Pages

Saturday, May 24, 2014

ဇင်းမယ်မှာ စစ်အာဏာ သိမ်းမှုကို ကန့်ကွက်ဆန္ဒပြ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ က Chiang Pheuak ဆိုတဲ့ ကျုံးအနီး ဂိတ်တခုမှာ စစ်အာဏာသိမ်းခြင်း ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တခု မေလ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ လူ ၂ဝဝ လောက်က စတင်
ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။


ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မေလ ၂၄ ညနေပိုင်း က စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြပွဲမြင်ကွင်း၊ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

နောက်ပိုင်းမှာ လူ ပေါင်း ၅ဝဝ လောက်ထိ ရှိလာကာ စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းအော်ဟစ် ဆန္ဒပြကြပြီး လက်နက်ကိုင် စစ်အသား ၁ဝဝ လောက်ကလည်း အဲဒီနေရာ တဝိုက်မှာနေရာယူထားကြ တာပါ။ 



ဆန္ဒပြသူတွေဟာ ကျောင်းသားတွေ၊ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက လူတွေ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဆန္ဒပြသူတွေက စစ်အာဏာသိမ်းမှု အလိုမရှိလို့ ကြွေးကြော်နေကြပြီး ဖယောင်းတိုင်းထွန်း ညှိကာ သံပြိုင် ဆုတောင်းမှုတွေနဲ့ ဒီမိုကရေစီ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တောင်းဆိုနေကြပါ တယ်။ 



ချင်းမိုင်မြို့မှာ ရှပ်နီလို့ ခေါ်တဲ့ ယခင် ဝန်ကြီးချုပ် သက်ဆင်၊ ယင်လတ် တို့ကို အဓိက ထောက်ခံတဲ့ သူတွေက အများစု ရှိပြီး ရှင်နာဝပ်မျိုးဆက်ရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆန္ဒပြသူတွေဟာ အလွှာအသီးသီးက ဖြစ်ပြီး ဒီမိုကရေစီမြတ်နိုးသူတွေဖြစ်တယ်လို့ ပြောဆိုကြ ပါတယ်။ 

" စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ တိုင်းပြည်မှာ ဒီမိုကရေစီ ပျက်သုဉ်းတာပါဘဲ၊ ဒါကြောင့် ကျမတို့ ကန့်ကွက် ဆန္ဒပြတာ" လို့ အသက် ၅၀ အရွယ် ဝန်ထမ်းအမျိုးသမီးတဦးက ကျမကို ပြောပါတယ်။ 

စစ်သားတွေကလည်း ဆန္ဒပြတောင်းဆိုသူတွေကို ဓာတ်ပုံမှတ်တမ်း ပြန်ရိုက်ပါတယ်။ အနီးအနားမှာ ရဲအချုပ်ကားကြီးတစီးလည်း အဆင်သင့်ထားရှိပါတယ်။ 



အိမ့်သံစဉ် - ဧရာဝတီBlog

တရုတ်-မြန်မာနယ်စပ်မှာ မြေငလျင်လှုပ်

မြန်မာနဲ့ တရုတ်နယ်စပ်မှာ ဒီကနေ့ စနေမနက်အစောပိုင်းက အင်အားပြင်း ၅.၆ မဂ္ဂနီကျု အင်အားရှိတဲ့ ငလျင် တခု လှုပ်ခတ်သွားပါတယ်။ 




ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့တော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူးလို့ 
အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြသွားပါတယ်။ 

ငလျင်ဗဟိုချက်မ ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အရှေ့တောင်ဘက် ၆၅ ကီလို မီတာ ( မိုင် ၄ဝ ) အကွာ မြေပြင် အနက် ၂၄ ကီလိုမီတာမှာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြေငလျင်တိုင်းတာရေး အဖွဲ့ USGS က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ဒေသကို ဗဟိုပြုပြီး အင်အားပြင်း ငလျင်တခု လှုပ်ခတ် သွားခဲ့တာမှာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာပါ တုန်လှုပ်မှုတွေဖြစ်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~ ဧရာဝတီ

ပုဒ်မ ၄၃၆ လှုပ်ရှားမှု တိုင်းရင်းသားခေါင်းဆောင်တွေ ထောက်ခံ

 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့  တိုင်းရင်း သားခေါင်းဆောင်တွေ ဖြစ်တဲ့ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာ နဲ့ ကိုထွန်းဇော် တို့ဟာ မနေ့က မေလ ၂၃ ရက်နေ့ ၊ မနက် ၁ဝ နာရီ က ဒေါ်အောင်ဆန်း စုကြည် ရဲ့ ရန်ကုန်မြို့  တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာတွေ ဆုံခဲ့ကြတယ် လို့  သိရပါသည်။ ဒါပေမယ့် အဲဒီတွေ့ ဆုံပွဲမှာ ဘာအကြောင်း အရာတွေဆွေးနွေး တယ်ဆိုတာတော့ နှစ်ဘက်လုံးက သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။

အဲဒီနောက် ည ၇ နာရီမှာတော့ UNFC တိုင်းရင်းသားခေါင်းဆောင်တွေဟာ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့  ရန်ကုန်မြို့၊ M3 စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ကြ ပါတယ်။
သူတို့ တွေ့ ဆုံပွဲမှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ၊ ဒီမိုကရေစီနဲ့  တိုင်းရင်းသားများအားလုံးတန်းတူ ညီမျှရေးကိုအာမခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုပေါ်ပေါက် လာနိုင်ရေး တို့ကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့  ၈၈ အဖွဲ့ ကကိုမြအေးက ပြောပါ တယ်။

ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေက ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကြိုးစားပေးနေတာကို လက်ခံကြိုဆိုကြောင်းနဲ့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေကိုထောက်ခံကြောင်း ပြောဆိုတယ် လို့ သိရပါတယ်။

အဲဒီညစာစားပွဲကို UNFC မှ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး လုံးလုံ၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ကိုထွန်းဇော်နဲ့ အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပြီး၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်နဲ့  အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါသည်။

RFA Burmese

Friday, May 23, 2014

သမ္မတရွာ လှုပ်ရှားမှု မြိတ် သို့ ကူးစက်

Displaying DSC02868.JPG
မွှေးရှောင်ရွာအ၀င်တံတားတွင် ဆိုင်းဘုတ်ဆိုက်ထူ - ဓာတ်ပုံ - မြင့်မိုရ်/Dawei Watch

မြိတ်၊ မေ ၂၃

ပတ်ဝန်းကျင်ညစ်ညမ်းသော စက်ရုံလုပ်ငန်းများကို ကန့်ကွက်သော အားဖြင့်
ကျေးရွာများအတွင်း သမ္မတရုပ်ပုံနှင့် ပြောဆိုချက် မူဝါဒများ
တွဲလျက်စိုက်ထူသည့် လှုပ်ရှားမှုသည် ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့်
မြိတ်မြို့နယ် ကျေးရွာများတွင် စတင်ကူးစက် လှုပ်ရှားနေပြီ ဖြစ်သည်။
Displaying DSC02854.JPG
စက်ရုံဆောက်မည့်မြေနေရာ - ဓာတ်ပုံ - မြင့်မိုရ်/Dawei Watch

မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု မွှေးရှောင်ကျေးရွာတွင်
ဗင်းတေ့ကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး
လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ကန့်ကွက်သည့်အနေဖြင့် မေလ ၂၀ ရက်နေ့က
သမ္မတမိန့်ခွန်းနှင့် သမ္မတပုံပါ ဆိုင်းဘုတ်နှစ်ခု စိုက်ထူခဲ့သည်ဟု
ယင်းကျေးရွာဒေသခံများမှ သိရသည်။

“သဘာဝပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်တဲ့သူဟာ
တိုင်းပြည်ကိုပျက်စီးအောင်လုပ်
တဲ့သူဖြစ်တယ်” ဟူသည့် သမ္မတဦးသိန်းစိန်
မိန့်ခွန်းပါ ဆိုင်းဘုတ်နှစ်ခုကို ရွာအ၀င်ဝတံတားတွင်တစ်ခုနှင့်
လှေဆိပ်တွင်တစ်ခု စိုက်ထူခဲ့သည်ဟု မွှေးရှောင်ရွာ ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့နယ် ကျောက်ဖျားကျေးရွာအုပ်စု လော့လော့ရွာရှိ ၅၀ မဂ္ဂါဝပ်
ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို အလိုမရှိဟုဆိုကာ ဒေသခံများမှ
ဇန်န၀ါရီလက ဆန္ဒပြပြီးနောက်ပိုင်းတွင် အဆိုပါ သမ္မတ ပုံနှင့် မိန့်ခွန်းပါ
ပိုစတာဆိုင်းဘုတ်များကို လော့လော့ရွာနှင့် သမုတ်ရွာတို့တွင်လည်း
စိုက်ထူခဲ့ကြသည်။

မွှေးရှောင်ရွာတွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၂၆၄၀ ထုတ် အကြီးစား
ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းခွင့်ပြုမိန့်ရရှိရန်
သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆို ထားသည်။

သမ္မတ ရုပ်ပုံနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊
ပြောစကားများ ပါဝင်သော ဆိုင်းဘုတ်များကို ထားဝယ်စီမံကိန်း ဆည်တည်ဆောက်ရန်
လျာထားသည့် ကလုံးထာကျေးရွာတွင် စတင်ခဲ့ပြီး ထားဝယ်ဒေသအတွင်းရှိ စီမံကိန်း
တည်ရှိရာ နေရာအများစုတွင် စိုက်ထူခဲ့ကြသည်။
ရုပ်ပုံစိုက်ထူသော ကလုံးထာကို သမ္မတ ရွာဟု ခေါ်ဆိုရာမှ
ယင်းဆိုင်းဘုတ်များရှိသော ရွာများကို သမ္မတရွာဟု အလွယ်ခေါ်ခဲ့ကြသည်။
 |Dawei Watch|

ထိုင်း အခြေအနေ နိုင်ငံတကာ စိုးရိမ်

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအ၀င် နိုင်ငံတကာနဲ့ ဒေသတွင်းက ဝေဖန်သံတွေ စိုးရိမ်မကင်းသံတွေ အကြီးအကျယ် ထွက်ပေါ်လာပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေဟာ အသင်းတခုလုံးကို ထိခိုက်လာမှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အာဆီယံ အသင်းဝင် နိုင်ငံတခုမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ မရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းတခု ထူထောင်ဖို့ ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်တဲ့အကြောင်းနဲ့ အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆ လလောက်ကြာမြင့်နေပြီဖြစ် တဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုသွားတာပါ။

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေး ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။ တခြား အာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံတွေကလည်း အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြသလိုလုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာနိုင်ငံသားတွေကို ထိုင်းနိုင်ငံခရီးစဉ်ဖျက်ဖို့ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ မနေ့တုန်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အထူးစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတရပ် ပေါ်ပေါက်အောင် အမြန်ဆုံး ကြိုးပမ်းဖို့ တိုက်တွန်းခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကလည်း ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ အာဏာသိမ်းဖို့ မလိုဘူး ဆိုပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာပါ။

ထိန်းသိမ်းထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပါအ၀င် အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တိုက်တွန်းခဲ့ပါတယ်။ အလားတူ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန် အပါအ၀င် နိုင်ငံအတော်များများက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
VOA

အဆင်ပြေမယ်ဆိုရင် ကြော်ငြာများကို ကလစ်ခဲ့ပါ။

ထိုင်းနိုင်ငံရေးခေါင်းဆောင်တွေ စစ်တပ်က ခေါ်ယူ ထိန်းသိမ်း

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ စစ်တပ်က ဆင့်ခေါ်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ မိသားစုဝင်တချို့ကို ထိန်းသိမ်းလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ စီစဉ်စရာတွေ ရှိနေတဲ့အတွက် ၀န်ကြီးချုပ်ဟောင်းကို ခေတ္တထိန်းသိမ်းလိုက်ပေမဲ့ သီတင်းတပတ်ထက် ပိုမှာမဟုတ်တဲ့အကြောင်း အမည်မဖော်လိုသူ စစ်အရာရှိတဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့ပါတယ်။

စစ်တပ်က ဆင့်ခေါ်ခံခဲ့ရတဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဆက်နွယ်သူတွေနဲ့ အတိုက်အခံ ၁၀၀ ကျော်မှာ ဒီကနေ့နှောင်းပိုင်းအထိ ပြန်လွှတ်ပေးခဲ့သူ အနည်းအကျဉ်းသာ ရှိပါသေးတယ်။ ဆက်လက် ထိန်းသိမ်းထားသူတွေ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပါဝင်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဒီကနေ့ ကြေညာချက်မှာတော့ ထင်ရှားတဲ့ နိုင်ငံရေးသမား ၁၅၅ ယောက် ကို နိုင်ငံကနေ ထွက်ခွာခွင့် တားမြစ် ထားကြောင်း ဖော်ပြ ထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha ကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ရှေ့ရှုပြီး တိုင်းပြည် အာဏာကို ထိန်းချုပ်လိုက်တဲ့အကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဘန်ကောက်မြို့မှာ လူပေါင်းရာနဲ့ချီပြီး ဒီကနေ့ ကန့်ကွက်ဆန္ဒပြရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ကြုံခဲ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက်သလို၊ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်တွေကလည်း ထုန်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေ အပါအ၀င် သတင်းမီဒီယာတွေကိုလည်း ပိတ်ပင်တားမြစ်မှုတွေ လုပ်ခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲလာပြီး နောက်ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခေါက်နဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။
 VOA

တရုတ်ဝန်ထမ်းတွေကို မဖမ်းကြောင်း ဖြေရှင်း

cooper_mine
အငြင်းပွားဖွယ် လက်ပတောင်းတောင် ကြေးနီ စီမံကိန်း

23 မေလ 2014
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ ၀မ်ပေါင်ကုမ္ပဏီ က တရုတ်နိုင်ငံသား ၀န်ထမ်း (၂)ဦး ကို၊ ဖမ်းဆီးချုပ်နှောင် ပြန်ပေးဆွဲတာ မျိုး မလုပ်ခဲ့ဘူး ဆိုပြီး ဒီ စီမံကိန်း ဧရိယာ မှာ ပါရှိတဲ့ ဆည်တည်းရွာ ဒေသခံတွေက မနေ့ ၂၂ ရက် မေလက ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။

