Pages

Saturday, June 7, 2014

တရားစီရင်ရေး လွတ်လပ်မှုမရှိကြောင်း ပညာရှင်တွေ သူရဦးရွှေမန်းနဲ့ ဆွေးနွေး


7 June 2014
 အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဥပဒေရေးရာနဲ့ ပတ်သက်ပြီး တတ်သိကျွမ်းကျင်တဲ့သူတွေ ပူးပေါင်းပါဝင်ဖို့ လို့အပ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာကျင်းပတဲ့ ဥပဒေပြုရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲမှာ သူရဦးရွှေမန်းက အခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။

"အနာဂတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကျနော်တို့နိုင်ငံသားတွေ တရားဥပဒေစိုးမိုးရေးအတွက် အားလုံးပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုရင် ဥပဒေကို သိဖို့ တတ်ဖို့၊ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်နိုင်မှ ဒီအခြေအနေမျိုးရောက်နိုင်မှာ"

လက်ရှိတရားစီရင်ရေးဟာ လွတ်လပ်မှုမရှိဘဲ အုပ်ချုပ်ရေးရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရောက်နေကြောင်း တက်ရောက်လာသူ ဥပဒေပညာရှင်တွေက ပြည်ထောင်စု လွှတ်တော် နာယကကို တင်ပြခဲ့ကြပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေနဲ့ တက္ကသိုလ်တွေက ဥပဒေဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

တက္ကသိုလ်ဝင်တန်း အောင်ချက် ခြောက်နှစ်ဆက်တိုက် မွန်ဗိုလ်စွဲ

Photo
အထက(၁)ထားဝယ် -ဓာတ်ပုံ -ဖိုးဇော်

မော်လမြိုင်၊ ဇွန် ၇

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း
အောက်မြင်သည့်နှုန်းသည် မွန်ပြည်နယ် အများဆုံးဖြစ်ပြီး ခြောက်နှစ်ဆက်တိုက်
အောင်ချက်အကောင်းဆုံးပြည်နယ် အဖြစ်ရပ်တည်နေကြောင်း မွန်ပြည်နယ်
ပညာရေးမှူးရုံးမှ သိရသည်။

ဇွန်လ ၇ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက်
တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ
၁၆၈၇၃ ဦး ရှိသည့်အနက် ၇၄၂၀ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၄၆ ဒဿမ ၇၅
ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်မားဆုံးဖြစ်ကြောင်း အထက်ပါရုံးမှ
သိရသည်။

“မွန်ပြည်နယ်ကတော့ ခြောက်နှစ်ဆက်တိုက်
အောင်ချက်အကောင်းဆုံးရရှိလာခဲ့တယ်။ဒါကတော့ ဆရာ
ဆရာမတွေရဲ့ကြိုးစားအားထုတ်မှု ကျောင်းသူ ကျောင်းသားတွေရဲ့
ကြိုးစားအားထုတ်မှုတွေကြောင့် ရရှိလာခဲ့တာဖြစ်တယ်။ ဝမ်းလည်းသာတယ်
ဂုဏ်လည်းယူပါတယ်။နောင်နှစ်တွေမှာလည်း ဒီလိုပဲ
အောင်မြင်မှုတွေရရှိနေမှာပဲလို့ မျှော်လင့်တယ်” ဟု မွန်ပြည်နယ်
ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်ပြုံးပြုံးအေးက ပြောသည်။

မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ငါးဘာသာ
ဂုဏ်ထူးရှင် ၃၆ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၅၄ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်
၁၈၃ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၁၁ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၂၂၆ ဦး
ရရှိကြသည်။

မွန်ပြည်နယ်သည် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒဿမ ၅ဝ
ရာနှုန်းဖြင့်လည်းကောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် ၄၂ ဒဿမ ဝ၈
ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒဿမ ၃၃
ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၄၇ ဒဿမ ၃၈
ရာခိုင်နှုန်းလည်းကောင်း တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံး
ရရှိလာခဲ့သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း သံဖြူဇရပ်မြို့နယ်သည်
 အောင်ချက်အကောင်းဆုံးဖြစ်ပြီး အောင်ချက် ၆၀ ဒသမ ၆၀ ရာခိုင်နှုန်း၊
ဒုတိယအောင်ချက်အကောင်းဆုံးအဖြစ် မုဒုံမြို့နယ် အောင်ချက် ၆၀ ဒသမ ၀၈
ရာခိုင်နှုန်းနှင့် တတိယအဖြစ် မော်လမြိုင်မြို့နယ် အောင်ချက် ၅၄ ဒသမ ၅၁
ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။

“မြို့နယ်တွေအနေနဲ့က ဒီနှစ်ထူးခြားတာက သံဖြူဇရပ်မြို့နယ် ပထမရသွားတယ်။
ခါတိုင်းနှစ်တွေကျတော့ မုဒုံက ပထမဖြစ်နေတယ်။ မော်လမြိုင်၊ မုဒုံ၊
သံဖြူဇရပ်သုံးမြို့နယ်ထဲကပဲ လည်နေတာ” ဟု ဒေါ်ပြုံးပြုံးအေးက ပြောသည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊
တနင်္သာရီတိုင်း၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ပါဝင်သည်ဟု
မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
 |Dawei Watch|

ထားစရာမရှိသော စစ်ဗိုလ်ချုပ်များ နှင့် စားစရာမရှိသော ပြည်သူ

 
လွန်ခဲ့သော သီတင်းပတ်များအတွင်း ထွက်ပေါ်လာသော သတင်းများကို ခြုံငုံသုံးသပ်မည် ဆိုပါက အာဏာ အလွဲသုံးစားလုပ်၍ အဂတိ လိုက်စားကာ အဆမတန် ကြီးပွားချမ်းသာ လာကြသည့် စစ်ဗိုလ်ချုပ်အသစ် အဟောင်းများက ၎င်းတို့ အသိုင်းအ၀ိုင်း သို့မဟုတ် လူတစ်စု အာဏာ လက်မလွတ်ရရေးကို အသည်းအသန် ကာကွယ် ခုခံနေသည့် အခြေအနေဟု ကောက်ချက်ဆွဲရမည် ဖြစ်သည်။ ဗိုလ်ချုပ်ဟောင်း တစ်ဦး၏အိမ်ကို ယူနီဆက်ဖ်မှ ငှားရမ်းရာ၌ တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၇၀၀၀ (မြန်မာငွေသိန်း ၈၂၀ကျော်) ရနေသည့် သတင်းမှ အစပြု၍ ၄၃၆ ပြင်ဆင်ရေးကို အောက်လမ်းနည်းဖြင့် တန်ပြန်မှုများ၊ ဘာသာသာသနာကို နိုင်ငံရေးအတွက် အသုံးချနေမှုများ စသော သတင်းများအဆုံး အလုံးစုံ ခြုံငုံသုံးသပ်ကြည့်လျှင် ယင်းအချက်ကို အထင်အရှား တွေ့မြင် ရလိမ့်မည်။

အာဏာ လက်မလွှတ်ချင်လောက်အောင် ဖြစ်နေသည်မှာလည်း အာဏာ လက်ကိုင်ရှိသော ၎င်းတို့နှင့် ၎င်းတို့ အသိုင်းအ၀ိုင်း တစ်ခုလုံး၏ ဓနဥစ္စာ အဆမတန် ပွားစီးနေမှုကြောင့်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အရိုက်အရာမှ ပြုတ်ကျသွားသော ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်၏ ဓနဥစ္စာ ပိုင်ဆိုင်မှု တစ်ခုတည်းကိုပင် စိစစ် ကြည့်လျှင်ပင် စစ်ဗိုလ်ချုပ် အသစ်အဟောင်းများနှင့် ၎င်းတို့အသိုက်အ၀န်း မည်ရွေ့မည်မျှ ချမ်းသာ ကြွယ်ဝ နေသည်ကို ဆ၀ါးမိနိုင်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် (နအဖ စစ်အစိုးရခေတ်)၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်သည် ယူနီဆက်ဖ်သို့ ငှားရမ်းထားသော ဗဟန်း ရွှေတောင်ကြားမှ နေအိမ်အပြင် အခြားသော တန်ဖိုးကြီး အိမ်ခြံမြေများနှင့် ဓနဥစ္စာများစွာ ပိုင်ဆိုင်ထားသည်ဟု မီဒီယာများက ဖော်ထုတ် ရေးသားလာသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် ရာထူးပြုတ်ကျခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးသည်ပင် ထိုမျှ ချမ်းသာ ကြွယ်ဝ နေသည်ဆိုလျှင် လက်ရှိအချိန်အထိ အာဏာနှင့်သြဇာ သက်ရောက်မှု ကြီးမားသော စစ်ဗိုလ်ချုပ် အသစ်အဟောင်းများ ဆိုလျှင် မည်မျှကြီးပွား ကြွယ်ဝနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။ အာဏာ အလွဲသုံးစားလုပ်၍ အကျင့်ပျက် ခြစားကာ ကျိကျိတက် ချမ်းသာလာသော စစ်ဗိုလ်ချုပ် ဟောင်းများ၏ ဥစ္စာဓနများသည် လက်ရှိ အချိန်ကာလအထိ အရေးယူ သိမ်းဆည်းမှု မခံရရုံသာမက မပျက်စီး၊ မကွယ်ပျောက် သွားစေရန် စစ်အုပ်စုအတွင်း အချင်းချင်း အကာအကွယ် ပေးထားခြင်း၊ ဓနဥစ္စာများ ပိုမိုပွားစီးလာစေရန် တစ်ဖက်သတ်အခွင့် အရေးများ ဖန်တီး ပေးထားခြင်း တို့ကိုပင် မြင်တွေ့နေရသည်။

ဗိုလ်ချုပ်ပြုတ် တစ်ဦး၏ ပိုင်ဆိုင်မှု အများအပြားအနက်မှ တစ်ခုသာဖြစ်သော ဗဟန်းရွှေတောင်ကြား နေအိမ်မှ တစ်လ ၀င်ငွေ သိန်း ၈၀၀ ကျော် နှင့် သမ္မတလစာကို နှိုင်းယှဉ်ကြည့်နိုင်သည်။ နိုင်ငံ၏ အမြင့်ဆုံး ရာထူးဖြစ်သော သမ္မတ၏ လစာကို ကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး ယခုအခါ ၂၅ ရာခိုင်နှုန်း လှူဒါန်းမည် ဆိုခြင်းကြောင့် ၃၇ သိန်းခွဲသာ ကျန်မည် ဖြစ်သည်။ အလုပ်မလုပ်ဘဲ အငြိမ်းစားနေသော ဗိုလ်ချုပ်ပြုတ် တစ်ဦး၏ အစွန်အဖျား ၀င်ငွေသည် တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေး တာဝန်ကို အကြီးမားဆုံး တာဝန်ယူ၍ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်သော သမ္မတ၏ လစာထက် အဆမတန် များပြား သာလွန်နေသည့် သဘာဝမကျသော အနေအထားကို အံ့အားသင့်ဖွယ် တွေ့မြင်ရမည် ဖြစ်သည်။ လစာ ၂သိန်းခွဲသာ ရရှိသော ညွှန်ကြားရေးမှူးချုပ်နှင့် နှိုင်းယှဉ် ကြည့်မိလျှင်တော့ အကျင့်ပျက်ခြစားမှု အမြစ်စွဲနေရသော အကြောင်းတရားကို အတန်အသင့် သဘောပေါက် သွားလိမ့်မည်။

ထို့ပြင် ပြည်သူထံမှ အဓမ္မနည်း၊ မသမာသော နည်းများဖြင့် ရယူထားသော အာဏာဖြင့် ပြည်သူနှင့် နိုင်ငံပိုင် ဓနဥစ္စာများကို အလွဲသုံးစားပြုကာ တရားဝင်လစာ၊ ခံစားခွင့်များထက် အဆပေါင်း ထောင်သောင်းရှိ ချမ်းသာ ကြွယ်ဝနေကြသော အဆိုပါ စစ်အုပ်စု၏ အရှက်မရှိသော အဖြစ်ကိုလည်း အံ့သြမဆုံး ဖြစ်ရလိမ့်မည်။ ဤမျှ ချမ်းသာကြွယ်ဝမှုနှင့် လုပ်ပိုင်ခွင့်များကို မက်မပြေအောင် ဖြစ်နေသော စစ်အုပ်စုသည် ၎င်းနှင့် ၎င်း၏ အသိုင်းအ၀ိုင်း၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းနှင့် ဆတက်ထမ်းပိုး တိုးပွားလာစေရန် တစ်ဖက်သတ် အခွင့်အရေးများ ပေးနေခြင်းတို့ကိုလည်း မျက်မှောက်ကာလအထိ အထင်းသား မြင်နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် ပုဂ္ဂလိက ရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့်ကို အထူးအခွင့်အရေး အနေနှင့် ရရှိထားသော SKY NET သည် ၂၀၁၀ မှစ၍ သုံးနှစ် ဆက်တိုက် နိုင်ငံတော်သို့ အကျိုးအမြတ် ခွဲဝေပေးရန် မလိုဘဲ ကင်းလွတ်ခွင့် ရရှိခဲ့သည်။ ပျမ်းမျှ တစ်လလျှင် ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော် ၀င်ငွေရှိနေသည် ဟုဆိုသော အဆိုပါ ရုပ်သံလုပ်ငန်းသည် အကျိုးအမြတ် ခွဲဝေပေးရမည့် ကာလ၌လည်း နိုင်ငံတော်သို့ တစ်လသိန်း ၃၀၀ နှုန်းသာ စတင် ပေးသွင်းနေရသည်။

