Pages

Friday, June 13, 2014

ယာဉ်ကြောကျပ်၍ အတွင်းခံ ၀တ်စုံဖြင့်ဆန္ဒပြသော အမျိုးသမီးကို ယာယီထိန်းသိမ်းပြီး ပြန်လွှတ်

 
13 June 2014
  ပြည်လမ်းနှင့် ပါရမီ လမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦးကို မရမ်းကုန်းရဲစခန်းက ခေတ္တထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘သူနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်တဲ့အထိ စခန်းမှာခဏထားမှာပါ။ အမှုမဖွင့်ထားပါဘူး။ လူကောင်းပကတိပါ။ ဘာမှမဖြစ်ပါဘူး’’ဟု မရမ်းကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဖြေကြားသည်။

ဖခင်နှင့် အဆင်မပြေဖြစ်ပြီး စိတ်ဆိုး၍နေအိမ်မှထွက်လာစဉ် ပြည်လမ်းတွင် ကားလမ်းများ အချိန်ကြာမြင့်စွာ ပိတ်နေသော ကြောင့် ယခုကဲ့သို့ လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ ပုံမှန်လူကောင်း ပကတိဖြစ်ပြီး မည်သည့်ဆေးဝါးမျှ မှီဝဲထားသည်ကို မတွေ့ရှိရကြောင်း၊ ရာဇဝတ်မှုမမြောက် သောကြောင့် အမှုဖွင့်အရေးမယူ ခြင်းဖြစ်ကြောင်း မရမ်းကုန်းရဲ စခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇွန်လ ၁၂ ရက်တွင် မိုးသည်း ထန်စွာ ရွာသွန်းသောကြောင့် ကားလမ်းမပေါ် မြောင်းရေများ လျှံတက်ခဲ့ပြီး ရန်ကုန်မြို့ အဓိက လမ်းများတွင် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပွားခဲ့သည်။ ပြည်လမ်း မပေါ်တွင် ရေများ လျှံတက်မှု ကြောင့် အင်းလျားမီးပွိုင့်၊ လှည်း တန်းခုံးတံတားများတွင် ယာဉ် ကြောကျပ်တည်းမှုဖြစ်ပေါ်ခဲ့သည်။

‘‘ဘယ်လိုမှ မတတ်နိုင်ဘူး။ မနက်က လမ်းတွေပေါ်ရေကျော် တော့ ပွိုင့်ကို ဖြတ်ချလိုက်ရ တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းရှင်းတယ်။ ပြည်လမ်းက ကားတွေက လှည်းတန်းကနေ အေဒီအထိပိတ်နေတော့ အဲဒီ ဘက်ခြမ်းကို ခေတ္တရပ်ထားပြီး ပါရမီလမ်းကို လွှတ်ထားလိုက် တာ။ ပြည်လမ်းလွှတ်လိုက်ရင် လည်း သွားလို့မှမရတာ။ အဲဒါ ကြောင့် ပိတ်ထားလိုက်ရတာပါ’’ဟု အေဒီမီးပွိုင့်မှ တာဝန်ကျယာဉ်ထိန်းရဲက ပြောသည်။

ပြည်လမ်းဘက်ခြမ်း အေဒီ မီးပွိုင့်ကို ကြာရှည်စွာပိတ်ထား ခြင်းကြောင့် ကွေ့ကြောယူထား သော ဆန္ဒပြသူအမျိုးသမီးသည် လမ်းလယ်တည့်တည့်တွင် ကား ရပ်ထားပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

လမ်းလယ်တွင်ကားကိုရပ်ထားပြီး အနီးရှိ ပွိုင့်မိနေသော တခြားသူတစ်ဦး၏ အနက်ရောင်ကားပေါ်တပ်ကာ ဆန္ဒပြခဲ့သည်။ မိနစ်အနည်းငယ်ကြာတွင် ဝတ် ဆင်ထားသည့် အပေါ်ယံအင်္ကျီ အဝတ်စားများကိုချွတ်ကာ ကား ခေါင်မိုးပေါ်တက်၍ ထပ်မံဆန္ဒပြ ခဲ့သည်ဟု မြင်တွေ့ရသူများက ပြောသည်။

‘‘ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတာ။ အပေါ်ယံအင်္ကျီတွေမရှိတော့ သူ့ အနားကို မော်တော်ပီကယ်တွေ ကလည်း မကပ်ရဲဘူး။ အောက် ကနေ အဲဒီလိုမလုပ်ပါနဲ့ ကားတွေ ကျပ်နေတယ်လို့ အော်အော်ပြော ပြီး တောင်းပန်နေတာတော့တွေ့ တယ်’’ဟု ကိုယ်တွေ့ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။

‘‘ပွိုင့်မိနေတဲ့ လူတစ်ယောက်ရဲ့ ကားအနက်ပေါ် တက်ထိုင်တော့ ကားပေါ်က လူက ဆင်းသွားပြီး၊ မော်တော်ပီကယ်ကိုသွားပြောတယ်။ မော်တော်ပီကယ်ကလည်း အမျိုးသမီးရဲမေဖမ်းမှရမယ်ပြောလို့ စောင့်နေတုန်း သူက အပေါ်အကျီတွေချွတ်လိုက်တယ်။ ခဏကြာတော့ကားခေါင်မိုးပေါ်တက်သွားပြီး၊ ပုံထဲမှာမြင်တဲ့အတိုင်းပဲ’’ ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သော တက်သစ်စအဆိုတော် ဟန်နီမောင်မောင်က ပြောသည်။

 ဆန္ဒပြမှု နှစ်နာရီခန့် ကြာ မြင့်ပြီးနောက် လုံထိန်းရဲတပ်ဖွဲ့ ဝင်ကားတစ်စီးရောက်ရှိလာကာ အဆိုပါအမျိုးသမီးကို မရမ်းကုန်း ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါဆန္ဒပြသူ အမျိုးသမီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ၎င်း၏လုပ်ရပ်ကို ထူးဆန်းသည်ဟုမှတ်ယူကာ မှတ်ချက်အမျိုးမျိုးပေး၍ ရှုတ်ချဝေဖန်မှုများရှိခဲ့သလို ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုခံစားရသူများကလည်း ယာဉ်ကြောကျပ်တည်းမှုကို ပထမဆုံး ဆန္ဒပြခဲ့၍ မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု အားပေးခဲ့ကြသည်။

Author: အိဖြူမွန်
7Day Daily

Thursday, June 12, 2014

မဟာသန္တိသုခကျောင်းတိုက်၌ လက်ရှိသီတင်းသုံးနေသော ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် ကျောင်းအားချိပ်ပိတ်ပြီး စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်ပြောကြား

Written by: 
မင်းသိန်းနိုင်၊ အောင်ကျော်ထက်၊ ရှိုင်းလင်းအောင်
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင် (၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က ပြောကြားသည်။

“၀ိနည်းတော်နဲ့အညီ မနေတဲ့ သံဃာတော်တွေကို ရှင်းလင်းတာဖြစ်တယ်။ သူတို့က အေးအေးဆေးဆေး မနေဘူး။ အဲဒီမှာရှိတဲ့ သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျောင်းတိုက်ကသော့တွေ၊ အခန်းတံခါးသော့တွေကို တောင်းတယ်။ ကျောင်းထဲမှာရှိတဲ့ သံဃနာယကအဖွဲ့ ဆရာတော်တွေကိုလည်း အသားနာသွားအောင် ပြုလုပ်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ဒီလို ပြောရတယ် ဆိုတာကလည်း သက်သေအထောက်အထားတွေရှိလို့ ပြောရတာ ဖြစ်တယ်။ ဒီကျောင်းတော်ထဲမှာတင် ပီနန်ဆရာတော်ကို တစ်ပါးတည်း အာဂန္တုအနေနဲ့ သီတင်းသုံးနေခွင့် ပြုခဲ့ပေမယ့် သူက သူ့နောက်သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကျောင်းတော်ကြီးထဲမှာလည်း နေစေခဲ့တယ်” ဟု နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် “ခင်ဗျားတို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ စစ်ဆေးဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုရင် ကြိုက်တဲ့တရားရုံးမှာ သွားပြီး တရားစွဲလို့ ရတယ်” ဟု ၎င်းက ယင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် အခြေအနေများကို သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းက ရှင်းလင်းပြောကြားရာတွင် “ပီနန် ဆရာတော်ကြီးနှင့် တပည့်သံဃာတော်များသည် နိုင်ငံတော်သံဃမဟာနာယကပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ၀င်ရောက်စွက်ဖက်ခြင်း၊ သင်တန်းမှူး ဆရာတော်နှင့် ၀န်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အပေါ် စွပ်စွဲပုပ်ခတ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်း၊ ပီနန်ဆရာတော်ကြီးအား အာဂန္တုတစ်ပါးတည်းသာ သီတင်းသုံးနေထိုင်ခွင့် ပြုသော်လည်း ဆရာတော်ကြီးမှ နောက်လိုက်သံဃာတော်နှင့် လူပုဂ္ဂိုလ်များကို ကျောင်းပေါ်တွင် အင်အားသုံး နေထိုင်စေခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သော တရားစွဲဆိုမှု ပြုလုပ်မည်ဟု သတင်းစာများတွင် အတိအလင်း ဖော်ပြခဲ့ခြင်း၊ အနာဂတ်တွင် မလိုလားအပ်သည့် ပဋိပက္ခအသွင်ဆောင်သော ဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ သံဃာအဖွဲ့အစည်းအတွင်း ညီညွတ်မှု ပျက်ပြားလာနိုင်ခြင်း၊ အလားတူဖြစ်စဉ်များ ပေါ်ပေါက်လာပါက ဆောင်ရွက်ရန် ခက်ခဲခြင်း အစရှိသည်တို့ကြောင့် နိုင်ငံတော်သံဃမဟာနာယအဖွဲ့သည် သံဃာထု တစ်ရပ်လုံး၏ ကိုယ်စား အရေးယူ ဆောင်ရွက်ရန် လိုအပ်လာသဖြင့် ယင်းလိုအပ်ချက်နှင့်အညီ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရတို့မှ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အပေါင်းအပါများအား အပြီးအပိုင် ဖယ်ရှားဆောင်ရွက်ရန် မဟနမှ ညွှန်ကြားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ် ဇွန် ၁၁ ရက်ညပိုင်းတွင် ခွင့်ပြုချက်မရဘဲ သီတင်းသုံးနေသည့် သံဃာများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ခန့်အပ်ထားသည့် သင်တန်းမှူး ဆရာတော်များနှင့် ဂေါပကအဖွဲ့များကို ဖယ်ရှားရှင်းလင်း၍ ချိပ်ပိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုပါကျောင်းတော်ကြီး၌ ခွင့်ပြုချက်မရှိဘဲ သီတင်းသုံးနေထိုင်သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား လုပ်ထုံးနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီး၏ တပည့် ဒါယိကာမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သန်းနွယ်အား မေးမြန်းရာ “သူတို့ ရှင်းသွားတာတွေက လုံးဝ အဓိပ္ပာယ်မရှိဘူး။ တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ ပြီးတော့ ကျွန်မထောက်ပြချင်တာက သူတို့ စွပ်စွဲတဲ့ လူတွေထဲမှာ ကျောင်းထဲမှာနေထိုင်ပြီး ဘုန်းကြီးတွေနဲ့ ရောရောဝင်ဝင် နေနေတယ်ဆိုတဲ့ အချက်ကိုပါ။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း တော်တော်များများမှာ လူတွေ၊ သီလရှင်တွေက အတူတူနေထိုင် သီတင်းသုံး နေကြတာချည်းပါပဲ။ အဲဒီလိုမျိုး တစ်ဖက်သတ်စွပ်စွဲတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ ပြီးတော့ ကျောင်းတိုက်မှာ တာဝန်ရှိတဲ့ ပီနန် ဆရာတော်ကြီး မရှိတဲ့အချိန်မှာ အခုလိုလုပ်တာဟာ လုံးဝမတရားဘူးလို့ ပြောချင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားက ပီနန် ဆရာတော်ကြီး ပြန်ရောက်မှဘဲ ဆရာတော် ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ပီနန်ဆရာတော်ကြီး၏ တပည့်ဒါယိကာမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်လှလှမိုးကလည်း “ဒီသတင်းစာရှင်းလင်းပွဲမှာ သူတို့ရှင်းလင်းချက်တွေဟာ အမှန်နည်းနည်းသာ ပါသလို အမှားတွေက ပိုများနေတယ်။ သူတို့ ရှင်းပြချက်တွေကို ကျွန်မတို့ လုံးဝယုံကြည်ချက် မရှိဘူး။ ပီနန် ဆရာတော်ကြီးက ဒီကျောင်းကို အစစအရာရာ ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်မတို့ ကျောင်းဒကာ၊ ဒါယိကာမတွေ အကုန်လုံးသိတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဇွန် ၁၀ ရက် ည ၁၀ ခန့်မှစတင်၍ ၀င်ရောက်ကာ ကျောင်းတိုက်အား ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော်ခုနစ်ပါးနှင့် ကျောင်းတိုက်ထဲတွင် နေထိုင်သည့် လူများကိုလည်း ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
Eleven Media Group