တရုတ်ဝန်ထမ်း(၂)ဦး ကို ဓားစာခံ အဖြစ် ပြန်ပေးဆွဲတဲ့ ပုံစံမျိုး ဖမ်းဆီးခေါ်ဆောင် ခဲ့တယ်ဆိုပြီး၊ အာဏာပိုင်တွေ နဲ့ ၀မ်ပေါင်ကုမ္ပဏီ ရဲ့ ထုတ်ပြန်ချက်တွေဟာ မှားယွင်းနေတယ် လို့ ဒေသခံတွေ က ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီ ရဲ့ သံဆူးကြိုးကို တိုးချဲ့ဖို့ လာရောက် မှတ်တိုင်စိုက်ကြောင်း ဝန်ခံခဲ့တဲ့ အဲဒီဝန်ထမ်း (၂)ဦး ကို၊ သူတို့ အထက်အရာရှိတွေထံ ဖုန်းနဲ့ ဆက်သွယ်စေပြီး ရွာခံတွေနဲ့ လာရောက် စကားပြောဆိုဖို့ တောင်းဆို စောင့်ဆိုင်းစဉ် မှာ၊ ရွာထဲကို ခေါ်ဆောင်ခဲ့တာ ဖြစ်ကြောင်း နဲ့၊ ရွာထဲမှာ သူတို့ကို ချူပ်နှောင် ထားခဲ့ခြင်း မရှိပဲ၊ သူတို့ရုံးနဲ့လည်း ဖုန်းနဲ့ အဆက်အသွယ် မပြတ် ရှိစေခဲ့တယ် လို့ ဆည်တည်း ကျေးရွာသူ တစ်ဦး ဖြစ်တဲ့ မမာမာရွှေက ပြောပါတယ်။

မတ်လ (၁၈)ရက်နေ့ က တရုတ်နိုင်ငံသား(၂)ဦးကို ဆည်တည်း ရွာသားတွေက ရွာအတွင်း သို့ ခေါ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ နှစ်ဘက် ညှိနှိုင်း နိုင်ခဲ့တဲ့အတွက် နောက်တနေ့ ညနေ(၇)နာရီ မှာ သူတို့တွေကို ရွာသားတွေက ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် ကျောက်ဖြူတိုင် ရွာသားတွေ နဲ့ ရဲတပ်ဖွဲ့ဝင် တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့သလို၊ ရဲကားတွေ ဖျက်ဆီးခံရတာမျိုး လည်း ရှိခဲ့ပါတယ်။
BBC

ဆင်းရဲသူတွေအတွက် အစိုးရက လစာ၂၅ရာနှုန်းလှူမယ်


 22 မေလ 2014

ဆင်းရဲတဲ့ ပြည်သူတွေအတွက် လစာထဲက ငွေလှူကြဖို့ သမ္မတ ဦးသိန်းစိန်က ဝန်ကြီး တွေကို အကြံပြု

ဆင်းရဲ ချို့တဲ့တဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး လိုအပ်ချက်တွေ ထောက်ပံ့ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့က လစာ၂၅ရာခိုင်နှုန်း ထည့်ဝင် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အခုနှစ် ဧပြီလက စပြီး ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်တွေ လစာငွေ တိုးခံစားခွင့် ရခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ လစာတချို့ကို ဆင်းရဲ နွမ်းပါးသူတွေ အတွက် ရန်ပုံငွေ ထူထောင် ထည့်ဝင်ဖို့ ရည်ရွယ်ထားပြီး တခြားသူတွေကိုလည်း ထည့်ဝင်လိုပါက ထည့်ဝင်ကြဖို့ အကြံပြုခဲ့ရာကနေ အခုလို စီစဉ် ဖြစ်သွားတာလို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

"ဆင်းရဲနွမ်းပါးသူများ ကူညီ စောင့်ရှောက်ရေး ရန်ပုံငွေ" ဆိုတဲ့ အမည်နဲ့ အလှူငွေ တွေ ကောက်ခံ စုဆောင်းသွားမှာ ဖြစ်ပြီး ထည့်ဝင်နိုင်တဲ့ ငွေစာရင်း အမှတ်ကို ပြီးခဲ့တဲ့ မေလ ၁၉ရက်နေ့က ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးနဲ့ ပတ်သက်လို့ ဝန်ကြီးဌာန ဖွဲ့စည်း ဆောင်ရွက်နေတာ ရှိပေမယ့် အခုဒီရန်ပုံငွေက နိုင်ငံတော်က ဆောင်ရွက်နေတဲ့ စီမံကိန်းကို ထပ် အားဖြည့်ပေးတဲ့ သဘော ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီလို လုပ်တာဟာ နာမည် ရချင်လို့ လုပ်တာ မဟုတ်ပဲ မြန်မာတို့ရဲ့ စိတ်ထား ဓလေ့အတိုင်း ကိုယ့် ရှိတဲ့အထဲက လှူဒါန်းတာ ဖြစ်တယ်လို့ သူက ပြောသွား ပါတယ်။
BBC

တရုတ် မိုင်းတွင်းလုပ်ငန်းရှင်ကို သေဒဏ်ချမှတ်


  သေဒဏ်ချမှတ်ခံရသူ မိုင်းတွင်း လုပ်ငန်းရှင် Liu Han
23 မေလ 2014
တရုတ် နိုင်ငံရဲ့ လုံခြုံရေး အကြီးအကဲဟောင်းနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ မိုင်းတွင်း လုပ်ငန်းရှင်ကြီးကို သေဒဏ် အပြစ် ချမှတ်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံရသူ လျူဟန် Liu Han ဟာ တရုတ်နိုင်ငံမှာ အချမ်းသာဆုံး စာရင်းဝင် ဖြစ်ပြီး သူဟာ သူ့ ညီအစ်ကို တော်စပ်သူနဲ့အတူ ဆီချွမ် ပြည်နယ်က လောင်းကစား စက်တွေကို ထိန်းချုပ်တဲ့ ရာဇဝတ် ဂိုဏ်းကို ဦးဆောင်မှုနဲ့ အပြစ်ရှိတယ်လို့ ချမှတ်ခံရတာ ဖြစ်ပါတယ်။

အဲဒီဂိုဏ်းက သူ့ပြိုင်ဖက်တွေကို မတရား အနိုင်ကျင့်တာ သေနတ်နဲ့ ပစ်တာ အပြင် ခြိမ်းခြောက် အကြပ်ကိုင်တာတွေ လုပ်ခဲ့ပြီး အစိုးရ အရာရှိတွေကို လာဘ်ထိုးပြီး အကာအကွယ် ရယူခဲ့တယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် ဘေဂျင်းက ဘီဘီစီ သတင်းထောက် ကတော့ မစ္စတာ လျူဟာ တစ်ချိန်က တန်ခိုး အာဏာ ကြီးမားခဲ့တဲ့ လုံခြုံရေး အကြီးအကဲ ဖြစ်သူ ကျောက်ယုန်ခန်း Zhou Yongkang နဲ့ ဆက်စပ်မှု ရှိခဲ့တာကြောင့် အခုလို သူ့ရဲ့ ကျဆုံးခန်းကို ရောက်ခဲ့ရတာလို့ ပြောပါတယ်။

လုံခြုံရေး အကြီးအကဲ ဖြစ်ခဲ့သူ မစ္စတာ ကျောက်ယုန်ခန်း Zhou Yongkang ကတော့ အလွဲသုံးစားမှုတွေနဲ့ နေအိမ်အကျယ်ချုပ် ချခံထားရတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
BBC

ယင်လတ်နဲ့ မိသားစုကို စစ်တပ်က ထိန်းသိမ်း


 
ယင်လတ်နဲ့ သူ့မိသားစုဝင်တွေအပြင် အစိုးရ ခေါင်းဆောင်ဟောင်းတွေကို ထိန်းသိမ်းထား
23 မေလ 2014
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်နဲ့ သူ့မိသားစုဝင်တွေကို စစ်တပ်က ထိန်းသိမ်း ထားလိုက်ပြီလို့ သိရပါတယ်။

ယင်လတ်နဲ့အတူ အစိုးရအဖွဲ့ဟောင်းက အခြား နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဘန်ကောက်မြို့က စစ်စခန်းကို အစောပိုင်းက သတင်းပို့ခဲ့ကြရပါတယ်။

အဲဒီ စစ်စခန်းမှာ နာရီအတော်ကြာ ထိန်းသိမ်းခံထားရပြီး နောက်မှာ အတိအကျ မသိရတဲ့ နေရာကို ခေါ်ဆောင် ထိန်းသိမ်းခြင်း ခံလိုက်ရတယ်လို့ သတင်းရပါတယ်။

စစ်တပ် အကြီးအကဲ ဗိုလ်ချုပ် ပရာယွတ် ချန် အိုချာဟာ သူ့ရဲ့ တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲတွေ မစခင် ပြုပြင် ပြောင်းလဲရေးတွေ အရင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ရာထူးအကြီးဆုံး အရာရှိ ၆ ယောက်ကို ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးကို တာဝန်ယူဖို့အတွက် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
BBC

နိုင်ငံပြုပြင်ပြောင်းလဲမှုများအား တပ်မတော်က ပေးထားခြင်းဖြစ်၍ အလွယ်တကူ အာဏာပြန်သိမ်းမည် မဟုတ်ဟု ဦးဌေးဦးပြော



မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအား တပ်မတော် က ပေးထားခြင်း ဖြစ်သောကြောင့် အလွယ်တကူ အာဏာ ပြန်သိမ်းမည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မီဒီယာ များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖွဲ့အစည်း အသီးသီးမှ နည်းလမ်း မျိုးစုံဖြင့် ကြိုးစား ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက တပ်မတော်က အာဏာ ပြန်သိမ်းကာ တိုင်းပြည် နောက်ကြောင်း ပြန်လှည့်ရန် စိုးရိမ်ရသည်ဟု သုံးသပ်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ သဘောထား မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော် ထင်ပါတယ်။ တပ်ကတော့ တော်ရုံတန်ရုံနဲ့ မလာပါဘူးဗျာ။ လုပ်လည်း မလုပ်ပါဘူး။ မလုပ်ချင်လို့ ပေးထားတာပဲ။ အရင် အစိုးရက တပ်မတော် အစိုးရလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော် အစိုးရလေ။ သူဆက်လိုချင်ရတာပဲ။ သူကနေပြီးတော့ ရသင့်ရထိုက်တဲ့ အချိန်ရောက်ပြီ ဆိုပြီးတော့ ပေးခဲ့တာ မဟုတ်လား။ ပြန်မယူပါဘူး၊ ကျွန်တော် ထင်ပါတယ်””ဟု ဦးဌေးဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများသည် ပင်ပန်းဆင်းရဲ နှိပ်စက်ခံကာ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အသီးအပွင့်ဖြစ်ပြီး တပ်မတော်သည် ၎င်းတို့၏ အကျိုး တည်တံ့ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားဆဲ ဖြစ်သည်ဟု ၁၉၆၀ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးလှရွှေက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

““စစ်တပ်က ခဏခဏ အာဏာ မသိမ်းချင်လို့ ဖွဲ့စည်းပုံနဲ့ အာဏာ သိမ်းထားတာပဲ။ တပ်မတော်က နိုင်ငံတကာရဲ့ Political Trend က Change လာတော့ အဲဒီ Change လာတဲ့အထဲကို ၀င်ပြီးကစားတာပဲ။ စစ်တပ်က ခုလုပ်နေတာ Democratic Reform ဆိုတာ အလုပ်ကို ကျွန်တော်မပြောဘူး။ ရည်ရွယ်ချက်ကို ကျွန်တော်ပြောတာ။ အလုပ်ကတော့ ပြောလို့ရအောင် လုပ်တာတွေလည်း ရှိတာပေါ့””ဟု ဦးလှရွှေက သုံးသပ်ခဲ့သည်။

မြန်မာတပ်မတော်သည် လူတစ်စု၏ အသုံးချ ခုတုံးလုပ်ခြင်းအား ခံခဲ့ရခြင်းဖြစ်ပြီး ကန့်သတ်မှုများ ဆက်လက် ရှိနေသေးကြောင်းကို လူမှုတရားမျှတ ဖော်ဆောင်ရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောသည်။

““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေ ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြည်သူလူထုက လိုလားပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှလည်းပဲ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူနဲ့ တစ်သားတည်းဖြစ်မယ့် တပ်မတော်ဖြစ်မှာပါ””ဟု ဒေါက်တာ သောင်းထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးအတွက် လူထုသဘောထား တောင်းခံသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နှင့် ၂၄ ရက်တွင် ကျင်းပ ပြီးစီးခဲ့သည်။ ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦး အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲ ပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ယင်းဥပဒေ အတည်ပြုရေးကို ထောက်ခံခဲ့သည်။
မြန်မာသံတော်ဆင့်

နိုင်ငံပြုပြင်ပြောင်းလဲမှုများအား တပ်မတော်က ပေးထားခြင်းဖြစ်၍ အလွယ်တကူ အာဏာပြန်သိမ်းမည် မဟုတ်ဟု ဦးဌေးဦးပြော



မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအား တပ်မတော် က ပေးထားခြင်း ဖြစ်သောကြောင့် အလွယ်တကူ အာဏာ ပြန်သိမ်းမည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မီဒီယာ များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖွဲ့အစည်း အသီးသီးမှ နည်းလမ်း မျိုးစုံဖြင့် ကြိုးစား ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက တပ်မတော်က အာဏာ ပြန်သိမ်းကာ တိုင်းပြည် နောက်ကြောင်း ပြန်လှည့်ရန် စိုးရိမ်ရသည်ဟု သုံးသပ်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ သဘောထား မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော် ထင်ပါတယ်။ တပ်ကတော့ တော်ရုံတန်ရုံနဲ့ မလာပါဘူးဗျာ။ လုပ်လည်း မလုပ်ပါဘူး။ မလုပ်ချင်လို့ ပေးထားတာပဲ။ အရင် အစိုးရက တပ်မတော် အစိုးရလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော် အစိုးရလေ။ သူဆက်လိုချင်ရတာပဲ။ သူကနေပြီးတော့ ရသင့်ရထိုက်တဲ့ အချိန်ရောက်ပြီ ဆိုပြီးတော့ ပေးခဲ့တာ မဟုတ်လား။ ပြန်မယူပါဘူး၊ ကျွန်တော် ထင်ပါတယ်””ဟု ဦးဌေးဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများသည် ပင်ပန်းဆင်းရဲ နှိပ်စက်ခံကာ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အသီးအပွင့်ဖြစ်ပြီး တပ်မတော်သည် ၎င်းတို့၏ အကျိုး တည်တံ့ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားဆဲ ဖြစ်သည်ဟု ၁၉၆၀ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးလှရွှေက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

““စစ်တပ်က ခဏခဏ အာဏာ မသိမ်းချင်လို့ ဖွဲ့စည်းပုံနဲ့ အာဏာ သိမ်းထားတာပဲ။ တပ်မတော်က နိုင်ငံတကာရဲ့ Political Trend က Change လာတော့ အဲဒီ Change လာတဲ့အထဲကို ၀င်ပြီးကစားတာပဲ။ စစ်တပ်က ခုလုပ်နေတာ Democratic Reform ဆိုတာ အလုပ်ကို ကျွန်တော်မပြောဘူး။ ရည်ရွယ်ချက်ကို ကျွန်တော်ပြောတာ။ အလုပ်ကတော့ ပြောလို့ရအောင် လုပ်တာတွေလည်း ရှိတာပေါ့””ဟု ဦးလှရွှေက သုံးသပ်ခဲ့သည်။

