Pages

Tuesday, April 28, 2015

ကိုယ်တိုင်အားသွင်းနိုင်သည့် ကမ္ဘာ့ပထမဆုံးကင်မရာကို သိပ္ပံပညာရှင်များ တီတွင်

42.Scientists create self-powering camera

ရုပ်ဖိုင်တွေကို အလင်းရောင်ကလွဲရင် ဘာအကူအပံ့မှ မပါဘဲ ကိုယ်တိုင် အားသွင်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံးကင်မရာနဲ့ ရိုက်ကူးထားပါတယ်။
ဒီကင်မရာကို နယူးယောက်မှာ ရှိတဲ့ ကိုလံဘီယာတက္ကသိုလ် သိပ္ပံပညာရှင်တွေက တီထွင်ထားတာ ဖြစ်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ ပတ်ဝန်းကျင်မှာ ဓာတ်ပုံတွေကို အကန့်အသတ်မရှိ ရိုက်ကူးနိုင်တယ်လို့ အဖွဲ့ခေါင်းဆောင် ရှရီးနာယာက ဆိုပါတယ်။
37.Scientists create self-powering camera
“ဒီမှာ ကျနော်တို့ ဒီဇိုင်းထုတ်ထားတာက pixel တွေနဲ့ ပံ့ပိုးထားတဲ့ ပုံရိပ်ဆင်ဆာပဲ။ ဒီ ဒီဇိုင်းအသစ်က ဓာတ်ပုံတွေ ဖမ်းယူရုံတင်မကဘူး။ pixel တွေကနေ လျှပ်စစ်ဓာတ်ပါ ထုတ်ပေးနိုင်တာမို့ ပြင်ပဓာတ်အား မလိုဘူး။ ဒီတော့ ပုံရိပ်ဆင်ဆာတွေကို ဓာတ်အားအပြည့် ပေးနိုင်တာပေါ့။”
ခေတ်ပေါ်ကင်မရာထဲက ပုံရိပ်ဆင်ဆာက ၀င်လာတဲ့အလင်းကို ပုံရိပ်အချက်ပြတွေအဖြစ် ပြောင်းပေးပါတယ်။ အဲဒီအချက်ပြထဲမှာ pixel သန်းချီ ပါဝင်ပြီး အလင်းဒိုင်အုပ်တွေနဲ့ အလင်းပမာဏကို တိုင်းတာတဲ့ ကိရိယာအသေးစားတွေကို ထိန်းချုပ်ပေးပါတယ်။
“ဒါပေမယ့် တခုရှိတာက အလင်းဒိုင်အုပ်ကို အလင်းကနေ လျှပ်စစ်ထုတ်ပေးတဲ့ ဆိုလာပြားတွေမှာလည်း သုံးလို့ ရတယ်။ နည်းနည်းမတူတဲ့ ဆားကစ်နဲ့ သုံးမှ ရမှာ။ ဒီတော့ ကင်မရာထဲက pixel ကို ပြန်ပြီး ပုံစံထုတ် ရမယ်။ ဒါမှ အလုပ်နှစ်မျိုးလုံး လုပ်နိုင်မှာ။”
38.Scientists create self-powering camera

နာယာရဲ့ ပုံရိပ်ဆင်ဆာကို လျှပ်စစ်ထုတ်တဲ့ဘက်နဲ့ ပုံရိပ်ဖမ်းတဲ့ဘက်ကို မပြတ် ပြောင်းသုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ခု လက်ရှိ ရှေ့ပြေးပုံစံကို ချပ်စ်ပြားပေါ်မှာ တင်လို့ရတဲ့အထိ အရွယ်အစား ချုံ့ထားတဲ့ သီးသန့်အစိတ်အပိုင်းတွေနဲ့ တည်ဆောက် ထားပါတယ်။
“လက်ရှိ ဒီဇိုင်းအတိုင်းကို ကျစ်လျစ်တဲ့ပုံရိပ်ဆင်ဆာချပ်စ်ပြားနဲ့ လိုက်ဖက်အောင် တွက်ချက်ရပါတယ်။ တကယ်တော့ ဒီချပ်စ်ပြားက အရွယ်အစားငယ်တော့ အလင်းကို နည်းနည်းဘဲ ဖမ်းယူနိုင်တာ။ ဒီတော့ ဓာတ်အားကို နည်းနည်းဘဲ ထုတ်ပေးနိုင်တယ်။ ဒါပေမယ့် ချပ်စ်ပြားသေးတော့ ဓာတ်အားနည်းနည်းဘဲ ကုန်တာပေါ့။”
ဒီလိုလုပ်ထားတဲ့အတွက် လုံခြုံရေးကင်မရာတွေ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ စတဲ့ အသုံးအမျိုးမျိုးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ နာယာနဲ့အဖွဲ့ကတော့ ဒီလို ရိုးစင်းတဲ့တည်ဆောက်ပုံဟာ ကင်မရာ မျိုးဆက်သစ်တွေအတွက် အားကြီး စဦးခြေလှမ်းတရပ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါ တယ်။

DVB