Pages

Tuesday, April 28, 2015

ဘရာဇီးနိုင်ငံ ဆဲလ်ဗာဒိုရ်မြို့တွင် မြေပြို၊ လူ ၁၂ ဦး သေဆုံး (ရုပ်သံ)

12

ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းက ဆဲလ်ဗာဒိုရ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က မြေပြိုမှု ဖြစ်ပြီး လူ ၁၂ ယောက် သေဆုံးသွားပါတယ်။
ဧပြီ ၂၆ ရက်နေ့တနေ့လုံး မိုးသည်းထန်စွာ ရွာခဲ့ပြီးနောက် မြေပြိုမှု ဖြစ်ပြီး အိမ်တွေ ပျက်စီးသွားတာပါ။
ဆဲလ်ဗာဒိုရ်မြို့ပြင် တောင်ပေါ်ဒေသ မြေပြိုမှုအတွင်း သေဆုံးသူတွေထဲမှာ အသက် ၁၂ အရွယ်နဲ့ ၁၆ နှစ်အရွယ် ကလေး ၂ ဦး ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မြေပြိုမှု ဖြစ်တဲ့ အနီးအနားပတ်ဝန်းကျင်မှာ နောက်ထပ် တခြားအိမ်တွေဟာလည်း အန္တရာယ်ရှိနိုင်တဲ့ အနေအထားမျိုး ကြုံနေရပါတယ်။
မိုးရေချိန်ဟာ ၂၄ နာရီအတွင်းမှာ ၇ ဒသမ ၈ လက်မ ရှိခဲ့ပြီး ဧပြီလ ပုံမှန်မိုးရေချိန်ထက် ၆၅ ရာခိုင်နှုန်း ပိုများခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း နောက်ထပ် မိုးရွာသွန်းနိုင်သေးတာကြောင့် မြေပြိုမှုတွေ ဆက်ဖြစ်နိုင်တာကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
DVB