မြန်မာတပ်မတော်သည် လူတစ်စု၏ အသုံးချ ခုတုံးလုပ်ခြင်းအား ခံခဲ့ရခြင်းဖြစ်ပြီး ကန့်သတ်မှုများ ဆက်လက် ရှိနေသေးကြောင်းကို လူမှုတရားမျှတ ဖော်ဆောင်ရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောသည်။

““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေ ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြည်သူလူထုက လိုလားပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှလည်းပဲ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူနဲ့ တစ်သားတည်းဖြစ်မယ့် တပ်မတော်ဖြစ်မှာပါ””ဟု ဒေါက်တာ သောင်းထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးအတွက် လူထုသဘောထား တောင်းခံသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နှင့် ၂၄ ရက်တွင် ကျင်းပ ပြီးစီးခဲ့သည်။ ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦး အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲ ပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ယင်းဥပဒေ အတည်ပြုရေးကို ထောက်ခံခဲ့သည်။
မြန်မာသံတော်ဆင့်

သမက်ဖြစ်သူက လက်နက်ကိုင် အဖွဲ့နှင့် ပေါင်းပြီး ယောက္ခမကို ပြန်ပေးဆွဲ


မော်လမြိုင်၊ မေ ၂၂
မွန်ပြည်နယ်နယ် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ ရော်ဘာကုန်းခြံစု ရပ်ကွက်တွင် သမက်ဖြစ်သူက လက်နက်ကိုင် တပ်ဖွဲ့တစ်ခုနှင့် ပေါင်း၍ ယောက္ခမဖြစ်သူ ရော်ဘာခြံလုပ်ငန်းရှင် ဦးတင်ဝင်း (ခ) ဦးကရာမွတ်ကို ၁၁ ရက်ကြာ ပြန်ပေးဆွဲခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက ပြောကြားသည်။

မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်က ပြည်သူ့အတွက် လူမှုကွန်ရက်နှင့် ပြန်ပေးဆွဲခံရသည့် မိသားစုဝင်များက မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် (မော်လမြိုင်) ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းတို့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးတင်ဝင်း၏ အိမ်ရှေ့သို့ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီခွဲက မော်တော်ကား အဖြူရောင်တစ်စီး ရောက်ရှိလာပြီး၊ ဦးတင်ဝင်းကို DKBA (ကလိုထူးဘော) အဖွဲ့ဖြစ်သည့် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြည်စိုးဆိုသူက ကားပေါ်ဆွဲတင်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းနှင့် ကားပေါ်တွင် ဦးတင်ဝင်း၏သမက် ဦးမောင်ဝင်းလည်း ပါဝင်ခဲ့ကြောင်း ပြည်သူ့အတွက် လူမှုကွန်ရက်မှ မွန်ပြည်နယ် ဒုတိယတာဝန်ခံ ဒေါ်ဝါဝါချိုက ပြောဆိုသည်။

လက်နက်ကိုင်အဖွဲ့သည် ဦးတင်ဝင်းကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကရင်ကတိုက် ကျေးရွာအုပ်စု အလယ်ကျွန်းကျေးရွာရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ကျန်ရစ်သူ မိသားစုများထံ ဆက်သွယ်ခိုင်း၍ ငွေကျပ် သိန်း ၃၀၀ ကို တောင်းခံခဲ့ကြောင်းနှင့် ၎င်းတို့ တောင်းခံသည့် ငွေကို ပြန်ပေးဆွဲခံရသူ၏ မိသားစုက ပေးနိုင်ခြင်း မရှိသောကြောင့် ၁၁ ရက်ကြာ ချုပ်နှောင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြန်ပေးဆွဲခံရသည့် ဦးတင်ဝင်းက ပြောကြားသည်။

“ကျွန်တော်ကို အိမ်က ခေါ်သွားကတည်းက လက်ထိတ်ခတ်သွားတယ်။ ခနောင်ရွာ ရောက်တော့ ကားပေါ်က ဆင်းခိုင်းပြီး တစ်ညလုံး လမ်းလျှောက်ခိုင်းတယ်။ မအော်ရဘူးတဲ့။ ဟိုရောက်တော့ ကျွန်တော်လက်တွေ သွေးထွက်နေပြီ။ သူတို့နေတဲ့ နေရာရောက်တော့ ခင်ဗျားဆီက ကျပ် ၃၀၆ သိန်းရမယ်ဆိုလို့ ငါတို့ ဖမ်းတယ်တဲ့။ မောင်ဝင်းက ငါတို့ကို သိန်း ၁၀၀ နဲ့ ငှားထားတဲ့။ ငါတို့မှာတော့ ထောင်မရှိဘူး။ ရဲစခန်းတို့ ဘာတို့ ဆက်သွယ်တာ မလုပ်နဲ့။ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းကိစ္စကြောင့် ဦးတင်ဝင်း၏ မိသားစုဝင်များက အကူအညီ တောင်းခံခဲ့ရာ တပ်မ (၂၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးကံမော်ဦးနှင့် အမှတ် (၂၀၈) တပ်ရင်းရှိ တပ်မတော်သားများ၏ ကူညီမှုဖြင့် မေလ ၆ ရက်နေ့တွင် ပြန်ပေးဆွဲ လက်နက်ကိုင်အဖွဲ့ထံမှ ပြန်လည်လွတ်မြောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြန်ပေးဆွဲခံရခြင်းမှ မလွတ်မြောက်ခင် ဦးတင်ဝင်း၏ နေအိမ်တွင်လည်း အဆိုပါ တပ်ရင်းက လုံခြုံရေးများ ချထားပေးခဲ့ကြောင်း ပြန်ပေးဆွဲခံရသူ၏ ဇနီး ဒေါ်အေးအေးသိန်းက ပြောကြားသည်။

ခင်ပွန်းဖြစ်သူ ပြန်ပေးဆွဲခံရခြင်းကြောင့် ကျိုက်မရော ရဲစခန်းတွင် ဧပြီလ ၂၇ ရက်နေ့က ပြန်ပေးဆွဲသူများကို အရေးယူပေးရန် ပထမအကြိမ် အမှုဖွင့် တိုင်ကြားခဲ့ပြီး ပြန်လည် လွတ်မြောက်ခဲ့သည့် မေလ ၆ ရက်နေ့နှင့် မေလ ၁၀ ရက်နေ့တို့တွင် ကျိုက်မရော ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်ပေးခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးထံ သွားရောက်ခဲ့ရာ ဝန်ကြီးသည် နေပြည်တော် အစည်းအဝေး သွားနေခြင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် သွားရောက်သော်လည်း အစည်းအဝေး ရှိချိန်နှင့် တိုက်ဆိုင်နေခြင်းတို့ကြောင့် တွေ့ဆုံခွင့် မရှိခဲ့ပေ။ ကျိုက်မရော ရဲစခန်းသို့ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က ၅ ကြိမ် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

The Voice Weekly

အစိုးရနဲ့ NCCT အကြား အပစ်ရပ် ဒုတိယ မူကြမ်း သဘောတူ


 ဧပြီလ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပထမ မူကြမ်း သဘောတူခဲ့အပြီး  မှတ်တမ်း၊
ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

Friday, May 23, 2014
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နဲ့  အပစ်အခတ်ရပ်စဲရေး ပြောဆိုနေကြတာ ကြာပါပြီ။ တွေ့လိုက်၊ ပြောလိုက်၊ ညှိလိုက်၊ နှိုင်းလိုက်နဲ့
သေနတ်သံတွေ မဆိတ်သုဉ်းသေးပေမယ့် အခု တခါ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဒုတိယ မူကြမ်းကို သဘောတူလိုက်တဲ့ အကြောင်း ပူးတွဲ ကြေညာချက် တစောင် ဒီကနေ့ ထုတ်ပြန် လာပါတယ်။ ဧပြီလဆန်းကတော့ တနိုင်ငံလုံး အတိုင်း အတာ အပစ်ရပ်ရေး ပထမ မူကြမ်းကို သဘောတူ ခဲ့ကြပါတယ်။



" ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက် "

၂၀၁၄၊ မေလ (၂၃)ရက်

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒုတိယဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဒုတိယအဖွဲ့ ခေါင်းဆောင်(၁) ပဒို
စောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး အတွက် သဘောတူ စာချုပ်မူကြမ်း (Single Text Draft) ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ခုနှစ်
မေလ (၂၁)ရက်နေ့မှ(၂၃) ရက်နေ့ထိ ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

၂။ နှစ်ဘက်ကိုယ်စားလှယ်များသည်၂၀၁၄ခုနှစ်၊ဧပြီလ(၅)ရက်နေ့မှ(၈)ရက်နေ့အထိ ပြုလုပ်ခဲ့ သည့်
တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သည့် ပထမမူကြမ်း (Single Text Draft)ပါ အခန်း(၇)ခန်းမှ ထပ်မံဆွေးနွေး ညှိနှိုင်းရမည့်အချက်များကိုရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီးနောက် နှစ်ဘက် သဘော တူညီချက်များရရှိကာ ဒုတိယမူကြမ်းကို အတည်ပြု နိုင်ခဲ့သဖြင့် တိုးတက်မှုများ ရရှိခဲ့ပါသည်။

၃။ နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာနိုင်ငံ
 ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၌ ထပ်မံတွေ့ဆုံညှိနှိုင်း ကြရန် သဘောတူကြ ပါသည်။

၎။ နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲနိုင်ရေးအတွက် သဘောတူ စာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

အိမ့်သံစဉ် ~ဧရာဝတီ

မဲဆောက်-မြ၀တီ လှေဆိပ်များ ပိတ်ထား

 
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကြောင်း မနေ့ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် ပိတ်ခဲ့တဲ့ နယ်စပ် မဲဆောက်-မြ၀တီ ဂိတ်ကို ဒီမနက် ပြန်ဖွင့်ပေမယ့် တံတားအောက် သောင်Mae sot br copyရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေ ကိုတော့ ပိတ်ထားလိုက်ပါတယ်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းတပ်မတော်ဟာ မေ ၂၀ ရက် နံနက် ၃း၀၀ နာရီက မာရှယ်လောထုတ်ပြီး နိုင်ငံတည်ငြိမ်အောင် ထိန်းခဲ့ပြီးနောက် မေ ၂၂ ရက် ညနေ ၄ နာရီ ခွဲမှာတော့ ထိုင်းတပ်မတော်က အာဏာသိမ်း လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ညနေပိုင်းမှာ ထိုင်း မြန်မာ ချစ်ကြည်ရေးတံတား မဲဆောက်မြ၀တီတံတားကို ပိတ်ထားခဲ့ပါတယ်။ ဒီမနက်မှာတော့ မနက် ၈ နာရီလောက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် တံတားအောက် သောင်ရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေကို ပိတ်ထားလိုက်ပါတယ်။

ထိုင်းနယ်စပ်အရာရှိတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ နယ်စပ်တံတားကိုတော့ ပုံမှန်အတိုင်းသွားလာခွင့်ပြုထားကြောင်း၊ ဒါပေမယ့် လှေတွေကိုတော့ လုံးဝသွားလာခွင့်မပြုတော့ဘူးလို့ ပြောပါတယ်။

ဒီလို ပိတ်ထားတာ ဘယ်လောက်ကြာအောင် ပိတ်ထားမလဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
မြ၀တီမြို့မှာနေထိုင်တဲ့ ဒေသခံတဦးကတော့ လှေတွေ ပိတ်ထားတဲ့အတွက် တံတားပေါ်မှာပဲ သွားလာကြတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ် နောက်တခုဖြစ်တဲ့ တာချီလိတ်-မယ်ဆိုင်မှာတော့ လူအသွားအလာ နည်းသွားတာကလွဲရင် နယ်စပ်ဂိတ်ကတော့ ပုံမှန်အတိုင်းပဲ ဖွင့်ထားတယ်လို့ မယ်ဆိုင်မှာနေထိုင်တဲ့ ဦးတင်မောင်က ပြောပါတယ်။
By နော်နိုရင်း (ဒီဗွီဘီ)

တရုတ်သို့ လူကုန်ကူးသည့်ဂိုဏ်း မန္တလေးတွင် ဖမ်းမိ


မန္တလေး၊ မေ ၂၂

သတို့သမီး လိုအပ်ချက် မြင့်တက်နေသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မြန်မာ အမျိုးသမီးငယ်များကို သွေးဆောင် ဖျားယောင်းကာ လူကုန်ကူးမှုများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြန်မာအမျိုးသမီး များကို ပို့ဆောင်နေသော ဂိုဏ်းကို မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားကြီးဝင်းမှတစ်ဆင့် ခြေရာခံမိကာ မေလလယ်ခန့်တွင် ခုနစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) မှတပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ပြောကြားသည်။

မိထ္ထီလာမြို့တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်မြို့သို့ လူကုန်ကူး ခေါ်ဆောင်ရန်အတွက် မန္တလေးမြို့တော်ရှိ ချမ်းမြရွှေပြည် ကားဝင်းတွင် စည်းရုံးခေါ်ဆောင်နေသူ သုံးဦးကို ဖမ်းဆီးရမိသည့်အပြင် စည်းရုံး ခေါ်ဆောင်ခဲ့သည့် မိထ္ထီလာမြို့ရှိ အမျိုးသမီး နှစ်ဦးကို ဆက်လက်ဖမ်းဆီးရမိပြီး မန္တလေးမြို့တော်ရှိ တည်းခိုခန်း တစ်ခုသို့ စည်းရုံး ခေါ်ဆောင်လာမည့် အမျိုးသမီးများကို စောင့်ဆိုင်းနေသူ နှစ်ဦးကိုလည်း ဧပြီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ကြီးတံခွန် မြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

“ဖမ်းမိတဲ့ ကျူးလွန်သူတွေကို စစ်ဆေးလိုက်တော့ ဂိုဏ်းဖွဲ့ကျူးလွန် နေတာကို စစ်ဆေးပေါ်ပေါက်တယ်။ မန္တလေး ချမ်းမြရွှေပြည် ကားကြီးကွင်းမှာ လူကုန်ကူးသူ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ဖမ်းမိတယ်။ ကွင်းဆက်အနေနဲ့ မိတ္ထီလာက အမျိုးသမီးနှစ်ဦး ဖမ်းမိတယ်။ မိတ္ထီလာကနေ ဆိုင်ကယ်နဲ့ လိုက်ပို့သူကတော့ လွတ်နေတယ်။

ရန်ကုန်တိုင်းဒေသကြီးက အမျိုးသားကို ရန်ကုန်မှာပဲ ဖမ်းမိတယ်။ ကျွန်တော်တို့ကတော့ လူကုန်တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့စွဲပြီး နေပြည်တော်ကို တင်ပို့လိုက်တယ်။ လူကုန်ကူးမှာ သုံးယောက်နဲ့အထက် ကျော်လွန်လို့ ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့အတွက် ဥပဒေပုဒ်မ ၂၈ နဲ့ ထပ်ပြီး အမှုဖွင့်လိုက်တာ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဦးဖေသိန်းကျော်က ဆိုသည်။

