Pages

Sunday, March 15, 2015

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ ဗန်နူယာတူကို ၀ိုင်းဝန်းကူညီကြရန် သမ္မတ တိုက်တွန်း

A damaged building and debris can be seen on a road in Port Vila, the capital city of the Pacific island nation of Vanuatu

Local residents walk past debris as a wave breaks nearby in Port Vila, the capital city of the Pacific island nation of Vanuatu

Untitled-4 copy

ဓာတ်ပုံ – ရိုက်တာ
ပစိဖိတ်သမုဒ္ဒရာထဲက ဗန်နူယာတူ ကျွန်းနိုင်ငံမှာ အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အကြီးအကျယ်ပျက်စီးခဲ့တဲ့အတွက် နိုင်ငံတကာက ၀ိုင်းဝန်းကူညီဖို့ သမ္မတ Baldwin Lonsdale က မတ် ၁၄ ရက်နေ့က ပန်ကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အခုလ ၁၈ ရက်အထိ ကျင်းပနေတဲ့ သဘာဝကပ်ဘေး ထိန်းချုပ်လျှော့ချရေး ကုလသမဂ္ဂညီလာခံမှာ ဗန်နူယာတူကျွန်းနိုင်ငံ သမ္မတက ပြောဆိုခဲ့တာပါ။
မတ်လ ၁၃ ရက်နေ့က မုန်တိုင်းကြောင့် ကျွန်းနိုင်ငံရဲ့ လူနေထူထပ်တဲ့နေရာတွေမှာ ရစရာမရှိအောင် လုံးဝပျက်စီးခဲ့တယ်လို့လည်း ဘေးအန္တရာယ်ကူညီထောက်ပံ့ရေးအေဂျင်စီတွေက ပြောဆိုပါတယ်။
လူအနည်းဆုံး ၈ ယောက် သေဆုံးသွားတယ်လို့ Save the Children အဖွဲ့က အတည်ပြုပြီး ဒီထက်မက သေဆုံးနိုင်တယ်လို့လည်း ဆိုပါတယ်။
လေတိုက်နှုန်းဟာ ၁ နာရီ ၁၇၀ မိုင်နှုန်းနဲ့ မုန်တိုင်းအဆင့် ၅ သတ်မှတ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်ဟာလည်း ၈ မီတာအထိ မြင့်တက်ခဲ့ပါတယ်။
ဗန်နူယာတူ ကျွန်းနိုင်ငံဟာ သြစတြေးလျနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ကျွန်းစုနိုင်ငံငယ်တခုဖြစ်ပြီး ၁၉၈၀ လွတ်လပ်ရေးမရခင်အချိန်အထိ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က ပူးတွဲအုပ်ချုပ်ခဲ့တာပါ။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး ငလျင်၊ ဆူနာမီ နဲ့ မုန်တိုင်း စတဲ့ သဘာဘေးအန္တရာယ်တွေ မကြာခဏကြုံရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
ဒီမုန်တိုင်းဟာ ဗန်နူယာတူ ကျွန်းနိုင်ငံသမိုင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းဖြစ်နိုင်ပြီး ပစိဖိတ်သမုဒ္ဒရာဒေသတွင်း ကြုံခဲ့သမျှ သဘာဝဘေးအန္တရာယ်တွေထဲမှာလည်း အဆိုးဆုံးဖြစ်နိုင်တယ်လို့ ကူညီထောက်ပံ့ရေးအဖွဲ့တွေက ဆိုပါတယ်။
၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်မှာ လူပေါင်း ၆၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဟိုင်ယန်မုန်တိုင်းနဲ့ နှိုင်းယှဉ်နိုင်တယ်လို့လည်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
DVB