'' နိုင်ငံတော်သံဃမဟာနယက က ဆုံးဖြတ်တာမမှန်ဘူးလို့ထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလားးးးးးး "

   
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင် (၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် -
တရားဝင်စာရင်းမှာပါမပါမသိရပေမယ့်
သမ္မတသာသနာရေးအကြံပေးလို့ဆိုသူ အံ့မောင်

'' ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဒီကိစ္စတွေက ၀ိနည်းတက်တဲ့ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရပါတယ်။ သတင်းစာဆရာတွေက ဆုံးဖြတ်လို့ မရပါဘူး။ အသိအမှတ်လည်း မပြုပါဘူး။ ၀ိနည်းတတ်မှဆိုတာ ၀ိနည်းတော်နဲ့ ဆုံးဖြတ်ရမှာ။ နိုင်ငံတော်သံဃမဟာနာယကဆိုတာ လမ်းဘေးမှာရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ ခင်ဗျားတို့ သိထားရမှာ သံဃာ ၅၀၊ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ အုပ်ချုပ်နေတဲ့ ဆရာတော်တွေက တင်မြောက်ထားတာပါ။ ခင်ဗျားတို့က ဒါတွေဆုံးဖြတ်လို့မရဘူး။ အကြောင်းအရာတွေက နားလည်တဲ့သူတွေနဲ့ ပြောမှရတာ။ ၀ိနည်းမတတ်တဲ့သူတွေနဲ့ ပြောလို့က တော့ ခင်ဗျားပြောလို့နားလည်မှာ မဟုတ်ဘူး။ ကိုယ်ထင်ရာ ပြောနေမှာပဲ။ ရှင်းချင်ရင် ဦးပညာဝံသကိုယ်တိုင်ရှင်း.....။။
==========================================
မြန်မာပို့စ်ဂလိုဘယ်အကြီးတန်းသတင်းထောက် ဟိန်းထက်

''၀ိနည်းအရဆိုရင် ကျွန်တော်ဝိနည်းအရပြောပါ့မယ်။ အခုပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကိစ္စဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ဖြစ်တဲ့ကိစ္စသည် သံဃ၀ိနိစ္ဆယ လက်စွဲစာအုပ်ပါ အခန်း (၄)၊ ပုဒ်မ (၂၂) အရ ' ၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းတစ်ခုဖြစ်ပွားလျှင် ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းထားသော သံဃ၀ိနိစ္ဆယ အဖွဲ့၏ စစ်ဆေးဆုံးဖြတ်ခြင်းကိုသာ ခံယူရမယ်။ အခြားမည်သည့်တရားရုံးမှ တရားမကြောင်းအရ စွဲဆိုခွင့်မရှိစေရ ' လို့ ပြဌာန်းထားတဲ့ အတွက် ဆုံးဖြတ်ရမယ့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက (မဟန) ဖြစ်နေတဲ့အတွက် ကိုယ့်အမှုကိုယ်ပြန်ဖြေရှင်းတဲ့အခါမှာ တရားမျှတမှုရှိနိုင်ပါမလား...? လူတွေတရားစီရင်တဲ့အခါမှာ တရားသူကြီးက ကိုယ့်အမှုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာရှိပါတယ် ''

==================================
 အံ့မောင်
'' နိုင်ငံတော်သံဃမဟာနယက က ဆုံးဖြတ်တာမမှန်ဘူးလို့ထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလားးးးးးး "

 
Htut Htut   ဒေါင်းမာန်ဟုန်

'' နိုင်ငံတော်သံဃမဟာနယက က ဆုံးဖြတ်တာမမှန်ဘူးလို့ထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလားးးးးးး "

   
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင် (၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် -
တရားဝင်စာရင်းမှာပါမပါမသိရပေမယ့်
သမ္မတသာသနာရေးအကြံပေးလို့ဆိုသူ အံ့မောင်

'' ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဒီကိစ္စတွေက ၀ိနည်းတက်တဲ့ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရပါတယ်။ သတင်းစာဆရာတွေက ဆုံးဖြတ်လို့ မရပါဘူး။ အသိအမှတ်လည်း မပြုပါဘူး။ ၀ိနည်းတတ်မှဆိုတာ ၀ိနည်းတော်နဲ့ ဆုံးဖြတ်ရမှာ။ နိုင်ငံတော်သံဃမဟာနာယကဆိုတာ လမ်းဘေးမှာရှိတဲ့ သာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ ခင်ဗျားတို့ သိထားရမှာ သံဃာ ၅၀၊ ၁၀၀၊ ၁၀၀၀၊ ၁၀၀၀၀ အုပ်ချုပ်နေတဲ့ ဆရာတော်တွေက တင်မြောက်ထားတာပါ။ ခင်ဗျားတို့က ဒါတွေဆုံးဖြတ်လို့မရဘူး။ အကြောင်းအရာတွေက နားလည်တဲ့သူတွေနဲ့ ပြောမှရတာ။ ၀ိနည်းမတတ်တဲ့သူတွေနဲ့ ပြောလို့က တော့ ခင်ဗျားပြောလို့နားလည်မှာ မဟုတ်ဘူး။ ကိုယ်ထင်ရာ ပြောနေမှာပဲ။ ရှင်းချင်ရင် ဦးပညာဝံသကိုယ်တိုင်ရှင်း.....။။
==========================================
မြန်မာပို့စ်ဂလိုဘယ်အကြီးတန်းသတင်းထောက် ဟိန်းထက်

''၀ိနည်းအရဆိုရင် ကျွန်တော်ဝိနည်းအရပြောပါ့မယ်။ အခုပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကိစ္စဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နဲ့ဖြစ်တဲ့ကိစ္စသည် သံဃ၀ိနိစ္ဆယ လက်စွဲစာအုပ်ပါ အခန်း (၄)၊ ပုဒ်မ (၂၂) အရ ' ၀ိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းတစ်ခုဖြစ်ပွားလျှင် ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းထားသော သံဃ၀ိနိစ္ဆယ အဖွဲ့၏ စစ်ဆေးဆုံးဖြတ်ခြင်းကိုသာ ခံယူရမယ်။ အခြားမည်သည့်တရားရုံးမှ တရားမကြောင်းအရ စွဲဆိုခွင့်မရှိစေရ ' လို့ ပြဌာန်းထားတဲ့ အတွက် ဆုံးဖြတ်ရမယ့်အဖွဲ့သည် နိုင်ငံတော်သံဃမဟာနာယက (မဟန) ဖြစ်နေတဲ့အတွက် ကိုယ့်အမှုကိုယ်ပြန်ဖြေရှင်းတဲ့အခါမှာ တရားမျှတမှုရှိနိုင်ပါမလား...? လူတွေတရားစီရင်တဲ့အခါမှာ တရားသူကြီးက ကိုယ့်အမှုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးဆိုတာရှိပါတယ် ''

==================================
 အံ့မောင်
'' နိုင်ငံတော်သံဃမဟာနယက က ဆုံးဖြတ်တာမမှန်ဘူးလို့ထင်ရင် ခင်ဗျားတို့ ကြိုက်တဲ့နေရာသွား...တရားစွဲ .....ရှင်းပြီလားးးးးးး "

 
Htut Htut   ဒေါင်းမာန်ဟုန်

ထားဝယ်-ထီးခီးတွင် ၇ ရက် နိုင်ငံကူးလက်မှတ် ထိုင်းဘက်က ယာယီရပ်ဆိုင်း


12 June 2014
ထားဝယ်-ထီးခီးနယ်စပ်မှာ ၇ ရက် နိုင်ငံကူး လက်မှတ်ကို ထိုင်းနိုင်ငံဘက်က ယာယီ ရပ်ဆိုင်းတယ်လို့ ကေအန်ယူတပ်မဟာ ၄ နယ်မြေ နယ်စပ်သတင်းရပ်ကွက်အရသိရပါတယ်။
တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က လွန်ခဲ့တဲ့ ၂ ရက်ခန့်ကတည်းက ပိတ်ခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်က လူမှုအကျိုးဆောင် ကိုနေမျိုးသွင်က ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူ ဗိုလ်မှူးကြီးတဦးထံက တဆင့် ကြားသိရကြောင်းနဲ့ ဒီကနေ့မှာတော့ လူသွားလူလာ မရှိသလောက် ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက မပိတ်ပေမယ့် လူသွားလူလာမရှိသလောက်ဖြစ်နေပြီး ဘာကြောင့်ပိတ်တယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာတော့ ထီးခီးနယ်စပ်မှာ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်ပွဲရှိပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်မယ်လို့ ကိုနေမျိုးသွင်က ပြောပါတယ်။

By ဒီဗွီဘီ

ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု


ပီအာရ်စနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု အမျိုးသားလွှတ်တော်တွင် လာမည့် ရွေးကောက်ပွဲ၌ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲ (PR)စနစ် ပြောင်းလဲကျင့်သုံးရန် ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ထောက်ခံသူများသည့်အတွက် အဆိုအတည်ဖြစ်သွားပြီဖြစ်သည်။

အဆိုကို မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ်၍ ကန့်ကွက်သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် အဆို အနိုင်ရရှိသွားခြင်းဖြစ်သည်။
အဆိုအနိုင်ရရှိသော်လည်း ရွေးကောက်ပွဲစနစ် အရေးကြီးသည့်အတွက် လွှတ်တော်အနေဖြင့် ကော်မရှင်ဖွဲ့၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်သည်။

သန္တိသုခ ချိပ်ပိတ်မှု လိမ်ညာခံခဲ့ရဟု စည်းကမ်းထိန်းသိမ်းရေး သံဃာအချို့ပြော


12 June 2014
 ဇွန်လ ၁၁ ရက်နေ့ညက သံဃာ့ မဟာနာယက အဖွဲ့က တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတော် ကြီး ကို ၀င်ရောက်ချိပ်ပိတ်မှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်အချို့ဟာ သူတို့ကို တိုင်းသံဃ မဟာနာယက အဖွဲ့က သတင်းအမှားပေးပြီး လိမ်လည်ခေါ်ယူခဲ့တယ်ဆိုပြီး မကျေနပ်ဖြစ်နေကြပါတယ်။

တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က ညအချိန်မတော် ၀င်ရောက်ချိပ်ပိတ်ဖို့ ကြိုးပမ်းမှုမှာ ရန်ကုန်တိုင်းအတွင်း ရှိတဲ့ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသံဃာတော်တွေကို သန္တိသုခကျောင်းမှာ နယ်စပ်က၀င်လာသူတွေ ဒုလ္လဘ၀တ်နေတယ်၊ သူတို့ဆီမှာ လက်နက်တွေဘာတွေ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဋ္ဌက ပြောဆိုပြီး ခေါ်ယူခဲ့တာလို့ အဲဒီညက ပါဝင်ခဲ့တဲ့ စည်းကမ်းထိန်းသံဃာတော်တပါးက မိန့်ပါတယ်။