ချမ်းမြရွှေပြည် ကားကြီးကွင်းတွင် အချိတ်အဆက်ဖြင့် လူကုန်ကူးသည့် အမျိုးသမီးနှစ်ဦး၊ အမျိုးသား တစ်ဦးတို့ကို လူကုန်ကူးခံရသူတို့၏ သတင်းပေး ထွက်ဆိုချက်အရ ဖမ်းဆီးရမိပြီး မဟာအောင်မြေမြို့နယ် အမှတ် ၉ ရဲစခန်းတွင် (ပ) ၂၁၀/၂၀၁၄ လူကုန် တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၄/၃၂ အရအမှုဖွင့်ပြီး လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့ (နေပြည်တော်) သို့တင်ပြခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု (မန္တလေး) မှတ်တမ်းများအရ သိရသည်။

ဂိုဏ်းဖွဲ့လူကုန်ကူး သူများသည် တရုတ်နိုင်ငံသို့ သွားရာ လမ်းတစ်လျှောက် အသီးသီး ရှိနေပြီး မြို့နယ်အသီးသီးရှိ အမျိုးသမီးငယ်များကို စည်းရုံးခေါ်ဆောင်ပြီး တရုတ်ပြည်သို့ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန်အတွက် ရောင်းစားမှုများ ရှိနေကြောင်း ဦးဖေသိန်းကျော်က ထပ်မံပြောကြားသည်။

ပြစ်မှုကျူးလွန်သူများကို နယ်မြေခံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုများက ဖမ်းဆီးခဲ့ပြီး ဂိုဏ်းဖွဲ့ ကျူးလွန်ကြောင်း ပေါ်ပေါက်သဖြင့် လူကုန် တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ ကို လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့ (နေပြည်တော်) မှ မေလ တတိယအပတ်တွင် ထပ်မံအမှုဖွင့်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Weekly

မေလ ၂၃ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

မေ ၂၂ ရက်နေ့ မနက် ၀၇း၃၀ နာရီအချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာပြီး မုန်တိုင်းငယ်တခုအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီမုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းရဲ့ အနောက်ဘက် မိုင် ၂၅၀ ခန့်အကွာမှာ တည်ရှိနေပြီး မြောက်ဘက်အရပ်ကို ဦးတည်ရွေ့လျား မယ်လို့ ခန့်မှန်းထားပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေ ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
ဦး​ထွန်းလွင်
ဦး​ထွန်းလွင်
မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၄ ပေကနေ ၈ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၄ ပေလောက်မြင့်တက် နိုင်ပါ တယ်။ အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ တဖြည်းဖြည်းကျဆင်းလာတာကို တွေ့ရပါတယ်။ ဟားခါးမြို့၊ မကွေးမြို့၊ စစ်တွေမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့၊ မြိတ်မြို့နဲ့ ကော့သောင်းမြို့တွေမှာ လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကို ကျဆင်းနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ၃ ဒဿ မ ၃ ကျရောက်နိုင်တာကတော့ မြိတ်မြို့ဖြစ်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း ၁၁ ကနေ ၁၂ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျ ရောက်နိုင်တာကတော့ တောင်ကြီးမြို့ဖြစ်ပါတယ်။ အညွှန်းကိန်းတန်ဖိုးကတော့ ၁၂.၉ ကျရောက် နိုင်ပါတယ်။
မေလ ၂၃ ရက်နေ့
နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၈ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၃၇ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ် နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်တနိုင်ငံလုံးနီးပါး မိုးရွာဖို့ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း လောက်သေချာမှုရှိနိုင် ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ချင်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။
မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
DVB

ရန်ကုန်မှာ ပြေးလမ်းချော်ခဲ့တဲ့ လေယာဉ်ပေါ်က စင်ကာပူ ဝန်ကြီးရဲ့ မှတ်ချက်

ရန်ကုန်လေဆိပ်မှာ ပြေးလမ်းချော်ခဲ့တယ်ဆိုတဲ့ စင်ကာပူ လေကြောင်းလိုင်းက အဲယား ဘတ်စ် အေ ၃၃၀ လေယာဉ် ပေါ်မှာ ပါတဲ့ ခရီးသည်တွေထဲမှာ စင်ကာပူက လူ့စွမ်းအား ၀န်ကြီးလည်း တဦးအပါအ ၀င်ဖြစ်တယ်လို့ လေကြောင်း ပြောခွင့်ရတဦးက စင်ကာပူသတင်းဋ္ဌာန CNA ကို ပြောထား တာတွေ့ရ ပါတယ်။ 




 စင်ကာပူ ၀န်ကြီးဟာ နေပြည်တော်မှာ ကျင်းပမယ့် ၂၃ ကြိမ်မြောက် အာဆီယံ နိုင်ငံများရဲ့ အလုပ်သမား ၀န်ကြီးတွေရဲ့ အစည်းအဝေးကို လာတက်တာပါ။ CNA ရဲ့ ဖေ့စ်ဘုတ်မှာ ၀န်ကြီးရဲ့ မှတ်ချက်လေးကို 
ရေးတင် ထားပါတယ်။ 

"ကျနော့်ဘ၀မှာ ဒီတကြိမ် လေယာဉ်ဆင်းတာမျိုး တခါမှ မကြုံဖူးခဲ့ဘူး၊ အခက်ခဲဆုံးပဲ၊ လေယာဉ် အမှုထမ်းတွေက အလွန်ပဲ ကျွမ်းကျင်ပါတယ် တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းနိုင်ခဲ့တယ်"လို့ စင်ကာပူ လူ့စွမ်းအား ၀န်ကြီးက ပြောဆိုပါသတဲ့။ 

မြန်မာပြည်က လေယာဉ်ကွင်း ပြေးလမ်း ဘယ်လို အားနည်းချက်တွေ ရှိနေမလဲ ဆိုတာ ဒီ စင်ကာပူ ၀န်ကြီး ပြောတဲ့ မှတ်ချက်စကားနဲ့ ခန့်မှန်းနိုင်ပါမယ်။ လေယာဉ်ပြေးလမ်းချော်မှုဖြစ်ပွားခဲ့လို့ လေဆိပ် ကိုလည်း နာရီဝက်လောက် ခဏ ပိတ်ထားခဲ့ရပါတယ်။ 

မေလ ၂၁ ရက်နေ့ က ပြေးလမ်းချော်တဲ့ စင်ကာပူလေယာဉ်မှာ လေယာဉ်မှူး ၃ ဦးအပါအ၀င် ၀န်ထမ်း ၁၃ ဦး၊ ခရီးသည် ၂၅၂ ဦး လိုက်ပါ လာတာပါ။ မတော်တဆမှုဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာ ရာတာတော့ မရှိ
ပါဘူး။ 



အိမ့်သံစဉ်~ ဧရာဝတီblog

ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး အခုလို အာဏာသိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။

ဝါရင့် ထိုင်းနိုင်ငံရေးသမားတွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြာသပတေးနေ့ မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အဲဒီလူတွေကို ချက်ချင်း ပြန်လွတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို ပြန်အသက်သွင်း ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အခုလို အာဏာသိမ်းလိုက်တဲ့အတွက် ထိုင်းစစ်တပ်နဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးကို ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်လို့လည်း ၀န်ကြီးကယ်ရီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
  ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ၂ ရက်အကြာမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က ရုပ်မြင်သံကြားကတဆင့် မနေ့က ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ ၀န်ကြီးကယ်ရီက ၀ါရှင်တန်ဒီစီမြို့မှာ အဲဒီလို ပြောကြားလိုက်တာပါ။

ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ယာယီရပ်ဆိုင်းလိုက်တာဟာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ဖို့ အတွက်ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အနေနဲ့လည်း စစ်တပ်မှာ လာသတင်းပို့ကြဖို့ ကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က အမိန့် ထုတ်ပြန်ထားပါတယ်။
VOA

ထိုင်းအာဏာသိမ်းမှုအကြောင်း ဦးရဲထွဋ်နဲ့အင်တာဗျူး



  -
ထိုင်းအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး  မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ကို သိလိုတဲ့အတွက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဆက်သွယ် မေးထားပါတယ်။ မြန်မာဟာ ထိုင်းရဲ့ အိမ်နီးချင်းလည်းဖြစ်၊ အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌတာဝန်ကိုလည်း ယူထားတဲ့အတွက် မြန်မာရဲ့အသံက နိုင်ငံတကာမှာ စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။

  ကြာသပတေးနေ့ ညနေပိုင်း အာဏာသိမ်းမှုပေါ်ပေါက်အပြီး နာရီပိုင်းအတွင်း ဧရာဝတီသတင်းထောက်ငြိမ်းငြိမ်းရဲ့ ဆက်သွယ် မေးမြန်းချက်တွေကို ဦးရဲထွဋ်က ပြန်လည် ဖြေကြားထားပါတယ်။

မေး။ ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အာဆီယံဥက္ကဌ အဖြစ်ဆောင်ရွက်နေတဲ့ နိုင်ငံအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။


ဦးရဲထွဋ်။ ပထမအချက်ကတော့ဗျာ ကျနော်တို့ လက်ရှိအခြေအနေကတော့ မကြာခင်က ကျင်းပခဲ့တဲ့ ၂၄ ကြိမ်မြောက် (အာဆီယံ) ထိပ်သီးအစည်းအဝေးက ထုတ်ပြန်ခဲ့တဲ့
ထိုင်းနိုင်ငံနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေငြာချက်က အာဆီယံနိုင်ငံတွေရဲ့သဘောထားပဲ ဖြစ်ပါတယ်။
 ဒုတိယအချက်ကတော့ လက်ရှိ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာ တိုင်ပင်ဆွေးနွေးပြီးမှပဲ ကျနော်တို့ပြောနိုင်မှာဖြစ်ပါတယ်။

မေး။ အာဆီယံအဖွဲ့ဝင်နိုင်ငံကြားထဲမှာ အရေးပေါ် အစည်းအဝေးတွေများ လုပ်ဖို့ရှိလား။
ဖြေ။ ဒါတော့ ကျနော် လောလောဆယ် မပြောနိုင်သေးပါဘူး။

မေး။ သူတို့အာဏာသိမ်းထားတာ နှစ်နာရီကျော်အတွင်းမှာ ဒုဝန်ကြီးတို့ အနေနဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေကို ဖုန်းခေါ်ဆွေးနွေးနေတာ ရှိပြီလား။
ဖြေ။ ကျနော်သိသလောက်တော့ ဒါတွေက နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြားထဲမှာ ရှိအုံးမယ် ထင်တယ်ဗျ။ လူကြီးတွေကြားမှာတော့ မရှိသေးပါဘူး။

မေး။ တိတိကျကျမပြောနိုင်သေးဘူးဆိုတဲ့ အခြေအနေလား။
ဖြေ။ မပြောနိုင်သေးဘူး။ အမှန်တော့ ၂၄ ကြိမ်မြောက် အာဆီယံ အစည်းအဝေးကထုတ်ပြန်တာမှာ အားလုံးခြုံငုံမိနေပါပြီ။
အဲဒီမှာ ထိုင်းနိုင်ငံရဲ့ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့တိုက်တွန်းထားတာပါတယ်။
တရားဥပဒေစိုးမိုးမှုနဲ့အညီ ဆောင်ရွက်ဖို့တွေ ပါတယ်ဆိုတော့ လောလောဆယ် ထပ်ပြီး ထုတ်မယ် မထုတ်မယ်ဆိုတာ မပြောနိုင်သေးဘူး။
အားလုံး တိုင်ပင်ပြီးမှပဲ သိလာမှာပါ။

မေး။ စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာ တချို့ မီဒီယာရုံးတွေကို ၀င်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး  ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ။ ဘယ်နိုင်ငံ မဆိုပါဗျာ ... အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့လာလို့ရှိရင်တော့ နိုင်ငံသားတွေရဲ့ တချို့ အခွင့်အရေးတွေကို ကန့်သတ်တာမျိုးတွေ ရှိပါတယ်။
အမေရိကန်လိုနိုင်ငံမျိုးတောင် ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်လူမျိုးတွေကို ထိန်းသိမ်းတာတို့၊ စာတွေကို ဆင်ဆာလုပ်တာတို့ ရှိခဲ့တာပဲ။
ထိုင်းနိုင်ငံမှာ ကျနော်လေ့လာမိသလောက် သိသလောက် ထိုင်းတပ်မတော်က ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတဲ့ တချို့ မီဒီယာတွေကို ၀င်ရောက် ထိန်းသိမ်းတာပဲ ရှိတယ်။
ဘန်ကောက်ပို့စ်တို့လို နေရှင်းတို့လို mainstream မီဒီယာကြီးတွေကတော့ ပုံမှန်အတိုင်း ဆက်လုပ်နေတာ တွေ့ရတယ်။
သူတို့မဖြစ်မနေ လုပ်ဖို့လိုအပ်တဲ့ဟာကိုပဲလုပ်မယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ခု လောလောဆယ် နေရှင်းမီဒီယာမှာလည်း စစ်သားတွေ နေရာယူထားပြီ ဆိုတော့ မီဒီယာလွတ်လပ်ခွင့်အတွက် စိုးရိမ်စရာများ ဖြစ်လာမလား။
ဖြေ။ ဟုတ်ကဲ့။ ကျနော်လည်း ခု facebook မှာ နေရှင်း ၀က်ဆိုက်ကိုဝင်ပြီး အဲ့ဒီက သတင်းကို ဖတ်နေတယ်။ သူတို့ သတင်းတွေဆက်တိုက်တင်နေတာ တွေ့ပါတယ်။

ဧရာဝတီ Blog

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီ





ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာအပြီး ၂ ရက်အကြာ ဒီကနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ရုပ်မြင်သံကြား ကနေ ကြေညာ ခဲ့တာပါ။ နောက်ဆက်တွဲ ကြေညာချက်မှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက်ပေမဲ့ အထက်လွှတ်တော်နဲ့ တရားရုံးတွေကတော့ ဆက်ရှိနေမှာ ဖြစ်တယ်လို့လည်း စစ်တပ်က ပြောပါတယ်။

ယာယီဝန်ကြီးချုပ် Niwattamrong Boongsongpaisan နဲ့ အစိုးရအဖွဲ့ဝင်တွေ လာရောက် သတင်းပို့ဖို့လည်း စစ်တပ်က ညွှန်ကြားထားပေမဲ့ ဘယ်ရောက်နေ သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဏာသိမ်း ခဲ့ပြီးနောက် ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက ပုံမှန်အစီအစဉ်တွေ အစား စစ်တပ်က သတင်းတွေကို နောက်ထပ် ညွှန်ကြားချက် မပေးမချင်း ထုတ်လွှင့်သွားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ရ အမိန့်ထုတ်ပြန် လိုက်သလို လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်နဲ့အတူ ဆန္ဒပြသူတွေလည်း သပိတ်စခန်းတွေ ပိတ်ပြီး လူစုခွဲခဲ့ကြတာပါ။ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြိုင်ဖက် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထပ်မံတွေ့ဆုံ အပြီးမှာပဲ စစ်တပ်က အာဏာသိမ်းတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တချို့ကို အာဏာအလွဲသုံးစားမှုနဲ့ ဒီလဆန်းမှာ ရာထူးက ဖယ်ရှားခဲ့ရာက ထိုင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ အထွတ်အထိပ် ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင် စနစ်ကို ပြောင်းလဲလာပြီး နောက်ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခါနဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။
VOA

