Pages

Saturday, July 26, 2014

PR စနစ်ကို ပြည်သူ့လွှတ်တော်တွင် သုံးရက်တိုင်တိုင် ဆွေးနွေးမည်ဟု သူရဦးရွှေမန်းပြော


Photo.aungyi dvb
ပီအာ စနစ်ကို ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် သုံးရက်တိုင်တိုင်ဆွေး နွေးမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစု၏ထောက်ခံမှုဖြင့် ပြည်သူ့ လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခု ဖော်ဆောင် နိုင်ရေး ပီအာစနစ်ကျင့်သုံးရေးအဆို အား လွှတ်တော်တွင် ဆွေးနွေးရန် ကိုယ်စားလှယ် ၄၇ ဦးမှ တင်ပြ ထား ခြင်းကြောင့် ဆွေးနွေးမည့်ကိုယ်စား လှယ်ဦးရေနှင့်ဆွေးနွေးရန် အချိန်တို့ ကြောင့် ဇူလိုင် ၂၅ရက်တွင် ကျင်းပ သည့် ပြည် သူ့  လွှတ်တော် အစည်းအ ဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်၏သ ဘောတူ ညီချက်ဖြင့် ယင်းကဲ့ သို့ ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ကန့်ကွက်ဆွေးနွေးမယ့်သူနဲ့ ထောက်ခံဆွေးနွေးမယ့်သူ မျှနေတာ တွေ့ရပါတယ်''ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
PR စနစ် ပြောင်းလဲကျင့်သုံးပါ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်ရာ၊ ကျော်လွန်ရာရောက်ကြောင်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း တိုင်း ရင်းသားလွှတ်တော်ကိုယ်စားလှယ် များမှ ဆွေးနွေးတင်ပြခဲ့သည်။

''လောလောဆယ် ရွေးကောက် ပွဲစနစ်ကို ပြောင်းလဲကျင့်သုံးမယ်ဆို ရင် ပထမဦးစွာ အခြေခံဥပဒေပြဋ္ဌာန်း ချက်နဲ့ညီအောင် အခြေခံ ဥပဒေပြဋ္ဌာန်း ချက်တချို့ကို အရင်ပြင်ဖို့လိုလိမ့်မယ် လို့ထင်ပါတယ်။ အဲလိုပြင်ပြီးမှသာ လျှင် ဒီရွေးကောက်ပွဲစနစ် တစ်ခု ကို ကူးပြောင်း ဖို့ မှန်ကန်တယ်လို့ယူဆပါ တယ်။ ဘာကြောင့်လဲဆိုရင် တခြား နေရာတွေမှာတော့ အခြေခံဥပဒေ ဟာ နိုင်ငံရဲ့ အကြီးဆုံး ၊ နိုင်ငံမှာစွမ်း အားပါဝါအကြီးဆုံးဖြစ်တဲ့အတွက် ကြောင့် ဒီအခြေခံဥပဒေကြီးကိုကျော် ဖြတ်လို့ ကျော်လွန်ပြီးတော့ တစ်ခုခု ပြဋ္ဌာန်း မယ်ဆိုရင် မဖြစ်နိုင်တာဖြစ် ပါတယ်။ ဒါကြောင့်မိုလို့ ဒီအခြေခံ ဥပဒေကြီးကို အရင်ပြင်ကြရအောင် လို့တင်ပြ လိုပါတယ်။ နောက်ပြီးတော့ အခြေခံဥပဒေနိုင်ငံတော်ရဲ့အခြေခံ မူတွေမှာကြည့်ရင် ကျွန်တော်တို့နိုင် ငံမှာ အဓိကဖော်ပြနေ တာ ကတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခြေခံဥပဒေမှာလဲ အလေး ထားပြီး ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့သော်လည်းကောင်း၊ လွှတ်တော်အနေ နဲ့သော် လည်းကောင်း တိုင်းရင်သားစည်းလုံး ညီညွတ်ရေး အတွက် အဓိကထားပြီးဆောင်ရွက် နေကြတာဖြစ်တဲ့အတွက်ကြောင့် ယခု လိုရွေးကောက် ပွဲစနစ်ပုံစံပြောင်း လဲ ခြင်းဖြင့် ရှုပ်ရှုပ်ထွေးထွေးနဲ့ နေရာ ဒေသအတော်များများမှာ နားမလည် နိုင်လို့၊ သဘော မပေါက်နိုင်လို့မဖြစ် သင့် တာတွေဖြစ် နိုင် တဲ့ အခြေတောင် ရှိကောင်းရှိလာနိုင်ပါတယ်။ အဲလိုဖြစ် လာရင် တိုင်းရင်းသား စည်းလုံးညီ ညွတ်မှုကို ထိခိုက်သွားမှာဖြစ်တဲ့အ တွက်ကြောင့် ဒီ PR စနစ်ဟာ အချိန် ယူလေ့လာသင်ကြားပြီး ဥပဒေညီ အောင်ပြုလုပ်ပြီးမှသာလျှင် ကျွန် တော်တို့ကျင့်သုံးရင် ပိုပြီးကျွန်တော် တို့နိုင်ငံအတွက် အကျိုးရှိမယ်လို့ယူ ဆပါတယ်။ ဒါကြောင့် PR စနစ်ကို လောလော ဆယ်အနေနဲ့ မကျင့်သုံး သေးဘဲနဲ့ လက်ရှိအခြေအနေအရဘဲ ဆက်လက်ပြီးတော့သွားရင် ပိုပြီးတော့ နိုင်ငံအတွက်အကျိုးရှိ မယ်''ဟု ဖလန်း မဲဆန္ဒနယ်မှ ဦးခွန်မိန်းက တင်ပြခဲ့ သည်။

ပီအာစနစ် ကျင့်သုံးရေးအား သဘောမတူသည့်အတွက် ပီအာ စနစ်ကျင့်သုံးရေးအဆိုအား ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့ သည့် ဇူလိုင် ၂၄ရက်တွင်ကန့်ကွက်ခဲ့သည့် အနေဖြင့် လွှတ်တော်မတက်ခဲ့သည့် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စား လှယ် များသည် ယနေ့ကျင်း ပသည့် လွှတ်တော်အစည်းအဝေးအား ဆက်လက်တက်ရောက်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်ခဲ့ ခြင်းမရှိသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းဝါနု က ''နဂိုကတည်းက ဒီစနစ်ကို ကန့် ကွက်ခဲ့တယ်။ လွှတ်တော်မတက်ဘဲ နဲ့လဲ ကန့်ကွက်ခဲ့တယ်။ ပီအာစနစ် ကို ကန့်ကွက်ထားတဲ့အတွက်ကြောင့် အဆိုကိုလဲ ဆွေးနွေးစရာမလိုဘူးလို့ ထင်လို့ပါ''ဟု ပြောသည်။

ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်မှ လည်း ''ဥပဒေတစ်ခုဟာ ဖွဲ့စည်းပုံအ ခြေခံဥပဒေနှင့်မဆန့်ကျင်မှသာ အာ ဏာသက်ရောက် မှာဖြစ်ပါ တယ်။ ဥပ ဒေပြုရေး၊ အုပ်ချုပ်ရေးနိုင်ငံတော်အ ခြေခံမူများနှင့်အညီ အလေးပြုဆောင် ရွက်ရမှာဖြစ်ပါတယ်။ ဥပဒေပြုသူ သည် ဥပဒေချိုးဖောက်မှု မဖြစ်စေရန် မမေ့မလျော့ရန်ဖြစ်ပါတယ်။ ကျွန် တော်တို့နိုင်ငံသည် ဒီမိုကရေစီအမြစ် တွယ်ရေး ကြိုး စားနေ ကြတဲ့ ကျွန် တော်တို့ကိုယ်စားလှယ်တွေဟာ ဒီမို ကရေစီအမြစ်ဖယ်ရေးမဖြစ်စေဖို့ သ တိပြုရမှာဖြစ်ပါတယ်။

တိုင်းရင်းသား ပြည်သူလူထုတွေနဲ့ ပြည်တွင်ငြိမ်းချမ်း ရေးတို့ကိုလဲ ထိခိုက်ဆုံးရှုံးမှုမရှိစေရန် အလေးအနက်ထားကြရမှာ ဖြစ်ပါ တယ်။ သတိကြီးစွားထားပြီးဆုံးဖြတ် ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်များရဲ့ ဒီနေ့ဆုံးဖြတ် ချက်များ ဟာ ပြည်ထောင် စုမြန်မာ နိုင်ငံတော်ရဲ့အနာဂတ်လဲဖြစ်ပါတယ်။ တစ်မြေတည်းနေ တစ်ရေတည်း သောက် ပြည်ထောင်စု သားများရဲ့ ဘဝကံကြမ္မာလဲဖြစ်ပါတယ်။ ဤလွှတ် တော်ကြီးရဲ့သမိုင်းပုံရိပ်လဲဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်စား လှယ်များရဲ့ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းမှတ် တိုင်များဖြစ်ပါကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေး နွေရန်အတွက် လွှတ်တော်ကိုယ်စား လှယ် ၄ရဦးစာရင်းတင်ထား ရှိကြောင်း ဆွေးနွေး သူများအနေဖြင့် ဆွေးနွေးချိန် ၆မိနစ်သာရရှိမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ မှ ပြောကြားခဲ့သည်။ ယနေ့အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁ဝဦးမှဆွေးနွေခဲ့ကြသည်။

''အခု PR စနစ်ကို လုပ်လို့မို့ ပါ တီများလာမယ်လို့ တစ်ထစ်ချမတွက် ထားပါနဲ့။ ကျွန်မတို့ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ဥပဒေတွေထွက် လာဦးမယ်။ ဘာလဲဆိုတော့ မဲဆန္ဒ ဘယ်လောက်ရမယ်ဆိုတဲ့ အနည်း ဆုံးလာဦးမယ်။ အဲဒီမှာ ကျွန်မတို့ရ ပြီးသားအခွင့်အရေးမှာပါ အဲဒီပါတီ ငယ်က ဆုံးရှုံးမှာ။ အခု ကျွန်မတို့တိုင်း ရင်သားပါတီတွေအစုံရှိတယ်။ ဘယ် လောက်နည်းနေ ပါစေ။ လူနည်းစုအ နည်းဆုံးဖြစ်တဲ့ လူနည်းစုတစ်ခုက အစ လွှတ်တော်ထဲမှာ သူကကိုယ်စား လှယ်အဖြစ် ဝင်ရောက်လို့ရတယ်။ တစ်နိုင်ငံလုံးနဲ့ လွှမ်းခြုံလိုက်မယ် ဆို ရင် အဲဒီရထားတဲ့ဟာတောင်မှ ရာခိုင် နှုန်းအားဖြင့် နည်းသွားလျော့သွားပြီး တော့မှ ရပြီး သား အခွင့် အရေးကိုဆုံး ရှုံးမှာ၊ အင်မတန်အန္တရာယ်ကြီးပါတယ်။ လူနည်းစုတွေအတွက် ပါတီငယ်တွေ အတွက် ဒါကြောင့် မိုလို့ သာ ဒီမှာရှိနေ တဲ့လူမျိုးစုအားလုံးက ကျွန်မတို့ဒီလွှတ် တော်မှာ ဒီအဆိုမဆွေးနွေးခင်ကတည်း ကိုက လက်မှတ်တွေ ထိုး ယူပြီးတော့ မှ ပါတီအစုံ တိုင်းရင်းသားပါတီအစုံက နေပြီးတော့မှ ဥက္ကဋ္ဌဆီလက်မှတ်ထိုး တင်ပြီးသား။ သူတို့လက်မခံဘူးဆို တဲ့ဟာ ကို ဒီ စနစ်နဲ့ပတ်သက်ပြီး တ ကယ်လို့များ ကျွန်မတို့ကလွှတ်တော် မှာ ဆက်ပြီးဆွေးနွေးခဲ့မယ်ဆိုရင် ကျွန်မတို့ လွှတ်တော် သည်ဖွဲစည်းပုံ အခြေခံဥပဒေကနေ တင်းတင်းကျပ် ကျပ်နဲ့ ကန့်ကွက်ထားပါရက်နဲ့ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင် ပြီးတော့လုပ်တဲ့ လွှတ်တော်အဖြစ်နဲ့ တော့ ကျွန်မ မဖြစ်စေလိုပါဘူး။ နံပါတ် (၁) အရေးကြီးဆုံးဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်စေလိုပါတယ်။ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ပြီးမှသာလျှင် ဒီဥပဒေနဲ့အညီ ဥပဒေပြဋ္ဌာန်းရမှာ ပါ။ အဲလိုမဟုတ်ဘဲ နဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေကလဲ မလုပ်ရပါဘူးလို့ပြော ထားပါရက်နဲ့ ဇွတ်ကျွန်မတို့အဖွဲ့ က နေ ကော်မ တီကော်မ ရှင်တွေဖွဲ့ပြီး ဒီဥပဒေကြမ်းကိုရေးဆွဲမယ်ဆိုရင် သိပ်ကို ဥပဒေကိုမလေးစားတဲ့ လွှတ် တော်ကြီးဖြစ် လာ မှာတော့ စိုးရိမ်ပါ တယ်''ဟု တံတားဦးမဲဆန္ဒနယ်မှပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က သတင်းထောက်များအား လွှတ် တော် အစည်းအဝေးအပြီးတွင် ပြော ကြားခဲ့သည်။
Yangon Media Group

သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိဟု သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာ ပြန်လည်ပေးပို့

သတင်းမီဒီယာဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ ဇူလိုင် ၂၄ ရက်က သ၀ဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်၍ တရားမျှတမှုရှိစေရေး ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် စဉ်းစားဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော် နာယကက သမ္မတထံ သ၀ဏ်လွှာတစ်စောင် ဇူလိုင် ၂၂ ရက် ပေးပို့ခဲ့ပြီးနောက် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ ယခုကဲ့သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ သ၀ဏ်လွှာတွင် သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အထူးအလေးထား ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှု အဆင့်သည် အရှေ့တောင်အာရှတွင် ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ နှင့် ပုဒ်မ ၃၅၄ တို့အရ နိုင်ငံသားများအနေဖြင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရရှိသည့်နည်းတူ တာဝန်ရှိမှုများကိုလည်း ရှင်းလင်းစွာပြဋ္ဌာန်း ထားရှိပါကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမုန်းပွားစေမည့် ရေးသားပြောဆိုမှုများနှင့် ဥပဒေမဲ့ လုပ်ရပ်များကို မည်သည့်နိုင်ငံသားကမျှ လက်ခံလိုခြင်းမရှိကြောင်း၊ တရားဥပဒေစိုးမိုးမှု ရှိမှသာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး အေးချမ်းသာယာမည်ဖြစ်ပါကြောင်း သမ္မတ၏ သ၀ဏ်လွှာတွင် ပါရှိသည်။

အလားတူ သ၀ဏ်လွှာတွင် ပြည်တွင်းပြည်ပ မီဒီယာအချို့၏ မသင့်လျော်သော၊ အမုန်းပွားစေနိုင်သော၊ ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော်မှုများကြောင့် မိမိတို့နိုင်ငံတွင် လူအုပ်စုချင်း အကြမ်းဖက် သတ်ဖြတ်မှုများနှင့် မီးရှို့သည့်ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်ကြောင်း၊ ကမ္ဘာ့အလယ်တွင် သိက္ခာကျဆင်းခဲ့ရမှုများလည်း ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ မီဒီယာကို လွတ်လပ်မှုနှင့်အတူ တာဝန်သိသော၊ တာဝန်ရှိသော၊ ဂုဏ်သိက္ခာရှိသော မီဒီယာ ဖြစ်စေလိုကြောင်းနှင့် ဘက်လိုက်မှုကင်းပြီး ပြည်သူကို မှန်ကန်သော အသိပညာပေးသည့် မီဒီယာဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့်အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရားရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိသည့် တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေးအဖွဲ့အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိကြောင်း သ၀ဏ်လွှာ၌ ပါဝင်သည်။

သို့ဖြစ်၍ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါကြောင်းနှင့် တရားဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်မည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကိုမဆို အုပ်ချုပ်ရေးအဖွဲ့ အစိုးရအနေဖြင့် အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သမ္မတက သ၀ဏ်လွှာတွင် ထည့်သွင်းပြန်ကြားသည်။

ထို့ပြင် ဇူလိုင် ၂၁ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများကို နေပြည်တော်၌ တွေ့ဆုံရှင်းလင်းခဲ့ကြောင်း သ၀ဏ်လွှာ၌ ပါရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ တွင် “နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သော သ၀ဏ်လွှာတွင် “လက်ရှိကာလသည် နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖော်ဆောင်လျက်ရှိပြီး သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နေရာပေး ဆောင်ရွက်လျက်ရှိသော ကာလဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေအနေတွင် အတွေ့အကြုံနုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ် ပြင်းထန်သည့်အတွက် အချို့ကိစ္စများ၌ လွန်ကဲသော ရေးသားပြောဆိုမှုများ ရှိနိုင်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ထိုသို့သော ကိစ္စရပ် အချို့အတွက် စိတ်ရှည်သည်းခံ၍ ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရန် ကြိုးစားဆောင်ရွက်လျက် ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သို့သော် သတင်းမီဒီယာအချို့၏ လက်ရှိဖြစ်စဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် စာနယ်ဇင်းသတင်းမီဒီယာသမား အသီးသီး၏ တင်ပြလာမှုများကို လွှတ်တော်အနေဖြင့်လည်း အလေးထားစဉ်းစား သုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့်လည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ စဉ်းစားဆောင်ရွက်ပေးမှုကို အချိန်မီ ရှင်းလင်းဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိုးရိမ်စိတ်များ ပြေပျောက်ပြီး အထင်အမြင် လွဲမှားမှုများလည်း လျော့နည်းပပျောက်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေ ချောမွေ့နိုင်မည်ဟု ယူဆပါသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါကြောင်း” ဟု ဖော်ပြပါရှိသည်။
EMG

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်စုနဲ့တွေ့

နေပြည်တော်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ ခဲ့ပါတယ်။ နေပြည်တော် ဒုတိယနေ့ ခရီးစဉ်အတွင်း  အစိုးရအဖွဲ့ ၀န်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။  (၁၀) ရက်တာခရီး မကြာခင် အဆုံးသတ်တော့မယ့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခဖြစ်ပွားရာနေရာတွေအပါအ၀င် နေရာအတော်များများကို သွားရောက်လေ့လာခဲ့တာပါ။ Ms. Yanghee Lee (ယန်ဟီလီ)ရဲ့ နေပြည်တော် ခရီးစဉ်အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

မကြာသေးခင်က အသစ်ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ ညနေပိုင်းမှာ  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။
Ms. Yanghee Leeနဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ တာတွေ ကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ နေပြည်တော် ခရီးစဉ် ဒုတိယနေ့ အဖြစ်ရောက်ရှိနေတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ မနက်ပိုင်းမှာတော့ အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး တချို့နဲ့ အချိန်ယူပြီး တွေ့ဆုံခဲ့ပါတယ်။ ကာကွယ်ရေး ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီး တို့အပြင် နယ်စပ်ရေးရာ ၀န်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

"မနက်က ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နောက် နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး ၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ၊ သမ္မတရုံး ဝန်ကြီး ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းနဲ့ တွေ့တယ်။ နောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီး ဒေါ်မြမြအုန်းခင်နဲ့တွေ့တယ်။ နောက် အလုပ်သမားရေးရာ ဝန်ကြီးနဲ့ တွေ့တယ်။ နောက် ဦးခင်ရီနဲ့ တွေ့တယ်။ နောက် ပညာရေးကတော့ ဒုတိယဝန်ကြီးနဲ့တွေ့တယ်။ လောလောဆယ်ကတော့  ပြီးသွားပြီ။ "
ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်း က Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ ဒီကနေ့ နေပြည်တော် ခရီးစဉ် အကြောင်း ပြောသွားတာပါ။
နေပြည်တော်ကို ဒုတိယနေ့ အဖြစ်ရောက်ရှိနေတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ သမ္မတ ဦးသိန်းစိန်နဲ့တော့ သီးသန့် တွေ့ဆုံခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၄ ဇွန်လမှာ အသစ်ခန့်အပ်ခံရတဲ့ Ms. Yanghee Lee (ယန်ဟီလီ) ဟာ ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ကိုယ်စားလှယ်ဟောင်း မစ္စတာ ကင်တားနားနေရာ မှာ အစားထိုး ခန့်အပ်ထားတဲ့ အခု ကိုယ်စားလှယ် အသစ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာနဲ့ တရားဥပဒေ စိုးမိုးမှုတွေကို ထောက်ပြဝေဖန်နိုင် လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဇူလိုင်လ (၁၇) ရက်နေ့က စတင်ခဲ့တဲ့ ခရီးစဉ်အတွင်း ရန်ကုန်မြို့ အင်းစိန်ထောင်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တွေက ဒုက္ခသည်စခန်းတွေ အပြင် ပဋိပက္ခကြောင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့တွေဆီ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ နေပြည်တော်မှာတော့ အစိုးရအဖွဲ့ ၀န်ကြီးတချို့အပြင် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ဆုံခဲ့တာပါ။