“ငါတို့ကို အဲဒီနေ့ည ၈ နာရီခွဲကို တိုင်ရုံးအရောက်လာခဲ့ပါတဲ့။ မြို့နယ် ၁၂ မြို့နယ်က တချို့နယ်ကို အပါး ၂၀ ခေါ်တယ်။ အားလုံး သူတို့ရံထားတဲ့ သံဃာနဲ့ဆိုရင် သံဃာ ၃၀၀ ရှိတယ်။ Express ကားကြီး ၆ စီးနဲ့။ သူတို့ ကြိုတင်လွှတ်ထားတာ ရှိတယ်။ ကြိုတင် အစောင့်တွေ ချထားတာ ရှိတယ်။ တို့ကို ၈ နာရီခွဲ အရောက်ခေါ်တယ်။ ၁၀ နာရီထိုးလောက်မှ နိုင်ငံတော် သံဃနာယက ပေးတဲ့ အိတ်ကို ချိပ်ဖောက်တယ်လို့ ပြောတယ်။ စာရွက်ကြီးနဲ့ အများကြီး ပြောတယ်။ ငါတို့ကို ဆရာတော်ကြီး ရှိတဲ့ပုံစံမျိုး လုပ်နေတာ။”
သန္တိသုခ ကျောင်းတော်ကြီးကို အခုလိုဝင်ရောက်ခဲ့ရတာဟာ ခိုင်းတဲ့အလုပ်ကို လုပ်ခဲ့ရတာသာဖြစ်ပြီး သူ့အနေနဲ့ ရှက်မိပါတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
“ငါတို့က ဘာမှ မသိဘူး။ ငါတို့ကို အဲဒီလို ခေါ်သွားလို့ ပါသွားတာ။ ဟိုရောက်မှ ၀င်စီးရမယ်ဆိုတာသိတာ။ ကားတွေမြင်တော့မှ အဝေးကို သွားရမယ်ဆိုတာ သိတာ။ ခုခံလို့ ရှိရင် သွေးတစက်ကျရင် သူမခံဘူးလို့ ပြောတယ်။ လူမိုက်စကားတွေ ပြောတယ်။ နယ်စပ်က ရောက်တဲ့ သံဃာတွေ ဒုလ္လဘ ၀တ်တွေနဲ့ အဲဒီကောင်တွေစီမှာ ဓားလက်နက်ဘာညာ ရှိနိုင်တယ်ပေါ့။ ဟိုရောက်တော့ ဘုန်းကြီးတွေက အေးဆေးပါ။ တို့လည်း အေးဆေးပြောတယ်။”

သန္တိသုခကျောင်းက သံဃာတော်တွေကို ကမ္ဘာအေးရှိ သံဃမဟာနာယကရုံးကို ခေါ်ဆောင်သွားပြီးနောက် သံဃာတော်တွေကို လူဝတ်လဲခိုင်းတဲ့အခါ ဗဟန်းမြို့နယ် သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်က လူဝတ်လဲခိုင်းခြင်းမပြုဖို့နဲ့ လျော့ပေါ့စဉ်းစားပေးဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

“သာသနာအတွက်၊ ဘာသာအတွက် နိုင်ငံတော်အတွက် မဖြစ်စေချင်ဘူး။ တကယ်တမ်း ကိုယ့်အချင်းချင်း ရန်ဖြစ်ရမယ့်သူတွေမဟုတ်ဘူး။ ကိုယ့်အချင်းချင်း ဒီလိုလုပ်ရမယ့်သူတွေ မဟုတ်ဘူး။ အမြင်ကျဉ်းတဲ့ ဆရာတော်လည်း မဟုတ်ဘူး။ အမြင်ကျယ်တဲ့ ဆရာတော်ကို သံဃာနာယက က ခိုင်းလို့ လုပ်ရတယ်ဆိုတာ သိပ်မဟုတ်ဘူးပေါ့ကွာ။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်တာပေါ့။ ခိုင်းတဲ့ အလုပ်ကို လုပ်ရတယ်ဆိုတော့။ ကိုယ့်လူတွေ မထိရအောင် ကိုယ်က လုပ်ရတာပေါ့။ ကမ္ဘာအေးမှာ ကား ၂ စီးနဲ့ ဗဟန်းရယ် စမ်းကျောင်းရယ် ဒီပြင်မြို့နယ်က သံဃာ အားလုံး ၆၀ လောက်ပါသွားတယ်။”

ဒါ့အပြင် သန္တိသုခကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီး ပြည်ပသာသနာပြုခရီးကြွချီစဉ် ခေတ္တအပ်နှံထားခဲ့တဲ့ သုံးထပ်ကျောင်းဆရာတော်ကလည်း သံဃာတော်တွေကို လူဝတ်မလဲခိုင်းဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့ပေမယ့် ခွင့်မပြုတာကြောင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေက နောက်နောင်သံဃမဟာနာယကအဖွဲ့က ခေါ်ယူရင် လိုက်ပါဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

By ကျော်သက်မင်း (ဒီဗွီဘီ)

Tuesday, June 10, 2014

သမ၀ါယမ၏ အသေးစားချေးငွေလုပ်ငန်း အကျိုးကျေးဇူးကြောင့် ၄/၅ နှစ်အတွင်း ပြည်သူများ လုံးဝငွေချေးရန် လိုမည်မဟုတ်တော့ဟု ၀န်ကြီးဦးကျော်ဆန်းပြော

 
ယခင် ပြန်ကြားရေး ၀န်ကြီး၊ ယခု သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ယခုလ ၇ ရက်နေ့ ပဲခူးတိုင်းတွင် ပြုလုပ်သော ကျေးလက်ဒေသနှင့် လူမှုစီးပွား ဘ၀မြှင့်တင်ရေး အခမ်းအနား၌ အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူများ၏ ခံစားချက်များကို ပြန်လည်တင်ပြရာတွင် “ယခုကဲ့သို့ အတိုးသက်သက်သာသာ ချေးငွေဖြင့် အလုပ်လုပ်ရပါက တော်ရုံတန်ရုံ ရာသီဥတုဖောက် ပြန်မှုကိုပင် တောင်သူများက မမှုတော့ကြောင်း၊ ဆိုက္ကားအငှား၊ အပ်ချုပ်အငှား ဘ၀ကနေ ဆိုက္ကားပိုင်၊ အပ်ချုပ်စက်ပိုင် ဖြစ်လာတဲ့အတွက် အများကြီး ပိုအဆင်ပြေလာကြောင်း” စသည်ဖြင့် ပြောကြားခဲ့သသည်။

ယင်းပြောကြားချက်နှင့် ပတ်သက်၍ ပဲခူးနေ ပြည်သူတဦးက “ဆိုက္ကာနင်းသူ ဆိုက္ကားပိုင် ဘာညာဆိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဦးနေ၀င်းလုပ်ခဲ့တဲ့ လယ်လုပ်သူလယ်ပိုင်ဆိုတဲ့ လုပ်ငန်းစဉ်ကိုတောင် သွားသတိရမိတယ်၊ ဒါပေမယ့်ဗျာ ကျနော်တို့ ပဲခူးမှာ ဆိုက္ကားနင်းသု မရှိတော့ဘူး၊ အားလုံး ဆိုင်ကယ် ကယ်ရီတွေဖြစ်ကုန်ပြီဗျ” ဟု ပြောသည်။

ယင်းအပြင် အသေးစားချေးငွေလုပ်ငန်း၏ အကျိုးကျေးဇူးကြောင့် နောင် ၄/၅ နှစ်ကြာသောအခါ ပြည်သူများအနေနှင့် လုံးဝ ငွေချေးစရာလိုတော့မည်မဟုတ်ကြောင်း၊ ကိုယ်ပိုင်ငွေနှင့် လုပ်ငန်း လုပ်ကိုင်လာနိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်မှု sustainable development ကို ရရှိနိုင်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာ့ပြုပြင်ပြောင်းလဲရေး ၈၈ သန်းကျော်ကူညီဖို့ ကန်အစိုးရ အဆိုပြု

လာမယ့် ၂၀၁၅ ခုနှစ် အမေရိကန်အစိုးရ ဘတ်ဂျက်အသုံးစရိတ်ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အထောက်အပံ့ ဖြစ်စေဖို့ရာ အမေရိကန်ဒေါ်လာ ၈၈ သန်းကျော် အသုံးပြုဖို့ နိုင်ငံခြားရေးဌာနက အဆိုပြု လျာထားပါတယ်။

ဒီအထဲမှာ မြန်မာစစ်တပ်ကို ပညာပေးသင်တန်းပေးဖို့ အသုံးစရိတ်လည်း ပါဝင်တာပါ။ အောက်လွှတ်တော်မှာလုပ်တဲ့ မနေ့က ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ကြားနားပွဲတခုမှာတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အနာဂတ်မှာ ဘယ်လိုထိစပ်သွားမလဲဆိုတာ အသေအချာ ဗျူဟာမရှိဘူးလို့ လွှတ်တော်ကော်မတီ ဥက္ကဌက ဝေဖန်သွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ် ဘတ်ဂျက်လျာထားချက်ထဲမှာ IMET လို့ ခေါ်တဲ့ နိုင်ငံတကာ စစ်တပ်တွေကို ပညာပေးသင်တန်းပေးဖို့ ၁၂ ဒဿမ ၅ သန်း အဆိုပြုထားပါတယ်။

ဒီအစီအစဉ်ဟာ ဒေသတွင်းက အနာဂတ်စစ်ခေါင်းဆောင်တွေနဲ့ အမေရိကန် ဆက်ဆံရေး ခိုင်မာတိုးတက်လာဖို့ ရည်ရွယ်သလို၊ အဲဒီစစ်တပ်တွေမှာ အမေရိကန်စစ်တပ်ရဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ လေ့လာနိုင်စေဖို့ ဖြစ် တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မနေ့က အောက်လွှတ်တော် ကြားနာပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံအတွက် လျာထားတဲ့ ဒေါ်လာ ၈၈ သန်းကျော်ထဲမှာလည်း မြန်မာ စစ်တပ်ကို လေ့ကျင့်သင်တန်းပေးဖို့ဆိုတာ ပါဝင်ပါတယ်။ အောက်လွှတ်တော် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးဆပ်ကော်မတီ ဥက္ကဌ Steve Chabot ကတော့ အစိုးရတင်ပြတဲ့ ဒီအစီအစဉ်အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

“အခုအချိန်မှာ ဒီတိုးတက်မှုတွေ ဘာမှ ထပ် ဖြစ်မလာသလိုပဲ အချို့နေရာတွေမှာဆို ပိုတောင် ဆိုးရွားလာပါတယ်။ မြန်မာစစ်တပ်နဲ့ ထိစပ်ဆက်ဆံမှုမှာ IMET ခေါ်တဲ့ စစ်ဖက်ပညာပေးမှုသင်တန်းတွေ ပေး ဖို့ ဒေါ်လာ ၂ သိန်းခွဲ လျာထားတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီစစ်တပ်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု ရပ်သေးတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်းစုတွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်သေးတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာ အပါအ၀င် အခြားလူနည်းစု လူမျိုးတွေအပေါ် ဖိနှိပ်ညှဉ်းပမ်းမှုတွေ ရှိနေတုန်းပါ။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက်ကိုလည်း အဟန့်အတား ဖြစ်နေပါတယ်။”

ဒီလို အခြေအနေမှာပဲ အမေရိကန် အစိုးရအနေနဲ့က မြန်မာစစ်တပ်နဲ့ အနာဂတ်မှာ ဘယ်လို ထိစပ် ဆက်ဆံသွားမလဲဆိုတဲ့ မဟာဗျူဟာ အသေအချာ ချမှတ်ထားတာမျိုး မရှိဘူးလို့ အောက်လွှတ်တော်အမတ် မစ္စတာ Chabot က ဝေဖန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရပိုင်းက ချဉ်းကပ်မှုတွေကိုလည်း မြန်ဆန်လွန်းတယ်ဆိုပြီး စိတ်ပျက်တဲ့အကြောင်း ပြော ပါတယ်။

“ဖွဲ့စည်းပုံဆိုတာကိုလည်း အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင် တာ မရှိပါဘူး။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်အနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတာ အပါအ၀င် စစ်တပ်က အရပ်သားအစိုးရကို ဆက်ပြီး လွှမ်းမိုးထားနိုင်မှာပါ။ ဒါဟာ သမ္မတရွေးချယ်မှု အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးချယ်ခံနိုင်ခွင့်လည်း ကန့်သတ် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျကျ မြန်မာလူထုရဲ့ဆန္ဒကို ထင်ဟပ်နိုင်မလဲဆိုတာ မေးခွန်းရှိပါတယ်။ အခုဆိုရင် နိုင်ငံခြားရေးဝန်ကြီးဟာလည်း အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ရှိပါတယ်။ သမ္မတ အိုဘားမား ကလည်း လာမယ့် နိုဝင်ဘာလထဲမှာ သွားမယ်ထင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ပေးထားတဲ့ ကတိက၀တ်အတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့ အမေရိကန် အစိုးရအနေနဲ့ ဘယ်လို ဖိအားပေး ကိုင်တွယ်မလဲဆိုတာ သိချင်ပါတယ်။”