Thursday, May 22, 2014

ယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်ပေးနိုင်သောစနစ် အဝေးပြေး ယာဉ်များတွင် တပ်ဆင်မည်

 
မန္တလေး၊ မေ ၂၁

အဝေးပြေး အမြန်လမ်းမကြီးများပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ကာ လူအများအပြား သေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ အဝေးပြေး ယာဉ်လိုင်းအချို့သည် ဂြိုဟ်တုနှင့် ချိတ်ဆက်ကာ အဝေးပြေးယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်၊ ညွှန်ကြားပေးနိုင်သော B-smart GPRS network system အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း JJ express အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ ကားတွေမှာတော့ မိုင်နှုန်း စစ်ဆေးတဲ့ စက်တွေ တပ်ဆင်ထားပြီးတော့ အထူးကားတွေ ပေါ်မှာတော့ Skynet ရုပ်သံလိုင်း တပ်ဆင် အသုံးပြုထားပါတယ်။ ဒီ GRPS network တပ်ဆင် အသုံးပြုဖို့ကတော့ အထက်လူကြီးတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ B-smart GPRS Network System သည် ဂြိုဟ်တုနှင့် ယင်းတပ်ဆင် အသုံးပြုထားသော အဝေးပြေးယာဉ်ကို တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပြီး အဝေးပြေးယာဉ် တစ်စီးလုံးကို ထိန်းချုပ်နိုင်ကာ၊ ယာဉ်မောင်းနှင်သူ၏ မောင်းနှင်နေသည့် အနေအထား၊ အမြန်နှုန်း၊ ဘရိတ် အသုံးပြုပုံနှင့် အခြား အချက်အလက် များစွာကို ၅ စက္ကန့်လျှင် တစ်ကြိမ်မျှ စစ်ဆေးနိုင်ကြောင်း၊ ယင်းအပြင် လိုအပ်သည့် အရာများကိုလည်း ဖုန်းလိုင်းမလိုဘဲ B-smart စက်မှတစ်ဆင့် တိုက်ရိုက် ညွန်ကြားနိုင်ကြောင်း B-smart GPRS network system ကို စတင်တပ်ဆင် စမ်းသပ် အသုံးပြုနေသော အကယ်ဒမီယာဉ်လိုင်း လုပ်ငန်းရှင် ဦးတူးက ပြောကြားသည်။

“တပ်ဆင်ထားတဲ့ကား စပြီး စက်နှိုးလိုက်တဲ့ အချိန်က စပြီးတော့ ခရီးဆုံး ကားစက်ပိတ်လိုက်တဲ့ အချိန်အထိ ကားတစ်စီးလုံးရဲ့ Data အားလုံးကို စက္ကန့်ပိုင်းအတွင်း Google earth ကနေ အချက်အလက် အားလုံးကို သိရှိနိုင်တယ်။ လိုအပ်တဲ့ သတိပေးချက်၊ ညွန်ကြားချက်ကိုလည်း ဖုန်းလိုင်း ပြတ်တောက်တဲ့ နေရာဖြစ်ပါစေ မောင်းနှင်နေသူကို ဒီတပ်ဆင်ထားတဲ့ B-smart စက်ကနေ ဆက်သွယ်လို့ ရတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းနည်းပညာကို အခြားယာဉ်လိုင်းများ တပ်ဆင်အသုံးပြုသည်နှင့် မိမိတို့ ယာဉ်လိုင်းရှိ အဝေးပြေး ယာဉ်အားလုံးကိုလည်း တပ်ဆင် အသုံးပြုသွားရန် စီစဉ်လျက် ရှိကြောင်း၊ ယခု ပြေးဆွဲလျက် ရှိသော ယာဉ်များမှာ အထူးအဆင့်မြင့် ကားများဖြစ်ပြီး၊ ယာဉ်မောင်းများမှာလည်း ကျွမ်းကျင် ယာဉ်မောင်းများ ဖြစ်သောကြောင့် ခရီးသည်များကို လုံခြုံစိတ်ချမှု အကောင်းဆုံး ပေးနိုင်ကြောင်း အဝေးပြေးယာဉ်လိုင်းများ တည်ထောင်ထားသည့် GI group တာဝန်ခံ ဦးဇော်မင်းဌေးက ပြောကြားသည်။

“ဒီလိုစနစ်ကို ကားလိုင်းအားလုံး တပ်ဆင်အသုံးပြုဖို့ ကောင်းတယ်။ ဒီစနစ်က ဖုန်းလိုင်း မရရင်တောင်မှ သူတို့ System အရ ကားသမားကို သူတို့ စက်ကနေ အချက်ပေးတာတို့၊ ညွန်ကြားတာတို့ကို လုပ်ဆောင်ပေးလို့ ရတယ်။ ည ၁ နာရီ ကျော်တာနဲ့ ကားမောင်းတဲ့သူကို အချက်ပေး Alarm အသံပေးတာကိုလည်း ဒီကားစီးရင်း ကြားခဲ့ရတယ်” ဟု အကယ်ဒမီ ယာဉ်လိုင်းမှ GRPS network တပ်ဆင်ထားသော ကားတစ်စီးနှင့် မန္တလေးမှ ရန်ကုန်သို့ ခရီးသွားခဲ့သူ မန္တလေး ကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး ဦးနေဝင်းအောင်က ပြောဆိုသည်။

ယင်းအပြင် ယာဉ်မတော်ဆမှုများ မဖြစ်ပေါ်စေရန် ယာဉ်မောင်းများကို သင်တန်းပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အဝေးပြေး ခရီးသည် ပို့ဆောင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

လမ်းအရှည် ၃၆၆ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်ဆမှုကြောင့် တစ်မိုင် တစ်ဦးနှုန်း သေဆုံးမှု ရှိနေသည့်အတွက် ယခုအခါ လမ်းချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly

တရုတ်နိုင်ငံတွင် ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုများရှိ

 
တရုတ်နိုင်ငံအနောက်ဖျားပိုင်းက မငြိမ်သက်တဲ့ ရှင်းကျန်းဒေသရဲ့မြို့တော် ဖူရမ်ကီက ဈေးထဲမှာ ဒီနေ့ ပေါက်ကွဲမှုတခုဖြစ်ပွားပြီး သေဆုံးသူတွေ ရှိခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက အစီရင်ခံပါတယ်။

“ကား ၂ စီးပေါ်ကနေ ဖောက်ခွဲရေးပစ္စည်းတွေကို ပစ်သွင်းလိုက်လို့ ဈေးထဲက ဈေးဝယ်တွေ သေဆုံး ဒဏ်ရာရခဲ့တယ်၊ ကားတစီးကတော့ ပေါက်ကွဲခဲ့တယ်၊ သေဆုံးဒဏ်ရာရသူ အရေအတွက် မသိရသေးဘူး” လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

China Explodeခရိုင်အတွင်း မြောက်ပိုင်းဥယျာဉ် လမ်းထဲက မနက်ခင်းဈေးမှာ မနက် ၇ နာရီ ၅၀ မှာ ပေါက်ကွဲမှုဖြစ်တယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ဌာနတွေက အမြန်တုံ့ပြန်ဆောင်ရွက်နေတယ်၊ ဒဏ်ရာရသူတွေဆေးကုဖို့ ဆေးရုံကိုပို့ပြီးပြီ၊ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို လောလောဆယ် စုံစမ်းစစ်ဆေးနေဆဲပဲလို့ အစိုးရရုပ်သံ စီစီတီဗီက ဆိုပါတယ်။

တရုတ်ြ
ည်သူ့လုံခြုံရေး ၀န်ကြီးဌာနက ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လူအသေအပျောက်ရှိခဲ့တဲ့ ပေါက်ကွဲမှုဟာ အကြမ်းဖက်သမားတွေရဲ့  ပြင်းထန်တဲ့လုပ်ရပ်ဖြစ်ကြောင်း၊ သေဆုံးမှု ရှိခဲ့ကြောင်း ပြောပါတယ်။

ပြည်တွင်းလုံခြုံရေး ခေါင်းဆောင် မန်ကျန်ကျူကတော့ အကြမ်းဖက် အစွန်းရောက်သမားတွေရဲ့ လုပ်ရပ်တွေကို ဖျက်ဆီးပစ်မယ်လို့ ကြေညာချက်ထဲမှာ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေက အရေးပေါ်လုပ်ဆောင်ချက်တွေ လုပ်ပြီးပြီလို့လည်း ဆိုပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ အာဏာပိုင်တွေက မဖော်ပြပါဘူး။

ဒေသတွင်း တင်းမာမှုတွေ မြင့်နေချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တရုတ်အစိုးရကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွဲလိုက် ဖြစ်ပွားခဲ့မှုအပေါ် ရှင်းကျန်းပြည်နယ်က ခွဲထွက်ရေး စစ်သွေးကြွတွေကို အပြစ်တင်ထားပါတယ်။

  By ဒီဗွီဘီ

ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းတပ်မတော်သည် မေ ၂၀ ရက် နံနက် ၃း၀၀ နာရီက မာရှယ်လောထုတ်ကာ  နိုင်ငံတည်ငြိမ်အောင် ထိန်းခဲ့ပြီးနောက် မေ ၂၂ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မေ ၂၃ ရက် နံနက် ၆ နာရီမှ စတင်ပြီး နေ့စဉ်ဖွင့်လှစ်ခဲ့သော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် မြ၀တီမြို့နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ရှိ နိုင်ငံဖြတ်ကျော်ဂိတ်များကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအရ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ နယ်စပ်ဖြတ်ကျော်ဂိတ်များအား  ထိုင်းဘက်မှ ပိတ်လိုက်ပြီးဖြစ်သည့်အတွက် မေ ၂၃ ရက်မှ စတင်၍ ထိုင်း- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနယ်စပ်ရှိ လုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ နယ်စပ်ဂိတ်ကို ရက်ပိုင်းအတွင်းသာ ပိတ်ထားဖွယ် ရှိသည်ဟု သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သော မြ၀တီ-မဲဆောက် လမ်းကြောင်းမှ ခရီးသွားလာရောက်မှု နေ့စဉ်ထောင်နှင့်ချီ၍ သွားလာနေကြသလို ကုန်သွယ်မှုအနေနှင့်လည်း ယာဉ်တန်းအဆင်း နေ့တိုင်း ဒေါ်လာ တစ်သန်းကျော်ဖိုးခန့် ကုန်သွယ်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်များအား ယာယီပိတ်လိုက်ခြင်းကြောင်း ကုန်သွယ်မှု ဈေးကွက်၊ ငွေကြေးဈေးကွက် လှုပ်ခတ်သွားနိုင်ပြီး  သွားလာလုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အခက်ကြုံနိုင်ကြောင်း မြ၀တီ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ယခင်က နယ်ခြားသောင်ရင်း မြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုကို အကြောင်းပြုပြီး ချစ်ကြည်ရေးတံတားအား ၁၇ လကြာ ယာယီပိတ်ထားခဲ့စဉ်က သောင်ရင်းဖြတ်ကျော် လှေဂိတ်များမှ သွားလာခွင့် ရှိခဲ့သော်လည်း ယခုအခါ နိုင်ငံလုံခြုံရေးအရ နယ်စပ်ဂိတ်များအားလုံး ပိတ်ထားမည်ဟု သိရသည်။
Eleven Media Group

ဝူခုံးဇာတ်ဆောင်ရဲ့ မြန်မာပြည်ငြိမ်းချမ်းရေးခရီး စတင်

 
မြန်မာပရိသတ်အကြိုက်တွေ့တဲ့ တရုတ်ဇာတ်လမ်းတွဲ Journey to the west က ၀ူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tong ဟာ ရန်ကုန်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့ တတိယဇာတ်လမ်းတွဲကို မြန်မာပြည်အခြေခံပြီး ရိုက်ကူးလိုတယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဝူခုံးဇာတ်ဆောင် Mr .Liu Xiao Ling Tong နဲ့ ရန်ကုန်မြို့က ပရိသတ်တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က တရုတ်ဇာတ်ဆောင်ရဲ့ ခရီးဟာ ငြိမ်းချမ်းရေးခရီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
“သူစိတ်ဝင်စားတယ်။ တတိယ ဇာတ်ထုတ်ကို ရိုက်မယ်ဆိုရင် မြန်မာပြည်မှာ ရိုက်ဖို့ စိတ်ကူးရှိတယ်လို့ ပြောပါတယ်။ ဒီဘက်ကတော့ ဘာမှ ပြန်ပြောထားတာ မရှိပါဘူး။ ညှိနှိုင်းထား ခြင်းလည်း မရှိပါဘူး။ သူ့ဆန္ဒပဲ ပြောတာပါ။ ငြိမ်းချမ်းရေး ခရီးသည်အဖြစ်နဲ့ လာတယ်။ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးလိုလားတဲ့သူတွေဆိုပြီးတော့ သူတို့ကို လက်ခံတယ်။ သူတို့ ပြည်သူတွေထဲမှာ ၀င်ပြီးတော့ ပြည်သူတွေနဲ့တွေ့ချင်တယ်ပေါ့။ အဲဒါ ကျနော်တို့ တွေ့ပေးတယ်။ ဒါပါပဲဗျ။”

ဝူခုံးဇာတ်ဆောင် Mr.Liu Xiao Ling Tongနဲ့ ရန်ကုန်ပရိသတ်တွေ့ဆုံပွဲမှာ ကျောက်တန်းဘက်က မိဘမဲ့စာသင်ကျောင်းတကျောင်းကို အလှူငွေ ပေးအပ်လှူဒါန်းခဲ့တယ် လို့လည်း ပြောပါတယ်။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဦးစိန်ဝင်းအောင်ကတော့ အစီအစဉ် မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဝူခုံးဇာတ်ဆောင် မြန်မာပြည်လာတဲ့အချိန်ဟာ သူ့ဇာတ်လမ်းတွဲ Journey to the west အနောက်ဘက်သို့ ခရီးသွားခြင်းကို စကိုင်းနက်ရုပ်သံလိုင်းက အတွဲလိုက် ထုတ်လွှင့်ပြသနေချိန် လည်း ဖြစ်တာမို့ ဇာတ်လမ်း တွဲကြော်ငြာသဘောမျိုး ရောက်လာတာလည်း ဖြစ်ပါတယ်။
သူ့ခရီးစဉ်အတွင်း မန္တလေး၊ နေပြည်တော်နဲ့ ပုဂံတို့ကို သွားရောက်မှာဖြစ်ပြီး မေလ ၂၆ ရက် မြန်မာပြည်က ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

