Pages

Saturday, June 21, 2014

လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား လစ်လပ်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးနေရာတွင် ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်း


 June 21, 2014
လက်ရှိသာသနာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား လစ်လပ်လျက်ရှိသည့် သာသနာရေး ပြည်ထောင်စုဝန်ကြီး နေရာတွင် ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

ဇွန် ၁၉ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုလွှတ်တော် နာယကထံ အမည်စာရင်း ပေးပို့ခဲ့ခြင်းဖြစ်ပြီး “လစ်လပ်လျက်ရှိသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာတွင် ယင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား ခန့်အပ်တာဝန် ပေးလိုပါသဖြင့်  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(ခ) တို့ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ရန် ပေးပို့ပါသည်” ဟု ပါရှိသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ ၂၅- ၆-၂၀၁၄ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည် ဖြစ်ပါသဖြင့်  အထက်ပါပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၂ ပုဒ်မခွဲ(က) ပါ အရည်အချင်းများနှင့် ကိုက်ညီမှုမရှိကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ၂၄-၆-၂၀၁၄ ရက် နောက်ဆုံးထား အကြောင်းကြားရန် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးထားသည်။

သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး ရာထူးမှ ရပ်စဲလိုက်သဖြင့် လက်ရှိအချိန်၌ သာသနာရေးဝန်ကြီး ဌာနတွင် ပြည်ထောင်စုဝန်ကြီးရာထူး လစ်လပ်လျက်ရှိသည်။

လက်ရှိ သာသနာရေး ဒုတိယ၀န်ကြီး ဦးစိုးဝင်းသည် ပြန်ကြားရေးဝန်ကြီးဌာနမှ သာသာနာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လာသူ တစ်ဦးဖြစ်ပြီး တပ်မတော်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာသူလည်း ဖြစ်သည်။
ဝေယံဖြိုးဦး EMG

တိုင်းရင်းသားပါတီတွေ ပီအာ စနစ်ကို ကန့်ကွက်ဆန္ဒပြဖို့စီစဉ်

တိုင်းရင်းသားပါတီ ၁၅ ခုနဲ့ ဖွဲ့စည်းထူထောင်ထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)က ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၅ ခုမှာ ပီအာ စနစ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဦးစောသန်းမြင့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
national parliment“ကျနော်တို့ လောလောဆယ်ရာထားတာကတော့ တောင်ပိုင်းကနေ စမယ်ဆိုရင် လင်းခေး ခရိုင်ပေါ့။ နောက်ပြီးတော့ တောင်ကြီး၊ အရှေ့ပိုင်းခရိုင်မှာ တာချီလိတ်၊ နောက်ပြီး ကျောက်မဲ၊ လားရှိုး ၅ ခရိုင်မှာ ဆန္ဒပြဖို့ အားလုံး အစီအစဉ်ဆွဲထားပြီးပြီ။ ဒါပေမယ့် နည်းနည်း အခြေအနေ စောင့်ကြည့်နေတယ်။”
အခြေအနေစောင့်ကြည့်နေတယ်ဆိုတာက ပီအာ စနစ်ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်တင် လာ မလာ စောင့်ကြည့်နေတာကို ပြောတာပါ။
လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် Proportional Representation (PR)ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် တိုင်းရင်းသားပါတီတွေက လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။
ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ အဆိုကို ပြည်သူ့လွှတ်တော် တင်ထားပြီးဖြစ်ပေမယ့် ဆွေးနွေးမယ့်ရက်ကို မသိရသေးဘဲ တမင်အချိန်ခွာထားတာ ဖြစ်နိုင်တယ်လို့ တိုင်းရင်းသားပါတီတွေက သုံးသပ်နေကြတာပါ။
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပီအာ စနစ်ကျင့်သုံးဖို့ လုပ်ဆောင်လာမှာကို တိုင်းရင်းသားပါတီတွေက မျှော်လင့်ထားပြီးသား ဖြစ်ကြောင်းလဲ ဦးစောသန်းမြင့်က ခုလို ပြောပါတယ်။
“၂၀၁၅ မှာ ပီအာ ၀င်တော့မယ်ဆိုတာ ကျနော်တို့သိတယ်။ ပီအာ ဘယ်နည်း ဘယ်ပုံ ဘယ်စနစ်မျိုး သွားမယ်ဆိုတာလည်း အသေးစိတ်အကွက်ချထားပြီးပြီ။ ဘယ်စနစ်မျိုးသွားမယ်ဆိုတာလည်း လုပ်ထားပြီးပြီ။ ကျနော်တို့က ဘာပဲဖြစ်ဖြစ် တိုင်း ၇ တိုင်းမှာ အရင် ကျင့်သုံးကျင့်ပါ။ တိုင်း ၇ တိုင်းမှာ ကျင့်သုံးပြီးလို့ ပြည်သူရော ပါတီတွေကရော အားလုံး ကောင်းပါတယ်မှန်ပါတယ်။ အားလုံး လက်ခံနိုင်ပါတယ်။ အင်မတန် ရိုးရှင်းလွယ်ကူပြီး အားလုံးက ကောင်းတယ်ဆိုရင် လာမယ့် ၂၀၁၅ မှာ ကျနော်တို့ ကန့်ကွက်ဖို့ ကန့်ကွက်ဖို့က ကျနော်တို့ စဉ်းစားရတော့မယ်လေ။ အခုကတော့ ဘယ်လိုဖြစ်ဖြစ် ကန့်ကွက်တယ်။”
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ တိုင်းရင်းသားပါတီ ၁၅ ခု ပါဝင်ပါတယ်။
ရွှေအောင်DVB

ဗိုလ်ချုပ်မောင်မောင်အုန်းကို တပ်မတော်သားကိုယ်စားလှယ်အဖြစ်ခန့်အပ်

သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသော ဗိုလ်ချုပ်မောင်မောင်အုန်း (ဓာတ်ပုံ- နစ်ကီ)

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေသော ဗိုလ်ချုပ်မောင်မောင်အုန်းကို တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခန့်အပ်လိုက်သည်။

ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်တို့မှ တပ်မတော်သားကိုယ်စားလှယ် ခြောက်ဦးကို ဇွန်လ ၂၀ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်မောင်မောင်အုန်းသည် အစားထိုးခန့်အပ်ခြင်းခံသူ ကိုယ်စားလှယ်ခြောက်ဦးတွင် ရာထူးအမြင့်မားဆုံး တပ်မတော်အရာရှိအဖြစ် ပါဝင်လာခြင်းလည်းဖြစ်ပြီး ကျန် ငါးဦးမှာ ဗိုလ်ကြီးအဆင့်ရှိသူများသာ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိမ့်မည်ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့နှင့် အစိုးရနှင့် နီးစပ်သူများက 7Day Daily သို့ ဇွန်လ ၁၉ ရက်တွင် ပြောကြားထားသည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ဆိုပါက ဦးစွာပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်အ ဖြစ် တာဝန်ပေးရမည် ဖြစ်သည်။

တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းမှာ ဗိုလ်ချုပ်မောင်မောင်အုန်းသည် ဒုတိယမြောက်ဖြစ်ပြီး လက်ရှိကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်းသည် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်သည်။
 
လက်ရှိ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်အတွက် တိုင်းဒေသကြီး တပ်မတော်သားကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ဖူးသည်။

7Day Daily
http://7daydaily.com/story/13789#.U6V18Ci8RnE

လှည်းတန်းဈေးအနီး ဓာတ်ကြိုးပြတ်ကျရာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဓာတ်လိုက်၍ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူနေစဉ်

21 June 2014

 ရန်ကုန်- ရန်ကုန်မြို့ လှည်းတန်းဈေးအနီးတွင် ယနေ့ညနေက ဓာတ်ကြိုးပြတ်ကျရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေး ၇လမ်းထဲရှိ ဖိနပ်ဆိုင်သို့ ဖိနပ်လာပို့သော ကားပေါ်သို့ Main Service လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသောကြောင့် ဓာတ်လိုက်၍ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မျက်မြင်တွေ့ရှိသူများထံမှ သတင်းရရှိသည်။

‘‘ဖိနပ်လာပို့တဲ့ကားပေါ်ကို ကျသွားတာ ကံကောင်းသွားတာ အဲဒီကားသာမရှိရင် မိုးကရွာနေတော့ လမ်းထဲမှာ ဈေးရောင်းတဲ့လူတွေ အားလုံးတစ်သီကြီး သေသွားနိုင်တယ်’’ဟု ဓာတ်လိုက်သူများအား ရန်ကုန်ဆေးရုံကြီးသို့ လိုက်ပို့ခဲ့သူ ဦးဉာဏ်မြင့်ကဆိုသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် မိုးရွာနေပြီး လျှပ်စစ်မီးပြန်လာသည့်အချိန်၌ ဓာတ်ကြိုးပြတ်ကျခြင်းဖြစ်ကြောင်း ၇ လမ်းထဲတွင် ယိုးဒယားအကင်ရောင်းနေသည့် ဒေါ်ချိုကပြောသည်။

လက်ရှိတွင် လူနာများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ထားပြီး နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားသလို ကျန်နှစ်ဦးမှာလည်း အရေးပေါ် အခြေ အနေတွင်ရှိကြောင်း ဓာတ်လိုက်သူများအား ဆေးရုံကြီးသို့ လိုက်ပို့ခဲ့သူ ကိုဉာဏ်မြင့်ကပြောသည်။ သေဆုံးသူနှစ်ဦးမှာ ဖိနပ်လာပို့သော ကားပေါ်မှ တစ်ဦးနှင့် ကုန်စိမ်းအရောင်းဆိုင်မှ တစ်ဦးတို့ဖြစ်သည်။ ဖိနပ်ဆိုင်သို့ ဖိနပ်လာဝယ်သူတစ်ဦးနှင့် ကုန်စိမ်းရောင်းသူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပြတ်ကျခဲ့သည့် ဓာတ်ကြိုးမှာ လှည်းတန်းဈေး ၇ လမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ ဓာတ်တိုင်မှဖြစ်ပြီး မကြာသေးခင်ကလည်း တစ်ခါပြတ်ကျခဲ့ပြီး မကြာခဏပြတ်ကျလေ့ရှိကြောင်း ဒေါ်ချိုကပြောသည်။

7DAY DAILY

http://www.7daydaily.com/story/13805#.U6WOgii8RnE

မြန်မာ့နည်းမြန်မာ့ဟန် PR ရှေ့ခရီး


21 June 2014
  အမျိုးသား လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် အချိုးကျကိုယ်စားပြု (PR) စနစ် အသုံးပြုရေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့် လွှတ်တော်တွင်း အဆိုအောင်မြင်ခဲ့သော်လည်း ရှေ့လုပ်ငန်းစဉ်များမှာမူ ပြက်ပြက်ထင်ထင် မရှိလှသေးပေ။

အချိုးကျကိုယ်စားပြု PR စနစ်မှာ ကျင့်သုံးပုံ နည်းလမ်းအမျိုးမျိုး ကွဲလွဲသည့်အတွက် မည်သို့သောစနစ်ကို အသုံးပြု ဆောင်ရွက်မည်ကို လွှတ်တော်ကော်မရှင်က စိစစ်ဆုံးဖြတ်ရမည် ဖြစ်ပြီး လွှတ်တော် ဥက္ကဋ္ဌက မြန်မာ့နည်းမြန်မာ့ဟန် ဖြစ်ရမည်ဟု ဆိုထားသဖြင့် ပိုမိုစိတ်ဝင်စားဖွယ် ဖြစ်လာသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဖြစ်နိုင်ဖွယ် PR ပုံစံအမျိုးမျိုးရှိသည်။
စဉ်းစားချက် ပုံစံအချို့


အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူ ဒေါ်ခင်ဝိုင်းကြည်ကမူ PR စနစ်ကို တစ်နိုင်ငံလုံးတွင် ကျင့်သုံးရန် မရည်ရွယ်ဘဲ တိုင်းဒေသကြီးများတွင်သာ စမ်းသပ်ကျင့်သုံးရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း The Voice သို့ ပြောဆိုသည်။ “ပြည်နယ်တွေမပါဘူး။ တိုင်းဒေသကြီးမှာပဲလုပ်ဖို့ အန်တီပြောထားတာ” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ မြေပြင် အခြေအနေအရ ရခိုင်ပြည်နယ်ကဲ့သို့သော ဒေသများတွင် PR စနစ် ကျင့်သုံးရန် ခက်ခဲမည် ဖြစ်သည့်အတွက် တိုင်းရင်းသား ပြည်နယ်များတွင် လက်ရှိ ကျင့်သုံးနေသော နိုင်သူအကုန်ယူ (FPTP) စနစ်ကိုကျင့်သုံး၍ တိုင်းဒေသကြီးများတွင် PR စနစ်ကို ကျင့်သုံးခြင်းဖြင့် (Mixed PR) ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။ ဤသို့ဆိုပါလျှင် တိုင်းရင်းသားပါတီများ အနေနှင့် လက်မခံသည့်တိုင် အပြင်းအထန် ကန့်ကွက်ဖွယ်မရှိဘဲ တိုင်းဒေသကြီးများ၌သာ PR စနစ် အစပျိုးဖွယ် ရှိသည်။
ယင်းကား တိုင်းဒေသကြီးများတွင်သာ ကျင့်သုံးနိုင်ဖွယ်ရှိသည့် ပုံစံ။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း၏ အဆိုအရ နောက်ထပ်စဉ်းစားနည်း တစ်မျိုးလည်း ရှိသည်။ မဖြစ်မနေ အသုံးပြုလာမည်ဆိုပါက PR ကို ကန့်ကွက်နေသော တိုင်းရင်းသားများ အဆင်ပြေစေမည့် မဲရေတွက်ပုံစနစ် သတ်မှတ်ရန်လိုကြောင်း သူကဆိုသည်။ တစ်နိုင်ငံလုံးမှ မဲများကို စုပေါင်း ရေတွက်ခြင်းမပြုဘဲ ပြည်နယ်အလိုက် ရေတွက်၍ အချိုးကျခွဲဝေမည်ဆိုလျှင် တိုင်းရင်းသားပါတီများလည်း ကိုယ်စားလှယ်အများစု ရနိုင်ခြေ ရှိသေးကြောင်း ဦးရဲထွန်းက ခန့်မှန်းသည်။ “တစ်နိုင်ငံလုံးစာမဲကို ပေါင်းတွက်ရင် တိုင်းရင်းသားပါတီတွေ ဘယ်လိုမှနိုင်စရာ မရှိဘူး။ ပြည်နယ်အလိုက် ရေတွက်မယ် ဆိုရင်တော့ တိုင်းရင်းသားတွေလည်း နိုင်လိမ့်မယ်” ဟု ၎င်းက သုံးသပ်သည်။

ယင်းသို့မဟုတ်ဘဲ တစ်နိုင်ငံလုံးမှ ရရှိသည့် မဲအရေအတွက်ကို ပါတီအလိုက် အချိုးကျ ပြန်လည် ခွဲဝေမည်ဆိုပါက တိုင်းရင်းသားပါတီများ ကိုယ်စားလှယ်ရဖွယ် မရှိဘဲ မဲဆန္ဒနယ် အားလုံးနီးပါး၌ ဝင်ပြိုင်နိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာ အကျိုးရှိမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။
လတ်တလော အငြင်းအခုံ


အမျိုးသားလွှတ်တော် PR ကော်မရှင်က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အခြေခံ၍ သင့်တော်သော ပုံစံတစ်ခုပြုစုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းရမည်ဖြစ်ပြီး ယင်းပုံစံအပေါ် မူတည်ကာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပြင်ဆင်ရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

“PR စနစ်သုံးမယ်ဆိုရင် လူနည်းစုပါတီတွေ ရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေလို့ PR သုံးမယ်ဆို အခြေခံဥပဒေကိုပါ ပြင်ရမယ်” ဟု ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ထောက်ပြသည်။ PR ကျင့်သုံးရန် စနစ်များကို လေ့လာသုံးသပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ပေးပို့အစီရင်ခံရန် တာဝန်ရှိသော အမျိုးသားလွှတ်တော်၏ PR ကော်မရှင် အလုပ်မစမီကပင် NLD မှ ကိုယ်စားလှယ်ငါးဦး နုတ်ထွက်သွားပြီ ဖြစ်သည်။ ထပ်မံ၍ ယင်းကော်မရှင်ပါ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များလည်း နုတ်ထွက်ဖွယ် ရှိကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က ထုတ်ဖော်ပြောဆိုသည်။

“PR စနစ်ကြောင့် ပါတီတွေများလာမယ်၊ နောက်တစ်ခုက ပါတီငယ်တွေကို ဖျောက်ပစ်ဖို့ ဒီစနစ်သုံးတယ်လို့ ယူဆလာနိုင်တယ်။ အနာဂတ်မှာ PR က အကျိုးရှိနိုင်ပေမဲ့ လက်ရှိအချိန်မှာ မသုံးသင့်သေးဘူး” ဟု မွန်တိုင်းရင်းသား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ရှင်းပြသည်။ တပ်မတော်သား ကိုယ်စားလှယ် များကလည်း PR စနစ်ကျင့်သုံးရန်အတွက် အချိန်ယူကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်သဖြင့် ဒီမိုကရေစီ လျှောက်လှမ်းစ ယခုအချိန်မျိုးတွင် မသုံးသင့်ကြောင်း ကန့်ကွက်ထားသည်။
မသေချာမှုများ


PR စဉ်းစားပုံအရ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရန် လိုအပ်ခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီလျှင် ဖွဲ့စည်းပုံ ပြင်ဆင်ရန်အထိ ဆောင်ရွက်ရန် လိုအပ်ခြင်းနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဆက်တိုက် ကန့်ကွက်နေခြင်းတို့ကြောင့် PR စနစ် ကျင့်သုံးမည့် အခြေအနေမှာ မသေချာသေးသော အနေအထားသာ ရှိသည်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ချိုဦးကလည်း PR လုပ်ငန်းစဉ်များ မြန်ဆန်ဖွယ် မရှိကြောင်း The Voice သို့ ပြောဆိုသည်။

ဖွဲ့စည်းပုံပြင်ရန် လိုအပ်ခြင်း၊ တိုင်းရင်းသားပါတီ အားလုံးက ထပ်မံကန့်ကွက်ခြင်းမျိုး ကြုံတွေ့ပါက PR လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်မည် မဟုတ်ဘဲ မူလစနစ်အတိုင်းသာ ထားရှိနိုင်ကြောင်း ဒေါက်တာအေးမောင်က ခန့်မှန်းသည်။ “အခြေအနေက ဘာမှပြောလို့ မရသေးဘူး။ PR လုံးဝပျက်သွားတာမျိုးလည်း ဖြစ်နိုင်သေးတယ်” ဟု ၎င်းကဆိုသည်။

တဖက်တွင် FPTP စနစ်ကြောင့် မဖြူလျှင် မည်းရမှ ကျေနပ်လေ့ရှိသော မြန်မာ့လူ့ဘောင် အသိုက်အဝန်းတွင် အပြတ်အသတ် အသာစီးရမှုများက နိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ပြီး တိုင်းပြည်မူဝါဒ မတည်ငြိမ်မှုများအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်ကြောင်း လေ့လာသူအချို့က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ထိုအချက်ကို ဆုပ်ကိုင်ထားပြီး FPTP စနစ်က တစ်ပါတီ အာဏာရှင်စနစ်ကို အသက်သွင်းပေးနိုင်ကြောင်း အကြောင်းပြသည်။ သို့သော် NLD ပါတီကမူ ယင်းအချက်ကို လက်မခံဘဲ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အဆက်ဆက် FPTP စနစ်ကိုသာ ကျင့်သုံးခဲ့ပြီး တစ်ပါတီအာဏာရှင် မဖြစ်ခဲ့ဘဲ စစ်တပ် အာဏာသိမ်း၍သာ အာဏာရှင်စနစ် ဖြစ်လာကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က တုံ့ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းပြောဆိုချက်နှင့် ပတ်သက်၍ “တစ်ပါတီအာဏာရှင် ဖြစ်မှာစိုးရင် ၂၀၁၀ တုန်းကလည်း PR နဲ့ လုပ်ပါလား။ NLD နိုင်မယ်ဆိုတဲ့အလှည့်မှ ဘာလို့လာလုပ်လဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

တပ်မတော်သား ကိုယ်စားလှယ် များကလည်း PR စနစ်ကို ရွေးချယ်သည့်အတွက် အတိုက်အခံပါတီက မကျေနပ်လျှင် မတည်ငြိမ်မှုများ ဖြစ်ပွားမည်ကို မလိုလားကြောင်း၊ သူတို့ နိုင်မည့်အလှည့်မှ PR ကျင့်သုံးမည်ဆိုလျှင် မမျှတမည်ကိုလည်း မဖြစ်စေလိုကြောင်း ပြောဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်သည်ပင်လျှင် အငြင်းပွားနေသော ယင်းစနစ် အသုံးပြုရေးမှာ လွှတ်တော်၏ အဆုံးအဖြတ်သာ ဖြစ်ကြောင်း ပြောဆိုထားရာ PR အကောင်အထည် ဖော်ရေး လွှတ်တော်၏ တာဝန်သာဖြစ်လာပြီး မှန်ခြင်းမှားခြင်း၊ ကောင်းခြင်းဆိုးခြင်းမှာ လွှတ်တော်၌သာ တာဝန်ရှိမည် ဖြစ်သည်။

ထို့အပြင် PR စနစ်မှာ မြန်မာနိုင်ငံနှင့် လုံးဝထိတွေ့မှု မရှိခဲ့သဖြင့် မြန်မာနှင့် သင့်တော်မည့် မြန်မာ့နည်း၊ မြန်မာ့ဟန် PR စနစ်ဆိုသည်မှာ ကော်မရှင်အဖွဲ့များအတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်များ၊ မူဝါဒများ အကောင်အထည် ဖော်ရာတွင် ခေတ်စားလွန်းသော မြန်မာ့နည်း မြန်မာ့ဟန်က PR ကို မည်သို့ ပုံသွင်းမည်နည်း။ ဒီမိုကရေစီကိုပင်လျှင် မြန်မာ့နည်း မြန်မာ့ဟန်စစ်မှန်သော ဒီမိုကရေစီအဖြစ် ဝိဂြိုဟ်ပြုထားကြသည်။

ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ချိုဦးက “မြန်မာ့နည်းမြန်မာ့ဟန်လို့ ဆိုထားတော့ လွှတ်တော်ကော်မရှင်က ဘယ်စနစ်ကို ရွေးချယ်လာမလဲ မပြောနိုင်သေးဘူး။ ဒီမှာလည်း တစ်ခါမှလုပ်ခဲ့ဖူးတာ မဟုတ်ဘူးလေ” ဟု မှတ်ချက်ပြုသည်။

နော်ကိုကို
http://www.thevoicemyanmar.com/index.php/article/item/670-mm

ထားဝယ်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရွှေ့လျား လက်မှတ် စုဆောင်းမည်