အောက်လွှတ်တော်ရဲ့ အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီဥက္ကဌ မစ္စတာ Chabot ရဲ့ အခုလို ပြောဆိုမေးမြန်းချက်အပေါ်မှာတော့ - လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က တုံ့ပြန်ရာမှာ လွှတ်တော်ရဲ့ ဒီလို စိုးရိမ်ချက်တွေကို သူတို့အနေနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတိုင်း ပြောဆို တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အများက လက်ခံယုံကြည်နိုင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မျှတပြီး သင့်လျော် မှန်ကန်မှုရှိဖို့ ဆိုတာတွေဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဒီကိစ္စတွေကို ပြောဆိုကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း နေပြည်တော်ကို ရောက်တော့လည်း ဒီကိစ္စတွေရော၊ ရိုဟင်ဂျာတွေ အပါအ၀င် လူနည်းစုလူမျိုးတွေအပေါ် ဆက်ဆံမှု ကိစ္စရပ်တွေကိုပါ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကျနော်တို့ တိုက်ရိုက်ပြောဆိုဆွေးနွေးတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး အောင်မြင်မှုဟာ အမေရိကန် ပြည်ထောင်စုအတွက် ပထ၀ီနိုင်ငံရေးအရပါ မဟာဗျူဟာ ကျပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ အရေးကြီးတဲ့ နိုင်ငံ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတာပါ။”

အာရှဒေသနဲ့ ထိစပ်ရေးဟာဆိုရင် လက်ရှိ အမေရိကန် အစိုးရအတွက်တော့ Asia Pivot ဆိုပြီး အထူးအလေးထားရာ နိုင်ငံခြားရေး မူဝါဒတရပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် ၂၀၁၅ အစိုးရအသုံးစရိတ်ကို ၁ ဒဿမ ၂ ဘီလီယံလျာထား အဆိုပြုပြီး၊ ဒါဟာဆိုရင် ၂၀၁၃ အသုံးစရိတ်ထက် ၅ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်က ၂၀၁၅ အသုံးစရိတ်မှာ ဒေါ်လာ ၈၈ ဒဿမ ၄၅ သန်းလျာထားပြီး၊ ပြီးခဲ့တဲ့ ၂၀၁၃ အသုံးစရိတ်ထက် ၄၃ ရာခိုင်နှုန်း တိုးမြင့်သုံးစွဲဖို့ အမေရိကန်အစိုးရက အဆိုပြုထားပါတယ်။ ဒီငွေတွေဟာ မြန်မာနိုင်ငံတွင်း အရပ်ဖက် အသင်းအပင်း အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာရေးနဲ့ ပြုပြင်ပြောင်းလဲမှု စဉ်ဆက်မပြတ် ဖြစ်နေစေရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်နဲ့ နောက်ပိုင်း အကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ကို သင်တန်းပေးဖို့ ဆိုတဲ့နေရာမှာတော့ အရပ်ဖက်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု စတာတွေကို
အလေးထား သင်တန်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် ထိစပ်ဆောင်ရွက်သွားဖို့ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေ၊ ၈၈ ခေါင်းဆောင်တွေကလည်း အမေရိကန် ပြည်ထောင်စုကို တိုက်တွန်းတာမျိုး ရှိတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ 
ကိုသားညွန့်ဦး(VOA)

အမေရိကန် သံတမန်ရေး အောင်မြင်မှု အဖြစ် မြန်မာကို သမ္မတ အိုဘားမား နမူနာပြ

 West Point စစ်တက္ကသိုလ်မှာ သမ္မတ အိုဘားမား ဒီကနေ့ မိန့်ခွန်းပြောကြားစဉ်။
 West Point စစ်တက္ကသိုလ်မှာ သမ္မတ အိုဘားမား ဒီကနေ့ မိန့်ခွန်းပြောကြားစဉ်။

မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲဟာ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးကြိုးပမ်းမှု ရလဒ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက မနေ့တုန်းက West Point စစ်တက္ကသိုလ်မှာ ပြောသွားခဲ့ပါတယ်။ USCB အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ကတော့ ဒါဟာ တစိတ်တပိုင်းပဲ မှန်ကန်ပြီး၊ တဘက်မှာလည်း မြန်မာအစိုးရဘက်က အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေကို ဖယ်ရှားချင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ အမေရိကန် ပြည်ထောင်စု West Point စစ်တက္ကသိုလ်မှာ မနေ့တုန်းက သမ္မတအိုဘားမားက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်လို့ ပြောသွားရာမှာ၊ အစိုးရ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှု သာဓက တခုအနေနဲ့ မြန်မာနိုင်ငံကို ဥပမာပေး ပြောသွားတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ သတ္တိပြောင်မြောက်မှုနဲ့ အမေရိကန် ဦးဆောင်ပြီး သံတမန်ရေး ကြိုးပမ်းမှုတွေ လုပ်ခဲ့တာကြောင့် တချိန်က တံခါးပိတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာ တံခါးဖွင့်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေ တွေ့လာရပါတယ်။ မြန်မာခေါင်းဆောင်တွေဟာ အမေရိကန်နဲ့ ကျနော်တို့ မဟာမိတ်နိုင်ငံတွေနဲ့ ထိစပ်ဆက်ဆံနို်င်ဖို့ မြောက်ကိုရီးယားနိုင်ငံနဲ့ မိတ်ဖက်အဖြစ်ကနေ ခြေလှမ်း ခွာလာပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲသာ အောင်မြင်ခဲ့မယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စုအတွက် မဟာမိတ်နိုင်ငံသစ် တိုးလာလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။ ဒါပေမဲ့လို့ နောက်ပြန်မလှည့်ဘဲ မြန်မာပြည် အပြောင်းအလဲ အောင်မြင် သွားမယ်ဆိုရင် အမေရိကန် ခေါင်းဆောင်မှုအနေနဲ့ သေနတ်တချက် မဖောက်ဘဲနဲ့ မဟာမိတ်နိုင်ငံသစ် ရရှိလိုက်တာ ဖြစ်ပါလိမ့်မယ်။

မစ္စတာ အိုဘားမား အမေရိကန် သမ္မတဖြစ်ပြီး နောက်ပိုင်းမှာပဲ Asia Pivot ဆိုတဲ့ အာရှကို အလေးထားတဲ့ နိုင်ငံခြားရေး မူဝါဒအောက်မှာ မြန်မာနိုင်ငံကို တိုက်ရိုက်ထိစပ် ဆက်ဆံမှုတွေ လုပ်ခဲ့တာပါ။ ဒီနောက် အပြောင်းအလဲတချို့ ဖြစ်လာတဲ့နောက် အရင်တုန်းကရှိခဲ့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေးခဲ့ပါတယ်။

USCB ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရသူ Jennifer Quigley ကတော့ သမ္မတ အိုဘားမား အခုလို ပြောဆိုသွားတာဟာ ပုံကြီးချဲ့လွန်းတယ်လို့ ဗွီအိုအေကို တုံ့ပြန်ပြောခဲ့ပါတယ်။

တစိတ်တပိုင်းတော့ မှန်မယ်ထင်ပါတယ်။ ဒီအောင်မြင်မှုနဲ့ အပြောင်းအလဲတွေဟာ အမေရိကန်ကြောင့် သက်သက်တော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို မြန်မာခေါင်းဆောင်တွေက ဖယ်ရှားချင်တာရော၊ အမေရိကန်နဲ့ မြန်မာအစိုးရကြား သံတမန်ရေး ဆွေးနွေးညှိုနှိုင်းမှုပါ ပေါင်းဆုံပြီး ဖြစ်သွားတာပါ။ ဒီအခြေအနေကို သူ့အနေနဲ့ ပုံကြီးချဲ့ပြောတယ်ထင်ပါတယ်။

ဒါပေမဲ့ လိမ်လည်တာတော့ မဟုတ်ပါဘူး။ အိုဘားမားအစိုးရလက်ထက်မှာ မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံရေးမူကို ကျင့်သုံးသလိုပဲ၊ တဘက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ချပေမဲ့ ဥပဒေအရတော့ ဆက်ထားရှိနေတုန်းပါ။ မကြာခင်တုန်းက မြန်မာစစ်တပ်နဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်တာကို ပိတ်ပင်တဲ့ ဒဏ်ခတ်မှုကိုတော့ သက်တမ်း ဆက်တိုးထားပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှု စီးပွားရေး လုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေကို လေးစားလိုက်နာတယ်ဆိုတာ၊ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အများပြည်သူကိုပုံမှန်အစီရင်ခံစာ ထုတ်ပြန်ပေးဖို့ကိုလည်း ဒီဥပဒေမှာ ထည့်သွင်းထားတာပါ။

ဒါပေမဲ့လို့ USCB က Jennifer Quigley ကတော့ အိုဘားမားအစိုးရရဲ့ မြန်မာအပေါ် နိုင်ငံခြားရေးမူဝါဒမှာ အရင်ကလိုမဟုတ်ဘဲ လူ့အခွင့်အရေး အလေးပေးမှု အားနည်းလွန်းတယ်လို့ မြင်ပါတယ်။ ထိစပ်ဆက်ဆံမှုကို ကျမတို့ သဘောတူပါတယ်။ ဒါပေမဲ့လည်း ဒီလောက် အတိုင်းအဆကြီးကိုတော့ သဘောမတူပါဘူး။ အမေရိကန် အစိုးရအနေနဲ့ လုပ်ဆောင်မှု အရမ်းမြန်တယ်လို့ ထင်ပါတယ်။ တဘက်မှာ ရှိနေသေးတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ စိုးရိမ်မှုတွေကို သိပ်အရေးမလုပ်ပါဘူး။ ကချင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေ၊ ရိုဟင်ဂျာကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူနည်းစုလူမျိုးတွေရဲ့ တောင်းဆိုချက်အတိုင်း စစ်ရေးသဘောတူညီချက်တွေ မရတာ၊ ဖွဲ့စည်းပုံပြောင်းလဲရေးကိစ္စ မဖြစ်တာ စတဲ့ စိုးရိမ်မကင်းဖြစ်စရာ ဥပမာတွေ ရှိနေပါတယ်။

သမ္မတအိုဘားမားရဲ့ မိန့်ခွန်းထဲ မြန်မာအပါအ၀င် ပြောင်းလဲလာတဲ့ နိုင်ငံတချို့ကို ဥပမာပေး ပြောသွားပေမဲ့ ဒီအပြောင်းအလဲတွေကို နေ့ချင်းညချင်း ဖြစ်လာ ဖို့တော့ မျှော်လင့်ထားလို့ မရဘူးလို့တော့ ပြောထားပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ အစိုးရတွေတင်မကဘူး၊ ပြည်သူလူထုနဲ့လည်း မဟာမိတ်ပြု ထိစပ်သွားရမယ်လို့ ဆိုထားပါတယ်။

သမ္မတအိုဘားမားဟာ ၂၀၁၂ ခုနှစ် အကုန်ပိုင်းတုန်းက မြန်မာနိုင်ငံကို သမိုင်းဝင်ခရီး သွားရောက်ခဲ့သလို၊ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် USAID ကတဆင့် အကူအညီ အတော်များများကိုလည်း ပေးလာပါတယ်။ တဘက်မှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း သွားရောက် လုပ်ကိုင်နိုင်ဖို့ အစိုးရအနေနဲ့ အားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း အစိုးရရော ရင်းနှီးမြှုပ်နှံကြမယ့် အမေရိကန်ကုမ္ပဏီတွေကပါ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေကို စောင့်ကြည့်နေ ပုံရတာကြောင့်၊ ကြီးကြီးမားမား အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်တာမျိုးတော့ မရှိသေးပါဘူး။ သမ္မတအိုဘားမား အနေနဲ့ ဒီနှစ်အကုန်ပိုင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဆောင်ရွက်ရမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိနေပါတယ်။
ကိုသားညွန့်ဦး VOA

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကြီးအကဲ မြန်မာနိုင်ငံသွားမည်

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြသူ ဒေသခံတွေရဲ့ လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကို လေ့လာမှာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ်၊ ကုလသမဂ္ဂအရေးပေါ် ကူညီကယ်ဆယ်ရေး ဆိုင်ရာ ဒုတိယအကြီးအကဲလည်းဖြစ်တဲ့ Kyung-wha kang ဟာ အခု ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို အဓိကကတော့ ပဋိပက္ခတွေရှိနေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဖက်ကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ နယူးယောက် OCHA ကုလသမဂ္ဂလူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး ပြောခွင့်ရသူ Amanda Pitt က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကုလသမဂ္ဂရဲ့ လူသားချင်းစာနာကူညီမှုရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Kyung-wha Kang ဟာ အခု သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ပါလိမ့်မယ်။ အရင်ဆုံးတော့ နေပြည်တော်မှာ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါမယ်။ ပြီးတော့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဘာသာရေးနဲ့လူမျိုးရေးအဓိကရုဏ်းတွေကြောင့် လူဦးရေ တသိန်းလေးသောင်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသလို၊ ကချင်ပြည်နယ်အတွင်းမှာတော့ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ပဋိပက္ခတွေကြောင့် လူဦးရေ တသိန်းကျော် ဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Ms.Kang ဟာ အဲဒီ ပြည်နယ်နှစ်ခုကို သွားရောက်ပြီးတော့  ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်ကြသူတွေ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လူမှုအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံပါမယ်။ လူသားချင်းစာနာကူညီမှု လိုအပ်ချက်တွေကို လေ့လာမှာဖြစ်ပါတယ်။”