  By ရွှေအောင် (ဒီဗွီဘီ)

ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ၂ ထောင် ကျပ် ကိစ္စ ပွဲဆူနေပြီ

ဒုသမ္မတရဲ့ တနေ့ ၀င်ငွေ ကျပ် ၂ ထောင်နဲ့ ရပ်တည်လို့ရတယ်ဆိုတဲ့ စကားကတော့ အတော်ပွဲဆူနေပါပြီ။ ဒု သမ္မတ ဦးဥာဏ်ထွန်းက မြန်မာနိုင်ငံသားတွေအနေနဲ့ လူ တဦး ငွေ ၂၀၀၀ ကျပ် ရှိယုံနဲ့ ဘ၀ ရပ်တည်နိုင် တယ်လို့  ပြောခဲ့တာကို ပြည်တွင်း စာစောင်တခုမှာ ဖော်ပြခဲ့တာပါ။ ဒါကြောင့် အိမ်ရှင်မတွေ အပါအ၀င် အိမ်ထောင် ဦးစီးတွေက တနေ့တာ အသုံးစရိတ်တွေကို တွက်ပြကြပါတယ်။ 





မနက်စာ လူ တဦးအတွက် မုန့်ဟင်းခါး တပွဲကို အကြော်မပါ ၄၀၀ ကျပ်ရှိပြီး အလုပ်သွားဖို့ ဘတ်စ်ကား ၂ ဆင့် စီးခ ၄၀၀ ကျပ်၊ နေ့လယ်စာ ခပ်ညံ့ညံ့ ထမင်းနဲ့ ဟင်း အတွက် ၇၅၀ ကျပ်၊ ညနေ အလုပ်က အပြန် ဘတ်စ်ကားက ၂ ဆင့် စီး ၄၀၀ ကျပ်၊ ညစာအတွက် ဖြစ်သလို ထမင်းဟင်း ၇၅၀ ကျပ်၊ အိမ်ငှားစရိတ် အနည်းဆုံး ၁ ထောင်ကျပ်နဲ့ ဆိုတော့ တနေ့ ကုန်ကျစရိတ်က ၃၇၀၀ ကျပ်ရှိနေပြီ။ 

 ဒါတောင် နေအိမ်အခန်း ငှားရမ်းခ မပါသေးဘူးတဲ့။ အတော်စုတ်ပြတ် နုံချာနေတဲ့ ရန်ကုန်ဆင်ခြေဖုံးက အခန်း တခန်း ကို တလ ၃ သောင်းတန်ပဲ ငှားနေအုံး တနေ့ကို ၁ ထောင် ကျပ်၊ ဘယ်လိုလုပ် တနေ့ ငွေ ၂ ထောင်ကျပ်နဲ့ ရပ်တည်လို့ ရ မလဲတဲ့။ 

စီးပွားရေးက အဆင်မပြေ၊ အလုပ်က ပင်ပန်း၊ အာဟာရက မပြည့်မီ၊ ဒီတော့ ကျန်းမာရေးက သိပ်မကောင်း၊ တခါ တလေ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခပါထည့်တွက်လိုက်ရင် ပိုဆိုးပါပြီ။ 

ဒီအပြင် ရေသောက်တာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာမပါသေးဘူးတဲ့။ အထူးသဖြင့် အမျိုးသမီးတွေ လစဉ်သုံး ပစ္စည်းတို့ ရေချိုးဖို့ ဆပ်ပြာ၊ ခေါင်းလျှောက်ရည်အပါအ၀င် လိမ်းချယ်စရာတွေ ဖိုးတွေပါထည့်တွက် လိုက် ရင် တနေ့ လူ တယောက် အသုံး စာရိတ်က အနည်းဆုံး ငွေ ၅ ထောင်ကျပ်လောက်ကုန် ကျနေတာ ပါတဲ့။ 

လူတယောက်အတွက် ငွေ ၂ ထောင်နဲ့ ဘယ်လိုမှ ရပ်တည်လို့မရတာ ဒုသမ္မတကြီးက မသိတာကို ကျမတို့ အိမ် ထောင်ရှင်မတွေ အံသြမိပါတယ်တဲ့။ ဒီတော့ ဒု သမ္မတကြီး အခုလို ပြောလိုက်တာဟာ တကယ့် ကို ပြည်သူတွေရဲ့ ဘ၀နဲ့ အတော်ကင်းကွာနေတာကို ပြသ လိုက်တာပါဘဲ။ 

ပြုပြင်ပြောင်းလဲရေးအစိုးရလို့ ခေါ်ဝေါ်နေကြတဲ့ မြန်မာအစိုးရ ဒုသမ္မတကြီးအနေနဲ့ အခုလို ပြုပြင်ပြောင်းလဲ 
ရေးကာလမှ အခြေခံ လူတန်းစားတွေ ဘယ်လို ရပ်တည်နေထိုင်ကြသလဲ ဆိုတဲ့ ဧရာဝတီက ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ရိုက်ကူး တင်ဆက်ထားတဲ့ မှတ်တမ်း ဗီဒီယိုတခုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

ဧရာဝတီBlog

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည်

 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထုဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ “ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။

ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။ ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်

သတင်းနှင့် ဓာတ်ပုံ - ဒေါင်းမာန်ဟုန်

အဆင်ပြေမယ်ဆိုရင် ကြော်ငြာများကို ကလစ်ခဲ့ပါ။

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေအပေါ် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဆီယံအသင်းရဲ့ သဘောထားတွေဟာ နေပြည်တော်မှာ နောက်ဆုံး ကျင်းပခဲ့တုန်းက အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားတွေအတိုင်း မပြောင်းလဲဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အထိ နိုင်ငံရေးပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ထိုင်းစစ်တပ်က ကြေညာထားတဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

“ထိုင်းတပ်မတော်ကလည်း ဒါဟာ အာဏာလွှဲပြောင်းယူတာ မဟုတ်ဘူး၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်တာသာ ဖြစ်တယ်လို့ သူတို့ပြောထားပြီး ဖြစ်ပါတယ်။ ပြီးရင် သူတို့ရဲ့ လုပ်ဆောင်ချက်ကလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ချက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒါက လောလောဆယ်တော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်းပဲ ရှိပါတယ်။”

စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်နေသလို၊ စစ်တပ်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ သွေးထွက်သံယို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အင်္ဂါနေ့ကပဲ တိုက်တွန်းထားတာပါ။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ကလည်း အာဏာသိမ်းတဲ့ လုပ်ရပ်ဆန်ဆန် စစ်အုပ်ချုပ်ရေးဟာ မလိုလားအပ်တဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ကတော့ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေရဲ့ လိုအပ်ချက်အရ ကန့်သတ်ရတာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ဒါကတော့ဗျာ ဘယ်နိုင်ငံမဆို အရေးပေါ် အခြေအနေမှာတော့ တချို့မူလအခွင့်အရေးတွေကို ကန့်သတ်တာတွေ ရှိတာပါပဲ။ အမေရိကန် နိုင်ငံမှာတောင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ထုတ်ပြန်ချက်တွေကို ကန့်သတ်တာမျိုး၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ မီဒီယာတွေရဲ့ ရေးသားချက်တွေ၊ အင်တာနက် အသုံးပြုမှုတွေကို သူတို့စောင့်ကြည့်တာမျိုးတွေ ရှိခဲ့တာပဲလေ။ ဒါကတော့ ကျနော်တို့က အရေးပေါ် အခြေအနေအရ မဖြစ်မနေ မလွှဲမရှောင်သာ လုပ်ရတဲ့ကိစ္စလို့ပဲ ကျနော်တို့က မြင်ပါတယ်။”

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့အတူ သတင်းမီဒီယာတွေ၊ အထူးသဖြင့် ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့် လုပ်ငန်းတွေကို ပိတ်ပင်တာတွေ ရှိခဲ့တဲ့ အပေါ်မှာတော့ စာနယ်ဇင်းသမားတွေက စိုးရိမ်နေကြတာပါ။ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ဦးအောင်ဇော် ကလည်း သတင်းစာ လွတ်လပ်ခွင့် အတွက်သာမက၊ အပြောင်းအလဲတွေ လုပ်လာကာစ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် ပုံတူးကူးစရာ နမူနာဖြစ်လာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“စိုးရိမ်စရာတော့ အများကြီးရှိပါတယ်။ အရင်ကတည်းကိုက ရှိတာလေ။ ထိုင်းမှာက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က ဒီလိုအခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်ကတည်းက စပြီးတော့ Websites တွေကို ပိတ်တာတွေ၊ ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး Critical ဖြစ်ဖြစ်နဲ့ ရေးတဲ့ဟာတွေကို အသေအချာ ပိတ်ထားတဲ့ ဆိုဒ်ပေါင်းက ရာကျော်ရှိတယ်ဆိုပြီး CPJ တို့ ဘာတို့ကနေပြီးတော့ ကျနော်တို့ သိရတယ်လေ။ ဆိုတော့ အခု မာရှယ်လောပေါ့၊ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ပိုပြီးတော့ တင်းကျပ်မှုတွေရှိမယ်။ နိုင်ငံခြား သတင်းထောက်တွေရော၊ နောက်ပြီးတော့ လောလောဆယ် ထိုင်းနိုင်ငံရေးကို ဖော်ပြနေတဲ့ Local Paper တွေကအစ ပိုပြီးတော့ သတိထားရမယ့်ဟာတွေရှိတယ်။”

“တချိန်တည်းမှာပဲ မြန်မာနိုင်ငံလို မိမိကိုယ်မိမိ Reformist (ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်လို့ ပြောနေတဲ့ စစ်အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်တွေကလည်း ဒီလိုအခြေအနေမျိုးကိုတော့ ကျနော်ထင်တယ် သဘောကျမှာပါပဲ။ Press Freedom လိုချင်တဲ့သူတွေ Independent Media ကို လေးစားလိုက်နာ ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့သူတွေ အတွက်တော့ မကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့ အဲဒါကိုပဲ မြန်မာပြည်မှာ အမြဲတမ်းကျင့်သုံးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန လိုမျိုးတွေ စစ်အစိုးရတဖြစ်လဲ လူတွေကတော့ ဒါမျိုးတော့ သဘောကျမှာပဲလို့ ကျနော်ထင်ပါတယ်။”

စာနယ်ဇင်းသမားတွေ အခွင့်အရေး လှုပ်ရှားနေတဲ့ (CPJ) အဖွဲ့ကလည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့အတူ မီဒီယာတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အင်္ဂါနေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ဂြိုဟ်တုနဲ့ Cable ရုပ်မြင်သံကြားဌာန ၁၀ ခုထက်မနည်းကို ပိတ်ပင်လိုက်သလို၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာလည်း စစ်တပ်က ကြေညာချက်တွေကို လိုအပ်ရင် ကြားဖြတ်ထည့်သွင်းဖို့ ညွှန်ကြားထားတဲ့ အကြောင်းလည်း CPJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 
ကိုအောင်လွင်ဦး VOA

အဆင်ပြေမယ်ဆိုရင် ကြော်ငြာများကို ကလစ်ခဲ့ပါ။
ဖုန်းနဲ့သုံးသူများ Web View ကိုနှိပ်ပြီး မှ ကြော်ငြာများကိုကလစ်ပါ။


အာရှစစ်မဟာမိတ်ဖွဲ့စည်းမှု တရုတ်သမ္မတ သတိပေး

တရုတ်သမ္မတ Xi Jinping
တရုတ်သမ္မတ Xi Jinping
အာရှနိုင်ငံတွေကြား စစ်ရေးအရ မဟာမိတ်ဖွဲ့တဲ့ အစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်လာနေတဲ့အပေါ် တရုတ်သမ္မတ Xi Jinping က သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတာကို ရည်ညွှန်းလိုပုံရတဲ့ သဘောထားကိုတော့ ရှန်ဟိုင်းမြို့မှာ ကျင်းပနေတဲ့ အာရှတလွှား ယုံကြည်မှုတည်ဆောက်ရေး ညီလာခံမှာ တရုတ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

တိုင်းပြည်တွေရဲ့ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုတွေကို လေးစားဖို့နဲ့ ပြည်တွင်းရေးတွေမှာ မစွက်ဖက်ကြဖို့ဆိုတဲ့ နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူတွေအတိုင်း ရပ်တည်ကြဖို့၊ မတူညီတဲ့ တိုင်းပြည်တွေမှာ နိုင်ငံရေးစနစ်နဲ့ ဖွံ့ဖြိုးမှုအတွက် ကိုယ့်ဆန္ဒအရ ရွေးချယ်တာတွေ၊ လုံခြုံရေးအတွက် ကျိုးကြောင်းဆီလျော်တဲ့ စိုးရိမ်မကင်းမှုတွေကို လေးစားဖို့၊ ဒါပေမဲ့လည်း မဆိုင်တဲ့ နိုင်ငံတခုနဲ့ စစ်ရေးအရ မဟာမိတ် ဆက်ဆံရေးတွေ တိုးမြှင့်တာဟာ ဒေသတွင်း လုံခြုံရေးအတွက် အကျိုးမရှိနိုင်ဘူးလို့ တရုတ်သမ္မတက ပြောဆိုသွားပါတယ်။

နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားရာမှာ တရုတ်နိုင်ငံက အင်အားသုံး ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတဲ့ ခံစားချက်တွေ ရှိနေကြတဲ့ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း တိုင်းပြည်တွေကတော့ အမေရိကန်နဲ့ စစ်ရေးအရ မဟာမိတ် ဆက်ဆံရေးတွေကို တိုးမြှင့်လာကြတာ ဖြစ်ပါတယ်။

ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုတွေ၊ အရှေ့တရုတ်ပင်လယ်ပြင်မှာ ဂျပန်နိုင်ငံနဲ့ အချေအတင် ဖြစ်နေတဲ့ ကိစ္စတွေဟာလည်း မကြာသေးခင် လပိုင်းတွေအတွင်းမှာ ကြီးထွားလာခဲ့တာပါ။ 
VOA

NDF ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း ကွယ်လွန်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကို ထူထောင်ခဲ့သူ၊ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ ဒီကနေ့မနက်မှာပဲ ရန်ကုန်က ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

နိုင်ငံကောင်းစားရေးအတွက် စွန့်လွှတ်အနစ်နာခံ လုပ်ဆောင်ခဲ့တဲ့  နိုင်ငံရေးသမားကြီးတဦး ကွယ်လွန်သွားတာမို့ ဒီမိုကရေစီ လျှောက်လှမ်းဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် အားလျော့သွားစေတယ်လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက် က တင်ပြထားပါတယ်။