ယင်းက နမူနာ တစ်ခုမျှသာ ဖြစ်သည်။ အခြားသော စစ်အုပ်စုနှင့် ပတ်သက်သည့်၊ နီးစပ်မှုရှိသည့် စီးပွားရေး လုပ်ငန်း များစွာမှာလည်း တစ်ဖက်သတ် အခွင့်အရေးများစွာဖြင့် မြန်မာ့စီးပွားရေး လောကတစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ်ခွင့် ရရှိနေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ အခွင့်ထူးခံများနှင့် သာမန် ပြည်သူများအကြား ဆင်းရဲ ချမ်းသာ ကွာဟမှု အလွန်တရာ ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သူ အများစု ဆင်းရဲမွဲတေမှု နွံထဲမှ ရုန်းမထွက် နိုင်ဘဲ တစ်နေ့တခြား စားဝတ်နေမှုအတွက် ပိုမို ခက်ခဲလာနေခြင်းသည် ဆင်းရဲချမ်းသာ ကွာဟမှု အလွန့် အလွန် ကြီးမားလှသောကြောင့်ပင် ဖြစ်သည်။ ထားစရာမရှိလောက်အောင် ကြွယ်ဝနေသော စစ်ဗိုလ်ချုပ် အသစ် အဟောင်းများ၏ အဂတိမှုများ မကင်းပသေးသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ စားစရာ မရှိလောက်အောင် မွဲတေနေရဦးမည် ဖြစ်ပါကြောင်း။
မြန်မာသံတော်ဆင့်

Friday, June 6, 2014

ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ တက်မည်

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Daniel Russel ဟာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲကို တက်ဖို့အတွက် ဇွန်လ ၅ ရက်နေ့က အမေရိကန်နိုင်ငံကနေ ရန်ကုန်မြို့ကို ထွက်ခွာသွားပြီ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ဇွန်လ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲအပြင် အာဆီယံ ဒေသတွင်းစည်းဝေးပွဲ၊ မဲခေါင်မြစ်ဝှမ်းဒေသနဲ့ အောက်ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသမိတ်ဆွေနိုင်ငံများစည်းဝေးပွဲ စည်းဝေးပွဲတွေ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ ဂျပန်နဲ့ သြစတေးလျနိုင်ငံတို့အတူ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် - အာဆီယံ အဖွဲ့အကြား ပြုလုပ်မယ့် ဆွေးနွေးပွဲ ကိုလည်း ဦးဆောင် ကျင်းပသွားမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်များ အဖွဲ့ YSEAL အပါအ၀င် ထူးချွန်တဲ့ မြန်မာလူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အာဆီယံရဲ့ အနာဂတ်ကို လူငယ်တွေအနေနဲ့ ဘယ်လို ကူညီ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

ရုရှားသမ္မတ နဲ့ အနောက်နိုင်ငံခေါင်းဆောင်များ မျက်နှာချင်းဆိုင် တွေ့ဆုံ

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းပဋိပက္ခ စတင်တဲ့အချိန်ကစလို့ အနောက်အုပ်စုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။ D – Day လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်ဖွဲ့တွေကို ပြင်သစ်နိုင်ငံ Normandy ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေက စတင် ထိုးစစ်ဆင် တိုက်ခိုက်တဲ့နေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်တဲ့အချိန် အခုလို တွေ့ဆုံကြတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော်အတွင်း ရုရှားမပါပဲ အနောက်အုပ်စု ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Barack Obama တို့ Brussels မြို့မှာ တွေ့ဆုံပြီး နာရီပိုင်းအကြာမှာပဲ ဗြိတိသျှဝန်ကြီးချုပ် David Cameron ၊ ပြင်သစ်သမ္မတ Francois Hollande တို့နဲ့ သမ္မတ ပူတင် ပဲရစ်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ ခွဲထွက်ရေးအတွက် တောင်းဆို လှုပ်ရှားနေကြသူတွေကို ရုရှားက ထောက်ပံ့ပေးနေတဲ့အပေါ် G – 7 လို့ခေါ်တဲ့ စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ရုရှားအပေါ် ပြစ်တင် ဝေဖန်လိုက်ကြပါတယ်။ ရုရှားအစိုးရအနေနဲ့ အသစ် ရွေးကောက်တင်မြောက်ခံထားရတဲ့ ယူကရိန်းသမ္မတနဲ့ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းပြီး ရုရှားဖက်ကနေ ယူကရိန်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ ခွဲထွက်ရေးသမားတွေထံ လက်နက်တွေ တင်ပို့နေတာကို ရပ်တန့်ပစ်ဖို့အတွက် သမ္မတ အိုဘားမားက နောက်ပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ယူကရိန်းသမ္မတ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ့်အကြောင်း ရုရှားအစိုးရက ပြောကြားခဲ့တာကိုလည်း အနောက်အုပ်စု ခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲအတွင်း မှတ်တမ်း တင်ခဲ့ပါတယ်။

ဒါပေမယ့် ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံထဲက ခွဲထွက်ရေးသမားတွေကို ဆက်လက် ထောက်ခံနေဦးမယ် ဆိုရင်တော့ နောက်ထပ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေနဲ့ အခုသီတင်းပတ်အတွင်း ရင်ဆိုင်ရနိုင်တယ်လို့ သမ္မတ အိုဘားမားက သတိပေး ပြောကြားခဲ့ပါတယ်။ 
VOAမြန်မာပိုင်း

၁၆ နှစ်မ အလှမယ် “သက်လုံးပုံ ”


ရန်ကုန်မှာလုပ်တဲ့ အထက်တန်းကျောင်းသူ မယ်ရွေးပွဲမှာ သရဖူဆောင်းသွားသူ သက်လုံးပုံက သူ ရရှိတဲ့ ဆုငွေ သိန်း ၃၀ ကို အလှူလုပ်မယ်၊ ပရဟိတအဖွဲ့တွေကို လှူမယ်လို့ ပြောဆိုကြောင်း ဒီတပတ်ထုတ်  ရန်ကုန်မြို့အခြေစိုက် 8 Days ဂျာနယ်မှာ ရေးထားပါတယ်။

ထူးခြားတဲ့ သူ့အမည် သက်လုံးပုံ ဆိုတာက အမည်ရင်းဖြစ်တယ်၊ သူ့မိခင်က တသက်လုံးပုံပြီးချစ်ချင်လို့ အဲသလို နာမည်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

သက်လုံးပုံ သရဖူ ရသွားတဲ့ ဆယ်ကျော်သက် မယ်ပြိုင်ပွဲ မြင်ကွင်းတွေကို ဒီဘလော့မှာ ဖော်ပြပြီးပါပြီ။
http://blog.irrawaddy.org/2014/05/blog-post_7923.html မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
မယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂နှစ် အသက် ၁၄ နှစ်အရွယ်ကတည်းက ၀င်ပြိုင်တာ ဆု ၇ ခုလောက် ရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ စိန်ဂေဟာကုန်တိုက်ကပြုလုပ်တဲ့ ပြိုင်ပွဲတခုကနေ ရခဲ့တဲ့ စတိုင်ကျလှပတဲ့ ခြေလှမ်းပိုင်ရှင် ဆုလည်း ပါဝင်ကြောင်း အွန်လိုင်း သတင်းတချို့မှာ တွေ့ရမှာပါ။

လာလတ္တံ့သော မယ်ပြိုင်ပွဲတွေမှာလည်း သက်လုံးပုံကို ဆက်လက် တွေ့မြင်ရဖွယ်ရှိနေပါတယ်။



    ဧရာဝတီ

သရဖူ ဆုရင် ​အလှမယ် မေမြတ်နိုး ပြန်ရောက်ပြီ


ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

Asia Pacific World 2014 သရဖူရရှိခဲ့သည့်မေမြတ်နိုးသည် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန်လ ၅ ရက်ည ၁၀ နာရီခွဲတွင် ကိုရီးယားလေကြောင်းလိုင်း ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

လူကြိုက်များတဲ့ ဆုလို့ ခေါ်တဲ့ အင်တာနက်က တဆင့် မဲပေးမှုတွေကြောင့် အမှတ်အများဆုံးနဲ့ ဆုရခဲ့သ လို နောက်ဆုံး အလှမယ် သရဖူကိုလည်း ဆွတ်ခူးခဲ့သူ မေမြတ်နိုးဟာ တောင်ကိုရီးယား သရုပ်ဆောင်များ အသင်းရဲ့ အထူး အဖွဲ့ဝင်အဖြစ်လည်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူပါ။

အဲဒီလက်မှတ်ဟာ တောင်ကိုရီးယားမှာ ရုပ်ရှင် သရုပ်ဆောင်ခွင့်လည်း ရရှိတာဖြစ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ပြီး အလှသရဖူဆောင်းခဲ့သူ မေမြတ်နိုးဟာ နိုင်ငံဂုဏ် ကို

ဆောင် ရင်း မိခင်နိုင်ငံကို ပြန်ရောက်လာခဲ့ပါပြီ။


အိမ့်သံစဉ် ~ဧရာဝတီ

သရဖူ ဆုရင် ​အလှမယ် မေမြတ်နိုး ပြန်ရောက်ပြီ


ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

Asia Pacific World 2014 သရဖူရရှိခဲ့သည့်မေမြတ်နိုးသည် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန်လ ၅ ရက်ည ၁၀ နာရီခွဲတွင် ကိုရီးယားလေကြောင်းလိုင်း ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

လူကြိုက်များတဲ့ ဆုလို့ ခေါ်တဲ့ အင်တာနက်က တဆင့် မဲပေးမှုတွေကြောင့် အမှတ်အများဆုံးနဲ့ ဆုရခဲ့သ လို နောက်ဆုံး အလှမယ် သရဖူကိုလည်း ဆွတ်ခူးခဲ့သူ မေမြတ်နိုးဟာ တောင်ကိုရီးယား သရုပ်ဆောင်များ အသင်းရဲ့ အထူး အဖွဲ့ဝင်အဖြစ်လည်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူပါ။

အဲဒီလက်မှတ်ဟာ တောင်ကိုရီးယားမှာ ရုပ်ရှင် သရုပ်ဆောင်ခွင့်လည်း ရရှိတာဖြစ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ပြီး အလှသရဖူဆောင်းခဲ့သူ မေမြတ်နိုးဟာ နိုင်ငံဂုဏ် ကို

ဆောင် ရင်း မိခင်နိုင်ငံကို ပြန်ရောက်လာခဲ့ပါပြီ။


အိမ့်သံစဉ် ~ဧရာဝတီ

Thursday, June 5, 2014

ကျောင်းကားများပေါ်တွင်ဖဲရိုက်သူများ အား အရေးယူရန်ညွှန်ကြား

ဇွန်လ ၃ရက်နေ့ ၂၀၁၄ ။ မန္တလေး ။

ရတနာပုံ တက္ကသိုလ်နှင့် ကျောက်ဆည် တက္ကသိုလ်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက ကျောင်းကြိုပို့ ယာဉ်များ ပေါ်တွင် ဖဲဝိုင်းများ ဖြစ်ပေါ်နေမှုကြောင့် မန္တလေး တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း က သက်ဆိုင်ရာ ပါချုပ်များထံသို့ ဇွန်လ(၂)ရက်နေ့က သတိပေးစာများ ပေးပို့ခဲ့ သည်။

စာအမှတ်၂၀/၂၀၀၀(၅) ကျောင်း(ကြို/ပို့)/၂၀၁၄(၂၈၂) ဖြင့်ထုတ်ပြန်သော ယင်းစာတွင် ကျောင်းသားများ အနေဖြင့် ကျောင်းသို့အသွား ကားပေါ်တွင် ဖဲရိုက်ခြင်းများ ဖြစ်နိုင်သလို ကျောင်းတွင် ကားရပ်နားထားစဉ်၌ ကားပေါ်တွင် ရိုက်ခြင်းလည်းဖြစ်နိုင်ကြောင်း ဖမ်းဆည်း ပါကလည်းကျောင်းသားများဖဲရိုက်သဖြင့်ဖမ်းမိ ဆိုသည် မှာ ကြားမကောင်းသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ရေးသား ထားသည်။

ထိုကဲ့သို့ဖြစ်ပွားရခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်က ကျောင်းသားများ ကျောင်းကားပေါ်တွင် ဖဲရိုက်နေသည် ကိုတွေ့မြင်ရာမှ ယခုကဲ့သို့ တားမြစ် အရေးယူရန် ညွှန်ကြားခဲ့ကြောင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်နီးစပ်သည့် အသိုင်းအ၀န်းက ပြောဆိုသည်။

" ကျောင်းသားဆိုတာ လောင်းကစား မလုပ်ရဘူးလို့ အစကတည်းက ပြောပြီး သားပါ ၊ ကျောင်းဝင်းထဲမှာ အဲဒီလိုအဖြစ် အပျက်တွေရှိရင်တော့ လက်မခံပါဘူး ၊ ကျောင်းဝင်းပြင်ပမှာ ဖြစ်တာမျိုးကတော့ ကျနော်တို့နဲ့ မသက်ဆိုင်ပါဘူး " ဟု ရတနာပုံတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာခင်မောင်ဦးက ပြောကြား သည်။