နေပြည်တော်ကို သွားရောက်စဉ်မှာ တွေ့ဆုံမယ့် မြန်မာတာဝန်ရှိသူတွေထဲမှာတော့ မြန်မာဒုတိယ သမ္မတ၊ နယ်စပ်ရေးရာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ ပါဝင်မယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်ကိုတော့ ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ သွားရောက်မှာဖြစ်ပြီး စစ်တွေနဲ့ ပေါက်တောမြို့နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုမှာပါ။ ကချင်ပြည်နယ်ကိုတော့ ဇွန်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ သွားရောက်မှာဖြစ်ပြီး ၀ိုင်းမော်မြို့နယ်တွင်းက ကချင်စစ်ပြေး ဒုက္ခသည်စခန်းကို လေ့လာကြည့်ရှုဖို့ရှိပါတယ်။ ဒီခရီးစဉ်ဟာ နိုင်ငံရေးနဲ့မဆိုင်ဘဲ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းတွေအတွက်သာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူ Amanda Pitt က ပြောပါတယ်။

“မြန်မာနိုင်ငံမှာရှိနေစဉ်မှာတော့ သူ့အနေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကိုရော အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကိုပါ တွေ့ဆုံမယ်လို့ ယူဆပါတယ်။ အစိုးရတာဝန်ရှိသူတွေကိုလည်း တွေ့မှာပါ။ ဒါပေမယ့် သူ့ခရီးစဉ်ဟာ နိုင်ငံရေးကိစ္စရပ်တွေမဟုတ်ဘဲ လူသားချင်း စာနာကူညီမှုတွေ ဘယ်လိုပေးနိုင်မလဲဆိုတဲ့ အကြပ်အတည်းအခြေအနေတွေကို လေ့လာဖို့ပါ။”

အခု သူလာတဲ့အချိန်ဟာဆိုရင် ကချင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တာ သုံးနှစ်ပြည့်နဲ့ ရခိုင်မှာဆိုရင် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ နှစ်နှစ်ပြည့်ကာလတွေနဲ့  တိုက်တိုက်ဆိုင်ဆိုင်ကြုံကြိုက်နေပါတယ်။

ရခိုင်ပြည်နယ်တွင်း အကူအညီပေးရေးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ ရုံးတွေ လူနေအိမ်တွေကို  စစ်တွေမှာ အခု နှစ်ဆန်းပိုင်းတုန်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာကြောင့်၊ ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေမှာ အတန်ငယ် အနှောက်အတားတွေ ရှိခဲ့ပါတယ်။

အကူအညီပေးရာမှာ ရခိုင်လူမျိုးတွေထက် မွတ်ဆလင် လူမှုအသိုင်းအ၀ိုင်းကို ပိုပြီး ဘက်လိုက်မှုရှိတယ်လို့ ဒေသခံ ရခိုင်လူမျိုးတွေဖက်က ယူဆခဲ့ကြတာပါ။ Ms.Kang ရဲ့ အခု ရခိုင်ပြည်နယ်ခရီးစဉ် အတွင်းမှာတော့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးအခြေအနေတွေအပေါ် သုံးသပ်မှာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်ပြီးရင်တော့ လက်ထောက်အတွင်းရေးမှုးချုပ် Kang အနေနဲ့ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ဖွယ်ရှိတယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ 
ကိုသားညွန့်ဦး (VOA)

တပ်မတော်နဲ့ ပြည်သူအကြား တန်းတူအခွင့်အရေး ရစေချင်

 
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုဘူးဆိုရင် အများဆန္ဒနဲ့ ဖြုတ်ချလို့ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဒီနေ့ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပြောပါတယ်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အေးစေတီကျောင်းဝင်းမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဌေးကြွယ်က ပြောကြားခဲ့တာပါ။

"ပြည်သူတွေရဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ထိုင်နေကြပြီ၊ အဲဒီကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်လောက်ကိုယ်စားပြုသလဲ၊ ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးဆိုလို့ရှိရင်၊ ကျနော်တို့ ပြည်သူတွေရဲ့အသံကို ထင်ဟပ်မပြဘူးဆိုရင် အဲဒီကိုယ်စားလှယ်တွေကို အများဆန္ဒနဲ့ ဖြုတ်ချလို့ရတယ်"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတာဟာ တပ်မတော်နဲ့ ပြည်သူကြားမှာ တန်းတူအခွင့်အရေး ရစေချင်တာကြောင့်ဖြစ်တယ်လို့လည်း ကိုဌေးကြွယ်က ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မကွေးမြို့က ဒေသခံတွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။

RFA Burmese

PR စနစ်ကို အမျိုးသား လွှတ်တော် စတင် ဆွေးနွေး

ရွေးကောက်ပွဲမှာ ရတဲ့ မဲ အရေ အတွက်ကို မူတည်ပြီး လွှတ်တော်အမတ် အချိုးကျ ခွဲဝေတဲ့ စနစ် သုံးသင့် မသင့် အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ ရာမှာ ကန့်ကွက်သူရော ထောက်ခံသူတွေပါ ရှိခဲ့ပါတယ်။

အမျိုးသား လွှတ်တော် အမတ်တွေကို မဲဆန္ဒနယ် အလိုက် တိုက်ရိုက် မရွေးဘဲ Proportional Representation ( PR ) ဆိုတဲ့ အချိုးကျ ခွဲဝေတဲ့ စနစ်ကို ကန့်ကွက်သူတွေ ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ယောက် ပါဝင်ပါတယ်။

PR စနစ်ကြောင့် ပါတီတွေက ထောက်ခံမဲ အပြတ် အသတ်မရဘဲ ညွှန့်ပေါင်း အစိုးရပဲ ဖြစ်လာရင် နိုင်ငံရေး ပါတီတွေ အားပြိုင်မှု ဖြစ်ပြီး အာဏာသိမ်းမှု အထိဖြစ်ခဲ့တဲ့ ၁၉၆၂ က အခြေအနေမျိုး ပြန်ဖြစ် နိုင်တာကို သတိပြုသင့်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နိုင်ဌေးက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ က ဦးဇုန်လယ်ထန်း ကတော့ ဒီစနစ်ဟာ လက်ရှိဖွဲ့စည်းပုံနဲ့ မကိုက်ညီသလို လူမျိုးစု လူမျိုးငယ် တွေရဲ့ အခွင့်အရေးကို ထိခိုက်နိုင်တယ်လို့ ထောက်ပြ ပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအုန်းတင် ကလည်း ကန့်ကွက်ခဲ့ ပါတယ်။

ထောက်ခံသူတွေ ဘက်မှာတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီအမတ် နှစ်ယောက် ပါဝင်ပါတယ်။

PR စနစ်ဟာ အင်အားကြီးပါတီ တွေကို ထိန်းညှိနိုင်တဲ့ စနစ် ဖြစ်တယ်လို့ ကရင်တိုင်းရင်းသား အမျိုးသားလွှတ်တော်အမတ် ဦးစောထွန်းအောင်မြင့်က ပြောဆိုပြီး ထောက်ခံဆွေးနွေးခဲ့ပါတယ်။

PR စနစ်နဲ့ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ပထမဆုံး စတင် ဆွေးနွေးခဲ့တာ ဖြစ်ပြီး နောက်ထပ် ဆွေးနွေးမယ့်သူ ၂၅ ယောက် ကျန်သေးတဲ့ အတွက် ဆက်လက် ဆွေးနွေးဖို့ ရှိပါ သေးတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လေဆိပ်အကြမ်းဖက်မှု ပါကစ္စတန် တာလီဘန် တာဝန်ယူလုပ်ဆောင်

ပါကစ္စတန်လေဆိပ် အကြမ်းဖက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို သယ်ဆောင်လာစဉ်။
ပါကစ္စတန်နိုင်ငံတွင်း အစည်ကားဆုံး လေဆိပ်ဖြစ်တဲ့ ကရာချိလေဆိပ်ကို အကြမ်းဖက်မှုတိုက်ခိုက်တာ သူတို့ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့က ကြေညာပါတယ်။ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုအတွင်းမှာတော့ သေနက်သမား ၁၀ ဦးအပါအ၀င် လူ ၂၈ ဦး သေဆုံးခဲ့တာပါ။

ကရာချိမြို့ရဲ့ Jinnah နိုင်ငံတကာလေဆိပ်ရဲ့ လေဆိပ်ခန်းမဆောင်ဟောင်းထဲ လက်နက်အပြည့်အစုံနဲ့ စစ်သွေးကြွတွေ ၀င်ရောက် တိုက်ခိုက်ခဲ့တာပါ။ တနင်္လာနေ့ အစောပိုင်းတုန်းကဖြစ်တဲ့ အဲဒီ တိုက်ခိုက်မှုအတွင်း ရဲနဲ့စစ်သား လုံခြုံရေးတပ်ဖွဲ့တွေနဲ့ သေနက်သမားတွေဟာ ငါးနာရီကြာအောင် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ သေနက်သမားအချို့ဟာ စစ်ဝတ်စုံတွေကို ၀တ်ဆင်ထားကြပြီး ကုန်တင် လေယာဉ်နဲ့ အထူးလေယဉ်တွေအတွက် အသုံးပြုတဲ့ လေဆိပ်ခန်းမကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

နောက်ဆုံးတော့ သေနက်သမားအချို့ဟာ ရဲတွေရဲ့ ပစ်ခတ်သုတ်သင်ခဲ့ရသလို အချို့ကတော့ ပေါက်ကွဲပစ္စည်းတွေနဲ့ မိမိဖာသာ ဖောက်ခွဲ အသေခံခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေကြောင့် လေဆိပ်ဝန်ထမ်းလေးဦးနဲ့အတူ လုံခြုံရေးဝန်ထမ်းအတော်များများ သေဆုံးခဲ့ပါတယ်။ ခရီးသွားတွေကတော့ ထိခိုက်မှုမရှိပါဘူး။ တိုက်ခိုက်သူအချို့ဟာ Uzbekistan က လာသူတွေဖြစ်ဖွယ်ရှိတယ်လို့ ပြည်နယ် ပြည်သူ့စစ် ခေါင်းဆောင် ဗိုလ်မှူးချုပ် တဦးက သတင်းထောက်တွေကို ပြောပါတယ်။

အာဖဂန်နယ်စပ်က စစ်သွေးကြွတွေ အခြေစိုက်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာနဲ့ ပါကစ္စတန်တာလီဘန်ခေါင်းဆောင် Hakimullah Mehsud သတ်ဖြတ်ခံရတာတွေကို လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဆိုပြီး ပါကစ္စတန်တာလီဘန်အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

သူတို့ခေါင်းဆောင် Mehsud ကတော့ အမေရိကန်ရဲ့ အဝေးထိန်းဒုံးလက်နက်နဲ့ ပစ်ခတ်တယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

သရဖူ စွန့်လိုက်ရတဲ့ ထိုင်း အလှမယ်

 
ထိုင်းနိုင်ငံက ၂ဝ၁၄ ခုနှစ်အတွက် Miss Universe Thailand သရဖူဆုရှင် မစ္စ ဝေလူရီ ဖိုင် Weluree Fai ဟာ ထိုင်း လူမှု ကွန်ရက်တွေက သရဖူနဲ့ မထိုက်တန်ဘူးဆိုတဲ့ သူ့ကို အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန် တိုက် ခိုက်မှုတွေကြောင့် သရဖူကို စွန့်လွှန့် လိုက်ပါတယ်။ 
ဘန်ကောက်ဟိုတယ်မှာ အကျဉ်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအလှမယ် ဖိုင်ဟာ မျက်ရည်စက် လက်နဲ့ အခုလို သရဖူကို ခြွင်းချက်မဲ့ ပြန်လည် အပ်နှင်တာဟာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာဖြစ် တယ် လို့ ပြောသွား ပါတယ်။ 




