိုတင်းမာမှုအတွက် ကြေညာချက်ထုတ်ပြန်ရာတွင် သဘောကွဲလွဲမှုများ ရှိခဲ့သော်လည်း မြန်မာနှင့် ကျန်အဖွဲ့ဝင်နိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံက လက်ခံခဲ့ကြောင်း သိရသည်။

(၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ မစတင်မီ ရက်သတ္တပတ်အတွင်း ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား တင်းမာမှုများ ဖြစ်ခဲ့သည့်အတွက် ထိုကိစ္စမှာ နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေး၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့သည်။

အဆိုပါ တင်းမာမှုအား မေ ၁၀ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ကြေညာချက်ထုတ်ပြန်ရန်နှင့် ပြင်းထန်သော စကားလုံးများ သုံးစွဲရန် အဆိုပြုခဲ့သည်။

“ဗီယက်နမ်အနေနဲ့က ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး ကြေညာချက် ထုတ်စေချင်တယ်။ အာဆီယံအနေနဲ့ကကျတော့ ဘက်ရွေးပြီးရပ်တည်လို့ မရဘူးလေ။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်ကို ဗီယက်နမ်နိုင်ငံ အနေနဲ့လည်း လက်ခံသွားပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက်ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။

“တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ သဘောထားကတော့ အာဆီယံနဲ့ တရုတ်နဲ့ကြားထဲမှာ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ ကိစ္စတွေ ရှိပါတယ်။ အဲဒါက တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေ ရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး  အာဆီယံနဲ့ တရုတ်နိုင်ငံဟာ ဆိုလို့ရှိရင် အခု ဆွေးနွေးညှိနှိုင်းမှုတွေက ပုံမှန်ဆောင်ရွက်လျက် ရှိပါတယ်။ ပြီးခဲ့တဲ့လ အာဆီယံနဲ့ တရုတ်ကြားထဲမှာ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျွန်တော်တို့ အဆင့်မြင့် အရာရှိကြီးတွေ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆွေးနွေးတဲ့ အစီအစဉ်ဟာဆိုလို့ရှိ ရင်ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက မေ ၁၁ ရက်ညပိုင်းတွင် Weekly Eleven သို့ ပြောကြားခဲ့သည်။
နေထွန်းနိုင် Eleven Media Group

ဒေါသရှေ့ထား မှားတော်မူပါ့မယ် ဘုရား

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုင်ဂူတော်တွင် မေလ ၁၂ ရက်က ပဉ္စမအကြိမ်မြောက်ပြုလုပ်သည့် ဂိုင်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

 ပြီးခဲ့တဲ့ မေလ ၅ ရက်က အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း စုစုပေါင်း ၉၀ ကျော် အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်ပြီး အချက် (၁၁) ချက်ပါ အကြံပြုချက်နဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ (ခုဆို အဖွဲ့ ၁၁၀ ရှိပါပြီ)။ လိုရင်းကတော့ “နိုင်ငံတော်သမ္မတရဲ့ မျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ကြိုးပမ်းချက်နဲ့ ကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်မှုအပေါ် အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီး ဖြစ်ပါတယ်။ အချိန်သိပ်မကြာပါဘူး။ ပုဂ်္ဂလိကသတင်းစာတွေက သတင်းဖော်ပြတဲ့ မေလ ၉ ရက်မှာပဲ မန္တလေးတိုင်း အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသနဲ့ တွဲဖက်အတွင်းရေးမှူး အရှင်ယဿ နှစ်ပါး လက်မှတ်ရေးထိုးပြီး၊ အဲဒီအဖွဲ့တွေအားလုံးကို “အမျိုးသား သစ္စာဖောက်”များအဖြစ် သတ်မှတ်ကြေညာ ထုတ်ပြန်ပါတယ်။ မေ လ ၁၁ ရက်ထုတ် မက်ဆင်ဂျာ သတင်းဂျာနယ် အရှင်ဣန္ဒာစက္ကာဘိဝံသ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဆရာတော်က “သူတို့က ဘာကို တောင်းဆိုနေသလဲဆိုတာ မသိရသေးဘူး၊ သတင်းစာမှာပါလို့ ဒီလို ကန့်ကွက်တယ်ဆိုတာ သိရတာ”ဆိုပြီး ဖြေထားပါတယ်။ တကယ့်ကြေညာချက် အကြံပြု တင်ပြချက် ၁၁ ချက်ကို မတွေ့ရသေးဘဲနဲ့ အလွန်ပြင်းထန်လှတဲ့ “အမျိုးသား သစ္စာဖောက်”ဆိုတဲ့ စကားလုံးသုံးပြီး ကြေညာချက် ထုတ်လိုက်တာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ အကြံပြုသလဲ၊ ဆရာတော်နှစ်ပါး ကြေညာချက် ထုတ်လိုက်တော့ ဘယ်လို အဓိပ္ပာယ် သက်ရောက်သွားစေသလဲ၊ နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အရပ်ဘက် အဖွဲ့အစည်း ၁၁၀ က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါတာတွေက ဒီမျိုးစောင့်ဥပဒေ ရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို အာရုံလွှဲတဲ့ ကိစ္စတစ်ခုအဖြစ် ရှုမြင်တဲ့အကြောင်း၊ ပြည်သူတွေလိုလားနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းမှုအရှိန်နှောင့်နှေးစေတယ်လို့ ရှုမြင်တဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒီဥပဒေရေးဆွဲဖို့ ကြိုးစားတာဟာ အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးတာဝန် အမျိုးသမီးတွေအပေါ် လုံးဝ ပုံချလိုက်ခြင်းဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်ပိုင် ချင့်ချိန်နိုင်စွမ်းရှိတဲ့ ဆင်ခြင်တုံတရားရှိမှုကို လေးစား အသိအမှတ်ပြုခြင်းမရှိဘူး၊ အမျိုးသမီးတွေရဲ့ မွေးရာပါ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ရွေးချယ်ခွင့်တွေကို တားဆီးပိတ်ပင်ရာ ရောက်တယ်လို့ ဖော်ပြထားတာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကိုကြည့်ရင် ငြင်းလို့ ရစရာ တစ်ချက်မှ မပါပါဘူး။