Displaying DSCF4486.JPG
ဇွန်လ ၈ ရက်နေ့ ထားဝယ်ကျင်းပသည့် ပုဒ်မ ၄၃၆ ပြင်ရေး လူထုဟောပြောပွဲ မြင်ကွင်း
ဓာတ်ပုံ - တင့်လွင် / Dawei Watch
|Dawei Watch| ထားဝယ်၊ ဇွန် ၂၀
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး ထားဝယ်မြို့တွင်း မော်တော်ကားဖြင့် ရွှေ့လျားလက်မှတ် စုဆောင်းမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟိုပင်က ပြောကြားသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် မထိုးရသေးသူများ လွယ်လင့်တကူ လက်မှတ်ထိုးနိုင်ရန် ယင်းသို့ စီစဉ်ခြင်းဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။
“တစ်လမ်းဝင် တစ်လမ်းထွက်၊ တစ်အိမ်တက် တစ်အိမ်ဆင်း လက်မှတ်စုဆောင်းမှာ မဟုတ်ဘူး၊ လူအများစုဝေးနေတဲ့ နေရာများမှာသာ ရွှေလျားဆန္ဒပြု လက်မှတ်ကောက်သွားမယ်”ဟု ဦးဟိုပင်က ဆိုသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရွှေ့လျားလက်မှတ်စုဆောင်းခြင်းကို ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင်၁၉ ရက်နေ့အတွင်း ထားဝယ်မြို့ အပြင် အခြားမြို့များ၌လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း  ဦးဟိုပင်က ရှင်းပြသည်။
လက်မှတ်ရေးထိုးသူများသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး စိတ်ပေါ့သွပ်သူမဟုတ် မိမိဆန္ဒဖြင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူဖြစ်ခြင်း စသည့်အချက်များနှင့် ကိုက်ညီကာ မှတ်ပုံတင်နံပါတ်နှင့်တကွ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးရုံးခွဲများ အားလုံးတွင် မေလ ၂၇ ရက်နေ့စ၍ လက်မှတ်ရေးထိုး နိုင်ရန် စာအုပ်များထားကာ လက်မှတ် စုဆောင်းခဲ့သည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခြင်းနှင့် လူထုဟောပြောပွဲကို ဇွန်လ ၈ ရက်နေ့တွင် ထားဝယ်မြို့ရွှေဝယ်သီရိရင်ပြင်တွင် ကျင်းပခဲ့သည်။
Dawei Watch

ပြင်သစ်နဲ့ Costa Rica ကမ္ဘာ့ဖလား ဒုတိယအဆင့် တတ်

 

21 June 2014

 ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို သောကြာနေ့က ဆက်လက် ကျင်းပရာမှာ အုပ်စု D ပွဲစဉ်မှာတော့ Costa Rica အသင်းက အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။

Costa Rica အသင်း အခုလို အနိုင်ရလိုက်တဲ့အတွက် အုပ်စု D မှာ ပါနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ခြေ လုံးဝ ကင်းဝေးသွားပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို ၁၉၅၈ ခုနှစ်ကစပြီး တောက်လျှောက် တက်လာခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကစားတဲ့ အုပ်စု E ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက ဆွစ်ဇာလန်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို သေချာပေါက် တက်သွားပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ သတ်မှတ်ချက်တွေအရ ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့အဆင့် ၆ မှာ ရှိနေတာပါ။

အုပ်စု E က ဒုတိယပွဲစဉ်ဖြစ်တဲ့ Honduras နဲ့ Ecuador ပွဲစဉ်မှာတော့ ပထမပိုင်း ပြီးတဲ့အချိန်ထိ ၁ ဂိုးစီ သရေဖြစ်နေခဲ့ရာက ဒုတိယပိုင်းမှာ Ecuador အသင်းက နောက်ထပ်တစ်ဂိုး သွင်းလိုက်နိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Ecuador နဲ့ ပြင်သစ်အသင်းတို့ ဗုဒ္ဓဟူးနေ့မှာ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ကစားကြမှာ ဖြစ်ပြီး Honduras အသင်းကတော့ သောကြာနေ့မှာ ရှုံးသွားတဲ့အတွက် အုပ်စုဒုတိယအဆင့်ကို တက်နိုင်မှာ မဟုတ်တော့ပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)

ပြင်သစ်နဲ့ Costa Rica ကမ္ဘာ့ဖလား ဒုတိယအဆင့် တတ်

 

21 June 2014

 ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို သောကြာနေ့က ဆက်လက် ကျင်းပရာမှာ အုပ်စု D ပွဲစဉ်မှာတော့ Costa Rica အသင်းက အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို တက်သွားပြီ ဖြစ်ပါတယ်။

Costa Rica အသင်း အခုလို အနိုင်ရလိုက်တဲ့အတွက် အုပ်စု D မှာ ပါနေတဲ့ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်နိုင်ခြေ လုံးဝ ကင်းဝေးသွားပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းအနေနဲ့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို ၁၉၅၈ ခုနှစ်ကစပြီး တောက်လျှောက် တက်လာခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကစားတဲ့ အုပ်စု E ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက ဆွစ်ဇာလန်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရသွားတဲ့အတွက် ဒုတိယအဆင့်ကို သေချာပေါက် တက်သွားပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ သတ်မှတ်ချက်တွေအရ ဆွစ်ဇာလန်အသင်းဟာ ကမ္ဘာ့အဆင့် ၆ မှာ ရှိနေတာပါ။

အုပ်စု E က ဒုတိယပွဲစဉ်ဖြစ်တဲ့ Honduras နဲ့ Ecuador ပွဲစဉ်မှာတော့ ပထမပိုင်း ပြီးတဲ့အချိန်ထိ ၁ ဂိုးစီ သရေဖြစ်နေခဲ့ရာက ဒုတိယပိုင်းမှာ Ecuador အသင်းက နောက်ထပ်တစ်ဂိုး သွင်းလိုက်နိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

Ecuador နဲ့ ပြင်သစ်အသင်းတို့ ဗုဒ္ဓဟူးနေ့မှာ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ကစားကြမှာ ဖြစ်ပြီး Honduras အသင်းကတော့ သောကြာနေ့မှာ ရှုံးသွားတဲ့အတွက် အုပ်စုဒုတိယအဆင့်ကို တက်နိုင်မှာ မဟုတ်တော့ပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)

ပီနန်ဆရာတော် ဦးပညာဝံသအား မေးမြန်းလျှောက်ထားခြင်း – မြန်မာသံတော်ဆင့်

“ပိုက်ဆံများလို့ ပိုင်တယ်ဆိုရင်လည်း လှူတယ်ဆိုတာ ဘာလဲ”