အလှမယ်သရဖူဆောင်းခဲ့ရစဉ်က ပျော်ရွှင်ခဲ့ရပေမယ့် ထိုင်း လူမှု ကွန်ရက်တွေက အဆက်မပြတ် ပြင်းထန် တဲ့ ဝေဖန်တိုက်ခိုက်ရေးသားမှုတွေကြောင့် မစ္စ ဖိုင်နဲ့ သူ့ မိသားစုဝင်တွေပါ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရတာလို့ လည်း ဆို ပါတယ်။ တ

ချို့ဝေဖန်မှုတွေက သူဟာ ဗိုက်နဲ့ ပေါင်တံမှာ အဆီရှိတယ်ဆိုပြီး တိရိစ္ဆာန်နဲ့ နှိုင်းကာ အလှမယ်ဆိုတာ ဒီလို အဆီတဝင်းဝင်းနဲ့ ဝတုတ်မ ဖြစ်တယ် စသဖြင့် ဝေဖန်ပြစ်တင်တာမျိုးလည်း ပါဝင်ပါတယ်။ 



အသက် ၂၂ နှစ်အရွယ် တချိန်က တီဗွီအစီအစဉ်ကြေညာသူလည်း ဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ မစ္စ ဖိုင်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလလောက်က သူ့ရဲ့ တွစ်တာနဲ့ ဖေ့စ်ဘုတ် အကောင့်တွေကနေ ရှပ်နီ အုပ်စုတွေကို ပြင်း ထန်တဲ့ ဝေဖန်စာသားတွေနဲ့မှတ်ချက်တွေ ရေးခဲ့ဖူးပါတယ်။ 



ဒါကြောင့် အခုနှစ်အတွက် Miss Universe Thailand 2014 အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံး အလှမယ် သရဖူ ဆု ကို ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က အောင်မြင်ခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ အတော်ပဲ ပွဲဆူခဲ့တာပါ။ 

အဲဒီတုန်းက First Runner Up ဆုနဲ့ သာ နှစ်သိမ့်ကျေနပ်ခဲ့ရတဲ့ Ellie ကို ပရိသတ်က သရဖူရမယ်လို့ 
မျှော်လင့် ထားခဲ့ပြီး မစ္စဖိုင်က သရဖူရခဲ့တာကို အတော်အံ့အားသင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 



ဒါပေမယ့်  မေလ ၁၉ ရက်နေ့တုန်းကတော့ မစ္စ ဖိုင်ဟာ ဖေ့စ်ဘုတ်နဲ့ တွစ်တာတွေကနေ အဲဒီတုန်းက မစ္စယင်လတ်အစိုးရ ကို ထောက်ခံတဲ့ ရှပ်နီတွေကို ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိတာ ကို လူသိရှင်ကြားတောင်း ပန်ခဲ့ပါတယ်။ 

အခြေခံ လူတန်းစား ရှပ်နီတွေက သူတို့ကို ဝေဖန်ပြစ်တင်တဲ့ သူဟာ ထိုင်းနိုင်ငံကို ကိုယ်စားပြုတဲ့ အလှမယ်မဖြစ်သင့်ဘူးလို့ ဝေဖန်ရှုံချကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးပါတယ်။

အိမ့်သံစဉ် ~ ဧရာဝတီBlog
 

ကော့သောင်း စိတ်ကြွဆေးပြား ကိုးထောင်ခန့် ဖမ်းမိ


|Dawei Watch| ကော့သောင်း၊ ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်တွင် ဇွန်လ ၇ ရက်နေ့ နေ့လည်က စိတ်ကြွဆေးပြား ကိုးထောင်ပြားခန့် ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အထက်ပါ ရပ်ကွက် ဆရာစံလမ်းထဲတွင် မူးယစ်ဆေးဝါးရောင်းချနေသည်ဟု သတင်းအရ ၀င်ရောက်ဖမ်းဆီးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၈၉၅၀ ပြား၊ ဘိန်းစာရွက် နှင့် ဘိန်းစာမှုန့်များကိုပါ နေအိမ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့က ပြောသည်။
ယင်းစိတ်ကြွဆေးပြားများနှင့် ဘိန်းစာရွက်၊ ဘိန်းစာမှုန့် အားလုံး၏ တန်ဖိုး ကျပ် သိန်း ၅၀၀ ခန့်ရှိပြီး စိတ်ကြွဆေးပြားများကို ထိုင်းနိုင်ငံ ရနောင်းမှ သွင်းယူလာသည်ဟု ထွက်ဆိုကြောင်း ယင်းရဲတပ်ဖွဲ့မှ သိရသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိ ရောင်းချနေသူ အမျိုးသားအား ကော့သောင်းမြို့မ ရဲစခန်းတွင် မှုးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀ (ခ) ဖြင့် အမှု ဖွင့်ထားကြောင်း ယင်းတပ်ဖွဲ့က ပြောကြားသည်။

Dawei Watch

တနင်္သာရီတွင် ပါတီ လေးခုသာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်မည်

|Dawei Watch| ထားဝယ်၊ ဇွန် ၉
၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း လစ်လပ်နေသည့် လွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ပါတီ ၄ ပါတီသာ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပါတီများထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာနှင့် မြိတ်မဲ ဆန္ဒ နယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတို့ လစ်လပ်နေကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။
အဆိုပါ လစ်လပ်နေရာများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် ထားဝယ်တိုင်းရင်းသားများပါတီတို့က ၀င်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့က ၀င်ပြိုင်မည်မဟုတ်ဟု သက်ဆိုင်ရာ ပါတီများထံမှ သိရသည်။
လက်ရှိတွင် ထားဝယ်တိုင်းရင်းသားများပါတီမှ အပ ကျန်ပါတီများ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း လစ်လပ်နေရာများဖြစ်သည့် ထားဝယ်မဲဆန္ဒနယ်အမှတ် ၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှ ဦးသန်းဆွေသည် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး မြိတ်မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော် (ယခင် တိုင်းဒေသကြီးဝန်ကြီးချုပ်)သည် ကျန်းမာရေး ကြောင့်ဟုဆိုကာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ အနားယူခဲ့သည်။

Monday, June 9, 2014

ကေအင်န်ယူ ထိန်းချုပ်နယ်မြေများ အပါအဝင် ဆက်စပ်နေရာများရှိ တပ်မတော် စခန်းများ ပြန်လည်ဆုတ်ခွာပေးမည်

 
ရန်ကုန်၊ ဇွန် ၈-
ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ) ထိန်း ချုပ်နယ်မြေများအပါအဝင်ဆက် စပ်နေသည့် ဒေသများ အတွင်းရှိ တပ်မတော်စခန်းများကိုပြန်လည် ဆုတ်ခွာပေးမည်ဖြစ်ကြောင်း အစိုး ရနှင့် ကေအင်န်ယူတာဝန်ရှိသူတို့က အတည်ပြုပြော ကြားသည်။

ကရင်ပြည်နယ်နေရာအနှံ့အ ပြား ရှိ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်း တို့နှင့် လူနေဧရိယာအနီးတစ်ဝိုက် စခန်းချထားသည့် တပ်မတော် စခန်း များ ကို နေရာရွှေ့ပြောင်းပေးရန်အတွက် ကေအင်န်ယူဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံစဉ်ဆွေး နွေး ခဲ့သည့်အတွက် တပ်မတော်ဘက် မှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ကပြောသည်။

''ကေအင်န်ယူကတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကလက်ခံပါတယ်။ ဒါကလဲ ကေအင်န် ယူအနေနဲ့ အပစ်ရပ်နှစ်နှစ်တာကာ လအတွင်းစည်းကမ်းရှိရှိသေသေ ဝပ်ဝပ်နေပြီး ယုံကြည်မှုတည်ဆောက် နိုင်တာရဲ့ရလဒ်ပါပဲ''ဟု ဦးရဲထွဋ်က ပြောသည်။

ကရင်အမျိုးသားအစည်း အရုံး (ကေအင်န်ယူ)လက်အောက်တွင် တပ်မဟာ ခုနစ်ခုနှင့် နယ်မြေခုနစ်ခုရှိ ပြီး ယင်းနယ်မြေနှင့် ထိစပ်ဒေသများ တွင် တပ်မတော် တပ်စခန်းများက ဆယ်စုနှစ်ပေါင်းများစွာ တပ်စွဲထား ပြီး လူနေကျေးရွာများ၊ ဘုရား ကျောင်း များနှင့် စေတီပုထိုးများအ တွင်းတွင် ပါတပ်စွဲထားခဲ့မှုများရှိခဲ့ ကြောင်း ကေအင်န်ယူက ဆိုသည်။

''ကာကွယ်ရေးဦးစီးချုပ်က စစ် တိုင်းတွေကိုစာထုတ်ပေးမယ်ပြော တယ် ။ ကေအင်န်ယူရဲ့သက်ဆိုင်ရာ တပ်မဟာတွေအလိုက် စစ်တိုင်းတွေ နဲ့ညှိနှိုင်းပြီး တပ်စခန်းတွေရုပ်သိမ်း ဖို့အရေးဆောင်ရွက်သွားမှာပါ''ဟု အမည်မဖော် လိုသည့် ကေအင်န်ယူ အဆင့်မြင့်အရာရှိတဦးက ဒီမိုကရေစီ တူဒေးသို့ အတည်ပြုပြော ဆိုသည်။

ကေအင်န်ယူ ကရင်အမျိုး သား အစည်းအရုံးသည် နှစ်ပေါင်း ၆၀ ကြာ အစိုးရနှင့်တိုက်ခိုက်နေသည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနစ်တွင် အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ သည်။

ကရင်အမျိုး သား အစည်းအရုံးသည် (ကေအင်န် ယူ)ကရင်ပြည်နယ်အတွင်း တွင်သာမ ကမွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းတို့တွင်လည်း တပ်စ ခန်းနှင့် ထိန်း ချုပ်နယ်မြေများရှိနေပြီး ယခုသဘော တူညီချက်မှာ အဆိုပါ တိုင်းနှင့် ပြည်နယ် များအတွက်ပါအကျုံးဝင်ကြောင်း လည်း ကေအန်ယူ ဘက်မှစုံစမ်းသိရ သည်။

STAL [--Democracy today Daily Newspaper--]

Yangon Media Group

လမ်းမတော်တွင် ကလေးငယ်နှစ်ဦး အိမ်ရှင်များ နှိပ်စက်

ရန်ကုန်၊ ဇွန် ၈

လမ်းမတော်မြို့နယ် အမှတ် (၈) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ လေးလွှာ တိုက်ခန်းတွင် အိမ်ရှင်အမျိုးသမီး၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသော ကလေးငယ်နှစ်ဦးကို ဇွန်လ ၅ ရက် နံနက်ပိုင်းက ရပ်ကွက်နေသူများက ကယ်တင်ခဲ့ကြောင်း လမ်းမတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူ မမေရီနှင့် ဟိုပုံးမြို့နယ်တို့တွင် နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်းကျောင်းသား မောင်ခွန်ရွှေအောင်တို့မှာ အိမ်ရှင်အမျိုးသမီး၏ နေ့စဉ် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသဖြင့် အိမ်ရှင် နေအိမ်တွင် မရှိချိန် ၎င်းတို့ကို ကယ်တင်ပေးရန် လေးလွှာတိုက်ခန်း ပြတင်းပေါက်မှ ရပ်ကွက်ကို အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် ရပ်ကွက်နေသူများက ကယ်ဆယ်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ငွေက ပြောကြားသည်။

“ဇွန်လ ၃ ရက်နေ့ မနက်က ကလေးနှစ်ယောက်က ကယ်ပါဆိုပြီး အိမ်ရှင် မရှိချိန် တိုက်ခန်း ပြတင်းပေါက်ကနေ အော်နေတာကို ဘေးပတ်ဝန်းကျင်က ကြားလို့ ရပ်ကွက်ရုံးကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ ဇွန် ၅ ရက်နေ့ မနက်ပိုင်းမှာ ထပ်ပြီး အကူအညီ တောင်းနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့က သွားကယ်ထုတ်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်နှစ်ဦး ပြတင်းပေါက်မှ အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရုံးရေးမှူး ရုံးမှ တာဝန်ရှိသူများက ယင်းတိုက်ခန်းသို့ လာရောက်ရာတွင် တိုက်ခန်းတံခါးကို သော့နှစ်ထပ် ပိတ်ထားသဖြင့် အိမ်ရှင်အမျိုးသမီး ပြန်လာချိန်ကို စောင့်ဆိုင်းပြီးမှ ကလေးငယ်နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။