ဒေါက်တာသန်းငြိမ်း ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံအတွက် အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်လို့ ဒေါက်တာသန်းငြိမ်းနဲ့ နှစ်ရှည်လများ လက်တွဲပြီး နိုင်ငံရေး လုပ်ဆောင်ခဲ့တဲ့ ဝါရင့် နိုင်ငံရေးသမားကြီး ဦးနိုင်းနိုင်းက ပြောပါတယ်။

“နိုင်ငံကောင်းစားရေးအတွက်ကို သူ့ဘ၀ ကိုယ်ရေးကိုယ်တာ အခွင့်အလန်းတွေ အကုန်လုံးကို လက်လွှတ်ပြီးတော့ လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ပဲ။ ကျနော်တို့ ဒီမိုကရေစီပြောင်းလဲရေးအတွက် အားနည်းသွားတဲ့ အချက်တချက် ဖြစ်ပါတယ်။ ဟိုတလောတုန်းက ဆရာဦးဝင်းတင် ကွယ်လွန်သွားသလိုပါပဲ။ ဆရာဦးသန်းငြိမ်း ကွယ်လွန်တာကိုလည်း နိုင်ငံရေးသဘောအရ ဆုံးရှုံးမှုဖြစ်သလို၊ ကောင်းတဲ့ မိတ်ဆွေ သင်္ဂဟတယောက် ဆုံးရှုံးရတယ်လို့ ကျနော် ယူဆပါတယ်ဗျာ။”

နှစ်ပေါင်းအစိတ်လောက် အနယ်နယ် အရပ်ရပ်မှာ ဆေးကုသခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ ကျောင်းသားဘဝကတည်းက
 ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဝင်အဖြစ်နဲ့ ကျောင်းသားလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို၊ ၁၉၈၈ လူထုလှုပ်ရှားမှုမှာ ပါဝင်မှုနဲ့ ဖယ်ခုံရဲစခန်းမှာ အချုပ်ခံခဲ့ရပြီး ပင်စင်အပေးခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်တဦးအနေနဲ့ ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်တာ ခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းစည်းရုံးရေး ကော်မတီ ဒု-ဥက္ကဌအဖြစ် ၁၉၉၆ ခုနှစ်မှာ တာဝန်အပေးခံခဲ့ရတဲ့ ဒေါက်တာသန်းငြိမ်းဟာ နောက်တနှစ်မှာပဲ ဆေးခန်းဖွင့်မှုနဲ့ တရားစွဲခံရပြီး ဆမ လက်မှတ် အသိမ်းခံခဲ့သလို၊ မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေး လုပ်ဆောင်မှုကြောင့် ထောင် ၇ နှစ် ချမှတ်တာ ခံခဲ့ရပါတယ်။ ထောင်ကလွတ်လာတဲ့နောက် NLD ရန်ကုန်တိုင်း ဒု- ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ မှာ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ၂၀၁၀ မှာပဲ စတင်ထူထောင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူနေရာက ၂၀၁၂ ခုနှစ်ကစပြီး အခု ကွယ်လွန်ချိန်အထိ ပါတီခေါင်းဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့တဲ့ ဒေါက်တာသန်းငြိမ်းဟာ လူမှုအခြေပြုဝါဒနဲ့အတူ ဘက်စုံစီးပွားရေးကို ပူးတွဲဆောင်ရွက်ရမယ်လို့ လက်ခံထားသူလို့ NDF ပါတီကို ပူးတွဲတည်ထောင်သူ ဦးခင်မောင်ဆွေက ပြောပါတယ်။

“NDF ပါတီကို ထူထောင်ခဲ့တဲ့အခါမှာ သူ့လက်ထက်မှာ နေရာပေါင်း ၁၆ နေရာ နိုင်ခဲ့ပြီးတော့ကာ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပို့နိုင်ခဲ့ပါတယ်။ ဦးသန်းငြိမ်းရဲ့ နိုင်ငံရေးဆောင်ရွက်မှုကို လွှတ်တော်နိုင်ငံရေးပေတံနဲ့ တိုင်းတာမယ် ဆိုလို့ဖြင့်ရင် အဲ့ဒီလို လွှတ်တော်နိုင်ငံရေးထဲကို ကျနော်တို့ ပါတီဝင်တွေကို ပို့နိုင်တဲ့ လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ ပါတီတွေရဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်းပဲ တော်တော်များများ ကျနော်တို့ အခြေချနိုင်ပါတယ်။”

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းဟာ ထောင်ကျနေစဉ်မှာပဲ အသည်းကင်ဆာ စဖြစ်နေတာသိရပေမဲ့ ဆေးကုသခွင့်မရခဲ့ဘဲ ထောင်က လွတ်လာမှ ကုသဖို့ လုပ်ရတယ်လို့ ညီဖြစ်သူ ဦးကြည်သန်းက ပြောပါတယ်။

“စင်္ကာပူမှာ သွားခွဲပါတယ်။ ၁၃ ခေါက်လောက်သွားရပါတယ်။ နောက်ဆုံး ရောဂါ က နည်းနည်း control လုပ်ရ ခက်တဲ့အနေအထား ရောက်လာတော့ transplant (အစားထိုးကုသမှု) လုပ်ဖို့အတွက်ကို ဧပြီလ ၅ ရက်နေ့က အိန္ဒိယသွားပါတယ်။ အဲ့ဒီမှာ တလကျော်ကျော်လောက် ကုသတဲ့အချိန်မှာ transplant (အစားထိုးကုသမှု) လုပ်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ မေလ ၁၄ ရက်နေ့ ရန်ကုန်ရောက်ပြီးတော့ ပင်လုံဆေးရုံကို တောက်လျှောက်ပဲ တင်လိုက်တာပါ။ တပတ်လောက် နေပြီးတဲ့အခါကျတော့ ဒီနေ့မနက်ပဲ ၆ နာရီခွဲမှာ ဆုံးသွားတာဖြစ်ပါတယ်။”

ကွယ်လွန်သူအဖ ဦးတင်ညွန့်နဲ့ အခုအခါမှာ အသက် ၉၉ နှစ် ရှိပြီဖြစ်တဲ့ အမိ ဒေါ်ခင်ညွန့်တို့ရဲ့ ဒုတိယမြောက်သားကြီး ဒေါက်တာသန်းငြိမ်းမှာ မောင်နှမ သားချင်း ၉ ဦးနဲ့အတူ ဇနီး ဒေါ်ခင်အေးနဲ့ သားသမီး ၅ ယောက် ကျန်ရစ်ပါတယ်။ ဈာပနကို သောကြာနေ့ နေ့လည် တနာရီမှာ ကျင်းပမှာဖြစ်ပြီး ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။ 
VOA

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူတွေလွတ်ဖို့ ကန် တပ်ဖွဲ့စေလွှတ်

22.05.2014
နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ ကျောင်းသူလေး ၂၅၀ ကျော်ကို ကူညီရှာဖွေပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၈၀ ကို အိမ်နီးချင်း Chad နိုင်ငံထဲကို သမ္မတ Barack Obama က စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အဲဒီအနီးဝန်းကျင် ဒေသတွေမှာ ထောက်လှမ်းရေး လုပ်ငန်း၊ စောင့်ကြည့်တဲ့အစီအစဉ်၊ လေယာဉ်ကတဆင့် ကင်းထောက်တဲ့လုပ်ငန်း စတဲ့ အစီအစဉ်တွေမှာ ကူညီ လုပ်ဆောင်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကွန်ဂရက်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က ပေးပို့တဲ့စာထဲမှာ သမ္မတ အိုဘားမားက ဖော်ပြထားပါတယ်။
ကျောင်းသူကလေးတွေ ရှာဖွေရေးလုပ်ငန်းမှာ မလိုအပ်တော့တဲ့အချိန်အထိ အမေရိကန်တပ်ဖွဲ့တွေ Chad နိုင်ငံထဲမှာ ရှိနေမယ်လို့ ဆိုပါတယ်။ အခုပို့တဲ့ တပ်ဖွဲ့ဝင်တွေဟာ လေတပ်က အများစုဖြစ်ပြီး သူတို့အနေနဲ့ Chad နိုင်ငံ တောင်ပိုင်းကနေ မောင်းသူမဲ့ယာဉ်တွေကို ကြီးကြပ် စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ဂျီးရီးယားနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ Cameroon၊ Niger နဲ့ Chad နိုင်ငံတွေအနီးက ဝေးလံခေါင်ဖျားတဲ့အရပ်မှာ ဖွင့်ထားတဲ့ ကျောင်းက အဲဒီ ကျောင်းသူလေးတွေကို Boko Haram အဖွဲ့က ဧပြီလ ၁၄ ရက်နေ့က ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာကို မသိနိုင်သေးပါဘူး။

အဲဒီဒေသကို ကင်းထောက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုလည်း နိုင်ဂျီးရီးယားအစိုးရကို ပေးခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနနဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့က အရာရှိတွေလည်း ကျောင်းသူတွေ ပြန်တွေ့ရေး အတွက် ကူညီ ရှာဖွေပေးနေကြပါတယ်။
VOA

တနင်္သာရီတိုင်းတွင် နေ့စားလပေး မူပြ ၁၂၀၀ ကျော် ခန့်မည်

Displaying P . Z (4).JPG
ပညာရေးကောလိပ်ကျောင်းဝင်းအတွင်း သင်တန်းသူ ဆရာမများကို တွေ့ရစဉ်

ဓာတ်ပုံ - Dawei Watch
|Dawei Watch| ထားဝယ်၊ မေ ၂၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျောင်းဆရာဆရာမ ၅ ဦးမပြည့်သော အခြေခံပညာမူလတန်းကျောင်းများ ယခုနှစ်အတွင်း နေစားလပေး မူလတန်းပြ ဆွဲခန့်ဆရာ/ဆရာမ ၁၂၀၀ကျော်ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွန်းကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နေစားလပေး ဆရာဆရာမများခန့်ထားရန် လျှောက်လွာခေါ်ယူရာ ဘွဲ့ရ ၃၀၇၆ ဦး၊ ဆယ်တန်းအောင် ၂၄၇၇ ဦး၊ န၀မတန်းအောင် ၂၉၃၃ဦး စုစုပေါင်း ၈၄၈၆ ဦးလျှောက်ထားပြီး ဘွဲ့ရ ၂၈၁၆ဦး ၊ ဆယ်တန်းအောင် ၂၂၇၂ဦးနှင့် န၀မတန်းအောင် ၂၅၈၅ ဦး၊ စုစုပေါင်း ၇၆၇၃ဦး ၀င်ရောက်ဖြေဆိုခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
“အမှတ်စာရင်းတော့ ခြစ်ပြီးပြီ၊ အလုပ်ခန့်ထားနိုင်ရေးမူကို ရေးဆွဲပြီး  ဇွန်လ ၁ ရက်နေ့အမှီ ခန့်ထားနိုင်အောင် ဆောင်ရွက် နေပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
အဆိုပါ နေ့စားလပေး ဆွဲခန့် မူလတန်းပြ လျှောက်ထားသူများကို မေလ ၁၂ ရက်နေ့က အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ ဘာသာရပ် သုံးခုကို ပေါင်းကာ တစ်နာရီအကြာ မေးခွန်း မေးမြန်းခဲ့သည်ဟု သိရသည်။
ဝေးလံသော ကျေးလက်ဒေသရှိ စာသင်ကျောင်းများတွင် န၀မတန်းအောင်ပြီးသော ယင်းကျေးရွာများ နေထိုင်သူများကို ခန့်အပ်သွားမည်ဟု ယင်းတာဝန်ရှိသူက ပြောဆိုသည်။
တနင်္သာရီတိုင်းတွင် အခြေခံပညာမူလတန်းကျောင်း  ၇၀၀ ကျော် ရှိသည်။

Dawei Watch

Tuesday, May 20, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်ရန် စာအုပ်များ NLD က တစ်နိုင်ငံလုံးသို့ စတင်ဖြန့်ဝေ

 
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်သည့် ပုံစံတူစာအုပ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်မှ NLD မြို့နယ်ရုံးများသို့ စတင်ဖြန့်ဝေ နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၉ ရက်က ပြောကြားသည်။

ခက်ခဲတင်းကျပ်သည့် ဥပဒေပြန်ဋ္ဌာန်းချက်များ ပါဝင်သောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂မှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို မေ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “လက်မှတ်ရေးထိုး လှုပ်ရှားမှုက ဆန္ဒပြုနိုင်တဲ့ ပြည်သူတွေ ဆန္ဒပြုခွင့်ရှိတဲ့ ပြည်သူတွေအားလုံး ပြုနိုင်အောင် ကျွန်တော်တို့ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေအရောက် လက်မှတ်ထိုးဖို့ စာအုပ်တွေကြိုးစားပြီး ပို့နေပါတယ်။ ဖြန့်ဝေနေပါပြီ။ နယ်တွေကို ပို့နေပါပြီ။ ကျွန်တော်တို့က မြို့နယ်အဆင့်အထိ အကုန်ပို့မယ်။ မြို့နယ်ကနေ ရပ်ကျေးကျတော့ မြို့နယ်နဲ့ တိုင်းတွေက ဆက်လုပ်ကြမယ်။ တစ်မြို့နယ်ကို နှစ်အုပ်နှုန်းနဲ့ တော်တော်များများ ပို့ပြီးနေပြီ။ တချို့လည်း လမ်းမှာပေါ့လေ ။ တစ်အုပ်မှာ စာမျက်နှာ ၄၀။ တစ်မျက်နှာမှာ ၁၅ ယောက်။ တစ်မြို့နယ် နှစ်အုပ်ဆိုတော့ မြို့နယ်တစ်ခုမှာ ကျေးရွာဘယ်နှစ်ခု ဆိုတာက လိုအပ်သလို ဆက်လုပ်မှာပေါ့။ ဒီစာအုပ်တွေ ပြန်ကူးလို့ရတယ်” ဟု ၎င်းကပြောကြားသည်။

“ဖြန့်ဝေပုံ ဖြန့်ဝေနည်းကလည်း တစ်အိမ်တက်ဆင်း လက်မှတ်ကို တောင်းတဲ့နည်းနဲ့ မလုပ်ပါဘူး။ စုရပ်တွေ၊ ဆုံရပ်တွေထားမယ်။ မြို့နယ်ရုံးတွေ ဒါမှမဟုတ် ရပ်ကျေးက စည်းရုံးရေးမှူးတွေရဲ့ အိမ်တွေမှာထားပြီး ထိုးခိုင်းမှာပါ။ အတင်းအဓမ္မ ထိုးခိုင်းတယ်ဆိုတဲ့ အပြင်ရဲ့တုံ့ပြန်မှုတွေ မလိုလားတဲ့ အတွက်ကြောင့် စုရပ်တွေ ဆုံရပ်တွေထားပြီး လုပ်ပါမယ်” ဟု ရန်ကုန်တိုင်း လူထုဟောပြောပွဲ ကျင်းပရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုးညွန့်က ပြောကြားသည်။