ဦးဥတ္တရကို သာသနာညှိုးနွမ်းစေတယ်လို့ပြောတယ်။ သူတို့လုပ်တဲ့ဟာကျတော့ ဗုဒ္ဓဘာသာတွေရဲ့ရင်ထဲမှာ ကြိမ် မီးအုံးသလိုဖြစ်ပြီးတော့ မခံမရပ်နိုင် ဖြစ်နေတာကျတော့ရော ဘယ်လိုလုပ်ပေးမှာလဲ။ သူတို့ဥပဒေနဲ့ ပြောမယ် ဆိုရင်တော့ ဘုန်းကြီးလေးတွေကသာ အာဂန္တုနဲ့နေပြီးတော့ ဖမ်းသွားတယ်။ အဲဒါ အကြည်ညို ပျက်စေ တယ်ဆိုတော့ လူထုတ်ပစ်လိုက်ရင် သူတို့လုပ်တဲ့အလုပ် ဆိုရင်တော့ . . .
မဟာသန်္တိသုခကျောင်းတော်ကြီးအား ၀င်ရောက်သိမ်းဆည်း ချိပ်ပိတ်ခံရပြီး နောက် အဆိုပါကျောင်းတော်အား ပီနန် ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာများ ၏ လှူဒါန်းငွေမှာ ကျပ်သိန်း ၁၀၀၀ သာရှိပြီး ကျန်သည့် ကုန်ကျစရိတ်များမှာ အခြား သူများ လှူဒါန်းထားခြင်းဖြစ်ကြောင်း၊ ကျောင်းတော်ကြီးအား လှူဒါန်းရာတွင် လည်း တစ်ဦးတစ်ယောက် ကလှူဒါန်းခြင်းမဟုတ်သလို တစ်ဦးတစ်ယောက်အား လှူဒါန်းခြင်း မဟုတ်ကြောင်း၊ သို့အတွက် တစ်ဦးတည်း ပိုင်ဟု ပြောနေခြင်း မှာ မေးခွန်းပြန်ထုတ်ရ မည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ပြော ဆိုရေး သားမှုများ ရှိလာသည်။
ထို့ပြင် ပီနန်ဆရာတော်ကြီးမှာလည်း ၂၀၀၇ သံဃာ့အရေးအခင်းကာလက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)နှင့် စင်ပြိုင်သဖွယ်ဖြစ်နေသည့် သံဃာ့ ဦးသျှောင်အဖွဲ့အား ပြည်ပ၌ခေါင်းဆောင် ထူထောင်ခဲ့ သည့် အပြင် အစိုးရအား ဝေဖန် တိုက်ခိုက်ခဲ့မှုအပေါ် အာဏာပိုင်များက အငြိုးထားကာ မဟာသန်္တိသုခကျောင်းတော် ကြီးအား ဆရာတော်ကြီး ဂျပန်နိုင်ငံသို့ ကြွရောက်နေခိုက် သိမ်းဆည်းခြင်း ဖြစ် ကြောင်းလည်း သုံးသပ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ ထို့ကြောင့် သာသနာရေးဘက်မှပြောဆိုရေးသားမှုများ၊ မဟာသန်္တိသုခ ကျောင်း တော်ကြီး ၀င်ရောက်သိမ်း ဆည်းသိမ်းပိုက်ခံ ရမှုများ၊ ကျောင်းရှိ သံဃာတော်ငါးပါးအား လူဝတ်လဲ ထောင် ချခြင်းများအပေါ် ပီနန် ဆရာတော် ဦးပညာဝံသ၏ အမြင်သဘော ထားများကိုသိရှိနိုင်ရန် မြန်မာသံတော်ဆင့်မှ ယခုကဲ့သို့ မေးမြန်းလျှောက်ထား ခဲ့သည်များအား ဖော်ပြ လိုက်ပါသည်။ …
မြန်မာသံတော်ဆင့်သတင်းအဖွဲ့
သာသနာရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိ တစ်ဦးက ““မဟာသနိ္တသုခ ကျောင်းတိုက်ပိုင်ဆိုင်မှုအတွက် သာသနာ့ အသက်ဝိနည်း တရားတော် ကို ဖျက်ကြမည် လော””ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးသား ထားပါတယ် ဘုရား။ အဲဒီအထဲမှာ လက်ရှိ မဟာသနိ္တသုခကျောင်းတော် ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အခုကျောင်းတော်ကြီးကို တည်ဆောက်ရာမှာ ကျပ်သိန်းပေါင်း ၁၀၀၀၀ ကုန်ကျပြီး ဆရာတော်ကြီးရဲ့ တပည့်သံဃာတွေက လှူဒါန်းထား တာ ကျပ်သိန်း ၁၀၀၀ ပဲရှိကာ ကျန်တာက အစိုးရဌာနတွေ၊ တခြားအလှူရှင်တွေက လှူဒါန်းထားတာ ဖြစ် ကြောင်း၊ ဒါဟာ တစ်ဦးတစ်ဖွဲ့တည်းက လှူဒါန်းထားတာ မဟုတ်သလို တစ်ဦးတစ်ယောက်အတွက် ရည်ရွယ် တာမဟုတ်၊ သာသနာအတွက် လှူတာ ဖြစ်လို့ ဘာကြောင့်တစ်ဦးတည်းပိုင် ပြောဆိုနေခြင်းအပေါ် မေးခွန်း ထုတ်စရာ လို့ပြောဆိုပါတယ်။ ဒီအပေါ်မှာ ဆရာတော်ဘုရား ဘယ်လိုမိန့်ကြား ချင်ပါသလဲ ဘုရား။
မြေဂရန်ပေးတဲ့အခါမှာ ဘုန်းကြီး နာမည်နဲ့ပေးထားတာ။ စာချုပ်ကလည်း မဟာသနိ္တသုခ ပီနန်ကျောင်း ဆရာတော်လို့ ပေးထားတာလေ။ သာသနာရေးဌာန ကလည်း စိတ်များ ကောင်းတောင်ကောင်း သေးရဲ့လားလို့ မေးကြည့်ပါဦး။ အလှူ လှူတာရယ်၊ လှူတဲ့လူရယ်၊ အလှူခံတဲ့ သူရယ်မှာ ပိုက်ဆံများလို့ သူပိုင်တယ်ဆို ရင် ကျောင်းဒကာတွေက အဲဒီကျောင်းကို သူတို့ပိုင်သွားမှာပေါ့။ တို့ဗုဒ်္ဓဘာသာထုံးစံ အရ ပြောတာပါ။ သာသနာ ရေးဌာနက ဗုဒ္ဓဘာသာမဟုတ်လို့ ဗုဒ်္ဓဘာသာထုံးစံ မသိတာလား၊ နည်းတာများတာက အဓိ ကလားလို့ မေးခွန်း ထုတ်စရာတွေ ဖြစ်နေတာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကျောင်းဆိုရင် သူတို့က ပိုက်ဆံတစ်ပြားမှာလည်း မပါဘူး။ သူတို့ဘာမှပြောသံလည်း မကြားဘူး။ အဲဒါတွေကျတော့ ဘာမှလုပ်သံ မကြားဘူး။ သူတို့ဘာသာသူတို့ ဇာတ် ထုပ်လုပ်ပြီးပြောနေတာပါ။ သဘောပေါက် ဖို့လိုတာက သာသနာရေး ဌာနက လူတွေက ဆရာတော်ကြီး က ပြောတယ်လို့ မင်းတို့တွေ စိတ်မှကောင်းသေးရဲ့လားလို့။ အလှူခံတဲ့လူနဲ့ အလှူပြုတဲ့သူက ပိုင် တယ်ဆို လည်း ယူကြပေါ့လို့။ ဘာမှပြော စရာမရှိပါဘူး။ ပိုက်ဆံများလို့ပိုင်တယ် ဆို ရင်လည်း လှူတယ်ဆိုတာ ဘာလဲ လို့လည်း မေးကြည့်ချင်ပါတယ်။ လှူတာနဲ့ ပေးတာ နဲ့တောင် မကွဲသေးဘူးလားလို့၊ သာသနာ ရေးဌာနလုပ်ပြီး ဒီလောက်လေးတောင် မသိရဘူးလားလို့ ဆရာတော်ကြီးက ပြော တယ်လို့လည်း ပြောလိုက်ပါဦး။
နောက်ပြီး ဒီကျောင်းတော်ကို အရင် ဗိုလ်ချုပ်ကြီးခင်ညွန့်က မဟနအဖွဲ့ကိုအပ် နှံလှူဒါန်းပါသည်ဆိုတဲ့ သတင်းစာ ဖြတ်ပိုင်းနဲ့ စာတွေကိုလည်း အကျယ်တ၀င့်ရေး သားထားပါတယ်။ ပြီးတော့ ဒါဟာဝိနည်း တော်အရ မှန်ကန်တဲ့ အလှူခံမှုလို့ ဆိုထားပါတယ်။ ဒါပေမဲ့ တပည့်တော်တို့သိထား တာက ဒီကျောင်းရဲ့မြေကအစ စင်ကာပူ ပီနန် ကျောင်းတော်ဆိုပြီး ကျထားတာပါ။ ဒီအပေါ်မှာ ဆရာတော် ဘယ်လိုများမိန့် ကြားချင်ပါသလဲ။
သူ ကျောင်းရေစက်ချ လှူထားတယ် ဆိုတာက ၁၉၉၉ ခု၊ ဒီဇင်ဘာ ၁၈ရက်က ရေစက်ချတယ်လေ။ နောက် တစ်ခါ ၂၀၀၂ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့်က ရေ စက်ချလှူတယ်ဆိုတာက ဘုန်းကြီး မရှိပါ ဘူး။ သူ့ဘာသာ သူလှူလား၊ မလှူလား လည်း ဘုန်းကြီးမသိပါဘူး။ သူတို့ပြော တာပဲလေ။ ၂၀၀၂ ခုနှစ်မှာ သူတို့ကိုလှူ တယ်လို့ ပြောတယ်။ အဲဒီအတွင်း သူတို့ ပိုင်တယ်လို့ ပြောပြန်တယ်။ ၂၀၀၄ခုနှစ် ကျတော့ ဗိုလ်ချုပ်ခင်ညွန့်က ၀န်ကြီး ချုပ် ဖြစ်သွားပြီ။ အဲဒီအခါ ဘုန်းကြီးဆီစာရေးတယ်။ အရှင်ဘုရား မကြွတာကြာတော့ တပည့်တော် သတိရနေ ပါတယ်တဲ့။ ဒီကျောင်းက အစိုးရဘက်က သိမ်းတာ မဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ဆရာတော် မရှိ တော့ အုပ်ချုပ် ရေးတွေ အဆင်မပြေလို့ သံဃနာယကကို ခဏအပ်ထားရပါတယ် တဲ့။ အရှင်ဘုရား ပြန်ကြွလာရင် အရင် အတိုင်းပါပဲတဲ့။ အဲဒါ ခင်ညွန့်ရေးတာပဲ။ ၂၀၀၄ ခုနှစ်က စာပို့ခဲ့တာပါ။
နောက်တစ်ခုက ဆရာတော်ဟာ ၂၀၀၇ ရွှေဝါရောင်တုန်းက ပြည်ပမှာ သံဃာ့ဦးသျှောင်အဖွဲ့ကို တည်ထောင်ပြီး မဟနကို တိုက်ခိုက်ခဲ့လို့ အခုလိုမျိုးကျောင်း တော်ကို သိမ်းတာလို့ ပြောဆိုနေကြပါ တယ်။ ဒီတော့ သံဃာ့ ဦးသျှောင် အဖွဲ့ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တယ် ဆိုတာနဲ့ အခုလိုကျောင်းတော်အသိမ်းခံရ မှုအပေါ် ဆရာတော်ရဲ့သဘောထားကို မိန့်ကြားပေးပါ ဘုရား။
ဦးသျှောင်အဖွဲ့က ဘာလို့လုပ်လဲဆို ရင် ဘုန်းကြီးလည်း တစ်ခါမှ နိုင်ငံရေးလုပ် တဲ့ ဘုန်းကြီးမဟုတ်ဘူး။ ဘုန်းကြီးသာ သနာပြုဖို့ပဲ နိုင်ငံခြားမှာနေတာ။ နိုင်ငံ တကာမှာ ကျောင်းပေါင်း ၂၀ကျော်ရှိ တယ်။ တစ်ခါမှ ကြွားဝါလုပ်တဲ့ဘုန်းကြီး လည်းမဟုတ်ပါဘူး။ ရွှေဝါရောင်မှာ ဘုန်းကြီးတွေကို သတ်ပြုနှိပ်စက်နေတော့ မြန်မာ ပြည်ကနေ ဘုန်းကြီးဆီကို တောင်းဆိုကြတယ်။ မြန်မာပြည်မှာတော့ ဘာမှ တောင်းဆိုခွင့်လည်း မရှိဘူး။ အမြဲတမ်းလန့် နေရပါတယ်တဲ့။ အရှင်ဘုရားတို့က နိုင်ငံ ခြားမှာ သာသနာပြုနေတော့ ကြည့်လုပ် ပေးပါ ဘုရားလို့ တောင်းဆိုတော့ ဘုန်းကြီးလည်း အမှန်တကယ် စိတ်မကောင်းဖြစ်ရ တယ်။ အဲဒါကြောင့် သံဃာ့  ဦးသျှောင်ဆို ပြီး လုပ်တာပါ။ အဲဒီတော့ သံဃနာယကက အဲဒီလိုလုပ်တဲ့အချိန်အခါမှာ အစိုးရနဲ့ပြည် သူတွေ ကြားမှာ ဘာလုပ်ဆောင်ပေးသလဲ။ သာသနာအတွက် ဘာတွေလုပ်ခဲ့သလဲဆို တာတော့ ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ ဆုံးဖြတ်ကြပေါ့။
ကျောင်းတော် သိမ်းဆည်းမှုမှာ သံဃာတော်တွေဘက်က မလုပ်သင့်ကြောင်း တစ်သံတည်းထွက်လာပေမယ့် မဟနဘက်က တရားဝင်ထုတ်ပြန်ကြေညာတာ တစ်စုံတစ်ရာ မရှိသေးတဲ့အပေါ်မှာကော ဘယ်လိုများ မိန့်ကြား ချင်ပါသလဲ ဘုရား။
ဒီကျောင်းကို သူတို့ပိုင်တယ်ဆိုတာက ဘာစာချုပ်စာတမ်းရှိလဲဆိုတာလည်း မေး ကြည့်ပါဦး။ စာချုပ်စာတမ်းနဲ့ ပြောမှ ကောင်းမှာပေါ့။ ရေစက်ချတာနဲ့ ပိုင်တယ် ဆိုရင်တော့ ဘုန်းကြီးလည်း ရေစက်ချတာ နဲ့ပိုင်မှာပဲ။ မီဒီယာ တွေလည်း ရေစက်ချ တာနဲ့ပိုင်မှာပဲ။ ထားပါတော့။ ဒီကိစ်္စနဲ့ ပတ်သက်ပြီး မဟနဘက်က ဘာမှမပြော ဘူးဆို တော့ သူတို့မှာ ဘာပြောစရာ ရှိလို့လဲ။ လုပ်တဲ့ဟာတွေကလည်း ဦးဥတ်္တရကို သာသနာညှိုးနွမ်းစေတယ်လို့ ပြောတယ်။ သူတို့လုပ်တဲ့ဟာကျတော့ ဗုဒ်္ဓဘာသာတွေ ရဲ့ရင်ထဲမှာ ကြိမ်မီးအုံးသလိုဖြစ်ပြီးတော့ မခံမရပ်နိုင်ဖြစ် နေတာကျတော့ရော ဘယ် လိုလုပ်ပေးမှာလဲ။ သူတို့ဥပဒေနဲ့ပြောမယ် ဆိုရင်တော့ ဘုန်းကြီးလေးတွေကသာ အာဂန္တုနဲ့ နေပြီးတော့ ဖမ်းသွားတယ်။ အဲဒါ အကြည်ညိုပျက်စေတယ်ဆိုတော့ လူထုတ် ပစ်လိုက်ရင် သူတို့ လုပ်တဲ့ အလုပ်ဆိုရင် တော့ သူတို့သံဃနာယကဥပဒေနဲ့ ပြောရ မယ်ဆိုရင်တော့ သေဒဏ်တောင် ပေးဖို့ ကောင်းတာပေါ့။
အခုလက်ရှိ သံဃမဟာနာယကအဖွဲ့ ကလည်း ကျောင်းတော်ကြီးနဲ့ ပတ်သက် လို့ စိတ်မကောင်းဖြစ်နေရတယ် ဆိုတာ တွေကြားရပါတယ်။ ဒီတော့ အခုကျောင်း တော်ကိုသိမ်းပြီး သံဃာတော်တွေကို ဖမ်း ဆီးတဲ့အပေါ် မဟနအနေနဲ့ ဘယ်လိုမျိုး ရပ်တည်သင့်တယ်လို့ ဆရာတော် မိန့်ချင် ပါသလဲ။
မဟာနာယကလည်း ဒီဘုန်းကြီး၃ပါး ပဲ ဦးစီးပြီးလုပ်တာပါ။ ကျန်တဲ့ဘုန်းကြီး တွေကမသိရပါဘူး။ သူတို့ ၂ပါး၊ ၃ပါးနဲ့ အံ့မောင် လူလေး ၂ယောက်၊ ၃ယောက် တို့ သာသနာရေးဌာနကလူတွေ ပေါင်းပြီး အခုလိုလုပ်တာ။ ဘုန်းကြီး ပြောချင်တာက မပါတဲ့ ဆရာတော်တွေကကောင်းပါတယ်။ သို့သော်လည်းပဲ မပါဘဲနဲ့ အမိန့်ထုတ်တဲ့ အခါကျတော့ ၄၇ပါးအမိန့်ဆိုတော့ သူတို့ မပြောပေမယ့်လည်း ဘုန်းကြီးသဘော ပေါက်တယ်။ ဒါပေမဲ့ စာထွက် လာတာက ၄၇ ပါးအမိန့်ဆိုတော့ ကေအသာအေငခ ကိုမှားနေ တာပေါ့။ အဲဒီဆရာတော်တွေကို ဘုန်းကြီး က သတိပေး တယ်။ ကိုယ့်နာမည်တော့ အလွဲသုံးစားမလုပ်ပါနဲ့။ တကယ်လိုချင်ရင် ပြော။ ဟိုနာမည်တော့ အလွဲသုံးစား မလုပ်နဲ့ ဆိုတော့လည်း သူလိုလို သိပ်ပြောမနေနဲ့ လို့လည်း ဘုန်းကြီးက လျှောက်ချင်ပါတယ်။
ကျောင်းတော်သိမ်းဆည်းမှုမှာ သမ္မတ အကြံပေးဆိုသူ ဦးအံ့မောင်ကြောင့် စီစဉ်မှုတွေလည်း ပါတယ်ဆိုပြီး ဝေဖန်သံတွေရှိပါ တယ်။ နောက်ပြီး ဦးအံ့မောင်ဟာ ၂၀၀၇ သံဃာ့အရေးအခင်းတုန်းကလည်း သံဃာ တော်တွေ ကို ဖြိုခွင်းဖို့ အစီအစဉ်ချပေးခဲ့ သူလို့လည်း ပြောဆိုမှုတွေရှိပါတယ်။ ဒီလို ပြောဆိုမှုတွေ ရှိတဲ့အပေါ်မှာ မဟာသနိ္တ သုခကျောင်းတော်ကြီး သိမ်းခံရတာနဲ့ပတ် သက်လို့ ဆရာတော်ကြီး ဘယ်လိုများ မိန့်ကြားချင်ပါသလဲဘုရား။
အံ့မောင်ဆိုတာက တစ်ကမ္ဘာလုံးသိတဲ့ သာသနာဖျက်တဲ့ကောင်။ အဲဒီသာသနာ ဖျက်တဲ့ကောင်က ဆရာတော် တွေနဲ့ သွားပေါင်းတဲ့အခါကျတော့ ဘုန်းကြီးတွေပါ နာမည်ပျက်နေတာပေါ့။ ဒါကြောင့် ဘုန်းကြီးကလည်း စိတ်မကောင်းပါဘူး။ တို့ ဆရာတော်တွေက အလကားသက်သက် နာမည်ပျက်နေတာပေါ့။ မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါဆိုတော့ မကောင်းတဲ့သူ နဲ့သွားပေါင်းတော့ မကောင်းတဲ့စိတ်ဝင်လာ တာပေါ့။ အံ့မောင်က လည်း အဲဒီကျောင်းတွေက စားသောက်နေရတော့ အဲဒီကျောင်းကို အသေရရ အရှင်ရရ လက် မလွှတ်နိုင် ဘဲဖြစ်နေတာ။ အဲဒါ လက်မလွှတ် နိုင်တာကို သူ့အနေနဲ့လုပ်လို့မရတော့ သံဃနာယကဆိုပြီး နာမည်သုံးပြီး တော့ အံ့မောင်က လုပ်နေတဲ့အလုပ်တွေပေါ့။
အခုကျောင်းတော် သိမ်းတဲ့ကိစ္စမှာ ဓမ္မစက်နဲ့လုပ်မရလို့ အာဏာစက်နဲ့ လုပ်တာလို့ သာသနာရေးဘက်က ပြောဆိုတာတွေရှိပါတယ်။ ဆရာတော့်အနေနဲ့ကော ဒီအပေါ်မှာ ဘယ်လိုများမိန့်ကြား ချင်ပါသလဲဘုရား။
ဓမ္မစက်က ဘာဓမ္မစက်လဲလို့၊ သူခိုး ဓမ္မစက်လားလို့၊ ဓမ္မစက်ဆိုတာက တရားသဖြင့် လုပ်တာကိုပြောတာလေ။ မဟာ သနိ္တသုခကို သံဃနာယကကလည်း သူပိုင်တယ်ပြောတယ်။ ဘုန်းကြီးကလည်း ပိုင်တယ်ပြောတယ်။ ဒီကျောင်းကိုတက် သိမ်းဖို့လည်း မလိုပါဘူး။ စိစစ်ပေါ့။ ဘယ် သူကမှန်လဲ။ ဘယ်သူ့မှာ စာချုပ်စာတမ်း ရှိလဲ။ ဘယ်သူ့မှာ မရှိလဲ။ အခုတော့ အဲဒီလိုလုပ်တဲ့အတွက် အာဏာစက်ရော၊ ဓမ္မစက်ရော ဆိုတာသိရဲ့လား။ အာဏာရှင် ဓမ္မစက်၊ အာဏာရှင် အာဏာရှင်စက်ပဲ ဖြစ်မှာပဲ။ ဒီမိုကရေစီ ဓမ်္မစက်၊ ဒီမိုကရေစီ အာဏာစက် တော့ဖြစ်မှာ မဟုတ်ဘူး။ သူတို့မဟုတ်တာ လုပ်တာကို ခံနေရမှာ လား။ မြန်မာပြည်ကတော့ ခံပေါ့ကွာ။ သူတို့ပြောမှပဲ ကြားဖူးတော့တယ်။
လက်ရှိ သိမ်းဆည်းခံထားရတဲ့ ကျောင်းတော်နဲ့ ပတ်သက်လို့ ဘယ်လိုပုံ စံမျိုး ဖြေရှင်းသင့်တယ်ဆိုတာ မိန့်ကြား ပေးပါဦးဘုရား။
အငြင်းပွားနေကြတယ်ဆိုတော့ ၀ိနိစ္ဆယရုံးမှာပဲဖြစ်ဖြစ်၊ တရားရုံးမှာပဲဖြစ်ဖြစ် ဖြေ ရှင်းဖို့လိုတာပေါ့။ ဘယ်သူက အမှန်လဲ၊ ဘယ်သူကမှားလဲ၊ မှားတဲ့လူက ပေးလိုက် ပေါ့။ သံဃနာယကမှာလုပ်မယ်ဆိုတော့ သံဃနာယက က မဟုတ်တဲ့ ၀ိနည်းတွေနဲ့ လျှောက်ပြောနေတော့ ဘယ်သူကလက်ခံ မလဲ။ စာချုပ်စာတမ်းနဲ့ပတ်သက်တာ ဆို တော့ တစ်ဖက်သတ်ဆုံးဖြတ်လို့တော့ မရ ဘူးပေါ့။ မှန်ကန်တဲ့လူကို အနိုင်ပေးလိုက် ပေါ့။ ဒါက လွယ်လွယ် လေးပါ။ အလယ်က တရားသူကြီး လုပ်တဲ့သူကတော့ မှန်ကန်ဖို့ လိုတာပေါ့။ ဘယ်သူ့ဘက်မှ မလိုက်နဲ့ပေါ့။ သံဃနာယကကလို ငါအကြီးဆုံး။ ငါလုပ်ချင်တာလုပ်မယ်ဆိုတာတော့ ဘုန်းကြီးက လက်မခံဘူးလေ။
ကျောင်းတော်သိမ်းဆည်းခံရတာ ကြောင့် သံဃာ့အရေးအခင်းဖြစ်မှာကိုလည်း စိတ်ပူပန်တာတွေရှိနေပါတယ် ဘုရား။ ဒီအပေါ်မှာကော ဘယ်လိုမျိုး မိန့်ကြားချင်ပါသလဲ ဘုရား။
အဲဒါကတော့ အုပ်ချုပ်ရေးကင်းမဲ့နေတာမှ မဟုတ်ဘဲလေ။ အုပ်ချုပ်ရေးလုပ်တဲ့ အစိုးရက ဒီကိစ္စကို တရား သဖြင့် လုပ်ပေး ပေါ့။ ဒါက အုပ်ချုပ်တဲ့လူတွေရဲ့ တာဝန်ပဲ။ တရားသဖြင့် မလုပ်ရင်တော့ အရေးအခင်း ကြီးဖြစ် သွားမှာပေါ့။ အုပ်ချုပ်တဲ့သူတွေက ဘက်လိုက်နေရင်တော့ ဒါ အရေးအခင်း ဖြစ်သွားမှာ သေချာတာပေါ့။ အရင်တုန်းက ရခိုင်မှာဖြစ်တဲ့ကိစ္စတွေ၊ မိတီ်္ထလာမှာ ဖြစ်တဲ့ကိစ္စတွေလို ဗုဒ္ဓဘာသာနဲ့ရော၊ မွတ်ဆလင်နဲ့ ရောဘာမှမဆိုင်ဘူး။ သေချာ မရှင်းတဲ့အခါကျတော့ မြန်မာ-မွတ်ဆလင် အဓိကရုဏ်းဖြစ်သွားတာပေါ့။ ဒါကိုအုပ် ချုပ်တဲ့သူတွေ သဘောပေါက်ပြီး မှန်မှန် ကန်ကန်ဖြေရှင်းပေးဖို့တော့ လိုတာပေါ့။
မဟာသနိ္တသုခကျောင်းတော်နဲ့ ပတ် သက်လို့ တပည့်တော် မမေးမိတာထဲက ဖြည့်စွက် မိန့်ကြားချင်တာများရှိရင် မိန့် ကြားပါဦးဘုရား။
သမ္မတဆီကို ဘုန်းကြီးအနေနဲ့ မေတ္တာရပ်ခံဖို့ စီစဉ်ထားတယ်။ သမ်္မတနဲ့ တကွ ဒီမိုကရေစီပြောင်းလဲဖို့ ဆောင် ရွက်နေကြတဲ့ ဦးသျှောင်တွေကို အခုလိုဖြစ်ပျက်နေ တဲ့ဟာတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ပေါ့။ မဖြေရှင်း ရင်တော့ ဒီမိုကရေစီက အန္တရာယ် ဖြစ်နေတယ်ဆိုတာကို ဘုန်းကြီးကမေတ္တာ ရပ်ခံဖို့ စာရေးနေ ပါတယ်။ သမ္မတကို အဓိကထားပြီးတော့ပေါ့။ နေပြည်တော်ကို စာပို့ဖို့ ဘုန်းကြီးရေးနေပါတယ်လို့ ပြော ချင်ပါတယ်။
 မြန်မာသံတော်ဆင့်
ဒေါင်းမာန်ဟုန်မှ ကူးယူဖော်ပြသည်။

ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့

 


မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။

သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟု
ပြောသည်။

ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘယ်သူ့က အမိန့်ချခိုင်းသလဲ၊ မဟနက တာဝန်ရှိတယ်ဆိုရင်လည်း တာဝန်ယူပြီး ဖြေရှင်းပေါ့၊ သာသနာကိုညှိုးနွမ်းအောင်မလုပ်ခဲ့ဘူး၊ ဘုန်းကြီးကို အထင်သေးအောင် ပြောတဲ့သူ အခြေအမြစ်မရှိဘဲပြောတဲ့သူသာ သာသနာကို ညှိုးနွမ်းအောင်လုပ်တာဖြစ်တယ် ”ဟု တရားရုံးချိန်းအပြီး မီဒီယာများကို မိန့်ကြားသည်။

အာမခံ ရရှိခဲ့၍ ဇွန်လ ၂၀ရက် ညနေပိုင်းတွင် တာမွေမြို့နယ် သုံးထပ်ကျောင်း၌ သိက္ခာတော် ပြန်ထပ်ကာ သင်္ကန်းစီးခဲ့ပြီး ထိုကျောင်း၌ပင် သီတင်းသုံးမည်ဖြစ်သည်။ ဆရာတော်ငါးပါးမှာ သင်္ကန်းဝတ်ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး ဇွန်လ ၂၇ရက်တွင် တာမွေ တရားရုံးတွင် ပြန်လည် တရားရင်ဆိုင်ရမည် ဖြစ်သည်။

သံဃာငါးပါးကို ဇွန်လ ၂၀ရက် နံနက် အင်းစိန်အကျဉ်းထောင်မှ လူဝတ်ဖြင့် ရုံးထုတ်လာပြီး တာမွေတရားရုံး တွင် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ စစ်ဆေးခဲ့သည်။

တရားရုံးသို့ ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နှင့် တာမွေမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များလည်း ကြွလာပြီး သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ဆေးရုံများထဲတွင် ဗုဒ္ဓတရားတော်များ ဟောပြောခြင်း၊ တရားပြခြင်းတို့ ဆောင်ရွက်ရန် သမ္မတ၊ ၀န်ကြီးများနှင့် သဘောတူညီမှုရထားပြီးဖြစ်၍ မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု လန်ဒန်
ဆရာတော် ဦးဥတ္တရက မိန့်သည်။