ပြဿနာက ဆရာတော်နှစ်ပါးဟာ ဒီကြေညာချက်ကို လုံးဝ မတွေ့လိုက်ပါဘဲ Voice ဂျာနယ်ပါ သတင်းတို တစ်ပုဒ်ကို ဖတ်ပြီး “အမျိုးသား သစ္စာဖောက်” အဖြစ် သုံးနှုန်းကြေငြာချက် ထုတ်လိုက်တာပါ။ ကြေညာချက်ထဲမှာ “အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကို အကျိုးမပြုသောလက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိဉဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီးတော့လည်း ဖော်ပြထားပါသေးတယ်။ ဗုဒ္ဓဘာသာ ရဟန်းနှစ်ပါးက ကိုယ့်နိုင်ငံသားအချင်းချင်း အလွန်အံ့သြစရာ ကောင်းလောက်အောင် ရန်လို တုံ့ပြန်လိုက်တဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်၊ ရည်ညွှန်းချက်မှာ ဘယ်သံဃာ၊ သံဃအဖွဲ့အစည်းကိုမှ ရည်ညွှန်းတာ မပါပါ။ သမ်္မတကို တိုက်ရိုက် ရည်ညွှန်းကန့်ကွက်တာပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးအရ ကန့်ကွက်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သံဃာတချို့နဲ့ ပြည်သူတချို့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်စ ပြုလာနေပြီလို့ မှတ်ချက်ချနိုင်ပါတယ်။ တကယ်လို့ ဆရာတော်နှစ်ပါးရဲ့ ဒီကြေညာချက် ထုတ်ပြန်မှုကို သံဃာအများအပြားက ထောက်ခံတယ်ဆိုရင်တော့ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါတောင် ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေကြမ်းထွက်လာလို့ လက်မခံနိုင်စရာ သဘောမတူစရာတွေအများကြီးပါလာရင် ဒီထက်အများကြီးပိုတဲ့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်လာဦးမှာဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီမျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ဖြစ်လာတဲ့အခြေအနေကို အသေအချာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသ ကတော့ သူ့အင်တာဗျူးမှာ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းကလေးတွေ စီးပွားရေးအဆင်မပြေဘူး၊ ဆင်းရဲကြတယ်၊ ဒီအခါ ဘာသာခြားတွေဆီမှာ အလုပ်သွားလုပ်ရတယ်၊ အဲဒီအခါ အနိုင်ကျင့်ခံရ၊ အကြမ်းဖက်ခံရတယ် ဒါမျိုးကို ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းဖို့ ဖြစ်လာတာလို့ မိန့်ပါတယ်။ မူလ ဇာစ်မြစ်ဟာ အမျိုးသမီးတွေ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်ခံရမှုလို့ ဆိုထားပါတယ်။ လက်ရှိ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်
အဖွဲ့အစည်းတွေ လုပ်နေကြတာတွေကလည်း ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကြွယ်ဝချမ်းသာရေး ဖြစ်သလို အကြမ်းဖက်မှုတွေ ပပျောက်ဖို့ကိုလည်း ရည်မှန်းချက်ထားနေကြတာပါ။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းလိုက်ရုံနဲ့ ပြဿနာရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု လျော့ကျသွားမှာ မဟုတ်သလို၊ အကြမ်းဖက်မှုတွေလည်း ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးငြင်းခုံရမယ့် ကိစ္စပါ။

ဒီနေရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေကို မေတ်္တာရပ်ခံလိုတာက ဒီဥပဒေ လေးခု ပြဋ္ဌာန်းဖို့ ဘယ်လိုအကြောင်းကြောင့် ပေါ်ပေါက်လာသည်ဖြစ်စေ၊ ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဘယ်လောက်ကြာမလဲ မမှန်းနိုင်သေးပါဘူး။ တကယ်လို့ အတည်ပြုပြဋ္ဌာန်းလိုက်မယ့် ဒီဥပဒေကြောင့် ခုလို ပြည်သူတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ်၊ တိုင်းပြည် ဆိုးကျိုးတွေဖြစ်စေမယ်ဆိုရင် အဲဒီ ဥပဒေရေးဆွဲဖို့ ညွှန်ကြားသူတွေ၊ ရေးဆွဲသူတွေ၊ အတည်ပြုပေးသူတွေဟာ သမိုင်းတရားခံတွေ ဖြစ်သွားကြပါလိမ့်မယ်။ နောက်လူတွေက အမှန်ပြန်ပြင်ကြပါလိမ့်မယ်။ ဒီအတွက် အချိန်ကို စောင့်ဆိုင်းပါ၊ စိတ်ရှည်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ သံဃာနဲ့ ပြည်သူ၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် လုပ်နေသူတွေရဲ့ ထောင်ချောက်ထဲ အရောက်မခံကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

ခုလို သမ္မတရဲ့ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ရုံနဲ့ ဆရာတော်နှစ်ပါးက ကိုယ့် ဒကာ၊ ဒကာမ ပြည်သူတွေကို “အမျိုးသား သစ္စာဖောက်”လို့ လွယ်လွယ်ကူကူသတ်မှတ် လိုက်တာဟာ ရန်သူလို့ သတ်မှတ်လိုက်တဲ့ သဘောပါပဲ။ ဒီအတွက် ဆရာတော်နှစ်ပါး ပြန်လည် စဉ်းစားပေးတော် မူကြစေလိုပါတယ်။ “ဒေါသရှေ့ထား မှားတော်မူကြပါ့မယ် ဘုရား”လို့ ရိုသေလေးမြတ်စွာ ဦးတင် လျှောက်ထားအပ်ပါတယ် ဘုရား။

(မေလ ၁၂ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ ....)

 စည်သူအောင်မြင့်

Mizzima - News in Burmese

ဗုဒ္ဓဝါဒရဟန်းသံဃာနှင့် မျိုးစောင့်ဥပဒေ

 
အမျိုးသားရေးဝါဒနဲ့ ဗုဒ္ဓဝါဒဟာ ဖြောင့် ဖြောင့်ကြီးဆန့်ကျင်ပါတယ်။ ဥပမာ-ဂေါတမဗုဒ္ဓနဲ့ ရှင် ဒေဝဒတ္တတို့ဟာသာကီဝင်မင်း မျိုးမှ ဆင်းသက်လာသူများဖြစ် ကြပြီး ဝမ်းကွဲညီအစ်ကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဘုရားရှင်က အဂ္ဂသာဝကနှစ်ပါး ကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ် ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင် မောဂ္ဂလာန်တို့ကိုသာ ရွေးချယ်ခဲ့ ပါတယ်။ မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကိုမကြည့်ပါဘူး။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။

မြတ်စွာဘုရားရဲ့ တရား တော်မှာ အမျိုးမာန်၊ အမျိုးစွဲထား ဖို့ ဟောခဲ့တဲ့ တရားမပါဝင်ပါ ဘူး။ ရုပ်နာမ်ပရမတ်ကိုထွင်း ဖောက်မြင်တော်မူတဲ့ ဘုရားရှင် အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ပုဂ္ဂိုလ် သတ္တဝါပညတ်အမြင်အပေါ် အခြေခံတဲ့ လူမျိုးစွဲ၊ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။

အစွဲဆိုတာ တဏှာလောဘ ပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော် ဟာ တဏှာကင်းရာ၊ ကုန်ရာကို ကျင့်ဖို့ ဟောတော်မူခဲ့တဲ့ တရား တော်သာဖြစ်ပါတယ်။ တဏှာ ပွားကြောင်းကိုဖြစ်စေမယ့် မည် သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာမဟုတ်ပါဘူး။

