Pages

Saturday, April 11, 2015

မလေးရှားရောက် မြန်မာတွေ အဖမ်းခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်း ခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မလေးရှားနိုင်ငံ Kedah (ကဒ) ပြည်နယ် ဆန်းဂေးပက်ထနီမြို့မှာ တစ်လသားကလေးငယ် တစ်ယောက် အပါအဝင် မြန်မာ ၁၇၃ ယောက်ကို တရားမဝင်နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးက သောကြာနေ့ မနက်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။

ေ နေထိုင်ခွင့်လက်မှတ် အထောက်အထားမရှိတဲ့ အမျိုးသား ၈ဝ၊ အမျိုးသမီး ၄၆ ယောက်နဲ့ ကလေး ၄၇ ယောက်ကိုဖမ်းမိတာလို့ ကဒပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌါန ညွှန်ကြားရေးမှူး မိုဟာမက်ဟာရှင်က ပြောပါတယ်။ အဲ့ဒီထဲက ၄ ယောက်ကိုတော့ အမျိုးသားမှတ်ပုံတင်ဌာနမှာ လက်မှတ်လုပ်နိုင်ဖို့ လွှဲပေးမယ်လို့ဆိုပါတယ်။

အဲ့ဒီမြို့မှာ နိုင်ငံခြားသားတွေ တစ်နေ့တခြားများလာနေတယ်လို့ ဒေသခံတွေကဝေဖန်ပြောဆိုမှုတွေ ဖြစ်လာတဲ့အတွက် ရှာဖွေဖမ်းဆီးခဲ့တာလို့သိရပါတယ်။
RFA