ဇူလိုင်လ (၂၆) ရက်နေ့ ခရီးစဉ် နောက်ဆုံးနေ့ မှာတော့ မြန်မာပြည် တွင်းလေ့လာတွေ့ရှိခဲ့သမျှ Ms. Yanghee Lee (ယန်ဟီလီ) ရဲ့ တွေ့ရှိချက်တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ သတင်းမီဒီယာတွေကို ရှင်းလင်းပြောကြားဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်ရဲ့ လက်ရှိ လူ့အခွင့်အရေး အခြေအနေ လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလ မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း တင်ပြသွားဖို့ ရှိပါတယ်။
  ကိုစည်သူ VOA

MSF ရခိုင်ပြည်နယ်ဝင်ခွင့် ကုလကြိုဆို

MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ လုပ်ငန်းတွေပြန်လုပ်ဖို့ မြန်မာအစိုးရ ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကုလသမဂ္ဂ နဲ့ MSF အဖွဲ့တို့က ကြိုဆိုလိုက်ပါတယ်။ မြန်မာဘက်က MSF အဖွဲ့ကို ရခိုင်ပြည်နယ်ကို ပြန်လာဖို့ ဖိတ်ခေါ်လိုက်ပြီးတဲ့နောက် အခုလိုကြိုဆိုလိုက်တာပါ။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ လုပ်ကိုင်သွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားဖို့လိုအပ်တယ်လို့ ပြောလိုက်ပြီး၊ အခုလိုဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ MSF က သတိနဲ့ ကြိုဆိုလိုက်ပါတယ်။  ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကြောင့် မတည်ငြိမ်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ပြန်လုပ်ဖို့အတွက် မြန်မာအစိုးရဘက်က ကြာသာပတေးနေ့မှာ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာအာဏာပိုင်တွေဘက်က MSF အဖွဲ့ကို ဒေသတွင်းကနေ ထွက်ခွာဖို့ ပြောခဲ့ပြီးတဲနောက်  ၅ လ နီးပါအကြာမှာ အခုလို ပြန်လာဖို့အတွက် ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ အခုလို မြန်မာအစိုးရ နဲ့ ရခိုင်ပြည်နယ်အစိုးရတို့ဘက်က MSF အဖွဲ့ကို ဒေသတွင်းမှာ ကျန်းမာရေး အကူအညီတွေပေးနေတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှနှိုင်းဆောင်ရွက်ရေးရုံး နဲ့ MSF အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။
"MSF အပါအ၀င် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ NGO အဖွဲ့တွေ အားလုံးကို ရခိုင်ပြည်နယ်ကို ပြန်လာပြီး သူတို့ရဲ့ လုပ်ငန်းတွေလုပ် ဖိတ်ခေါ်တာဟာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကို အများသိအောင်ကြေငြာပေးခဲ့တဲ့အတွက်လည်း ကြိုဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တကယ်လက်တွေ့လုပ်တဲ့နေရာမှာ ဘယ်လိုရှိမယ် ပြီးတော့ ကျန်းမာရေးအကူအညီတွေလိုအပ်တဲ့နေရာတွေကို MSF အဖွဲ့နဲ့ အကူအညီပေးရေးအစီအအစဉ်တွေဘယ်လိုရှိမယ်ဆိုတာကို အခုချိန်မှာ ကျနော်တို့ စောင့်ကြည့်သွားဖို့လိုပါတယ်။"
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှနှိုင်းဆောင်ရွက်ရေးရုံး ပြောခွင့်ရ Pierre Peron  ပြောသွားတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း MSF အဖွဲ့အနေနဲ့ သူတို့ရဲ့ အကူအညီပေးရေးလုပ်ငန်းတွေကို အပြည့်အ၀လုပ်ကိုင်ခွင့်ရမရဆိုတာကိုတော့ မြန်မာအစိုးရဘက်က အတိအကျထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။ MSF အဖွဲ့ကလည်း သူတို့အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ လုပ်ကိုင်သွားနိုင်မလဲ ဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
MSF အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်မှာရှိတဲ့ ဒုက္ခသည်စခန်း ၂၄ ခုအပါအ၀င် ၊ကျေးရွာအတော်များများမှာရှိနေတဲ့သူတွေအတွက် ကျန်းမာရေး အကူအညီတွေပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ MSF အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အကူအညီတွေပေးတဲ့နေရာမှာ ဘက်လိုက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒေသတွင်းကနေ ထွက်ပေးခဲ့ရတာဖြစ်ပါတယ်။
ဒေသခံ အာဏာပိုင်တွေက MSF အဖွဲ့ကို ပြည်နယ်တွင်းက ထွက်ခွာခိုင်းတဲ့အချိန်မှာ MSF က ပေးနေတဲ့ အကူအညီတွေနေရာမှာ ပြည်တွင်းမှာရှိတဲ့ ကျန်းမာရေး အကူအညီတွေနဲ့ အစားထိုးသွားဖို့ စီစဉ်ခဲ့တာပါ။  ဒါပေမဲ့လည်း အမ်စတာဒမ်မှာရှိတဲ့ MSF အဖွဲ့ရဲ့ ညွန်ကြားရေးမှူး Marcel Langard ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူအတော်များများအတွက်ကို ဆေးဝါးအကူအညီတွေပေးနိုင်ဖို့အတွက်ကတော့ ကြီးမားတဲ့စိန်ခေါ်မှုအဖြစ်ရှိနေတုန်းပဲလို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး Pierre Peron ပြောတာကတော့
"ရခိုင်ပြည်နယ်မှာ MSF က ကျန်းမာရေးအကူအညီပေးနေတာဟာ လူ ၅ သိန်းလောက်ရှိပြီး၊ ဒါကို နေ့ချင်းညချင်း အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရခိုင်ပြည်နယ်က MSF အဖွဲ့ကို ထုတ်ပစ်လိုက်တာဟာ ပြည်နယ်အတွင်းက အကူအညီအရမ်းကိုလိုအပ်နေတဲ့ သူတွေအပေါ်မှာ အကြီးအကျယ်ထိခိုက်မှုရှိတယ်လို့ ကျနော်တို့ တကယ်ကို မြင်တာပါ။"
ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ကိုယ်စားလှယ် Kyaung-Wha Khan ဒေသတွင်းက ဆိုးရွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရတာဝန်ရှိသူတွေ အပါအ၀င် ဒေသခံအာဏာပိုင်တွေဘက်က အခုလို ဆုံးဖြတ်လိုက်တာဟာ ကြိုဆိုရမယ့် လုပ်ရပ်ဖြစ်တဲ့ အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတယ်လို့ Pierre Peron က ဆက်ပြောပါတယ်။
"ရခိုင်ပြည်နယ်အတွက် လုပ်ဆောင်ရမယ့်  လုပ်ငန်းအစီအစဉ်တွေကို မြန်မာအစိုးရ က ချမှတ်ခဲ့တာ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကြိုဆိုပါတယ်။ ကျနော်တို့ နားလည်တာကတော့ ဒီ လုပ်ငန်းအစီအစဉ်က လူသားချင်းစာနာမှု အခြေအနေတွေကို တင်မဟုတ်ဘဲ၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း ကြည့်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အဆင်းရဲဆုံးပြည်နယ်တွေထဲက တခုဖြစ်ပြီး၊ အိုးအိမ်စွန့်ပစ်ပြီး ပြေးနေရတဲ့သူတွေ၊ နိုင်ငံမဲ့တွေတင်မဟုတ်ဘဲ၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအ၀ိုင်းအားလုံးက အတိုင်းအတာတခုအထိ အကူအညီတွေလိုအပ်နေတယ်ဆိုတာ ရှင်းပါတယ်။"
၁၉၉၉ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရခဲ့တဲ့ MSF အဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ စတင်လုပ်ကိုင်လာခဲ့တာဖြစ်ပြီး ၊ ဒေသတွင်းမှာ လုပ်ကိုင်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ အကြီးဆုံးအဖွဲ့ဖြစ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရမ်းကိုလိုအပ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ သူတို့အနေနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါးအကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် ချက်ချင်းပေးသွားနိုင်ဖို့ မျှော်လင့်တယ်လို့ MSF အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရန်နိုင်  VOA

Unity ဂျာနယ်အမှု စစ်တပ်တာဝန်ရှိသူတွေပါ အရေးယူမည်

ယူနတီဂျာနယ်က သတင်းသမားတွေကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ အရေးယူထောင်ချခဲ့သလို ဒီအမှုနဲ့ ပတ်သက်နေတဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း စစ်ဥပဒေအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ စစ်တပ်ဖက် ကိုလည်း အရေးယူတယ်ဆိုပေမယ့် မီဒီယာကိုဖိနှိပ်တဲ့ အခြေအနေက ပြောင်းလဲသွား တာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်ကတင်ပြမှာပါ။

မကြာသေးခင်က သတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် လိုက်တာဟာ သတင်းမီဒီယာတွေကို ပစ်မှတ်ထားတာမဟုတ်ပဲ စစ်တပ်က တာဝန်ရှိတဲ့သူတွေကိုလည်း အရေးယူဖို့ပြင်ဆင်နေကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက မနေ့ကပြောပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်လို့ ယူနတီ ဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နဲ့ သတင်းထောက်လေးဦး ကိုထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့သလို ဒီအမှုနဲ့ ဆိုင်တဲ့ စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူဖို့ ပြင်ဆင်နေတဲ့အကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
" ယူနတီကိစ္စနဲ့ပတ်သက်လို့ သတင်းသမားတွေကို ထောင်ချပြီး ဥပဒေအရ အရေးယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဝေဖန်ပြောဆိုနေတဲ့ အချိန်မှာ တပ်မတော်ဘက်မှာ သက်ဆိုင်ရာ ကပစ စက်ရုံ တာဝန်ရှိတဲ့ လုံခြုံရေးတာဝန်ရှိတဲ့ သူတွေ၊ သက်ဆိုင်ရာ အရာရှိတွေ၊ ဒါတွေကိုလည်း ကျနော်တို့ စစ်တပ်ဘက်က တပ်မတော်ဘက်ကနေ စစ်စည်းကမ်း၊ စစ်ဥပဒေ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တပ်မတော်ဘက်မှာကျတော့ ဒီလိုမျိုး လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ဆိုတာ အမြင့်ဆုံး ပြစ်ဒဏ်ပေါ့နော် အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ ဆိုလိုတာက ဒီယူနတီဂျာနယ်က သတင်းထောက်တွေ လုပ်လိုက်တဲ့ကိစ္စက ဒီဘက်က တပ်မတော် သက်ဆိုင်ရာ အဖွဲ့အစည်းမှာလည်း ဒီလိုမျိုး အရေးယူမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ အဲ့တာလေး ပြောချင်ပါတယ်။ ဆိုလိုတာက ဒီဥပဒေနဲ့ ငြိစွန်းတဲ့သူတွေ အကုန်လုံး ပါဝင်သွားတဲ့ သဘောပါ။"

ဒါပေမယ်လို့ သတင်းသမားတွေကို ဖိနှိပ်တဲ့ကိစ္စကို စစ်တပ်က တာဝန်ရှိသူတွေကိုလည်း အရေးယူပါတယ်ဆိုပြီး နှိုင်းယှဉ်ကာကွယ်ပြောဆိုတာဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမထား သတင်းထောက်များအဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေ ကို ပြောပါတယ်။

"ဒီကိစ္စကို ယှဉ် ပြောလို့မရပါဘူး။ ယူနတီ ကို အရေးယူပြီးတဲ့နောက်မှာလည်း အခု ဘိုင်မွန်းတည့်နေက သတင်းသမားတွေကို အရေးယူအပြစ်ပေးဖို့ လုပ်နေပါတယ်။ အထူးထောက်လှမ်းရေးတွေက မီဒီယာဥပဒေနဲ့မဆိုင်တဲ့ ကိစ္စရပ်တွေကို စနစ်တကျ စစ်ဆေးမေးမြန်းတာ စတဲ့အချက်တွေ ပါနေတာပါ။ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေရဲ့ အပြုအမူတွေဟာ သတင်းသမားတွေကို ခြိမ်းခြောက်နေတာပါ။"
သတင်းမီဒီယာဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကစီကို မနေ့ သ၀ဏ်လွှာ ပို့ပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီဆောင်ရွက်နေ တယ်လို့လည်းဖေါ်ပြထားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ  (၁၂)ရက်နေ့က ဖမ်းဆီးထောင်ချထားတဲ့ သတင်းသမားတွေကို ပြန်လွှတ်ဖို့ သမ္မတဦးသိန်းစိန်ကို အသံတိတ်ဆန္ဒပြတဲ့ သတင်းသမား(၇)ဦးကို ပုဒ်မ (၁၈) လူစုလူဝေးနဲ့ လှည့်လည်ဆန္ဒပြမှု ဥပဒေအရ အရေးယူထားတဲ့နဲ့ ပတ်သက်လို့ လည်း အကြီးတန်းအရာရှိက အခုလို အကျယ်တ၀င့် ရှင်းပြပါတယ်။
" နိုင်ငံတော်သမ္မတကြီး ရန်ကုန်မှာ ရုပ်ရှင် သဘင် ဂီတပေါ့ အဲ့ဒီ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ဆန္ဒပြတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာ ရဲစခန်းက တရားစွဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင် တာတွေ၊ ပြောဆိုတာတွေ ရှိပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တည်ဆဲဥပဒေပေါ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ဆန္ဒပြမယ်ဆိုရင် အသိပေးခြင်း၊ အရင်တုန်းကဆိုရင် ခွင့်ပြုချက်တောင်းခံခြင်း သက်ဆိုင်ရာ ရဲစခန်းကို လုပ်ရပါတယ်။ အဲ့တာ မလုပ်ပဲနဲ့ အသိပေးခြင်းမရှိပဲ ဆန္ဒပြတယ်ဆိုတာကတော့ ဥပဒေနဲ့ မညီဘူးဗျ။ မညီတဲ့အတွက် သူသက်ဆိုင်တဲ့ ရဲစခန်းက တရားစွဲဆိုခြင်းဖြစ်တယ်။
ဒါပေမဲ့ အဲ့တာနဲ့ပတ်သက်လို့ ပြောတယ်ဆိုရင် ကျနော်တို့က ဘာပြောချင်လဲဆိုတော့ လက်ပံတောင်းကြေးနီ စီမံကိန်း ဒေါ်အောင်ဆန်းစုကြည် ရောက်တဲ့ အချိန်မှာ အဲ့လိုမျိုး ကန့်ကွက် ဆန္ဒပြတာတွေ့တဲ့ အချိန်မှာ သူပြောထားတာတွေရှိတယ်။ သူဆိုလိုတာက အကြမ်းဖျင်းပြောရမယ်ဆိုရင် ဆန္ဒပြချင်ရင် ပြ အဲ့ ဒါပေမဲ့ ရဲစခန်းကိုတော့ ခွင့်ပြုချက်တင် ဥပဒေနဲ့အညီ ဆန္ဒပြရမယ်။ ဥပဒေနဲ့ မညီရင်တော့ အရေးယူခံရမယ်လို့ပြောတယ်။ ဒါက ဒီမိုကရေစီခေါင်းဆောင်ပေါ့နော်။ ဒီလိုမျိုး ဒေါ်အောင်ဆန်း စုကြည် ပြောထားတဲ့စကားက။"
ဒါပေမဲ့လို့ RSF နယ်စည်းမထား သတင်းထောက်များအဖွဲ့ကတော့ မြန်မာ့ သတင်းမီဒီယာလောကဟာ တနေ့ထက်တနေ့ပိုပြီးဆိုးလာနေပြီး အရင် နအဖ စစ်အစိုးရခေတ်က သတင်းသမားတွေကို ဖိနှိပ်ကန့်သတ်တဲ့ ပုံစံမျိုးအတိုင်းပြန်ပြီး ဖြစ်နေတာတွေ့ရတယ်လို့ Benjamin Ismail ကဆိုပါတယ်။
ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ မိသားစုနဲ့ သတင်းထောက်တွေကို ၁၉၅၀ ခုနှစ်က ထုတ်ထားတဲ့ အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ပြီး ရုံးထုတ်စစ်ဆေးနေတာကိုလည်း RSF အနေနဲ့ ကန့်ကွက်ရှုတ်ချတဲ့ အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါအပြင် သမ္မတရဲ့သ၀ဏ်လွှာမှာ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လှုံဆော်မှုတွေကို ပြည်တွင်းပြည်ပ မီဒီယာအချို့ကနေ ရေးသားဖေါ်ပြခဲ့ကြတယ်လို့ ဆိုထားပေမယ့် တကယ့် လက်တွေ့မှာ ကျင့်ဝတ်ကိုချိုးဖောက်ပြီးရေးနေတဲ့ သတင်းစာဂျာနယ်တွေကို အစိုးရဘက်က ထိထိရောက်ရောက် အရေးယူတာမျိုးမတွေ့ရဘူးလို့လည်း သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ပြောပါတယ်။
  အင်ကြင်းနိုင် VOA

တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ PR နှင့်ပတ်သက်၍ဆွေးနွေးချက်


 ဒေါ်ခင်သန္တာ
ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့၂၀၁၂ခုနှစ်မှာရွေးကောက်ပွဲ
ကော်မရှင်ဥက်္ကဋ္ဌကနေပြီးတော့တင်ပြတဲ့အချက်မှာကျွန်မတို့ပြည်ထောင်စုလွှတ်တော်
နာယကကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချိန်ကျမှ ပြင်ရမယ်ဆိုပြီးတော့ပြောသွား
ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်ရဲ့ထောက်ခံမှုနှင့်တင်မကဘဲနဲ့တစ်နိုင်ငံလုံး
လူထုဆန္ဒရယူပြီးမှသာတစ်နည်းအားဖြင့်ပြောရင် ပြည်လုံးကျွတ်ဆန်္ဒခံယူပြီးမှသာ
ရွေးကောက်ပွဲစနစ်ကိုပြောင်းလဲလို့ရမယ်လို့ထင်ပါတယ်။အခုအဲဒီဟာနဲ့ပတ်သက်ပြီးတော့
တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူသိန်းငါးဆယ်ကျော်ကနေပြီးတော့မှလက်မှတ်ထိုးဆန္ဒတွေ
ပြုထားတဲ့ပုဒ်မ၄၃၆(က)မှာပါပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း
၂၀၁၃ခုနှစ်အတွင်းမှာပဲစတင်ဆောင်ရွက်ရမှာသာလျှင်အချိန်လုံလောက်မယ်။
စနစ်ပြောင်းလဲဖို့ကအချိန်လုံလောက်မယ်ဆိုတဲ့သဘောမျိုးဆွေးနွေးသွားခဲ့ပါတယ်။

ကျွန်မတို့ကျင့်သုံးခဲ့တဲ့ဒီင်္စနစ်မှာမြို့တိုင်းမှာရှိတဲ့မဲဆန်္ဒရှင်ပြည်သူတွေကကိုယ်မဲပေးလိုက်
တဲ့၊ဒါမှမဟုတ်ကိုယ်မဲမပေးလိုက်တဲ့ကိုယ်စားလှယ်အားလုံးကိုသိပါတယ်။လျှို့ဝှက်မဲပေ;
စနစ်ဖြစ်တဲ့အတွက်လည်းပဲကိုယ်ကဒီကိုယ်စားလှယ်ကိုမဲပေးခဲ့ရင်၊မပေးခဲ့ရင်ဆိုတာ
ကိုလည်းပဲဒီကိုယ်စားလှယ်ကအနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်ကမသိပါဘူး။

ဒါကြောင့်အနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်နဲ့တိုင်ပင်ဆွေးနွေးတင်ပြလို့ရပါတယ်။
အဲဒီအတွက်ရှုံးမဲတွေဖြစ်သွားတဲ့မဲဆန်္ဒရှင်တွေရဲ့မဲဟာလုံးဝဆုံးရှုံးမှုမရှိပါဘူး။ ပြည်သူ့မဲ
ဆနရှင်များဆုံးရှုံးမှုလုံးဝမရှိပါဘူး။အခုလက်ရှိအခြေအနေမှာလည်းပဲ၊မနေ့တုန်းက
အဆိုတင်သွားတဲ့အဆိုကိုကန့်ကွက်ဖို့ပြောသွားခဲ့တဲ့၊ဆွေးနွေးသွားခဲ့တဲ့လွှတ်တော်
ကိုယ်စားလှယ်ပြောသလိုပါပဲ၊ကျွန်မတို့အနေနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
အင်မတန်အရေးကြီးပါတယ်။ကျွန်မတင်ပြလိုပါတယ်။