မဟာသန္တိသုခကျောင်းတိုက် ပိုဆိုင်မှုအပေါ် လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘုန်းကြီးက နိုင်ငံခြားသားလည်းဖြစ်လို့ တို့ပိုင်တာလည်းမဟုတ်ဘူး၊ ပီနန်ဆရာတော်ကြီးရဲ့သဘောပါပဲ" ဟုမိန့်ကြားသည်။

လန်ဒန် ဆရာတော် ဦးဥက္ကရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တရားရင်ဆိုင်နေချိန်တွင် ဆရာတော်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ ၃၀၀ခန့်က တရားရုံးအပြင်မှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သေးသည်။

ဦးဆန်းဆင့်ကို သမ္မတရုံး အပြစ်ဆို

     _u_ye_htut
       သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်

21 ဇွန်လ 2014
ဂျွန်လ ၁၉ရက် သောကြာနေ့ က၊ သာသနာရေး ဝန်ကြီးနေရာ ကနေ ရပ်စဲ ခံခဲ့ရပြီး၊ အဂတိ လိုက်စားမှု နဲ့ စွပ်ဆွဲ ခံထားရ တဲ့၊ ဦးဆန်းဆင့် ဟာ၊ သံဃာတွေ အချင်းချင်း ကြားထဲမှာ ရော၊ သံဃာတွေ နဲ့ ပြည်သူတွေ အကြားမှာ ပါ၊ နားလည်မှု တွေ လွဲမှားအောင် အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ် ဆိုပြီး၊ သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ဆိုပါတယ်။

မဟာသန္တိသုခ ဘုန်းကြီးကျောင်း အရေးနဲ့ ပတ်သက်ပြီး၊ ဦးဆန်းဆင့် ကိုင်တွယ်ခဲ့ပုံ ကလည်း၊ ဦးဆန်းဆင့် အခုလို ရာထူးကနေ အဖယ်ရှား ခံလိုက်ရ တဲ့ အကြောင်းအရင်းတွေထဲ က တစ်ခု လို့ ဆိုပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    သံဃာတွေကို အာမခံပေးပြီး သင်္ကန်းပြန်စီးပေး
    ဦးဥတ္တရနဲ့အဖွဲ့ကို ဒီနေ့ ရုံးထုတ်ပြီ

ဒါပေမယ့်၊ သံဃာ ၅ ပါး ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့တာကတော့၊ သံဃာမဟာ နာယက အဖွဲ့က ရဲစခန်းမှာ တိုင်တမ်း အမှုဖွင့်ခဲ့တာ ကြောင့်၊ ရဲတပ်ဖွဲ့အနေ နဲ့ ဆက်လက် အရေးယူ ဆောင်ရွက်ရတာ ဆိုပြီး၊ ဦးရဲထွဋ်က ပြောပါတယ်။

သံဃာတွေကို လူဝတ် လဲစေခဲ့မှု နဲ့ ပတ်သက်ပြီး တော့လည်း၊ အချူပ်ထဲ သင်္ကန်းနဲ့ ခေါ်ဆောင်ရမှာ မသင့်တော် လို့၊ လူဝတ်လဲပေးတာ လို့ သူယူဆကြောင်း၊ ပါရာဇိက ကျမှ ရဟန်းအဖြစ် က ရပ်စဲတာ ဖြစ်တယ်လို့ သူနားလည် ထားကြောင်း လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ သံဃာတွေဟာ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူ ခံရတဲ့အခါ၊ ဘာသာရေး ဝိနည်းအရ စမ်းစစ်ခြင်း မဟုတ်ပဲ၊ ရဟန်း အဖြစ်က ရပ်စဲခံရကြောင်း နားလည်ရပါတယ်။

ဒီလို သံဃာတွေကို ဖမ်းဆီးကာ၊ ကျောင်းကြီးကို ချိပ်ပိတ်အပြီး၊ အများပြည်သူ အကြား မကျေနပ်မှုတွေနဲ့ ဝေဖန်မှုတွေ တိုးမြင့်လာစေခဲ့တဲ့၊ ဦးအံ့မောင်ရဲ့ ပြောဆိုမှုအပါအဝင် သတင်းစာ ရှင်းလင်းပွဲကတော့၊ သမ္မတရဲ့ လမ်းညွှန်မှု မဟုတ်ပဲ၊ ဦးဆန်းဆင့်ရဲ့ သူသဘောနဲ့သူ လုပ်ဆောင်ခဲ့မှု အဖြစ်၊ ဦးရဲထွဋ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အခုတော့ အဖမ်းဆီးခံ သံဃာတွေဟာ၊ ၂၀ ရက်နေ့ မှာ ရုံးထုတ် ခံခဲ့ရာကနေ၊ အာမခံရနဲ့ ပြန်လွတ်လာကြပါတယ်။ ဒါပေမယ့်၊ အမှုကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး၊
 ဇွန်လ ၂၇ ရက်နေ့မှာ၊ နောက်ထပ် ရုံးချိန်း ရှိပါတယ်။
BBC

Friday, June 20, 2014

ဆုံးမတာကို မနာခံတဲ့ ဦးဆန်းဆင့် နဲ့ မဟာသန္တိသုခ ကိစ္စ ရှင်းလင်းပြောကြား (ရုပ်/သံ)

သမ္မတကြီး ဆုံးမတာကို မနာခံလို့ အရေးယူလိုက်ရတဲ့ ဦးဆန်းဆင့် ကိစ္စမှာ မဟာသန္တိသုခပြဿနာဟာ အကြောင်း တစ်ခု အနေဖြင့် ပါဝင်ကြောင်း  ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းပြောကြား။ ဦးဆန်းဆင့်ကို ဘာလို့ တာဝန်က ရပ်စဲတာလဲ။ ဘာတွေ စစ်ဆေးနေသလဲ RFA ရုပ်/သံမှာ ကြည့်ရှုနိုင်ပါတယ်။

တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများရဲ့ ဆန့် ကျင်မှုကြောင့် ခွေးသားစားပွဲတော်ကို တရုတ် စောစီးစွာ ကျင်းပ


တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဆန့် ကျင်လှုပ်ရှားမှုတွေကို
ရှောင်ရှားနိုင်ဖို့ အတွက် တရုတ်ပြည်သူ တွေဟာ ယခုလမှာတင်
ခွေးတွေကို သတ်ဖြတ်၊စားသုံးနေကြပြီဖြစ်ပါတယ်။ နှစ်စဉ်အောက်တိုဘာလမှာ
ကျင်းပမြဲဖြစ်တဲ့ ခွေးသားစားပွဲတော်ကို ဒီနှစ်မှာတော့ စောစီးစွာကျင်း
ပနေတာဖြစ်ပါတယ်။


တရုတ်နိုင်ငံတောင်ပိုင်း Yulin မြို့ က ဒေသခံတစ်ချို့ ဟာ လွန်ခဲ့တဲ့ရက်
သတ္တပတ်ကုန်မှာ စတင်စုဝေးခဲ့ကြပြီး နှစ်တစ်နှစ်ရဲ့ အရှည်လျားဆုံးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ ခွေးသားနဲ့ လိုင်ချီးတို့  စားသုံးတဲ့ပွဲတော်ကို ကျင်းပ နေပါပြီ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ခွေးသားစားပွဲတော်ဟာ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှား
သူတွေရဲ့ ပစ်မှတ်ထား ဆန့်  ကျင်မှုကို ကြုံတွေ့ ခဲ့ရပါတယ်။
အွန်လိုင်းအသနားခံစာတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့်ခွေးသားစားပွဲတော်ရဲ့ ဓာတ်ပုံတွေ၊စာတွေကို ဖော်ပြခဲ့ရာမှာ လူထုရဲ့ အာရုံစိုက်မှုကို လှုံ့ ဆော်နိုင်ခဲ့ပြီး ခွေးတွေကို ရောင်းချတဲ့ သားသတ်ရုံတွေနဲဈေးတွေရဲ့ အပြင်မှာ ရုတ်တရက်ဆန္ဒပြခဲ့ကြပါတယ်။

Yulin ထုံးတမ်းစဉ်လာအရ အီကွေတာကနေ နေအဝေးဆုံးအကွာအဝေးရောက်ရှိ
တဲ့နွေအချိန်ကာလမှာ ခွေးသား၊ လိုင်ချီးနဲ့ အရက်တို့ စားသောက်ခြင်းက လူတွေက ဆောင်းတွင်းမှာ အသက်ရှည်ကျန်းမာစေတယ် လို့  ဆိုပါတယ်။
တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီပွဲတော်ဟာ လူထုရဲ့ကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေတယ်လို့ ဆိုပါတယ်။ခွေးတွေဟာ ရောဂါပိုးကင်းမကင်းစစ်ဆေးခြင်းမရှိသလို၊ နိုင်ငံအနှံ့ က လမ်းဘေးခွေးတွေအပြင် ခွေးပိုင်ရှင်တွေဆီက ခိုးယူထားတဲ့ ခွေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
 
 ခွေးတွေကို အများအားဖြင့် အဆိပ်ဓာတုဆေးကျွေး
သတ်ဖြတ်ကြပြီး ဒါဟာ လူသားတွေပေါ်မှာလည်း အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရကတော့ ဒီလို ခွေးသားစားပွဲတော်မျိုး နိုင်ငံမှာ တရားဝင်ရှိတယ်ဆိုတာကို ငြင်းဆိုထားပြီး တစ်ချို့  တစ်ချို့ သော အချက်အပြုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ လူတစ်စုရဲ့ အလေ့အထ သာဖြစ်တယ်လို့  ပြောဆိုထားပါတယ်။
Treand Myanmar
သတင်း၊http://www.shwemyanmarmediagroup.org/2014/06/blog-post_1175.html

ဦးဆန်းဆင့်ကို တာဝန်ကရပ်စဲပြီး အမှုဖွင့် အရေးယူထားတာ ဘာကြောင့်လဲ

 
20 June 2014
  ဇွန်လ ၁၉ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်က အရေးယူထားတာ မှန်ကန်ကြောင်း ပြောပါတယ်။
“သူ့ကို လောလောဆယ် ငွေကြေးဆိုင်ရာ အမှုတခုနဲ့ ဖွင့်ထားတယ်လို့ သိပါတယ်။ အဲဒါတွေက ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲရတဲ့အကြောင်းအရင်း အများကြီးထဲက တခုပေါ့။ ကျန်တာ အသေးစိတ်ကတော့ ပြည်ထဲရေး ၀န်ကြီးဌာနက စုံစမ်းစစ်ဆေး မှုတွေ လုပ်နေတုန်းပါပဲ။ ပုဒ်မတော့ ကျနော်မသိဘူး၊ မနေ့က စပြီးတော့ အမှုတခုနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအရ တရားရုံးမှာ လုပ်တယ်လို့ သိပါတယ်။ ဒါပေမယ့် ဆက်ပြီး စုံစမ်း စစ်ဆေးနေတာတွေလည်း ရှိပါတယ်။”

ရန်ကုန်က တရားရုံးချုပ်ရှေနေ ဦးကိုနီက ဦးဆန်းဆင့်ကို လတ်တလော စွဲဆိုထားတဲ့ ပုဒ်မဟာ ပြစ်ဒဏ်ပြင်းတယ်လို့ ရှင်းပြပါတယ်။

“ဥပဒေအတိုင်း ပြောရရင် ၄၀၉ ဆိုတာ ယုံကြည်အပ်နှံရေးကို ဖောက်ဖျက်တာပေါ့။ ပြည်သူ့ဝန်ထမ်းက ကျူးလွန်ရင် ၄၀၉ ပေါ့ဗျာ။ ရိုးရိုးအရပ်သားတွေ ကျူးလွန်ရင် ၄၀၆ ပေါ့၊ အိမ်စေ အိမ်ဖော် အစေခံနဲ့ ပုဂ္ဂလိ ရုံးဝန်ထမ်းဆိုရင် ၄၀၈ ပေါ့။ ဒါတွေ အားလုံးက ယုံကြည် အပ်နှံရေးကို ဖောက်ဖျက်တဲ့အတွက်ပေါ့။ ဒါက အစိုးရ ငွေကြေးကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ အချက်နဲ့ စွဲတာပေါ့။ ပုဒ်မ ၄၀၉ ပြစ်ဒဏ်က ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်လို့ရတယ်။”