ကျောင်းသားလူငယ်များအကြား ယခုကဲ့သို့စာရိတ္တပျက်ရွင်းစေသည့်အပြုအမှုမျိုးများဖြစ်ပွားစေခြင်းမှာ တက္ကသိုလ်များကို မြို့ပြင်ထုတ် ထားခြင်း၏ ဆိုးကျိုးများ ကြောင့် ဖြစ်သည်ဟု ကျောင်းသားမိဘ အသိုင်းအ၀န်းမှ ပြောဆိုခဲ့ကြပြီး မြို့တွင်းတွင်သာ ကျောင်းတက်ရမည် ဆိုပါက ယခုလိုအဖြစ်မျိုးများ ကြုံတွေ့နိုင်ရန် အခွင့်အလမ်း နည်းပါး မည်ဖြစ်ကြောင်းကိုလည်း ဝေဖန်သုံးသပ် ခဲ့ကြသည်။

မင်းမင်းလတ်
Mandalay News Agency

သမ္မတတာဝန် ဆက်ထမ်းရွက်ဖို့ ဦးသိန်းစိန်ကို ကေအဲန်ယူ တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နောင်သမ္မတသက်တမ်းမှာ ဆက်လက်တာဝန်ယူဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
KNU Meet President U Thein Sein
သမ္မတနဲ့ KNU နေပြည်တော်မှာ တွေ့ဆုံ 
(ဓာတ်ပုံ – ဦးလှမောင်ရွှေ)
ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ဟာ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပင်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်စိန်နဲ့ သီးခြားစီ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်တဲ့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကေအန်ယူ ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ အပါအ၀င် ၁၀ ဦးခန်းက တက်ရောက်ခဲ့ပါတယ်။ ကေအဲန်ယူ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၂ ရက်နေ့က ကေအဲန်ယူ ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဇွန်လ ၃ ရက်နေ့မှာ နေပြည်တော် ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်မှာလည်း ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြား ဖြစ်ပွားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။
ပဒိုမန်းငြိမ်းမောင်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

နော်နိုရင် DVB
အသံဖိုင် နားဆင်ရန်

မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘော ဓားပြတိုက်ခံရ

မြန်မာသင်္ဘောသား (၉) ဦးလိုက်ပါလာတဲ့  လောင်စာဆီတင် ပင်လယ်ကူးသင်္ဘော ၁ စီး တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ထဲမှာ အမည်မသိ လက်နက်ကိုင် ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့  အသက်ဘေးက လွတ်မြောက်လာတဲ့ ကာယကံရှင် မြန်မာသင်္ဘောသားတွေက ပြောပါတယ်။
ship
ပြီးခဲ့တဲ့ ဇွန်လ (၁) ရက်နေ့က  စင်ကာပူနိုင်ငံကနေ ဒီဇယ်တင်ဆောင်ထွက်ခွာလာတဲ့ Mariana သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံကိုအသွား ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်ပင်လယ်ဓားမြတွေက သင်္ဘောကို စီးနင်းခဲ့တာလို့  သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ ဦးလှဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ရောက်တာနဲ့ ကျနော်တို့ကို ဘာမှ မလုပ်နဲ့ ဓားနဲ့ထောက်တယ်၊ သေနတ်နဲ့ ချိန်ပြီး ငုံ့ခိုင်းထားတယ်။ ပြီးတော့ သူတို့ ဆီတွေ ယူသွားပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တယ်။ သူတို့ မျက်နှာကို ကြည့်လို့ မရဘူး။ မလေးရှားစကားလား၊ အင်ဒိုနီးရှားစကားလား မသိဘူး ပြောတယ်။ ကိုယ့်အသက်အန္တရာယ်ရှိတော့ ကြောက်တော့ ကြည့်ကို မကြည့်နိုင်ဘူး ဖြစ်နေတယ်။”
သင်္ဘောပေါ်မှာ စင်ကာပူ ကပ္ပတိန်နဲ့ မြန်မာသင်္ဘောသား (၉) ဦးအပါအ၀င်  သင်္ဘောသား ၁၁ ဦးလိုက်ပါလာတာဖြစ်ပါတယ်။
ပင်လယ်ဓားမြတွေက သင်္ဘောပေါ်က လောင်စာဆီတွေကို တခြားသင်္ဘော ၁ စီးနဲ့ သယ်ယူသွားပြီး  သင်္ဘောသားတွေရဲ့ တယ်လီဖုန်း၊ လက်တော့ ကွန်ပျူတာ စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေလည်း သိမ်းဆည်းသွားတယ်လို့ ပြောပါတယ်။
သင်္ဘောသားတွေကတော့ ကြိုးတုပ်ခံရတာကလွဲပြီး  အပြင်းအထန် ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ဇွန်လ ၂ ရက်နေ့မှတော့ သင်္ဘောကို  ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးခဲ့တဲ့အတွက် စင်ကာပူပင်လယ်ဝကို  ဇွန်လ ၃ ရက်နေ့ မနက် အစောပိုင်းမှာ  သင်္ဘောသားတွေအသက်ဘေးအန္တရယ်ကင်းစွာနဲ့ ပြန်ရောက်နေပြီဖြစ်ပါတယ်။
ပင်လယ်ဓားမြတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့  အဖြစ်အပျက်နဲ့ ပတ်သက်သက်ပြီး မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ ကိုတိုးညွန့်တင်က ခုလို ပြောပါတယ်။
“နားချိန်မှာ ကျနော်က အခန်းထဲမှာ အိပ်နေတာ။ ကျနော်သူငယ်ချင်း ဘွိုင်လာက ဂျူတီစောင့်နေပြီး ဂျူတီက တက်လာတဲ့အချိန်မှာ သင်္ဘောနောက်ကနေ ဓားပြ ၂ ယောက်၊ ၃ ယောက်က တက်လာတာကို တွေ့သွားတယ်။ တွေ့သွားတော့ ဓားပြတွေ သင်္ဘောပေါ်ရောက်နေပြီ ထထဆိုပြီး ကျနော့်ကို လာပြောတယ်။ ကျနော်လည်း အခန်းပြင်ဘက် ထွက်ပြီး လူတွေလိုက်ရှာတာ တယောက်မှ မတွေ့ဘူး။ အဲဒီမှာ ဓားပြ ၃ ယောက် အခန်းတံခါးတွေ လိုက်ဖွင့်တာတွေ့တယ်။ အဲဒီမှာ ကျနော့်ကို တွေ့သွားပြီး သေနတ်နဲ့ နားထင်ကို ချိန်ပြီး နောက် ၂ ယောက်က ဓားနဲ့ ထောက်ထားတယ်။ နောက် တံခါးဖွင့်ဖို့ ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ထိတ်လန့်သွားပြီ။ အဲဒီတော့ ကျနော့်ကို တံခါးဖွင့်ပေးဖို့ ပြောတယ်။ ကျနော်လည်း အထဲကလူတွေကို ဘာမှ မတက်နိုင်ဘူး ဖွင့်ပေးလိုက်တော့ မဖွင့်ရင် ငါ့ကို သတ်တော့မှာလို့ ပြောတယ်။ အဲဒီမှာ အထဲကလူတွေက တံခါးဖွင့်ပေးတယ်။ တချို့ကို ထုရိုက်ပြီး လက်ပြန်ကြိုးတုပ်ထားတယ်။ ”
သင်္ဘောသားတွေ  ဆုံးရှုံးနစ်နာခဲ့ရမှုအတွက် သင်္ဘောလိုင်း ကုမ္ပဏီက  တာဝန်ယူ ဆောင်ရွက် ပေးနေပြီး မြန်မာသင်္ဘောသားတွေကတော့  နေရပ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။
Dမန်မာသင်္ဘောသား (၉) ဦးလိုက်ပါလာတဲ့  လောင်စာဆီတင် ပင်လယ်ကူးသင်္ဘော ၁ စီး တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ထဲမှာ အမည်မသိ လက်နက်ကိုင် ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့  အသက်ဘေးက လွတ်မြောက်လာတဲ့ ကာယကံရှင် မြန်မာသင်္ဘောသားတွေက ပြောပါတယ်။
shipပြီးခဲ့တဲ့ ဇွန်လ (၁) ရက်နေ့က  စင်ကာပူနိုင်ငံကနေ ဒီဇယ်တင်ဆောင်ထွက်ခွာလာတဲ့ Mariana သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံကိုအသွား ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်ပင်လယ်ဓားမြတွေက သင်္ဘောကို စီးနင်းခဲ့တာလို့  သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ ဦးလှဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ရောက်တာနဲ့ ကျနော်တို့ကို ဘာမှ မလုပ်နဲ့ ဓားနဲ့ထောက်တယ်၊ သေနတ်နဲ့ ချိန်ပြီး ငုံ့ခိုင်းထားတယ်။ ပြီးတော့ သူတို့ ဆီတွေ ယူသွားပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တယ်။ သူတို့ မျက်နှာကို ကြည့်လို့ မရဘူး။ မလေးရှားစကားလား၊ အင်ဒိုနီးရှားစကားလား မသိဘူး ပြောတယ်။ ကိုယ့်အသက်အန္တရာယ်ရှိတော့ ကြောက်တော့ ကြည့်ကို မကြည့်နိုင်ဘူး ဖြစ်နေတယ်။”
သင်္ဘောပေါ်မှာ စင်ကာပူ ကပ္ပတိန်နဲ့ မြန်မာသင်္ဘောသား (၉) ဦးအပါအ၀င်  သင်္ဘောသား ၁၁ ဦးလိုက်ပါလာတာဖြစ်ပါတယ်။
ပင်လယ်ဓားမြတွေက သင်္ဘောပေါ်က လောင်စာဆီတွေကို တခြားသင်္ဘော ၁ စီးနဲ့ သယ်ယူသွားပြီး  သင်္ဘောသားတွေရဲ့ တယ်လီဖုန်း၊ လက်တော့ ကွန်ပျူတာ စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေလည်း သိမ်းဆည်းသွားတယ်လို့ ပြောပါတယ်။
သင်္ဘောသားတွေကတော့ ကြိုးတုပ်ခံရတာကလွဲပြီး  အပြင်းအထန် ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ဇွန်လ ၂ ရက်နေ့မှတော့ သင်္ဘောကို  ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးခဲ့တဲ့အတွက် စင်ကာပူပင်လယ်ဝကို  ဇွန်လ ၃ ရက်နေ့ မနက် အစောပိုင်းမှာ  သင်္ဘောသားတွေအသက်ဘေးအန္တရယ်ကင်းစွာနဲ့ ပြန်ရောက်နေပြီဖြစ်ပါတယ်။
ပင်လယ်ဓားမြတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့  အဖြစ်အပျက်နဲ့ ပတ်သက်သက်ပြီး မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ ကိုတိုးညွန့်တင်က ခုလို ပြောပါတယ်။
“နားချိန်မှာ ကျနော်က အခန်းထဲမှာ အိပ်နေတာ။ ကျနော်သူငယ်ချင်း ဘွိုင်လာက ဂျူတီစောင့်နေပြီး ဂျူတီက တက်လာတဲ့အချိန်မှာ သင်္ဘောနောက်ကနေ ဓားပြ ၂ ယောက်၊ ၃ ယောက်က တက်လာတာကို တွေ့သွားတယ်။ တွေ့သွားတော့ ဓားပြတွေ သင်္ဘောပေါ်ရောက်နေပြီ ထထဆိုပြီး ကျနော့်ကို လာပြောတယ်။ ကျနော်လည်း အခန်းပြင်ဘက် ထွက်ပြီး လူတွေလိုက်ရှာတာ တယောက်မှ မတွေ့ဘူး။ အဲဒီမှာ ဓားပြ ၃ ယောက် အခန်းတံခါးတွေ လိုက်ဖွင့်တာတွေ့တယ်။ အဲဒီမှာ ကျနော့်ကို တွေ့သွားပြီး သေနတ်နဲ့ နားထင်ကို ချိန်ပြီး နောက် ၂ ယောက်က ဓားနဲ့ ထောက်ထားတယ်။ နောက် တံခါးဖွင့်ဖို့ ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ထိတ်လန့်သွားပြီ။ အဲဒီတော့ ကျနော့်ကို တံခါးဖွင့်ပေးဖို့ ပြောတယ်။ ကျနော်လည်း အထဲကလူတွေကို ဘာမှ မတက်နိုင်ဘူး ဖွင့်ပေးလိုက်တော့ မဖွင့်ရင် ငါ့ကို သတ်တော့မှာလို့ ပြောတယ်။ အဲဒီမှာ အထဲကလူတွေက တံခါးဖွင့်ပေးတယ်။ တချို့ကို ထုရိုက်ပြီး လက်ပြန်ကြိုးတုပ်ထားတယ်။ ”
သင်္ဘောသားတွေ  ဆုံးရှုံးနစ်နာခဲ့ရမှုအတွက် သင်္ဘောလိုင်း ကုမ္ပဏီက  တာဝန်ယူ ဆောင်ရွက် ပေးနေပြီး မြန်မာသင်္ဘောသားတွေကတော့  နေရပ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။
DVB

NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့၏ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး မြို့နယ်ဟောပြောပွဲများတွင် UNA ပါဝင်ကူညီသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုလက်မှတ်ရေးထိုးရေး မြို့နယ်ဟောပြောပွဲများတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

UNA နှင့် ၈၈ မျိုးဆက်အဖွဲ့တို့သည် အဆိုပါ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် ယခင်ကတည်းက သဘောတူထားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဖွဲ့တည်း သီးသန့်လုပ်ဆောင်သွားရန်မူ မရှိဘဲ အားလုံးပူးပေါင်း လုပ်ဆောင်သွားရန်သာရှိကြောင်း သိရသည်။

“တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကူညီသွားမယ်လို့တော့ အားလုံးက ပြောပါတယ်။ သီးသန့်လုပ်သွားဖို့တော့ မရှိဘူး။ အားလုံးက ချိတ်ဆက်ပြီးတော့ လုပ်သွားရမှာပဲ” ဟု ၈၈ မျိုးဆက်အဖွဲ့မှ လူထုဆက်ဆံရေးဌာန တာဝန်ခံ ဦးဂျင်မီက ပြောကြားသည်။

ယင်းကဲ့သို့ ကူညီမှုများ ပြုလုပ်ရာတွင် UNA အဖွဲ့အနေဖြင့် ကူညီသွားရန်မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသည့် UNA အဖွဲ့ဝင် ပါတီများကသာ ကူညီသွားရန်ဖြစ်ပြီး ၀ိုင်းဝန်းသွားမည့် ပုံစံမျိုးသာဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့ အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲကို ၁၇ ပွဲအထိ ပြုလုပ်သွားရန် လျာထားပြီး ဇွန် ၄ ရက်အထိ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်များတွင် ဟောပြောပြီးဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲများ ဆက်လက်ပြုလုပ်သွားမည့် မြို့နယ်များမှာ ရှမ်းပြည်နယ်ရှိ လားရှိုး၊ တောင်ကြီးနှင့် ကျိုင်းတုံ၊ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားနှင့် ဗန်းမော်၊ ပဲခူးတိုင်းဒေသကြီးမှ ပဲခူးနှင့်ပြည်၊ ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်၊ မကွေးတိုင်းဒေသကြီးမှ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာ၊ မွန်ပြည်နယ်မှ မော်လမြိုင်၊ တနင်္သာရီတိုင်းဒေသကြီးမှ မြိတ်၊ ထားဝယ် စသည့်မြို့နယ်များဖြစ်ကြောင်း သိရသည်။

UNA သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရေစီပါတီ၊ ကယန်းအမျိုးသားပါတီနှင့် မှတ်ပုံတင် ပြန်လည်မတင်ရသေးသော ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဝင် ပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်မှ ပါတီခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက ၁၀ ရက်ကြာ လေ့လာရေးခရီး ဖိတ်ခေါ်


တရုတ်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် ရခိုင်ပြည်နယ်ရှိ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်သုံးဦးကို အာဏာရ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

ဖိတ်ကြားမှုကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနက ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံအကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသားများအပေါ် သဘောထားကို ရှင်းပြလိုခြင်းကြောင့်ဟု ဖိတ်ကြားစာတွင် ပါရှိကြောင်း ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ဆိုသည်။

ခရီးစဉ်မှာ ဇွန် ၁၆ ရက်မှ ၂၅ ရက်အထိဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ပထမခေါင်းဆောင် ဦးအေးသာအောင်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်မြင့်၊ ဦးဦးလှစောတို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို အလည်အပတ် လေ့လာရေးခရီးစဉ်ဟုသာ ပြောကြားထားသော်လည်း အခွင့်အရေးရပါက ရခိုင်ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု ဦးအေးသာအောင်က ပြောကြားသည်။

“ယေဘုယျအားဖြင့်တော့ တရုတ်က ရခိုင်ပြည်နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်သွားမယ်” ဟု ၎င်းကဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုကော်မတီဝင်များကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ၁၀ ရက် ဖိတ်ကြားခဲ့ပြီး NLD နှင့်ဆက်ဆံရေး တိုးမြှင့်မှုများ ပြုလုပ်သွားရန် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မေလအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်ခရိုင်ညီလာခံ လေ့လာခြင်း အပါအ၀င် NLD ပါတီ၏ လုပ်ငန်းစဉ်များအပေါ် လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနေဖြင့် ယခင်စစ်အစိုးရ လက်ထက်က အစိုးရပိုင်းနှင့်သာ ဆက်ဆံမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်နှင့် ကုန်သွယ်ခွင့် အများအပြား ရရှိခဲ့သည်။ သို့သော် ၂၀၁၀ နောက်ပိုင်း လက်ရှိအစိုးရ တက်လာပြီးနောက်ပိုင်းတွင်မူ အတိုက်အခံ အင်အားစုများကို ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းမှစကာ တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ဖိတ်ခေါ်ခဲ့သည်။ အင်အားကြီး အတိုက်အခံပါတီ NLD ကိုလည်း လေ့လာရေးခရီးစဉ် ငါးကြိမ်ဖိတ်ခေါ်ပြီးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဒေသခံ တိုင်းရင်းသားများနှင့် မြေယာလျော်ကြေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများနှင့် ပတ်သက်၍ မပြေလည်မှုများ ရှိနေကြောင်းလည်း သိရသည်။  
Eleven Media Group

Miss Universe Myanmar 2014 အလှမယ် ဆန်ကာတင် ရွေးချယ်

Miss Universe Myanmar 2014 အလှမယ် ဆန်ကာတင် ရွေးချယ်ပွဲကို ဇွန်လ ၄ ရက်နေ့မှာ ရန်ကင်းမြို့ နယ် က မြန်မာ လေညှင်း ကုမ္ပဏီ ရုံးခန်းမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။



ရွေးချယ်ခဲ့ရတဲ့ သူတွေဟာ နယ်အသီးသီးမှ လျှောက်လွှာရှင်တွေထဲက လူ ၄ဝကို  ၀င်ရောက် ယဉ်ပြိုင်စေ ခဲ့ကြတာပါ။ အဲဒီလို လူ ၄ဝ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသူတွေထဲက ဆန်ကာတင်အယောက်၂၀ ကို ရွေးချယ် ခဲ့ကြတာပါ။  

ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲက တချို့ဆို အခြား အလှမယ်ဆုရှင်တွေတောင် ပါဝင်ပါတယ်တဲ့။


Miss Universe Myanmar 2014 ဆန်ကာတင် အယောက် (၂၀) ရွေးချယ်ခံရသူနဲ့ ပတ်သက်ပြီး လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းသမားများနဲ့ မိတ်ဆက်ပွဲ ကိုပြုလုပ် ကျင်းပ သွားမှာဖြစ်သလို  Website နှင့် Official Facebook တွင် ကြေငြာပေးသွားမှာဖြစ်တယ်လို့ Miss Universe Myanmar.com မှာဖော်ပြထားတာဖြစ်ပါတယ်။ 




ဆန်ကာတင် အလှမယ် ၂ဝ ရဲ့ အမည်စာရင်း။


ခါးနံပါတ် (၁) ခြူးနဒီခင်
ခါးနံပါတ် (၂) ရွှေစင်ကိုကို
ခါးနံပါတ် (၃) ပိုးအိဖြူစင်
ခါးနံပါတ် (၄) ဆွီတီကို
ခါးနံပါတ် (၅) စုနန္ဒာအောင်
ခါးနံပါတ် (၆) ဇွန်သံစဉ်
ခါးနံပါတ် (၇) ခိုင်မီမီဇော်
ခါးနံပါတ် (၈) သော်ရီကျော်
ခါးနံပါတ် (၉) Queenie
ခါးနံပါတ် (၁၀) လင်းလက်ဝင့်
ခါးနံပါတ် (၁၁) ယွန်းရတီ
ခါးနံပါတ် (၁၂) J Naw
ခါးနံပါတ်(၁၃) ပိုးကြာဖြူ
ခါးနံပါတ်(၁၄) ဇူးဇူးမြင့်လွင်
ခါးနံပါတ်(၁၅) ဆုမြတ်နိုးကျော်
ခါးနံပါတ်(၁၆) ယွန်းမှီမှီကျော်
ခါးနံပါတ်(၁၇) ဟေဇယ်ညီညီထွန်း
ခါးနံပါတ်(၁၈) သျှားထွဋ်အိန္ဒြာ
ခါးနံပါတ်(၁၉) မေဇင်မာကို
ခါးနံပါတ်(၂၀) အိမ့်မြတ်နိုး

တို့ဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~ ဧရာဝတီBlog

မြိတ်မြို့နယ် စာသင်ကျောင်းအချို့ ကျောင်းသုံးပုံနှိပ်စာအုပ် ဘာသာရပ်အစုံ မရသေး


၊Dawei Watch၊ မြိတ် ၊ ဇွန် ၎
ဇွန်လ ၂ ရက်နေ့က ကျောင်းစတင် ဖွင့်လှစ်ခဲ့သော်လည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အခြေခံပညာကျောင်း အချို့တွင် သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် ဘာသာရပ်အစုံ မရသေးဟု ကျောင်းသားမိဘများထံမှ သိရသည်။
ကျောင်းအပ်နှံသည့်နေ့မှ စ၍ ဇွန်လ ၃ ရက်နေ့အထိ သူငယ်တန်းမှ ၇ တန်းအထိ အချို့ဘာသာရပ်များအတွက် ပုံနှိပ်စာအုပ်များကို မရသေးဟု ကျောင်းသား မိ/ဘများက ပြောသည်။
ကျောင်းတွင် ပုံနှိပ်စာအုပ် အလုံအလောက် မရသည့်အတွက် ပြင်ပစာအုပ်ဆိုင်များတွင် သွားဝယ်သော်လည်း စာအုပ်ဆိုင် များတွင် ပုံနှိပ်စာအုပ် ပြတ်လပ်သည်ဟု မြိတ်မြို့ အ.ထ.က (၁) တွင် ပညာသင်ကြားနေသည့် တတိယတန်း ကျောင်းသားတစ်ဦး၏ မိခင်က ပြောသည်။
ယခုနှစ်တွင် မူလတန်းနှင့် အလယ်တန်း ပုံနှိပ်စာအုပ်များကို အခမဲ့ပေးမည်ဟု သိထားသည့်အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များကို ဆိုင်တင် မရောင်းဖြစ်ဘဲ ယခင်နှစ်က လက်ကျန်များကိုသာ ရောင်းချခဲ့ကြောင်း စာအုပ်အရောင်းဆိုင် အသိုင်းအ၀ိုင်းမှ သိရသည်။
“စာအုပ်တွေ သင်္ဘောနဲ့ ပို့ထားပါတယ်၊ ရာသီဥတုကြောင့် သင်္ဘောမရောက်လာသေးတဲ့အတွက် အလုံအလောက် မရသေးတာပါ။ ရောက်လာရင်တော့ အားလုံးကို ဖြန့်ဝေပေးသွားမှာပါ”ဟု မြိတ်မြို့နယ် ပညာရေးမှူးက ဆိုသည်။
လက်ရှိတွင် အချို့ကျောင်းသားများမှာ စာအုပ် မျှဝေကြည့်ပြီး အချို့မှာ ပြီးခဲ့သည့်နှစ်က ကျောင်းသားဟောင်းများဆီမှ ရသည့် စာအုပ်အဟောင်းများဖြင့် သင်ကြားနေသည်ဟု မြိတ်မြို့ အမှတ် ၂ အ.ထ.က မှ ကျောင်းသားတစ်ဦးက ပြောသည်။
Dawei Watch

ဦးရဲထွဋ် တွေ့ချင်နေခဲ့တဲ့ KNU က ဗိုလ်ချုပ်ကြီး စောဂျော်နီ

ဇွန်လ ၄ ရက်နေ့ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံကြပါတယ်။ 


 ဓာတ်ပုံ- ဦးရဲထွဋ် ဖေ့စ်ဘုတ်


အဲဒီတွေ့ဆုံမှုမှာ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်လည်း ပါပြီး သူ သိပ်တွေ့ချင်နေခဲ့တဲ့ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနဲ့ ပတ်သက်လို့ ဓာတ်ပုံနဲ့ တကွ စာတချို့ကို သူ့ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။ 
 ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 


ဒီနေ့ ညနေ နိုင်ငံတော်သမ္မတနဲ့ ကေအင်ယူဥက္ကဌတို့ တွေ့ဆုံတဲ့အခါ ကျွန်တော် အတွေ့ချင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါလာပါတယ်။ 

သူကတော့ ကေအင်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီပါ။ ၁၉၈၀ ပြည့်လွန်နှစ်များမှာ ကျွန်တော် အရာရှိငယ်ဘ၀နဲ့ ကရင်ပြည်နယ်မှာ တာဝန်ကျတော့ သူက ကေအင်ယူ၊ ကေအင်န်အယ်လ်အေတပ် စစ်ကြောင်းမှူးဖြစ် ပါတယ်။ 

တိုက်ရည်ခိုက်ရည် အလွန်ကောင်းလို့ ဗိုလ်မှူးဂျော်နီစစ်ကြောင်း သတင်း ပေါ်လာရင် ကျွန်တော်တို့ အားလုံး မျက်စိဖွင့်၊ နားစွင့်ပြီး သတင်းထောက်ရ၊ လိုက်ရှင်းရ လုပ်ခဲ့ရ ပါတယ်။ 

ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်နေပေမယ့် သူ့ရဲ့ တိုက်ရည်ခိုက်ရည်ကိုတော့ စစ်သားချင်း လေးစားခဲ့ရသူ
ဖြစ်ပါတယ်။