လွှတ်တော်အတွင်းမှာရှိတဲ့တိုင်းရင်းသားပါတီအားလုံးနီးပါးအပြင်းအထန်ကိုပဲတညီ
တညွတ်တည်းကန့်ကွက်နေကြပါတယ်။လွှတ်တော်ထဲမရောက်ရှိကြသေးတဲ့တိုင်းရင်းသား
ပါတီတွေကလည်းလက်မခံကန့်ကွက်ကြောင်းကြားသိရပါတယ်။နောက်အချက်က
ရွေးကောက်ပွဲစနစ်ကိုပြောင်းလဲကျင့်သုံးတာသည်နိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်လား၊
ပါတီများအတွက်လားဆိုတာကိုလည်းပဲသေသေချာချာ ပြန်လည်ဆန်းစစ်စေလိုပါတယ်။

ပါတီစုံဖြစ်ဖို့ဆိုရင်လည်းအခုလွှတ်တော်ထဲမှာလည်းပဲပါတီအစုံရှိပါတယ်။အဲဒီပါတီအစုံ
ကပဲနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်ရှေးရှုပြီးလက်မခံဘဲကန့်ကွက်နေကြတာပါ။
နိုင်ငံရဲ့ပြောင်းလဲစဒီမိုကရေစီအစမှာအင်မတန်ရှုပ်ထွေးတဲ့ဒီလိုပြောင်းလဲတဲ့စနစ်ကို
ဆွဲထုတ်ပြီးတော့မှမြေစမ်းခရမ်းပျိုးရမယ့်အခြေအနေဟာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကို
ကောက်ကွေ့အောင်လုပ်သလို ဖြစ်ပါလိမ့်မယ်။ဒီစနစ်ဟာအမတ်လောင်းများဟာ
ဒီမိုကရေစီစနစ်ရဲ့အခြေခံမူအတိုင်းများဖြစ်တဲ့ ပြည်သူ့ရဲ့မျက်နှာကိုမကြည့်ဘဲပါတီရဲ့
နေရာပေးမှုကိုရယူဖို့၊အရယူဖို့ပဲကြိုးစားကြပါလိမ့်မယ်။

ကျွန်မအနေနဲ့အလေးအနက်တင် ပြလိုတာကကိုယ့်ရဲ့မဲဆန်္ဒနယ်၊ ဒေသခံ ပြည်သူအများစု
ရဲ့ယုံကြည်မှု၊ထောက်ခံမှုမရှိလို့ရှုံးသွားတဲ့မဲများတစ်နည်းအား ဖြင့်ပြောရင်ဒေသခံပြည်သူ
အများစုကလက်မခံတဲ့ကိုယ်စားလှယ်သည် ရှုံးသွားတဲ့မဲများကိုတစ်နိုင်ငံလုံးမှာစု၊
ရှုံးမဲများကိုကောက်သင်းကောက်ပြီး နိုင်ငံကိုဦးဆောင်မည့်အပိုင်းမှာဝင်ထိုင်ခွင့်ပေးတဲ့
ဒီစနစ်ဟာဆိုရင် ပြည်သူကန့်ကွက်ပါလျက်နဲ့မျက်နှာပြောင်တိုက်ပြီးခေါင်း ဆောင်များ
နေရာဝင်ထိုင်သူအဖြစ်နဲ့ ပြည်သူများကကျွန်မတို့ကိုယ်စားလှယ်များကိုဝေဖန်ကြ
မှာဖြစ်ပါတယ်။

အခုလက်ရှိအခြေအနေမှာလည်းပဲ ကျွန်မတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကို
လည်းပဲကျွန်မတို့ ပြည်သူတွေက ရွေးချယ်လို့မရပါဘူး။ တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ
ပြည်သူ့ဆန်္ဒမပါဘူး။ အခုတစ်ခါဥပဒေပြုရေးမှာပါဒီစနစ်ကြောင့် ပြည်သူကို၊ ပြည်သူ့
ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့်၊တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူးဆိုရင်ကျွန်မတို့နိုင်ငံ
ဟာဘာနိုင်ငံဖြစ်နေလဲဆိုတာက်္ဘာမှာချပြဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါ
လို့ကြွေးကြော် ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

နိဂုံးချုပ်အနေနဲ့တင်ပြလိုတာကတော့ ဒီမိုကရေစီစနစ်မှာကျွန်မတို့အားလုံးဟာအနိုင်အရှုံး
ကိုရင်ဆိုင်ရဲရပါလိမ့်မယ်။ ပြည်သူရဲ့ရွေးချယ်မှုကိုသတိ္တရှိရှိ၊ သိက်္ခာရှိရှိလက်ခံရပါလိမ့်မယ်။
အမြဲတမ်းအနိုင်၊အမြဲတမ်းအရှုံးဆိုတာ ဒီမိုကရေစီမှာရှိမှာမဟုတ်ပါဘူး။ ကျွန်မတို့ရွေးကောက်ခံကိုယ်စားလှယ်များရဲ့ သတ်္တိနဲ့သိက်္ခာကိုရွေးကောက်ပွဲစနစ်တစ်ခုကိုပြောင်းလဲကျင့်သုံးစေခြင်းဖြင့် အပြစ်မဟုတ်သလိုမဖုံးကွယ်ပါရစေနှင့်မဖုံးကွယ်ကြပါနှင့်
လို့တိုက်တွန်းရင်း အဆိုကိုကန့်ကွက်ကြောင်းအဆိုပြုတင်ပြအပ်ပါတယ်ရှင်။

NLD FB

ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစင်း

တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။ 


ဓာတ်ပုံ- China Newscom

ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ
လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း 
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့  အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။ 


“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။ 

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။ 

 ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။ 

 “ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။ 

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

မှတ်ချက်။    ။ သတင်းမှာ ပါတဲ့ တကယ်တော့ အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာ
နိုင်ငံ က  ရေမြောင်း တခုလိုပါဘဲ။ 
အိမ့်သံစဉ် ~ ဧရာဝတီ

Friday, July 25, 2014

တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်

 
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်ပါတယ်။

အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။

ဒီအစည်းအဝေးကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အန်စီစီတီက ကိုယ်စားလှယ် ၉ ဦးနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ်တွေ ၉ ဦးတို့ ပူးတွဲရေးဆွဲ ရရှိထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီကနေ့စတင်တဲ့ ထိပ်သီးအစည်းအဝေးမှာ သဘာပတိ ဦးဇောင်းဟရား က ဖွင့်ပွဲမိန့်ခွန်းမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ တိုင်းပြည်တိုးတက်မယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

“ကျနော်တို့ တိုင်းပြည်ကို အခုလိုနှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတယ်။ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တာ ဘာကြောင့်ဖြစ်နေသလဲဆိုရင် နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်က တိုင်းပြည်ကို နည်းမှန်လမ်းမှန်စွာ ဦးဆောင်မှု မပေးနိုင်တဲ့ အတွက်ကြောင့် ဒီလိုဖြစ်ပါတယ်။ တိုင်းပြည်စည်းလုံးညီညွတ်ပြီး တိုးတက်ဖို့ဆိုရင် အုပ်ချုပ်တဲ့ လူတစုကပဲ ပြည်သူကို ဖိနှိပ်အုပ်ချုပ်လို့ မရဘူး။ ဒါ့ကြောင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) မူဝါဒကသာ တိုင်းပြည်တည်ငြိမ်ပြီး တိုးတက်မယ်။”

လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေရဲ့ ညီလာခံနဲ့ပတ်သက်လို့ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) အဖွဲ့ ပြောခွင့်ရသူ ဦးစောသန်းမြင့်က အစိုးရရဘက်ကရော၊ တိုင်းရင်းသားတွေ ဘက်ကပါ ဖက်ဒရယ် ပြည်ထောင်စုဖြစ်မယ့် လမ်းကြောင်းပေါ်သွားမယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်ရေး ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

“အဓိကကတော့ တိုင်းရင်းသားတွေအားလုံးက လက်နက်ကိုင်အဖွဲ့တွေလည်း တောင်းဆို တယ်။ ကျနော်တို့ ပါတီနိုင်ငံရေးကလည်း တောင်းဆိုတယ်။ ဖက်ဒရေးရှင်းဖြစ်ဖို့ဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဟာ အဓိက ဦးတည်တာပဲ။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ်ဖြစ်ဖို့ ဦးတည်တဲ့လမ်းကြောင်းပေါ် သွားနေမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ကတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို မနေ့ကတည်းက စတင်ဖို့ဖြစ်ပေမယ့် မနေ့က တံခါးပိတ် အစည်းအဝေးသာကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။

အစိုးရဘက်က နိုင်ငံရေးဆွေးနွေးဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဦးစွာပြုလုပ်ဖို့ ရပ်တည်ပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်တွေ ထိုးခဲ့ကြပါတယ်။

ဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့အတွက် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ အစိုးရရပ်တည်ချက်ကြောင့် မနှစ်တုန်းက လိုင်ဇာဌာနချုပ်မှာ ပထမအကြိမ် ညီလာခံကျင်းပပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ဘုံသဘောတူညီချက် ချမှတ်ခဲ့သလို အန်စီစီတီအဖွဲ့ကို ဖွဲ့စည်းပြီး တပြည်လုံး အပစ်ရပ်ရေး အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အင်အားတောင့်တင်းတဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပါတီအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကို လက်မှတ်ရေးထိုးမှာဖြစ်ပေမယ့် ကြိုတင်လေ့လာဖို့တော့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

အန်စီစီတီရဲ့ ညီလာခံပြီးတဲ့အခါ အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကျောင်းသားတပ်မတော်တို့နဲ့ အစည်းအဝေးကို လိုင်ဇာမှာ ဆက်လက် ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာထားသလို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ရှေ့လာမယ့် သြဂုတ်လမတိုင်ခင် လက်မှတ်ရေးထိုးလိုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီးကနေ တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။

By ထွန်းထွန်းသိန်း (ဒီဗွီဘီ)

ဓမ္မစေတီ ခေါင်းလောင်းကြီး သြဂုတ် ၉ ရက် စတင်တူးဖော်မည်

 
 မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် တခုဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်နေ့ စတင် တူးဖော်သွားတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အောကစ်ဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တူးဖော်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ခေါင်းလောင်းကြီးကို မြေပုံ မောင်စံလင်း (ကော့သောင်း) က ဦးဆောင်တူးဖော်သွားမှာဖြစ်ပြီး ခန့်မှန်းချေ ကျပ် သိန်း ၁၈၀၀ ကျော် ကုန်ကျမယ်လို့ ဆိုပါတယ်။
ခေါင်းလောင်းတော်ကြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာ အတိအကျ ပြောကြားခြင်းမရှိပဲ သြဂုတ် ၉ ရက်နေ့ကနေ ၂၆ ရက်အထိ တူးဖော်သွားမှာ ဖြစ်ပြီး တူးဖော်ပြီး ၅ ရက်ကြာမှသာ ပြသသွားမယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 By ဒီဗွီဘီ

စာရေးဆရာ မေတ္တာရှင်(ရွှေပြည်သာ)၏ ရဟန်းဘ၀မှစွန့်လွှတ်ခြင်းဆိုင်ရာဖြေရှင်းချက်များအား တွေ့ဆုံမေးမြန်းခြင်း



ဆရာတော်မေတ္တာရှင်ရွှေပြည်သာသည် ရဟန်းဘဝဖြင့် စာအုပ်ပေါင်းခြောက်ဆယ်ကျော်ရေးသားခဲ့ပြီး တရားပွဲပေါင်းများစွာကို မြန်မာပြည်အနှံ့ဟောပြောခဲ့ပြီးနောက် ယခုအခါ ရဟန်းဘဝမှစွန့်လွှတ်သည့်သတင်းကိုကြားရသည့်အတွက် ပရိသတ်များအနေဖြင့် များစွာစိတ်ဝင်တစားဖြစ်ခဲ့ရပါသည်။ ထို့ကြောင့်ယခုအခါ စာရေးဆရာမေတ္တာရှင်-ရွှေပြည်သာအဖြစ် မြန်မာပြည်သို့ခေတ္တပြန်ရောက် လာသည့်ပြည်တော်ပြန်ခရီတွင် မေတ္တာရှင်-ရွှေပြည်သာ၏ လူဝတ်လဲရခြင်းနှင့်ပွင့်ပွင့်လင်းလင်းရင်ဖွင့်ချက်များကို ပရိသတ်များသိစေဖို့ အတွက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး - ဆရာမေတ္တာရှင်ရွှေပြည်သာအနေနဲ့ ရဟန်းဘဝစွန့်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိကျန်းမာရေးအခြေအနေကိုပြောပြပေးပါ လားခင်ဗျာ။
ဖြေ - တစ်အချက်က ကျန်းမာရေးအရင်လိုမကောင်းတာကြောင့်ပါ။ နှစ်အချက်က ကမ္ဘာ့ဗဟုသုတမျိုးစုံနဲ့ လူ့ဘဝကိုအခြေခံတဲ့ ဂန္ထဝင်ဝတ္ထုရှည်ကြီးတွေကို ဘာသာရေးအသိပါးပါးလေးအုပ်ပြီးအင်္ဂလိပ်လိုရေးနိုင်ချင်ပါတယ်။ လူ့လောကရောက်မှ လူ့ဘဝ အကြောင်းကိုပီပြင်အောင်ရေးနိုင်မှာပါ။ ဒါကြောင့်ရဟန်းဘဝကိုခေတ္တစွန့်လိုက်တာပါ။ လည်ချောင်းကတော့ တရားမဟော တော့တဲ့အတွက်အတော်ကြီးကောင်းနေပါပြီ။ ခါးရိုးနာတာကတော့ နည်းနည်းကျန်ပါသေးတယ်။
မေး - ဆရာဖြတ်သန်းခဲ့တဲ့ရဟန်းဘဝ၊ တရားဟောဓမ္မကထိကဘဝနဲ့ ရဟန်းစာရေးဆရာမေတ္တာရှင်ရွှေပြည်သာအနေနဲ့ အောင်မြင်ကျော်ကြားလာပြီးတဲ့အချိန်ကျခါမှ ရုတ်တရက်လူဝတ်လဲတဲ့သတင်းကိုကြားရတဲ့အချိန်မှာ ပရိသတ်တချို့အနေနဲ့ ယူကျုံးမရဖြစ်ကြတာတွေရှိတယ်လေ။ အဲဒီအတွက် ဆရာရှေ့ဆက်မယ့်ပရဟိတလုပ်ငန်းနဲ့ပတ်သက်တဲ့အစီအစဉ်လေးတွေ ကိုပြောပြလို့ရမလား။
ဖြေ - ဆရာရဲ့ညီ ဥိးစိုးတင့်က ဟိုအရင်ကတည်းက ဆရာ့ကိုယ်စားတာဝန်ယူလုပ်ဆောင်နေတာ ဆယ်နှစ်လောက်ရှိပါပြီ။ အသား ကျနေပြီဖြစ်တဲ့အတွက် ဆရာလူ့ဘဝရောက်သွားလည်း ပရဟိတလုပ်ငန်းတွေက အရင်အတိုင်းလည်ပတ်နေမှာပါ။ မှော်ဘီသုဒ္ဓဝိပဿနာရိပ်သာမှာလည်း သံဃာလေးဆယ်ခန့်နဲ့သီလရှင်၊ ဘိုးဘွားလူနာအပါအဝင် လူရှစ်ဆယ်လောက်ကို နေ့စဉ်ကျွေးမွေးဖို့ ဆေးဝါးကုသဖို့တွေအတွက်ငွေပဒေသာပင်တွေလုပ်ပေးထားပါတယ်။ မန္တလေးနဲ့ ရန်ကုန်က စိတ်ချရတဲ့ ဒကာရင်းတွေက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာထည့်သုံးပေးကြပါတယ်။ သူတို့ပေးတဲ့သင့်တင့်တဲ့အတိုးနှုန်းနဲ့ ထောက်ပံ့ နိုင်အောင်စီစဉ်ထားပါတယ်။ တရားစခန်းဖွင့်ရင်လည်း အရင်ကလိုယောဂီဆွမ်းစရိတ်ပေးစရာမလိုဘဲ အားထုတ်နိုင်အောင် စီစဉ်ပေးထားပါတယ်။
မေး - ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ အင်္ဂလိပ်စာသင်မယ်။ သင်ပြီးရင်ကမ္ဘာကိုကိုယ့်ရဲ့စာပေတွေကို ဖြန့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုပရိသတ်တွေအနေနဲ့ ကြားရတဲ့အချိန်မှာ မြန်မာစာပေနဲ့သမိုင်းအတွက်ကြိုဆိုစရာပါ။ ဒါပေမယ့် ရဟန်း ဘဝနဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်ကောမရနိုင်ဘူးလားခင်ဗျာ။
ဖြေ - ဗုဒ္ဓစာပေသက်သက်ကို ရေးဖို့ဆိုရင်တော့ရဟန်းဘဝနဲ့အင်္ဂလိပ်စာသင်လည်း ရပါတယ်။ အခုဟာက ဗုဒ္ဓစာပေသက်သက် အတွက်မဟုတ်ပါဘူး။ လူ့ဘဝကိုဂန္ထဝင်ရသမြောက်အောင်ရေးဖို့အတွက်ပါ။ နီဂရိုးတွေအမေရိကန်မှာ ကျွန်ဖြစ်ရခြင်းရဲ့ အကြောင်းကိုရသ၊ ဝတ္ထုပုံစံနဲ့ရေးနိုင်ဖို့အတွက် နီဂရိုးစာရေးဆရာလေးဟာ ကမ္ဘာအနှံ့ခရီးသွားပြီး ကိုယ်တွေ့လေ့လာရပါ တယ်။ မှတ်တမ်းစာအုပ်တွေရာနဲ့ချီပြီးဖတ်မှတ်ခဲ့ရပါတယ်။ ဒီစာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာကျော်စာရေးဆရာဖြစ်သွားပါ တယ်။ ဒါပေမယ့်အဲဒီစာအုပ်ရေးချိန်ဟာ ၁၂ နှစ်ခန့်ကြာမြင့်ပါတယ်။ အဲဒီလိုကမ္ဘာတစ်ခွင်လှည့်လည်သွားလာနေထိုင်ရာ မှာ သင်္ကန်းဝတ်နဲ့မသင့်တော်ပါဘူး။ ဒါကြောင့်လူဝတ်လဲရတာပါ။ စာအုပ်နာမည်က ဇစ်မြစ်ပါ။ မောင်ထွန်းသူဘာသာပြန် ပါတယ်။
မေး - ရဟန်းဘဝမှာ ရေးခဲ့တဲ့စာပေအများစုထဲက လူတွေရဲ့ဘဝတွေတိုးတက်ပြောင်းလဲတာတွေရှိခဲ့ပါတယ်။ တချို့ဆိုရင် ကိုယ့်ကို ကိုယ်အဆုံးစီရင်ဖို့အထိ ရည်ရွယ်တာတွေ၊ တစ်ပါးသူကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာတွေကိုတောင် မေတ္တာ ရှင်(ရွှေပြည်သာ)ရဲ့စာအုပ်တချို့ကိုဖတ်ပြီးမှပြောင်းလဲသွားတာတွေရှိခဲ့တယ်လို့ဖတ်ဖူးခဲ့ပါတယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်တယ် ဆိုတဲ့စကားလည်းရှိတယ်မဟုတ်လား။ အခုချိန်မှ ရုတ်တရက်လူထွက်လိုက်တော့ အတုယူခဲ့တဲ့လူတွေရဲ့ ဦးတည်ချက် ရည်ရွယ်ချက်တွေပျောက်သွားနိုင်တယ်လို့ ဆရာမထင်ဘူးလား။
ဖြေ - စာဖတ်နည်းသုံးမျိုးရှိတဲ့အကြောင်း စာရေးဆရာနဲ့ရင်ဘောင်တန်း၍ စာဖတ်သူများအကြောင်း စာအုပ်ထဲမှာရေးထားပါ တယ်။ စာရေးဆရာရေးသလောက်ပဲသိတဲ့ စာရေးဆရာနောက်ကလိုက်ဖတ်တဲ့နံပါတ်သုံးစာဖတ်သူမျိုးကတော့ ဦးတည်ချက် တွေ၊ ရည်ရွယ်ချက်တွေပျောက်သွားနိုင်ပါတယ်။ စာရေးဆရာရဲ့ရည်ရွယ်ချက်နဲ့ စေတနာကိုပါ သိတဲ့စာရေးဆရာနဲ့ ရင်ဘောင်တန်းပြီးဖတ်နိုင်တဲ့နံပါတ်နှစ်စာဖတ်သူမျိုး ဘာစာကိုဖတ်ဖတ် သစ္စာစိုက်အောင်အနတ္တပေါက်အောင်ဖတ်နိုင်တဲ့ စာရေးဆရာကိုကျော်ဖတ်နိုင်တဲ့ နံပါတ်တစ်စာဖတ်သူမျိုး။ အဲဒီနှစ်မျိုးကတော့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေမပျောက်နိုင် ပါဘူး။
မေး - ဆရာတော်မေတ္တာရှင်ရွှေပြည်သာဘဝမှာ လူတွေကိုကူညီခဲ့တာတွေ၊ မရှိတဲ့သူတွေကို ပေးကမ်းစွန့်ကြဲခဲ့ဖူးတာတွေကို ကြားခဲ့ဖူးပါတယ်။ အခုလိုလူဝတ်လဲတဲ့အချိန်မှာ အကူညီယူခဲ့တဲ့လူတွေအနေနဲ့ ဝမ်းနည်းအားငယ်တာတွေရှိခဲ့ပါတယ်။ အဲဒီအတွက်ဒုက္ခရောက်ခဲ့သူတွေကို ဆက်ပြီးဘယ်လိုကူညီဖို့များစဉ်းစားထား ပါသလဲ။
ဖြေ - မေတ္တာရှင်ရွှေပြည်သာဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာဘဏ်မှာ အပ်ပေးထားပါတယ်။ စာအုပ်တွေလည်းဆက်ရေးနေမှာဆိုတော့ စာအုပ် ရောင်းရငွေတွေနဲ့လည်းဆက်ပြီး ထောက်ပံ့ကူညီနိုင်မှာပါလို့ပြောပါရစေ။
မေး - နောက်ပြီးဆရာ့အနေနဲ့ပေါ့နော် ရဟန်းဘဝမှာပါရာဇိကကျခဲ့တာများရှိခဲ့ပါ သလား။
ဖြေ - ဝိနည်းနားမလည်တဲ့ဒုလ္လဘရဟန်းတွေတောင်သိက္ခာချပြီးမှ အိမ်ထောင်နဲ့ပြန် နေရတယ်။ သိက္ခာမချဘဲ အိမ်ထောင်နဲ့ပြန်နေရင် ပါရာဇိကကျတယ်ဆိုတာ သိပါတယ်။ ပါရာဇိကကျတယ်ဆိုတာ သာသနာတော်ကဆုံးရှုံးသွားတဲ့ အတွက် ရဟန်းဘဝကိုတစ်သက်လုံးပြန်မရတော့တာကိုပြောတာပါ။ ဝိနည်း နားမလည်တဲ့ဒုလ္လဘရဟန်းတွေတောင်ပါရာဇိကမကျအောင် သိက္ခာချဖို့ သတိရသေးရင် ဝိနည်းနားလည်တဲ့ဆရာတို့လို ငယ်ဖြူရဟန်းတွေကဘယ်မှာ သိက္ခာချဖို့သတိမရဘဲ နေပါ့မလဲ။ ပြီးတော့သိက္ခာချတယ်ဆိုတာအမြင့်က ခုန်ချတာ။ သူတစ်ပါးအကူအညီသိပ်မလိုဘူး။ အနားမှာသိတတ်တဲ့အရွယ် လူတစ်ယောက်ရှိရင်ရပြီ။ ငါရဟန်းတွေကျင့်ရတဲ့သိက္ခာပုဒ်တွေကိုစွန့်တယ်။ ငါ့ကိုလူလို့မှတ်လိုက်တော့လို့ပြောပြီးတာနဲ့ သိက္ခာချပြီးသားဖြစ်သွားတယ်။

