Pages

Wednesday, April 29, 2015

အလုပ်လက်မဲ့ ကားအရောင်းပြခန်းမော်ဒယ်များ လမ်းဘေးသူတောင်းစားဟန်ပြ လမ်းမထွက်ဆန္ဒပြ



မီနီစကပ်အတိုအပြတ်လေးတွေနဲ့ မော်ဒယ်မလေးတွေက နောက်ဆုံးပေါ် ကားရောင်စုံ တွေကြားမှာ ပွတ်ကာသီကာနဲ့ဟန်ရေးပြနေတဲ့ ရှန်ဟိုင်းကားပြပွဲတွေကို အမြင်မသင့် တော်ရိုင်းပြမှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် လိုက်လံတားမြစ် ဖမ်းဆီးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ မြို့တော်လမ်းမပေါ်အလုပ်လက်မဲ့တောင်းရမ်းစား သောက်ကြတဲ့ မော်ဒယ်မတွေထွက်ရှိလာပါတယ်။

အလုပ်လက်မဲ့ဖြစ်တဲ့ မော်ဒယ်မတွေက ဟောင်းနွမ်းစုတ်နေတဲ့ အဝတ်အစားအတို အပြတ်တွေဝတ်ဆင်ကာ မြို့တော် Xujiahui လမ်းမပေါ်မှာကားအရောင်းပြခန်းပိုင်ရှင် တွေနဲ့ ဥပဒေပြု သူတွေအပေါ် မကျေနပ်ချက်တွေဖြစ်တဲ့ “ကျွန်မတို့တောင်းစားကြရ ပါတော့မယ်။ သမာအာဇီဝရှာဖွေစားသောက်ခြင်းကို တားမြစ်သည်လား။ လူ့အခွင့်ရေး ဆိုတာ ဘယ်လိုမျိုးပါလဲ။ အလုပ်အကိုင်အခွင့်အရေး ဖန်တီးပေး “ အစရှိ ရေးသားထား တဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး စုဝေးချီတက်ဆန္ဒပြကြတာပဲဖြစ်ပါတယ်။


ယင်းမြင်ကွင်းက နိုင်ငံတွင်းက အလုပ်အကိုင်၊ အခွင့်အလမ်းနဲ့ ပတ်သက်ပြီးများစွာပုံရိပ် ထင် ဖော်ပြပေးနေတာဖြစ်ရာ လူ့တန်းစားအလွှာအသီးသီးမှာ လုပ်ငန်းမျိုးစုံကိုတတ် မြောက်ထားတဲ့ အရည်အချင်း နဲ့လုပ်ကိုင်ရှာဖွေစားသောက်နေကြတာကြောင့် ယင်း သို့လုပ်ဆောင်ခြင်းက တရားမျှတ မှုမရှိကြောင်း လူ့အခွင့်အရေး ထောက်ခံသူအချို့ က ထောက်ခံအားပေးကြသလို အချို့ကလည်း ရှုံ့ချဝေဖန်တာမျိုးတွေရှိပါတယ်။

မြို့တော်မှာရှိတဲ့ ကားအရောင်းပြခန်းတော်တော်များများက ကားလာရောက်ဝယ်ယူသူ တွေကို ဆွဲဆောင်နိုင်ဖို့အတွက် မော်ဒယ်မချောချောလှလှလေးတွေကို ငှားရမ်းထားကြ ပြီး အမြင်မတော်ရာ လိင်စိတ်နိုးကြားစေတဲ့ အမူအရာတွေကို လုပ်ဆောင်စေခိုင်းပါ တယ်။ ကားနဲ့ပတ်သက်ပြီး ဗဟုသုတအသိလုံးဝမရှိပဲ တင်ဆက်မှုကိုသာ လုပ်ဆောင် စေတာကြောင့် ကားဝယ်ယူသူတွေ အကူအညီမရပဲ အခက်တွေ့ရုံသက်သက်သာဖြစ် စေတယ်လို့ ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)