ဝါရင့်သတင်းစာဆရာကြီး ဦးဖိုးသောကြာကတော့ ဗန်းစကားနဲ့ ပြောရင် ထိုးကျွေးလိုက်တာလို့ သုံးသပ် ပြောပါတယ်။

“သူတို့ တိုင်ချက်အတိုင်းပြောတာနော်။ အစိုးရ မော်တော်ယာဉ်များနဲ့ အစိုးရ ဆီများကို အလွဲသုံးစား ပြုတယ်ဆိုရင် တယောက်မှ မလွတ်ဘူး။ သူတို့စွဲချက်ထဲက အတိုင်းဆိုရင် ရုံးက ပေးထားတဲ့ ကားကို မိန်းမကို ဈေးသွားတဲ့အခါ အဲဒီကားနဲ့သွားရင် အဲဒါ အလွဲသုံးစားမှုပေါ့။ ဒါကြီးက သိသာလွန်းအားကြီးတယ်။ တိုင်ပင်ကိုက်ပြီးတော့ လုပ်တယ်လို့ ထင်မှတ်ဖွယ်ရာ ရှိတာပေါ့။ ဗန်းစကားနဲ့ ပြောရင် ထိုးကျွေးလိုက်တာပေါ့။”

သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ အစိုးရက ပြုပြင်ပြောင်းလဲရေးသမားတွေကို နှစ်နှစ်ကာကာ မရှိဘူးလို့ ကောက်ချက်ဆွဲ ပြောပါတယ်။

“ဦးလွန်းမောင်ကို ဖြုတ်လိုက်တဲ့ ကိစ္စတို့၊ အခု ဦးဆန်းဆင့် ကလည်း ဧရာဝတီတိုင်းမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ကို ဧရာဝတီတိုင်းလွှတ်တော် အနေနဲ့ Check and balance လုပ်မယ် ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီလူတွေက တကယ့်ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တဲ့ လူတွေလို့ ပြည်သူလူထုအမြင်မှာတော့ ခံစားရတာပေါ့။ အဲဒီတော့ သမ္မတက ဒီလူတွေကို ဆော်တဲ့အခါကျတော့ နောက် ဖြုတ်လိုက်တဲ့ အမှုကိစ္စတွေကလည်း တခြားကိစ္စနဲ့ ယှဉ်လိုက်လို့ ရှိရင် သိပ်ကြီးတာ မဟုတ်ဘူးလို့ ယူဆကြတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ၊ မီဒီယာ အသိုင်းအ၀ိုင်းမှာတော့ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဟာ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့သူတွေကို သိပ်နှစ်နှစ်ကာကာ မရှိဘူးဆိုတဲ့ ကောက်ချက်မျိုးပေါ်လာတာပေါ့လေ။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က တော့ အစိုးရရဲ့ အခု လုပ်ရပ်ကို ကြိုဆိုလိုက်ပါတယ်။

“အလားတူပဲ အခြား ဌာနဆိုင်ရာ ၀န်ကြီး၊ ဒုဝန်ကြီးများကိုလည်း သေသေချာချာ စစ်ဆေးဖို့ သင့်နေပြီ။ တကယ်တမ်း ပြည်သူတွေဆီက ကောက်ခံရရှိထားတဲ့ အခွန်ငွေနဲ့လုပ်တဲ့ ဘတ်ဂျက်ကို အမှန်တကယ် သုံးသင့် မသုံးသင့် ကို လွှတ်တော်မှာပဲ ပြောမယ့်အစား တကယ်တမ်း စစ်ဆေးတဲ့အဖွဲ့တွေက အမှန်တကယ် စိစစ်ပြီးတော့ အမှန်တကယ် လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ချီးကျူးဂုဏ်ပြုထိုက်တယ်။ ဒီလိုပဲ အလွဲသုံးစား လုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ သူ့ရဲ့ ပြစ်ဒဏ်အလိုက် တရားဥပဒေအတိုင်း လုပ်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီဖြစ်စဉ်မျိုးဖြစ်တဲ့ မည်သူ့ကို မဆို ဘယ်လောက်ပဲ ရာထူး ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဥပဒေအတိုင်း လုပ်သင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ ဒီအပေါ်မှာလည်း လက်ရှိအစိုးရကို ကြိုဆိုပါတယ်။”

ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲပြီး အခုလို အရေးယူလိုက်တာဟာ ဦးသိန်းစိန်အစိုးရပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ ခြေလှမ်းလားလို့ ၁၉၉၀ ပုလဲမြို့နယ် အမတ်ဟောင်း ဒေါက်တာ တင့်ဆွေကို မေးမြန်းရာမှာ ပြောရမှာ အတော်ခက်တယ်လို့ ဆိုပါတယ်။

“အခုအစိုးနဲ့ စစ်အစိုးရလက်ထက်မှာ အဲဒီလို တာဝန်ရှိတဲ့သူတွေကို အရေးယူမှုလုပ်တဲ့ အပေါ်မှာ မှတ်ချက်ပေးရတာ တော်တော်လေးခက်တယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ကြည့်ရင်တော့ ဒါ အပြစ်ရှိတဲ့သူကို အရေးယူတာကတော့ ကောင်းတယ်၊ သင့်တယ်၊ ဒါကို ကြိုဆိုရတပေါ့။ သို့သော်လည်း တခါတလေမှာ အပြစ်ရှိတယ်လို့ ပြောတဲ့သူက တကယ်မရှိဘူးဆိုတာ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလိုမျိုးပေါ့။ နောက်တခါ အစိုးရပိုင်းက ကြည့်ရင် အရေးယူခံရတဲ့သူက အရေးယူခံရလောက်အောင် ဆိုးတာရှိသလို၊ အဲထက် ဆိုးတဲ့သူတွေကို အရေးမယူတာတွေလည်း ရှိတော့ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဖို့ ပြောတာနဲ့တော့ တိုက်ရိုက်ဆိုင်မလား၊ မဆိုင်ဘူးလား ပြောရမှာ တော်တော်ခက်တယ်လို့ ပြောရမယ်။”

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးတဦးကို တာဝန်က ရပ်စဲပြီး အမှုဖွင့် စစ်ဆေး အရေးယူတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

ဦးဆန်းဆင့် ကို ရမည်းသင်းထောင်ပို့ခံရ

 
20 June 2014
 နိုင်ငံတော်သမ္မတ အမိန့်နဲ့ ရာထူးကနေ အနားပေး ခံရတဲ့ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း အကျဉ်းထောင်ကို ခေါ်ဆောင်သွား တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။

သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

By ဒီဗွီဘီ

သံဃာ ၅ ပါး အာမခံကြေး သိန်း ၁၀၀၀ ဖြင့် ပြန်လွတ်- ဦးဥတ္တရနှင့် မေးမြန်းချက်


20 June 2014
  ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။

သံဃာတပါးချင်းဆီကို အာမခံကြေး ကျပ် သိန်း (၂၀၀) စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့ကြရပါတယ်။

ညနေ ၅ နာရီလောက်မှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဒီကိုယ်တော်တွေဟာ မဟာသန္တိသုခကျောင်းအနီးက သုံးထပ်ကျောင်းမှာ သင်္ကန်းပြန်ဝတ်ခဲ့ကြပါတယ်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

အသံဖိုင်နားဆင်ရန်



သမ္မတ ခိုင်းတာမလုပ်သဖြင့် ဦးဆန်းဆင့်ကို အရေးယူခြင်းဖြစ်ဟု ဦးရဲထွဋ်ပြော

 
20 June 2014 နေပြည်တော်၊ ဇွန် ၂၀

 သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခြင်း အရေးယူအပြစ်ပေးနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိခြင်းတို့မှာ သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောဆိုလိုက်သည်။

“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ် မျိုးတွေဖြစ်လာတယ်။ တချို့ကိစ္စတွေမှာ သမ္မတကြီးကို ကျော်လွန်ပြီးလုပ်လိုက်တာတွေရှိတယ်။ ဒါကြောင့် မလွှဲမရှောင်သာ အရေးယူလိုက်ရတာပါ” ဟု ၎င်းကပြောသည်။

ယင်းအပြင် “သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘတ်ဒီဘတ် နှစ်ဖတ်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာ ဒကာတွေ အနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” ဟု ဇွန်လ ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး ခေတ္တနားချိန် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်

သမ္မတဦးသိန်းစိန်အနေဖြင့် ဦးဆန်းဆင့်အား ယခင်ကတည်းက အကြိမ်ကြိမ် ပြောဆိုဆုံးမပြုပြင်ပေးခဲ့သည် များရှိပါကြောင်း၊ ယခုအချိန်ကပင် နောက်ဆုံးအကြိမ်ဖြစ်သောကြောင့် အရေးယူလိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

ယင်းအပြင် သမ္မတက ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့စဉ်က အဓိကဆောင်ရွက်ရန် တာဝန်နှစ်ရပ်သတ်မှတ်ပေးခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရှင်းပြခဲ့သေးသည်။
ပထမတာဝန်မှာ ဘာသာလေးမျိုးကို တရားဥပဒေနှင့် အညီကူညီစောင့်ရှောက်ရန် ဘာသာများအကြား ညီညွှတ်မျှတအောင် ဆောင်ရွက်ပေးရန်၊ အများစု ကိုယ်ကွယ်နေသည့် ဗုဒ္ဓဘာသာဝင်သံဃတော်များနှင့် သံဃမဟာနယကအဖွဲ့အကြား၊ ပြည်သူများနှင့် သံဃာတော်များအကြား အထင်အမြင်လွှဲမှာမှုများ မဖြစ်ရန်၊ သာသနာတော်ကို ၀ိနည်းတော်နှင့်အညီ အခြေခံဥပဒေက ခွင့်ပြုထားသည့်အတိုင်းအတာနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်၊ အဆိုရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးအနေဖြင့် သန့်ရှင်းသော အစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချူပ်ရေးကို ဆောင်ရွက်ရန်ဟူ၍ ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြခဲ့သည်။

“ဒုတိယတာဝန်ကတော့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ရာမှာ မိမိထင်မြင်ယူဆချက်ကို လွှတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ သို့သော် အားလုံးဆုံးဖြတ်ပြီးရင်တော့ အဲဒီမှုဝါဒအတိုင်း ပူပေါင်းဆောင်ရွက်ရ မယ်။ ပြီးခဲ့တဲ့ကာလတွေမှာ ဦးဆန်းဆင့်အနေနဲ့ အဲဒီတာဝန်နှစ်ရပ်ကို လုပ်ဆောင်ရာမှာ ချိုယွင်းအားနည်းချက် တွေ အများကြီးရှိခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ယခုကဲသို့ သာသနာရေးဝန်ကြီးအဖြစ် ဦးဆန်းဆင့်၏ ဆောင်ရွက်မှုများတွင် အားနည်းချို့ယွင်းချက်များ ရှိခဲ့သဖြင့် အရေးယူရသည်ဆိုလျှင် မည်သည့်ကိစ္စတွင် မည်သို့ သမ္မတညွှန်ကြားချက်နှင့် ကွဲလွှဲရကြောင်း မည်သည့်ကိစ္စတွင် သမ္မတအား မည်သို့ ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း စသဖြင့် ပြည်သူတို့အား ပွင့်လင်းမြင်သာစွာ ရှင်းပြသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က လိုလားလျက်ရှိကြသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်ပြီးနောက် အားမခံမရှိသော၊ တစ်သတ်တစ်ကျွန်း အထိ ပြစ်ဒဏ်ကျနိုင်သော အလွဲသုံးမှုဖြင့် အမှုးဖွင့်စစ်ဆေးသည့်ကိစ္စတွင် ၎င်း၏ ကိုယ်ရေးအရာရှိနှင့်အတူ အဆင့်မြင့် အရာရှိကြီးလေးဦးကိုလည်း အပေါင်းအပါအဖြစ် သတ်မှတ်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

