Pages

Sunday, March 15, 2015

ဖွဲ့စည်းပုံ၊ ကျောင်းသားသပိတ်ကိစ္စတွေ ဒေါ်စုနဲ့ ၈၈မျိုးဆက် ဆွေးနွေး


(ဓာတ်ပုံ - ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စ၊ ၂ဝ၁၅မှာ ကြုံတွေ့လာနိုင်မယ့် အရေးကြီးတဲ့ အချိုးအကွေ့တွေအပါအဝင် အချက် ၅ချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ ဒီကနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီမိုကရေစီအင်အားစုတွေကြား အခုထက်ပိုတဲ့ သွေးစည်းညီညွတ်မှုရှိဖို့နဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ပူးပေါင်းအဖြေရှာကြာဖို့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်အိမ်မှာ ၈၈မျိုးဆက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင်၊ ကိုဂျင်မီတို့ ဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆွေးနွေးချက် ၅ချက်ရဲ့ အသေးစိတ်အကြောင်းအရာတွေကို မဖော်ပြခဲ့ပေမယ့် မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုအတွက် အဓိကကျတဲ့ အချက်တွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ကျောင်းသားတွေရဲ့ ပညာရေးဥပဒေပြင်ဆင်ရေးကိစ္စတွေလည်း ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Kamayut Media