သူ့ကိုစစ်မြေပြင်မှာမဟုတ်ဘဲ စားပွဲဝိုင်းမှာ ဆွေးနွေးဘက်အဖြစ်တွေ့ရတာ ကို က ငြိမ်းချမ်းရေးရဲ့ ရလဒ်ပါပဲ။ ပွင့်လင်းပြီး ခင်မင်နှစ်လိုဖွယ်ရာကောင်းတဲ့ ကေအင်ယူခေါင်းဆောင်များနဲ့ တွေ့ဆုံ တိုင်း ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပြီး ငြိမ်းချမ်းရေးမရရအောင် ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကလည်း ပိုပိုပြီးခိုင်မာလာခဲ့ပါတယ်။ 

အိမ့်သံစဉ် ~

Wednesday, June 4, 2014

ထားဝယ်မြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ မင်းကိုနိုင်လာမည်

|Dawei Watch| ထားဝယ်၊ ဇွန် ၎
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွေဝယ်သီရိ အားကစား ရင်ပြင်တွင် ဇွန်လ ၈ ရက်နေ့၌ ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၈၈ မျိုးဆက်မှ ဦးမင်းကိုနိုင် တက်ရောက် ဟောပြောမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်လှိုင်က ပြောကြားသည်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)၊ ဗဟိုဥပဒေရေးရာ ကော်မတီမှ ဦးဌေးဦးတို့အပြင် တနင်္သာရီတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးအေးနိုင်နှင့် ထားဝယ်မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဟိုပင်တို့ကလည်း ဟောပြောသွားမည်ဖြစ်ကြောင်း ဦးတင်လှိုင်ထံမှ သိရသည်။
“ဟောပြောပွဲ ပြုလုပ်ခွင့်ရရှိရေးအတွက် ၀န်ကြီးချုပ်နဲ့တော့ ဆွေးနွေးပြီးပြီ ခွင့်ပြုချက်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက ညွန်ကြားရေးမှူးမှ စီစဉ်ဆောင်ရွက်ပေးမယ်”ဟု ဦးတင်လှိုင်က ဆိုသည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ နံနက် ၈ နာရီခွဲမှ ၁၀နာရီခွဲအထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ထားဝယ်ဒေသအတွင်းမှ ပြည်သူလူထုများအပါအ၀င် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ စသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူသည့်သူများ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
“အများပြည်သူ သဘောမတူတဲ့ ပုဒ်မ ၄၃၆ တာဝန်အရ ပြုပြင်ကြ” “ဒီမိုကရေစီ စံနှုန်းနဲ့ မညီတဲ့ ပုဒ်မ ၄၃၆ မထောက်ခံနဲ့ ကန့်ကွက်ကြ” “အခြေခံ ဥပဒေပြင်ဆင်ရန် တစ်နိုင်ငံလုံး ဆန္ဒဖော်ထုတ်ရေး လူထုနည်းနဲ့ တွန်းအားပေး”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းကော်မတီမှ အသိပေးထားသည်။
ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(ဃ)(စ)ဖျက်သိမ်းရေးအတွက် မတ်လ ၂၆ ရက်နေ့က ထားဝယ်မြို့တွင် NLD ပါတီဝင် ခုနှစ်ရာဝန်းကျင် ဆန္ဒထုတ်ဖော်ခဲ့သည်။
Dawei Watch

အင်းလျားကန်ပေါင်အနီး လင်ခရူဇာယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခံရမှု တစ်လကျော်သည့်တိုင် ဖမ်းမမိသေး

ရန်ကုန်၊ ဇွန် ၃

လှိုင်မြို့နယ် အင်းလျားကန်ပေါင်အနီး ပြည်လမ်း တံတားဖြူ မှတ်တိုင်တွင် အုပ်စုဖွဲ့ ဓားပြတိုက်၍ လင်ခရူဇာယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခဲ့မှု တစ်လကျော် ကြာသည့်တိုင်အောင် ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း လုယက်ခံရသူ ကိုအောင်ငြိမ်းသန့်က ပြောကြားသည်။

ဧပြီလ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်က ကမာရွတ်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ လှည်းတန်း (၇) လမ်းတွင် နေထိုင်သူ ကိုအောင်ငြိမ်းသန့်မှာ ၎င်း၏ ကိုယ်ပိုင် လင်ခရူဇာယာဉ်ဖြင့် သူငယ်ချင်းများနှင့်အတူ ရှစ်မိုင် လမ်းဆုံဘက်မှ နေအိမ်သို့ ပြန်ရန် ပြည်လမ်းအတိုင်း မောင်းနှင်ခဲ့ကြောင်း၊ အင်းလျားကန်ပေါင်အနီး တံတားဖြူ မှတ်တိုင်တွင် ယာဉ်ကိုရပ်နားကာ အနားယူနေစဉ် သူငယ်ချင်းများ ကန်ပေါင်ပေါ် တက်သွားခဲ့ကြောင်း၊ ယင်းနောက် ယာဉ်အတွင်း ၎င်းနှင့် အမျိုးသမီး သူငယ်ချင်းတို့ ရှိနေချိန် အမျိုးသားငါးဦး ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးကို ထိုးကြိတ်ရိုက်နှက်ကာ ယာဉ်နှင့် လက်ဝတ်ရွှေထည်များ လုယက်ခံကြောင်း လှိုင်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“လုယက်မှုနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကို ခေါ်ယူစစ်ဆေးနေဆဲပါ။ လုယက်ခံရသူက လုယက်ခဲ့တဲ့ ငါးယောက်အဖွဲ့က နှစ်ယောက်ကို မှတ်မိတယ် ဆိုပေမယ့် အခု ခေါ်ယူစစ်ဆေးတဲ့ သူတွေအထဲမှာ သူမှတ်မိတဲ့သူ မပါသေးဘူး။ အမှုအမြန် ဖော်ထုတ်နိုင်ဖို့ ခရိုင်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်း စစ်ဆေးနေပါတယ်” ဟု လှိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အုပ်စုဖွဲ့ လုယက်ခံရစဉ်က ယာဉ်ပိုင်ရှင် ကိုအောင်ငြိမ်းသန့်ကို ချွန်ထက်သော အရာဖြင့် အမျိုးသားတစ်ဦးက ထိုးခဲ့ပြီး ၎င်းက ပြန်လည် ခုခံသောကြောင့် ကျန်အမျိုးသားများက ၎င်းကို ဝိုင်းချုပ်ကာ ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းနှင့် သူငယ်ချင်း အမျိုးသမီးကို ယာဉ်နှင့်အတူ ခေါ်ဆောင်သွားပြီး လက်ဝတ် ရွှေထည်များကို ချွတ်ယူကာ ရွာသာကြီးကျေးရွာ အမှတ် (၂) လမ်းမရှိ သပြေခြံ ကားမှတ်တိုင်အနီးတွင် ယာဉ်ပေါ်မှ ချထားပေးခဲ့ကြောင်း လုယက်ခံရသူ ကိုအောင်ငြိမ်းသန့် ပြောကြားသည်။

“ပြီးခဲ့တဲ့လက စခန်းမှာ မသင်္ကာသူငါးဦး ခေါ်စစ်နေချိန် စခန်းကခေါ်လို့ သွားကြည့်ခဲ့ပေမယ့် လုယက်တုန်းက ပါတဲ့သူတွေ မဟုတ်ဘူး။ နောက်ပိုင်း မသင်္ကာသူတွေ ထပ်ခေါ်စစ်နေတယ် ကြားပေမယ့် ကျွန်တော့်ဆီ ရဲစခန်းက မဆက်သွယ်တော့ဘူး။ ကျွန်တော်လည်း လုယက်ခံရတဲ့ကားနဲ့ ပတ်သက်ပြီး ဘာသတင်းများ ထူးမလဲလို့ စခန်းကို မကြာခဏ ဖုန်းဆက်မေးပေမယ့် ဒီနေ့အချိန်ထိ အမှုက ဘာမှထူးခြားမှု မရှိသေးဘူး” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အုပ်စုဖွဲ့ လုယက်မှုကြောင့် ကိုအောင်ငြိမ်းသန့်၏ လင်ခရူဇာယာဉ်နှင့် ရွှေလက်စွပ်နှစ်ကွင်း၊ ရွှေဆွဲကြိုးတစ်ကုံး အပါအဝင် ၎င်း၏ သူငယ်ချင်း အမျိုးသမီး၏ ရွှေလက်စွပ်သုံးကွင်းနှင့် ရွှေဆွဲကြိုး တစ်ကုံးတို့ လုယက်ခံရသောကြောင့် လှိုင်မြို့မရဲစခန်းမှ (ပ) ၁၉၂/၁၄၊ ပုဒ်မ ၃၉၅ ဖြင့် လုယက်ခဲ့သူ အမျိုးသားငါးဦးကို အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

ထားဝယ်လယ်သမား ၂၀ ကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေး

ထားဝယ်ရဲစခန်းထဲမှာ

ဇွန် ၃ ထားဝယ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ထဲမှာ မြေသိမ်းခံတောင်သူလယ်သမားနဲ့ အာဏာပိုင်တွေကြား အခြေအတင်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လယ်သမား အယောက် ၂၀ ကို မြို့မရဲစခန်းက ဒီကနေ့ မနက် ခေါ်ယူစစ်ဆေးပါတယ်။

ဇွန် ၁ ရက်နေ့ အခင်းဖြစ်ပွားစဉ်က
ထားဝယ်မြို့ ဆန်းချီရပ်ကွက်က သူတို့ပိုင် လယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုင်တွေလာစိုက်တဲ့သွားအတွက် တဘက်နဲ့တဘက် အခြေအတင်ဖြစ်ပွားခဲ့ပြီး ရဲစခန်းက သူတို့ကို ခေါ်စစ်ခဲ့တယ်လို့ ရွာသူတဦးဖြစ်တဲ့ မရွှေစင်ယုက ပြောပါတယ်။ “လျော်ကြေးမယူရသေးတဲ့ လယ်တွေထဲမှာ သူတို့က မြေတိုင်းဖို့၊ အကွက်ရိုက်ဖို့ဆိုပြီး ရဲအင်အား ၅၀ ကျော်နဲ့ အုပ်ချုပ်ရေးပိုင်း ၀န်ထမ်းတွေနဲ့ ကုမ္ပဏီက အလုပ်သမားတွေက ကျမတို့လယ်ထဲမှာ တိုင်တွေ လာစိုက်တယ်။ လယ်သမားတွေက တားတယ်၊ သူတို့ဘက်က အင်အားသုံးပြီး အတင်းစိုက်တယ်၊ ကျမတို့က အစိုက်မခံဘူး။”
အခုလို ခေါ်ယူစစ်ဆေးတာနဲ့ပတ်သက်ပြီး ထားဝယ်မြို့မရဲစခန်း စခန်းမှူး ဦးမျိုးမြင့်ဦးက “အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးအရာရှိကနေပြီး တရားလိုလုပ်ပြီး တိုင်ထားတာရှိပါတယ်။ တာဝန်ဝတ္တရားဆောင်ရွက်နေတဲ့အချိန်မှာ နှောင့်ယှက်မှုနဲ့ ၁ ရက်နေ့က။ ညက အမှုဖွင့်တယ်။ အမှုဖွင့်လို့ ကျနော်တို့က ခေါ်ယူစစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ ဖမ်းတာဆီးတာ ဘာမှမလုပ်ရသေးဘူး” လို့ ပြောပါတယ်။
ရဲစခန်းက ရွာသားတွေကို အဲဒီမြေယာပေါ်မှာ စတင်လုပ်ကိုင်တဲ့နှစ်၊ ပိုင်ဆိုင်မှု အထောက်အထား၊ အာဏာပိုင်တွေကို ကန့်ကွက်ရတဲ့ အကြောင်းရင်း စတာတွေနဲ့ ပတ်သက်ပြီး ၁ ဦးကို ၁ နာရီလောက် စစ်မေးကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ လယ်သမား ဦးသန်းမြက ပြောပါတယ်။
ဆန်းချီရပ်ကွက်ထဲက မြေဧကပေါင်း ၃၀၀ ကျော်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အသိမ်းခံထားရတာဖြစ်ကြောင်း၊ အဲဒီထဲက ဧက ၁၀၀ ကျော်မှာ ဌာနဆိုင်ရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၊ ကုမ္ပဏီ စတဲ့ အဆောက်အဦတွေ ဆောက်လုပ်ထားပြီး သမ္မတဦးသိန်းစိန် လက်ထက်မှာ ရွာသားတွေက မိမိမြေယာ ပြန်ရရေးအတွက် တောင်းဆို တိုင်တန်းမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေယာပြန်ရရေး တောင်းဆိုထားတဲ့ လယ်ပိုင်ရှင် ၆၄ ဦးရှိပြီး အာဏာပိုင်တွေက ၃ ဧက ကို (ပေ ၄၀ – ၆၀ ) အကျယ်ရှိ မြေတကွက်စီ ပြန်ချပေးမယ်လို့ ပြောခဲ့ပေမယ့် ရွာသားတွေက တဧကကို တကွက် ပြန်လိုချင်ကြောင်း၊ သူတို့ အစားထိုးပြန်ပေး မယ့် မြေတွေဟာလည်း ရေ၀ပ်ဧရိယာတွေဖြစ်နေတဲ့အပြင် ၀င်ထွက်ရ ခက်ခဲတယ်လို့ ဆိုပါတယ်။
ဒီမြေယာပြဿ နာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်တန်းခဲ့ပြီး ဆန္ဒပြတောင်းဆိုမှု ၂ ကြိမ် လုပ်ခဲ့တယ်လို့ လယ်သမားခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
===============================
 ဇွန် ၃ ညနေ ၄ နာရီ ၃၀မိနစ်လောက်မှာ ကိုယ်တိုင်ခံဝန်ချက်နဲ့ အားလုံးကိုပြန်လွှတ်လိုက်ပါတယ်။
ထူးခြားတာက လယ်သမားတွေကို ရဲစခန်းမှာစစ်ဆေးနေတဲ့ အချိန် အတွင်း ဇွန်၁ရက်နေ့က မရိုက်လိုက်ရတဲ့ မြေကွက်တွေကို ထားဝယ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ဦးဆောင်ပြီး
မြေကွက်တိုင်တွေအပြီးစိုက်ခဲ့ပါတယ်။