ပုဒ်မ ၄၃၆ကို ဘာကြောင့် ပြင်ရန်လိုအပ်သည် ဆိုသည်ကို ပြည်သူများ အလွယ်တကူ သိရှိနိုင်ရေးအတွက် မည့်သည့်အတွက်ကြောင့် ပုဒ်မ ၄၃၆ ကို ပြင်ရန်လိုအပ်သည် ဆိုသည့် စာသားများ ဖော်ပြထားသော လက်ကမ်းစာဆောင်များကို သိန်းနှင့်ချီကာ ဖြန့်ဝေထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ၌ အသုံးပြုနေသည့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေ ၂၄ ရက်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနိုင်သည့် ပြည်သူ ၉၂ ရာခိုင်နှုန်း၏ ထောက်ခံမှုရရှိ ခဲ့သည်ဟု ဆိုသော်လည်း လက်ရှိအချိန်တွင် ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများကို ပြည်သူများက ဆက်တိုက်ပြုလုပ်လျက် ရှိသကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများသို့လည်း တက်ရောက်သည့် ပြည်သူ များပြားလျက်ရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးညွန့်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး “ဒီလုပ်ငန်းကအောင်မြင်မယ် ထင်တာပဲလေ။ ကျွန်တော်တို့ကတော့ ထင်ရှားအောင် ပြမှာပဲလေ။ ယုံလည်းယုံကြည်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း မရရအောင်လုပ်မယ်။ ပြည်သူ့ကိုပဲ အားကိုးတယ်ဆိုတော့ ဆက်ပြီးတော့ စဉ်းစားကြည့်ပေါ့။ ပြည်သူနဲ့ ကင်းကွာသွားတဲ့ အဖွဲ့အစည်းက တစ်နေ့ကျန်သွားမှာပဲလေ။ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြီး ရအောင်ယူမှာပဲ။ မပေးချင်လို့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက သူတို့ညစ်ခဲ့တာပဲ။ အဲဒီတုန်းကလည်း ဒီလူတွေပဲ။ လူပြောင်းသွားတာ မဟုတ်ဘူး” ဟု ပြောကြားသည်။
Written by: အောင်ဇော်ထွန်း
ဒေါင်းမာန်ဟုန်

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက လွှတ်တော်တင်မည်

 
အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက အခက်အခဲဖြစ်တဲ့ ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံ ဥပဒေ အခန်း ၁၂ က ပုဒ်မတချို့ကို ပြင်ဆင်နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ကိုတင်ပြမယ်လို့ ကော်မတီဝင် တဦးကပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ်လည်းဖြစ် ကော်မတီဝင်လည်းဖြစ်တဲ့ ဦးတင်မောင်ဦးက “တွန်းအားပေးတဲ့အချက်ကတော့ ပြည်သူလူထုတွေရဲ့ အကြံပြုစာ ဖြစ်ပါတယ်။ အဲဒါတွေကို လေ့လာသုံးသပ်ပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက တနိုင်ငံလုံးအတွက် အသက်ပဲလေ။ အဲဒီတော့ ပြင်ဆင်ဖို့လည်း လိုအပ်တဲ့ အချိန်၊ တချို့ဟာတွေတော့ ပြင်ဖို့လည်း လိုတာပေါ့။ ပြည်သူက အခန်း ၁၂၊ ၄၃၆ ကို စောင့်နေတဲ့ အတွက်ကြောင့်  ဦးတို့က ဒါကို အရင်ကိုင်ပါတယ်။ ဒါကို မကိုင်ရင်လည်း ဖွဲ့စည်းပုံကို ပြင်လို့ မရပါဘူး” လို့ ပြောပါတယ်။

ဒီလို ပြင်ဆင်နိုင်ဖို့အတွက်လည်း အလားအလာ အများကြီး ကောင်းပါတယ်လို့ ဦးတင်မောင်ဦးက ပြောပါတယ်။

အဲဒီကော်မတီမှာ ပြည်ခိုင်ဖြိုး ၁၄ ဦး၊ တပ်မတော်သား ၇ ဦး၊ အန်အယ်လ်ဒီ ၂ ဦးနဲ့ ချင်းတိုးတက်ရေး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစရှိတဲ့ပါတီတွေက ၁ ဦးစီအပါအဝင် စုစုပေါင်း ၃၁ ဦး တို့နဲ့ ဖွဲ့စည်းထားတာပါ။

အမည်မဖော်လိုတဲ့ ကော်မတီဝင် နောက်တဦးကလည်း  အခြေခံဥပဒေပြင်ဆင်နိုင်ရေး ကော်မတီက နိုင်ငံတော်ရဲ့ အခြေခံမူ အခန်း(၁)ပါ ပြည်ထောင်စု လို့ သုံးနှုန်းထားတာကို  ဖက်ဒရယ်ပြည်ထောင်စု အဖြစ် ပြောင်းလဲသုံးနှုန်း ဖို့အတွက်လည်း ဆွေးနွေးဆုံးဖြတ်ဖြစ်တယ်လို့ ကော်မတီဝင်တဦးက ပြောပါတယ်။

ဒီနေ့ ကော်မတီရဲ့ ၉ ကြိမ်မြောက် အစည်းမှာတော့   အခန်း ၁ နိုင်ငံတော် အခြေခံမူများ ကစပြီး ဆွေးနွေးနေပါပြီလို့ ပြောပါတယ်။

ကော်မတီအနေနဲ့ ပြင်ဆင်ဖို့လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်ကို အဆိုတင်သွင်းတဲ့အခါမှာ  ဥပဒေကြမ်းအဖြစ် တင်သွင်းရမှာဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပြဋ္ဌာန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံအခြေဥပဒေကို ပြင်ဆင်တဲ့အခါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရမယ်လို့ ပါရှိတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

  By ပိုင်စိုး (ဒီဗွီဘီ)

Monday, May 19, 2014

ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် နေရာကွက်၍ မိုးကြီးမည်

 
ရန်ကုန်၊ မေ ၁၈

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အနောက်တောင် မုတ်သုံလေဖိအား ကောင်းနေခြင်း ကြောင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မေလ ၂၀ နေ့အတွင်း လေပြင်းများ တိုက်ခတ်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၇ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း မုတ်သုံလေ အားကောင်းနေသဖြင့် ကမ်းရိုးတန်း ဒေသများတွင် မိုးကြီး၍ လေပြင်းများ တိုက်ခတ်ကာ လှိုင်းကြီးမည် ဖြစ်ခြင်းကြောင့် ငါးဖမ်းရေယာဉ်များ အနေနှင့် သတိပြုသွားလာရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့တွင် မေလ ၂၀ ရက်နေ့အတွင်း လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်ပြီး လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ခြေ ရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

The Voice Weekly

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST 92B စတင်ဖြစ်ပေါ်

May 19th, 2014
မေလ ၁၈ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီတွင် ရရှိသည့် NRL data များအရ လပွတ္တာမြို့ အနောက်တောင်ဘက် မိုင် ၃ဝဝ ခန့်၊ ကိုကိုးကျွန်းလေဆိပ်၏ အနောက်-အနောက်တောင်ဘက် ၁၄၅ မိုင်ခန့်၊ ဖျာပုံမြို့ အနောက်တောင်ဘက် ၃၅၅ မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-92B စတင်၍ ဖြစ်ပေါ်လာကြောင်းတွေ့ရပါသည်။
GFS ကွန်ပျူတာမော်ဒယ်၏ ကြိုတင်ခန့်မှန်းပုံဖေါ်ချက်အရ INVEST 92B သည် နောက်ဆုံးရ အချက်အလက်များရရှိချိန် မေလ ၁၉ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီမှ နောက် ၂၁ နာရီ(မေလ ၂ဝ ရက် ဝ၉း၃ဝနာရီ)အထိ ပိုမိုအားကောင်းလာမည့် အခြေအနေမရှိသော်လည်း ဧရာဝတီတိုင်းကမ်းခြေဘက်သို့ (အရှေ့မြောက်ဘက်သို့) ရွေ့လျားနိုင်မည်ဖြစ်ကြောင်း၊ နောက် ၂၁ နာရီနောက်ပိုင်းတွင် အနောက်မြောက်ဘက်သို့ ချိုးကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့(အနည်းငယ် ပိုမိုအားကောင်းလာလျှက်) ဆက်လက်ရွေ့လျားနိုင်မည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် INVEST 92B ၏ ညာဘက်ခြမ်းတွင် အမြင့်ဆုံး လေတိုက်နှုန်း 28 knots(တစ်နာရီ ၃၂ မိုင်ခန့်)ရှိမည် ဖြစ်ကြောင်း တွေ့ရပါသည်။
လေဖိအားနည်းဆဲလ် INVEST-92B
19 May 2014 0600Z
Location: 13.2 91.4
Winds: 15 knots
Central Pressure: 1010 hPa
မေလ ၁၉ ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီတွင် တွေ့မြင်ရသော INVEST 92B ဖြစ်ပေါ်လျှက်ရှိရာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်တို့မှ တိမ်တိုက် ဖြစ်ပေါ်မှု အခြေအနေနှင့် တိမ်ထိပ်အပူချိန်ပြ ပုံအား ပုံ-၂ တွင် တွေ့နိုင်ပါသည်။ INVEST 92B သည် လက်ရှိအခြေအနေအရ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ပြီး ဤ SYSTEM ၏ ညာဘက်ခြမ်းမှ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများအတွက် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ကြပါရန် ကြိုတင် အသိပေးတင်ပြအပ်ပါသည်။
(ပုံ-၁) INVEST 92B စတင်ဖြစ်ပေါ်လျှက်ရှိရာ တည်နေရာပြပုံ



By mmweather.ygn

Sunday, May 18, 2014

စစ်ဆေးမှုမရှိသေးသည့် ထိုင်းကြက်သား ထီးခီးမှတဆင့် ထားဝယ်ဈေးကွက်သို့ အဝင်များလာ


၊Dawei Watch၊ ထားဝယ်၊ မေ ၁၈
နယ်စပ်ဂိတ်တွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိမရှိ မစစ်ဆေးရသေးသည့် ထိုင်းကြက်သားများ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ထားဝယ်ဈေးကွက်အတွင်းသို့ တဖြည်းဖြည်း အဝင်များလာကြောင်း ထားဝယ်ဒေသခံ စားသုံးသူအသိုင်းအဝိုင်းမှ သိရသည်။
ယခင်က ဈေးကွက်အတွင်း ပြန့်ကျဲပြီး ဝင်ရောက်နေရာမှ လက်ရှိတွင် သီးသန့်ဆိုင်ဖွင့် ရောင်းလာသည်မျိုးအထိ ရှိလာကြောင်း ၎င်းတို့ ပြောဆိုသည်။
“အဖက်ဖက်က စစ်ဆေးမှု ခံယူပြီးမှ ဖြန့်ဖြူးရောင်းချမယ်ဆိုရင် စားသုံးသူတွေအတွက် ပိုပြီး လုံခြုံမှု ရှိလိမ့်မယ်”ဟု အသက် ၄၀ အရွယ်ရှိသော ထားဝယ်ဒေသခံတစ်ဦးက ဆိုသည်။
တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများ တင်သွင်းရာ၌ ဘေးအန္တရာယ်ကင်းရှင်းမှု မရှိလျှင် ပြည်တွင်းသို့ ဆက်လက် သယ်ယူခြင်း မပြုရန် တားမြစ်ခြင်း၊ ယာယီထိန်းသိမ်းခြင်း၊ ပြန်လည်သယ်ယူသွားစေခြင်း(သို့မဟုတ်) ဖျက်ဆီးခြင်းပြုနိုင်ကြောင်း တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေအရ သိရသည်။
“ကနဦးအနေနဲ့ ပညာပေး၊ အသိပေး၊ သတိပေးတာတို့ လုပ်ဆောင်နေတယ်၊ လိုင်စင်မဲ့ ဆက်လက်တင်သွင်းရင် တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်”ဟု ထားဝယ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ထီးခီးနယ်စပ်ဂိတ်မှ ဝင်လာသည့် တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများကို စစ်ဆေးနိုင်ရန်အတွက် ရုံးခန်းနေရာ လျှောက်ထားဆဲဖြစ်ပြီး ရုံးခန်းဖွင့်လှစ်နိုင်သည့် အချိန်တွင် သီးခြား ဓာတ်ခွဲခန်းထားရှိပြီး စစ်ဆေးနိုင်မည်ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ပြည်ပမှ တင်သွင်းလာသော တိရစ္ဆာန်ထွက်ပစ္စည်းနှင့်တိရစ္ဆာန်အစာကို မွေးမြူရေးနှင်ကုသရေးဦးစီးဌာန၏ စစ်ဆေးမှု ခံယူရန် ငြင်းဆံခြင်း၊ ဋ္ဌာန၏ ထောက်ခံချက်မရှိဘဲ ပြည်တွင်းသို့ ဆက်လက်သယ်ယူဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းပြုပါက ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ၊ ငွေဒဏ်(သို့)ထောင်ဒဏ်ကို ဖြစ်စေကျခံရမည်ဖြစ်သည်။
ပြည်ပမှ တင်သွင်းလာသော တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာ တင်သွင်းသူသည် တင်သွင်းခွင့်လိုင်စင်(သို့)ပါမစ် မရယူမီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ သဘောထားမှတ်ချက်ကို ရယူရမည်ဖြစ်ပြီး တဖက်နိုင်ငံ၏ တိရစ္ဆာန်ဆေးကုဆရာဝန်(သို့) သက်ဆိုင်ရာ အာဏာပိုင်မှ ထုတ်ပေးသည့် ထောက်ခံချက်၊ ထုတ်လုပ်သည့်ပစ္စည်းနှင့်ပက်သက်သည့် အချက်အလက် အထောက်အထားများဖြင့် တင်သွင်းရမည်ဖြစ်ကြောင်း တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
Dawei Watch

ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့နဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်ပွား၊ မြန်မာရဲ ၄ ဦးကျဆုံး

 မြန်မာနယ်ခြားရဲတပ်ဖွဲ့နဲ့ မွတ်စလင် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ဒီနေ့မနက် ၉ နာရီခွဲလောက်က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၅၂ အနီးမှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေတယ်လို့ အမည်မဖေါ်လိုတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးဟာ မိုင်တိုင် ၅၂ ခေါ် နတ်ရေကန်စခန်းဖက်ကို ဒီနေ့မနက်က သွားရောက်စဉ်မှာ အသင့်စောင့်နေတဲ့ RSO အင်အား ၆၀ လောက်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

RSO ခေါ် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာ ခိုလှုံနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလ ၁၃ ရက်နေ့ကလည်း မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ၀င်ရောက်လာတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တဖွဲ့နဲ့ မြန်မာနယ်ခြားစောင့်တပ်တို့ မေလ ၁၃ ရက် မနေ့က မနက်အစောပိုင်းက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၃၉ အနီးမှာ RSO ရိုဟင်ဂျာ လက်နက်ကိုင် ၁၀ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က RFA ကို အတည်ပြု ပြောပါတယ်။

၁၅ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

RFA Burmese