မြတ်စွာဘုရားက သူ့ရဲ့ သာ ကီဝင်မင်းမျိုးအတွက်ကိုသာ ရည် ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။ မြတ်စွာဘုရားက ၃၁ ဘုံမှာရှိကြတဲ့ သတ္တဝါအား လုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ဝါဒက လူမျိုးတစ် မျိုးတည်း၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာတစ်ခုတည်းနဲ့သာ သက် ဆိုင်တာမဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။

အမျိုးသားရေးဝါဒကတော့ လူမျိုးတစ်မျိုးနဲ့သာ သက်ဆိုင်ပါ တယ်။ ဗုဒ္ဓဝါဒနဲ့ အမျိုးသားရေး ဝါဒကို မရောထွေးသင့်ပါဘူး။ အမျိုးသားရေးဝါဒစွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော်ဟုတ် သလား၊ မဟုတ်သလားဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလ သုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။
ဝသလသုတ္တန်ကို မြတ်စွာ ဘုရားရှင် သာဝတ္ထိပြည် ဇေတဝန် ကျောင်းမှာ သီတင်းသုံးနေတော် မူစဉ် မြို့ထဲသို့ ဆွမ်းခံကြွလာ တော်မူတဲ့ ဘုရားရှင်ကို အမျိုး ဇာတ်ကြောင့် မာန်မာနထောင် လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇဗြဟ္မ ဏရဲ့ ရဟန်းယုတ်၊ ဦးပြည်းယုတ် သူယုတ်မာစသည်ဖြင့် ရိုင်း စိုင်း ကြမ်းတမ်းစွာခေါ်ဝေါ်ပြောဆိုမှု ကိုအကြောင်းပြုပြီး ဟောတော် မူခဲ့ပါတယ်။

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ယခင်မှစပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှု စနစ်အားကောင်းပြီး အမျိုးသား ရေးဝါဒအလွန်ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဝသလသုတ္တန်မှ အောက် ပါဂါထာနှစ်ဂါထာကို ထုတ်နုတ် ဖော်ပြလိုပါတယ်။

ကောဓနော ဥပနာဘိစ၊ ပါပမက္ခီစ ယောနရော

ဝိပန္နဒိဋ္ဌိမာယာဝီ၊ တံဇညာ ဝသလောဣတိ

‘‘အကြင်သူသည် အမျက် ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူး ကိုချေဖျက်တတ်၏၊ အယူပျက်စီး သူဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထို သူကို သူယုတ်မာဟူ၍ သိရာ၏’’

နဇစ္စာဝသလောဟောတိ၊ နဇစ္စာဟောတိ ဗြဟ္မဏော

ကမ္မုနာဝသလောဟောတိ၊ ကမ္မုနာဟောတိ ဗြဟ္မဏော

‘‘အမျိုးဇာတ်ကြောင့် သူယုတ်မာမဖြစ်နိုင်၊ အမျိုးဇာတ် ကြောင့် ဗြဟ္မဏမဖြစ်နိုင်၊ မိမိပြု သောအမှုကြောင့်သာလျှင် သူယုတ်မာဖြစ်ရ၏။ မိမိပြုသောအမှု ကြောင့်သာလျှင် ဗြဟ္မဏဖြစ်ရ၏’’

ဒေသနာအဆုံးမှာ အဂ္ဂိက ဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာ ဘုရားကိုလေးစားကြည်ညိုတဲ့ ဥပါသကာဒါယကာတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန် ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်း ထန်တဲ့ လူမျိုးဘာသာအယူဝါဒ ကိုလက်ခံကျင့်သုံးရန်သင့်၊ မသင့် လေးနက်စွာပြန်လည် ဆင်ခြင်စဉ်းစားသင့်ပါတယ်။

ပြင်းထန်တဲ့ လူမျိုးဘာသာအယူဝါဒမှ တစ်ဖက်စွန်းအမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကိုမကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့မြန်မာ ပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။

ပြင်းထန်တဲ့ လူမျိုးဘာသာ ဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်စေသလား။ ဆိုး ကျိုးဖြစ်စေသလားဆိုတာ ကမ္ဘာ့ သမိုင်းမှာလည်း သက်သေပြခဲ့ ပြီးပါပြီ။ ယခုလည်း ဆီးရီးယား၊ အီရတ်၊ နိုင်ဂျီးရီးယား စတဲ့နိုင်ငံ တွေမှာ အပြစ်မဲ့သာမန်ပြည်သူ တွေဟာ ပြင်းထန်တဲ့ လူမျိုးဘာ သာအယူဝါဒရဲ့ သားကောင်ဘဝ ကို ကျရောက်နေကြရတဲ့ သတင်း တွေကို နေ့စဉ်လိုလို တွေ့မြင် ကြားသိနေရပါတယ်။