မေး - လူ့ဘဝဖြတ်သန်းချိန်မှာ ပြည်ပနိုင်ငံမှာပဲ နိုင်ငံခြားစာနဲ့ မြန်မာစာပေကိစ္စတွေ၊ ပရဟိတလုပ်ဖို့အတွက်တွေကြိုးစားတော့မယ်ဆိုတော့ ဆရာတစ်ယောက် တည်း ဘယ်လိုဖြတ်သန်းမလဲ။ ဘဝအဖော်မွန်ရှာဖို့ရောစိတ်ကူးရှိပါသလား။ ရှိခဲ့မယ်ဆိုရင်ကော ဘယ်လိုလူမျိုးကိုရွေးချယ်မှာပါလဲ။
ဖြေ - ဘဝအဖော်မွန်ရှာတွေ့လို့လက်ထပ်ပြီးပါပြီ။ စိတ်ကောင်းရှိပြီး စာပေအလုပ်ကို ရာနှုန်းပြည့်ကူညီနိုင်မယ့်ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ယောက်ပါ။
မေး - ဆရာ့အနေနဲ့ ရဟန်းဘဝရဲ့နောက်ဆုံးစာအုပ်ဖြစ်တဲ့ ဘဝကိုအသေသတ် သောစိတ်စာအုပ်ထွက်ပြီလို့သိရပါတယ်။ ဒီနောက်ပိုင်းလူ့ဘဝမှာ ဖန်တီးမယ့် ရသစာအုပ်တွေရှိရင်ရော ပြောလို့ရမလား။ ရဟန်းဘဝက စာအုပ်တွေရော ထွက်ဖို့ရှိပါသေးလား။ ရှေ့ဆက်ပြီးဘယ်လိုစာပေအမျိုးအစားတွေကို ဖန်တီး ထုတ်လုပ်မယ်လို့စီစဉ်ထားပါသလဲ။
ဖြေ - လက်ရှိ ရသ၊ သုတ၊ ဒဿနသုံးမျိုးလုံးပါမယ့်စာအုပ်တွေ ဆက်တိုက်ထွက်မှာ ပါ။ အဲဒီစာအုပ်တွေထဲကမှ ရေးသားခြင်းဆိုင်ရာအတွေ့အကြုံများငါးတွဲ၊ အသာစံခြင်းနဲ့အနာခံခြင်းငါးတွဲ၊ လောကဓံရင်ဆိုင်နည်းစာအုပ်တွေ ဆက် ထွက်လာပါလိမ့်မယ်။ ရေးသားခြင်းဆိုင်ရာစာအုပ်ကတော့ ၇ဝ ရာခိုင်နှုန်း ရေးပြီးနေပါပြီ။ ကျန်တဲ့စာအုပ်တွေကတော့ခေါင်းထဲမှာပဲရေးရပါသေးတယ်။
မေး - ဆရာ့အနေနဲ့လူပုဂ္ဂိုလ်ဖြစ်သွားပြီးတဲ့နောက် တရားပြဆရာကြီး ဦးလှသိန်းတို့ လို့ ပခုက္ကူဆရာကြီး ဦးကြင်ရွှေတို့လို့ တရားပြဆရာအဖြစ် ဆရာတည် ထောင်ခဲ့တဲ့တရားစခန်းကြီးတွေ၊ ရိပ်သာကြီးတွေမှာပြန်ပြီးဟောပြောဖို့အစီ အစဉ်ရှိပါသလား။
ဖြေ - စာပေရည်ရွယ်ချက်တွေ အောင်မြင်သွားပြီးတဲ့နောက်မှာတော့ တရားစခန်း တွေမှာ ပြန်ဟောပြောဖို့အစီအစဉ်ရှိပါတယ်။
မေး - ဆရာ့အနေနဲ့ဆရာတော်ဘဝမှာ တော်ရုံပုဂ္ဂိုလ်မျိုး ဖန်တီးလို့မဖြစ်နိုင်တဲ့ အောင်မြင်မှုမျိုးရခဲ့တယ်။ ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦးပေါ့။ အဲဒီလိုအောင်မြင်ပြီး ခါမှ အခုအခြေအနေကြီးကိုပြောင်းလဲပစ်လိုက်တာဟာ တချို့ကလည်း စိတ်မခိုင်ဘူးလို့အမနာပပြောကြတယ်။ တချို့ကလည်း ခိုင်မာတဲ့ပန်းတိုင်ရှိ တယ်ဆိုပြီး ဝိရောဓိငြင်းခုံမှုတွေရှိကြပါတယ်။ ဆရာဘယ်လိုသတ္တိမျိုးနဲ့ ပြောင်းလဲသွားတယ်ဆိုတာကိုပြောပြပေးပါလား။
ဖြေ - ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကိုမော့ကြည့်လိုက်ရင် ကိုယ်ဘာမှမဟုတ် တော့ဘူးဆိုတဲ့အဆုံးအမကြောင့်အခုလိုပြောင်းလဲရဲတာပါ။ နှစ်ပေါင်းသုံး ဆယ်အားထုတ်မှရခဲ့တဲ့အောင်မြင်မှုကြီးကိုစွန့်လွှတ်ပြီး လမ်းသစ်တစ်ခုကိုရဲရဲ ကြီးလျှောက်ပြီဆိုမှတော့ အခုအောင်မြင်မှုထက်ပိုမိုမြင့်မားတဲ့အောင်မြင်မှုကြီး တစ်ခုကိုမြင်နေရလို့ဆိုတာ တွေးကြည့်ရင်သိနိုင်မယ်ထင်ပါတယ်။
မေး - နောက်ပြီးနိုင်ငံရေးအသိုင်းအဝိုင်းကကြားထားတဲ့ ကောလာဟလတွေရှိပါ တယ်။ ဆရာတော်ဘဝနဲ့လူထွက်တာဟာ ရဟန်းဝတ်နဲ့နိုင်ငံရေးလုပ်ရင် ဝိနည်းနဲ့မညီမှာစိုးလို့လူထွက်ပြီးနိုင်ငံရေးလောကထဲဝင်မယ်ဆိုတာမျိုးပေါ့။ ဆရာနိုင်ငံရေးခံယူချက်လေးရှိရင်ပြောပြပေးပါလား။
ဖြေ - နိုင်ငံရေးလောကထဲဝင်ဖို့တော့လုံးဝရည်ရွယ်ချက်မရှိပါဘူး။ တကယ့်စာရေး ဆရာတွေရဲ့သဘာဝကိုဖြစ်ရပ်လေးတစ်ခုနဲ့ပြောပါရစေ။ အိန္ဒိယနိုင်ငံမှာ တကယ်တော်တဲ့စာရေးဆရာကြီးတစ်ယောက်ဟာ အင်မတန်အကျိုးများ မယ့် စာအုပ်ကြီးတစ်အုပ်ကိုရေးနေပါတယ်။ ဘာမှအလုပ်လုပ်ချိန်မရလို့ မိန်းမဖြစ်သူက ကုန်စိမ်းရောင်းကျွေးတာလေးနဲ့ပဲအသက်ဆက်နေရတယ်။ တဖြည်းဖြည်းဆင်းရဲလာလိုက်တာ မူလနေရာကအိမ်ကိုရောင်းပြီး ပိုဆင်းရဲတဲ့ ရပ်ကွက်လေးထဲမှာ အိမ်စုတ်လေးတစ်လုံးဝယ်ပြီးနေကြတယ်။ တစ်ရက် ဒီသတင်းကိုကြားသွားတဲ့ဘုရင်ကြီးက စာရေးဆရာရှိရာကိုလိုက်လာပြီး လိုအပ်တာကိုပြောပါ။ သူကူညီပါရစေလို့ပြောလာပါတယ်။ စာရေးဆရာက သူလိုတာ တကယ်ပေးနိုင်မှာလားဆိုတော့ ဘုရင်က ပေးနိုင်ပါတယ်။ ပြောပါ ဆိုတော့ စာရေးဆရာကပြောလိုက်တယ်။ ဘုရင်ကြီး ကျွန်တော့်အိမ်ကိုနောင် ဘယ်တော့မှမလာခဲ့ပါနဲ့တဲ့။ တစ်ဆက်တည်းမိန်းမကိုဆက်ပြောတယ်။ မိန်းမရေ၊ နောက်တစ်နေရာပြောင်းကြဦးစို့။ ဒီနရာကလူသိများသွားပြီတဲ့။ အဲဒါစာရေးဆရာရဲ့သဘာဝပါ။ စာပဲရေးချင်တာပါ။ ကျန်တာဘာမှမလုပ်ချင် ကြပါဘူး။
မေး - ပြည်ပမှာပညာသင်ကြားတဲ့အခါမှာ ဘယ်ဘာသာရပ်ကိုအဓိကထား ဆည်းပူမှာပါလဲ။ ဘယ်နိုင်ငံမှာအဓိကအခြေချပြီးသင်ယူမှာပါလဲ။
ဖြေ - ဘယ်ဘာသာရပ်ကိုအဓိကထားရမယ်ဆိုတာ ဟိုရောက်မှဆုံးဖြတ်နိုင်မှာပါ။ ဂျာမနီမှာအခြေချဖို့စိတ်ကူးထားပါတယ်။
မေး - အခုလိုရုတ်တရက်ရဟန်းဘဝကိုစွန့်လွှတ်လိုက်ခြင်းဟာ ဘယ်အချိန်ကတည်း က စိတ်ကူးထားတာပါလဲ။
ဖြေ - နိုင်ငံခြားကမြန်မာတွေကိုတရားဟောတဲ့အခါ ဆီးသီးသည်မဗျိုင်းကို ဥပမာ ပေးပြီးဟောလေ့ရှိတယ်။ ဆီးသီးသည်မဗျိုင်းဟာ တော်ကောက်ခံရသလို မိဘုရားဖြစ်သွားခဲ့တယ်။ တစ်ရက်တော့ဘုရင်ကြီးက မိဖုရားကြီးကိုငယ်ဘဝ အလွမ်းပြေအနေနဲ့ ဆီးသီးသည်တစ်ယောက်ကိုနန်းတော်ထဲခေါ်လိုက်တယ်။ ဗန်းထဲကဆီးသီးတွေကိုကိုင်ကြည့်ပြီး မဗျိုင်းကဘုရင်ကြီးကိုမေးလိုက်တယ်။ မောင်တော်ဘုရား ဒါဟာဘာသီးတွေလဲတဲ့။ ဆီးသီးကိုကျေးဇူးကန်းလို့ ဘဝမေ့နေတဲ့အတွက် ဘုရင်ကြီးကမဗျိုင်းကိုမိဖုရားအရာကနေဖြုတ်ချပစ် လိုက်တယ်။ နိုင်ငံခြားမှာအလုပ်လာလုပ်တဲ့မြန်မာတွေကလည်း ကိုယ်နိုင်ငံ ခြားကိုလာခဲ့ရတဲ့ရည်ရွယ်ချက်နဲ့ဘဝကိုမမေ့စေချင်ပါဘူး။ အလုပ်လုပ်ရမယ်။ ငွေစုရမယ်။ လုံလောက်အောင်ရရင်မြန်မာပြည်ပြန်ရမယ်။ ဒီရည်ရွယ်ချက် တွေပျောက်ပြီးသောက်စားမူးယစ်ပျော်ပါးနေရင် အရင်ဘဝကထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။ ပြည်ပနိုင်ငံကြီးတွေက သူတို့နိုင်ငံက သယံဇာတတွေကို ထုတ်မသုံးကြပါဘူး။ ဥပမာ တရုတ်နိုင်ငံဆိုရင် ကျွန်းသစ်နှင့်အခြားသယံဇာတ တွေကိုသူတို့နိုင်ငံမှာသစ်တောတွေရှိလျက်နဲ့မသုံးဘဲနဲ့ သူတို့ရဲ့ရာသီဥတု ပျက်စီးမှာစိုးလို့ မြန်မာဆီကယူသုံးတယ်။ သူတို့ရဲ့သဘာဝအလှကိုအပျက်မခံ ဘူး။ ဒီလိုပဲအနောက်နိုင်ငံကြီးတွေတချို့ဆိုရင်လည်း ရေနံနဲ့သဘာဝဓာတ်ငွေ့ တွေကိုထုတ်မသုံးကြဘဲ တခြားနိုင်ငံကပဲမှာသုံးကြတယ်။ ဒါဟာဘာနဲ့တူ သလဲဆိုတော့ ကိုယ့်မြေကိုယ့်ရေနဲ့ကိုယ့်တိုင်းပြည်ရဲ့သက်မဲ့တွေကို မပျက်စီး စေချင်တဲ့သဘောပေါ့။ နှမြောကြတယ်။ ဒီအချိန်မှာပဲ မြန်မာတွေကတော့ ဂုဏ်သိက္ခာတွေမာနတွေ လူ့အဆင့်အတန်းတွေကိုမငဲ့ဘဲ သူများတိုင်းပြည်မှာ အောက်ကျနောက်ကျခံနေကြရပါလားလို့တွေးရင်း မျက်ရည်ဝဲခဲ့မိတယ်။ အဲဒီ အချိန်ကစပြီး မြန်မာတွေဆီကဘာအလှူခံမှလည်း မမျှော်လင့်ချင်တော့ဘူး။ ဒီတရားကိုဟောတဲ့အခါ ဒီဒကာ ဒကာမတွေဆီလာတာ အလှူခံဖို့မဟုတ် ဘူး။ ဒီအသိတရားတွေပေးဖို့လာတာ။ နိုင်ငံခြားကမြန်မာတွေဟာ မြန်မာ ပြည်ကမြန်မာတွေထက်အလုပ်လုပ်ရတာပိုပင်ပန်းပါတယ်။ ဒါကြောင့်အလှူ တောင်မခံရက်တော့ပါဘူး။ အဲဒီတရားကိုဟောရင်းနဲ့ ရဟန်းဘဝကိုစွန့်ပြီး ကိုယ်တိုင်ရှာဖွေလှူရရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့စိတ်ကူးမျိုး ပေါ်ခဲ့ မိပါတယ်။
မေး - တခြားရဟန်းတွေလူဝတ်လဲတာတွေအများကြီးတွေ့ခဲ့ကြားခဲ့ဖူးပါတယ်။ ဆရာမေတ္တာရှင်(ရွှေပြည်သာ)လူဝတ်လဲခါမှ သတင်းစာထဲမှာလူသိရှင်ကြား ဘာကြောင့်ကြေညာရတာပါလဲ။
ဖြေ - ရိုးသားချင်လို့ပါ။ လူမသိအောင်လူဝတ်လဲထားပြီး ရဟန်းအမှတ်နဲ့မှိန်းပြီး လက်ခံရင်မရိုးသားတော့ပါဘူး။ လူဝတ်လဲပြီးတာကိုသိလျက်နဲ့မေတ္တာ၊ ကရုဏာဆိုတာ နာမ်တရာသဘောတရားသက်သက်လေးပဲလေ။ ရုပ်တရားမှ မဟုတ်ပဲ။ ဒါကြောင့် အဝတ်ပြောင်းရုံနဲ့နှစ်ပေါင်းများစွာပွားများလာတဲ့ မေတ္တာတရားဟာ ပျောက်မသွားနိုင်ဘူးလို့တွေးခေါ်လက်ခံနိုင်သူများက အရင်အတိုင်းပရဟိတအတွက်လာလှူလို့လက်ခံရင်ရိုးသားရာရောက်ပါတယ်။ ဒါကြောင့်ကြေညာရတာပါ။ နောက်တစ်ချက်က ရဟန်းဘဝက ပစ္စည်းငွေ ကြေးတွေကို ရဟန်းဘဝမှာပဲထားခဲ့သင့်တယ်။ သို့မဟုတ် အများအကျိုး အတွက် လှူခဲ့သင့်တယ်ဆိုတဲ့ အတွေးအခေါ်လေးကိုလူဝတ်လဲသူတိုင်းရစေ ချင်လို့လဲကြေညာရတာပါ။ တချို့သောရဟန်းတွေက လူဝတ်လဲရင် ဝတ္ထုငွေ ကြေးမပြောနဲ့ ဘုန်းကြီးကျောင်းကိုတောင်ရောင်းစားသွားတတ်လို့ စံနမူနာ ပြဖြစ်ချင်လို့လည်း အခုလိုကြေညာရတာပါ။
မေး - ဆရာ့အနေနဲ့ ဖေ့ဘွတ်တွေ၊ အင်တာနက်တွေမှာ ဆရာ့ကိုတိုက်ခိုက်နေတာ ဟာ ဘာကြောင့်လို့မြင်ပါသလဲ။ အဲဒီတိုက်ခိုက်သူတွေနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။ ရှင်းပြပေးပါ။ နောက်ပြီးလက်ရှိ အင်တာနက်နဲ့ ဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာရော ဆရာ့အမြင်လေးများရှိရင်ပြောပြပေးပါလား။
ဖြေ - ဓမ္မဓိဋ္ဌာန်ပြောရင် ဝိပဿနာသဘောသက်ဝင်တာကြောင့်ကုသိုလ်ဖြစ်ပါ တယ်။ ပုဂ္ဂလဓိဋ္ဌာန်ပြောရင် လောဘနဲ့ဒေါသပါတတ်လို့ အကုသိုလ်ဖြစ်ပါ တယ်။ ဥပမာအားဖြင့် ဦးနီဆိုတဲ့လူတစ်ယောက်က သူတစ်ပါးငွေကို လိမ်ညာ ယူခဲ့ရင် ဦးနီကလူယုတ်မာကြီးလို့ပြောလိုက်ရင် ပုဂ္ဂိုလကိုဦးတည်တဲ့ အတွက်ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပါတယ်။ ဒေါသပါတဲ့အတွက်အကုသိုလ်ဖြစ်တတ် ပါတယ်။ ဦးနီရဲ့သန္တာန်မှာဖြစ်တတ်တဲ့ လောဘဓာတ်ကြီးက ယုတ်မာလိုက် တာလို့ပြောခဲ့ရင် ဓမ္မ(သဘောတရား)ကိုဦးတည်တဲ့အတွက် ဓမ္မဓိဋ္ဌာန်ဖြစ်ပါ တယ်။ နာမ်တရားလို့အမှန်ကိုသိရတဲ့အတွက်ကုသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ဖြစ်ချင်ရင်၊ ဝိပဿနာရှု့တတ်ချင်ရင် အာရုံနဲ့တိုက်ဆိုင်တိုင်းဓမ္မဓိဋ္ဌာန် ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်ဖြစ်ရပ်မှန်ကိုရှင်းပြတဲ့အခါ ဘယ်သူ့ ကိုမှဘယ်ပရဟိတလုပ်ငန်းကိုမှမထိခိုက်စေချင်တဲ့အတွက် နေရပ်လိပ်စာ၊ နာမည်တွေမထည့်ဘဲ ဓမ္မဓိဋ္ဌာန်ပဲပြောပါမယ်။ မှားပြောတာပါရင်အချိန်မရွေးမျက်နှာချင်းဆိုင် လာရှင်းနိုင်ပါတယ်။ နောင် တစ်ချိန်မှာဒီအကြောင်းအရာတွေကိုစာအုပ်တစ်အုပ်ရေးထုတ်မှာပါ။ ၂ဝဝ၉ ခုနှစ်လောက်တုန်းကပေါ့။ ဆရာ့ဆီကိုဖုန်းထဲ ကနေ ရဟန်းတစ်ပါးက သိန်းနှစ်ဆယ်လောက်အလှူခံတယ်။ ဘာအတွက်လဲဆိုတော့ သူဟာ ရဟန်းသီလရှင်တွေအတွက် ကွန်ပျူတာအခမဲ့သင်တန်းဖွင့်ထားတယ်။ လူထွက်သွားတဲ့ဘုန်းကြီးတစ်ပါးက သူ့ကျောင်းမြေခွဲရောင်းတာကို ဒီရဟန်းငယ် က ဝယ်ပြီးကျောင်းတည်ထားတာပါ။ သူကအရေးကြီးကြီး မကြီးကြီးအမြဲတမ်းလိမ်ညာပြောတတ်လို့ သူ့နာမည်ကို ဦးကလိမ် လို့ပဲမှတ်ထားရအောင်။ တကယ်တော့ သူဟာလူမျိုးခြားရဟန်းတစ်ပါးပါ။ အဲဒီအချိန်က သူ့အသက်ဟာ ၂၅ နှစ်လောက်ပဲ ရှိသေးတာပေါ့။ သူကအင်တာနက်ကနေတစ်ဆင့် သြစတြေးလျက ကိုမျိုးဆိုတဲ့သူဆီကို အိမ်သာသုံးလုံးတွဲလှူဖို့ လှမ်းအလှူ ခံပါတယ်။ ကိုမျိုးကလိုအပ်တဲ့နေရာမှာ တကယ်လှူပေးနေတဲ့မေတ္တာရှင်-ရွှေပြည်သာထံမှာ အလှူခံပါလို့ပြန်ပြောပြီး ဆရာ့ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါသတဲ့။ ဖုန်းထဲကနေမေးကြည့်တော့ သူဝယ်တဲ့မြေကွက်ထဲမှာ အိမ်သာသုံးခန်းတွဲက ပါပြီးသား။ ဒါပေမယ့် မြေကွက်ရောင်းချတဲ့ဘုန်းကြီးကျောင်းက သီလရှင်တွေကလောဘတက်ပြီး မြေကိုသာရောင်းတာ။ အိမ်သာမပါဘူးဆိုပြီးဖြတ်ယူဖို့ကြိုးစားနေတာကြောင့် ကူညီပါလို့အသနားခံလာပါတယ်။ တကယ်ဟုတ်ရင်လှူမယ်ဆိုပြီး ဆရာကိုယ်တိုင်လိုက်ကြည့်တဲ့အခါ အိမ်သာသုံးခန်းတွဲကိုတကယ်တွေ့ရတယ်။ ဒါကအမှန်တရားပေါ့။ ဒါကြောင့်သိန်းနှစ်ဆယ် လှူပေးလိုက်တယ်။ ဒါပေမယ့်အမှားတရားကလည်းပါနေပြန်တယ်။ အဲဒီလိုလှူပြီးမှပဲ မြေရောင်းတဲ့သီလရှင်တွေကလာပြီး ဆရာ့ကိုပြောပါတယ်။ ဦးကလိမ်ကအခုလိုလိမ်ပြီး အလှူခံနေကျပါ။ တကယ်တော့မြေရောင်းကတည်းက အိမ်သာပါထည့် ပေးလိုက်ပြီးသားပါ။ သက်သက်လိမ်ပြီးအလှူခံနေတာပါပဲ။ ဦးကလိမ်မျက်နှာကွက်ခနဲပျက်သွားတာကို မြင်လိုက်ရတယ်။ ဒါပေမယ့်ဦးကလိမ်ကကြိုတင်ပြီး ဒီသီလရှင်တွေစိတ်ယုတ်မာရှိတဲ့အကြောင်းဆရာ့ကိုပြောထားတဲ့အတွက် သေချာမစစ် ဆေးတော့ဘဲမနာလိုလို့ပြောတာနေမှာပါဆိုတဲ့မှတ်ချက်နဲ့ဒီအမှုကိုသိမ်းပစ်လိုက်တယ်။ တကယ်တော့ဦးကလိမ်ဟာ ဆရာ့ကို တွေ့စဉ်ကတည်းကပရဟိတကိုဗန်းပြပြီးလိမ်ညာခဲ့တာပါ။ ဖြူစင်တဲ့သူဟာ သူတစ်ပါးကိုလည်းဖြူစင်မယ်လို့ပဲထင်တတ် တယ်။ လိမ်တဲ့သူဟာလည်းသူတစ်ပါးကိုလိမ်မယ်လို့ပဲထင်တတ်တယ်။ ဆရာဟာ ဦးကလိမ်ကိုဆရာ့လို့ဖြူစင်မယ်လို့ပဲ ယုံကြည်တယ်။ တကယ်တော့ငွေတစ်မတ်ထက်ကျော်လွန်ပြီးတစ်နည်းနည်းနဲ့ခိုးယူခဲ့ရင်ပဲ ပါရာဇိကျကတာမဟုတ်လား။ ငယ်ဖြူရဟန်းတစ်ပါးအနေနဲ့ ပါရာဇိကျကအောင်ဘယ်တော့မှခိုးခြင်း၊ လိမ်ခြင်းလုပ်မှာမဟုတ်ဘူးလို့ထင်ထားတာဟာ ဆရာ့ရဲ့အားနည်းချက်ပါပဲ။ ဦးကလိမ်ဟာ ၂ဝဝ၉ ကနေ ၂ဝ၁၄ အထိ ဆရာ့နားမှာကပ်ပြီး လိမ်ခွင့်ခိုးခွင့်ရသွားတာဟာ ဒီအထင်ကြောင့်ပဲပေါ့။ ဦးကလိမ်နေတဲ့မြို့က မန္တလေးနဲ့ကပ်လျက်ပါ။ သူ့ကျောင်းကိုသွားကြည့်ပါ။ မေတ္တာရှင်-ရွှေပြည်သာ လို့စာလုံးကြီးကြီးနဲ့ရေးထားတဲ့သုံးခန်းတွဲအိမ်သာကြီးကို ယခုအချိန်တိုင်အောင်တွေ့နိုင်ပါတယ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်းကျည်စုရွာ၊ မြို့သစ်မြို့နယ်၊ ပုဂံညောင်ဦးမြို့နယ်၊ ရေနီရွာ၊ မတ္တရာစတဲ့နေရာတွေမှာ အဝိစိတွင်း ၆ တွင်းလောက် တူးလှူဖူးပါတယ်။ ဦးကလိမ်ကိုငွေအပ်ပြီး ဘာစာရင်းမှမစစ်ဘဲလုပ်ခိုင်းခဲ့တာပါ။ သူကလည်း ဘာစာရင်းမှမပြပါဘူး။ တကယ်ကတော့ ဒီကစာရင်းမတောင်းတောင်သူကတော့မှန်ကန်မယ်ဆိုရင် စာရင်းဇယားအတိအကျကိုပြသင့်တယ်ထင်ပါ တယ်။ တစ်တွင်းသိန်း ၁၂ဝ ကျတယ်ပြောရင်း ၁၂ဝ တစ်ခါတည်းပေးလိုက်တာပါ။ လိမ်မလိမ်ကတော့ ဦးကလိမ်ကအသိဆုံး နေမှာပါ။ အချီကြီးကြီးလှူတဲ့ပရဟိတတိုင်းမှာ သူဟာဘယ်တော့မှ စာရင်းရှင်းတာမတွေ့ရပါဘူး။ ဒီလိုနဲ့ဦးကလိမ်ရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ဘီးလူးရုပ်ကြီးပေါ်ဖို့အကြောင်းဖန်လာပါတယ်။ ကမ္ဘာ့ဂန္ထဝင်ရသစာပေတွေများစွာဖတ်ဖူးတဲ့ လူတစ်ယောက်ဟာ အမေရိကန်ကနေမြန်မာပြည်ကိုရောက်လာပါတယ်။ အကြောင်းကတော့မြန်မာပြည်ကိုသိပ်ချစ်တဲ့ သူ့ဖခင်ဟာ အမေရိကန်မှာကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့အရိုးပြာကိုမြန်မာပြည်မှာပဲ အုတ်ဂူသွင်းဖို့မှာထားတာကိုလုပ်ဆောင် ပေးဖို့ပါပဲ။ တစ်ရက်မှာတာ့ ရွှေတိဂုံဘုရားသွားဖူးရင်း ဆရာရေးတဲ့အရှုံးမရှိသောဒဿနစာအုပ်ရယ်၊ မေတ္တာဖြင့်စီးပွားရှာ ခြင်းစာအုပ်ဖတ်ပြီးဆရာ့ကိုကြည်ညိုလေးစားသွားတယ်။ သူ့ဖခင်အတွက်လပတ်ဆွမ်းကျွေးလုပ်ဖို့လာပင့်ရင်း စတင်သိကျွမ်း ခဲ့ကြတယ်။ ဆရာ့ရဲ့စာအုပ်တွေကိုဖတ်ပြီး ဖတ်သူရဲ့နှလုံးသားကိုထွင်းဖောက်နိုင်အောင်ရေးနိုင်တဲ့ဒီလိုစာရေးဆရာတစ် ယောက်ဟာ မြန်မာပြည်တစ်ခုတည်းအတွက်မဖြစ်သင့်ဘူး။ အင်္ဂလိပ်စာတတ်တဲ့တစ်ကမ္ဘာလုံးကလူတွေအတွက်ပါဖြစ်သင့် တယ်။ ဆရာသာ ဂန္ထဝင်ဝတ္ထုကြီးတွေကိုအင်္ဂလိပ်လိုကောင်းကောင်းရေးနိုင်ရင် အင်္ဂလိပ်စာတတ်တဲ့ဘာသာမျိုးစုံ၊ လူမျိုးစုံ က လူတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်လာနိုင်တယ်။ ဗုဒ္ဓဘာသာရဲ့အနှစ်ကိုအကြောင်းတိုက်ဆိုင်တိုင်းထည့်သွားမှာကိုး။ အနောက်နိုင်ငံတွေမှာက စာပေပြိုင်ပွဲတစ်ခုဝင်လို့ဆုရရင်လည်း ပရဟိတအတွက်အများကြီးထောက်ပံ့လှူဒါန်းနိုင်တယ်။ စာပေဆုတစ်ခုခုလောက်ဆွတ်ခူးနိုင်ရင်ဆုကြေးကအနည်းဆုံးဒေါ်လာတစ်သန်းပဲ။ ဒါရိုက်တာတွေကကြိုက်လို့ရုပ်ရှင်ရိုက်ပြီ ဆိုရင်တော့ ဒေါ်လာသန်းနဲ့ချီပြီးရတာ။ ဒီလိုဆိုရင်မြန်မာပြည်က ပရဟိတတွေအတွက်ကြိုက်သလောက်လှူပေးတော့ ပေါ့။ ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အနောက်နိုင်ငံတစ်ခုမှာနေပြီး အင်္ဂလိပ်စာရေးနိုင်ဖို့ကြိုးစားမယ်လို့စိတ်ကူးဖူးတယ်။ ဒါပေမယ့်အကောင်အထည်မပေါ်ခဲ့ဘူး။ အခုတော့အနောက်နိုင်ငံတစ်ခုမှာနေရင်း မိမိရဲ့စားဝတ်နေရေးတစ်ခုကိုသာမက စာပေအတွက်ပါပါရမီဖြည့်ပေးမယ့်သူကိုတွေ့ရတော့အားလည်းတက်ခဲ့မိတယ်။ ဒီလိုနဲ့ဦးကလိမ်ကိုတိုင်ပင်ကြည့်တော့ ဦးကလိမ်ကအားပေးတယ်။ ကူညီတယ်။ ပထမနိုင်ငံခြားတရားပွဲတွေဟော၊ နောက်ဥရောပမှာလည်၊ ပြီးမှတိတ်တိတ်လေး လက်ထပ်ဖို့အကြံပေးခဲ့တာ။ ဒီအချိန်မှာပဲဖြစ်ချင်တော့ ၂ဝ၁၃ ခုနှစ်က လည်ချောင်းနာရောဂါ ပြန်ပေါ်လာခဲ့တယ်။ ဒါကြောင့် ဦးကလိမ်ရဲ့အစီစဉ်အတိုင်းမလုပ်ဘဲ ပြည်ပထွက်ပြီး လူဝတ်လဲလက်ထပ်ဖြစ်ခဲ့တယ်။ ပြည်ပနိုင်ငံမှာချော်လဲရင်း ခါးရိုးထိတဲ့ဒဏ်ရာကလည်းဖြစ်လာပြန်တော့ လူ့ဘဝမှာရေရှည်လက်တွဲဖို့အတွက် ပါရမီဖြည့်ဖက်ရွေးခဲ့ရတော့တာပေါ့။ မိန်းကလေးနဲ့ယောက်ျားလေး ရေစက်ဆုံရခြင်းအကြောင်းနှစ်ချက်ကို ဓမ္မပဒမှာဘုရားရှင်ဟောကြားထားပါတယ်။ အရင် ဘဝတွေကအတူကုသိုလ်ပြုခဲ့ဖူးခြင်း၊ ယခုဘဝမှာလည်း တစ်ယောက်ကောင်းကျိုးတစ်ယောက်သယ်ပိုးခြင်းတို့ဟာ ရေစက် ဆုံမိခြင်းရဲ့အကြောင်းတရားတွေပါပဲ။ လက်ထပ်ဖို့ကိစ္စဟာ အစောကြီးကတည်းက ဦးကလိမ်သိပြီးသားပါ။ အခုမှသာ သူအရင်ကဘာမှမသိသလို သွားခါနီးမှသိလို့အပြင်းအထန်တားသေးတယ် မရလို့ပါဆိုတဲ့အပေါက်မျိုးနဲ့လူအများစုကို သူလုပ်နေကျအတိုင်းလိမ်ညာပြီး ဆရာရဲ့ဒကာတွေကိုသူ့ဘက်မပါပါအောင် ဆွဲဆောင်ခဲ့တာပါ။ ဦးကလိမ်ရဲ့တပည့်တွေ ဆရာ့ကိုတိုက်ခိုက်ရခြင်းရဲ့ပထမဆုံးအကြောင်းက သူတို့စီစဉ်ထားတဲ့ မလေးရှားတရားပွဲကိုဖျက်လိုက်လို့ပါ။ ဖျက်ရတဲ့ အကြောင်းကလည်းမရိုးသားသောနည်းနဲ့ဓမ္မပူဇာငွေကိုမလိုချင်လို့ပါ။ မလေးရှားတရားပွဲဟောရမယ့်ရက်မှာ ဆရာတို့က လက်ထပ်ပြီးလူ့ဘဝရောက်နေပါပြီ။ ဒါကြောင့်ပရိသတ်တွေကိုလိမ်ပြီးမဟောပါရစေနဲ့လို့တောင်းပန်တာကိုဦးကလိမ်က လက်မခံဘဲနည်းမျိုးစုံနဲ့အကြပ်ကိုင်ပြီးဟောခိုင်းတော့တာပဲ။ သင်္ကန်းပြန်ဝတ်၊ သိမ်ပြန်တက်ပြီးဟောလို့ရတယ်ဆိုပေမယ့် မရိုးသားတော့ဘူး။ အရင်ရဟန်းမဟုတ်တော့ဘူး။ နောက်ရဟန်းသစ်ဖြစ်နေပြီ။ ဒါကိုသိသွားရင် ပရိသတ်က ဘယ်ခွင့်လွှတ် ပါ့မလဲ။ ဆရာ့အနေနဲ့လည်းကိုယ့်ကိုကိုယ် တစ်သက်လုံးလိပ်ပြာသန့်တော့မှာမဟုတ်ဘူး။ ဒါကြောင့်မဟောဖြစ်တော့တာပါ။ မလေးရှားနဲ့တကွ နိုင်ငံခြားတရားပွဲအကျိုးဆောင်တွေ၊ အလှူရှင်တွေကိုဒီနေရာကနေတောင်းပန်ပါတယ်။ သံသရာမှာ ကိုယ့်ကိုကိုယ်အကြည်ညိုမပျက်ဖို့အတွက် တရားပွဲတွေဖျက်လိုက်ရတာကိုနားလည်ပေးကြပိါု့။ ဦးကလိမ်ဆရာ့ကို မုန်းရခြင်း ရဲ့ဒုတိယအချက်က လူဝတ်မလဲဘဲနဲ့ မိန်းမယူပါ။ သူဘယ်သူ့မှမသိအောင်ဖုံးထားပေးပါမယ်ဆိုတဲ့စကားကို နားမထောင်ခဲ့ လို့ပါ။ လူဝတ်လဲတာကိုသိသွားရင် ဆရာ့နာမည်နဲ့အလှူခံလို့မရတော့မှာကို သူတအားကြောက်နေတာကိုး။ ရဟန်းတစ်ပါး သိက္ခာချလူဝတ်လဲပြီးအိမ်ထောင်ပြုတာ ဘာအပြစ်မှမရှိပါဘူး။ ဒါပေမယ့် လူဝတ်မလဲဘဲ အိမ်ထောင်ပြုနေတာကျတော့ အင်မတန်အပြစ်ကြီးပါတယ်။ သေရင်လည်းငရဲအထိကျနိုင်ပါတယ်။ ဦးကလိမ်က ဆရာ့ကိုငရဲကျမယ့်အကြံကိုပေးခဲ့တာပါ။ ဒီလိုအကြံမျိုးပေးတယ်ဆိုတော့သူကိုယ်တိုင်ဒီအလုပ်မျိုးလုပ်နေကျ လက်ယဉ်နေသူလားလို့တွေးစရာပါ။ အဲဒီအကြံÓဏ်ကို ငြင်းလိုက်ပြန်တော့ဒုတိယအကြံကိုပေးပြန်ပါတယ်။ လက်ထပ်ပြီး မြန်မာပြည်ရဲ့တစ်နေရာမှာသူဝှက်ထားပေးမယ်။ လူမသိအောင်ခြောက်လတစ်နှစ်လောက်သွားနေပါ။ သူက ဆရာတောထွက်ပြီးတရားအားထုတ်နေပါတယ်လို့အင်တာနက်ကနေ သတင်းလွှင့်ပေးမယ်တဲ့။ ဒါတစ်ပြည်လုံးကိုလိမ်ဖို့သွေးဆောင်စည်းရုံးတာပါ။ ဒါကိုလည်း ဆရာလက်မခံခဲ့ပါဘူး။ နိုင်ငံခြားရောက်နေတဲ့အချိန်မှာ ဦးကလိမ်က ဆရာ့ကိုမုန်းဖို့အတွက်တတိယအချက်ပေါ်လာပြန်ပါတယ်။ ဆရာကလူဝတ်လဲတဲ့သတင်းရယ်၊ ရစရာရှိတာတွေကိုထုခွဲရောင်းချပြီး လှူမယ့်သတင်းရယ်ကိုတစ်ခါတည်းထည့်ချင်တယ်။ ပြဿနာကအဲဒီမှာ စတယ်။ ဆရာလှူချင်တဲ့နေရာတွေကများတယ်။ ဓမ္မပူဇာငွေရတာလေးနဲ့ လှူဖို့မလောက်ဘူး။ ဒါကြောင့်မြေကွက်တို့၊ တိုက်ခန်းတို့ကိုဝယ်ထားပြီး ပြန်ရောင်းတဲ့အခါငွေပိုထွက်လာတာပေါ့။ အဲဒီလိုကိစ္စမျိုးတွေကို ဒကာတွေ၊ တပည့်တွေကသူတို့နာမည်နဲ့ဝိုင်းလုပ်ပေးကြတယ်။ အဲဒီအထဲမှာ ဦးကလိမ်က အများဆုံးပေါ့။ သူတာဝန်ယူပြီးမြေကွက်တစ်ကွက်၊ ကွန်ဒိုတိုက်ခန်းတစ်ခန်း (ငွေသွင်းဆဲ)တိုက်ခန်းနှစ်ခန်း၊ နောက်ပြီးမဝါဝါခိုင်မင်းဦးဆောင်ပြီး ဝယ်ထား တဲ့တောင်ဒဂုံက မြေကွက်ထဲမှာရှယ်ရာလေးစုသိန်း ၂ဝဝ ရယ်ကိုထည့်ထား တယ်။ မြေကွက်ရောင်းပြီးတဲ့အခါအမြတ်ထဲကဆယ်ရာခိုင်းနှုန်းကို ပရဟိတ အတွက်လှူပြီးကျန်အမြတ်ကိုခွဲဝေလှူဖို့အင်တာနက်ကတင်တာ အားလုံးတွေ့ ကြမှာပါ။ စုပေါင်းလှူနိုင်ခွင့်ရလို့ အလွန်ကောင်းတဲ့အစီစဉ်ပါ။ အဲဒီမြေကွက် ရောင်းပြီးလို့ရတဲ့အရင်းနဲ့အမြတ်ငွေကိုမေတ္တာရှင်-ရွှေပြည်သာဖောင်ဒေးရှင်း ကို ထည့်ပေးဖို့ဦးကလိမ်ကိုပြောထားပါတယ်။ အဲဒီမြေကွက်ကတော့ စုပေါင်း ဝယ်တာဆိုတော့ ရောင်းပြီးမှအရင်းရောအမြတ်ရောရမှာဆိုတော့ ထားဦး ပေါ့။ စောင့်ရမှာပေါ့။ ကျန်တဲ့မြေကွက်နဲ့တိုက်ခန်းတွေကတော့ ဆရာရဲ့တစ် ဦးတည်းပိုင်ဖြစ်လို့ဆရာလှူချင်ပြီဆိုရင် ဦးကလိမ်အနေနဲ့ချက်ခြင်းလွှဲပေးရ မှာပါ။ ပြီးတော့ဆရာ့ဆီက ငွေသိန်းနှစ်ရာဦးကလိမ်က ချေးထားသေးတယ်။ သူ့အစ်ကိုရဲ့မိသားစုတွေနေဖို့တိုက်ခန်းဝယ်ချင်လို့ဆိုပါတယ်။ မလေးရှား တရားပွဲပျက်တဲ့အတွက် လျော်ကြေးပုံစံအနေနဲ့ လေယာဉ်လက်မှတ်ဖိုးပေးရ မယ်ဆိုပြီးဒေါ်လာ ၃ဝဝဝ လည်း ယူသွားပါသေးတယ်။ တကယ်ရောက် မရောက်မလေးရှားကတရားပွဲအကျိုးဆောင်တွေပဲသိမှာပါ။ ဆရာက ပစ္စည်း တွေထုခွဲရောင်းချပြီးပရဟိတလုပ်ငန်းတွေမှာခွဲဝေလှူဒါန်းချင်ကြောင်းပြောတဲ့ အခါတုန်းက ဦးကလိမ်ကတားတယ်။ မလှူပါနဲ့။ ဆရာတို့လင်မယား မြန်မာ ပြည်ပြန်ရောက်တဲ့အခါ ဒါတွေထုခွဲရောင်းချပြီး ချမ်းချမ်းသာသာနေရတာပေါ့ တဲ့။ ဆရာတို့ကခါးခါးသီးသီးငြင်းတဲ့အခါ မလွှဲပေးဘဲအချိန်ဆွဲနေတာ တစ်လ လောက်ကြာသွားတယ်။ အဲဒီအချိန်မှာ ဆရာနဲ့လက်ထပ်တဲ့အမျိုးသမီးက ပရဟိတတွေလှူဒါန်းဖို့အတွက် သက်သေရအောင်အီးမေးလ်ပို့ထားမှဖြစ်မယ် ဆိုပြီးပို့လိုက်တယ်။ အီးမေးလ်ပို့ပြီးတော့သက်သေကရသွားပြီ။ မပေးရင် မရတော့မှန်းသိမှ လွှဲပေးပါ့မယ်လို့ပြောလာတယ်။ အဲဒီအခါဈေးစစ်လိုက်သေးတယ်။ သူ့ကိုချေးထားတဲ့သိန်းနှစ်ရာကို တစ်ခါတည်းလှူပါ။ ပညာရေးနဲ့ကျန်းမာရေးတွေမှာအတိုးနဲ့ထောက်ပံ့ပေးပါ့မယ်လို့ကတိပေးပါတယ်။ ဒါကြောင့်သတင်းစာ မှာလှူမယ့်အတိုင်းလှူလိုက်တာပါ။ ပညာရေးနဲ့ကျန်းမာရေးမှာတကယ်လှူမလှူကတော့အားလုံးစုံစမ်းကြည့်ကြပေါ့။ ဆရာ့ အနေနဲ့ကတော့နောက်ကြောဓားနဲ့ထိုးပြီး ငွေရှာတတ်တဲ့တပည့်မျိုးနဲ့ဘဝဆက်တိုင်းလွဲရပါစေလို့ဆုတောင်းမိတယ်။
မေး - ဆရာ့အနေနဲ့ မိန်းမနဲ့ပတ်သက်တဲ့စွပ်စွဲမှုတွေအင်တာနက်မှာပြန့်နေတာနဲ့ပတ်သက်ပြီး ဆရာဘာများပြောချင်လဲ။
ဖြေ - အခြေအမြစ်မရှိဘဲ အင်တာနက်ကိုအသုံးပြုပြီး ရန်ရှာတိုက်ခိုက်ကြတာကြောင့်အပြစ်မဲ့တဲ့မအူပင်မိဘမဲ့ကျောင်း အကျိုး ဆောင်လင်မယားပြဿနာတက်နေရပါပြီ။ နော်လင်းလင်းမြတ်ထွန်းရဲ့ ဖခင်ဟာ အသည်းကင်ဆာနဲ့ကွယ်လွန်မယ့်အချိန် ကိုအားငယ်စွာစောင့်နေရချိန်မှာ သမီးဖြစ်သူကထွက်သွားတော့ဘယ်လောက်ခံစားရမလဲ။ မိဘမဲ့မိန်းကလေး ၅ ယောက် ဟာလည်း စောင့်ရှောက်သူမဲ့မည့်ဘဝမျိုးနဲ့ညှိုးငယ်နေကြပါပြီ။ ဒီလိုအပြစ်မဲ့သူတွေဒုက္ခရောက်သွားတာကိုအင်တာနက်မှာ အရမ်းကာရောရေးသူတွေဝမ်းသာပါသလားလို့မေးချင်ပါတယ်။ တကယ်တော့အခုလိုစွပ်စွဲတဲ့ရဟန်းနဲ့မာတုဂါမဇာတ်လမ်း တွေဟာ လူ့လောကမှာအများအပြားရှိကြပါတယ်။ ဆရာရဟန်းဘဝမှာအောင်မြင်လာပြီဆိုတော့အမျိုးသားရော အမျိုး သမီးပါချဉ်းကပ်တာတွေရှိခဲ့တာပေါ့။ ဒါပေမယ့်ကိုယ်က မေတ္တာသမားဆိုတော့ အားလုံးကိုစိတ်ချမ်းသာအောင်ပြောဆိုပေးခဲ့ ပါတယ်။ ဆရာ့အနေနဲ့နှုတ်နဲ့ပြောဆိုမှုတွေကြောင့်တစ်ပါးသူထိခိုက်မိမယ်လို့မမြင်မိပါဘူး။ တစ်ဖက်မာတုဂါမမှာလည်း ကိုယ့်ကိုရိုးသားစွာဆက်ဆံပြောဆိုတာနဲ့တစ်ဖက်က သွားပုပ်လေလွင့်ပြောဆိုမှုတွေကြောင့် အိမ်ထောင်ကွဲလောက်အောင် ဖြစ်တယ်ဆိုရင်လည်း ဒါဟာတစ်ဖက်လူတွေရဲ့စိတ်ယုတ်မာမှုတွေပါ။ ဆရာ့အနေနဲ့တစ်ဖက်စွပ်စွဲခံရသူတွေအနေနဲ့ပါ လိပ်ပြာလုံတယ်လို့ဆရာပြောရဲတယ်။ တိုက်ခိုက်သူတွေရဲ့အကုသိုလ်ဟာလည်းကြောက်စရာပါ။ နောက်ပြီးပြန်တွေးကြည့် တော့ ကိုယ်လိုမပြောနဲ့။ မြတ်စွာဘုရားလက်ထက်တော်ကပေါ့။ မြတ်စွာဘုရားဟာ ဝေသာလီပြည်မဟာဝုန်းတောမှာ သီတင်းသုံးနေတဲ့အခါညီတော်အာနန္ဒာက မြတ်စွာဘုရားကိုလျှောက်တယ်။ ဒီအရပ်မှာခဲဖွယ်ဘောဇဉ်တွေပေါများတယ် ပေါ့။ ဒီတော့မြတ်စွာဘုရားကညီတော်အာနန္ဒာကိုဒီလိုခဲဖွယ်ဘောဇဉ်တွေပေါရင် စာြး<ွကင်းတွေကိုပရဗိုဇ်မတွေကိုပေးဖို့ မိန့်ကြားခဲ့တယ်။ ဒါနဲ့ညီတော်အာနန္ဒနာက မုန့်ဝေတဲ့အခါပရဗိုဇ်မတစ်ဦးဆီမှာမုန့်နှစ်ခုကပ်ပါသွားတယ်။ ဒါကိုဘေးက ပရဗိုဇ်တွေကညီတော်အာနန္ဒနဲ့ပရဗိုဇ်မကိုပေးစားပြောဆိုကြတယ်။ နောက်နှစ်ရက်သုံးရက်လည်း ဒီလိုအဖြစ်မျိုးထပ်ဖြစ် ပြန်တော့ပိုစွပ်စွဲကြတော့တာပေါ့။ ညီတော်အာနန္ဒာက မသိလို့မှားပြီးလှူဒါန်းခဲ့တာကိုတောင် အဲဒီခေတ်မှာစွပ်စွဲခံရသေး တာပဲ။ ခေတ်အဆက်ဆက်မှာ ဒီလိုလူတွေတော့ရှိနေမှာပါ။ ဒါကြောင့်လည်းဆရာရင်းရင်းနှီးနှီးဦးစားပေးပြောဆိုဆက်ဆံ သူတွေနဲ့စွပ်စွဲကြတာပေါ့။
မေး - ဆရာ့အနေနဲ့ရဟန်းဘဝကိုစွန့်လွှတ်ချိန်မှာအားလုံးခွဲဝေလှူဒါန်းခဲ့တာဆိုတော့ လူ့ဘဝကိုဘယ်ဝင်ငွေနဲ့ဆက်လျှောက် လှမ်းမှာပါလဲ။
ဖြေ - လူ့ဘဝရောက်ပြီးတဲ့နောက် စာရေးလို့ရတဲ့စာမူခနဲ့ဘဝခရီးကိုဆက်လျှောက်ဖို့စိတ်ကူးထားပါတယ်။
မေး - နောက်ဆုံးအနေနဲ့မေးချင်တာကတော့ တစ်ချိန်မှာရဟန်းဘဝကိုပြန်လာဖို့စိတ်ကူးရှိပါသလား။
ဖြေ - ဆရာ့ရည်မှန်းချက်ကြီးအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရဟန်းဘဝကို ပြန်သွားမှာပါ။ အဆင်ပြေတဲ့အချိန် မှာ ရဟန်းပြန်ဝတ်ခွင့်ပြုမယ့်အကြောင်းဇနီးဖြစ်သူကလည်းကတိပေးထားပါတယ်။
မေး - ဆရာ့အနေနဲ့ပရိသတ်ကိုပြောချင်တာလေးများရှိပါသေးလားခင်ဗျာ။
ဖြေ - အင်း ဓမ္မပဒသုန္ဒရီဝတ္ထထဲကအကြောင်းတစ်ခုကိုပြောချင်ပါတယ်။ မဟုတ်မမှန်လုပ်ကြံစွပ်စွဲသူ ထိုသို့စွပ်စွဲသည်ကိုမစူးစမ်း မဆင်ခြင်ဘဲ ယုံကြည်လက်ခံသူ ထိုနှစ်ဦးတို့သည်ငရဲ၌အတူဆုံကြရပေလိမ့်မည်ဆိုတဲ့ဓမ္မပဒဝတ္ထုလေးကိုပဲ အားလုံးကိုပြော ကြားရင်း နိဂုံးချုပ်ချင်ပါတယ်။