“သားတို့ကို ပန်းကန်ဆေး၊ ကြမ်းတိုက် အိမ်အလုပ်တွေ လုပ်ခိုင်းတာ မလုပ်တတ်လို့ ဆိုပြီး ပိုက်လုံးနဲ့ ရိုက်တယ်။ ခေါင်းကို သံရိုက်တဲ့ တူနဲ့ထုတယ်။ နေ့တိုင်း ရိုက်ခံနေရတာကြောင့် အိမ်ပြန်ချင်လို့ အိမ်ရှင်မရှိချိန် ရပ်ကွက်ကို အကူအညီတောင်းတာ” ဟု မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ညိုမဲစွဲ ဒဏ်ရာများဖြင့် မောင်ခွန်ရွှေအောင်က မျက်ရည်များ ရစ်ဝဲစွာဖြင့် ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် ငါးဝိုင်း ပအို့ဝ်ကျောင်းတိုက်မှ သံဃာတစ်ပါး၏ အဆက်အသွယ်ဖြင့် ပအို့ဝ်တိုင်းရင်းသား ကလေးငယ်နှစ်ဦးကို ကျောင်းထားပေးရန် နေအိမ်သို့ ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း၊ ဘေးပတ်ဝန်းကျင်မှ ကလေးငယ် နှစ်ဦးကို နေ့စဉ် ရိုက်နှက် ညှဉ်းဆဲသည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ အိမ်ရှင်အမျိုးသမီးက ရှင်းပြသည်။

“နေအိမ်မှာ တစ်ယောက်ထဲ အဖော်မရှိလို့ အဖော်လည်းရ ကလေးတွေလည်း ပညာသင်ကြားခွင့် ရအောင် ခေါ်ထားတာ။ ဘုရားဆွမ်းတော် မကပ်ရသေးခင် ဟင်းခိုးစားတယ်။ ပြီးတော့ သောက်ရေပုံးထဲကို ထမီ ထည့်စိမ်ထားတာတွေကြောင့် စိတ်အရမ်းဆိုးပြီး ကြက်မွှေးတုတ်နဲ့ တစ်ခါ ရိုက်ခဲ့တယ်။ နေ့စဉ် ရိုက်နှက် ညှဉ်းဆဲနေတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု အိမ်ရှင်အမျိုးသမီးက ပြောကြားသည်။

ကလေးငယ်နှစ်ဦးအနက် မောင်ခွန်ရွှေအောင်မှာ ယင်းတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ ရက်သတ္တပတ် သုံးပတ်ခန့် ရှိပြီး မမေရီမှာ တစ်ပတ်ခန့်သာ ကြာမြင့်သေးကြောင်း၊ ကလေးများ ကျောင်းထွက်လက်မှတ် ထုတ်ယူနေမှု အခက်အခဲကြောင့် ကျောင်းမအပ်ရသေးကြောင်း ယင်းအမျိုးသမီးက ဆက်လက် ရှင်းပြသည်။

“ကလေးတွေရဲ့ ဒဏ်ရာကို စစ်ဆေးထားတဲ့ ဆေးစာ ရဲစခန်းမှာ ရှိတယ်။ သူမနှိပ်စက်ဘူး ဆိုရင် ဒီကလေးတွေက ရပ်ကွက်ကို အော်ပြီး အကူအညီတောင်းမှာ မဟုတ်ဘူး။ အခု အမှုဖွင့်ထားပြီး ဥပဒေအတိုင်း ဆက်ပြီး ဆောင်ရွက်သွားမယ်” ဟု လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြောကြားသည်။

အဆိုပါ ကလေးငယ်နှစ်ဦးကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ၎င်းတို့၏ မိဘများနှင့် အဆက်အသွယ်ရရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်နှစ်ဦးကို အိမ်အလုပ်များ စေခိုင်းရာတွင် စိတ်တိုင်းမကျသောကြောင့် ကြိမ်လုံး၊ ရေပိုက်၊ တုတ်တို့ဖြင့် ရိုက်နှက်ခဲ့သူ အိမ်ရှင်အမျိုးသမီးကို အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ လမ်းမတော်မြို့မ ရဲစခန်းက (ပ) ၁၂၆/ ၁၄၊ ပုဒ်မ ၃၂၅/ ၂၉၄ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

မိသားစု စားဝတ်နေရေးနှင့် ပညာရေးတို့အတွက် အရွယ်မရောက်သေးသော ကလေးငယ်များမှာ ရန်ကုန်မြို့တော်သို့ လာရောက်၍ အိမ်အကူဘဝများဖြင့် လုပ်ကိုင်နေရစဉ် အိမ်ရှင်အချို့က စိတ်တိုင်း မကျသောအခါ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုခံနေရသည်ကို မကြာခဏ ကြားသိနေရကြောင်း၊ ယင်းကဲ့သို့ ကိစ္စများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မိမိတာဝန်ယူ ဆောင်ရွက်ရသော ရပ်ကွက်ရှိ နေအိမ် တိုက်ခန်းများကို ဂရုစိုက် စောင့်ကြည့်သင့်ပြီး မတရား နှိပ်စက် ညှဉ်းပန်းမှုမျိုး ကြားသိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြောကြားသည်။

The Voice Weekly

ပါကစ္စတန် ကရာချိ လေဆိပ်မှာ စစ်သွေးကြွများ ဝင်တိုက်ခိုက်၊ ၂၃ ဦး သေ

ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်မှာ တနင်္ဂနွေနေ့ညက ခရီးသည် တာမင်နယ်တခုကို စစ်သွေးကြွအဖွဲ့တခုရဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့လို့ လူ သေဆုံးသူ ၂၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြန်လည် ပစ်ခတ် မှုကြောင့်  စစ်သွေးကြွ ၁၀ ဦးလည်း သေဆုံးစာရင်းမှာ ပါဝင်တယ်လို့ ဆိုပါတယ်။


 ပါကစ္စတန် ကရာချိ အပြည်အပြည်ဆိုင်ရာ လေဆိပ်မှာ စစ်သွေးကြွများ တိုက်ခိုက်စဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အဲဒီလို တိုက်ခိုက်မှု ဖြစ်စဉ်မှာ ကရာချိ နိုင်ငံတကာ လေဆိပ်မှာ ခရီး တထောက် ရပ်နားတဲ့ ထိုင်း အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်းက (TG- THAI) လေယာဉ်တစီးပေါ်မှာပါတဲ့ ခရီးသည်တွေ နဲ့ လေယာဉ် အမှု ထမ်းတွေ အားလုံး ဘေးကင်းလုံခြုံတယ်လို့ ဘန်ကောက်ပို့စ် သတင်း တပုဒ်က ပြောပါတယ်။ 

ထိုင်းလေကြောင်းလိုင်း ရဲ့ ယာယီ ဥက္ကဋ္ဌဖြစ်သူက ပြောရာမှာတော့ အိုမန်နိုင်ငံကနေ ထွက်ခွာလာ တဲ့ 
လေယာဉ်ဟာ ဘန်ကောက်ကို ပျံသန်းလာရင်း ခရီး တထောက် ပါကစ္စတန် ကရာချီ လေဆိပ်ကို ဆင်းသက် ခဲ့တာဖြစ်ပြီး ခရီးသည် စုစုပေါင်း ၂၉၆ ဦးပါဝင်ကာ လေယာဉ်မှူး ၃ ဦး၊ လေယာဉ်အမှုထမ်း ၁၆ ဦးတို့ 
လေယာဉ်ပေါ် ပါရှိခဲ့တာလို့ ဆိုပါတယ်။ 

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုက တခြား တာမင်နယ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ထိုင်း လေယာဉ်ကတော့ နည်း နည်း လှမ်းတဲ့ တာမင်နယ်မှာ ရပ်နားခဲ့တာလို့ သိရပါတယ်။ 

ကျိုတိုသတင်းဋ္ဌာန အဆိုအရ စစ်သွေးကြွတွေ ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန် အလှန် ပစ်ခတ်မှုမှာ လေယာဉ်တစီး မီးလောင်ဆုံးရှုံးတယ်လို့ ဖော်ပြပြီး လူ ၂၃ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ 

အခုတော့ စစ်တပ်က လေဆိပ်ကို လုံခြုံရေးကြပ်မတ်လိုက်ပြီး လေယာဉ်ကွင်း ကိုလာတဲ့ လမ်း တွေကို လည်း ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ 

လင်းသန့် ~ ဧရာဝတီblog

ထားဝယ်မြို့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်သည့် ဦးသီးလှိုင်၏ အသက် ၈၀ ပြည့်အထိမ်းအမှတ်တနင်္သာရီတိုင်းဒေသကြီး၊၁၀ မြို့နယ် ဒေသန္တရခရီးစဉ် စက်ဘီးစီးခြင်းအစီအစဉ်ကို လာမည့် ဇွန်လ ၁၀ ရက်နေ့နံနက်တွင်စတင်မည်

 
ထားဝယ်မြို့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်သည့် ဦးသီးလှိုင်၏ အသက် ၈၀ ပြည့်အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊၁၀ မြို့နယ် ဒေသန္တရခရီးစဉ် စက်ဘီးစီးခြင်းအစီအစဉ်ကို လာမည့် ဇွန်လ ၁၀ ရက်နေ့နံနက်တွင်စတင်မည်
ဖြစ်ကြောင်းသိရသည်။အဆိုပါစက်ဘီးစီးခရီးကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ ဇွန်လ ၁၀ ရက်နေ့ နံနက်၉ နာရီတွင်စတင်မည်ဖြစ်ပြီးရေဖြူမြို့နယ်သို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း Dawei Bike Association မှဦးအောင်နိုင်က
ပြောကြားသည်။စက်ဘီးစီးအဖွဲ့တွင် အသက် ၈၀ နှစ်အရွယ် ဦးသီးလှိုင်က ဦးဆောင်ကာ ကိုဇော်မင်းဦး၊ကိုစိုးမင်းသူ၊ကိုမျိုးမြင့်တို့ကအဖွဲ့ဝင်အဖြစ်ပါဝင်စီးနင်းကြမည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစက်ဘီးစီးခရီးစဉ်အတွင်းရရှိမည့် ဂုဏ်ပြုချီးမြှင့်ငွေများကို လုံးဝသုံးစွဲခြင်းမပြုဘဲ ထားဝယ်မြို့ရှိ အာယုဒါနအရေးပေါ်အောက်စီဂျင်အဖွဲ့သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ဦးသီးလှိုင်သည် မြန်မာနိုင်ငံနေရာဒေသအနှံ့သို့ တစ်ကိုယ်တော်ခြေလျင်လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်းတို့ကိုပြုလုပ်ခဲ့သည့်
အားကစားသမားတစ်ဦးလည်းဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

၂ဝ၁၄ ကမ္ဘာ့ဖလား ကိုဖိတ်ခေါ်ထားတဲ့ “ To Brazil ” ကာနီဗဲလ်ပွဲတက် ရင်သားအလှ(ရုပ်-သံ)



ဘောလုံး ပရိတ်သတ်တို့ စောင့်စားနေတဲ့ ဘရာဇီးနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် ကမ္ဘာ့ဖလား ၂ဝ၁၄ ခုနှစ် ပြိုင်ပွဲကို အခု ဇွန်လ ၁၂ ရက်နေ့မှာ စတင် ပါတော့မယ်။ ဘရာဇီး ကမ္ဘာ့ဖလားအတွက် To Brazil ဆိုတဲ့ သီချင်း နဲ့ အကကို အခုလို ယူကျုပေါ်မှာ ဖော်ပြထားပါတယ်။ အခု ဗွီဒီယိုဟာ ရင်သား အလှကို ဖော်ကျူးထားတာ ဖြစ်ပြီး ဒီဇိုင်နာတွေက ဘရာဇီး ကာနီဗဲလ်ပွဲတက် ရင်သားအလှတွေနဲ့ ပုံဖော်ထားပါတယ်။ ဧရာဝတီပရိသတ်တွေလည်း အနုပညာကို အနုပညာအဖြစ် ခံစားတတ်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ ကိုမင်းကိုနိုင် ဟောပြော


ပြည်သူတွေဟာ ကျွန်တွေ မဟုတ်၊ သခင်ဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ထားဝယ်မြို့မှာ ကျင်းပတဲ့ လူထုဟောပြောပွဲ တစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တို့ ပူးပေါင်းကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး လူထုဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာပါ။


ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနဲ့ ရေဖြူမြို့နယ်တွေက ဒေသခံတွေ တက်ရောက်ကြတဲ့ အဲ့ဒီဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင် ဦးဌေးဦး ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟိုပင်နဲ့ ဦးအေးနိုင်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။

