Pages

Wednesday, April 29, 2015

ကော့သောင်းတွင် စင်တင် စားသောက်ဆိုင်နှင့် ကေတီဗွီများကို ဖျော်ဖြေရေး လိုင်စင်ချပေးမည်

|Dawei Watch |ကော့သောင်း၊ ဧပြီ ၂၆
  ကော့သောင်းမြို့နယ်တွင် စင်တင် တေးဂီတပါ စားသောက်ဆိုင်များနှင့်
  ကေတီဗွီများကို ယခုနှစ်အတွင်း ဖျော် ဖြေရေး လိုင်စင် ချထားပေး မည်ဖြစ်
  ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
  ကော့သောင်းမြို့နယ် ရပ်ကွက် အသီးသီးတွင် ဖွင့်လှစ်ထားသည့် စင်တင်တေးဂီတပါ
စားသောက်ဆိုင် များနှင့် ကေတီဗွီများကို ဧပြီလ ၂၀ ရက်နေ့တွင် မြို့နယ်
ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ စစ်ဆေး ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟု
စင်တင်ပါ စားသောက်ဆိုင်များထံမှ သိရသည်။
“ဖျော်ဖြေရေး လိုင်စင်ချပေးဖို့ စစ်ဆေး နေတာပါ။ စစ်ဆေးရေး ကာလတွေနဲ့
လိုင်စင် မကျလာသေးတဲ့ အချိန်အထိတော့ စင်တင်တွေနဲ့  ကေတီဗွီတွေကို
ေ ခေတ္တပိတ်ထားရမှာပဲ။ ဒီကြားထဲ မလိုက်နာရင် တာဝန်အရ အရေးယူ ဆောင်ရွက်
ရလိမ့်မယ်”ဟု ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
  တိုင်းအတွင်း အခွန်ရရန်၊ ယင်းဆိုင်များတွင် လိင်ပိုင်းဆိုင်ရာအပြင် အခြား
အဓမ္မခိုင်းစေမှုများ မရှိစေရန်နှင့် လိုင်စင်ချထားသည့်
စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်
  ပြုလုပ်ပေးခြင်းဖြစ်ပြီး လိုင်စင်ကို တစ်နှစ် သက်တမ်း သတ်မှတ် ထားသည်ဟု
  ယင်းတာဝန်ရှိသူက ပြောသည်။
တိုင်းအစိုးရ စီမံချက်ဖြင့် ယခုနှစ် တွင် ဖျော်ဖြေရေး လိုင်စင်ချပေးရန်
အတွက် ဆိုင်များအား ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ စစ်ဆေးရန် ခရိုင် အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု
သိထားကြောင်း စင်တင်ပါ စားသောက်ဆိုင် အသိုင်း အဝိုင်းက ဆိုသည်။
လက်ရှိတွင်မူ စင်တင် တေးဂီတပါ စားသောက်ဆိုင်များနှင့် ကေတီဗွီများ တွင်
ယစ်မျိုးလိုင်စင်နှင့် စည်ပင် လိုင်စင်များသာ ရှိကြကြောင်း စင်တင်
  တေးဂီတဆိုင်များ  အသိုင်းအဝိုင်းက သိရသည်။
“အခုလို တရားဝင် လိုင်စင်ချ ပေးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။
စစ်ဆေးရေးနဲ့ အဖမ်းအဆီးရှိရင် ဆိုင် ပိတ်ပြီး ရှောင်နေစရာ မလိုတော့ဘူး”ဟု
စင်တင်ပါ စားသောက်ဆိုင်တစ်ခုမှ တာဝန်ခံက ဆိုသည်။
ေ ကော့သောင်းမြို့ပေါ် ၁၀ ရပ် ကွက်တွင် စင်တင် တေးဂီတပါသည့်
  စားသောက်ဆိုင်(၈)ဆိုင်ရှိပြီး လက်ရှိ အချိန်တွင် စင်တင် တေးဂီတကို
ရပ်နားထားကာ လိုင်စင်များ စတင် လျှောက် ထားနေပြီဖြစ်ကြောင်း ယင်း
ဆိုင်များ အသိုင်းအဝိုင်းထံမှ သိရသည်။
လိုင်စင် လျှောက်ထား လာမှုများ ကို တိုင်းအစိုးရ အဖွဲ့ထံသို့ ဆက်လက်
တင်ပြပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုသည့်
အချိန်တွင် လိုင်စင်ရမည်ဖြစ်ကြောင်း ခရိုင် အထွေ ထွေ အုပ်ချုပ်ရေးမှူး
ရုံးထံမှ သိရ သည်။
Dawei Watch