ထိုင်းဆန္ဒပြသူများအကြား ခေတ်စားနေသည့် လက် ၃ ချောင်းထောင် သင်္ကေတ

 
ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြသမားတွေကြားမှာ လက် ၃ ချောင်းထောင်တဲ့ သင်္ကေတတွေ ခေတ်စားနေပါတယ်။

လူကြိုက်များတဲ့ “Hunger Games” စာအုပ်နဲ့ ရုပ်ရှင်ဆီက ညီညွတ်ရေးသင်္ကေတကို ယူသုံးထားတဲ့ နိမိတ်ပုံ ဖြစ်ပါတယ်။
စူဇန်နီ ကောလင်းစ် ဖန်တီးထားတဲ့ ၀တ္ထုမှာ ပန်နန်ဆိုတဲ့ စိတ်ကူးထဲကနိုင်ငံမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ရုပ်ရှင်အဖြစ် ဖန်တီးတဲ့အခါ ဂျနီဖာ လောရင့်စ်က ကတ်နစ် အဲဗာဒင်အဖြစ် သရုပ်ဆောင်ထားခဲ့ပြီး လက် ၃ ချောင်းထောင်တဲ့ သင်္ကေတဟာ လူသိများခဲ့ပါတယ်။ ၀ထ္ထုထဲက အဓိပ္ပာယ်ကတော့ ချစ်ခင်တဲ့ တစုံတယောက်ကို ကျေးဇူးတင်မှု၊ လေးစားမှုနဲ့ နှုတ်ဆက်တဲ့ အဓိပ္ပာယ်သုံးမျိုးကို ကိုယ်စားပြုပါတယ်။

ဝထ္ထုစာအုပ်ကို ကမ္ဘာတ၀ှမ်းမှာ အနည်းဆုံး ဘာသာ ၂၆ မျိုးနဲ့ ဘာသာပြန် ထုတ်ဝေခဲ့ပြီး အုပ်ရေ ကုဋေပေါင်းများစွာ အရောင်းစွံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

ရုပ်ရှင်အဖြစ် ဖန်တီးခဲ့တဲ့အခါမှာလည်း ကမ္ဘာတ၀ှမ်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀၀ ကျော် ၀င်ငွေကောင်းခဲ့ပါတယ်။

By ဒီဗွီဘီ

လွှတ်တော်မှာ PR စနစ်ကို ဆွေးနွေးဖို့ ခုအချိန်မှာ အဆိုပြုလာတာဟာ ထူးခြားမူရှိဟု ဒေါက်တာ အေးမောင်ဆို

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ အဖွဲ့တို့က ဖွဲ့စည်းပုံပြင်ဖို့တွက် အထူးသဖြင့် ပုဒ်မ ၄၃၆ ကိုပြင်ဖို့ အတွက် ကြိုးစားနေချိန်မှာ PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ သီးသန့်ဆွေးနွေးဖို့ အဆိုပြုလာတာဟာ ထူးခြားမူ ရှိတယ်လို့ ရခိုင်အမျိုးသား ပါတီ ဒုတိယ ခေါင်းဆောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က နိရဉ္စရာကို ပြောပါတယ်။

၂၀၁၃ လောက်ကတည်းကနေ မြုပ်နေတဲ့ ဒီ PR စနစ်ကို အမျိုးသားလွှတ်တော်မှာ ရုတ်တရက် အဆိုတင်တာ၊ ပြည်ခိုင်ဖြိုး ပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ အားလုံးနီးပါးက ထောက်ခံတာ၊ ကန့်ကွက်တဲ့ NLD ကိုယ်စားလှယ်ကို ဆွေးနွေးခွင့် မပြုတာ၊ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ အဆိုပြုလွှာ အဟောင်းကို မမျှော်လင့်ပဲ လွှတ်တော်အမတ်တွေကို ဖြန့်ဝေထားတာတွေဟာ အတော့ကို ထူးခြားမူတွေ ရှိနေတယ်လို့လည်း သူကဆက်ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က PR လို့ လူသိများတဲ့ ပါတီတစ်ခုချင်းစီ အလိုက် ရွှေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေအတွက်ပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားလှယ် နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံရေးနဲ့ ပတ်သက်တဲ့ အဆိုကို ဇွန်လ ၃ ရက်နေ့က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ဒေါ်ခင်ဝင်းကြည်ဆိုတဲ့ NDF ပါတီကို ကိုယ်စားပြုထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် တင်လိုက်တယ်။ တင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးဘက်က ထောက်ခံတယ်။ အဲဒီအချိန်မှာ လွှတ်တော်ဥက္ကဌ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကန့်ကွက်မယ့် ပုဂ္ဂိုလ်တွေရဲ့ ကန့်ကွက်ချက်တွေကို အမတ်တွေကို နားထောင်ခွင့်မပြုခဲ့ပါဘူး။ အဲဒါက ဘာနဲ့သွားပြီး တိုက်ဆိုင်သလဲဆိုရင် ကျနော် တစ်ခါက အမျိုးသားလွှတ်တော်မှာ တင်ဖူးတဲ့ ရခိုင်ပြည်နယ် အေးချမ်းလုံခြုံရေး အတွက် ရေတို ရေရှည် ဆောင်ရွက်သွားတဲ့ကိစ္စတွေကို ကျနော်ဆွေးနွေးတဲ့အခါမှာ ကြံ့ခိုင်ရေး ပါတီက ဦးလှဆွေက ကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အကြောင်းအရင်းတွေကိုတော့ လွှတ်တော် ဥက္ကဌက ခွင့်ပြုခဲ့တယ်။ ကန့်ကွက်တဲ့ ပုဂ္ဂိုလ်ကိုလည်း ပိတ်ပင်ထားမှု မရှိခဲ့ဘူး။  အခု PR စနစ်ကို ပြောင်းဖို့ တင်တဲ့ ကာလမှာတော့  NLD အမတ် ဦးသိန်းဆွေက ကန့်ကွက်တာကို လုံးဝ စကားပြောခွင့် မပေးခဲ့ဘူး။ ဒါကလည်း ထူးခြားတယ်လို့ ဆိုပါတယ်။

ဒါပြင် သတိထားရမယ့် အချက်တွေလည်း ရှိတယ်လို့ ဒေါက်တာ အေးမောင်က ဆက်ပြောပါတယ်။

“ တပ်မတော်သားတို့၊ ပြည်ခိုင်ဖြိုးတို့ အထူးသဖြင့်အစိုးရ ရပ်တည်မှုတို့ကတော့ ကျောချင်း ကပ်သွားတယ်လို့ ထင်ပါတယ်။ ထူးခြားမူကတော့ ပုဒ်မ ၄၃၆ ပြင်ဖို့တွက် NLD တို့ ၈၈ တို့ရဲ့ လှုပ်ရှားမှုတွေ အတွက် နိုင်ငံရေး Level  ညှိမှုလို့ထင်ပါတယ်။ ဒါက အတိုင်းအတာတစ်ခုအထိ တာစူ နေခဲ့လို့ရှိရင် မြန်မာ့နိုင်ငံရေးမှာ သူများပြောသလို Destructive Politic ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သတိထားဖို့လိုပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာ အဓိကပြသနာဖြစ်လာမယ်။ ဖွဲ့စည်းပုံ ပြင်နေဆဲကာလ။ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားလွှတ်တော်ရဲ့ ဖွဲ့စည်းမူအရ တစ်ပြည်နယ် သို့မဟုတ် တိုင်းတစ်တိုင်းကို ၇ ဦးနဲ့ သတ်မှတ်ထားတယ်။ ခုပါတီက စာရင်း သို့မဟုတ် ပုံစံမျိုးနဲ့ဆိုရင် တစ်ပြည်နယ် ၇ ဦးဆိုတဲ့ ပြသနာတွေ နည်းနည်းလောက် ဖြစ်လာနိုင်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီ PR စနစ်ကို သွားချင်လို့လားတော့ မသိဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ ခရိုင်တွေကို ပိုမို တိုးချဲ့လာတာတွေကို တွေ့ရတယ်။ ခရိုင်ရဲ့နောက်မှာ အမျိုးသားလွှတ်တော်  ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ပါတီ List နဲ့ လာတဲ့ ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ ထူးထူးခြားခြား ပေါ်ထွက် လာမယ် ထင်တယ်။ သို့ပေမယ့် ဒါကတော့ ဖွဲ့စည်းပုံဆိုင်ရာ ပြသနာ။ အနာဂါတ် နိုင်ငံရေးဆိုင်ရာ ပြသနာကတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့လိုမယ်။ ပြည်သူလက်ခံဖို့လည်းလိုပါလိမ့်မယ်။ ခုဆိုရင် ရွေးကောက်ပွဲစနစ်တစ်ခုတည်းနဲ့ မတည်ငြိမ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မညီမျှတဲ့ ရလဒ်တွေကို ပြည်သူတွေက ခါးခါးသီးသီးခံစားနေရတဲ့ ကာလမှာ ကျနော်တို့က ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီလိုစနစ်ကြောင့် အစွန်းရောက်အဖွဲ့အစည်းလေးတွေ အထူးသဖြင့် အာဏာရ ပါတီတွေမှာ ပါတဲ့ အစွန်းရောက်တဲ့ ဘာသာရေး အယူသီးတဲ့ ပုဂ္ဂိုလ်တွေ အတိုက်အခံမှာပါတဲ့ ဘာသာရေးမတူတဲ့ ပုဂ္ဂိုလ်တစ်ချို့က သီးသန့်ခွဲထွက်သွားပြီးရင် လူမျိုးစုတစ်ခုသို့မဟုတ် ဘာသာရေး လူပ်ရှားမှု တစ်ခုအနေနဲ့ ပါတီတစ်ခုအဖြစ်ပေါ်ပြီးရင် သူတို့ရဲ့ သီးသန့် လွှတ်တော်နေရာ ရရှိရေးတွက် ကြိုးစားလာတာတွေကို တွေ့ရလာနိုင်တယ်။”

PR စနစ်အပေါ် အမြင်ကတော့  “ ဒါကတော့ တော်တော်လေး ဆွေးနွေးပြီးမှသာ ကျနော်တို့ ဒီ PR လက်ခံနိုင်မှလက်ခံပါမယ်။ လက်ခံချင်မှလည်း လက်ခံနိုင်ပါတယ်။ ဆွေးနွေးမှု ရှိဖို့လိုပါတယ်။ ပြီးရင် နိုင်ငံရေးရင့်ကျက်မှုနဲ့ လူမျိုးစု ပဠိပက္ခတွေရှိနေတဲ့ ကာလမျိုး ၊ အစွန်းရောက်ဘာသာရေး အယူသီး နေတဲ့ ကာလမျိုးမှာ ကြောက်စရာ ကောင်းတယ်လို့ သုံးသပ်ပါယ်။ ဒါကြောင့် ကျနော်တို့ ကတော့ တစ်လျှောက် လုံးဝလက်မခံခဲ့ပါဘူး။”

PR စနစ်က ရခိုင်ပြည်သူတွေအတွက် အကျိုးရှိနိုင်မလား၊ အကျိုးယုတ်နိုင်မလားလို့ မေးတော့ သူက ခုလို ဆိုပါတယ်။