    မြတ်မင်းမောင် တွေ့ဆုံမေးမြန်းသည်

ဧည့်သည် ဒူးထောက်ကြိုခိုင်းတဲ့ဟိုတယ်ကို ဝန်ကြီးဌာန ခေါ်ယူသတိပေး



ဟိုတယ်ခရီး ဝန်ကြီးဌာနက တည်းခိုခန်း/ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြားချက်တခု ထုတ်လိုက်ပါတယ်။
လိုတာထက်ပိုကဲတဲ့ မသင့်လျော်တဲ့ ဝန်ဆောင်မှုတွေ မပေးကြဖို့ပါပဲ။

ဒီညွှန်ကြားချက်ဟာ မကြာသေးခင် အွန်လိုင်းမှာ လူပြောများခဲ့တဲ့ ပုံတပုံကြောင့် ဖြစ်ပါလိမ့်မယ်။

ရန်ကုန်က ဈေးကြီးကြီးဟိုတယ်ခုရဲ့ဧည့်ကြိုခန်းမမှာ ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။
တန်းစီပြီးဒူးထောက်ရတဲ့ဝန်ထမ်း ၄ ယောက်ခန့် ရှိပါတယ်။

ဧည့်သည်ကို ရှင်ဘုရင်စိတ် ဝင်သွားအောင် လုပ်တဲ့ ဝန်ဆောင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာတော့ ဒီဝန်ဆောင်မှုက ကောင်းကောင်း အဆဲခံနေရပါပြီ။

ဟိုတယ်ခရီးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ရုံတင်မက သက်ဆိုင်ရာဟိုတယ်ကိုလည်း ခေါ်ယူ သတိပေးထားကြောင်း ဒီကနေ့ရက်စွဲနဲ့ ဝန်ကြီးဌာနအွန်လိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းမှာတွေ့ရတဲ့သတင်း


ထုတ်ပြန်ချက် နဲ့ ညွှန်ကြားချက်တို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

လူမှုကွန်ယက်များတွင်ပျံ့နှံ့လျက်ရှိသော Vintage Luxury Yacht Hotel ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက အဆိုပါဟိုတယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြင်းထန်စွာသတိပေး


 
၂၅ ဇူလိုင်၊ နေပြည်တော်


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht  Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ် အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။

အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။

စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များ စိတ်ဝင် စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service) သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ  အရိုအသေ၊အလေးအမြတ်ပေးသော  အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊  ယဉ်ကျေးမှုထက်  ပိုမိုလွန်ကဲပြီး တစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို  နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်း ရန် ပြင်းထန် စွာသတိပေးခဲ့ပါသည်။

Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သောဝန်ဆောင်မှုများကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ် အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေးထားရှိပါသည်။


ဧရာဝတီ Blog

ကာချုပ်သစ် အဖြစ် ရေပန်းစားသော ဗိုလ်ချုပ်မြထွန်းဦး ရာထူးတိုး



အာဇာနည်နေ့ အခမ်းအနား တက်ရောက်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် အဖြစ်ရေပန်းစားနေသည့် ဗိုလ်ချုပ်မြထွန်းဦးကို ဇွန်လနှောင်းပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး တိုးမြှင့်ပေးလိုက်ပြီး တပ်မတော်တွင် လက်ရှိ နံပါတ် ၄ အဆင့်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ဖြစ်လာကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး  ၂၀၁၂ ခုနှစ်တွင် စစ်ဦးစီးအရာရှိ ချုပ်(ကြည်း) အဖြစ် ခန့်အပ်ခံထားရသူဖြစ်ကြောင်း၊ ယခင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သဘောကျခဲ့ သည့် မျိုးဆက်သစ် တပ်မတော်အရာရှိ တဦးဖြစ်ကာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးကိုယ်တိုင်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို လေးစားရိုသေသူဖြစ်ကြောင်း သိရှိရသည်။

“တပ်မတော်မှာ အရေးပါတဲ့နေရာအတွက် အလားအလာ ရှိတဲ့သူတွေက ရာထူးအဆင့်တိုးတာ ခပ်မြန်မြန်ပဲ တိုးလေ့၊ ရာထူးတက်လေ့ ရှိတယ်။ ရာထူးအဆင့် ဘယ်လိုပဲရှိနေစေကာမူ သူယူထားတဲ့ တာဝန်က ကြီးတယ်ဆိုရင် အဲဒီတာဝန် အတွက် အဆင့် တိုးတာ မြန်နိုင်သမျှ မြန်မြန် တက်သွားလေ့ရှိတယ်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဆိုတဲ့ တာဝန်ကို ဗိုလ်ချုပ် မြထွန်းဦးကို ပေးလိုက် ကတည်းက တချိန် အနာဂတ် တပ်မတော်ခေါင်းဆောင်အဖြစ် အလားအလာ များတယ် ဆိုတာ သိသာစေတယ် ” ဟု စစ်ဘက်ရပ်ကွက်နှင့်နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးသည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆက်ဆံရေး ကောင်းမွန်စေရေး စွမ်းဆောင်နိုင်ခဲ့သူတဦးဖြစ်ကြောင်း၊ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကိုယ်စားပြု တက်ရောက်နေသူဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင် ၁၉ ရက်နေ့ကျရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (OTS-56) တို့ဦးဆောင်တက်ရောက်ခဲ့ပြီး အစိုးရသတင်းစာများတွင် ရာထူး အဆင့် အလိုက် တပ်မတော်အရာရှိကြီးများ၏ အမည်များကို ဖော်ပြခဲ့ရာ  ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၏အမည်ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ရှေ့တွင် ဖော်ပြခဲ့သည်။
ဧရာဝတီ http://burma.irrawaddy.org/news/2014/07/22/62205.html

အိန္ဒိယ လူငယ်တစ်ဦး သွားပေါင်း ၂၃၂ ချောင်းနှုတ်ခဲ့ရ

သွားပေါင်း ၂၃၂ ချောင်း နှုတ်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ဆယ်ကျော်သက် (Credit: AFP) 

အိန္ဒိယနိုင်ငံက ​ဆရာဝန်တွေက ​ဆယ်ကျော်သက်အရွယ် ​တစ်ဦးရဲ့ ​သွားအချောင်းပေါင်း ​၂၃၂ ​ချောင်းကို ​၇ ​နာရီကြာအောင် ​နှုတ်ခဲ့ရတယ်လို့ ​သိရပါတယ်။

အသက် ​၁၇ ​နှစ်အရွယ် ​Ashik ​Gavai ​ဟာ ​ညာဖက်မေးရိုး ​ရောင်ကိုင်းနေတဲ့ ​ဒဏ်ကို ​တစ်နှစ်ခွဲနီးပါး ​ကြိတ်မိတ် ​ခံစားခဲ့ရာကနေ ​မိဘတွေက ​ကင်ဆာလို့ ​ယူဆပြီး ​ဆရာဝန် ​ပြပြီးနောက်ပိုင်း ​ခွဲစိတ်ကုသမှု ​ခံယူခဲ့တာ ​ဖြစ်ပါတယ်။

သူ့မှာ ​odontoma ​လို့ခေါ်တဲ့ ​ထူးဆန်း ​ရှုတ်ထွေး ​တဲ့ ​ရောဂါရှိနေ ​တာဖြစ်ပါတယ်။

ဆရာဝန်တွေက ​သာမန် ​ခွဲစိတ်မှုလို့ ​ယူဆခဲ့ပေမယ့် ​အဲဒီမေးရိုးကို ​ခွဲစိတ်တဲ့အခါ ​ပုလဲလို ​ဖြူဖွေးနေတဲ့ ​သွားအချောင်းပေါင်း ​၂၀၀ ​ကျော်ကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

အရင်တုန်းကတော့ ​သွားအချောင်းပေါင်း ​၃၇ ​ချောင်းရှိတဲ့ ​လူသားရှိခဲ့တယ်ဆိုတာ ​စာအုပ်တွေထဲမှာ ​ဖတ်ခဲ့ရပေမယ့် ​ဒီတချီမှာတော့ ​သွားအချောင်းပေါင်း ​၂၃၂ ​ချောင်းရှိတဲ့အတွက် ​ကမာ့္ဘစံချိန်တင်လောက်တယ်လို့ ​ခွဲစိတ်ကုသမှု ​လုပ်ခဲ့တဲ့ ​ဆရာဝန်မ ​တစ်ဦးက ​ပြောခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-25/1347979
 