မြတ်စွာဘုရားရဲ့ သန့်စင် မွန်မြတ်တဲ့ တရားတော်ကို လူမျိုး စွဲ၊ ဘာသာစွဲဆိုတဲ့ တဏှာအစွဲနဲ့ အရောင်ဆိုးတဲ့ လုပ်ရပ်မှန်သမျှ ဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့၊ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံ တစ်နိုင်ငံဖြစ်ပါလျက်နဲ့ မငြိမ်း ချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာအဆင်း ရဲဆုံး၊ အမွဲတေဆုံးနိုင်ငံဖြစ်နေရ ခြင်းရဲ့ အဓိကတရားခံဟာ အာ ဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါ

ဒါန်အစွဲကြောင့်ပဲဖြစ်ပါတယ်။

အာဏာကိုမစွန့်နိုင်ဖြစ်နေ ကြတဲ့ စစ်အာဏာရှင်မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာ အပေါ် တပ်မက်မောတဲ့ တဏှာ ကိုစွန့်ဖို့ ဟောပြောပြသဆိုဆုံးမ ခြင်းသည်သာလျှင် သာသနာ့ဝန် ထမ်းရှင်ရဟန်းများရဲ့ တာဝန်ဖြစ် ပါတယ်။ ထိုတာဝန်ကို ထမ်း ဆောင်ခြင်းဟာ လက်ရှိမြန်မာ့ နိုင်ငံရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံးလည်းဖြစ်ပါ တယ်။

ယနေ့ ဗုဒ္ဓဘာသာမြန်မာ အမျိုးသမီးများအတွက် ရည်ရွယ် ပြီး ပြဋ္ဌာန်းဖို့ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေဆိုတာ သူတို့အ တွက်လို၊ မလို။ အဓိကကျ၊ မကျ ဆိုတာ စနစ်တကျလေ့လာသုံး သပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။

ခေတ်ပညာတတ် ဘွဲ့ရတွေ တောင်ပါဝင်တဲ့ မြန်မာအမျိုး သမီးငယ်များဟာ ဘာကြောင့် ဟောင်ကောင်ကိုသွားပြီး အိမ် ဖော်လုပ်နေကြရပါသလဲ။ မြန်မာ အမျိုးသမီးငယ် အများစုကြုံတွေ့ နေရတဲ့ အဓိကပြဿနာက ဘာလဲဆိုတာ အရိပ်အမြွက်မျှ သိချင်ရင် အထည်ချုပ်စက်ရုံတစ် ရုံလောက်ကိုပဲ သွားကြည့်လိုက် ရင် အဖြေပေါ်မယ်ထင်ပါတယ်။ သူတို့အတွက် မျိုးစောင့်ဥပဒေလို၊ မလိုဆိုတာ သူတို့အနေနဲ့စဉ်းစား ဖို့ အချိန်ရကြမယ်မထင်ပါဘူး။

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ် နေတော်မူကြတဲ့ ဆရာတော်၊ သံဃာတော်များစွာရှိကြပါတယ်။ ထိုဆရာတော်၊ သံဃာတော်များ ဟာ ရဟန်းသံဃာများနဲ့ လား လားမျှ မသက်ဆိုင်တဲ့ မျိုးစောင့် ဥပဒေဆိုတာကို မကြိုက်ပေမယ့် ရှုပ်ရှုပ်ယှက်ယှက်ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူလိုတာကြောင့် ဒီကိစ္စ အပေါ်မှာ တစ်ခွန်းတစ်ပါဒမျှ မိန့် ကြားမှုမပြုကြတာပါ။

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲကြိုးပမ်းနေကြတဲ့ ရဟန်း သံဃာတချို့ကိုမြင်ရတော့ နူရာ ဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို မငြိမ်းချမ်းနိုင်တဲ့နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသားနိုင်ငံကို ဆင်းရဲတွင်း နက်သထက်နက်အောင် တွန်းပို့ နေသလိုပါပဲ။

မျိုးစောင့်ဥပဒေဆိုတာ ထိုင် ခုံမြဲရေးပဓာနတရားလက်ကိုင် ထားကြတဲ့ စစ်အာဏာရှင်မျိုးဆက်အတွက်တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာသေချာပါတယ်။

Author: အရှင်စန္ဒိမာ(မွန်စိန်တောရ)
7DAY DAILY