“ PR စနစ်ဆိုတာကတော့ အထူးသဖြင့် ကျနော်တို့နားလည်သလောက် ဂျာမနီနိုင်ငံမှာတောင်မှ ရောထွေးစွာ သုံးပါတယ်။ သူတို့ပါလီမာန် ၂ မျိုးရှိတယ်။ မဲဆန္ဒနယ် ၃၁၀ လောက်ရှိတဲ့ Lower House မှာကျတော့ အဓိက ကျနော်တို့ နိုင်တဲ့သူက ဆိုတဲ့ စနစ်ကိုသွားသလို ပါတီထဲက ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပါတီချင်း ပြိုင်တဲ့ စနစ်တစ်ခုလည်း အစပေါ်နေတာတွေ့တယ်။ အဲဒီအချိန်မျိုးမှာ အနည်းဆုံး ပြည်သူရဲ့ ထောက်ခံမူဆိုတဲ့ ရာခိုင်နှုန်းနဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်း အထက်ရမှာသာ ယင်းပါတီကို ပါလီမာန်ထဲကို သွင်းတဲ့စနစ်ရှိပါတယ်။ အချိုးအစားအလိုက်ပေါ့။ သို့သော်လည်း ရောထွေးတယ်။ ရင့်ကျက်မှုရှိဖို့လိုတယ်။ သူတို့နိုင်ငံမှာ လူမျိုးနွယ်က ဂျာမန်မျိုးနွယ်စုတွေက များပါတယ်။ လူမျိုးတူပါတယ်။ နယ်စပ်လောက်မှာပဲ ဒီဘက်က ဘေလ်ဂျီယန် လူမျိုး လောက်ပဲ လူမျိုးခြားပါတယ်။ ဒါကပြသနာ မဟုတ်ပါဘူး။ ကျနော်တို့မှာက လူမျိုးအင်မတန်များတဲ့အခါ လူမျိုးငယ်စု ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဘာသာမျိုးစုံရှိတဲ့အခါ ဘာသာအယူသီးတဲ့ ပါတီတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အဲ့ဒီပါတီတွေက လွှတ်တော်ထဲကိုရောက်လာတဲ့အခါမှာ နိုင်ငံရေးအရ အတိုက် အခိုက်တွေ ပိုများလာနိုင်ပါတယ်။ တည်ငြိမ်တဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့လည်း တော်တော် ခက်ခဲသွားမှာ ဖြစ်ပါတယ်။ ရခိုင်လူ့အဖွဲ့အစည်းအနေနဲ့တော့ ကျနော်တို့ ဒီဘက်က ဒီပုဂ္ဂိုလ်တွေ အပြိုင်ဖြစ်လာတဲ့ အခါ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းလုံခြုံဖို့အတွက် ခိုင်မာတဲ့ပြည်နယ်အစိုးရတစ်ရပ်ကိုဖွဲ့ဖို့  အတွက် ခက်ခဲမှူ ရှိကောင်းရှိလာနိုင်ပါတယ်။ ကျနော်တို့ ကတော့ PR စနစ်ကိုလုံးဝလက်မခံဆိုတဲ့ မူချပြီးရင် အတတ်နိုင်ဆုံး ကျနော်တို့ ကြိုးစား ညှိနှိုင်းပြီးရင် တိုင်းရင်းသား ပါတီအားလုံးပါ တိုင်းရင်းသားနယ်မြေတွေမှာပါ တည်ငြိမ် အေးချမ်း ခိုင်မာတဲ့ အစိုးရ တစ်ရပ်ကို ခုကာလ နှစ်ပေါင်း ၂၀ လောက်နဲ့ တည်ဆောက်သွားမှသာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ် ဖွံ့ဖြိုး တိုးတက်နိုင်မယ်ဆိုတဲ့ ခံယူချက်ရှိပါတယ်။ ပြည်ထောင်စုအစိုးရက နှစ်ပေါင်းများစွာ ဗဟို ဦးစီးအားနဲ့ ဗဟိုကိုတည်ဆောက်တာများပါတယ်။ အဲ့ဒါကြောင့် နယ်စွန် နယ်ဖျား ပြည်နယ်တွေ အားလုံး ဆင်းရဲနေတာဖြစ်တယ်လို့ ခံယူပါတယ်။ ဒါကြောင့် ခိုင်မာသောပြည်နယ်အစိုးရများ အမျိုးသား ပြည်နယ်အစိုးရများ လိုအပ်တဲ့ကာလဖြစ်တဲ့အတွက် ခိုင်မာသော ပြည်နယ်အစိုးရများ ဖြစ်ပေါ်ရေးကို ဖြိုခွဲလိုတဲ့ ရည်မှန်းချက်တွေ ရှိလာနိုင်ပါတယ်။”

(နိရဉ္စရာ- ၄ ဇွန်လ ၂၀၁၄)

အချိုးကျ ကိုယ်စားပြုစနစ် လွှတ်တော်မှာ ဆွေးနွေးမယ်

 
 နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင်သုံးရေး အတွက် ဆွေးနွေးဖို့ အမျိုးသား လွှတ်တော်က သဘောတူလိုက် ပါတယ်။

ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က PR လို့ လူသိများတဲ့ ပါတီ တစ်ခုချင်း အလိုက် ရွေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေ အတွက်ပေါ်မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံးရေးနဲ့ ပတ်သက်တဲ့ အဆိုကို တင်သွင်းခဲ့တာပါ။

ထောက်ခံသူများတဲ့ အတွက် ဆက်လက် ဆွေးနွေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

အဆိုတင်သွင်းသူ ဒေါ်ခင်ဝိုင်းကြည်က PR စနစ်ဟာ ပါတီအားလုံး အတွက် အမတ်နေရာ အချိုးကျရမှာ ဖြစ်လို့ တင်သွင်းတာလို့ ဆိုပါတယ်။

ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါ တီကတော့ ဒါကို သဘောမတူပါဘူး။

စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ရှုပ်ထွေးတဲ့ PR စနစ်ကို မဲဆန္ဒရှင်တွေ အနေနဲ့ကလည်း သိပ်ပြီး နားမလည်သေးတဲ့ အတွက် လက်ရှိ စနစ်အရ ရွေးကောက်ပွဲမှာ မဲအများစု ရတဲ့သူက အားလုံး အနိုင်ရတဲ့ စနစ်ကိုပဲ ကျင့်သုံး သင့်တယ်လို့ ပြောပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ရဲ့ အဆိုကို ကြံခိုင် ဖွံ့ဖြိုးရေး ပါတီအမတ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ပါတီ တချို့က ထောက်ခံခဲ့ကြပါတယ်။

ဒီစနစ်ကို အန်ဒီအက်ဖ် ပါတီကပဲ ပြီးတဲ့နှစ်က ပြည်ထောင်စုလွှတ်တော်ကို စာနဲ့တင်သွင်းခဲ့တုန်းကတော့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီဘူး ဆိုပြီး ပယ်ချ ခံခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ထိုင်းအာဏာသိမ်းဂယက် မြန်မာလုပ်သားများ အခက်ကြုံ


 ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲများက ပြန်ပို့ရန်စီစဉ်နေစဉ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီဘက်က တရား မ၀င် ကူးသန်း သွားလာတဲ့ ဂိတ်တွေကို ပိတ်လိုက်တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အသွားအလာ အခက်အခဲဖြစ်ပြီး ဖမ်းဆီး ခံရတာတွေလည်း ပိုများလာပါတယ်။

ဒီကနေ့မနက်ပိုင်းကပဲ မဲဆောက်မြို့ဘက်မှာ မြန်မာနိုင်ငံသား တရားမ၀င် နေထိုင်သူ ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းကုန်သူတွေကို သက်တမ်းတိုးပေးတဲ့လုပ်ငန်း ပြန်စနေတဲ့ကြားကပဲ အခုလို အခက်အခဲတွေနဲ့ အဖမ်းအဆီးတွေ ရှိနေတဲ့အကြောင်းကိုတော့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်း  စစ်အုပ်ချုပ်ရေးကာလမှာ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်တဲ့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများ အများအပြားနေထိုင်ရာ ရပ်ကွက်ကျေးရွာတွေနဲ့ စက်ရုံတချို့မှာ အဖမ်းအဆီးတွေ လုပ်လာပါတယ်။ မေလ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ မဲဆောက်မြို့ရဲ့ မယ်ပကျေးရွာ ဘန့်စောင်ခွဲ ဆိုတဲ့နေရာမှာ အဖမ်းအဆီးတွေ ရှိခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတဦး က ပြောပြပါတယ်။

“သူတို့က မနက်အစောကြီး ရောက်လာပြီးတော့ ဖမ်းတယ်လေ။ အိမ်တွေမှာရှိတဲ့ ကလေးတွေရော၊ လူကြီးတွေပါ အကုန်လုံး ဖမ်းတင်သွားတာပဲ။ စစ်သားတွေပါ။ စစ်သားရယ်၊ ပုလိပ်ရယ်၊ တောမော (လူဝင်မှုကြီးကြပ်ရေး) ရယ်။ ကားကတော့ အရပ်ကားတွေရော ဘာရော များပါတယ်၊ ၀ိုင်းဖမ်းတာ။ ကားတွေက အများကြီးပဲ။ အစီး ၂၀-၃၀ လောက်ရှိမယ်။ လူကအားလုံး ၂၀၀ ကျော်လောက်တော့ ပါသွားတယ်၊ ကလေး၊ လူကြီး။ လက်မှတ်မရှိတဲ့ လူတွေချည်းပဲလေ။ မနက် ၄ နာရီခွဲ ၅ နာရီ လာဝိုင်းဖမ်းတာတော့ မနက်ပိုင်းက ကား ၂ စီးနဲ့ ပါသွားတယ်။ နောက် ၉ နာရီတုန်းက လူ ၈၀ လောက် တခါ ထပ် ပါသွားတယ်။ မယ်ပရပ်ကွက် (၁၀) ထဲမှာပါ။ အော်ပရေးရှင်း လုပ်တဲ့ပုံစံပါ။ ရပ်ကွက်တွေ၊ ရပ်ကွက်တွေ သူတို့နေ့တိုင်းဝင်မှာပါ။ အခုက သူတို့က ဟိုဖက်ကမ်းက လာတဲ့လူတွေက ဒီဖက်ကမ်းကို အောက်ဂိတ်တွေက အကုန်လုံး ပိတ်ထားတဲ့ အခါကျတော့ ဒီကရှိတဲ့လူတွေက သူတို့ရှင်းလင်းရေး လုပ်တဲ့ပုံစံပဲလား မသိပါဘူး။ ဘယ်လိုပုံစံလဲတော့ မသိပါဘူး။”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နှစ်နိုင်ငံ ကုန်ကူးသန်းရောင်းဝယ်မှုနဲ့ ကုန်သွယ်မှုတွေကို အဓိကထားတဲ့နေရာဖြစ်ပြီး နယ်စပ်တံတားကကော  တရားမ၀င် စစ်ဆေးရေးဂိတ်တွေကပါ ကုန်ပစ္စည်းတွေ တင်ပို့နေတာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့ လာကြသူတွေဟာလည်း နေ့စဉ် ရာပေါင်းများစွာ ၀င်ရောက်နေတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။ စစ်တပ်က အုပ်ချုပ်နေတဲ့ကာလမှာ   နှစ်နိုင်ငံ နယ်စပ်တံတားကိုသာ ဖွင့်ထားခဲ့ပြီး သောင်ရင်းမြစ်တလျှောက်မှာ ဖွင့်ထားတဲ့ တရားမ၀င် လမ်းတွေကို ပိတ်ထားတာ ဖြစ်ပါတယ်။

တံတားပေါ်ကနေ နေ့စဉ်လာကြပေမဲ့ ပြန်တဲ့သူက နည်းနေတာကြောင့် မဲဆောက်ထဲမှာ တရားမ၀င် လူတွေ ရှိနိုင်တယ်ဆိုပြီး လုံခြုံရေးအရ အဖမ်းအဆီးတွေကတော့ နေ့စဉ်လိုလို ရှိနေတတ်ပါတယ်။ ဒီထဲက လူအင်အားအများအပြားနဲ့ ကလေးလူကြီးမကျန် ဖမ်းဆီးတာကတော့ ဒီနေမှာ အများဆုံးလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့နီးတဲ့ မဟာချိုင်နဲ့နယ်စပ် ရနောင်းမြို့ဘက်မှာလည်း အဖမ်းအဆီးတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတော့ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပြီး သက်တမ်းတိုးလိုသူတွေအတွက် နိုင်ငံကူးလက်မှတ်တွေ ပြန်လုပ်ပေးနေပြီဖြစ်ကြောင်းကိုလည်း ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နယ်စပ်တွေက One Stop Service တွေမှာသာမက  မြန်မာသံရုံး သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနကလည်း နိုင်ငံသားစိစစ်ရေးကဒ်နဲ့ အိမ်ထောင်စုဇယားနဲ့အတူ အထောက်အထား ပြည့်စုံသူတွေကို  လက်မှတ်ထုတ်ပေးနေကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က အခုလို ပြောပြပါတယ်။

“ကျနော်တို့ နယ်စပ်တွေမှာ လုပ်ပေးနေပါပြီ။ ကျနော်တို့ ဘန်ကောက်မှာလည်း ကျနော်တို့က သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနေရာမှာ ဌာနစိတ်ဖွင့်ထားတယ်။ အဲဒီမှာ အထောက်အထား ပြည့်စုံတယ် ဆိုရင်တော့ ကျနော်တို့ ဒီကနေမှ၊ ဘန်ကောက်သံရုံးမှာ ဖွင့်ထားတဲ့ သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနစိတ်ကနေမှ နိုင်ငံသား စိစစ်ရေးမှာ မှန်မမှန်ကို အတည်ပြုပြီးတော့မှ ဆောင်ရွက်ပေးနေပါတယ်။”

ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲကနေ ၃ သန်းလောက်ရှိတယ်လို့ နှစ်နိုင်ငံ အစိုးရတွေက ခန့်မှန်းနေကြပြီး နေ့စဉ် အလုပ်ရှာဖွေသူတွေ များနေတဲ့အတွက် ဒီထက်မက ပိုနိုင်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ခန်းမှန်းနေကြတာပါ။

ထိုင်းနိုင်ငံတွင်းမှာ တရားဝင် ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၄ နှစ် အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်းကုန်သွားပေမဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ကြန့်ကြာနေခဲ့တာပါ။ အခု စစ်အုပ်ချုပ်ရေးကာလမှာတာ့ ထိုင်းနိုင်ငံဘက်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ခွင့် လက်မှတ်တွေကို သက်တမ်း ပြန်တိုးပေးနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

မအေးအေးမာ (ဗွီအိုအေမြန်မာပိုင်း)

MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ

 
ကာလရှည်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နိုင်သည့် အချက်အလက် အချို့ကို Emirates လေကြောင်းလိုင်း၏ အကြီးအကဲက ထုတ်နုတ် ထောက်ပြ ပြောဆိုသွားခဲ့သည်။ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေ့တွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာကာ အရှေ့မြောက်ပိုင်းရှိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည် ပျံသန်းခဲ့သည်။