Algeria လေယာဉ်ပျက်ကျရာ နေရာတွေ့ပြီ

Air Algerie လေကြောင်းပိုင်လေယာဉ်တစ်စင်း။
 ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက် ရှိရာ နေရာကို ရှာဖွေနေသူ တွေက တွေ့ရှိ ထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံး သွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေး တခုအတွင်း မစ္စတာ Keita  က အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူ ရှိမရှိဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ တာဝန်ရှိသူတွေ  အပြောအရ လေယာဉ်ပေါ်မှာ လူ ၁၁၆ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။

အာဖရိက အနောက်ပိုင်းမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေ ကလည်း လေယာဉ်ပျက်ရှာဖွေရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စောစောပိုင်း ကတော့ အဲဒီလေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ဖို့ များတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပြင်သစ်ရောက် ယင်လတ်နဲ့ ကြိုနေသူ သက်ဆင်

ပြင်သစ်နိုင်ငံကို ဆိုက်ရောက်လာတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ရှင်နာဝပ်ကို အကိုဖြစ်သူ သက်ဆင်က ပွေ့ဖက် ကြိုဆိုတဲ့ ဓာတ်ပုံကို ထိုင်း Khaosod မှာ အခုပဲ တက်လာပါတယ်။ 


 ဓာတ်ပုံ- khaosod

 ပြင်သစ်နိုင်ငံမှာ ကျင်းပမယ့် သက်ဆင်ရဲ့ မွေးနေ့ပွဲ တက်ရင်း အကိုဖြစ်သူနဲ့ တွေ့ဖို့ ထိုင်းနိုင်ငံ အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကောင်စီ အစိုးရအဖွဲ့ ထံကို မစ္စ ယင်လတ်က ပြည်ပထွက်ခွာခွင့် 
aတာင်းခံခဲ့ရာမှာ ခွင့်ပြုခဲ့လို့ မနေ့က ဘန်ကောက် ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ 

မစ္စယင်လတ် ပြည်ပခရီးထွက်ခွာတာမှာ အသုံးအဆောင် အိတ်တွေ ၁ ဒါဇင်လောက် သယ်ဆောင်သွား တဲ့အပေါ် ထိုင်း နိုင်ငံကို ပြန်မှ ပြန်လာပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထိုင်း လူမှု ကွန်ရက်မှာ ဝေဖန်
နေကြ ပါတယ်။ 

ဘန်ကောက်ပို့စ်သတင်းတခုမှာတော့ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့ ပြန်လာမယ်လို့ မစ္စယင်လတ်နဲ့ နီးစပ်သူ တဦးပြောတာကို ရေးထားပါတယ်။ 


အိမ့်သံစဉ် ~ ဧရာဝတီ

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက် လယ်ကွက်များ ပင်လယ်ရေ ပိုလွှမ်းလာ

Displaying DSCN0685.JPG
ပင်လယ်ရေလွှမ်းနေသည့် လယ်ကွက်များကို တွေ့ရစဉ်
ဓာတ်ပုံ - Dawei Watch


ထားဝယ်၊ ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ PTTEP ကုမ္ပဏီ၏
သဘာဝဓါတ်ငွေ့ပိုက်လိုင်းတစ်လျှေ
ာက် ကမ်းခြေနှင့် နီးသည့် လယ်ကွက်များတွင်
ပင်လယ်ရေ ပိုလွှမ်းလာသည့် ပြဿနာ ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောသည်။
ကံပေါက်ဒေသ၊ ဖောင်းတော၊ ဓမင်းဆိပ်နှင့် မော်ကြီးကျေးရွာတို့မှ
လယ်သမားများ၏ လယ်မြေဧက ၆၀၀ ၀န်းကျင်အနက် တစ်ဝက်ခန့် ယင်းသို့
ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောသည်။
ပိုက်လိုင်းတစ်လျှောက် ကမ်းခြေနှင့် ပိုနီးသည့် လယ်ကွက်များမှာ
ရေလွမ်းမိုးမှုဒဏ် ပိုမိုခံရပြီး အချို့ လယ်ကွက်များမှာ သဲဖုံးခြင်းနှင့်
လယ်ကန်သင်းရိုးများ ပျက်စီးခြင်းတို့ကိုပါ ကြုံတွေ့နေရကြောင်း ၎င်းတို့က
ပြောသည်။
“ပင်လယ်ရေငန်ဝင်ပြီး စပါးပင်အချို့ သေဆုံးတာမျိုးရှိနေလို့
ဒီနှစ်စပါးထွက်နှုန်းကျမှာ လယ်သမားတွေက စိုးရိမ်နေတယ်”ဟု
ဖောင်းတောကျေးရွာမှ လယ်သမား ဦးခင်မောင်သန်းက ပြောဆိုသည်။
ယင်းသို့ လယ်ကွက်များ ပင်လယ်ရေလွှမ်းမှု ပိုကြုံရခြင်းမှာ
ပိုက်လိုင်းသွယ်တန်းစဉ်က ကမ်းခြေရှိ ဒီရေတောများကို
ခုတ်ထွင်ခဲ့ခြင်းကြောင့်ဟု ဒေသခံများက ပြောဆိုသည်။
“အရင်က ပင်လယ်ရေလွမ်းတာ ခံရဖူးပေမယ့် အခုဖြစ်တာက ပိုဆိုးရွားနေတယ်” ဟု
လယ်သမားတစ်ဦးဖြစ်သူ ဦးဝဏ္ဏစိုး က ဆိုသည်။
ယင်းသို့ ပင်လယ်ရေလွှမ်းခြင်းကြောင့် စပါးပင်များ သေဆုံးသည့်ကိစ္စနှင့်
ပတ်သတ်ပြီး ပြီးခဲ့သည့်အပတ်က မော်ကြီးကျေးရွာအုပ်ချုပ်ရေး
အဖွဲ့ဝင်နှင့်အတူ လယ်သမားများက ကုမ္ပဏီသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးရာ
အထက်ကို တင်ပြပေးမည်ဟု ကုမ္ပဏီမှတာဝန်ရှိသူက ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက် ပြောဆိုပြီးနောက်တွင် ပင်လယ်ရေလွမ်းမိုးမည့်
ပင်လယ်ကမ်းခြေနှင့်အနီးကပ်နေရာများ၌
သဲအိတ်များ လာရောက်ချထားပေးလျက်ရှိပြီး စပါးပင်များ သေဆုံးသည့် ကိစ္စနှင့်
ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးဟု လယ်သမားများထံမှ
သိရသည်။
|Dawei Watch|

အယ်လ်ဂျီးရီးယားလေယာဉ် ဝေဟင်မှာပျောက်ဆုံး


လူပေါင်း ၁၁၆ ယောက် ထက်မနည်း လိုက်ပါသွားတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် တစင်း Burkina Faso နိုင်ငံမြို့တော်ကနေ Algeria မြို့တော် အယ်လ်ဂျီးယာ့(စ်) Algiers ကို ပျံသန်းနေစဉ် ဒီကနေ့ လမ်းမှာ ပျောက်သွားခဲ့လို့ အခု လေယာဉ် ရှာဖွေရေး စတင် လုပ်ဆောင်နေကြ ပါပြီ။ လေယာဉ်ဟာ လမ်းမှာ ပျက်ကျသွားခဲ့ တာလို့ အမည်မဖော်လိုသူ အယ်လ်ဂျီးရီးယား အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပေမဲ့ အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း ကတော့ လေယာဉ်ဟာ ပျောက်ဆုံးနေတဲ့ အခြေအနေမှာပဲ ရှိတာပါလို့ ဆိုပါတယ်
။ပျောက်ဆုံးလေယာဉ်မှာ ခရီးသည် ၁၁၀ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် လိုက်ပါသွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက ကြေညာချက် ထုတ်ထားပါတယ်။ ခရီးသည်တွေထဲမှာ ပြင်သစ် နိုင်ငံသား ၅၀၊ Burkina Faso နိုင်ငံသား ၂၄ ယောက်၊ လက်ဘနွန်နိုင်ငံသား ၈ ယောက်၊ စပိန်နိုင်ငံသား ၆ ယောက်၊ အယ်လ်ဂျီးရီးယား ၆ ယောက်နဲ့ တခြား နိုင်ငံတွေက လူတချို့ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အယ်လ်ဂျီးရီးယား နယ်စပ်နဲ့ Gao မြို့ကြား မာလီနိုင်ငံ မြောက်ပိုင်းမှာ ပျောက်သွားခဲ့တဲ့ MD-83 လေယာဉ် ဘာကြောင့် ပျောက်ဆုံးခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေကို စုံစမ်းစစ်ဆေးသူတွေကို ရှာဖွေနေကြပါတယ်။ အဲဒီဒေသမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေ နှစ်စင်းကလည်း ပျောက်နေတဲ့လေယာဉ်ကို ရှာဖွေနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Thursday, July 24, 2014

ဖွတ်မရ ဓားမဆုံးသည့် ကန့်ဘလူမှ တောင်သူများ









ဇူလိုင် ၁၄ ရက်နေ့က ကန့်ဘလူမြို့နယ် တရားရုံး၌ မြေသိမ်းခံ တောင်သူများအား ဒုတိယအကြိမ် ရုံးချိန်းမြင်ကွင်း (ဓာတ်ပုံ – မင်းနိုင်သူ / ဧရာဝတီ)

“ဟေ့ … လက်ထိပ်ခတ်ဖို့ မလိုဘူးကွ၊ ဒါ ရာဇ၀တ်မှု မဟုတ်ဘူး၊ ငါ့မြေငါ့ယာမှာ ငါ့လုပ်ငန်း ငါလုပ်တာကို မတရား ဖမ်းဆီးထောင်ချတာ။ လက်ထိပ် မခတ်နဲ့၊ အခတ်မခံနိုင်ဘူး” ဆိုသော အသံသည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တရားရုံးခန်း အတွင်းမှ ဟိန်းထွက်လာသည့် အသံများထဲမှ တခု ဖြစ်သည်။
ထောင်ဒဏ် စီရင်ခြင်းခံရသော လယ်သိမ်းခံ တောင်သူများနှင့် ရဲများအကြား တွန်းထိုးလှုပ်ရှားမှု အနည်းငယ် ဖြစ်ပွားသွားသည်။ တရားရုံး ပြင်ပမှ စီရင်ချက်ကို စောင့်နားထောင်နေသော မြေသိမ်းခံ တောင်သူများထံမှ တောက်ခေါက်သံများ၊  မတရား မလုပ်ကြရန် ၀ိုင်းဝန်း အော်ဟစ်သံများ ပေါ်ထွက်လာသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင် ကန့်ဘလူ မြို့နယ်အတွင်း ကျေးရွာများမှ လယ်မြေအသိမ်းခံ မူလလယ်မြေ ပိုင်ရှင်များကို ပုဒ်မ ၄၂၇ ဖြင့် တရားစွဲကာ ထောင်ဒဏ် ချမှတ်နေခြင်း ဖြစ်သည်။ ယင်းတောင်သူများသည် စစ်တပ်က သိမ်းယူထားသော ၎င်းတို့၏ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယခုနှစ်ဆန်ပိုင်းမှ စတင်ပြီး ထွန်တုံးတိုက်ပွဲဝင်ခဲ့ရာမှ ပြစ်ဒဏ်စီရင် ချမှတ်ခံရခြင်း ဖြစ်သည်။
ရဲမှူးကြီးတဦးက တောင်သူများကို  လက်ထိပ်မခတ်ရန် အမိန့်ပေးလိုက်သဖြင့် ထောင်ဒဏ် စီရင်ခြင်းခံရသော မြေသိမ်းခံတောင်သူ ၁၆ ဦး လက်ထိပ်မပါဘဲ ၄င်းတို့ကို တင်ဆောင်မည့် ရဲကားများပေါ် ရင်ကော့ တက်သွားကြသည်။
“တောင်သူတွေ တောင်သူလုပ်လို့ အဖမ်းခံရသတဲ့ဗျို့ … ကြားဖူးကြရဲ့လား”၊  “ဖမ်းကွာ၊ ဖမ်းစမ်း၊ ငါတို့ တရွာလုံးကို လာဖမ်းစမ်းကွာ” စသည်ဖြင့် အော်ဟစ်နေသူများ ရှိသလို မိဘဆွေမျိုးများ ထောင်ဒဏ်ချမှတ်ခံရသဖြင့် ငိုယိုနေသော အမျိုးသမီးများ၏ အသံကလည်း ပွက်ပွက်ညံနေသည်။
ထောင်ဒဏ် ချမှတ်ခံရသည့် တောင်သူ အမျိုးသမီးကြီး ဒေါ်စိုးက ကားတွင်းမှနေ၍ ကားကိုယ်ထည်ကို တဗြန်းဗြန်း ပုတ်ကာ ခင်ပွန်းဖြစ်သူထံသို့ လှမ်း၍ “ကျုပ်တို့ မြေတွေကို လုံးဝ မစွန့်လွှတ်နဲ့၊ ဘယ်သူ လက်မှတ်လာထိုးခိုင်း ထိုးခိုင်း ထိုးမပေးနဲ့၊ ကျုပ်တို့ ငှက်ပျော့တိုင်း တရွာလုံး ကျုပ်တို့ မြေတွေကို အဆုံးရှုံးမခံကြနဲ့” ဟု အော်ဟစ် ပြောဆိုသည်။
ယင်းအမှုကို စောင့်ကြည့်နေသည့် ကန့်ဘလူမြို့ခံ တဦးက “ဒီကနေ့ အမိန့်ချခံရတဲ့ တောင်သူ ၁၈ ဦးကိုတော့ တမှု ၃ လနှုန်းနဲ့ ချလိုက်တာပေါ့။ ထွန်စက်ပိုင်ရှင်လို လူမျိုးဆိုရင် အမှုများတယ်ပေါ့။ သူက သူ့လယ်အတွက်လည်း ထွန်တယ်။ သူများလယ် အတွက်လည်း ထွန်ပေးရတဲ့အခါ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇ အပြင်  အားပေးအားမြှောက်မှု ပုဒ်မ ၄၂၇/၁၄၄ ဆိုတော့ အမှုတွေက များတော့တာပေါ့။ သူ လယ်ကွက် ၇ ကွက် ထွန်ခဲ့ရင် ၇ မှုပေါ့။ ဒီနေ့ စီရင်ချက် ချခံရတဲ့ တဦးဆိုရင် အမှုတွဲ ၁၂ ခုဖြစ်တဲ့ အတွက် တမှု ၃ လနှုန်းနဲ့  ၃ နှစ် ချခံလိုက်ရတယ်” ဟု ပြောသည်။
မြေသိမ်းခံ တောင်သူများအရေး ဦးဆောင် လှုပ်ရှားသူဟု အာဏာပိုင်များက ယူဆထားသည့် တောင်သူ ၃ ဦးကို ဇူလိုင် ၁၄ ရက်က ကန့်ဘလူ တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပြီး ဖြစ်သည်။
“၁၄ ရက်ကလည်း ဦးကောင်းထွန်း၊ ပေကြီးရွာ အုပ်ချုပ်ရေးမှူး နဲ့ ထောက်ရှာအိုင် အုပ်ချုပ်ရေးမှူး၊ သူတို့ ၃ ယောက်ကို ပုဒ်မ ၄၂၇ အရ စီရင်နိုင်တဲ့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်စီ အထိ ချမှတ် လိုက်တယ်” ဟု အဆိုပါ ကန့်ဘလူဒေသခံက ဆက်ပြောသည်။
မူလမြေပိုင်ရှင်များဘက်မှ ရှေ့နေလိုက်ပေးနေသော အထက်တန်းရှေ့နေ ဦးထွန်းထွန်းလင်းက ထောင်ဒဏ်ချမှတ် ခံလိုက်ရသော တောင်သူများ အတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောသည်။
ရှေ့နေ ဦးထွန်းထွန်းလင်းက “ကန့်ဘလူဒေသမှာ ကျနော်တို့ လိုက်ပေးနေတဲ့ အမှုပေါင်း ၅၃ မှု ရှိတယ်။ နောက်ထပ် တက်လာတဲ့ အမှုက ၂၆ မှု ရှိတယ်။ မြို့နယ် တရားရုံးဆိုတော့ တရားစီရင်ရေး အပိုင်းမှာ ဖိအားပေးခံရမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေတယ်။ တရားစီရင်ရေး မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင် ခံနေရတယ်ဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။
ပုဒ်မ ၄၂၇ ဆိုသည်မှာ အကျိုးစီးပွား ဖျက်ဆီးမှု ဖြစ်ပြီး ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်ကာ အမြင့်ဆုံး စီရင်မှုအဖြစ် ထောင်ဒဏ် ၂ နှစ် ချမှတ်ပိုင်ခွင့် ရှိသည့် အမှု ဖြစ်သည်။ ပုဒ်မ ၄၂၇/၁၄၄ ဆိုသည်မှာ အကျိုးစီးပွား ဖျက်ဆီးမှုကို အားပေးအားမြှောက် ပြုခြင်းဖြစ်ပြီး အကျိုးစီးပွား ဖျက်ဆီးမှုနှင့် ထပ်တူ တရားစီရင်နိုင်ကြောင်း သိရသည်။
ကန့်ဘလူမြို့မှ ရှေ့နေတဦးက “အခုဖြစ်တာက စစ်တပ်နဲ့ မြေသိမ်းခံ တောင်သူ ဖြစ်တာ မဟုတ်ဘူး။ စစ်တပ်က သီးစားချထားသူတွေ၊ စစ်တပ်စကားနဲ့ ပြောရရင်တော့ အကျိုးတူ တောင်သူပေါ့လေ။ အဲဒါနဲ့ မူလမြေပိုင်ရှင် တောင်သူတွေ အကြား ဖြစ်ပွားတဲ့ အမှုတွေ။ သီးစားတောင်သူတွေက သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို မူလတောင်သူတွေက ၀င်ရောက် ဖျက်ဆီးပါတယ် ဆိုပြီး တရားစွဲဆိုတာ။ ပြောရရင်တော့ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းတာမျိုးပဲ” ဟု ပြောသည်။
ကန့်ဘလူမြို့နယ် အတွင်းရှိ ငှက်ပျောတိုင်း၊ ထောက်ရှာအိုင်၊ ပေကြီး၊ ခအုံးတာ စသည့် ကျေးရွာများ အနီးတ၀ိုက်ရှိ မြေဧက တသောင်းကျော်ကို ၁၉၉၉ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးက တပ်မတော် ကြံစိုက်ပျိုးရေးအတွက် သိမ်းယူခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုင်ငံတော် သမ္မတ၏ တပ်သိမ်းမြေများအား ပြန်လည် ပေးအပ်မည်ဆိုသော စကားကို ကြားခဲ့ရပြီးနောက် ၀မ်းသာအားရ ဖြစ်ခဲ့ကြသော်လည်း ယခုဖြစ်ရပ်များက သမ္မတ၏ စကားကို ပြက်ရယ်ပြုနေသည်ဟု မြေသိမ်းခံ တောင်သူများက ပြောဆိုကြသည်။
“သမ္မတက ပြန်ပေးလို့ရတယ်၊ မြေပေးမယ်လို့ ပြောတော့ ကျနော်တို့ အရမ်းဝမ်းသာကြတယ်။ ကျနော်တို့ မြေတွေက စစ်တပ်၊ တပ်ရင်း အခြေစိုက်ထားတာမျိုး မဟုတ်ဘူးဗျာ။ လယ်မြေကို လယ်မြေအတိုင်းထားပြီး စစ်တပ်က သီးစား ချထားတာဆိုတော့ ပြန်ပေးမယ်ဆို ပြန်ပေးလို့ရတဲ့ မြေတွေလေ။ သကြားစက်ရုံမှာ ဗိုလ်ချုပ်မင်းဇော် လာတုန်းကလည်း ခင်ဗျားတို့ မြေတွေ ပြန်ပေးမယ် ဆိုပြီး ပြောခဲ့တယ်။ အဲဒီစကားအရ ကျနော်တို့ မူလပိုင်ရှင် တောင်သူတွေက ကိုယ့်မြေကိုယ် ထွန်ယက်တော့ သီးစားချထားသူတွေကို စစ်တပ်က နောက်က မြှောက်ပေးပြီး သူတို့သီးနှံတွေ ဖျက်ဆီးခံရပါတယ် ဆိုပြီး အမှုဖွင့်တယ်” ဟု ဒေသခံတောင်သူ ဦးကျောက်ခဲက ပြောသည်။
မြို့ခံတဦးက “တခြားအမှုတွေဆို အကြာကြီး ကိုင်ပြီး စစ်တယ်။ အခုအမှုတွေကတော့ အမှုစွဲတင်တဲ့ လပိုင်းအတွင်းကို တရားသူကြီး တဦးတည်းက အမှုအများကြီးကို ခဏခဏ ရုံးချိန်းဆင့်ခေါ် စစ်ဆေးပြီး စီရင်ချက် ချနေတာပဲ။ တရားသူကြီး ဆီကိုလည်း ချိပ်ပိတ်စာအိတ် ညွှန်ကြားလွှာဝင်ပြီး အဲဒီညွှန်ကြားချက် အတိုင်း စီရင်ချက် ချရတယ်လို့ တရားရုံးထဲက အသံ ထွက်လာတယ်” ဟု ပြောသည်။
တပ်မတော် ကြံစိုက်ပျိုးရေးမှ တာဝန်ရှိသူများက သီးစားချထားသူများအား နောက်ကွယ်မှ ပံ့ပိုးမှုများ ပြုလုပ်နေပြီး ရုံးချိန်းများတွင် တရားလို သီးစားချထားသူများအား တပ်ပိုင်ကားဖြင့် လိုက်ပါ ပို့ဆောင်မှုများ ရှိသည်ဟု မြေသိမ်းခံ တောင်သူများက ပြောသည်။
ကန့်ဘလူမြို့နယ် တရားရုံးတွင် အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၂၇၊  ၄၂၇/၁၄၄ တို့ဖြင့် စွဲဆိုထားသော အမှုပေါင်း ၁၀၀ ခန့် ရှိနေပြီး ယခုလပိုင်းအတွင်း ရုံးချိန်းများ တက်သုတ်ရိုက် ခေါ်ယူခဲ့ကာ စီရင်ချက်များ ချမှတ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။
အထက်တန်းရှေ့နေ ဦးထွန်းထွန်းလင်းက “ကျနော်တို့ကတော့ တရားစီရင်မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင် ခံရမှုတွေ မဖြစ်စေလိုဘူး။ တရားသဖြင့် မျှမျှတတ စီရင်ဆုံးဖြတ်စေချင်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာရင် မကောင်းဘူး” ဟု ပြောသည်။
ကန့်ဘလူ မြို့နယ်အတွင်း ပုဒ်မ ၄၂၇ ၊ ပုဒ်မ ၄၂၇/၁၄၄ တို့ဖြင့် တရားစွဲဆို ခံရခြင်းကြောင့် ထောင်ဒဏ် ချမှတ်ခြင်းခံရသူ တောင်သူ ၅၀ ကျော် ရှိနေပြီ ဖြစ်ပြီး ထပ်မံ စီရင်ချက်ချ ခံရမည့် အမှုများလည်း ကျန်ရှိနေသေးသည်ဟု သိရသည်။
ယင်းအမှုများနှင့် စပ်လျဉ်းပြီး ရွှေဘိုခရိုင် ရဲမှူးကြီး အုန်းလှိုင်သို့ ဧရာဝတီက စုံစမ်းမေးမြန်းရာ အဆိုပါ အမှုများကို ရဲက မကိုင်တွယ်ကြောင်း ပြောဆိုသည်။
“ဒီအမှုတွေကို ကျနော်တို့ ရဲက ကိုင်တွယ်တာ မဟုတ်ဘူး။ တရားရုံးကို ဦးတိုက် လျှောက်တာ။ ကျနော်တို့က ဒီကနေ့ အမိန့်ချမှတ်ခံရမယ့် ဦးရေများတဲ့အတွက် လုံခြုံရေး အင်အားဖြည့်တင်းပေးတာပဲ ရှိတယ်” ဟု ၄င်းက ဆိုသည်။
မိမိတို့ အဖြစ်သည် ကိုယ်တိုင် ချက်ပြုတ် ခူးခပ်ထားသော ထမင်းဝိုင်းကြီးအား တခြားသူများက ၀ိုင်းဝန်း စားသောက်နေသည်ကို ထိုင်ကြည့်နေရသည့် အဖြစ်နှင့် တူသည်ဟု ပေကြီးရွာမှ မြေသိမ်းခံ တောင်သူ ဦးချစ်သောင်းက မှတ်ချက်ပြုသည်။
ဦးချစ်သောင်းက “ကျနော်တို့ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေကို တပြားတချပ် မပေးဘဲ သိမ်းဆည်းခဲ့တယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အတွက် လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတော့လို့ ရွာသားတချို့ ရွာကို စွန့်ခွာသွားကြတယ်။ ကျောက်ခွဲ လုပ်ငန်းတွေ သွားလုပ်တဲ့သူလုပ်၊ တခြားနယ်က လုပ်ငန်းတွေ သွားလုပ်ကြနဲ့ အရင်က အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့တဲ့ ကျနော်တို့ ပေကြီးရွာဟာ အခုဆိုရင် အိမ်ခြေ ၈၂ အိမ်ပဲ ရှိတော့တယ်။ ကျနော်ဆိုလည်း သားသမီးတွေကို ကျောင်း မထားနိုင်တော့ဘူး။ ကလေးတွေ ပညာရေးတော့ သွားပြီ ” ဟု ပြောသည်။
ဧရာဝတီ http://burma.irrawaddy.org/article/2014/07/22/62192.html