RFA Burmese

Sunday, June 8, 2014

Crimea ဒေသ ယူကရိန်းပိုင်ဖြစ်ကြောင်း သမ္မတသစ်ပြော

ယူကရိန်းနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ဘီလျံနာသူဌေးကြီး Petro Poroshenko စနေနေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ Kyiv မြို့တော်
လွှတ်တော်ခန်းမထဲမှာ ပြုလုပ်ခဲ့တဲ့ ကျမ်းကျိန်ပွဲကို အမေရိကန်ဒုသမ္မတ Joe Biden အပါအဝင် အထူးဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။

သမ္မတအဖြစ် ပထမဆုံး ပြောတဲ့ မိန့်ခွန်းထဲမှာ မစ္စတာ Poroshenko က Crimea ဒေသကို ယူကရိန်းပိုင်ဆိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်းက Crimea ဒေသဟာ ယူကရိန်းတို့ရဲ့ ပိုင်နက်ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်၊ နောင်လည်း ဖြစ်နေမယ်လို့ သမ္မတသစ် Poroshenko ကပြောပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံရဲ့ ၅ ယောက်မြောက် ဖြစ်တဲ့ သမ္မတက Russia တို့ Crimea ဒေသကို ခွဲယူသွားတာကို လက်မခံဘူးလို့လည်း သမ္မတအဖြစ် ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ပြောသွားပါတယ်။

Russia လိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်တွေကြား တိုက်ခိုက်နေတဲ့ ယူကရိန်းအရှေ့ပိုင်းက ယူကရိန်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်အောင် လမ်းဖွင့်ဖို့လည်း ကတိပြုခဲ့ပါတယ်။ လက်နက်ချပြီး အကြမ်းဖက်မှုတွေ အဆုံးသပ်သွားအောင် ညှိနှိုင်းဆွေးနွေးလိုသူတွေကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို လိုလားပြီး ယူကရိန်းနိုင်ငံ စည်းလုံးရေးအတွက် ဆောင်ရွက်သွားမှာဖြစ်တယ်။ သမ္မတလုပ်ငန်းတွေကို ငြိမ်းချမ်းရေးအစီအစဉ်တခုနဲ့ စတင်မယ်လို့ ယူကရိန်း သမ္မတသစ်က ပြောကြားခဲ့ပါတယ်။

သမ္မတသစ်  Petro Poroshenko အနေနဲ့ ဆိုးဝါးနေတဲ့ ယူကရိန်း စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့၊ ပြဿနာရှိနေတဲ့ Russia နဲ့နယ်စပ်ဒေသတွေ တည်ငြိမ်အောင်လုပ်ဖို့ စတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 
ဗွီအိုအေ (မြန်မာပိုင်း)

ကော့သောင်းတွင် ယာဉ်ထိန်းရဲနှင့် ဝန်ထမ်းပြည်သူ မကြာခဏ ပဋိပက္ခ ဖြစ်ပွား

 ကော့သောင်း၊ ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ယာဉ်ထိန်းရဲနှင့် ဒေသခံပြည်သူများ၊ 
အစိုးရဝန်ထမ်းများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားလျက်ရှိကြောင်း ကော့သောင်းမြို့ခံများထံမှ 
သိရသည်။

ယာဉ်ထိန်းရဲများက စည်းကမ်းမလိုက်နာသည့် ယာဉ်များဖမ်းဆီးသည့်အခါ တစ်ဦးနှင့် တစ်ဦး 
စကားအပြောဆို တင်းမာများဖြစ်လေ့ရှိပြီး တခါတရံ ကိုယ်ထိလက်ရောက် ပြုလုပ်သည် ဖြစ်ရပ်များလည်း 
ရှိခဲ့ကြောင်း မြို့ခံများမှ ပြောသည်။

ပြီးခဲ့သည့် အပတ်က အစိုးရဝန်ထမ်းတစ်ဦးနှင့် ယာဉ်ထိန်းရဲ စကားအခြေတင်ဖြစ်ခဲ့ပြီး ဇွန်လ ၂ ရက်နေ့ 
ညနေပိုင်းကလည်း ဦးထုပ်မဆောင်းဘဲ ၃ ယောက်စီးလာသည့် ဆိုင်ကယ်အား ဖမ်းဆီးလိုက်ရာ 
ယင်းဆိုင်ကယ် မောင်းလာသူနှင့် ယာဉ်ထိန်းရဲ အခြေတင် စကားများကာ ယာဉ်ထိန်းရဲအား ထိုးကြိတ်ပြီး 
ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ပြေးသွားခဲ့ကြောင်း လိုက်လံ ဖမ်းဆီးပေးရာတွင် ပါဝင်သည့် 
ဦးစိုးလွင်မှ ပြောသည်။

အနီးအနားရှိ ရပ်ကွက်နေပြည်သူများနှင့် ယာဉ်ထိန်းရဲများက ဘုန်းကြီးကျောင်းအတွင်း လိုက်သွားစဉ် 
ဘုန်းကြီးတစ်ပါးနှင့် အတူ အဆိုပါ ထွက်ပြေးသွားသူမှ လာရောက် အဖမ်းခံခဲ့ကြောင်း၊ အဖမ်းခံစဉ်တွင် 
၎င်း၏ မျက်နှာတွင် သွေးကဲ့သို့ နီရဲနေသည့်အတွက် အနီးကပ်ကြည့်သည့်အခါမှ မျက်နှာတွင် ဆေးအနီများ 
လိမ်းထားသည်ဟု သိရကြောင်း ရပ်ကွက်နေပြည်သူများနှင့် ယာဉ်ထိန်းရဲများထံမှ သိရသည်။

ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်များ ဖမ်းဆီးသည့်အခါ ဒေသခံများနှင့် 
စကားအခြေတင် ဖြစ်သည်ကို နေ့စဉ်လိုလို မြင်တွေ့နေရသော်လည်း ယခုကဲ့သို့ 
ကိုယ်ထိလက်ရောက် ဖြစ်သည်ကို မမြင်ဖူးဟု ယင်းအခင်း ဖြစ်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် ဆိုင်ကယ် 
အငှားယာဉ်မောင်းသူများမှ ပြောသည်။

ယာဉ်ထိန်းရဲများ တာဝန်ထမ်းဆောင်နေချိန် ပြည်သူများရော၊ အစိုးရ ဝန်ထမ်းများပါ 
စည်းကမ်းလိုက်နာသင့်ပြီး ယာဉ်ထိန်းရဲများကလည်း ပြည်သူများ မြင်သာသည့် နေရာများတွင်သာ 
ဖမ်းဆီးသင့်ကြောင်း ကော့သောင်းဒေသခံများက ဝေဖန်လျက်ရှိသည်။ 
Dawei Watch

အင်းစိန်အကျဉ်းထောင်မှ ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်

 
ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွင် အင်းစိန် ဗဟိုအကျဉ်းထောင်တွင်းမှ ဝင်ရောက်ဖြေဆိုသည့် လူငယ်အကျဉ်းသား နှစ်ဦး ပါဝင် အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။

၂၀၁၃- ၁၄ ပညာသင်နှစ်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်၊ အလက ၁၃ ကျောင်းခွဲမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းသား ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ မောင်ဟိန်းထက် (ခုံအမှတ်- ဆအစ ၅၆၉၇) နှင့် မောင်မျိုးညွန့်ဦး (ခုံအမှတ်- ဆအစ ၅၇၀၆) တို့ နှစ်ဦး အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ခံအရာရှိက ပြောကြားသည်။

အဆိုပါ လူငယ်အကျဉ်းသား နှစ်ဦးသည် လုယက်မှုဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ငါးနှစ်စီ ကျခံနေရသူများ ဖြစ်ပြီး ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“နှစ်ယောက်စလုံးက အမှုတွဲ တစ်ခုတည်း သူတွေပါပဲ။ မနှစ်တုန်းကလည်း ငါးယောက် ဖြေတယ်။ ဒါပေမဲ့ တစ်ယောက်မှ မအောင်ဘူး” ဟု အကျဉ်းထောင် တာဝန်ခံ ဦးကျော်ဌေးက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လေးပုံတစ်ပုံ လျှော့ရက် အပါအဝင် အခြားခံစားခွင့် လျှော့ရက်များကြောင့် အကျဉ်းကျခံရန် တစ်နှစ်ကျော် ကျန်ရှိနေသေးသူများ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ရှိသူများက ဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်း အစီအစဉ်ဖြင့် အကျဉ်းထောင် အတွင်းတွင် စာသင်ကျောင်း ဖွင့်လှစ်ကာ အကျဉ်းကျ လူငယ်များကို စာသင်ကြားပေးခြင်းကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ပြီး ယခု တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် လက်ရှိ အင်းစိန် ဗဟိုအကျဉ်းထောင် အလက (၁၃) ကျောင်းခွဲတွင် သူငယ်တန်းမှ ဒသမတန်း (တက္ကသိုလ်ဝင်တန်း) အထိ လူငယ်အကျဉ်းသား ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၁ ဦး ရှိပြီး အဆိုပါကျောင်းကို သီးခြား စာစစ်ဌာနအဖြစ် သတ်မှတ်ပေးထားကြောင်း ဦးကျော်ဌေးက ပြောကြားသည်။

“ဒီနှစ်အတွက် ဆိုရင် အခုကျတဲ့ ငါးယောက်ရယ်၊ ဒီကျောင်းက ကိုးတန်း အောင်ထားတာ နှစ်ယောက်ရယ်၊ ပြီးတော့ နောက်ထပ် အကျဉ်းကျ လူငယ် သုံးယောက်ရယ် အားလုံး ၁၀ ယောက် ရှိမယ်။ အောင်တဲ့ သူတွေကိုလည်း အဝေးသင် ဆက်တက်နိုင်ဖို့ ဆက်လုပ်ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ အကျဉ်းထောင်တွင်း စာပေသင်ကြားခြင်းကို အကျဉ်းကျ ပညာတတ်များက အဓိက သင်ကြားပေးခြင်း ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ ရက်များတွင် ပြင်ပ စာသင်ကျောင်းများမှ အစိုးရပညာရေး ဝန်ထမ်းများက လာရောက် သင်ကြားပေးကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ရှိသူများထံမှ သိရသည်။

The Voice Weekly

အွန်လိုင်း ရည်းစားကို အပြင်မှာ တွေ့လိုက် ရသောကြောင့် လေးထပ်မှ ခုန်ချ သတ်သေသွား

 
“ငါကတော့ နင့်ကို အရမ်းလှတယ် ထင်ထားတာ ငါအတော် အသုံးမကျတဲ့ ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့  နင့်ကို သိပ်ချောတယ်လို့  ထင်ထားခဲ့တာကိုး ’’

အထက်ပါ စကားများကို ပြောကြား ခဲ့သူကတော့ စင်ကာပူက မက်အန်ထော်နီဆိုသူ ဖြစ်ပါသည်။ သူနှင့် အချိန်ကြာစွာ ဖေ့စ်ဘွတ်မှာ အွန်လိုင်းရည်စား ဖြစ်နေသော မိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာ လွန်ခဲ့သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။

အန်ထော်နီ၏ ရည်းစားက ဖေ့စ်ဘွတ်နှင့် တွစ်တာအွန်လိုင်းစာမျက်နှာမှာ နာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီး အန်ထော်နီနှင့် အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က နေရာအလှမ်းဝေးသဖြင့် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် အပြင်မှာ တော်တော်နှင့် မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကို အမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင် ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော်များများကို လှည့်စားထားသူဖြစ်သည်။  ထိုနည်းက လူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟု မိန်းကလေးကထင်သည်။ ထိုအထဲမှာမှ ကံဆိုးသူမောင်ရှင်က မက်အန်ထော်နီဖြစ်ပါသည်။

လေးလကြာအောင် အဝေးကနေ ချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာ လူချင်းတွေ့ခဲ့ကြ၏။ တွေ့ တွေ့ ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကို တွေ့ လိုက်ရသောအခါ  အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့ အံ့သြသွားရပါသည်။ မိတ်ကပ်တွေ မျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ရည်းစားမှာ ရုပ်ဆိုးလှပါချေတကား။

ထိုကဲ့သို့တွေ့ ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာ မိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။

အရေးပေါ်ကားများ ရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီး ကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့ မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။

သနားစရာကောင်းသည့် အန်ထော်နီအဖြစ်ကို လူအတော်များများက တွေ့ ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကို စုံစမ်းကြည့်သည့်အခါ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါ၏။

(the real Singpore မှ သတင်းကို ဘာသာပြန်ဆိုထားပါသည်)

7Day Daily