သို့သော်လည်း တောင်တရုတ် ပင်လယ်တွင် ရေဒါနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခဲ့သည်။ နောက်ပိုင်းတွင်မူ လေယာဉ်သည် လာလမ်းအတိုင်း ပြန်လှည့်ကာ မလေးရှားကို ကျော်လွန်သွားပြီး အိန္ဒိယ သမုဒ္ဒရာထဲတွင် ပျက်ကျသွားကြောင်း ဂြိုဟ်တု သတင်းအချက်အလက်များကို အခြေခံပြီး အိန္ဒိယ သမုဒ္ဒရာအတွင်း၌ ရှာဖွေရေးများ လုပ်ဆောင်နေခဲ့သည်။ Emirates၏ ဥက္ကဋ္ဌဖြစ်သူ ကလက်ခ်က ယင်းကဲ့သို့ သမားရိုးကျ မဟုတ်သော အခြေအနေတွင် တိုက်လေယာဉ်များက အဘယ်ကြောင့် ပျံတက်မသွားခဲ့ရကြောင်း ရှုထောင့်တစ်ခုမှ မေးခွန်းထုတ်ခဲ့သည်။ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရုတ်တရက် ပျောက်ဆုံးသွားသော အခြေအနေတွင် မလေးရှား လေတပ် တိုက်လေယာဉ်များက ချက်ချင်း စစ်ဆေးရမည့် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ဒိုဟာရှိ နှစ်ပတ်လည် လေကြောင်းညီလာခံ တစ်ခု၎ ဩစတြေးလျ ဘဏ္ဍာရေး သုံးသပ်ချက် မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလက်ခ်က “ဆိုပါစို့ဗျာ။ လေယာဉ်ဟာ လန်ဒန်ကနေ အော်စလိုကို ဦးတည်နေခဲ့တယ် ထားပါတော့။ မြောက်ပိုင်းပင်လယ်ကို ဖြတ်ကျော်နေရင်း ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အနောက်ဘက် အိုင်ယာလန်ကို ဦးတည်သွားတဲ့အခါ (၂)မိနစ်အတွင်း Tornadoတွေ၊ Eurofighter တိုက်လေယာဉ်တွေက အဲဒီနေရာကို ချက်ချင်းရောက်သွားမှာပဲ။ ဒါဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ခုချိန်မှာ ဩစတြေးလျနဲ့ အမေရိကန်တို့က ရှာဖွေရေး လုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေကြတယ်။ တစ်ခုခုတော့ ထူးခြားလာနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှာ ဘယ်လို အဓိက ရေဒါစနစ်ကို အသုံးပြုခဲ့တယ်ဆိုတာ ကျွန်တော် သေချာမသိဘူးလေ”ဟုလည်း ဆိုသည်။ နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ကြီးက လေယာဉ်များ၏ လမ်းပြစနစ်ကို ယခုထက် ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေဆွေးနွေးနေချိန်၌ ကလက်ခ်က ယခုလို မှတ်ချက်ပြု ပြောဆိုလာခြင်း ဖြစ်သည်။ နိုင်ငံတကာ အရပ်ဘက် လေကြောင်း ပျံသန်းရေး အဖွဲ့ကလည်း လမ်းကြောင်း ခြေရာခံ နည်းလမ်းများနှင့် ပတ်သက်ပြီး ပိုမိုတိုးတက်လာအောင် သုတေသနပြုမှု စတင်နေပြီ ဖြစ်သည်။

“ကျွန်တော့် အမြင်အရတော့ ကျွန်တော်တို့ဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတစ်ခုကို ပြင်ဆင်ဖို့ လိုနေပါပြီဆိုပြီး ထိုင်ပြောနေကြသလိုပဲ။ လမ်းကြောင်းကနေ (၂၅)မိုင်လောက် သွေဖီသွားရင် လမ်းစက ပျောက်သလောက် ဖြစ်နေပြီ။ လေယာဉ်တွေ အမှားအယွင်း ကြုံတဲ့အခါ ဘာတွေများ အမှန်တကယ် ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ သေချာသိဖို့ လိုလာပါတယ်။ လေယာဉ်ခရီးစဉ်တွေကို တစ်စက္ကန့်ချင်းစီ သုံးသပ် စိစစ်နေဖို့ လိုတယ်လေ”ဟုလည်း ကလက်ခ်က ဆိုသည်။ ၎င်းက MH370 လေယာဉ်ကို တစ်ချိန်ချိန်တွင် ပြန်လည်ရှာဖွေ တွေ့ရှိမည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“တစ်နေ့တော့ ပြန်တွေ့လာမှာပါ။ အဲဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ ဖြစ်စဉ်ကို ဟိုးအောက်ခြေကနေ စပြီးတော့ အဖြေရှာနိုင်လိမ့်မယ်”ဟုလည်း ကလက်ခ်က ပြောဆိုသွားသည်။ မလေးရှား လေတပ်သည် လေယာဉ်ပျောက်ဆုံးသွားကြောင်း ကြေညာပြီး မကြာမီမှာပင် လေယာဉ်လမ်းကြောင်းပြောင်းသွားသည့် အထောက်အထားများ တွေ့ရှိလာသော်လည်း ရန်ပြုမည့် အရိပ်လက္ခဏာ မရှိသဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ဟု နောက်ပိုင်းတွင် ပြန်လည် ဝန်ခံထားသည်။ ကာကွယ်ရေးဝန်ကြီး ဟီရှမ်မက်ဒင် ဟူစိန်ကမူ MH370 ဖြစ်ရပ်သည် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ လုပ်ဆောင်မှုများကို ပြန်လည် စစ်ဆေးရန် နှိုးဆော်မှုတစ်ခု ဖြစ်လာကြောင်း ပြောကြားထားသည်။

Planet Myanmar Network.

Tuesday, June 3, 2014

ထားဝယ်တိုင်းရင်းသားများပါတီကဦးဆောင်၍ ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း၆၉နှစ်ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနှင့်အောက်မေ့ဖွယ်အခမ်းအနားကိုလေးသွန်းခံကျောင်းတိုက်တွင်ကျင်းပ


ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း၆၉နှစ်ပြည့် ဆွမ်းကျွေးအလှူမင်္ဂလာနှင့်အောက်မေ့ဖွယ်အခမ်းအနား ကို ယနေ့ (၂-၆-၂၀၁၄)တနင်္လာနေ့ နံနက် ၈နာရီအချိန်တွင်စတင်ကျင်းပသည်။

အစိအစဉ်ကိုနှစ်ပိုင်းခွဲပြီးပြုလုပ်ရာ..။ပထမပိုင်းအစီအစဉ်တွင် ဆွမ်းကျွေးရေစက်ချ
တရားတော်နာယူကြ၍ ဗိုလ်မှူးကြီးဗထူးအားကောင်းရာသုဂတိရောက်ပါစေကြောင်းအမျှပေးဝေခဲ့ပါသည်။

ဒုတိယပိုင်း အောက်မေ့ဖွယ်အခန်းအနားကို ဆက်လက်ကျင်းပါရာ

ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းမှ ဤအခမ်းအနားကျင်းပရခြင်းအကြောင်းအရင်းများ ကို ရှင်းလင်းတင်ပြ ဤအခမ်း
အနားစည်ကားသိုက်မြိုက်စွာကျင်းပနိုင်အောင် ၀ိုင်းဝန်းကူညီပေးခဲ့ကြသော
ံသံဃာတော်အရှင်သူမြတ်များနှင့် ပါဝင်ပတ်သက်သူအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားသွားပါသည်။
ဒေသခံများကိုယ်စားဦးမောင်မောင်အေး နှင့် နဘုလည်အများပိုင်ကုမ္မဏီဥက္ကဋ္ဌကိုယ်စား  CEO ဦးမြင့်ဝေ တို့က ကျေးဇူးတင်စကားပြောကြားကြပါသည်။
ထို့ နောက် ဗိုလ်မှူးကြီးဗထူး၏ အတ္ထုပ္ပတ္တိ ကို ဒေါ်နွယ်နီသိန်းမှ ဖတ်ကြားပြီး။
 ဆရာတင့်စိုးဝေ၊ ဆရာတင်စိုး(မောင်မယ်ရှောင်)တို့က ဂုဏ်ပြုကဗျာများရွတ်ဆိုလျက် အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းလိုက်ပါသည်။

- ဗထူးဆိုတာ နှစ်ဆယ်ရာစုရဲ့ ကြီးကြယ်မြင့်မြတ်တဲ့ သူရဲကောင်းတို့ရဲ့သင်္ကေတ

-ဗထူးဆိုတာ  - စစ်သားကောင်းတို့ရဲ့ လမ်းပြကြယ်။

- ဗထူးဆိုတာ ထားဝယ်ဒေသရဲ့ အမှတ်လက်က္ခဏာ သင်္ကေတ

သတင်းနှင့်ဓာတ်ပုံ - လွင့်မောင်မောင်(ထားဝယ်)

Monday, June 2, 2014

ထားဝယ် မြို့သစ်စီမံကိန်းမြေ တင်းမာမှု ဖြစ်ပွား

 
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ တိုးချဲ့မြို့သစ် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးက လျော်ကြေးအနေနဲ့ မြေကွက်တွေ သတ်မှတ်ပေးတဲ့အပေါ် လယ်သမားတော်တော်များများက လက်မခံဘဲ တားမြစ်ခဲ့တဲ့အတွက် မနေ့က တင်းမာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သိမ်းဆည်းခံထားရတဲ့ လယ်တွေမှာ အကွက်ရိုက်တာကို လက်မခံတဲ့အတွက် လယ်သမား ၂၀လောက်က လယ်တွေထဲမှာ တဲထိုးပြီး မနေ့ကတည်းက စောင့်နေကြတယ်လို့ လယ်သမား ကိုထွန်းထွန်းဝင်းက ပြောပါတယ်။

"အခုလယ်သမား ၂ဝ လောက်ရှိတယ်ခင်ဗျ၊ လယ်ထဲမှာ လယ်သမားမရှိရင် သူတို့အတင်းဝင်သိမ်းမှာစိုးလို့ ကျနော်တို့ကစောင့်နေရတာ၊ ဘာဖြစ်လို့လဲဆိုတော့ လယ်သမားမရှိရင် တိုင်စိုက်ပြီးတော့ မကျူးကျော်ရ တွေ ဘာတွေလုပ်မှာ၊ ရှေ့မှာဒီလိုပဲလုပ်သွားတယ် သူတို့က လယ်သမားမရှိခင် လာစိုက်တယ်၊ မကျူးကျော်ရတွေ ဘာတွေနဲ့ ခြိမ်းခြောက်တယ်"

ပြီးခဲ့တဲ့နှစ်က သိမ်းခံထားရတဲ့လယ်တွေအတွက် ၃ ဧကကို ပေ ၄၀ ပေ ၆၀ မြေကွက် တစ်ကွက်နှုန်းနဲ့ လျော်ကြေးပေးဖို့ ညှိနှိုင်းရာ လယ်သမား ၅၀ လောက်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။ လျော်ကြေးကိုလက်ခံတဲ့ လယ်သမား ၇ ဦးအတွက် ရဲတွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတွေဟာ မနေ့က မြေကွက်ရိုက်ပေးရင်း လျော်ကြေးလက်မခံထားတဲ့ လယ်မြေတွေအတွက်ပါ မြေကွက်တွေ ရိုက်ပေးတာကြောင့် အခြေအနေတွေ တင်းမာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသိမ်းထားတဲ့ လယ်မြေဧက ၅၀၀ ထဲက ဧက ၂၀၀ကျော်မှာ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးခန်း၊ တိုင်းဒေသကြီးဝန်ကြီးတွေနဲ့ ၀န်ထမ်းတွေအတွက် အိမ်ရာတွေနဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံ ဆောက်လုပ်နေတယ်လို့ သိရပါတယ်။

RFA Burmese
===========================================
လယ်သမားတွေကိုလျော်ကြေးပေးတယ်ဆိုတာက သိမ်းထားတဲ့ လယ်မြေကိုအကွက်ရိုက်ပြိး ပြန်ချပေးတာပါ။
လျော်ကြေးမယူရသေးတဲ့လယ်သမားတွေက သိမ်းဆည်းခံရတဲ့ လယ်၁ဧက ကို ပေ ၄၀ ပေ ၆၀ မြေကွက်
၁ကွက်နှူံးတောင်းဆိုတာပါ။
သိမ်းထားတဲ့ လယ်ဧက ၃၀၀ဆိုရင် မြေကွက်၃၀၀ ပေးရပါမယ်။ ၁ဧကမှာ ပေ၄၀xပေ၆၀ အကွက်ပေါင်း
၁၈ ကွက် ရှိပါတယ်။ ဒီလိုဆိုရင် လယ်သမားတွေကိုပြန်လည်ပေးရမှာက  ဧက၂၀မပြည့်ပါဘူး။

မဆီမဆိုင်ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတည်းကို ချပေးထားတာ ဧက၂၀ကျော်ပါတယ်။
လယ်သမားတွေတောင်းဆိုတာ မများပါဘူး။
ဒါကိုသက်ဆိုင်ရာက ဘာကြောင့် တရားဥပဒေအရပြေလည်အောင် ညှိနှို င်းဆောင်ရွက်ခြင်း မရှိဘဲ
အကြမ်းဖက်လုပ်ရပ်တွေလုပ်နေသလဲလို့ မေးခွန်းထုတ်စရာဖြစ်နေကြောင်းပါ။
                                                                 Lwintmgmg Daily News