လိုင်စင်မရှိဘဲ ထိုင်းကို အလုပ်သမားခေါ်ဆောင်သူတစ်ဦးကို ကော့သောင်းလေဆိပ်တွင် ဖမ်းဆီး

 ကော့သောင်း၊ ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ လေဆိပ်တွင် ဇူလိုင်လ၂၁ ရက်နေ့က
ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင် လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့
အလုပ်လုပ်ကိုင်ရန် အလုပ်သမားများအား ခေါ်ဆောင်လာသူတစ်ဦးအား
အလုပ်သမားများနှင့်အတူ ကော့သောင်းမြို့နယ် လူကုန်တားတပ်ဖွဲ့မှ
ဖမ်းဆီးခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
ကော့သောင်းလေဆိပ်တွင် မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ  ထိုင်းနိုင်ငံ
ဖန်ငကျေးရွာအနီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်သမားဖြစ်
အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာအလုပ်သမား ၈ ဦးအား၊ တစ်ဦးလျှင် ကျပ်ငွေ
၅သိန်းဖြင့်  ခေါ်ဆောင်လာခြင်းဖြစ်သည်ဟု သိရကြောင်း လူကုန်တားတပ်ဖွဲ့မှ
ရဲအုပ်အောင်ဆန်းဝင်းက ပြောသည်။
အလုပ်လုပ်ကိုင်ရန် လိုက်ပါသူများသည် ပဲခူးတိုင်းဒေသကြီး
လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာဇာတိ အမျိုးသား ၅နှင့် အမျိုးသမီး
၃ဦးဖြစ်ပြီး လက်ရှိတွင် လူကုန်တားတပ်ဖွဲ့မှ ယာယီထိန်းသိမ်းထားပြီး
စစ်ဆေးဆောင်ရွက်မှုများပြီးစီးပါ
က နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း အထက်ပါ
တပ်ဖွဲ့က ပြောသည်။
"ကျွန်မတို့ကို ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တစ်နေ့
လုပ်အားခ ဘတ်ငွေ ၃၀၀ (ကျပ်ငွေ  ၉၀၀၀) ရမယ်လို့ ပြောပြီး ခေါ်လာတာ”ဟု
အလုပ်လုပ်ရန်လိုက်လာခဲ့သူ မစန်းစန်းဝင်းက ပြောသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင်မရှိပဲ
အလုပ်အလုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ၀န်ဆောင်ခယူကာ
တရားမ၀င်ပို့ဆောင်ပေးခဲ့သူအား ပြည်ပအလုပ်အကိုင်ဆိုရာဥပဒေပုဒ်မ (၂၆ ) အရ
ကော့သောင်းလူကုန်တား ရဲတပ်ဖွဲ့စိတ်မှ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်
ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ယခုလဆန်းပိုင်းကလည်း ယင်းသို့ လိုင်စင်မရှိဘဲ ပြည်ပသို့ အလုပ်သမား
ခေါ်ဆောင်သူ ၅ ဦးကို ထိုင်း - မြန်မာနယ်စပ်အနီး မောတောင်ဒေသတွင်
ဖမ်းဆီးခဲ့သည်။

|Dawei Watch|

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခြင်း နှစ် ၅၀ ပြည့် ကျင်းပ

 
 နှစ်ပေါင်း ၃၈နှစ်ကြာ အခမ်းအနားကျင်းပခွင့် ပိတ်ပင်ခံထားရတဲ့ ရွှေတိဂုံဘုရား တောင်ဘက် မုခ်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာ ဆရာကြီး ကွယ်လွန်ခြင်း နှစ် ၅၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီးရဲ့ မိသားစုဝင်တွေက ဒီနေ့ ပထမဆုံး အကြိမ် ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။

အခမ်းအနားကျင်းပခွင့်ရခဲ့ပေမယ့် ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စည်းကမ်းချက် ၁၂ချက်နဲ့အညီ ကျင်းပဖို့ ပြောထားတယ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မြေးသမက်ဖြစ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"၃၈ နှစ်ကြာပြီးတဲ့နောက် ၃၈ နှစ်မတိုင်ခင် ၇၆ ခုနှစ်အထိ ကျင်းပခွင့်ရသေးတယ်၊ လာပြီး ကြည့်ရှု့ခွင့်ရတယ်၊ အရင်တုန်းကဆိုရင်တော့ ကျနော်တို့ ကျားကူးဓမ္မာရုံမှာ လုပ်ခွင့်ရခဲ့တယ်၊ ကျနော်တို့ ၁၉၇၆ ခုနှစ်မတိုင်ခင်အထိ လုပ်ခဲ့တဲ့အခွင့်အရေးက ရခဲ့တယ်၊ ဒါပေမယ့် ၇၆ ခုနှစ်မှိုင်းရာပြည့်ပွဲတော် အရေးအခင်းဆန္ဒပွဲတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒီလုပ်ပိုင်ခွင့်တွေကို ပိတ်လိုက်ပါတယ်၊ ဒါပေမယ့် အဲ့ဒါတွေပြန်ရလာတဲ့အတွက် ကျနော်တို့က ဒီနေရာမှာ ပြန်ပြီး ကျင်းပတာပါ"

ဒီနေ့အခမ်းအနားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အလေးပြုခြင်း၊ ဆရာကြီးရဲ့ကဗျာတွေ ကို ရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို ဆရာကြီးမိသားစုဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စာရေးဆရာများသမဂ္ဂ နဲ့ ကဗျာဆရာများသမဂ္ဂက အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ပန်းဆိုးတန်းမှာရှိတဲ့ The Last Leaf Gallery မှာ ကဗျာဆရာများ သမဂ္ဂက ‘မဟာမှိုင်းအလွန် နှစ် ၅၀ပြည်’့ ခေါင်းစဉ်နဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအမှတ်တရ ကဗျာရွတ်ပွဲ ကျင်းပခဲ့ပါတယ်။

ဒီအတောအတွင်း မုံရွာမြို့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း အနှစ် (၅၀) ပြည့် အထိမ်း အမှတ် အဖြစ် ‘မှိုင်းအလွန် နှစ်ငါးဆယ်’ အခမ်းအနားကျင်းပတာကို မြို့ နယ်အာဏာ ပိုင်တွေက ခေါ်ယူ သတိပေးခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် နာယက ကဗျာ၊ စာရေးဆရာကြီး ဦးအံမောင်နဲ့  ကော်မတီဝင်ဦးသန်းအေးတို့ကို ခွင့်ပြုချက်မတောင်းဘဲ ကျင်းပတဲ့အတွက်ဆိုပြီး မြို့  နယ်အုပ်ချုပ်ရေးမှုးရုံးကိုခေါ်ပြီး သတိပေးပြောဆိုတာလို့  ဆရာ ဦးအံမောင်က RFA ကိုပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထင်ပါတယ်ဗျာ အဲ့ဒီမှာ ကျနော်တို့ တွေ့ဆုံခဲ့ပြီးတော့ ဆွေးနွေးပြောဆို ခဲ့ရပါတယ်၊ ကျနော်တို့ ဒီလိုပွဲမျိုးတွေ ကျင်းပတဲ့အခါမှာ သူတို့ဆီကို ၅ ရက်ကြိုတင်အကြောင်း ကြားဖို့ သတိပေးလိုက်ပါတယ်၊ ကျနော်တို့က ဖိတ်စာကို ပို့လိုက်ပါတယ်၊ ရဲစခန်းကိုပို့လိုက် တာပါ၊ အဲ ဒါပေမယ့်လို့ သူတို့က သူတို့ရဲ့ပုံစံနဲ့ အကြာင်းကြားမှုကို လုပ်စေချင်ပါတယ်လို့ ပြော လိုက်ပါတယ်ဗျ"

မှိုင်းအလွန် နှစ်ငါးဆယ်ပွဲကို မုံရွာ မြို့မ-ဂါတ်ကျောင်းမှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ကျင်းပဖို့ ပြင်ဆင် ထားပြီး မနေ့ကတော့ ပန်းချီပြပွဲ၊ အထိမ်းအမှတ်ပစ္စည်းရောင်းပွဲနဲ့ စာတမ်းဖတ်ပွဲတွေပြုလုပ် ခဲ့ပါတယ်။ ဒီနေ့တော့ ခေါ်ယူသတိပေးခံရတဲ့အတွက် နေ့ဝက်နဲ့ အခမ်းအနားကို ရပ်လိုက်ရ တယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ မှာလည်း ၈၄ လမ်းနဲ့ ၃၈ လမ်းထောင့် ဓမ္မသာလာခန်းမမှာ မှိုင်းအလွန် နှစ်ငါးဆယ် ပွဲကို မနေ့ကစလို့ ၃ ရက်ကြာ ကျင်းပနေပါတယ်။ ဒါပေမဲ့ အနှောင့်အယှက် အခက်အခဲမရှိ ကျင်းပနိုင်တယ် လို့ သိရပါတယ်။

RFA Burmese

PSDP ထုတ်ပြန်ချက်ထားသည့် အချက်များကို ထောက်ခံကြောင်း သူရ ဦးရွှေမန်း ပြောဆို

 
ဇူလိုင် ၂၃ရက်၊ ၂၀၁၄ခုနှစ်။

 ကရင်ပြည်နယ်၊ ဖားအံမြို့ အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ထုတ်ပြန်ထားသည့် အချက် ၅ ချက်ပါ ကြေညာချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထောက်ခံကြောင်း ဇူလိုင် ၂၁ရက်နေ့ က ပြောကြားခဲ့သည်ဟု PSDP က ပြောဆိုသည်။

လွှတ်တော်လေ့လာရေးခရီးစဉ်အဖြစ် နေပြည်တော်သို့ ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်နေ့အထိ သွားရောက်ခဲ့ သည့် PSDP အဖွဲ့ဝင် ၅၄ဦးကို သူရဦးရွှေမန်းက နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရုံးခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု PSDP ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်ကို တစ်နာရီလောက် လေ့လာတယ်။ ပြီးတော့ ဦးရွှေမန်းက ကျနော်တို့အဖွဲ့ တွေကို မနက် ၁၁နာရီကျော်မှာ ဆယ့်ငါးမိနစ်လောက် သီးသန့်လာရောက်တွေ့ဆုံတယ်။ တွေ့ဆုံပွဲမှာ သူက တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို နားလည်မိပြီး PSDP ထုတ်ပြန်ချက် ၅ချက်ကိုလည်း ထောက်ခံတယ်လို့ ပြောသွားတာဖြစ်ပါတယ်”ဟု မန်းအောင်ပြည်စိုးက ပြောသည်။

ယခင်လ ဇွန် ၁၆ရက်နေ့က PSDP သည် ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြင်လိုသည့် အချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ PSDP မှ အကြံပြုသည့်အတိုင်း ထပ်လောင်းအကြံပြုခြင်း၊ PR စနစ်ကျင့် သုံးပါက သမာသမတ် ကျသော ရွေးကောက်တစ်ရပ် ဖြစ်ပေါ်ရန် ခက်ခဲခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောင်နိုင်မှသာ ငြိမ်းချမ်းရေးအမှန်ရရှိမည်ဟု ယုံကြည်ခြင်း၊ သမ္မတဦးသိန်းစိန် နောက်သက်တမ်း အတွက် ပြောဆိုသော ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)စကားသည် ကရင်လူထုတရပ်လုံး၏ ဆန္ဒကို ယူသင့်ခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကို အစိုးရမှ ပြတ်ပြတ်သားသား ဆောင်ရွက်ပေးစေချင် လိုခြင်း စသည့် အချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လွှတ်တော်လေ့လာရေးခရီးစဉ်တွင် လိုက်ပါခဲ့သူ PSDP ဗဟို၏ အမျိုးသမီးဥက္ကဌ နော်ယုဇန၀ါက “ကျမတို့ လွှတ်တော်ကို သွားလေ့လာတဲ့အခါ လွှတ်တော်မှာ ထူးခြားချက်က ကြံ့ခိုင်ရေးပါတီ လွှတ်တော် အမတ်တွေကတွေပဲ အဆိုတင်သွင်း၊ သူတို့တွေပဲ ပြန်ဖြေကြားတာကို သတိထားမိတယ်။ အခြားပါတီက လွှတ်တော် အမတ်တွေက ၀င်ရောက်မေးမြန်တာတို့၊ ဆွေးတွေးတာတို့ မတွေ့ရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

နေပြည်တော်အတွင်း ကျင်းပလုပ်ဆောင်နေသည့် လွှတ်တော်တွင် နိုင်ငံအနှံ့ရှိ ကျောင်းသားကျောင်းသူ များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက မကြာခဏဆိုသလို သွားရောက်လေ့လာမှုများ ရှိပြီး လွှတ်တော်၏ လုပ်ပုံကိုင်ပုံ၊ သဘောသဘာဝနှင့် ထိရောက်မှုရှိ မရှိတို့ကို သိရှိရရ၍ အကျိုးရှိကြောင်း ခရီးစဉ်၌ လိုက်ပါသွားခဲ့ကြသည့် PSDP အဖွဲ့ဝင်များက ပြောဆိုသည်။

PSDP သည် နေပြည်တော်သို့ ပထမဆုံးအကြိမ် လွှတ်တော်လေ့လာရေးခရီးစဉ်အဖြစ် ဇူလိုင် ၂၀ ရက်နေ့ တွင် စတင်ခရီးထွက်ခွာပြီး ဇူလိုင် ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဖားအံမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

 စောညွှန့်သောင်း
 ကေအိုင်စီ - KIC News

မတရားထောင်ချခံရသော ထားဝယ်လယ်သမားကိစ္စ ယနေ့(ဇူလိုင်၂၄)နေ့လည် ၁နာရီ တွင်ရန်ကုန် ၈၈ မျိုးဆက် ငြိမ်း ပွင့် ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်။

 
အခုတော့ လယ်သမားတွေ တလွှဲ အကြောင်းပြချက်တွေနဲ့ သူတို့ စိတ်ကြိုက်ထောင်ချလိုက်ပြီ ။
လယ်သ မားတွေ ကို အကျဉ်းထောင်ထဲ ပိတ် လှောင်ပြီးကာမှ လုပ်ချ င်တာ လုပ် ကြ တာ တွေ ဟာ ရည်ရွယ်ချက်ရှိရှိ လုပ် နေတာမဟုတ်လို့ ဘာလဲ တနင်္သာရီ ဂျာနယ်မှာ ကမြောကင်း မြို့သစ်မြေ ဈေးတွေ ကောင်းတယ်ဆိုတဲ့ သတင်း က အရမ်းရှက်ဖွယ်ပါ။

 နစ်နာမှု အတွက် တောင်းပန်မိလို့ ထောင်ကျ သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ လယ်သမားတွေကို ထောင်သွင်း အကျဉ်းချရဲတဲ့ အုပ်ချုပ်သူတို့ရဲ့ လုပ် ရပ် မှန်သလား မှားသလားဆိုတာ တစ်နိုင်ငံလုံးမက နိုင်ငံ တကာအထိ သိစေအောင် ယနေ့(၂၄-၇-၂၀၁၄)တွင် သတင်းစာ ရှင်းလင်းပွဲ ကို 
 ရန်ကုန် ၈၈ မျိုးဆက် ငြိမ်း ပွင့် ရုံးခန်း၌ နေ့လည် ၁ နာရီ တွင် ပြု လုပ်ပါမည် ။

အောက်ဖော်ပြပါ ဓါတ်ပုံမှာ ကိုထွန်းဝင်း ဘိုးဘွားပိုင် လယ်ယာမြေ တွင် ကိုထွန်းဝင်းထောင်ထဲ ရောက်ပီး ကာမှ လက်သွက်နေသော ဆေးရုံ လုပ်ငန်းခွင်ဓါတ်ပုံ အားဖော်ပြပေး လိုက်ပါတယ် ။ဲ
 
Than Win (Facebook)https://www.facebook.com/than.win.355744/posts/262897470571445