Pages

Wednesday, March 4, 2015

ယနေ.ကြံ့ခိုင်ရေးပါတီကဦးဆောင်တဲ့ ကျောက်ဆည်မြို့ကတန်ပြန်သပိတ်ဆန္ဒပြပွဲ ။ပန်းကမ်းသူမရှိ ရေတိုက်သူမရှိ အားလုံးပြုံးစိစိ။

ယနေ.ကြံ့ခိုင်ရေးပါတီကဦးဆောင်တဲ့ ကျောက်ဆည်မြို့ကတန်ပြန်သပိတ်ဆန္ဒပြပွဲ
ထူးခြားတာကတော့
ပန်းကမ်းသူမရှိ
ရေတိုက်သူမရှိ
အားလုံးပြုံးစိစိ။

ဒီနေ့စဥ့်ကိုင်မြို့တွင် ကြံ့ခိုင်ရေးပါတီမှ ကျောင်းသားသပိတ်အားတန်ပြန်သပိတ်လုပ်ခဲ့
သည့် ပါဝင်သူအချို့ကိုမေးကြည့်ရာ သူတို့မသိပါ၊ ၇း၀၀နာရီအရောက်လာရမယ်ဟု
သာပြောကြောင်းသွားရာမှ ထိုသို့ပြုလုပ်မည်ကိုသိ၍ မလိုက်ချင်သူအချို့ ခိုး၍ပြန်ခဲ့ကြောင်း
သိရသည်။

အစိုးရအနေဖြင့် ဆရာ၊ ဆရာမ များသည်ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုသော်လည်း အာဏာရပါတီသပိတ်တွင် ဆရာ၊ဆရာမများကိုတွေ့ရှိရပါသည်။ဥပဒေသည် တစ်ဖက်
စောင်းနင်းဥပဒေဖြစ်ကြောင်းသက်သေပြနေခြင်းဖြစ်သည်။

အစိုးရသည် ကျောင်းသားများတောင်းဆိုထားသောအချက်များကို မူအားဖြင့်သဘောတူသည်ဟုပြောပြီးလွှတ်တော်တွင်အချိန်ဆွဲကာ တန်ပြန်သပိတ်များဖန်တီးနေသည်မှာ
အစိုးရ၏ မရိုးသားမှုဖြစ်သည်ဟု ပြည်သူများဝေဖန်ပြောဆိုလျက် ရှိနေကြကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ-Thant Htet Zaw .Soe Thiha
ဒေါင်းမာန်ဟုန် မှ