စိုးသန်းလင်း၊ မောင်သင်တုန်း
Mizzima - News in Burmese

အဖမ်းဆီးခံဆရာတော်များ ရဟန်းပြန်ဝတ်ခဲ့ပြီ














20 June 2014
 မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စနဲ့ ပတ်သတ်ပြီး ဖမ်းဆီးထားသော ဆရာတော် ငါးပါးကို တာမွေ တရားရုံး ကနေ အာမခံနဲ့ ပြန်လွှတ် ပေးလိုက်ပါတယ်။

ယနေ့ညနေပိုင်းတွင် ၎င်းဆရာတော် ၅ ဦးအား သင်္ကန်းပြန်လည်စီးပြီး ဖြစ်ကြောင်း သိရပါသည်။

Tomorrow

တနင်္သာရီတိုင်းအတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့မော်တော်ကား ၃၃ စီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်


၊Dawei Watch၊ ထားဝယ်၊ ဇွန် ၂၀
တနင်္သာရီတိုင်ဒေသကြီးအတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ကား ၃၃ စီးကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အိတ်ဖွင့်တင်ဒါ ရောင်းချရေး ကော်မတီထံမှ သိရသည်။
အထက်ပါတင်ဒါ အဆိုပြုလွှာဖွင့်ပွဲကို လာမည့် ဇူလိုင်လ ၇ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပြုပုံစံကို ဇွန် ၂၃ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ရုံးချိန်အတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။
ယင်းမော်တော်ကား ၃၃ စီးအနက် ထားဝယ်မြို့နယ် တရားရုံးဝင်းတွင် ၁၉ စီး၊ မြိတ်မြို့နယ် တရားရုံးဝင်းတွင် ၉ စီးနှင့် ကော့သောင်းမြို့နယ် တရားရုံးဝင်းတွင် ၅ စီး အသီးသီး ထိန်းသိမ်းထားကြောင်း သိရသည်။
ယာဉ်များကို လက်ရှိမျက်မြင် အခြေအနေအတိုင်း အပြီးအပိုင် ရောင်းချခြင်းဖြစ်၍ တင်ဒါ အောင်မြင်သူသည် ယာဉ်များ ထိန်းသိမ်းထားသည့် သတ်မှတ်နေရာများတွင် ၇ ရက်အတွင်း ကိုယ်တိုင် ထုတ်ယူရမည်ဟု အိတ်ဖွင့် တင်ဒါဈေးနှုန်း ပေးသွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တင်ဒါအောင်မြင်သည့် မော်တော်ယာဉ်အား တင်ဒါအောင်မြင်သည့်နေ့မှ ၆ လအတွင်း သက်ဆိုင်ရာ ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ယာဉ်မှတ်ပုံတင်ပြုလုပ်ရမည် ဖြစ်သည်။
Dawei Watch

လန်ဒန်ဆရာတော်ဦးဥတ္တရအပါအ၀င် လူဝတ်လဲ ဖမ်းဆီးထားသည့် သံဃာတော် ငါးပါးအား တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေး



လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် လူဝတ်လဲ ဖမ်းဆီးထားသည့် သံဃာတော် ငါးပါးအား ဇွန်၂၀ နံနက်ပိုင်းက အင်းစိန်ထောင်မှ တာမွေမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့သည်။
သံဃာတော်ငါးပါးအား ရုံးထုတ်ရာ တာမွေတရားရုံးသို့ ဦးဝီရသူ၊ ဦးပါမောက္ခ၊ ရွှေည၀ါဆရာတော်အပါအ၀င် သံဃာတော်များနှင့် တရားရုံးပတ်ဝန်းကျင်မှ ပြည်သူများ၊ သံဃာတော်များအား အဓမ္မလူဝတ်လဲ၍ တရားဆွဲဆိုဖမ်းဆီးခြင်းကို လက်မခံနိုင်သူများ ပီနန်ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမများနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီး၊ ဦးစိုးထွန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသည့် အဖွဲ့ဝင်များလည်း လာရောက်ခဲ့ကြပြီး “အပြစ်မဲ့သံဃာတော်များ ချက်ချင်းလွှတ်”၊ သမ္မတရုံးအကြံပေး ဦးအံ့မောင် ချက်ချင်းဖြုတ်” စသည့် ကြွေးကြော်သံများဖြင့်လည်း ဆန္ဒပြဟစ်ကြွေးမှုများ ပြုလုပ်ခဲ့သည်။

ရုံးထုတ်ခဲ့သည့် ဇွန် ၂၀ရက်တွင် လူပုဂ္ဂိုလ် ၁၀ဦးနှင့် သံဃာတော်များ အာမခံဖြင့်လွှတ်ပေးမည်ဖြစ်ပြီး ယနေ့ရုံးတင် စစ်ဆေးပြီးပါက အာဏာပိုင်များကလူဝတ်လဲထားမှုများအား သင်္ကန်းပြန်ဆည်းမည်ဖြစ်ပြီး သုံးထပ်ကျောင်းတွင် ပြန်လည်သိက္ခာထပ်မည် ဖြစ်ကြောင်း ဖမ်းဆီးခံသံဃာတော်များအား အာမခံပေးသည့် ဥရောပမြန်မာအသင်းမှ ဦးဆန်းဝင်းက တာမွေမြို့နယ်တရားရုံးတွင် ပြောကြားသည်။
“သံဃာတစ်ပါးကို လူနှစ်ဦး အာမခံပေးရတယ်။ အာမခံဆိုတော့ အိမ်ပိုင်တဲ့သူလည်း ဖြစ်ရမယ်လေ။ ဆရာတော်ကြီးတွေလည်း ဖမ်းဆီးခံသံဃာတွေအတွက် အာမခံပေးရတယ်။ ဘယ်လိုပေးရသလည်းတော့ မသိဘူး။ အခုလောလောဆယ် စီစဉ်ထားတာက ဆရာတော်တွေကို တရားရုံး ရုံးချိန်းပြီးတာနဲ့ သင်္ကန်းပြန်ဆည်းမယ်။ သုံးထပ်ကျောင်းမှာ သိက္ခာထပ်မယ်။ အမှုကိုတော့ သင်္ကန်းဝတ်နဲ့ပဲ ဆက်လက်ရင်ဆိုင်ရမှာပေါ့” ဟု ဦးဆန်းဝင်းက လတ်တလော အခြေအနေအပေါ် ပြောကြားသည်။
သံဃာတော်ငါးပါးအား ရုံးထုတ်ရာတရားခွင်တွင် မဟနဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများကိုလည်း တရားခွင်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။
Eleven Media Group

လန်ဒန်ဆရာတော်ဦးဥတ္တရအပါအဝင်သံဃာတော် ၅ ပါးအားတာမွေမြို့နယ်တရားရုံးသို့ ရုံးထုတ်လာစဉ်ယနေ့မြင်ကွင်းများ(ဓာတ်ပုံ)

      တစ်ကျော့ပြန် ဒိန်းဒေါင်၏ Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်။ဆရာတော်သုံးပါးသန္တိသုခကျောင်းမှထိန်းသိမ်းခံသံဃာ ၅ ပါးအရေးဆောင်ရွက်ရန်တာမွေမြို့နယ်တရားရုံးသို့ ကြွရောက်သြဝါဒပေး။











=============================
လန်ဒန်ဆရာတော်ဦးဥတ္တရအပါအဝင်သံဃာတော် ၅ ပါးအားတာမွေမြို့နယ်တရားရုံးသို့ ရုံးထုတ်လာပါပြီ ။သံဃာတော်များကလည်းဗွီနိုင်းများကိုင်ဆောင်၍ဆရာတော်များအားချက်ခြင်းလွှတ်ပေးဖို့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေပါသည်။








=======================
မကွေးကျောင်းဆရာတော်ဦးပါမောက္ခနှင့်ရွှေညဝါဆရာတော်တို့ မှယခုကဲ့သို့ 
လုပ်ဆောင်ရခြင်းသည်သာသနာကိုချစ်မြတ်နိုး၍ဖြစ်ကြောင်းနှင်နောင်ယခုကဲ့သို့ 
သောပြဿနာထပ်မံမဖြစ်ပွားစေရေးအတွက်ဦးဆောင်ပြီးအမှန်တရားအတွက်
ဆရာတော်သုံးပါးတိုင်ပင်ညှိနှိုင်းကာမြတ်ဗုဒ္ဓ၏သာသနာတော်အကျိုးအတွက်
ရည်မှန်းပြီးဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြည်သူလူထုသို့ သြဝါဒစကားပြောကြားခဲ့ပါသည်။








လန်ဒန်ဆရာတော်ဦးဥတ္တရအပါအဝင်သံဃာတော် ၅ ပါးအားနေ့ ဆွမ်းဆက်ကပ်နေသောမြင်ကွင်းပါ။ဆရာတော်များအားလုံးဆွမ်းဘုန်းပေးနေတာမြင်ရတော့
ရင်ထဲပြောမပြတတ်အောင်ဝမ်းသာခဲ့ရသလို ဝမ်းနည်းမှု့လည်းခံစားခဲ့ရပါတယ်။ဆရာတော်များကျမ်းမာချမ်းသာကြပါစေ။









ယနေ့ ညနေတာမွေမြို့နယ်သုံးထပ်ကျောင်းဆောင်ကြီးမှာလန်ဒန်ဆရာတော်ဦးဥတ္တရနှင့်သံဃာတော်
များအားသိက္ခာထပ်အခမ်းအနားကျင်းပမည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။



ဓာတ်ပုံနှင့်စာသား -တစ်ကျော့ပြန် ဒိန်းဒေါင်

မဟာသန္တိသုခက လူဝတ်လဲသံဃာများ ရုံးထုတ်

 
20 June 2014
 ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရုံးမထုတ်သေးဘဲ သင်္ကန်းပြန်စည်းပြီးမှ ရုံးထုတ်ဖို့ ပြင်ဆင်နေတယ်လို့ တာမွေမြို့နယ် တရားရုံးအတွင်းရောက်ရှိနေတဲ့ မျက်မြင်တဦးက မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ ပြောပါတယ်။

တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်စဉ်က ဖမ်းခံရတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ရာက ရုံးထုတ်တာပါ။

သူတို့တတွေကို ကျူးကျော်နေထိုင်မှု၊ သာသနာညှိုးနွမ်းမှုတွေနဲ့ တရားစွဲဆိုလို့ ရုံးထုတ်တာပါ။ သူတို့ကို လူဝတ်လဲ တရားစွဲတုန်းက ကန့်ကွက်ပြီး ပြန်လွှတ်ဖို့ တောင်းဆိုကြတဲ့ ဦးပါမောက္ခ၊ ဦးဝီရသူနဲ့ ရွေည၀ါဆရာတော်တို့လည်း သင်္ကန်းတွေနဲ့အတူ တာမွေမြို့နယ်တရားရုံးရှေ့ကို ရောက်ရှိနေပြီး အဲဒီသင်္ကန်းတွေကို တာမွေမြို့နယ် တရားရုံးအပေါ်ထပ်ကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

တရားရုံးတွင်း ပြောဆိုဝေဖန်ချက်တွေအရ ထောင်ဝတ်စုံကို ချွတ် သင်္ကန်းပြန်စည်းပေးပြီး ရုံးထုတ်မယ်။ ပြီးတဲ့အခါ အာမခံနဲ့ ပြန်လွှတ်မယ်ဆိုပြီး ပြောဆိုနေကြတယ်လို့ မျက်မြင်က ပြောပါတယ်။

ဖမ်းဆီးခံသံဃာ ၅ ပါးပြန်လွတ်ဖို့အတွက် သံလျင်မြို့ နတ်စင်တရာဆရာတော်က နိုင်ငံတော်သံဃမဟာနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းသံဃနာယကဥက္ကဋ္ဌတို့နဲ့ ကြားဝင်ညှိနှိုင်းနေရာ ဇွန်လ ၁၉ ရက်နေ့ညမှာ မကွေးဆရာတော် ဦးပါမောက္ခကို ခုနှစ်နာရီမေးမြန်းချက်အရ ဒီနေ့တရားခွင်မှာ အာမခံနဲ့ ပြန်လွှတ်မယ်လို့ မိန့်ကြားခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)